Chapter (198+199+200)

711 110 11
                                    

Chapter (198) - ဘယ်အရောင်ကို ပိုကြိုက်လဲ။

စင်္ကြံ၏အလယ်ဗဟိုတွင်၊ အမျိုးသမီးအလောင်းက ခြေထောက်နှစ်ဖက်စလုံးကို တွဲလောင်း ချထားသည်။ လည်ပင်းနားတစ်ဝိုက်ရှိ ကြိုးသည် တစ်စုံတစ်ယောက်က တင်းတင်းဆွဲငင်နေသကဲ့သို့ တင်းကျပ်ထားသည်။

ဒီအလောင်းက ဘာကို ပြဖို့ ကြိုးစားနေတာလဲ။

အမျိုးသမီးအလောင်းနားကို ချန်ကော ရောက်ရှိပြီးကတည်းက တိပ်ဝိဉာဉ်၏ အော်သံရပ်သွားသည်။ ဒီအကြောင်းကို သူပိုတွေးလေလေ ချန်ကောပိုစိတ်ရှုပ်လေလေပဲ။

ထိုအလောင်းက ရွှီကျန်းကျန်း ပိုင်ဆိုင်သည့် ပစ္စည်းဖြစ်နေတာလား။ ထို့ကြောင့် တိပ်ခွေထဲက သရဲသည် သူမအား တွန်းထုတ်ရန် ကြိုးစားနေတာလား။

သူတွေးနေတုန်းမှာ အလောင်းလည်ပင်းနားက ကြိုးက ပြတ်သွားတယ်။ အလောင်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ ဦးခေါင်းသည် ခန္ဓာကိုယ်မှ ပြုတ်ထွက်ကာ အခန်းထောင့်စွန်းထိ လှိမ့်သွားပြီး မီတာများစွာ အကွာအဝေးသို့ လှိမ့်ကာ သူမ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေသလို မျက်လုံးများက ပွင့်နေသည်။

အကြမ်းဖျင်းလုပ်ထားသော အလောင်းကိုယ်ထည့် အရုပ်၏မျက်နှာသည် သေခြင်းတရားမှ လွတ်အောင် ရုန်းကန်နေရသည့်အတွက် ကြောက်ရွံ့တုန်လှုပ်နေသည့် ပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ပုံမှန်အဖြစ်သို့ တဖြည်းဖြည်း ပြန်ရောက်သွားခဲ့သည်။ နှုတ်ခမ်းအတုတွေက တစ်ခုခုပြောဖို့ ကြိုးစားနေသလိုမျိုး လှုပ်သွားသည် ။ စက္ကန့်အတော်ကြာပြီးနောက် အော်သံများက စင်္ကြံဆီသို့ ပြန်ရောက်လာသော်လည်း ယခင်ကနှင့်မတူဘဲ ယခု နောက်ထပ် အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။

"နာကျင်လွန်းလှပါပြီ... နာလိုက်တာ!"

ချန်ကောသည် ယောက်ျားလေးနှင့် အမျိုးသမီးတစ်ဦး၏ အသံများရောနေသည့် အော်သံများကိုကြားရပေမယ့် သိပ် စိတ်မဝင်စားပေ။

ရွှီကျန်းကျန်းက တိပ်ခွေထဲက သရဲနဲ့ ဘာလို့ အပြိုင်အော်ဟစ်နေတာလဲ။ သူမက အခြားသော သရဲတစ္ဆေများကို ရောနှောနိုင်စွမ်း ရှိနေတာလား။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now