သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135) _ ရေတွင်း၏အောက်ခြေ
မုယန်အထက်တန်းကျောင်းမှထွက်ပေါ်လာသည့်အော်ဟစ်သံကို ကြားသောအခါ ချန်ကောသည်ပျဉ်ပြား များကိုဖွင့ ်၍ အောက်ကို ပြေးဆင်းလာလိုက်သည်။
မုယန်အထက်တန်းကျောင်းသည် အများပြည်သူ အတွက်ဖွင့်လှစ်သော ပထမဆုံးနေ့ဖြစ်ပြီး ချန်ကောက အရုပ် 24ရုပ်တွေက အရမ်းခြောက်လှန့်မိမည်ကို စိုးရိမ်နေသည်။
ချန်ယာ့လင်ရဲ့ နာမည်ကဒ်ကို ပြတင်းပေါက်ဝနားမှာ တမင်ထားပြီး သူတို့ကို အထဲခေါ်ရန် ထောင်ချောက် ဆင်ထားပြီဖြစ်သည်။ ချန်ယာ့လင်က ဘောပင်နတ်ကို ဖိအားပေးပြီး တခုခု ပြဖို့မလုပ်လောက်ဘူးလို့ ထင်ရတာပဲ။
ချန်ကောသည်စာသင်ခန်းသို့လျှောက်လာစဉ် စင်္ကြန်လမ်းရဲ့ ကြမ်းပြင်ပေါ်တွင် အရုပ်မတစ်ရုပ်က ခေါင်းပြုတ်နေပြီး ကိုယ်ထည်နှင့် ခေါင်းကို ပြန်တပ်နိုင်ဖို့ ကြိုးစားနေပေမယ့် ခေါင်းကို တည့်အောင် မတပ်နိုင်ဖြစ်နေတာ တွေ့လိုက်ရသည်။
ဒီအရုပ်တွေက ဘာကြောင့် အပြင်ကိုရောက်နေတာလဲ။
ချန်ကောက ချိပ်ပိတ်ထားတဲ့စာသင်ခန်းထဲ ဝင်ကြည့်လိုက်တော့ အရုပ်အားလုံးနီးပါး ခေါင်း ပြုတ်ကျပြီး စားပွဲတွေ ပြိုလဲကာ ရှုပ်ယှက်ခတ်နေတာ တွေ့လိုက်ရသည်။ ဒီအခြေနေအရ သူတို့က ကြောက်လန့်လွန်းပြီး အရုပ်တွေကို ပြုတ်ထွက်အောင် လုပ်မိကုန်တာ ထင်သည်။
ချန်ကောက အရုပ်တွေကို ကြမ်းပြင်ပေါ်ကနေ ပြန်ကောက်ပြီး နံရံနားမှာ မှီထောင်ထားလိုက်သည်။. ပြီးတော့ စင်္ကြန်လမ်းက အရုပ်မကို ခေါင်းပြန်တပ်ပေးလိုက်ပြီး အရုပ်မရဲ့မျက်လုံးကို ကြည့်မိတော့ အလင်းထင်ဟပ်လို့ထင်သည်။ အရုပ်မရဲ့ အကြည့်တွေက အသက်ဝင်နေသည်။ အရုပ်မက သူ့တာဝန်ကို ကျေပွန်အောင် အလုပ်နိုင်ခဲ့လို့ သူ့ကို ရှက်ကြောက်သလို ဖြစ်နေတာကို ခံစားလိုက်ရသည်။
ချန်ကောက ဖုန်းအနက်ရောင်ကို ထုတ်လိုက်ပြီး အရုပ်တွေရဲ့ အခြေနေကိုကြည့်လိုက်သည်။ ပြီးတော့ သူတို့ စိတ်ဓါတ်ကျနေတာကို တားဆီးရန် ချန်ကောက အမိန့်ပေးလိုက်ရသည်။
" မင်းတို့ စာသင်ခန်းကနေထွက်သွားလို့ရတတယ်၊ ဒါပေမယ့် မူယန်အထက်တန်းကျောင်းဇာတ်လမ်းကနေ ထွက်သွားလို့မရဘူးဆိုတာ နားလည်ရဲ့လား"
ဒီအရုပ်မက မတုန့်ပြန်ပေမယ့် ချန်ကောက သူ အမိန့်ပေးလို့ရ၊မရကို ဂရုမစိုက်ခဲ့ပါဘူး။ သူက သူမကိုစင်္ကြံဘေးဘက်မှာ ထားလိုက်ပြီး ပြုတ်ထွက်နေတဲ့ အရုပ်အားလုံးကို ပြန်တပ်ဖို့ စာသင်ခန်းထဲကို ၀ င်လိုက်တယ်။
စာသင်ခန်းထဲမှာ နာမည်ကဒ် လေးခုရှိပြီး သူတို့ထဲက ၃ ခုကို ထိုလူငယ်အုပ်စုက ယူသွားနိုင်လို့ မဆိုးဘူးစု သတ်မှတ်လိုက်သည်။
ချန်ကောသည် အမြန်ရွေ့လျားသွားပြီး အခန်း၏အလယ် စားပွဲကိုဖြတ်ကျော်သွားသောအခါ သူ၏ခြေထောက်များသည် တစ်စုံတစ်ခုကို တိုက်မိလိုက်သည်။
ဒီမှာ ဘာလို့ ဖုန်းတလုံး ရှိနေတာလဲ။
...
