Chapter (187) - ထျန်ထန် ဆေးကျောင်း

405 93 1
                                    

Chapter (187) - ထျန်ထန် ဆေးကျောင်း

 
ရွှီဝမ့် ထွက်သွားပြီးနောက် ချန်ကောတစ်ယောက်တည်း သရဲခြောက်သောအိမ်သို့ ပြန်လာခဲ့သည်။ သူ့မှာ လုပ်စရာတွေ အများကြီးရှိသေးသည်။ ဘောပင်ဝိဉာဉ် ရဲ့ ဘောပင်ကို ပြုပြင်ပြီးနောက် ချန်ကောက သရဲခြောက်တဲ့ အိမ်ဘေးမှာ ကြက်ကို မြှုပ်နှံခဲ့ပါတယ်။ ချန်ကောသည် ကြက်ကို ဘယ်သူ သတ်ခဲ့သည်ကို သတိမထားခဲ့မိပေ။  ခန္ဓာကိုယ်မှာ ဒဏ်ရာတွေမရှိတာကြောင့် လူသတ်သမားဟာ တံခါးနောက်ကနေ လာခဲ့တယ်လို့ သံသယရှိခဲ့သည်။  လုံခြုံရေးအတွက် ချန်ကောသည် ကြက်၏အလောင်းကို အခြားနေရာမှ မထားခဲ့ဘဲ သရဲခြောက်သောအိမ်သို့ ပြန်ပို့ရန် ရွေးချယ်ခဲ့သည်။

အလုပ်ကိစ္စအားလုံးကို ကိုင်တွယ်ပြီးနောက် ချန်ကောသည် မြေအောက်ကားပါကင်သို့ ဝင်ခဲ့သည်။ ထိုနေရာတွင်  တတိယဖျားနာဆောင်ခန်းမကို အပြည့်အဝ ကူးယူထားပြီးသား ဖြစ်နေသည်။  ထိုနေရာ၏အရွယ်အစားသည် မုယန် အထက်တန်းကျောင်း၏ အရွယ်အစား နှစ်ဆဖြစ်ပြီး ဆေးရုံကို ကျောင်းနှင့် ဆန့်ကျင်ဘက်တွင် ထားရှိထားသည်။ ဆက်တင်အားလုံးသည် တညီတညွတ်တည်း ပေါင်းစပ်သွားကြပြီး လမ်းကြောင်းများက အပြန်လှန် ဖြတ်ကျော်သွားကြသည်။ ကြောက်လန့်စရာကောင်းတဲ့ ဝင်္ကပါပုံသဏ္ဍာန်က ဖွဲ့စပြုနေပြီ။

ချန်ကောသည် ထိုဆက်တင်ကို ဖြတ်လျှောက်သွားကာ အန္တရာယ်မရှိကြောင်း သေချာအောင်ပြု လုပ်ပြီးနောက်၊ သရဲအိမ်ဆက်တင်မှ မထွက်ခွာမီ အဓိက နေရာများစွာတွင် ရှေ့မှ မတပ်ရသေးသည့်  ကင်မရာအချို့ကို တပ်ဆင်ခဲ့သည်။

မု ယန် အထက်တန်းကျောင်းသည် လျှို့ဝှက်မစ်ရှင်နှစ်ခုရှိလာပြီး တတိယဖျားနာဆောင်ခန်းမသည် ကြယ်သုံးပွင့် သရဲအိမ် တင်ဆက်မှု ဖြစ်သောကြောင့် ထိုနေရာတွင် လျှို့ဝှက်မစ်ရှင်များ ပိုမိုရှိသင့်သည်။ သို့သော်လည်း၊ သရဲအိမ်ဆက်တင်တစ်ခုလုံးကို သူ ဖြတ်သန်းခဲ့ပြီးပြီ၊ ဘာမှ မထူးခြားလှပေ။ ထိုလျှို့ဝှက်မစ်ရှင်များအတွက် အစပျိုးစရာကို ရှာရတာ လွယ်ကူမယ့်ပုံမပေါ်ပေ။
 

ဝန်ထမ်းတွေသုံးသည့် အိမ်သာ နှင့် ရေချိုးခန်းသို့ ပြန်ရောက်ပြီးနောက်၊ ချန်ကောသည် စစ်ဆေးရေးအရာရှိ လီ ထံမှ မက်ဆေ့ချ်ရသောအခါ အိပ်ပျော်သွားတော့မလိုပင် ဖြစ်နေသည်။
 ဒါကိုစဉ်းစားပြီးနောက် ချန်ကောက အရာရှိလီကိုဖုန်းဆက်လိုက်တယ်။

