Chapter (28) - "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."

1.4K 346 9
                                    

Chapter (28) – "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."

"သူတို႔ အခုလာေနၿပီလား.."

Chen Ge က He San ရဲ့စီနီယာေတြကို မမႈေပ။

"ကၽြန္ေတာ္က စြန္႔စားၿပီး ဒီသတင္းကို ေပးေနရတာဗ်.. စီနီယာေတြက သရဲအိမ္ထဲမွာ ဟာသဗီဒီယို႐ိုက္ၿပီး internet ေပၚတင္ၿပီး စီနီယာ Gao ကို ရယ္ရေအာင္လုပ္ေပးမလို႔တဲ့.. ခင္ဗ်ား ေဒါသေတာ့ မထြက္လိုက္ပါနဲ႔ဦး.. ကၽြန္ေတာ္တို႔ေက်ာင္းက အတန္း၅တန္းမွာ စုစုေပါင္းမွ မိန္းကေလး ၇ ေယာက္ပဲရွိတာ.. ခင္ဗ်ားငိုေအာင္လုပ္လိုက္တဲ့သူက အေခ်ာဆံုးတစ္ေယာက္ဗ်.. ေဘာ့စ္.. ခင္ဗ်ား.. ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ပါ.."

He San က လာေနတဲ့ေျခသံကိုၾကားလို႔ ဖုန္းကို ခ်က္ခ်င္းခ်လိုက္သည္။

သရဲအိမ္ထဲမွာ ဟာသ Video ႐ိုက္ခ်င္ၾကတာလား..? Chen Ge က ဖုန္းကို ေဘးခ်လိုက္ၿပီး ညစ္က်ယ္က်ယ္ၿပံဳးလုိက္သည္။ ဒါေၾကာင့္ ေဆးေက်ာင္းသားေတြက အားလံုးထဲမွာ ဇာခ်ဲ႕တယ္ေျပာၾကတာကိုး။ သူတို႔ေတြက ငါ့ရဲ့သရဲအိမ္ဇာတ္လမ္းအသစ္အတြက္ အစမ္းသပ္ခံပူးကေလးေတြ ျဖစ္လာလိမ့္မယ္။ ဘယ္သူရယ္ရမလဲ ၾကည့္ၾကေသးတာေပါ့။

ေန႔လည္စာစားခ်ိန္ၿပီးေတာ့ Chen Ge က သရဲအိမ္ဂိတ္တံခါးကို ဖြင့္လိုက္ေတာ့ မနက္က သရဲအိမ္ထဲမဝင္လိုက္ရတဲ့ လူအုပ္ႀကီး ေစာင့္ေနတာ ေတြ႕လိုက္ရသည္။ တခ်ိဳ႕က Chen Ge တင္လိုက္သည့္ Video ႏွင့္ Livestream ကိုၾကည့္ၿပီး လာေလ့လာၾကသလို တခ်ိဳ႕က သူငယ္ခ်င္းေတြဆြဲေခၚလာလို႔ ပါလာၿပီး တခ်ိဳ႕က လာစပ္စုေသာသူမ်ားျဖစ္သည္။ လူတန္းႀကီးက အေတာ္ရွည္လို႔ ပိုက္ဆံေတြ အေတာ္ေလးရမွာေသခ်ာသည္။

"လက္မွတ္တစ္ေစာင္ ယြမ္ ၂၀ ပါ.. ၃ေယာက္အုပ္စုလိုက္ဝင္တာ အေကာင္းဆံုးပါ.."