" ငါတို့နောက်ကွယ်ကနေ ပြောနေတဲ့စကားပြောသံကို မင်းကြားလား"
ဖေ့ဟုက နောက်ကိုလှည့်ကြည့်ကာ ပြောပေမယ့် ရှမိန်လိက သူ့ရဲ့သူရဲဘောကြောင်မှုကို ပျင်းရိလို့နေ သည်။
"ငတုံးကြောင်ပေါက်လေး..မင်း ကြောက်နေရင် ဒီကနေ ငါပြန်လာတာကို စောင့်နေလိုက် "
"မင်း ဘယ်သူ့ကို ကြောင်ပေါက်လို့ခေါ်တာလဲ။ မိန်လိ စာသင်ခန်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မင်း မသိခဲ့ဘူး။ ဒီနေရာတခုလုံးက မှောင်မိုက်နေတယ်။ ငါ ဖုန်းထဲက လက်နှိပ်ဓာတ်မီးကိုသုံးပြီးဖြစ်ပျက်နေတာကို ကောင်းကောင်းကြည့်နိုင်ခဲ့တယ်။ ငါတို့ အခန်းနားကိုရောက်တော့ အရုပ်အားလုံးရဲ့ ဦး ခေါင်းက ရုတ်တရက် ငါတို့ကို လှည့်ကြည့်လာတယ်! "
အခု ဒီအကြောင်းကို စဉ်းစားရင်းတောင် သူ ကြောက်နေတုန်းပဲ။ သူ၏အိတ်ကပ်ထဲသို့ လက်ရောက်သွားချိန်မှာ အလန့်တကြား ဆဲလိုက်မိသည်။
"F * ck! ငါ့ဖုန်းကို စာသင်ခန်းထဲမှာ ထားခဲ့မိပြီ။ ငါ သေချာဂရုစိုက်ရဲ့လားနဲ့ !"
"ဒါဆို နင်က ငါ့ကို ဘာလို့ပြောနေတာလဲ။ "
"မင်း ငါ့ကိုပြန်သွားယူစေချင်တာလား?"
ဖေ့ဟူသည် ခါးသီးစွာပြောရင် မကောင်းဆိုးဝါး ပါးစပ်ပေါက်လို မှောင်မည်းနေသည့် စင်္ကြံလမ်းကို ကြည့ိလိုက်သည်။
" သရဲအိမ်ရဲ့ဝန်ထမ်းကို ငါတို့အပြင်ရောက်မှ သွားယူခိုင်းလိုက်မယ်လေ "
သူသည် ကျန်အဖွဲ့ဝင်များနောက်ကိုပြေးလိုက်လာစဉ် လမ်းခွဆုံတွင် ရပ်လိုက်ကြသည်။
"ဒီနေရာ ဘယ်လောက်တောင် ကြီးမားလိုက်သလဲ။ လမ်းကြောင်းက ကွဲသွားတယ်။ ငါတို့စင်္ကြံရဲ့ အဆုံးကိုတောင် မမြင်နိုင်ဘူး!"
ဝမ်ဟိုင်လုံရဲ့ စကားကိုကြားတော့ ဟူဖေ့က ပြောလိုက်သည်။
"အစ်ကိုလုံ ငါတို့ ပြန်လှည့်ရန်အချိန်ရှိသေးတယ်!"
"ငါတို့ အတော်ဝေးဝေးကို ရောက်လာပြီ။ အချိန် 3 ပုံ 1 ပုံလည်းကုန်သွားပြီ။ ငါတို့ နောက်ထပ် နာမည်ကဒ် 20 ပဲရှာဖို့ရှိတော့တယ်။ ငါးယောက်တွဲရှာတာ အချိန်ကုန်တယ်။ လူခွဲရှာရအောင် "
ဝမ်ဝိန်လုံက ပြောလိုက်သည်။
"မုန့်လုနဲ့မိန်လိက အကိုဝမ်နဲ့အတူ ညာဘက်ကို သွားရှာရင် ဘယ်လိုလဲ..."
မိန်းကလေးနှစ်ယောက်က အေးဆေးစွာဖြေလိုက်သည်။
" ငါတို့က ဘာကိစ္စမှမရှိဘူး။"
"ငါနဲ့လည်း အတူတူပဲ။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ဟာ စိန်ခေါ်မှုကိုရှုံးနိမ့်ခဲ့ပေမဲ့ ဇာတ်လမ်းတစ်ခုလုံးကို စူးစမ်းလေ့လာခဲ့ပြီးပြီ။ အဲဒါက ကျွနတော်တို့အတွက် ကောင်းတဲ့အချက်အလက်ပဲ"
ဝမ်ဝိန်လုံက ပြောလိုက်သည်။
"ဒါဆို ဒီလိုပဲ လူခွဲဖို့ ဆုံးဖြတ်လိုက်ပြီ။ မင်းတို့နှစ်ယောက်က ငါ့အနားမှာကပ်နေတယ်"
ဝမ်ဟိုင်လုံသည် မိန်းကလေးနှစ်ယောက်အား ဦးဆောင်ကာ မိန်းကလေးများအဆောင်ဘက်သို့ ထွက်ခဲ့သည်။
"F * ck! ဘယ်သူမှ ငါ့ထင်မြင်ချက်ကိုတောင် မမေးဘူးလား?"