"ဦးလေး စန်းပေါင်း အခု ကျွန်တော် အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့တော့"

"ကောင်းပြီ၊ အနည်းဆုံးတော့ မင်းကို  အကောင်းတိုင်း မြင်နေရသေးတယ်။"

တစ်ဖက်မှာ ခြေသံတွေထွက်ပေါ်လာသည်။ စစ်ဆေးရေးမှူး လီ သည် သူ့စကားကို ရှေ့မဆက်မီ ဆိတ်ငြိမ်သောနေရာသို့ လမ်းလျှောက်လာခဲ့သည်။

"မနေ့ညက မင်းရဲ့ ဗီဒီယိုဖိုင်ကို ငါ မြင်လိုက်ရတယ်။ ပိတ်မိနေတဲ့ သားကောင်တွေကို တွေ့တဲ့အခါ ရဲကို ခေါ်သင့်နေပြီ"

"ကျွန်တော် နားလည်ပါတယ်။ နောက်တစ်ခါ သတိထားပါ့မယ်။"

"နောက်တစ်ခါရှိသေးတာလား?" စစ်ဆေးရေးမှူး လီက သက်ပြင်းချလိုက်သည်။

"ဒါဆိုလည်း သတိထားဖို့ ကြိုးစားဦး။ မင်းကို ငါ အသိပေးဖို့ အချက်နှစ်ချက် ရှိတယ်။ မင်းရဲ့ ထုတ်ပြန်ချက် အရ ဓားစာခံ ဖမ်းမိတဲ့ နေရာမှာ လူ ၃ ယောက် ပါဝင် နေတယ်။ သူတို့ သုံးယောက် စလုံးက ပုံမှန်မဟုတ်ဘူး။ ဒါကြောင့် မင်းသတိထားရမယ်။ သူတို့အားလုံး စိတ်ရောဂါခံစားနေရပြီး ဘာမဆိုလုပ်နိုင်တဲ့သူတွေချည်းပဲ"

"ကောင်းပါပြီ ဦးလေး။ ကျွန်တော် သတိထားပါ့မယ်။"

"ဒုတိယအချက်က  ကျုတ်ကျန်း အနောက်ပိုင်းက ပုဂ္ဂလိက အကယ်ဒမီနှင့် သက်ဆိုင်တယ်။"

စစ်ဆေးရေးမှူး လီ က ဖိုင်တချို့ကို လှန်ကြည့်နေသလိုပဲ။

"လွန်ခဲ့တဲ့ငါးနှစ်လောက်ကစလို့ ကျောင်းနဲ့ပတ်သက်တဲ့လူအားလုံးကို စစ်ဆေးခဲ့ပြီး သံသယရှိသူ ၂၁ ဦး အထိ အရေတွက်ကို ကန့်သတ်နိုင်ခဲ့တယ်။ သူတို့က မိန်းကလေးကို သတ်သေဖို့ ဖိအားပေးတဲ့သူတွေဖြစ်တယ်။ "


ကျန်းယာ့သည် နောက်ဆုံးတွင် သူမ၏ တရားမျှတမှုကို ရအောင် ယူသွားခဲ့သည်။ ချန်ကောသည် ဖုန်းကို တင်းတင်းဆုပ်ကိုင်ကာ လေကို လေးလေးနက်နက် ရှူသွင်းလိုက်သည်။

"စစ်ဆေးရေးမှူး လီ၊ ခင်ဗျား လူသတ်သမားကို ဖမ်းပြီးရင် ကျွန်တော် သူနဲ့ ငါးမိနစ်လောက် စကားပြော လို့ရမလား"

"ငါတို့ အဲဒါကို နောက်မှစဉ်းစားမယ်၊ ဒါပေမယ့် မင်း အရမ်း မျှော်လင့်မထားမိစေနဲ့။"

 စစ်ဆေးရေးမှူး လီ က ဖုန်းချလိုက်ပြီး ချန်ကောက သူ့ဖုန်းကို ကြည့်ကာ နောက်ဆုံးတွင် အိပ်ပျော်သွားသည်အထိ   ကြည့်နေလိုက်သည်။

...

