Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း

712 156 8
                                    

Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း

 


ချန်ကော သည် အဝတ်လျှော်ခန်းမှ ထွက်လာပြီး ဝမ်ဟိုင်မင် (ဟိုင်မင် တိုက်ခန်းပိုင်ရှင် ) တစ်ချိန်က နေခဲ့ဖူးသည့် အခန်းကို ရှာတွေ့ရန် ဒုတိယထပ်သို့ ထွက်လာခဲ့သည်။ အခန်းငယ်လေးတခန်းဆီတွင် ကုတင်နှစ်လုံး ထားရှိထားသည်။ မွေ့ယာနှင့် အဖုံးများကို ဖယ်ရှားခဲ့ပြီး ကုတင်ဘောင်နှစ်ခုသာ ကျန်ရှိတော့သည်။ လူနာများဘေးကင်းရေးကြောင့် အခန်းထဲတွင် ချွန်ထက်သော အရာတစ်ခုမှ မရှိခဲ့ပေ။ ကုတင်ရဲ့ အနားတွေကိုတောင် တမင်သက်သက် ချောချောမွေ့မွေ့ ဖြစ်အောင် လုပ်ထားတယ်။

"ဝမ်ဟိုင်မင် ကို သူ့ရဲ့ ဒုတိယဇနီးဖြစ်သူက ဆေးရုံကို ပို့ခဲ့ပါတယ်။ သူ့ခေါင်းမှာ တစ်ခုခုဖြစ်နေတယ်လို့ ယူဆတယ်ဆိုရင်တောင်မှ အခုလို စိတ်ရောဂါကု ဆေးရုံကို ပို့တဲအထိ မဖြစ်သင့်ဘူးလေ။   ဒီအမျိုးသားကို လုပ်ကြံခံရတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"

သူ့မှာရှိသမျှ အချက်အလက်တွေကို ရေးဖွဲ့ရင်း ဝမ်ဟိုင်မင်ရဲ့ဖြစ်ရပ်နောက်ကွယ်က ရှုပ်ထွေးတဲ့ ဘဝတစ်ခုကို ဦးတည်လာခဲ့သည်ကို ချန်ကော  သဘောပေါက်သွားတယ်။

သူ့ဘဝတွင် ကြီးမားတဲ့ စိတ်ဓါတ်ကျစရာ အဖြစ်ကိုကြုံခဲ့တယ်ဆိုရင်တောင်မှ သူက အရှုံးမပေးပဲ  ရုန်းကန်ခြင်းတိုက်ခိုက်မှုကို ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။ စိတ်ကျန်းမာရေးဆေးရုံသို့ အတင်းအကြပ်ပို့ခံရခြင်း သို့မဟုတ် ဆေးရုံမှဆင်းပြီးနောက်တွင် မကောင်းဆိုးဝါး တစ်ကောင်နှင့် သူ့ခန္ဓာကိုယ်အတွက် တိုက်ပွဲဝင်ခြင်းကို ကြုံရပါစေ၊ သူသည် တိုက်ပွဲကို ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။ သူက လူကောင်းတစ်ယောက်မဟုတ်ပဲ သူ့အရင်ဇနီးကို လှည့်စားခဲ့တယ်လို့ ယူဆလို့ရပေမယ့်  တစ်ချို့သော ရှုထောင့်ကနေကြည့်ရင်တော့ သူ့အပြစ်အတွက် လုံလောက်တာထက်ပိုပြီး ပေးဆပ်ထားပြီးပြီလို့ ဆိုနိုင်တယ်။
 

"ဖျားနေတဲ့ လူနာတွေ ထားတဲ့ အခန်းကို တံခါးတိုင်းမှာ သော့ခတ်ထားပြီး   အပြင်ကနေပဲ ဖွင့်လို့ရတယ်။ စင်္ကြံတစ်လျှောက် မီတာနှစ်ဆယ်တိုင်းမှာ လုံခြုံရေးတံခါးတွေ ရှိတယ်၊ သူနာပြုတွေနဲ့ အလုပ်သမားတွေလည်း ရှိနေတယ်။ ညတိုင်း ကင်းလှည့်နေတော့ ဝမ်ဟိုင်မင် က ဘယ်လို လွတ်မြောက်သွားတာလဲ။"

ချန်ကောသည် ကုတင်ဘောင်ပေါ်တွင် ထိုင်ကာ ခုံပေါ်တင်မှတဆင့်  ပြတင်းပေါက်ကို လေ့လာသည်။

 "ပြတင်းပေါက်ကနေ ခုန်ဆင်းခဲ့တာလား?"