Chen Ge က Xiao Wan ကိုညႊန္ၾကားေပးရင္း ႏွစ္ဦးသားယံုၾကည္မႈအျပည့္ႏွင့္ လႈပ္ရွားေနၾကသည္။ ညေန ၃ နာရီေရာက္ေတာ့ ဖက္ရွင္က်က်ဝတ္စားထားသည့္ လူငယ္ ၇ ေယာက္က မစ္ရွင္ထမ္းေဆာင္မည့္ပံုစံႏွင့္ သရဲအိမ္ေရွ႕သို႔ေရာက္လာသည္။ သူတုိ႔ေတြက လူတန္းႀကီးေနာက္မွာ တိတ္ဆိတ္စြာတန္းစီေနၿပီး မ်က္ႏွာသြင္ျပင္က ေလးနက္လို႔ေနသည္။ သရဲအိမ္ထဲက ေနာက္ဆံုးဧည့္သည္ထြက္သြားေတာ့ ဒီလူစုထဲက အရပ္အရွည္ဆံုးလူငယ္က လက္မွတ္လာဝယ္သည္။

"ေဘာ့စ္.. လက္မွတ္ ၆ ေစာင္ေပးပါ.."

သူ႔အသံက ေလးနက္ၿပီး ခပ္ေတာင့္ေတာင့္ျဖစ္ေနသည္။

"မင္းတို႔က ၇ ေယာက္လာတာပဲ.."

"တစ္ေယာက္က ကၽြန္ေတာ္တို႔ကို လိုက္ပို႔႐ံုပဲ.."

သူက He San ကိုညႊန္ျပၿပီး ေျပာလိုက္သည္။

"ေဘာ့စ္.. ကၽြန္ေတာ္မဝင္ဘူး.."

He San က သရဲအိမ္ထဲကအေတြ႕အႀကံဳကို မေမ့ေသးလို႔ ေနာက္ကိုဆုတ္ရင္း ေျပာလိုက္သည္။

"မင္းတို႔အားလံုး အထဲေရာက္ေနခ်ိန္ သူတစ္ေယာက္တည္း အျပင္မွာရပ္ေစာင့္ေနတာ မေကာင္းပါဘူး.. ေရာ့ ဒီမွာ လက္မွတ္.. မင္းတို႔က Jiu Jiang ေဆးေက်ာင္းကမဟုတ္လား.. မိတ္ျဖစ္ေဆြျဖစ္ လက္မွတ္အပိုတစ္ေစာင္ ေပးလိုက္တယ္.."

Chen Ge ၏ ၾကင္နာရက္ေရာမႈေၾကာင့္ ေက်ာင္းသားတခ်ိဳ႕ ရွက္ရြံ႕သြားၾကသည္။

"He San.. ေဘာ့စ္ရဲ့လက္ေဆာင္ကို ျငင္းရင္ ႐ိုင္းရာက်လိမ့္မယ္.."

အရပ္ရွည္ရွည္လူငယ္က လက္မွတ္ကိုယူၿပီး He San ကို ေျပာလိုက္သည္။ သူတို႔က လက္မွတ္ယူၿပီး သရဲအိမ္ထဲ ခ်က္ခ်င္းမဝင္ၾကေသးဘဲ အုပ္စုလိုက္ တီးတိုးတိုင္ပင္ေနၾကသည္။

"He San နဲ႔ငါက တစ္အုပ္စု၊ ေမ်ာက္နဲ႔ ေလာင္က်ိဳးက တစ္အုပ္စု၊ ေလာင္ဘုန္း၊ ေရွာင္ေဟြ႕နဲ႔ စြတ္လင္းက တစ္အုပ္စု၊ အားလံုးလုပ္ရမယ့္ပန္းတိုင္ကို မေမ့ၾကနဲ႔.. ငါတို႔ ဒီကေနမျပန္ခင္ ငါတို႔ေက်ာင္းက internet ဖိုရမ္ေပၚမွာ အားလံုးတင္ၿပီးသားျဖစ္ရမယ္.. ဟုတ္ၿပီလား.."

"ဟုတ္ကဲ့ပါ.."

"ဒီသရဲအိမ္ရဲ့ အေနအထားအားလံုး He San ပံုဆြဲျပထားလို႔ ငါတုိ႔အားလံုး သိထားၿပီးၿပီ.. ကိုယ့္စိတ္ကို ႀကိဳတင္ျပင္ဆင္ထား၊ မေၾကာက္ၾကနဲ႔.. Jiu Jiang ေဆးေက်ာင္းကို အရွက္မရေစနဲ႔.."