သွေးနီရောင်အခန်းထဲမှာ ချန်ကောက ကုတင်ပေါ်မှာ ထိုင်နေသည်။ သူ့ခြေထောက်ပေါ်က သွေးကြောတွေ ပေါ်လာတယ်။ သူသည် ပတ်ဝန်းကျင်ကို မှုန်ကုပ်ကုပ်ကြည့်ကာ မန်နန်၏ အသံက သူ့ဘေးတွင် ပေါ်လာသည်။

"မင်းမှာ အချိန်သိပ်မကျန်တော့ဘူး။"

လှည့်ကြည့်လိုက်တော့ အခန်းအလယ်မှာ ရပ်နေတဲ့ ကောင်လေးကို တွေ့လိုက်တယ်။ အနီရောင်မျဉ်းများသည် သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသည်။

"မန်နန်?"

"မင်းမှာ အချိန်သိပ်မကျန်တော့ဘူး"

ကောင်လေးက ခံစားချက်မဲ့စွာပြောသည်။ တတိယအကြိမ် ထပ်လုပ်တော့မယ့်အချိန်မှာ အနီရောင်လိုင်းတွေ တင်းမာလာပြီး ကောင်လေးရဲ့ ခန္ဓာကိုယ်က အပိုင်းပိုင်းကွဲသွားတယ်။

"ဟေး!"

ချန်ကော၏ မျက်လုံးများ ပွင့်လာပြီး အိပ်မက်ဆိုးမှ နိုးလာပြီး သူ့နဖူးမှ ချွေးအေးများဖြင့် စိုရွှဲနေသည်။ နံနက် ၃ နာရီ ၄၀ မိနစ် အချိန်တွင် 'တံခါး' မှ ထွက်သည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

ငါ ဘာလို့ဒီလိုအိပ်မက်မက်ရတာလဲ။ တံခါးအတွင်း၌ မန်နန်၏ အဓိက စိတ်ဝိဉာဉ်က  တစ်ခုခုဖြစ်ခဲ့ပါသလား။

ချန်ကောသည် အိပ်ဖို့  စိတ်မဝင်စားတော့ပေ။  သူ့ဖုန်း၊ လက်နက် ကိရိယာပုံးနှင့် ကျောပိုးအိတ်တို့ကို ယူကာ တတိယဖျားနာဆောင်ခန်းမသို့ သွားခဲ့သည်။

ချန်ကောက မနက် ၅ နာရီမှာ ဒီနေရာကို ပြန်ရောက်တယ်။ နေက ထွက်လာပေမယ့်   အဆောက်အဦးတွေက တော်တော်ကြောက်စရာကောင်းတယ်။ ချန်ကောသည် ခြံစည်းရိုးမှ ခုန်ချကာ စိတ်ကျန်းမာရေးဆေးရုံသို့ ခုန်တက်သွားသည်။ ရဲများသည် တတိယဖျားနာဆောင်ခန်းမသို့ သော့များကို ဖြိုဖျက်ထားပြီးဖြစ်လို့ ချန်ကောသည် အခန်း 3 သို့ ချက်ချင်းသွားခဲ့သည်။

သူ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အရာအားလုံးသည် သူထွက်သွားသည့်အချိန်နှင့် အတူတူပင်။ သူ့စုံစမ်းစစ်ဆေးမှုက ဘာမှ မဖြစ်ခဲ့ပါဘူး။ ချန်ကော တွေးတောရင်းနဲ့ ဖျားနာဆောင်ခန်းမထဲကို ပို နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားတယ်။ မနေ့ညက သူဝှက်ထားတဲ့ တူနဲ့ ဓားရှည်ကို ပြန်ယူလိုက်ပြီး ဒါရိုက်တာရုံးခန်းကို ပြေးသွားတယ်။ သူ့ကိရိယာပုံးထဲက ကိရိယာတွေကို အသုံးပြုပြီး အဝတ်လဲခန်းရဲ့ ထောင့်ကနေ သွေးနီရောင် လက်သည်းခွံ လေးလုံးကို ထုလိုက်တယ်။

သူတို့ကြည့်ရတာ သာမာန်သံလက်သည်းတွေလိုပါပဲ။ ချန်ကောသည် ကန့်လန့်ကာမှ အပိုင်းအစတစ်ခုကို ဆုတ်ဖြဲကာ သံချောင်းများကို ထုပ်ပိုးရန် အသုံးပြုကာ သူ၏ ကျောပိုးအိတ်အတွင်း၌ ထည့်ထားသည်။

