Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု

362 79 0
                                    

Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု 


ချန်ကောက သူ့အင်္ကျီကြယ်သီးကို ဖြုတ်လိုက်ပြီး သူနာပြု ဝတ်စုံနှင့် မော်ဒယ် နှစ်ယောက်က အသံဖမ်းစက်နဲ့ နှလုံးခုန်သံကိုဖမ်းသည့် စက်ကို တပ်ဆင်ပေးရာတွင်  ကူညီပေးခဲ့ပါတယ်။ ဒါကို အလုပ်ဖြစ်ဖြစ် စမ်းသပ်လိုက်တော့၊ ခန်းမအလယ်ရှိ စခရင်ပေါ်တွင် နှလုံးခုန်နှုန်း အတက်အကျများစွာ ပေါ်လာသည်။ အဲဒီလူက စင်ပေါ်မှာ ရပ်ပြီး လိုင်းတွေကို ညွှန်ပြကာရှင်းပြခဲ့တယ်။

 "HR/PRက နှလုံးခုန်နှုန်းနှင့် သွေးခုန်နှုန်းကို ကိုယ်စားပြုတယ်။ SpO2 က သွေးကြောမျှင်ထဲအောက်ဆီဂျင် ပြည့်ဝမှုကို ဖော်ပြတာဖြစ်ပြီး သွေးတွင်း အောက်ဆီဂျင်ပမာဏ ခန့်မှန်းခြေကို ကိုယ်စားပြုတယ်။  RESP က အသက်ရှူနှုန်းဖြစ်တယ်။ TEMP က ခန္ဓာကိုယ်အပူချိန်ဖြစ်တယ်။ ဒီအနည်းငယ်သောလိုင်းတွေကို အခြေခံပြီး ကျွန်တော်တို့က ဘက်မလိုက်ပဲ ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်တာကို လုပ်ဆောင်နိုင်တယ်။  မင်းရဲ့ စိတ်ခံစားမှု အပြောင်းအလဲကိုလည်း ကြည့်နိုင်တယ်"

သူ့အဝတ်အစားတွေ ပြန်ဝတ်ပြီးနောက် ချန်ကောပခုံးတွန့်ပြသည်။ "ငါတို့ အခုစလို့ရမလား?"

"ဝင်ပေါက်က ခန်းမရဲ့ ဘယ်ဘက်၊ ထွက်ပေါက်က ညာဘက်မှာပါ။ ထွက်ပေါက်မှာ မင်းကို ငါတို့စောင့်နေမယ်" လို့ အဲဒီလူက ချန်ကောကို တိုတိုတုတ်တုတ် ရှင်းပြပါတယ်။

"သရဲခြောက်တဲ့အိမ်ထဲမှာ လမ်းပြတစ်ယောက်ရှိတယ်၊ ဒါကြောင့် သူက ခင်ဗျား ဘာလုပ်ရမယ်ဆိုတာ ပြောပြလိမ့်မယ်။"

"ကောင်းပြီ။"

ချန်ကောသည် အချိန်မဆိုင်းပဲ ထျန်ထန် ဆေးကျောင်းသို့ ဝင်သွားသည်။ ချန်ကော၏ နောက်ကျောကို ကြည့်လိုက်တော့ ထိုလူက ပြုံးလိုက်သည်။ သူတို့သည် ယခင်က ရှင်းဟိုင်တွင် အလားတူ လှုပ်ရှားမှုများကို စီစဉ်ခဲ့ပြီး ဖန်သားပြင်ပေါ်ရှိ လိုင်းများသည် ရိုလာကိုစတာကို ဖြတ်သွားသလို တက်လိုက်ကျလိုက် ဖြစ်သည့်အပြင် အထဲဝင်သွားသည့်လူ၏  အော်ဟစ်သံများနှင့်အတူ စပီကာမှတဆင့် ထုတ်လွှင့်နေသဖြင့်  ပြင်ပဧည့်သည်များပင် ကြောက်ရွံ့ထိတ်လန့်မှုကို ကွဲကွဲပြားပြား ခံစားရနိုင်သည်။

"ဒီလူက တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ကောင်ပဲ။"

 ထိုအမျိုးသားသည် တံခါးကို တိတ်တဆိတ် သော့ခတ်ပြီး သရဲခြောက်သော အိမ်အတွင်းရှိ အလုပ်သမားများကို ၎င်းတို့၏ သားကောင်များ ရောက်လာကြောင်း အကြောင်းကြားရန် သူ၏ ဖုန်းကို ထုတ်ခဲ့ကာ တွန့်ဆိုင်း မနေဖို့ ပြောခဲ့တယ်။

...