"ဖေ့ဟူ...မင်းက ငါနဲ့အတူနေခဲ့လိုက်"
ဝမ်ဝိန်လုံက ပြောပြီး ဘယ်ဘက် စင်္ကြန်လမ်းကိုထွက်လာသည်။ ဖေ့ဟူက မလိုက်ချင်ပေမယ့် တယောက်တည်းမနေရဲလို့ လိုက်ခဲ့ရသည်။
"ဒီမှာကြောက်စရာဘာမှမရှိဘူး တင်တယ်။ "
ဝမ်ဝိန်လုံနဲ့ဖေ့ဟူက လမ်းကြောင်း၏အဆုံးသို့ရောက်ရှိ သူတို့နှစ် ဦး သည် တစ် ဦး ကိုတစ် ဦး ကြည့်ပြီး အံ့သြသွားကြသည်။ အဆိုပါစင်္ကြံနောက်တဖန်နှစ်ခုကွဲသွားတယ်...!
လမ်းကြောင်းတစ်ခု၏ ကျဉ်းမြောင်းသော အဆုံးတွင် ရေတွင်းဟောင်းတစ်ခုရှိပြီး နောက်တခုတွင် နံပါတ် ၃၀၃၊ ၃၀၃၊ ၃၀၄ နံပါတ်နှင့်အခန်းတွေကို တွေ့လိုက်သည်။
"သွားကြစို့။ " P
ဖေ့ဟူက ဝမ်ဝိန်လုံ၏ လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။
"အိုကေ။ "
ဝမ်ဝိန်လုံက အဝေးကို လှမ်းကြည့်ရှုကြသည်
"လမ်းရဲ့အဆုံးမှာရေတွင်းတစ်တွင်းရှိတယ်။ အဲ့ဒါကို မင်းဘာလို့ထင်သလဲ။"
"သရဲတစ်ကောင်လို သရုပ်ဆောင်နေတဲ့ ဝန်ထမ်းပုန်းနေလောက်တယ်"
"ဖြစ်နိုင်တယ်။ သရဲခြောက်တဲ့အိမ်ရဲ့ သူဌေးက လူတွေကို ခြောက်လှန့်ရတာကို ကြိုက်တယ်။ ဒီကိုလာတဲ့ လမ်းတလျှောက်မှာကြောက်စရာကောင်းတဲ့ အရာတွေကို မတွေ့ခဲ့ရဘူး၊ ဒါကြောင့် ဒီနေရာမှာ ကိုယ်ပိုင်ထောင်ချောက်တွေနဲ့ လျှို့ဝှက်ချက်တွေရှိရမယ်။ "
ဝမ်ဝိန့်လုံ သည်ရေတွင်းကိုမှီကာ အောက်က ထောင့်တိုင်းတွင် လက်နှိပ်ဓာတ်မီးကို ထွန်းကြည့်ခဲ့သည်။ ရေတွင်းက ပုံမှန်အတိုင်း ရေတွင်းဟောင်းတစ်ခုလိုပဲ။
ရေတွင်းအောက်ခြေမှာ နာမည်ကဒ်တစ်ခုကို တွေ့လိုက်ရသည်။
"တွေ့ပြီ။ သူဌေးက နာမည်ကဒ်တိုင်းအတွက် ထောင်ချောက် မလုပ်ထားနိုင်ပါဘူးကွ။ အခု ငါတို့လွယ်လွယ်နဲ့တွေ့ပြီ မဟုတ်လား..ကြည့်လေ"
"ငါရေတွင်းအောက်ကို ဆင်းမယ်။ မင်းက အပေါ်ကနေ မီးနဲ့ထိုးပေးထားလိုက်... "
ဝမ်ဝိန်လုံက ဓါတ်မီးကို ဖေ့ဟူလက်ထဲ ထည့်ပေးလိုက်သည်။
"အိုကေ။ "
ဖေ့ဟုက ရေတွင်းထဲ ဆင်းစရာမလိုလို့ သက်ပြင်းချ လိုက်သည်။ သူ့ကိုယ်ခန္ဓာ အရွယ်စားကြောင့် ရေတွင်းထဲ ဆင်းရတာ ခက်လိမ့်မယ်။ ရေတွင်းထဲ မဆင်းရသရွေ့ အားလုံး အဆင်ပြေတယ်။
"ဖေ့ဟူ...ငါ အောက်ဆင်းနေတုန်း မင်းငါ့ကို ထားပြီး ထွက်ပြေးရင် အပြင်ရောက်လို့ကတော့ မင်းကို ငါ သတ်မယ် "
ရေတွင်းဘောင်ကသေးပေမယ့် နေ့စဉ် အားကစားလေ့ကျင့်နေကျ ဝမ်ဝိန့်လုံအတွက် မခက်ပေ။ သူက ရေတွင်းထဲ မဆင်းခင် ဖေ့ဟူကို သတိပေးလိုက်သည်။
"ငါ့ကို ဘယ်လိုလူစားမျိုးကို ထင်နေတာလဲ။ ငါ အဲဒီလိုလုပ်လိမ့်မယ်လို့မင်းထင်လား? "
ဖေ့ဟူက သူ့ကို စော်ကားတာပဲလို့တွေးပြီး ပြန်ပြောလိုက်သည်။
" မင်းတို့ငါ့ကို လျှော့မတွက်သင့်ဘူး။ ငါသက်သေပြမယ်၊ ငါ ဘာဆိုတာ မင်းမြင်ရလိမ့်မယ်"
သူ့စကား မပြီးဆုံးခင်က ဝမ်ဝိန့်လုံသည် ရေတွင်းထဲသို့ခုန်ချခဲ့သည်။
မှောင်မိုက်နေတဲ့အတွင်းပိုင်းကနေ အပေါ်ကို ကြည့်လိုက်ရင် ရေတွင်းက ပိုနက်နေသလို ထင်ရသည်။
"ဒါက ငါထင်လို့ပဲလား။ ဒါမှမဟုတ် ရေတွင်းက ဒီထက်ပိုနက်ရှိုင်းလာတာလား?"
