Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!

539 129 5
                                    


Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!


"ဒီကလေးနဲ့ပတ်သက်တဲ့ အရာအားလုံးကို သိချင်ပေမယ့် သိရဖို့လည်း အရမ်းစိတ်ပူနေမိတယ်။ ကလေးက တခုခု ပူးကပ်နေသလိုပဲ၊ သူနဲ့ နီးနီးကပ်ကပ် နေလေလေ သူ့စိတ်ထဲမှာ နိုးကြားလာလေလေပါပဲ။"

"မိခင်မှာ စိတ်ကြွရောဂါရှိပြီး သားနဲ့ စကားပြောဆိုနေချိန်မှသာ သက်သာရာရနိုင်မှာ မဟုတ်ပါဘူး။ ဆေးကုသမှု လွယ်ကူစေဖို့ ဆရာဝန်တွေက သားဖြစ်သူကို မကြာခဏတွေ့ဖို့  မိခင်ဖြစ်သူဆီကို ခေါ်ဆောင်လာကြတယ်။ ကလေးတိုင်းဟာ မိခင်အပေါ် မှီခိုအားထားမှု ရှိကြပါတယ်။ သူက အရမ်းငယ်တယ်၊ ဒါပေမယ့်သူမကို သူ့အမေမှန်း သိတယ်။"

"ဒါပေမယ့် အထူးဆန်းဆုံးကတော့ ကလေးက သူ့အမေကိုမြင်တဲ့အခါ ပထမဆုံးပြောခဲ့တာက အမေ မဟုတ် သူ့ နာမည်မဟုတ်ဘဲ 'တံခါး' ဆိုတဲ့ စကားလုံးကို ကလေးနူတ်က အရင်ထုတ်ပြောလာခဲ့တယ်"
 

"အစကတော့ ကလေးပြောတာ မှားတယ်လို့ ထင်ခဲ့တာ၊ ဒါမှမဟုတ် ကလေးက အဓိပ္ပါယ်မဲ့ တိုးတိုးလေး  သူ့ဖာသာ ရေရွတ်တာဖြစ်ဖြစ်။ ဒါပေမယ့် သူနာပြုက သူ့ကို ခေါ်သွားတဲ့အခါ သူ့အမေရဲ့ အခန်းတံခါးကို လက်ညိုးလေးနဲ့ ညွှန်ပြပြီး တူညီတဲ့ စကားလုံးကို ထပ်ခါတလဲလဲ ပြောခဲ့တယ်။ အဲ့ဒါကတော့  တံခါး ဆိုတာပဲ"

"သူက အဲဒီ့တံခါးနဲ့ နီးချင်တယ်လို့ ကျွန်တော်တို့ကို ပြောနေပုံရတယ်။ ဒါက ဆေးရုံတစ်ခုလုံးကို မေးကြည့်လို့ ကျွန်တော်လည်း သိချင်နေတဲ့ အချက်ပဲ"
 

"လမ်းညွှန်မှုမရှိဘဲ သူက ကမ္ဘာ ဆိုတဲ့ စကားလုံးကို အသံထွက်ပြောနိုင်ခဲ့ပြီး ဘာကိုဆိုလိုမှန်းတောင် သိတယ်။ ဒါကို ဘယ်သူ က ရှင်းပြနိုင်မလဲ။  ဆေးရုံထဲမှာ တခြားအရာတွေ တကယ်ရှိနေသလား။"

"နောက်တော့ ပိုပိုထူးဆန်းလာတယ်။ ကလေးကို ပွေ့ ချီလာတဲ့ သူနာပြုဆရာမက သူ့အမေကိုကြည့်ဖို့ အခန်း ၃ ထဲကို ဝင်လိုက်တော့ ကလေးက စင်္ကြံကို ငုံ့ကြည့်ရင်း တစ်စုံတစ်ယောက်ကို နှုတ်ဆက်နေသလိုမျိုး လက်ယမ်း နူတ်ဆက်ခဲ့တယ်။ သူနာပြုက လှမ်းကြည့်ပေမယ့် း တခြားတစ်ယောက်မှ မရှိတာတော့ သေချာတယ်။ အဲဒီစင်္ကြံမှာ ငါတို့ပဲရှိတယ်"

