Chapter (208) _ အချစ်သီချင်း

199 36 0
                                    

Chapter (208) _ အချစ်သီချင်း

ထိုအမျိုးသမီး၏ မျက်နှာသည် သွေးမရှိသလို ဖြူရော်နေပြီး တုန်လှုပ်နေသည့် သူမ၏အသွင်အပြင်သည် အန္တရာယ်များလှသည့်ပုံပေါ်သည်။ သူမ၏ သွယ်လျသောလက်မောင်းသည် ကုဖေးယွီ ၏ လည်ပင်း တစ်ဝိုက်တွင် သိုင်းဖက်ထားပြီး သူမ၏အေးစက်သောလက်ချောင်းသည် ထိုယောက်ျား၏ မျက်နှာပေါ်သို့ လျှောဆင်းကာ အသာယာပွတ်သပ်နေသည်။

တောက်ပနေသော သူမ၏နှုတ်ခမ်းနီနီဖြင့် ကုဖေးယွီ ၏နားရွက်နားကို တိုးကပ်ကာ တီးတိုး ပြောလိုက်သည်။

"ကျွန်မတို့ ညီမနှစ်ယောက်က လူတစ်ယောက်တည်းကို အတူတူ ချစ်မိသွားပြီ၊ ဒါကြောင့် မျှမျှတတဖြစ်အောင် အဲ့ဒီလူကို နှစ်ပိုင်းဖြတ်ပြီး တစ်ယောက်တစ်ဝက်ဆီ ယူလိုက်တာပေါ့.... "

ဓါးက ယူနီဖောင်း၏ကြယ်သီးတစ်လုံးချင်းကို ပြုတ်ထွက်သွားစေသည့်တိုင် အမျိုးသမီး၏ လှုပ်ရှားမှုသည် နူးညံ့ပျော့ပျောင်းလို့ နေဆဲပင်။ လုံခြုံရေးအစောင့်က မျက်လုံးဖွင့်ဖို့ အစွမ်းကုန်ကြိုးစားနေသည်။ သူ လုံးဝ သတိလစ်ခြင်း မရှိသေးပေ။

"ကျွန်မနဲ့ အမကြီးတို့ နှစ်ယောက်လုံးက ကိုယ်ဆီ အချစ်ရဆုံးကို တွေ့ခဲ့တယ်။ သူက ကျွန်မတို့နှစ်ယောက်အတွက် ပထမဆုံးသော အမျိုးသားပဲ။"

အမျိုးသမီးသည် ကုဖေးယွီ ၏ရင်ဘတ်ကို မှီလိုက်သည်။

"မင်းမှာ သူနဲ့ ဆင်တူတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတယ်။ အစကတော့ မင်းကို ဒီကို လာတက်ဖို့ မတောင်းဆိုခင် လအနည်းငယ်လောက် စောင့်ချင်ပေမယ့် အဲဒီလူတွေ ငါ့ကို ရှာတွေ့နေပြီမို့ ဒီမြို့ကနေ အမြန်ဆုံး ထွက်သွားဖို့ လိုတယ်"

ကုဖေးယွီ ရဲ့ နှလုံးခုန်သံကို နားထောင်ရင်း၊ အမျိုးသမီးက "စိတ်မပူပါနဲ့၊ ငါ မင်းကို မထိခိုက်စေပါဘူး" လို့ ပြောလိုက်သည်။

သူမသည် ဗီရိုထိပ်မှ အနက်ရောင် ခရီးဆောင်အိတ်ကို ထုတ်ယူရန် အိပ်ခန်းထဲသို့ လျှောက်လာခဲ့သည်။ ထိုအိတ်အတွင်းကနေ ရှေးဟောင်း တိပ်ခွေကို ထုတ်လိုက်သည်။ သူ့ဘေးမှာ ဒူးထောက်ရင်း အမျိုးသမီးက ဖုန်တွေ ဖုံးအုပ်နေတဲ့ တိပ်ခွေကို ထုတ်လိုက်သည်။ သူမသည် ထုံးစံ အတိုင်း တိပ်ခွေ ထောင့်စွန်းတလျှောက် ဖြည်းညှင်းစွာ နမ်းလိုက်သည်။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now