ရေတွင်း၏အောက်ခြေတွင် သဲနှင့်ဖုံးလွှမ်းနေ သောကြောင့် သူသည် မနာကျင်ပဲ ညင်သာစွာ ဆင်းသက်ခဲ့သည်။
"ငါမှန်တယ်လို့ထင်ရတယ်။ သရဲအိမ်ရဲ့သူဌေးက လူတွေကို ရေတွင်းထဲကို ခုန်ချဖို့စီစဉ်ထားတယ်။ မဟုတ်ရင် သူက သဲပျော့ပျော့လေးကို ဒီမှာ ဘာလို့ ထားမှာလဲ။ ဒါမှ ခုန်ချရင် မနာကျင်မှာပေါ့ "
သူသည်ရေတွင်းနံရံကိုစစ်ဆေးလိုက်သည်။ အချို့နေရာများမှာ ချောချောမွေ့မွေ့ရှိနေစဉ် အခြားနေရာတွင်တော့ ရေတွင်းထဲ ပြုတ်ကျခဲ့သည့် တစ်စုံတစ် ဦး က အသက်ရှင်နိုင်ဖို့ အပေါ်ကို ကုတ်တက်ရန် ကြိုးစားခဲ့သလို လက်သည်းရာများ ထင်နေသည်ကို တွေ့လိုက်ရသည်။
"ဒါက အတော်လေးကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ပဲ... "
ဝမ်ဝိန့်လုံက ဒါကို စစ်ဆေးကြည့်ပြီး အပေါ်ကို မေ့ကြည့်လိုက်တော့ရေတွင်း နူတ်ခမ်းဝက သူနှင့်ဝေးကွာသွားသည်ဟု ခံစားလိုက်ရသည်။
**-***
Chapter (136) _ ငါတို့ ခင်မင်မှုက ဘာဖြစ်နေလို့လဲ...
"တစ်ခုခုမှားယွင်းနေပြီ! "
ရေတွင်းထဲ၌ရပ်နေသော ဝမ်ဝိန့်လုံက ထူးဆန်းသောခံစားမှုတစ်ခုပေါ်လာသည်။ သူသည်နက်ရှိုင်းသောသမုဒ္ဒရာထဲသို့ကျသွားပြီး သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်းနစ်မြုပ်နေသလို ခံစားလိုက်ရသည်။ သူ၏ရင်ဘတ်သည် ရေရဲ့ဖိအားကြောင့် လေးလံလို့နေသည်။ သူက နာမည်ကဒ်ကို အမြန်ကောက်လိုက် စဉ်ရေတွင်း၏ အောက်ခြေ သဲများအောက်တွင် တစ်ခုခုရှိခဲ့သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဒါဟာ လက်မ အရွယ်လောက်ဖြစ် သည်။
ဒါကထောင်ချောက်တစ်ခုလား။
ဝမ်ဝိန့်လုံက သတိထား ကာ သဲထဲက ထွက်လာတဲ့အရာကိုမထိခဲ့ပဲ ထိုနေရာနဲ့ဝေးရာကို ရွှေ့လိုက်တယ်။
"ဒီမှာအောက်မှာ ဘာဝှက်ထားတာလဲ..."
သူက သိချင်စိတ်ဖြင့် ထိုနေရာကို တူးလိုက်သည်။
သူ၏လက်ချောင်းများနှင့် ထိလိုက်သည့်အရာက သဲလို မဟုတ်ပဲ ချောမွေ့ပြီး အေးစက်တဲ့အရာတခုလို့ ခံစားလိုက်ရသည်။ သဲများပြိုကျသွားတဲ့အခါ လူတစ်ယောက်ရဲ့ မျက်နှာပြင်က ပေါ်ထွက်လာသည်။ အရင်ဆုံး လူရဲ့နှာခေါင်းကို မြင်လိုက်ရသည်။
"F * CK!"