သစ်သားပျဉ်ပြားများကို ဖြတ်၍ ပြတင်းပေါက်ကို သံမဏိချောင်းတွေ၊ ကွန်ကရစ်ဖြင့် ခိုင်ခံ့အောင်ပြုလုပ်ထားကြောင်း ချန်ကော သတိပြုမိခဲ့သည်။ ဒီနေရာက သူရှာနေတဲ့ ထွက်ပေါက် မဟုတ်ဘူး။ ထို့အပြင် ဆေးရုံကို နှစ်မီတာမြင့်သော ဘိလပ်မြေတံတိုင်းနှင့်  အပြင်ဘက်တွင်ကာထားပြီး  စိမ်းလန်းစိုပြေသော သစ်တောများဖြင့် ဝန်းရံထားသည်။  လမ်းညွှန်မြေပုံမရှိဘဲ ဒီတောလမ်းထဲမှာ လမ်းပျောက်နိုင်ဖို့ များသည်။  ဒါပေမယ့် ဒီအခြေအနေတွေအောက်မှာ ဝမ်ဟိုင်မင် က လွတ်မြောက်နိုင်ရုံသာမက သူ့ကို ကယ်တင်ဖို့အတွက် သူ့ဇနီးဟောင်းနဲ့လည်း ဆက်သွယ်ခဲ့တယ်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးကို ရုပ်ရှင်ဇာတ်ကားတွေထဲမှာပဲ  ဖန်တီးနိုင်မည်ဖြစ်သည်။

ဝမ်ဟိုင်မင် တစ်ယောက်တည်း ဒီနေရာကနေ လွတ်မြောက်ဖို့ ခက်ခဲလွန်းပါတယ်။ သူ့ ကိုယ်အတွင်းမှာရှိတဲ့ မကောင်းဆိုးရဲ့ စွမ်းအားကိုလည်း အားကိုးတာဖြစ်နိုင်တယ်။ မကောင်းဆိုးဝါးနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ဤဆေးရုံမှ လွတ်မြောက်နိုင်တာပဲလေ။  နောက်ဆုံးတော့ မကောင်းဆိုးဝါးနှင့် လူသားတို့ရဲ့ တူညီသော ပန်းတိုင်က ဒီစိတ်ကျန်းမာရေးဆေးရုံကနေ ထွက်သွားဖို့ပါပဲ။ ဒါကို ချန်ကော နားလည်သော်လည်း နောက်ထပ်မေးခွန်းတစ်ခု ကျန်နေသေးသည်။

ဝမ်ဟိုင်မင် ရဲ့ ခန္ဓာကိုယ်ထဲကို မကောင်းဆိုးဝါးက ဘယ်တုန်းက ဝင်လာတာလဲ။

ရွှီထုံ နဲ့ သူ စကားပြောခဲ့တာကို သတိရပြီး ချန်ကောက ဝမ်ဟိုင်မင် အကြောင်း ထူးဆန်းတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ၏ ပထမဆုံးသော 'ကုထုံး'ကို ကုသ ပြီးနောက် မကြာမီတွင် သူသည် ဆရာဝန်များကို တိုက်ခိုက်ပြီး သူနာပြုတစ်ဦးကိုပင် ကိုယ်ထိလက်ရောက် စော်ကားခဲ့သည်။ ဒီဖြစ်ရပ်ရဲ့အဓိက အကြောင်းရင်းမှာ ရိုးရိုးလေးဖြစ်သည်။ ဒါတွေက ဆေးကို မသောက်ပဲ ဝှက်ထားခြင်း ဖြစ်သည်။ ဒီဆေးနဲ့ကုထိုးက အရူးတစ်ယောက်အတွက် ကိုင်တွယ်ဖို့လုံလောက်ပေမယ့် ဝမ်ဟိုင်မင်က  အရူးတစ်ယောက်တော့ မဟုတ်ဘူး။