တံခါးပိတ်လိုက်သည်နှင့် အခန်းတွင်းရှိ မီးတွေက အရောင်မှိန်သွားသည်။ ချန်ကောသည် ရှေ့သို့မရွေ့မီ သူ့မျက်လုံးများက အမှောင်ထုနှင့် ရင်းနှီးသွားသည်အထိ စောင့်ခဲ့သည်။ ပထမဆုံး အခင်းဖြစ်ရာနေရာတွင် လုံခြုံရေး ဝန်ထမ်းက ရပ်တန့်နေသည်။  လုံခြုံရေးဝတ်စုံဝတ်ထားသော လူတစ်ယောက်သည် ချန်ကောနှင့် ဝေးရာသို့ မျက်နှာမူကာ ထိုင်နေသည်။ သူ့ရှေ့တွင် သွေးများစွန်းထင်းနေသည့် ဖန်သားပြင် မျက်နှာပြင်တစ်ခုရှိ၍ ရုပ်ပုံများသည် တုန်လှုပ်နေမြဲဖြစ်သည်။ သူတို့သည် ဆေးရုံအတွင်း သရဲအိမ်ဆက်တင်များကို ပြသနေပုံရသည်။

ထိုအခန်းသည် သရဲခြောက်သောအိမ်၏နောက်ခံကို ဧည့်သည်များအား အသိပေးရန်နှင့် ဧည့်သည်များကို ထိုဆက်တင်ထဲသို့ ခေါ်ဆောင်ရန် အဓိကအားဖြင့် ပြင်ဆင်သည့်အခန်းဖြစ်သည်။

ရှေ့တိုးကာသည်းထိတ်ရင်ဖို အတွေ့ကြုံကို ခံစားဖို့ ဆိုရင် အဓိက သော့ချက်က လုံခြုံရေး အစောင့်ပဲ ဖြစ်ရမယ်။ ဒီ အပြင်ဆင်ပုံစံက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။

ချန်ကောသည် လုံခြုံရေး အမှတ်၏ တံခါးဆီသို့ လျှောက်သွားကာ တစ်ခုတည်းသော ပြတင်းပေါက်ကို မှီကာ အခန်းကျဉ်းလေးထဲသို့ ကြည့်ပြီးမေးလိုက်သည်။

"ဘော့စ်...ခင်ဗျား ဘာကြည့်နေတာလဲ"

ချန်ကော၏အသံကိုကြားတော့ ထိုလူက ဖြည်းညှင်းစွာလှည့်ကြည့်လိုက်သည်။ သူ့မျက်နှာမှာ ချွေးများဖြင့် ဖုံးလွှမ်းနေပြီး ဖန်သားပြင်ကို လက်ညိုးထိုးပြကာ နှုတ်ခမ်းများ ထစ်ထစ်သွားကာ ပြောခဲ့သည်။

 "ဟို....ဟိုမှာ..."


ကြောက်လန့်ကာ စကားထစ်နေသူ၏ ဇာတ်ကောင်အဖြစ် ဟန်ဆောင်နေတာက အရမ်းကို ကျွမ်းကျင်လှသည်။

ချန်ကောသည် မျက်နှာပြင်ကို အနီးကပ်ကြည့်ရန် အခန်းထဲသို့ ဝင်လာခဲ့သည်။ ဖန်သားပြင်သည် ဆေးရုံအကြောင်း ခေါင်းကြီးပိုင်းများစွာကို ထပ်ခါတလဲလဲ ဖော်ပြနေသည်- လူနာများသည် အဆောက်အဦးမှ ထူးထူးခြားခြား ခုန်ချခြင်း၊ အကျင့်ပျက်ဆရာဝန်များသည် မှောင်ခိုဈေးကွက်တွင် ကိုယ်တွင်းအင်္ဂါများရောင်းချခြင်း၊ သေသွားတဲ့ လူနာတွေက နောက်နေ့မှ ပြန်ရောက်ကြောင်းကို သတင်းတွေက အတည်ပြုနေခဲ့သည်။  အဖွဲ့သားတွေက   အဆိုပါ ခေါင်းစီးများတွင် ကြိုးပမ်းအားထုတ်မှု အများအပြား ပြုလုပ်ခဲ့သည်။