ဝမ်ဝိန့်လုံသည်သူ၏လက်ကိုလျင်မြန်စွာဆွဲထုတ်လိုက်သည်။ သူ မခုန်ခင် အနီးအနားကိုကြည့်လိုက်ပြီး ထူးဆန်းတဲ့ဘာမှ မတွေ့ခဲ့ပါဘူး။ သူဌေးက အကျင့်ပျက်တာပဲ။ သဲအောက်မှာ သူဝှက်ထားခဲ့တဲ့ အရုပ်ရှိနေတယ်။
သဲအောက်မှာ 'ခန္ဓာကိုယ်'တွေ ဝှက်ထားတာ သိရင် ရေတွင်းထဲ ခုန်ချလာမည်မဟုတ်ပေ။ အနည်းဆုံးတော့ တစ်ယောက်တည်း မဟုတ်ဘူး။ သူက ထိတ်လန့်တုန်လှုပ်သွားပြီး နာမည်ကဒ်နှစ်ခုကို ရေထဲမှ ထုတ်ယူကာ အော်လိုက်သည်။
"ဖေ့ဟူ... ငါ့ကိုအမြန်ဆွဲထုတ်ပါ။ ရေတွင်းထဲမှာလည်း အရုပ်တွေ ရှိတယ်။ "
"ရေတွင်းထဲမှာ အရုပ်တွေရှိတယ် ဟုတ်လား?"
ဖေ့ဟူက ဖုန်းမီးရောင်နဲ့ ရေတွင်းထဲ ကြည့်လိုက်တော့ တောက်ပတဲ့မျက်နှာက သူ့ကို ပြန်ကြည့်နေလို့ ကြက်သီးထလာသည်။
"ဒါက ထူးဆန်းတယ်။ မင်းခုန်လိုက်တာနဲ့ရေတွင်းက သိပ်နက်နေပုံ မရဘူး"
ဝမ်ဟိုင်လုံက ဖေ့ဟူရဲ့လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ရေတွင်းထဲက တက်ရန်လုပ်ပေမယ့် သူ့ခြေထောက်တွေကို တခုခုက ဆုပ်ကိုင်ကာ အောက်က ကုတ်တက်ရန် ကြိုးစားနေသည်ဟု ခံစားလိုက်ရလို့ ဝမ်ဝိန့်လုံ၏ ဆံပင် ထောင်ထသွားခဲ့သည်။ ဒါကြောင့် သူ ရေတွင်းထဲ ပြန်ပြုတ်ကသွားခဲ့သည်။
"ဝိန့်လုံ ဘာဖြစ်လို့လဲ.... "
"တစ်ခုခု အစောပိုင်းက ငါ့ကိုထိမိခဲ့တယ်။ "
ဝမ်ဝိန့်လုံက သူ၏ခြေကျင်းဝတ်ကိုကြည့်သော်လည်း ဘာမှမရှိပေ။
"ဒါက ပုတ်သင်ညိုတစ်ကောင် ဒါမှမဟုတ် စိတ်ထင်တာ ဖြစ်နိုင်သလား"
"ဘာကောင်မှ မရှိဘူး "
ဝမ်ဝိန့်လုံက သူ့ပတ် ၀ န်းကျင်ကိုကြည့်ပြီး သူဘာမှ မလုပ်ပဲ အရုပ်ကိုယ်ထည်ဘေးက သဲတွေကအလိုလို ကျလာပြီး အရုပ်က ထထို်င်ဖို့ကြိုးစားနေသလို ထင်လိုက်သည်။
မကြာခင်မှာပဲ အရုပ်ရဲ့အထက်ပိုင်းကိုယ်ထည် ထက်ဝက်ကိုဖော်ထုတ်ပြီးသားဖြစ်လာသည်။
အရုပ်က ထထိုင်ဖို့ကြိုးစားနေသလို ခံစားလိုက်ရတယ်။
"အရုပ်က သူ့ဖာသာ လှုပ်ရှားနေတယ်။ ဒါက သရုပ်ဆောင်မဟုတ်ဘူး။ ဒါက လူဆိုရင် အစောပိုင်း ငါပြုတ်ကျတုန်းက အသံထွက်လာမှာပဲ။ ဖေ့ဟူ..ငါ့ကို အမြန်ဆွဲတင်ပါကွ"
ဝမ်ဝိန့်လုံရဲ စိတ်ဟာရှုပ်ထွေးလာတယ်။
"ငါ့လက်ကို ဆုပ်ကိုင်လိုက်!"
ဤတစ်ကြိမ်တွင်ဖေ့ဟူသည် သတ္တိရှိရှိပြုမူခဲ့သည်။ လက်နှိပ်ဓာတ်မီးကို လက်တဖက်နှင့်ကိုင်ပြီး ကျန်လက်ကို ရေတွင်းထဲ ချပေးလိုက်သည်။
ဖေ့ဟူရဲ့လက်မောင်းတုတ်တုတ်က ကြည့်ရတာ စိတ်သက်သာရာရစရာပင်။
"အိုကေ!"