"ဟုတ်ပါတယ်။ ဒီလောက်ပဲ လုပ်တယ်ဆိုရင်  ကျွန်တော် သိပ်စိုးရိမ်မှာ မဟုတ်ဘူး။"

"အဲဒီတုန်းက ကလေးက ဟော်ယကျွင်း ဆိုတဲ့ နာမည်ကိုခေါ်လိုက်သေးတယ်။  "

"သူနာပြုဆရာမက ဘာကိုဆိုလိုမှန်းကို မသိဘဲ ကလေးက ဒီတိုင်း အသံလျှောက်ထွက်တယ် ထင်ပြီး ကလေးကို ဆက်ပွေ့ခေါ်သွားပေမယ့် ဟော်ယကျွင်းဆိုတာ တကယ်ရှိခဲ့ဖူးတဲ့ လူတစ်ယောက်ဆိုတာ ကျွန်တော်ပဲ သိတယ်။   တတိယမြောက်ဖျားနာဆောင် ခန်းမကို မဆောက်မီတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦး မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သေသွားခဲ့တယ်။ သူ့နာမည်က ဟော်ယကျွင်း ဖြစ်တယ်"
 

"ဒါက ဆရာဝန်တွေ သူနာပြုတွေတောင် မသိတဲ့ ကိစ္စပဲ၊ အဲဒါကို ကလေးက ဒီနာမည်ဘယ်လို သိလာတာလဲ။"

"ကျွန်တော်က တံခါးမှာရပ်ပြီး သူနာပြုဆရာမက ကလေးကို သယ်သွားတာကို တွေ့လိုက်ရတယ်။ လှေကားပေါ်တက်တော့ ကလေးက ဗလာကျင်းနေတဲ့ ထောင့်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းပြတယ်။ ရိုးရိုးသားသားပြောရရင် စိတ်ရောဂါနဲ့ ကလေးတော်တော်များများကို ကုသပေးခဲ့ဖူးပေမယ့်၊ ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးပေမယ့် အဲဒီနေ့ အဲဒီစင်္ကြံက အဲ့ဒီဖြစ်ရပ်က ကျွန်တော့်ကို ပြင်းထန်တဲ့ အကြောက်တရားတွေ ပေါ်လာစေခဲ့တယ်"
 
"အဲ့ဒီလိုဖြစ်ပြီးနောက် ကျွန်တော်ကတော့ ကောင်လေးကို ပိုဂရုစိုက်ခဲ့တယ်"

အဲဒါက ပထမစာရဲ့အဆုံးပဲ။ အဆုံးထိတော့ ဒါရိုက်တာက ဘယ်သူ့ဆီ ပေးစာကို ပေးတယ် ဆိုတာ မပြောခဲ့ပါဘူး။ ချန်ကော သည် စာဆုံးသည်အထိ ဖတ်ပြီးပေမယ့် ပေးပို့လိုက်တဲ့ လိပ်စာ နဲ့သက်ဆိုင်တဲ့ အထောက်အထားနှင့် သိလိုက်ရတဲ့ တစ်ခုတည်းသော အရာမှာ အစပိုင်းတွင် ဒေါက်တာချန် ဆိုတဲ့ အခေါ်ဝေါ်တစ်ခုသာ  ဖြစ်သည်။

မျိုးရိုးအမည် ချန်လား?  အဲ့ဒါ သူ့ အဖေဖြစ်နိုင်မလား ဒါပေမယ့် သူက ဆရာဝန်မဟုတ်ဘဲ သရဲခြောက်တဲ့ အိမ်အော်ကို ပိုင်တဲ့ လုပ်ငန်းရှင်လေး တစ်ယောက်ပဲလေ။
 