"နားလည္ပါၿပီ.."

"ေကာင္းၿပီ.. ခုကစၿပီး အားလံုး စိတ္ကိုၿငိမ္ေအာင္ထား.. အသက္႐ႈႏႈန္းမျမန္ေအာင္ ထိန္းထားၾက.. မင္းတို႔ေတြ အျမင့္ခုန္အားကစား လုပ္ေနတယ္လို႔ သေဘာထားၾက.. အားလံုး သတိနဲ႔ အထဲကိုဝင္ၾကေတာ့.."

သူတို႔ေျပာသံကိုၾကားေတာ့ အျခားဧည့္သည္မ်ားပင္ သေဘာက်ကာ လက္ခုပ္တီးေနၾကသည္။ Chen Ge ပင္ သူတို႔ကို အထင္ႀကီးသြားသည္။

"ငါတို႔ႏွစ္ေယာက္ ေရွ႕ကဦးေဆာင္ၿပီးဝင္မယ္.. သတင္းေကာင္းကို ေစာင့္ေနၾကပါ.."

သူတို႔ႏွစ္ေယာက္ Chen Ge ဆီေလွ်ာက္လာေတာ့ ေမးလိုက္သည္။

"မင္းတို႔ ၂ေယာက္တည္း ဝင္မွာလား.."

"ခင္ဗ်ားရဲ့စည္းကမ္းက ၃ေယာက္အမ်ားဆံုးပဲ ဝင္ရမွာဆို.."

"အိုး.. ဒီဟာက ဝိညာဥ္သတို႔သမီးအခန္းအတြက္ပါ.. မင္းတို႔အားလံုး တစ္ၿပိဳင္တည္း ဝင္လို႔ရပါတယ္.. မင္းတို႔ကို အခ်ိန္မကုန္ေစခ်င္ပါဘူး.."

Chen Ge က သူတို႔အုပ္စုကို သရဲအိမ္ထဲ ေခၚခ်လာသည္။ သရဲအိမ္ထဲက အျပင္ကထက္ ပိုေအးေနသည္။

"ပထမ.. မင္းတို႔အားလံုး သေဘာတူလက္မွတ္ထိုးရမယ္.. ဒီသရဲအိမ္ထဲက ထိခုိက္ဒဏ္ရာရမႈအတြက္ တရားမစြဲပါဘူးဆိုတာ လက္မွတ္ထိုးမွ ဆက္ဝင္ခြင့္ျပဳမယ္.."

"ေနဦး.. အရင္က ဒီလိုမဟုတ္ပါဘူး.."

He San က စားပြဲကိုလွည့္ပတ္ၾကည့္ၿပီး ေျပာလိုက္သည္။

"ဘာေၾကာင့္လဲဆိုေတာ့ မင္းက ငါ့သရဲအိမ္ထဲ ပထမဆံုးသတိလစ္သြားတဲ့ ဧည့္သည္ျဖစ္လို႔ ဒီလိုစည္းကမ္း ထည့္လိုက္ရတာပဲ.. He San က မင္းတို႔အားလံုးကို အေသးစိတ္ေျပာျပထားၿပီးသားဆုိေတာ့ ငါ ထပ္မေျပာျပေတာ့ဘူး.. သတိေပးခ်က္တခ်ိဳ႕ပဲ ေျပာလိုက္မယ္.."

Chen Ge ရဲ့မ်က္ႏွာေပၚကအၿပံဳးက တျဖည္းျဖည္းေလ်ာ့သြားၿပီး သူ႔ဖုန္းကိုထုတ္ကာ အင္တာနက္ေပၚက မနက္ခင္းသတင္းတစ္ခုကို ရွာရင္း ေျပာလိုက္သည္။