သူ၏အသင်းဖော်ဖြစ်သူ၏အသံက ဝမ်ဝိန်လုံကို စိတ်သက်သာရာရစေသည်။ သူက ဖေ့ဟူရဲ့လက်ကို ဆုပ်ကိုင်ပြီး ရေတွင်းပေါ်ကို တက်လိုက်သည်။ ရေတွင်းဝကို ရောက်မှ သူ့ခြေကျင်းဝတ်ကို တခုခု တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရပြီး ငုံ့ကြည့်လိုက်တော့ ဘာမှ မတွေ့ရပေ။
"F * ငါ့ကိုတခုခုက ဆွဲချနေတယ်!"
သူကပြန်ရေတွင်းထဲ ပြန်ပြုတ်ကျလာပြီး မယုံကြည်မှုဖြင့် သူ့နောက်သို့လှည့်ကြည့်လိုက်သည်နှင့် သူမြင်တွေ့ခဲ့ရသောမြင်ကွင်းသည် သူ၏ကိုယ်ခန္ဓာတစ်လျှောက်လုံး အေးခဲ့သွားစေသည်။
သဲထဲအောက်မှာ မြှုပ်နေတဲ့ မျက်နှာက မျက်လုံးပွင့်ကာ သူ့ကို စိုက်ကြည့်နေသည်။
"ငါ့ကိုဆွဲနေတာက အရုပ်ပဲ... "
သဲထဲက အရုပ်ကိုကြည့်ပြီး ဒီအရုပ်တွေက သူတို့နောက်ကို လိုက်နေတယ်လို့ ဝမ်ဝိန့်လုံ ခံစားလိုက်ရသည်။
"ဒါ အရမ်းများသွားပြီ။ ငါဒီမှာ ဆက်နေနိုင်တော့ဘူး ဖေ့ဟူ.... "
သူ့ခန္ဓာကိုယ်ကို နံရံမှာမှီပြီး ဝမ်ဝိန့်လုံက အရုပ်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ ရေတွင်းအဝမှ အလင်းသည် သူနှင့်ဝေးကွာသွားသည်ဟု ထင်လိုက်ရသည်။
" မင်း ခဏလောက် တိတ်ပေးနိုင်မလား။ ငါတစ်ယောက်ယောက်လာနေသံကို ကြားလိုက်ရတယ်။ "
ဖေ့ဟူက လက်နှစ်ဖက်လုံးကို ရေတွင်းထဲကချကာ ဝမ်ဝိန့်လုံတက်နိုင်အောင် ချပေးလိုက်သည်။
"ဒီတစ်ခါ ထပ်ကြိုးစားရအောင်။ "
ဖေ့ဟူက အစွမ်းကုန်ကြိုးစားသော်လည်း၊ ဝမ်ဝိန့်လုံက အခြားမတော်တဆမှုတစ်ခုဖြစ်ပျက်ခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် သတိရှိခဲ့သည်။ သူသည်ခြေကျင်းတွင် ဆုပ်ကိုင်ခံလိုက်ရသည်နှင့် အောက်သို့လှည့်ကြည့်လိုက်၏။ သူ၏ခြေကျင်းဝတ်တွင် ဘာမျှမရှိပါ။ သူအစောပိုင်းက ရပ်ခဲ့သည့်နေရာတွင် အမျိုးသမီး 'ခန္ဓာကိုယ်' ပေါ်ထွက် လာခဲ့သည်။
"ရေတွင်းထဲမှာ အရုပ်၂ ခုရှိတယ်။ ဆိုလိုတာက ငါမိန်းမအရုပ်ရဲ့ခေါင်းပေါ်မှာ ရပ်နေခဲ့တာလား။ ဒီသရဲအိမ်ကို ဒီဇိုင်းဆွဲသူက အရူးပဲ။ ရေတွင်းထဲ အရုပ် ၂ ခုချထားပြီး ဆင်းလာသူကို ခြောက်ဖို့ စောင့်နေတယ် " သူ၏စိတ်နှလုံးထဲတွင်အေးစက်သောခံစားမှုတစ်ခုတိုးလာသည်။
ဖေ့ဟူ၏လက်များကိုဆုပ်ကိုင်ရင်း သူသည်ခြေထောက်များကိုလေထဲတွင် ယမ်းခါပြီး သူ၏ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားသည့် မမြင်ရသည့် အရာကို ကန်ချရန် ကြိုးစားနေသည်။
"မလှုပ်နဲ့! ငါ ဆက် မဆွဲနိုင်တော့ဘူး!"