သူ ဒါကို တမင် ရည်ရွယ်ပြီး လုပ်ခဲ့တာလား။ သူ တတိယဖျားနာဆောင် ထဲကို ပြန်ဝင်ချင်နေတာလား။ ချန်ကော သည် ဤရိုးရှင်းသော ရောဂါကုသ ခန်းကို စစ်ဆေးခဲ့သည်။ တစ်ခုခုကို ဖုံးကွယ်ထားနိုင်တဲ့ တစ်ခုတည်းသောနေရာကတော့ ကန့်လန့်ကာနောက်နဲ့ ကုတင်အောက်တွေမှာပဲဖြစ်သည်။

မတ်တပ်ထရပ်ပြီး ချန်ကော သည် အိပ်ယာဘောင်နှစ်ခုကို ရွှေ့လိုက်သည်။ စောစောက ကုတင်နဲ့ ဖုံးထားတဲ့ နံရံတစ်ခုပေါ်လာပြီး သူ  အသစ်တစ်ခုကို ရှာတွေ့ခဲ့တယ်။ တစ်စုံတစ်ဦးသည် အဖြူရောင် နံရံသုတ်ဆေးပေါ်တွင် ဒိုင်ယာရီ လိုမျိုး စာတွေကို   သူတို့၏လက်သည်းများကို အသုံးပြုပြီး ရေးသားခဲ့သည်ကို တွေ့လိုက်ရသည်။ အချိန်တွေကြာလာတာကြောင့် စကားလုံးအများစုဟာ ဖတ်လို့မရပေမယ့် ချန်ကောက ဒါက ဒိုင်ယာရီဆိုတာကို သိခဲ့ရပါတယ်။

"ဒါ ဝမ်ဟိုငမင် ရဲ့ လက်ရေးလား"

ချန်ကောက တံခါးကိုပိတ်ပြီး နံရံပေါ်မှာ ဓာတ်မီးထိုးပြီး စကားလုံးများကို စတင်ဖတ်လိုက်သည်။

"ငါ တကယ်ရူးသွားပြီလား?

"အလုပ်သမားနှစ်ယောက်နဲ့ ဆရာဝန်တစ်ယောက်က ကျွန်တော့်ကို လျှပ်စစ်ရှော့တိုက်ခန်းထဲကို ခေါ်သွားတယ်။ တိရိစ္ဆာန်ကောင်တွေက တံခါးကို သော့ခတ်ထားတာကြောင့်  ဘယ်သူမှ မဝင်မလာနိုင်ဘူး။"

"ဆေးကုပြီးသွားလည်း ငါက အခန်းထဲမှာ လူလေးယောက်ကို ဘာလို့တွေ့နေတာလဲ။"

"လူနာရဲ့အဝတ်အစားကို ဝတ်ထားတဲ့သူက ဘယ်သူလဲ။"

ဝမ်ဟိုင်မင် က ဒါကို ချန်ထားခဲ့တာ ဖြစ်နိုင်တယ်။ ဖျော်ဖြေရေးကိရိယာများမရှိသောအခန်းတွင် ဒိုင်ယာရီရေးခြင်းဖြင့် သူတို့ အချိန်ကို ကုန်ဆုံးနို်င်သည်။ သူက သူ့ပတ်ဝန်းကျင်ကလူတွေနဲ့ မတူဘူးဆိုတာ သိလိုက်ရတယ်၊

"တုန်လှုပ်ချောက်ချားမှုကြောင့် အံ့ဩသွားတာလား၊ သူ ဘာလို့ ငါနဲ့ စကားပြောနိုင်ရတာလဲ၊ သူ့ကို ဘာကြောင့် မြင်ပဲ မြင်နိုင်ရတာလဲ။"

"သူက ကျွန်တော့်ကို လွတ်မြောက်အောင် ကူညီပေးနိုင်တယ်လို့ ပြောခဲ့ပေမယ့် အပြန်အလှန်အနေနဲက သူ့တောင်းဆိုချက် တစ်ခုကို သဘောတူဖို့ လိုနေတယ်။

"ဒါက တကယ့် နတ်ဆိုးနဲ့ှု အပေးအယူလုပ်ခြင်းပဲ။ ဒါပေမယ့် ကျွန်တော့်မှာ ရွေးချယ်စရာမရှိတော့ဘူး။"