 သူ့မှာ လုပ်စရာတွေ အများကြီး ကျန်နေသေးတာကို သိလိုက်ရတော့ စိတ်ကျန်းမာရေး ဆေးရုံက ထွက်လာပြီး ခပ်ဝေးဝေး လမ်းလျှောက်ပြီး နောက်ဆုံးမှာ တက္ကစီတစ်စီး ရှာတွေ့ခဲ့တယ်။ သူသည် New Century Park သို့ပြန်လာခဲ့သည်။

ကျောပိုးအိတ်ကို ချပြီးနောက် ချန်ကောသည် သရဲအိမ်ကို ယာယီပိတ်ရန် ဆိုင်းဘုတ်တပ်ခဲ့ပြီးနောက်    မြို့လယ်ကို မြန်မြန်မသွားခင် ပစ္စည်းတွေကို စုဆောင်းလိုက်သည်။

ရှန့်ယွမ်International Plaza ၏ တတိယထပ်...

 ချန်ကောက ဓာတ်လှေကားကို စောင့်ရင်း သူ့လက်ထဲမှာ လက်ကမ်းစာစောင်ကို ကိုင်ထားတယ်။ သူ့အနီးတွင် ယောက်ျားလေးနှင့် မိန်းမငယ်တစ်စုရှိ၍ အချင်းချင်း စပ်မိစပ်ရာ စကားများနေကြပြီး သူတို့  အရမ်းစိတ်လှုပ်ရှားခဲ့ကြတယ်။

"ထျန်ထန် ဆေးကျောင်းက ကျုတ်ကျန်း  ကို လာဖို့ ဆုံးဖြတ်ခဲ့တာကို ငါ အံ့သြမိပါတယ်။ မနှစ်က ရှင်းဟိုင် မှာ ရှိနေတုန်းက သူတို့ဆီ သွားလည်ဖို့ ရထားစီးဖို့တောင် ငါ လုပ်ခဲ့တာ!"

"မင်း ထပ်ပြီး ချဲ့ကားပြောနေပုံရတယ်။ စုစု ငါတို့မြို့မှာ သရဲခြောက်တဲ့ အိမ်ကောင်းလေး တစ်ခုရှိတယ်၊ အွန်လိုင်းမှာ တော်တော်နာမည်ကြီးနေတယ်"

"အွန်လိုင်းကောလဟာလတွေကို မယုံပါနဲ့။ သရဲခြောက်တဲ့အိမ်တွေဟာ ဈေးပေါတဲ့လှည့်ကွက်တွေကိုပဲ အားကိုးနေရတယ်၊ အဲဒါတွေက ထျန်ထန် ဆေးကျောင်းအတွက် ပြိုင်နိုင်တဲ့အရာ မဟုတ်ဘူး။ နင်က ငါ့လို ဝါသနာရှင်တစ်ယောက်မဟုတ်ဘူး၊ ဒါကြောင့် နင် နားလည်မှာမဟုတ်ဘူး။"

စကားပြောသောသူက  ချစ်စရာကောင်းသော မိန်းကလေးဖြစ်သည်။ သူမသည် အရပ် 1.6 မီတာခန့်ရှိပြီး ထိုမိန်းကလေးဘေးမှာ ရပ်နေတဲ့ အရပ်ရှည်တဲ့ လူငယ်တစ်ယောက်ဖြစ်သည်။

 "ဒါပေမယ့် သရဲခြောက်တဲ့ အိမ်တွေအားလုံးက အတူတူပဲ မဟုတ်လား" ဟု ရှက်ရှက်ဖြင့် ထပ်ပြောသည်။

"သရဲခြောက်တဲ့အိမ် အများစုဟာ ပိုက်ဆံအတွက်ပဲ လုပ်ထားတယ်၊ ဒါပေမယ့် ထျန်ထန် ဆေးကျောင်းက မတူဘူး၊ သူတို့က တကယ့် သရဲခြောက်တဲ့ အတွေ့အကြုံကို ရဖို့ ရည်ရွယ်တာပါ။ သူတို့နှစ်ယောက်က လုပ်ဆောင်ပုံတွေ ခြားနားပါတယ်။"