ဖေ့ဟူက နောက်တဖန်ဆွဲရန် ကြိုးစားအားထုတ် နေရလို့ သူ့မျက်နှာက နီရဲလာသည်။
သူက သူ့လက်တစ်ဖက်ကို အထောက်အပံ့အဖြစ် ရေတွင်းအစွန်းပေါ် တင်လိုက်တယ်။ သူ့လက်တဖက်တည်းနဲ့ ဆွဲတင်ရတော့ ပိုဆိုးလာသည်။
ဖေ့ဟူလှည့်ပတ်ကြည့်နေတုန်းမျက်လုံးတွေက သူတို့ဆီ လာတဲ့စင်္ကြံကိုသွားကြည့်လိုက်တဲ့အခါ သူ့နှလုံးကအေးခဲသွားတယ်။ ဆံပင်ဖားလျားနှင့် ခေါင်းငိုက်စိုက်ချနေသော မိန်းကလေးတစ် ဦး သည် အမှောင်စင်္ကြံလမ်းအခွဲကနေ ရပ်နေသည်။
သွေးစွန်းနေသည့် ယူနီဖောင်းက သူမ၏အသားအရေကို ပိုထင်းနေစေသည်။
"ဒါက ငါစာသင်ခန်းထဲကနေ ထွက်အောင်လုပ်ခဲ့မိတဲ့ အရုပ်ပဲ... သူမရဲ့ ခေါင်းက ပြုတ်သွားတာ မဟုတ်လား။ သရဲအိမ်ဝန်ထမ်းက ခေါင်းကို ပြန်တပ်ပေးပြီး စင်္ကြန်လမ်းခွဲမှာ ထားခဲ့တာလား။ အရုပ်က သူ့ဖာသာ မလှုပ်ရှားနိုင်ဘူး မဟုတ်လား"
သူကသူ့အဆုတ်ထဲကိုရှူသွင်းလိုက်တဲ့လေတောင်မှအေးစက်နေတယ်။ သူ့လက်တွေကလည်း တုန်နေတယ်။
"မြန်မြန်ဆွဲတင်ပါ။ အရုပ်က မျက်လုံးဖွင့်လိုက်ပြီ! "
ဝမ် ဝိန့်လုံသည်ရေတွင်းအောက်ခြေမှ အသားကုန် အော်လိုက်ကာ ငိုသံပင် ပါနေသည်။
တစ်ချိန်တည်းမှာပင် လမ်းဆုံရှိ အရုပ်မရဲ့ ခေါင်းက တိတ်တဆိတ်မြှောက်လာလိုက်ပြီးသွေးအစက်များဖြင့်ပြောင်လက်နေသောမျက်နှာသည် ရေတွင်းဟောင်းဆီ လာသည့် လမ်းကြောင်းဘက်ကို့လှည့်လာသည်။
"လည်ပင်းထဲမှာလျှို့ဝှက်ယန္တရားတစ်ခုခုတပ်ဆင်ထားတာဖြစ်နိုင်တယ်။ ဒါက ဦး ခေါင်းရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်နေတယ်။ "
ဖေ့ဟူသည်အသက်ပြင်းပြင်းရှူကာ ရေတွင်းဘက် ပြန်လှည့်လာသည်။
"ကျွန်တော် အာရုံမပျံ့လွင့်စေရဘူး။ ဘာပဲဖြစ်ဖြစ် ငါ ဝိန့်လုံ ကို အရင်ကယ်တင်ရမယ်"
သူသည် အာရုံစူးစိုက်ရန်ကြိုးစားသော်လည်း သူ၏မျက်စိသည်စင်္ကြံဆီသို့ လှမ်းကြည့်လိုက်မိချိန် ေ့ဖဟူ ၏နှလုံးသည်ရင်ဘတ်ထဲမှ ခုန်ထွက်လု နီးပါးဖြစ်ခဲ့သည်။ လမ်းဆုံနားမှာ ရပ်နေရမယ့်မိန်းကလေးဟာ ဘယ်ဘက်စင်္ကြံကိုပြောင်းသွားတယ်။
သူမသည်စင်္ကြံအလယ်၌ ရပ်နေပြီးပြုံးကာ သူ့ကိုကြည့်နေသည်။ ဖေ့ဟူ၏အသက်ရှူနှုန်း မြန်လာသည်။ သူ၏လက်များသည် ချွေးထွက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိအဆီများများက တုန်ယင်လာသည်။
"မင်းက အေဝေးကို ဘာလို့ ကြည့်နေတာလဲ"
သူတို့က ပင်လယ်ရေညှိကြောင့်မြုပ်နေသလို ခံစားရတယ်။ ဝမ်ဝိန့်လုံဟာ အစွမ်းကုန်ကြိုးစားခဲ့ ပေမယ့် သူ့ခြေဆစ်တွေပေါ်မှာ ဆုပ်ကို်င်ထားတဲ့ လက်ကို မခါချနိုင်ခဲ့ဘူး။
ရေတွင်းထဲ၌ယောက်ျားနှင့်မိန်းမနှစ်ယောက်လုံးသည် သူတို့၏မျက်လုံးများဖွင့်လိုက်သည်ကို တွေ့သောအခါ သူ ထိတ်လန့်သွားသည်။ ထို့နောက် သူရဲ့ တစ်ခုတည်းသော ဆန္ဒမှာ ထိုရေတွင်းထဲမှ လွတ်မြောက်ရန်ဖြစ်သည်။
"ငါ့ကိုဆွဲထုတ်စမ်းပါ!"