မှောင်မည်းနေသော ဆေးရုံစင်္ကြံတွင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ခေါင်းငုံ့ကာ အနက်ရောင်ဆံပင်များက မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ ဗီဒီယိုကို တည်းဖြတ်ထားသောကြောင့် အမျိုးသမီးသည် တစ်စက္ကန့်အကွာတွင်ရှိသော်လည်း နောက်တစ်ကြိမ်တွင် ကင်မရာနှင့် နီးကပ်နေပါသည်။ တတိယစက္ကန့်တွင် အမျိုးသမီး၏ မျက်နှာသည် ကင်မရာတွင် ပေါ်လာပြီး ကြောက်စရာကောင်းသော မျက်နှာတစ်ခု ဖန်သားပြင်ပေါ်တွင် ပြည့်သွားသည်။

"တစ္ဆေရှိတယ်!" ချန်ကောအနောက်မှာ ထိုင်နေတဲ့ လုံခြုံရေးအစောင့်က အော်ဟစ်လိုက်တော့တယ်။

သူ့ အမူယာနဲ့ သရဲမ ပေါ်လာသည့်အချိန်သည် ပြီးပြည့်စုံသောကြောင့် အကြိမ်များစွာ လေ့ကျင့်ခဲ့ဖူးပေလိမ့်မည်။ ချန်ကောက ခေါင်းယမ်းရင်း သက်ပြင်းချလိုက်တယ်။

"ကောင်းလိုက်တာ၊ ဒါပေမယ့် သူက အနီရောင်ဝတ်ထားရင်  ငါ့ကို ပို ကြောက်သွားအောင် လုပ်နိုင်လိမ့်မယ်။"

အညှိုးတေးဝိဉာဉ် သည် ချန်ကောအတွက် အထူးအဓိပ္ပါယ်ရှိသည်။ ဗီဒီယို၏အဆုံးတွင်၊ သရဲခြောက်သောအိမ်အတွက် အပြင်အဆင်စာမျက်နှာတစ်ခုရှိသည်။ အခြေခံအားဖြင့် ချန်ကောသည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း လိုက်လျှောက်ရမည်ဖြစ်ပြီး၊

ဒီလို ဒီဇိုင်းမျိုးသည် အထိရောက်ဆုံးဖြစ်သော်လည်း စိတ်ကြိုက် လှည့်လည်သွားလာရန်ဖွင့်ထားသည့် ချန်ကော၏ သရဲခြောက်သောအိမ်ကဲ့သို့ ဖျော်ဖြေမှုမျိုးမဟုတ်ပေ။ မြေပုံကို ကျက်မှတ်ပြီးနောက် ချန်ကောထွက်ခွာရန် ပြင်ဆင်လိုက်သည်။ လှည့်ကြည့်လိုက်တော့ လုံခြုံရေးအစောင့်ကိုတွေ့တော့ သူ့မျက်လုံးတွေ ကျဉ်းသွားကာ နှလုံးခုန်သံ အနည်းငယ် တိုးလာသည်။

လုံခြုံရေးသည် ပါးလွှာသော သရဲမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး ဒါက ယခင်က ဖန်သားပြင်ပေါ်တွင် မြင်တွေ့ခဲ့ရသည့် သရဲမျက်နှာနှင့် ဆင်တူသည်။ သူ ချန်ကောကို တိတ်တဆိတ် ကြည့်ပြီး ချန်ကောက သူ့ကို တိတ်တဆိတ် ကြည့်နေသည် ။

 "မင်းမှာပြောစရာမရှိရင် ဆက်လျှောက်လိုက်ပါ။ အချိန်မဖြုန်းနဲ့"

"ကျွန်တော်တို့ သရဲခြောက်တဲ့အိမ်က တကယ်ကို သရဲခြောက်တယ်။ ထူးထူးဆန်းဆန်းတွေ တွေ့ရင် ကင်မရာကို ဟိုဟိုဒီဒီကြည့်ဖို့ မမေ့နဲ့!"