"တစ်ခုခုတော့ မှားနေပြီ၊ အဲဒီဆေးတွေကြောင့် ဖြစ်နိုင်လား? ငါ့ဦးနှောက်ထဲကို တစ်စုံတစ်ယောက်က ခဲတွေထည့်လိုက်သလိုမျိုး လေးနေပြီး အိပ်ပျော်သွားတာကို ငါတွေ့လိုက်ရတယ်။"

"မကောင်းဆိုးဝါးက တတိယမြောက်ဖျားနာဆောင်ခန်းမကနေ ထွက်သွားနိုင်ပုံမပေါ်ဘူး။ ဒီဆေးရုံကနေ လွတ်မြောက်ချင်ရင် သူ့ကို အဲဒီနေရာမှာ ရှာတွေ့ဖို့ လိုလိမ့်မယ်။

"ဒီမှာ ရှိတဲ့ အလုပ်သမားတွေက အကြင်နာမဲ့ တိရစ္ဆာန်တွေပဲ၊ ဒီနေရာကို ငါ ဖျက်ဆီးပစ်မယ်လို့ ကျိန်ဆိုတယ်။"

"အဲဒီအခန်းထဲကို ဒုတိယအကြိမ်ဝင်ပြီးရင် သူ့တောင်းဆိုချက်ကို ငါ  သဘောတူခဲ့တယ်။ ရေချိုးခန်းထဲမှာ ထုံးတမ်းစဉ်လာတွေလုပ် ပြီးတဲ့အခါ ကျွန်တော့်ခန္ဓာကိုယ်ထဲကို မကောင်းဆိုးဝါးက ဝင်သွားတယ်။"

"ဒီကမ္ဘာမှာ နတ်ဆိုးတစ်ကောင်ရှိတယ်လို့ ယုံကြည်ပြီး သူ့ရဲ့အပေးအယူ လုပ်တာ လက်ခံဖို့ ငါ တကယ်ရူးသွပ်သွားပြီလား"

ဒိုင်ယာရီက ဒီနေရာတွင် ရုတ်တရက် ရပ်သွားသည်။ အပေးအယူ လုပ်ပြီးနောက်တွင် ဘာတွေဆက်ဖြစ်ခဲ့တယ်ဆိုတာ ဝမ်ဟိုင်မင်ပဲ   သိနိုင်လောက်သည်။

ဝမ်ဟိုင်မင်ရဲ့ကိုယ် အတွင်းရှိ မကောင်းဆိုးဝါးသည် တတိယဖျားနာဆောင်ခန်းမထဲက ထွက်လာတာဖြစ်ပြီး ကိုယ်ထဲဝင်ဖို့ ထုံးတမ်းစဉ်လာကို ရေချိုးခန်းထဲတွင် ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်။

အမ်.......  ထုံးတမ်းစဉ်လာဆိုတာ  မှန်တစ်ချပ်ဆိုတာ  ဖြစ်နိုင်သလား။ အဲဒီအခါမှာဝမ်ဟိုင်မင်ရဲ့ကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မကောင်းဆိုး ဝါးဟာ နတ်ဆိုးတစ်မျိုးမဟုတ်ပဲ သာမန်မှန်ထဲက ထွက်လာတဲ့မကောင်းဆိုးဝါး တစ်ကောင်ပဲ။

ချန်ကောသည် မှန်ထဲက မကောင်းဆိုးဝါးတွေနဲ့ပတ်သတ်ပြီး တစ်ခုနှစ်ခုလောက် သိထားသည်။ သူတို့က  အထူးအားကောင်းခြင်း မရှိသော်လည်း အလွန်လိမ္မာပါးနပ်ကြသည်။ အခန်းထဲမှာ တခြားသဲလွန်စတွေမရှိတာကြောင့် ချန်ကောက ထွက်လာလိုက်တယ်။

ဝမ်ဟိုင်မင်ရဲ့ကိုယ်ထဲကမကောင်းဆိုးဝါးက တတိယ ခန်းမထဲက ထွက်လာတာဆိုရင် အဲ့မှာ ဘာကြောင့် အရပ်ရှည်တဲ့ မကောင်းဆိုးဝါးက အဲ့ခန်းမထဲမှာ ဆက်မနေရတာလဲ။ မကောင်းဆိုးဝါးတွေ ဘာကြောင့် ထွက်လာကုန်တာလဲ။