ချန်ကော သည် သူ့မိဘများနှင့် ပတ်သက်သည့် သဲလွန်စတစ်ခုကို တွေ့လိုက်ရသည့်အတွက် ဝမ်းသာမိသော်လည်း အဲ့ဒါက  အကောင်းမြင်လွန်းသည်ဟု သူ့ဖာသာ တွေးနေမိသည်။  ဒုတိယစာကို သူဖွင့်ကြည့်လိုက်တော့ အကြောင်းအရာက ပိုလို့တောင် မယုံနိုင်စရာပါပဲ။

"ဒေါက်တာချန်...ကျွန်တော်တို့ လူချင်းတွေ့ရမှဖြစ်မယ်။ ကိစ္စတွေက နည်းနည်း ထိန်းမရတော့ဘူး။"

"ကလေးက တွားသွားတတ်တော့ သူ့အမေကို တက်ကြွစွာ လိုက်ရှာတတ်လာတယ်။ တတိယ ဖျားနာဆောင် ခန်းမထဲက ဘယ်သူကမှ ရုံးခန်းထဲက ထွက်သွားပြီး အခန်း ၃ တံခါးအပြင်မှာ အဆုံးထိ လျှောက်သွားလေ့မရှိခဲ့ဘူး"
 
တခြားသူနာပြုတွေနဲ့ ဆရာဝန်တွေကလည်း ကလေးရဲ့ ထူးဆန်းတဲ့ အပြုအမူကို သတိပြုမိကြပါတယ်။ ကြုံရာကျရာနေရာတွေမှာ ထိုင်နေတတ်ပြီး ထိုကလေးက ငိုခဲပြီး ပြုံးပြနေတတ်သည်။  နေ့ဘက် ငြိမ်သက်စွာ ထိုင်နေခဲ့ပေမယ့် ည မှောင်လာတာနဲ့အမျှ ပိုစိတ်လှုပ်ရှားလာပြီး သာမန်ကလေးတစ်ယောက်လို ပြုမူလေ့မရှိတော့ဘူး။

"သူ့မှာ သင်ယူနိုင်စွမ်း ကောင်းကောင်းရှိပြီး ငယ်ရွယ်စဉ်မှာတောင် သူ့နှုတ်ခမ်းတွေက ထွက်လာတဲ့ စကားတွေက    လူတွေရဲ့ ကျောရိုးကို ချမ်းစိမ့်ပြီး ကျောချမ်းလာစေတတ်မယ့် စကားတွေကို ပီပီသသကြီး ထုတ်ပြောနိုင်သူဖြစ်လာတယ်"

"ကလေးမျက်လုံးထဲက ကမ္ဘာကြီးက ကျွန်တော်တို့မြင်နေတာနဲ့ မတူဘူး။ စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးသောက်တဲ့ လူနာတွေကို အရုပ်တွေအဖြစ် သူ မြင်ပြီး သူက လူနာတွေကို ကြည့်တဲ့ပုံစံက သေနေတဲ့သဘောလို  မြင်နေတယ်။"

"စိတ်ကျနေတဲ့ လူနာတွေကို လက်ပြနှုတ်ဆက်ပြီး မျက်နှာကို လွှဲထားပေမယ့် မျက်နှာကို ဘယ်တော့မှ မကြည့်ဘူး။အဲဒီအစား လူနာရဲ့ ပခုံးပေါ်မှာ တစ်ခုခုရှိနေသလိုမျိုး သူတို့ရဲ့ပခုံးအထက်နေရာကို ကြည့်နေတတ်တယ်"

"အထူးဆန်းဆုံးကတော့ အခန်း ၃ရဲ့ တံခါး အပြင်ဘက်နားလေးမှာ ထိုင်ရတာကို သူက အထူး ကြိုက်တယ်။ အထဲကို တစ်ခါမှ မဝင်ဖူးဘူး၊ ဟိုမှာထိုင်ပြီး တံခါးကို စိုက်ကြည့်နေတယ်။ နေ့ခင်းတစ်ခင်းလုံး သူက အဲ့နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ဖြတ်သန်းသွားနိုင်တယ်။ ဆရာဝန်နဲ့ သူနာပြုတချို့က ကျွန်တော်ကို ကလေးအတွက် တခုခုစီမံဖို့ အကြံပေးတယ်။ ကလေးကို မိဘမဲ့ ဂေဟာတစ်ခုကို ပို့လိုက်ရင် မိခင်၏ အခြေအနေကို တည်ငြိမ်အောင် ထိန်းထားဖို့ အချိန် တစ်နှစ်ကျော် ကြိုးစားခဲ့ရတာ အလကားဖြစ်ကုန်မှာပေါ့။ ကျွန်တော် အဲ့အမျိုးသမီးကိုကုသတာနဲ့ပတ်သတ်ပြီး   လက်မလျှော့နိုင်သေးဘူး"