"Ping An တိုက္ခန္းအမႈက ေျဖရွင္းၿပီးသြားေပမယ့္ တရားခံက လြတ္ေနဆဲပဲ.. ငါတုိ႔ ဒီကိစၥ ဘာမွမတတ္ႏိုင္ေပမယ့္ ဒီမနက္ ငါအလုပ္ကိုလာေတာ့ ရာစုသစ္ပန္းၿခံထဲက သရဲအိမ္တံခါးက ပြင့္ေနတယ္.. တစ္ေယာက္ေယာက္က ဒီထဲမွာသြားလာေနသလိုပဲ.. ရာစုသစ္ပန္းၿခံနဲ႔ Ping An တိုက္ခန္းက ၿမိဳ႕ရဲ့အေနာက္ဘက္ျခမ္းမွာ ရွိၾကတာခ်ည္းပဲ.. ကၽြန္ေတာ္အေတြးလြန္တာ ျဖစ္ပါေစလို႔ပဲ ေမွ်ာ္လင့္ရေတာ့မယ္.."

ဒီသတင္းကိုဖတ္ျပၿပီး Chen Ge က ဒီအုပ္စုရဲ့စိတ္ထဲ သံသယမ်ိဳးေစ့ေလး ခ်ေပးလိုက္သည္။ သူတို႔ လက္ခံယံုၾကည္လာေအာင္ လုပ္စရာမလိုေပ။ လူဆိုတာက မေကာင္းတာတစ္ခု ေတြးမိလွ်င္ အျဖစ္မွန္ထက္ ပိုဆိုးဝါးစြာ ခ်ဲ႕ၿပီး ေတြးတတ္ၾကတဲ့သဘာဝ ရွိၿပီးသားျဖစ္သည္။

သူတို႔ လက္မွတ္ထိုးၿပီးတာနဲ႔ တတိယထပ္ကတံခါးကို တြန္းဖြင့္ၿပီး သန္းေခါင္ယံလူသတ္သမားအခန္းကို ဖြင့္ေပးလိုက္သည္။ ေလေအးေတြက တစ္ေနရာကေန တိုးေဝွ႔တိုက္ခတ္ေနၿပီး တစ္ဝက္ပြင့္ေနသည့္ တံခါးေနာက္က သူတို႔ကို တစ္ေယာက္ေယာက္က ေခ်ာင္းၾကည့္ေနသလိုပင္။ ရွည္လ်ားသည့္စႀကၤန္က အဆံုးမရွိေတာ့သလို ေကြ႕ဝိုက္ေနၿပီး ဝကၤပါလို ေထာင့္ခ်ိဳးေတြပါရွိေနသည္။ မ်က္ႏွာၾကက္က မီးဟပ္ထားၿပီး နံရံေတြမွာ တစ္စံုတစ္ေယာက္က လြတ္ေျမာက္ဖို႔ႀကိဳးစားေနသလို ကုတ္ျခစ္ထားသည့္ အစင္းေၾကာင္းႀကီး ထင္ေနသည္။

ဒါကိုျမင္ေတာ့ အုပ္စုဝင္တစ္ဝက္က ေအးခဲသြားသလို ခံစားလိုက္ရၿပီး He San ကို ဝိုင္းၾကည့္လိုက္သည္။

"မင္းေျပာတဲ့ ေရွးတ႐ုတ္အိမ္ဒီဇိုင္းနဲ႔ အခန္းက ဘယ္မွာလဲ.."

"မင္းေျပာထားတာနဲ႔ မတူပါလား.."

"ငါက ေခါင္းတလားကိုမေၾကာက္ေအာင္ တစ္ညလံုး ေသခ်ာေလ့က်င့္ထားတာေနာ္.."

အားလံုးရဲ့အၾကည့္ေၾကာင့္ He San ငိုမလိုျဖစ္သြားၿပီး Chen Ge ကို အကူအညီေတာင္းဟန္ ၾကည့္ေပမယ့္ Chen Ge က မျမင္သေယာင္ျပဳထားသည္။

"ဒီအခန္းကို သန္းေခါင္ယံည လူသတ္သမားလို႔ ေခၚတယ္.. ေက်းဇူးျပဳၿပီး ပံုေတြေလွ်ာက္မဆြဲပါနဲ႔.. ပစၥည္းေတြ မပ်က္စီးပါေစနဲ႔.. မဟုတ္ရင္ ပ်က္စီးတာအတြက္ တာဝန္ယူရမယ္.. ဒီအခန္းမွာ ဖံုးကြယ္ထားတဲ့ ထြက္ေပါက္ရွိတယ္.. အခ်ိန္က မိနစ္ ၂၀ ပါ.. တကယ္လို႔ အခ်ိန္မတိုင္ခင္ ထြက္ခ်င္ရင္ ကင္မရာေရွ႕မွာ လက္ျပလိုက္ပါ.. ငါလာေခၚေပးပါ့မယ္.."