မိန်းကလေးသည် တကယ့် သရဲအိမ်၏ အမာခံ ပရိသတ်တစ်ဦး ဖြစ်ပုံရသည်။

"ငါရှင်းပြရင်တောင် နင် နားလည်မှာမဟုတ်ဘူး။ နောက်တော့ နင် ငါ့နောက်ကို လိုက်ကြည့်ပေါ့"

ကောင်မလေးက အတော်လေး စိတ်ဝင်စားစရာကောင်းပြီး ချန်ကောရဲ့ စိတ်ဝင်စားမှုကို ခံရတယ်။ ဓာတ်လှေကားတံခါးပွင့်လာပြီး သူတို့အားလုံး တတိယထပ်ကို တက်သွားတယ်။ စောင့်ဆိုင်းနေသော ဧည့်သည်များ ပြည့်နှက်နေသော ခန်းမကို သွားရန် ဓာတ်လှေကားကို ဖွင့်လိုက်သည်။

"ထျန်ထန် ဆေးကျောင်းက အရမ်းနာမည်ကြီးလား"

ချန်ကောသည် အွန်လိုင်းတွင် ပရိုမိုးရှင်းမျိုးစုံလုပ်ကာ သူ၏အသက်နှင့် စွမ်းအင်ကို အရင်းခံ စွန့်စားခဲ့ပေမယ့် သူ၏ သရဲအိမ်က ထျန်ထန်သရဲအိမ်လောက်  ရေပန်းစားမှုကို မရရှိခဲ့ပေ။ နှိုင်းယှဉ်ကြည့်လျှင် ထျန်ထန် ဆေးကျောင်းသည် ဧည့်သည်များကို ပါးစပ်သတင်းလေးဖြင့်သာ အလွယ်တကူ ဆွဲဆောင်နိုင်ခဲ့သည်။ အဲဒါက တော်တော် အထင်ကြီးစရာပဲ။

"သူတို့က နာမည်ကြီးတာဘဲ။ သူတို့ဟာ ဈေးကွက်မှာ လက်ရှိရနိုင်တဲ့ အကြီးမားဆုံး သရဲခြောက်တဲ့ အိမ်ပဲ။ သူတို့ဟာ အတွေ့အကြုံ ဆယ်နှစ်ကျော်ရှိတဲ့ ဂျပန်နိုင်ငံက ကျွမ်းကျင် သရဲအိမ် ဒီဇိုင်နာကို ငှားရမ်းခဲ့ပါတယ်။ မိတ်ကပ်အဖွဲ့နဲ့ ဝတ်စုံတိုင်းက အထူးမှာကြားချုပ်လုပ်ထားတာတွေဖြစ်တယ်  "

စုစုဟုခေါ်သော မိန်းကလေးသည် ချန်ကော မေးလိုက်သည့် စကားကို ကြားပြီး စိတ်ရှည်လက်ရှည်ရှင်းပြခဲ့သည်။

 "ဦးလေး၊ ထျန်ထန် သရဲအိမ်ရဲ့ ဝင်ကြေးက တော်တော်ဈေးကြီးပေမယ့်  ပိုက်ဆံပေးရတာ တကယ်တန်တယ်! ကြောက်စရာတွေက အသံ၊ အလင်းရောင်၊ လျှပ်စစ်နဲ့ အနံ့တွေကို သုံးထားတယ်။ အဲဒါက ဂျပန်နိုင်ငံမှာ အကာင်းဆုံးဖြစ်ပြီး ကျွန်မတို့ နိုင်ငံတွင်းက  သရဲအိမ်ပုံစံနဲ့ အဓိက ကွာခြားတယ်"

"ဦးလေး?"

 ချန်ကော၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ယမ်းသွားသည်။

မနေ့က တတိယဖျားနာဆောင်ထဲမှာ သူမြင်ခဲ့ရတဲ့ အရာတွေက ကြောက်စရာကောင်းတယ်။ သူ့အပြောအဆိုကို ထိန်းလိုက်ပြီးနောက် ချန်ကောသည် ထိုမိန်းကလေးကို ဖြတ်လျှောက်လာပြီး တအံ့တသြပြော လိုက်သည်။

"ဂျပန်စတိုင် သရဲခြောက်တဲ့ အိမ်မျိုးကို အရင်က မကြုံဖူးပေမယ့် တတိယဖျားနာဆောင်ခန်းမနဲ့ ယှဉ်ရင် ပိုကြောက်စရာကောင်းတယ် တဲ့လား"  


**********-**************

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now