"ဆရာဝန်ရဲ့ အကြံပြုချက်ကို ကျွန်တော် ပယ်ချခဲ့ပြီး လအတော်ကြာပြီးနောက် ရဲတွေဆီက သတင်းကောင်း ရလာခဲ့တယ် ။ ။ ကားနံပါတ်ပြားက နေ ကောင်လေးရဲ့ အဖေအရင်းကို ရှာတွေ့ခဲ့တယ်။  အဲဒီအချိန်မှာ မိခင်ရဲ့ အခြေအနေအများစု သက်သာသွားပြီ။ ဖခင်ဖြစ်သူကို  တရားရုံးသို့ ခေါ်ဆောင်ရန် ရှေ့နေတစ်ဦး ငှားရမ်းခဲ့ပြီး ဆေးရုံစရိတ်နဲ့  ကုသခအတွက် အခကြေးငွေပေးရန် တောင်းဆိုခဲ့တယ်။ ပြီးတော့ တစ်ချိန်တည်းမှာ ကလေးရဲ့မိခင်ကို တရားဝင်လက်ထပ်ဖို့ တောင်းဆိုခဲ့တယ်"
 

"ကျွန်တော်တို့ဘက်က အမှုကို အောင်နိုင်ခဲ့တယ်။ ထောင်ကျမှာကြောက်လို့ လား။ အပြစ်ရှိတဲ့စိတ်ကြောင်းလားဆိုတာ မသိပေမယ့် ကလေးရဲ့ ဖခင်ကို ပြောင်းလဲလာစေခဲ့တယ်။ အစစအရာရာ အပြုသဘောဆောင်တဲ့ ဖြစ်ရပ်အပြီး မိခင်ဖြစ်သူက ပိုကောင်းလာခဲ့ပါတယ်။ အမျိုးသမီးငယ်လေးဟာ သားဖြစ်သူရှေ့မှာ ထူးထူးခြားခြား ခွန်အားတွေ ပြသခဲ့တယ်။"

"ကုသမှုက နောက်ထပ် တစ်နှစ်ခွဲလောက်ကြာတော့ မိခင်ရဲ့ရောဂါက အပြည့်အဝတည်ငြိမ်သွားပါပြီ။ သူ့မှာ သူငယ်ချင်း ဒါမှမဟုတ် မိသားစုတွေ အများကြီး မရှိတဲ့အတွက် သူ့ကို ဆေးရုံက ဆင်းခွင့်ပေးလိုက်တဲ့အချိန်  ဆရာဝန်အနည်းငယ်ကလွဲလို့ သူမရဲ့ ထွက်ခွာသွားတာက လူသိပ်မသိပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြီးသွားခဲ့တယ်။    သူ့အမေနဲ့ အတူကြီးပြင်းလာတဲ့ ကလေးလေးက  စိတ်ကျန်းမာရေးဆေးရုံမှာ နေခဲ့တဲ့ သုံးနှစ်တာကာလမှာ စိတ်ဒဏ်ရာတွေ ကျန်ရစ်ခဲ့လောက်တယ်။ သူတို့  မထွက်သွားခင်တစ်ညမှာတော့ စင်္ကြံကိုပြန်သွားကာ လူတွေနားမလည်နိုင်တဲ့အရာတွေနဲ့ တံခါးရှေ့မှာ တစ်ယောက်တည်း စကားတွေ  ဆက်ပြောနေခဲ့တယ်။"