ချန်ကောက နောက်ထပ် အဖြေများ လိုအပ်နေသည်။ သူသည် တူကိုကိုင်ကာ ကြောင်ဖြူတစ်ကောင်ကို ခေါ်ရန် လေချွန်ကာ တတိယ နာမကျန်းသော ခန်းမထဲသို့ သွားရန် ပြင်ဆင်လိုက်သည်။

စတုတ္ထထပ်ရှိ အဆောက်အဦနှစ်ခုကို ချိတ်ဆက်ထားသော စင်္ကြံသို့ ပြန်ရောက်လာသည်။  တတိယ နာမကျန်း ခန်းမဆောင် ထဲကို ထွက်ဖို့ ဒီလမ်းကို မျက်နှာမီးလောင်လို့ တွန့်လိမ်နေတဲ့ လူက  အသုံးပြုခဲ့တယ်။

"ဆားတွေက နေရာမရွေ့ဘူး၊ ဒါကြောင့် ဘယ်သူမှ ဒီလမ်းကို မဖြတ်ထားဘူး။"

သံမဏိတံခါးကို တွန်းဖွင့်လိုက်တော့ ချန်ကော သည် အမှောင်ထဲတွင် နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ သူ့ခြေထောက်အောက်က ကြွေပြားတွေပေါ် တလှမ်းချင်း  တရွေ့ရွေ့ရွေ့လျားနေပြီး တတိယဖျားနာဆောင်ခန်းမ ရှိ စင်္ကြံလမ်းကို ဖြတ်ကျော်သွားချိန်မှာတော့ သူ့အပေါ် တစ်စုံတစ်ခု လွှမ်းမိုးလာသလို ခံစားချက်တစ်ခု ခံစားလိုက်ရပြီး စိတ်အခြေနေက ဆိုးရွားလာခဲ့တယ်။ ကြောက်စရာကောင်းတဲ့ မကောင်းဆိုးတစ်ကောင်က သူ့ကို စိုက်ကြည့်နေသလိုမျိုး သူ အေးခဲလာသလို ခံစားလိုက်ရတယ်။

ဘာကိုမှမကြောက်တဲ့ ကြောင်ဖြူလေးတောင် သူ့ခြေကျင်းဝတ်မှာ ပုန်းနေခဲ့တယ်။ ချန်ကော ရဲ့ ဂျာကင်အင်္ကျီကြောင့် မဟုတ်ရင် ကြောင်က ထွက်ပြေးနေပြီလို့ ချန်ကော ထင်သည်။
 

မိဘတွေ ချန်ထားခဲ့တဲ့ သဲလွန်စက ဒီမှာပဲလား။ ဘာပဲဖြစ်ဖြစ်  သူ ပြန်လှည့်လို့ မရဘူး။

ချန်ကောက သူ့ကျောပိုးအိတ်တစ်ဝက်ကို ဖွင့်လိုက်ပြီး လက်ကိုင်ပုဝါကို ဆွဲထုတ်လိုက်သည် ။ ဒီနည်းနဲ့ သူလိုချင်တဲ့အချိန်တိုင်း ဖမ်းလို့ရတယ်။

"အချိန်တန်ပြီ။"

ချန်ကောက သူ့ဖုန်းကိုကြည့်လိုက်သည်၊ ည ၁၁း၅၁ နာရီ။ နောက်ထပ်ကိုးမိနစ်ဆိုရင် သန်းခေါင်ယံအချိန်ဖြစ်လိမ့်မည်။

ချန်ကော သည် ဖျားနာဆောင်ခန်းမထဲသို့ ဝင်ရောက်လာစဉ် ထူးဆန်းသော ခံစားချက်ကို ခံစားလိုက်ရသည်။ တတိယဖျားနာဆောင်ခန်းမ  တစ်ခုလုံးသည် ကြီးမားသော မကောင်းဆိုးဝါးကြီး နေထိုင်ရာနေရာတစ်ခုလို ခံစားရပြီး ချန်ကော ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် အအေးဓာတ်ကြား ချန်ကောက လေးလံစွာ  အသက်ရှုရှိုက်လိုက်သည်။

 

***-****

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now