လုံခြုံရေးက လေးလေးနက်နက်ပြောပြီး လိမ်နေပုံမပေါ်ဘူး။

"မင်း ပိုတိတိကျကျ ပြောပေးနိုင်မလား၊ ဘယ်လို သရဲမျိုးလဲ"

 ချန်ကောသည် အခန်းကို တချက် စစ်ဆေးလိုက်သည်။ ဓါတ်မီးနှင့် ကိရိယာအချို့ ကောင်တာအောက်တွင် ရှိနေသည်။ ဧည့်သည်တွေကို ထောက်ပံ့ပေးသင့်ပေမယ့် လုံခြုံရေးက ချန်ကောပေးမယ့်ပုံမပေါ်ပေ။

"မကြာခင် မင်းနားလည်လာလိမ့်မယ်။ စတင်ရမယ့်လမ်းက မင်းရဲ့ဘယ်ဘက်ခြမ်းမှာ။ နံရံကို တွန်းဖွင့်လိုက်၊ ထျန်ထန် ဆေးကျောင်းရဲ့ လျှို့ဝှက်ချက်ကို မင်းရဲ့ရှာဖွေရေးက တရားဝင်စတော့မှာပါ"

လုံခြုံရေးအစောင့်က ချန်ကောကို မခေါ်မီ လျှို့ဝှက်ဆန်းကြယ်စွာပြောခဲ့သည်။

"တကယ့် သရဲတစ္ဆေရှိသလား၊ အနည်းဆုံးတော့၊ အဲဒါက တစ္ဆေသရဲဖြစ်လိမ့်မယ်။"

ချန်ကောသည် နံရံကို မတွန်းမီ လုံခြုံရေးအစောင့် နားမလည်သော အရာတစ်ခုကို တိုးတိုးတိတ်တိတ် အော်ဟစ်လိုက်သည်။ သရဲခြောက်သောအိမ်သည် ထောင်ချောက်များစွာဖြင့် ပြည့်နေသည်။ နံရံက သူ့ဘာသာသူ ဖွင့်ပြီး ပိတ်လိုက်တယ်။ တစ်စုံတစ်ယောက်သည် အဝေးမှ ထိန်းချုပ်ထားသည်။

အသေးစိတ်အချက်များကို နံရံပေါ်တွင်ဖော်ပြထားသည်; သူတို့ အရမ်းနာမည်ကြီးနေတာ မဆန်းပါဘူး။

ပြင်ဆင်မှုအခန်းမှာ ဒီဇိုင်းကြောင့် ချန်ကောကို သဘောကျသွားတယ်။ သူ့ကိုယ်ပိုင် သရဲခြောက်တဲ့ အိမ်ထဲမှာ အဲဒီ လှုံ့ဆော်မှုကို တစ်နည်းနည်းနဲ့ အသုံးချနိုင်မလားလို့ သူ တွေးမိတယ်။

တံတိုင်း၏နောက်တွင် ရှည်လျားသော စင်္ကြံတစ်ခုရှိသည်။ တည်နေရာ အနေအထားအရ ကန့်သတ်ချက်ကြောင့် စင်္ကြံသည် သာမန်စင်္ကြံ၏ ထက်ဝက်အရွယ်အစားရှိပြီး စိတ်ဝင်စားစရာအကောင်းဆုံးမှာ လမ်းအလယ်တွင် ခြောက်ကပ်နေသော 'မိန်းမတစ်ယောက်' တွဲလောင်းကျနေသည့် ကိုယ်လုံးတစ်ခု ရှိနေသဖြင့် ဝင်လာမည့်အန္တရာယ်ကို ဧည့်သည်များအား သတိပေးနေသလိုပင်။

စင်္ကြံသည် ဧည့်သည်များအတွက် ကြားခံဇုန်ဖြစ်နိုင်ဖွယ်ရှိသည်။ ဒီပုံစံက တော်တော်လေးကို သဘောကျစရာကောင်းလှတယ်။ ချန်ကောသည် ထိုတွဲလောင်းကျနေသည့် မိန်းမခန္ဓာကိုယ်ဆီသို့ လျှောက်သွားကာ ချဉ်းကပ်လာသောအခါတွင် သူ ရပ်တန့်သွားသည်။

ဧည့်သည်တွေရဲ့ အာရုံနဲ့ဝေးတဲ့ စင်္ကြံထောင့်မှာ အာရုံသိပ်မဖမ်းမိတဲ့ သံမဏိသေတ္တာကြီးတခုရှိနေသည်။ သာမန်ဧည့်သည်တစ်ဦးကို အမျိုးသမီးခန္ဓာကိုယ်က ဆွဲဆောင်ပြီး သံမဏိသေတ္တာကို လျစ်လျူရှုထားလိမ့်မည်။