သူတို႔အားလံုး ေကာ္ရစ္ဒါထဲဝင္ၿပီးေနာက္ Chen Ge က ၿပံဳးကာ ေျပာလိုက္သည္။

"ေပ်ာ္ရႊင္ၾကပါေစ.."

=====================

Chapter (28) – "မင်း ငါတို့ကိုပြောခဲ့တာနဲ့ မတူပါလား.."

"သူတို့ အခုလာနေပြီလား.."

Chen Ge က He San ရဲ့စီနီယာတွေကို မမှုပေ။

"ကျွန်တော်က စွန့်စားပြီး ဒီသတင်းကို ပေးနေရတာဗျ.. စီနီယာတွေက သရဲအိမ်ထဲမှာ ဟာသဗီဒီယိုရိုက်ပြီး internet ပေါ်တင်ပြီး စီနီယာ Gao ကို ရယ်ရအောင်လုပ်ပေးမလို့တဲ့.. ခင်ဗျား ဒေါသတော့ မထွက်လိုက်ပါနဲ့ဦး.. ကျွန်တော်တို့ကျောင်းက အတန်း၅တန်းမှာ စုစုပေါင်းမှ မိန်းကလေး ၇ ယောက်ပဲရှိတာ.. ခင်ဗျားငိုအောင်လုပ်လိုက်တဲ့သူက အချောဆုံးတစ်ယောက်ဗျ.. ဘော့စ်.. ခင်ဗျား.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ.."

He San က လာနေတဲ့ခြေသံကိုကြားလို့ ဖုန်းကို ချက်ချင်းချလိုက်သည်။

သရဲအိမ်ထဲမှာ ဟာသ Video ရိုက်ချင်ကြတာလား..? Chen Ge က ဖုန်းကို ဘေးချလိုက်ပြီး ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ ဒါကြောင့် ဆေးကျောင်းသားတွေက အားလုံးထဲမှာ ဇာချဲ့တယ်ပြောကြတာကိုး။ သူတို့တွေက ငါ့ရဲ့သရဲအိမ်ဇာတ်လမ်းအသစ်အတွက် အစမ်းသပ်ခံပူးကလေးတွေ ဖြစ်လာလိမ့်မယ်။ ဘယ်သူရယ်ရမလဲ ကြည့်ကြသေးတာပေါ့။

နေ့လည်စာစားချိန်ပြီးတော့ Chen Ge က သရဲအိမ်ဂိတ်တံခါးကို ဖွင့်လိုက်တော့ မနက်က သရဲအိမ်ထဲမဝင်လိုက်ရတဲ့ လူအုပ်ကြီး စောင့်နေတာ တွေ့လိုက်ရသည်။ တချို့က Chen Ge တင်လိုက်သည့် Video နှင့် Livestream ကိုကြည့်ပြီး လာလေ့လာကြသလို တချို့က သူငယ်ချင်းတွေဆွဲခေါ်လာလို့ ပါလာပြီး တချို့က လာစပ်စုသောသူများဖြစ်သည်။ လူတန်းကြီးက အတော်ရှည်လို့ ပိုက်ဆံတွေ အတော်လေးရမှာသေချာသည်။

"လက်မှတ်တစ်စောင် ယွမ် ၂၀ ပါ.. ၃ယောက်အုပ်စုလိုက်ဝင်တာ အကောင်းဆုံးပါ.."