"သူတို့ထွက်သွားပြီးနောက်မှာ အရာအားလုံးပြီးသွားတယ်လို့ ကျွန်တော်ထင် ခဲ့တယ်၊ ဒါပေမယ့် မထင်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း တိုးတက်မှုရှိလာမယ်လို့ ဘယ်သူကထင်မှာလဲ။"

"တစ်နှစ်လောက်ကြာတော့ ကလေးအသက်လေးနှစ်အရွယ်မှာ သူ့အဖေက ဂေဟာကို ကလေးကို ပြန်ပို့လိုက်တယ်။"

"သူ့အဖေရဲ့ အဆိုအရတော့ အမျိုးသမီးက အိမ်မှာ အသတ်ခံရပြီး ကလေးက ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ရပါတယ်။ ကလေးပြန်တွေ့တော့ တော်တော်ပြောင်းလဲသွားတယ်။ သူ့ဘဝရဲ့ တစ်ခုတည်းသော မှတ်ဉာဏ်က ပြိုကျခဲ့ပြီး သူ့အခြေအနေက ဘယ်လိုပုံစံနဲ့တူလဲဆိုတော့  သူ့အမေက သူပထမဆုံးရောက်တုန်းက အခြေနေနဲ့တထပ်တည်း တူနေတယ်"
 

"အရင်က အကြောင်းအရင်းတွေနဲ့ ရောဂါဖြစ်စဉ် ရာဇဝင်တွေကြောင့် ငါတို့ဌာနက သူ့ကို လုံးဝ ပျောက်အောင် ကုသပေးမယ်လို့ အာမ မခံရဲတော့ဘူး။ အဖေဖြစ်သူကို ကလေးကို တရားဝင် ဆေးရုံကို ပို့ဖို့ ဖျောင်းဖျခဲ့တယ်။ သူ့ကို ငြင်းပယ်တဲ့ ညမှာ သန်းခေါင်ကျော်တော့ အခန်း (၃) ရဲ့ တံခါးဖြူဖြူကနေ  သွေးတွေ စပြီး ယိုစိမ့်ထွက်လာခဲ့တယ်"
 

"ဒါက ရပ်မသွားခင် တစ်မိနစ်လောက် ကြာသွားတယ်။ ဒါကို သိလိုက်ရပြီး တစ်ပတ်လောက်ကြာတော့  အဲဒီတစ်ပတ်အတွင်းမှာပဲ ဆေးရုံမှာ မယုံနိုင်စရာတွေ အများကြီး ဖြစ်သွားတယ်။"

ဒုတိယစာကို ဒါရိုက်တာက ရုတ်တရတ် ရပ်ပစ်ခဲ့သည်။ စာတွေရဲ့အကြောင်းအရာနဲ့ ဒါရိုက်တာရဲ့ဖော်ပြချက်တွေကိုဖတ်ရင်း ချန်ကော ဟာ အလားတူအဖြစ်မျိုးကြုံဖူးသူတစ်ယောက်ကို သတိရမိသွားတယ်။

တတိယမြောက်စာကို အမြန်ဖွင့်လိုက်တော့ အထဲမှာ အမေရော သူ့သားရဲ့ ဓာတ်ပုံပါရှိနေသည်။ ချန်ကောက  ဒီပုံကိုမြင်တော့ ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ခံစားချက်တွေ ဖုံးလွှမ်းသွားတယ်။ ဒီပုံကို သူအရင်က မြင်ဖူးသောကြောင့်ဖြစ်သည်။ ဟိုင်မင်တိုက်ခန်းမှာ   ဒေါက်တာကောင်းက မန်နန်ရဲ့  ပစ္စည်းတွေကို ကူညီထုပ်ပိုးပေးရင်း သူမြင်ခဲ့ရတဲ့ပုံနဲ့ အတူတူပါပဲ။

လူနာ အဝတ်အစားဝတ်ထားသော အမျိုးသမီးတစ်ဦးသည် ကုတင်ပေါ်တွင် လှဲနေပြီး ရှက်ရွံ့နေသော ကောင်လေးတစ်ယောက် သူမဘေးတွင် ထိုင်နေသည်။

*******-*********

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now