ထိုအထဲမှာ ပုန်းအောင်းနေသူတစ်ယောက်ရှိရမယ်။ လုံခြုံရေးမှတ်တိုင်နေရာကို ကျော်ဖြတ်လာသည်နှင့်  ဧည့်သည်တွေက  ကြောက်စိတ်ဖြင့် စိတ်အာရုံတွေက တင်းမာသွားကြတယ်။ သူတို့ ပထမဆုံး တံခါးကို ဖြတ်သွားတဲ့အခါ သူတို့ရဲ့ အာရုံစူးစိုက်မှုကို မိန်းမတစ်ယောက်ရဲ့ ကိုယ်က လွှမ်းမိုးထားပြီး ခန္ဓာကိုယ်ကို ဖြတ်လျှောက်ဖို့ ကြိုးစားတဲ့အခါ ထောင့်စွန်းမှာ ဝှက်ထားတဲ့ သေတ္တာထဲကနေ တစ္ဆေတစ်ကောင်က သူတို့ကို ခုန်ထွက်ကာ ခြောက်လိမ့်မယ်။  အဲဒါ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။

နှလုံးသားမဲ့စွာ လူတွေကို ခြောက်လှန့်ဖို့  ဒီဇိုင်းဆွဲထားပေမယ့် သူ့ဘဝမှ ကြောက်စရာ ဆိုတာ မသိတဲ့ ချန်ကောနဲ့ တည့်တည့်လာတိုးနေသည်။ ဒါက   အရှက်ကင်းမဲ့ပြီး လိမ္မာပါးနပ်တဲ့ ပြိုင်ပွဲက  တရားဝင်စတင်လာသလိုပဲ။

သရဲခြောက်သောအိမ်သို့ လည်ပတ်ရခြင်းဖြင့် လူတွေက သူတို့၏ ငယ်ဘဝပျော်ရွှင်မှုကို ပြန်လည်ရှာဖွေတွေ့ရှိနိုင်သည်။ ချန်ကောက သူ့ခန္ဓာကိုယ်ကို နံရံနဲ့မှီလိုက်တယ်။ မင်းသားက သေတ္တာထဲမှာ ပုန်းနေတာကြောင့် ချန်ကောရဲ့ အနေအထားက သူ့အကွက်ထဲမှာပဲ ရှိနေတယ်။

သူ နီးကပ်လာသည်နှင့်အမျှ လှုပ်နေသော ခန္ဓာကိုယ်ကို ကြည့်မည့်အစား ချန်ကောသည် သေတ္တာကိုသာ အာရုံစိုက်နေခဲ့သည်။ သေတ္တာအတုသည် အနည်းဆုံး အရှေ့မှနေ၍ ချွတ်ယွင်းချက်မရှိသော်လည်း ဘေးဘက်မှကြည့်လျှင် သေတ္တာ၏နောက်ဘက်သည် လျော့ရဲနေပြီဟု မြင်နိုင်သည်။ ထောင့်မှာ ကွက်လပ်လေးတစ်ခုတောင် ရှိခဲ့တယ်။ ကွာဟချက်မှာ သတိထားရခက်သော ထောင့်ကြောင့် ဖြစ်နိုင်ပြီး ဝန်ထမ်းအဖွဲက ဒါကို မပြုပြင်ခဲ့ပေ။

သေတ္တာထဲမှာရှိတဲ့လူက ငါ့ကို ခြောက်ဖို့ ခုန်ထွက်လာဖို့ ပြင်နေတယ်။ ဒါကြောင့် သူက ငါ့ခြေသံကို    အပြည့်အဝအာရုံစိုက်ရတာ ဖြစ်ရမယ်။

လူတွေကို အကြောက်တရားက အချိန်ကိုက် ပေါ်လာဖို့ လိုအပ်ပြီး သရုပ်ဆောင် ပိုကျွမ်းကျင်လေ၊ သူတို့ရဲ့ အချိန်ကိုက် လုပ်ဆောင်ချက်က ပိုကောင်းလေပါပဲ။

ချန်ကောက ဒါကိုစဉ်းစားပြီး တစ်မိနစ်နှိုးစက် အချိန် သတ်မှတ်ဖို့ သူ့ဖုန်းကိုထုတ်လိုက်တယ်။ သူသည် alarm သံကို  သတ်မှတ်လိုက်ပြီး ဖြည်းညှင်းစွာ ငုတ်တုတ်ထိုင်ချလိုက်ပြီး ပွင့်နေသည့် ထောင့်ကလေးနေ    ဖုန်းကို သေတ္တာထဲသို့ လျှောချလိုက်သည်။


**********-*******

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now