Chen Ge က Xiao Wan ကိုညွှန်ကြားပေးရင်း နှစ်ဦးသားယုံကြည်မှုအပြည့်နှင့် လှုပ်ရှားနေကြသည်။ ညနေ ၃ နာရီရောက်တော့ ဖက်ရှင်ကျကျဝတ်စားထားသည့် လူငယ် ၇ ယောက်က မစ်ရှင်ထမ်းဆောင်မည့်ပုံစံနှင့် သရဲအိမ်ရှေ့သို့ရောက်လာသည်။ သူတို့တွေက လူတန်းကြီးနောက်မှာ တိတ်ဆိတ်စွာတန်းစီနေပြီး မျက်နှာသွင်ပြင်က လေးနက်လို့နေသည်။ သရဲအိမ်ထဲက နောက်ဆုံးဧည့်သည်ထွက်သွားတော့ ဒီလူစုထဲက အရပ်အရှည်ဆုံးလူငယ်က လက်မှတ်လာဝယ်သည်။

"ဘော့စ်.. လက်မှတ် ၆ စောင်ပေးပါ.."

သူ့အသံက လေးနက်ပြီး ခပ်တောင့်တောင့်ဖြစ်နေသည်။

"မင်းတို့က ၇ ယောက်လာတာပဲ.."

"တစ်ယောက်က ကျွန်တော်တို့ကို လိုက်ပို့ရုံပဲ.."

သူက He San ကိုညွှန်ပြပြီး ပြောလိုက်သည်။

"ဘော့စ်.. ကျွန်တော်မဝင်ဘူး.."

He San က သရဲအိမ်ထဲကအတွေ့အကြုံကို မမေ့သေးလို့ နောက်ကိုဆုတ်ရင်း ပြောလိုက်သည်။

"မင်းတို့အားလုံး အထဲရောက်နေချိန် သူတစ်ယောက်တည်း အပြင်မှာရပ်စောင့်နေတာ မကောင်းပါဘူး.. ရော့ ဒီမှာ လက်မှတ်.. မင်းတို့က Jiu Jiang ဆေးကျောင်းကမဟုတ်လား.. မိတ်ဖြစ်ဆွေဖြစ် လက်မှတ်အပိုတစ်စောင် ပေးလိုက်တယ်.."

Chen Ge ၏ ကြင်နာရက်ရောမှုကြောင့် ကျောင်းသားတချို့ ရှက်ရွံ့သွားကြသည်။

"He San.. ဘော့စ်ရဲ့လက်ဆောင်ကို ငြင်းရင် ရိုင်းရာကျလိမ့်မယ်.."

အရပ်ရှည်ရှည်လူငယ်က လက်မှတ်ကိုယူပြီး He San ကို ပြောလိုက်သည်။ သူတို့က လက်မှတ်ယူပြီး သရဲအိမ်ထဲ ချက်ချင်းမဝင်ကြသေးဘဲ အုပ်စုလိုက် တီးတိုးတိုင်ပင်နေကြသည်။

"He San နဲ့ငါက တစ်အုပ်စု၊ မျောက်နဲ့ လောင်ကျိုးက တစ်အုပ်စု၊ လောင်ဘုန်း၊ ရှောင်ဟွေ့နဲ့ စွတ်လင်းက တစ်အုပ်စု၊ အားလုံးလုပ်ရမယ့်ပန်းတိုင်ကို မမေ့ကြနဲ့.. ငါတို့ ဒီကနေမပြန်ခင် ငါတို့ကျောင်းက internet ဖိုရမ်ပေါ်မှာ အားလုံးတင်ပြီးသားဖြစ်ရမယ်.. ဟုတ်ပြီလား.."

"ဟုတ်ကဲ့ပါ.."

"ဒီသရဲအိမ်ရဲ့ အနေအထားအားလုံး He San ပုံဆွဲပြထားလို့ ငါတို့အားလုံး သိထားပြီးပြီ.. ကိုယ့်စိတ်ကို ကြိုတင်ပြင်ဆင်ထား၊ မကြောက်ကြနဲ့.. Jiu Jiang ဆေးကျောင်းကို အရှက်မရစေနဲ့.."

"နားလည်ပါပြီ.."

"ကောင်းပြီ.. ခုကစပြီး အားလုံး စိတ်ကိုငြိမ်အောင်ထား.. အသက်ရှုနှုန်းမမြန်အောင် ထိန်းထားကြ.. မင်းတို့တွေ အမြင့်ခုန်အားကစား လုပ်နေတယ်လို့ သဘောထားကြ.. အားလုံး သတိနဲ့ အထဲကိုဝင်ကြတော့.."

သူတို့ပြောသံကိုကြားတော့ အခြားဧည့်သည်များပင် သဘောကျကာ လက်ခုပ်တီးနေကြသည်။ Chen Ge ပင် သူတို့ကို အထင်ကြီးသွားသည်။

"ငါတို့နှစ်ယောက် ရှေ့ကဦးဆောင်ပြီးဝင်မယ်.. သတင်းကောင်းကို စောင့်နေကြပါ.."

သူတို့နှစ်ယောက် Chen Ge ဆီလျှောက်လာတော့ မေးလိုက်သည်။

"မင်းတို့ ၂ယောက်တည်း ဝင်မှာလား.."

"ခင်ဗျားရဲ့စည်းကမ်းက ၃ယောက်အများဆုံးပဲ ဝင်ရမှာဆို.."

"အိုး.. ဒီဟာက ဝိညာဉ်သတို့သမီးအခန်းအတွက်ပါ.. မင်းတို့အားလုံး တစ်ပြိုင်တည်း ဝင်လို့ရပါတယ်.. မင်းတို့ကို အချိန်မကုန်စေချင်ပါဘူး.."

Chen Ge က သူတို့အုပ်စုကို သရဲအိမ်ထဲ ခေါ်ချလာသည်။ သရဲအိမ်ထဲက အပြင်ကထက် ပိုအေးနေသည်။

"ပထမ.. မင်းတို့အားလုံး သဘောတူလက်မှတ်ထိုးရမယ်.. ဒီသရဲအိမ်ထဲက ထိခိုက်ဒဏ်ရာရမှုအတွက် တရားမစွဲပါဘူးဆိုတာ လက်မှတ်ထိုးမှ ဆက်ဝင်ခွင့်ပြုမယ်.."

"နေဦး.. အရင်က ဒီလိုမဟုတ်ပါဘူး.."

He San က စားပွဲကိုလှည့်ပတ်ကြည့်ပြီး ပြောလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ မင်းက ငါ့သရဲအိမ်ထဲ ပထမဆုံးသတိလစ်သွားတဲ့ ဧည့်သည်ဖြစ်လို့ ဒီလိုစည်းကမ်း ထည့်လိုက်ရတာပဲ.. He San က မင်းတို့အားလုံးကို အသေးစိတ်ပြောပြထားပြီးသားဆိုတော့ ငါ ထပ်မပြောပြတော့ဘူး.. သတိပေးချက်တချို့ပဲ ပြောလိုက်မယ်.."

Chen Ge ရဲ့မျက်နှာပေါ်ကအပြုံးက တဖြည်းဖြည်းလျော့သွားပြီး သူ့ဖုန်းကိုထုတ်ကာ အင်တာနက်ပေါ်က မနက်ခင်းသတင်းတစ်ခုကို ရှာရင်း ပြောလိုက်သည်။

"Ping An တိုက်ခန်းအမှုက ဖြေရှင်းပြီးသွားပေမယ့် တရားခံက လွတ်နေဆဲပဲ.. ငါတို့ ဒီကိစ္စ ဘာမှမတတ်နိုင်ပေမယ့် ဒီမနက် ငါအလုပ်ကိုလာတော့ ရာစုသစ်ပန်းခြံထဲက သရဲအိမ်တံခါးက ပွင့်နေတယ်.. တစ်ယောက်ယောက်က ဒီထဲမှာသွားလာနေသလိုပဲ.. ရာစုသစ်ပန်းခြံနဲ့ Ping An တိုက်ခန်းက မြို့ရဲ့အနောက်ဘက်ခြမ်းမှာ ရှိကြတာချည်းပဲ.. ကျွန်တော်အတွေးလွန်တာ ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတော့မယ်.."

ဒီသတင်းကိုဖတ်ပြပြီး Chen Ge က ဒီအုပ်စုရဲ့စိတ်ထဲ သံသယမျိုးစေ့လေး ချပေးလိုက်သည်။ သူတို့ လက်ခံယုံကြည်လာအောင် လုပ်စရာမလိုပေ။ လူဆိုတာက မကောင်းတာတစ်ခု တွေးမိလျှင် အဖြစ်မှန်ထက် ပိုဆိုးဝါးစွာ ချဲ့ပြီး တွေးတတ်ကြတဲ့သဘာဝ ရှိပြီးသားဖြစ်သည်။

သူတို့ လက်မှတ်ထိုးပြီးတာနဲ့ တတိယထပ်ကတံခါးကို တွန်းဖွင့်ပြီး သန်းခေါင်ယံလူသတ်သမားအခန်းကို ဖွင့်ပေးလိုက်သည်။ လေအေးတွေက တစ်နေရာကနေ တိုးဝှေ့တိုက်ခတ်နေပြီး တစ်ဝက်ပွင့်နေသည့် တံခါးနောက်က သူတို့ကို တစ်ယောက်ယောက်က ချောင်းကြည့်နေသလိုပင်။ ရှည်လျားသည့်စင်္ကြန်က အဆုံးမရှိတော့သလို ကွေ့ဝိုက်နေပြီး ဝင်္ကပါလို ထောင့်ချိုးတွေပါရှိနေသည်။ မျက်နှာကြက်က မီးဟပ်ထားပြီး နံရံတွေမှာ တစ်စုံတစ်ယောက်က လွတ်မြောက်ဖို့ကြိုးစားနေသလို ကုတ်ခြစ်ထားသည့် အစင်းကြောင်းကြီး ထင်နေသည်။

ဒါကိုမြင်တော့ အုပ်စုဝင်တစ်ဝက်က အေးခဲသွားသလို ခံစားလိုက်ရပြီး He San ကို ဝိုင်းကြည့်လိုက်သည်။

"မင်းပြောတဲ့ ရှေးတရုတ်အိမ်ဒီဇိုင်းနဲ့ အခန်းက ဘယ်မှာလဲ.."

"မင်းပြောထားတာနဲ့ မတူပါလား.."

"ငါက ခေါင်းတလားကိုမကြောက်အောင် တစ်ညလုံး သေချာလေ့ကျင့်ထားတာနော်.."

အားလုံးရဲ့အကြည့်ကြောင့် He San ငိုမလိုဖြစ်သွားပြီး Chen Ge ကို အကူအညီတောင်းဟန် ကြည့်ပေမယ့် Chen Ge က မမြင်သယောင်ပြုထားသည်။

"ဒီအခန်းကို သန်းခေါင်ယံည လူသတ်သမားလို့ ခေါ်တယ်.. ကျေးဇူးပြုပြီး ပုံတွေလျှောက်မဆွဲပါနဲ့.. ပစ္စည်းတွေ မပျက်စီးပါစေနဲ့.. မဟုတ်ရင် ပျက်စီးတာအတွက် တာဝန်ယူရမယ်.. ဒီအခန်းမှာ ဖုံးကွယ်ထားတဲ့ ထွက်ပေါက်ရှိတယ်.. အချိန်က မိနစ် ၂၀ ပါ.. တကယ်လို့ အချိန်မတိုင်ခင် ထွက်ချင်ရင် ကင်မရာရှေ့မှာ လက်ပြလိုက်ပါ.. ငါလာခေါ်ပေးပါ့မယ်.."

သူတို့အားလုံး ကော်ရစ်ဒါထဲဝင်ပြီးနောက် Chen Ge က ပြုံးကာ ပြောလိုက်သည်။

"ပျော်ရွှင်ကြပါစေ.."

=====================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now