ဖေ့ဟူက ဝမ်ဝိန့်လုံကိုနောက်ထပ် စင်တီမီတာခန့် ဆွဲတင်လိုက်သည်။ အေးစိမ့်သော လေအရှိန် ဟပ်လာလိာ့ ဖေ့ဟူက နောက်ကိုလှည့်ကြည့်တော့ အသက်ရှုရပ်ကာ သေသွားသလို မျက်နှာမှာ သွေးတွေစုနေသည့် အရုပ်မက ရေတွင်းရှိရာကို ပြေးလာသည်ကို ကြက်သီးထဖွယ်တွေ့လို်က်ရသည်။
ဖေ့ဟူရဲ့ ဦးနှောက်တစ်ခုလုံး အကြောက်တရားဖြင့် ပြည့်သွားပြီး မျက်နှာက တွန့်လိန်ကာ ဝမ်ဝိန့်လုံရဲ့လက်ကို ဖြုတ်ချကာ တဖက် စင်္ကြန်ခွဲက အခန်း 303 ထဲကို တန်းတန်းမတ်မတ်ပြေးဝင်ကာ တံခါးပိတ်ထားလိုက်တော့သည်။
ဝမ်ဝိန့်လုံက သူ့ကို ဆုပ်ကိုင်ဆွဲတင်ပေးနေသော လက်တဖက်က ရုတ်တရက်ပျောက်သွားပြီး သူ ရေတွင်းထဲ ချော်ကျသွားသည်နှင့် သူ့မျက်နှာတစ်ခုလုံး အလွန်ကြောက်လန့်တုန်လှုပ်မှုကြောင့် အေးစက်သွားခဲ့သည်။
(OMG အခန်း 303 ထဲ ပြေးဝင်သွားတဲ့ ဖေ့ဟူတော့ ဖျားနာဆောင်ခန်းမထဲက မကောင်းဆိုးဝါးနဲ့ ဘယ်လို နှစ်ပါးသွားမလဲ။
ရေတွင်းထဲ ကျနေရစ်တဲ့ ဝမ်ဝိန့်လုံလည်း ရေတွင်းထဲ တွန်းချခံလိုက်ရတဲ့ ကျောင်းဆရာလင်မယား ဝိဉာဉ်ဝင်နေတဲ့ အရုပ်တွေနဲ့ ဘာဆက်ဖြစ်မလဲ....အား.....)
**-**
သရဲအိ္မ္ထဲက ဖူးစာရွင္ - Chapter (135) _ ေရတြင္း၏ေအာက္ေျခ
မုယန္အထက္တန္းေက်ာင္းမွထြက္ေပၚလာသည့္ေအာ္ဟစ္သံကို ၾကားေသာအခါ ခ်န္ေကာသည္ပ်ဥ္ျပား မ်ားကိုဖြင့ ္၍ ေအာက္ကို ေျပးဆင္းလာလိုက္သည္။
မုယန္အထက္တန္းေက်ာင္းသည္ အမ်ားျပည္သူ အတြက္ဖြင့္လွစ္ေသာ ပထမဆုံးေန႔ျဖစ္ၿပီး ခ်န္ေကာက အရုပ္ 24ရုပ္ေတြက အရမ္းေျခာက္လွန္႕မိမည္ကို စိုးရိမ္ေနသည္။
ခ်န္ယာ့လင္ရဲ႕ နာမည္ကဒ္ကို ျပတင္းေပါက္ဝနားမွာ တမင္ထားျပီး သူတုိ႕ကို အထဲေခၚရန္ ေထာင္ေခ်ာက္ ဆင္ထားျပီျဖစ္သည္။ ခ်န္ယာ့လင္က ေဘာပင္နတ္ကို ဖိအားေပးျပီး တခုခု ျပဖုိ႕မလုပ္ေလာက္ဘူးလို႕ ထင္ရတာပဲ။
ခ်န္ေကာသည္စာသင္ခန္းသို႔ေလွ်ာက္လာစဥ္ စႀကၤန္လမ္းရဲ႕ ၾကမ္းျပင္ေပၚတြင္ အရုပ္မတစ္ရုပ္က ေခါင္းျပုတ္ေနျပီး ကိုယ္ထည္နွင့္ ေခါင္းကို ျပန္တပ္နုိင္ဖို႕ ႀကိဳးစားေနေပမယ့္ ေခါင္းကို တည့္ေအာင္ မတပ္နိ္ုင္ျဖစ္ေနတာ ေတြ႕လိုက္ရသည္။
ဒီအရုပ္ေတြက ဘာေႀကာင့္ အျပင္ကိုေရာက္ေနတာလဲ။
ခ်န္ေကာက ခ်ိပ္ပိတ္ထားတဲ့စာသင္ခန္းထဲ ဝင္ႀကည့္လိုက္ေတာ့ အရုပ္အားလံုးနီးပါး ေခါင္း ျပဳတ္က်ျပီး စားပြဲေတြ ျပိဳလဲကာ ရႈပ္ယွက္ခတ္ေနတာ ေတြ႕လိုက္ရသည္။ ဒီအေျခေနအရ သူတို႕က ေႀကာက္လန္႕လြန္းျပီး အရုပ္ေတြကို ျပဳတ္ထြက္ေအာင္ လုပ္မိကုန္တာ ထင္သည္။
ခ်န္ေကာက အရုပ္ေတြကို ႀကမ္းျပင္ေပၚကေန ျပန္ေကာက္ျပီး နံရံနားမွာ မွီေထာင္ထားလိုက္သည္။. ျပီးေတာ့ စႀကၤန္လမ္းက အရုပ္မကို ေခါင္းျပန္တပ္ေပးလိုက္ျပီး အရုပ္မရဲ႕မ်က္လံုးကို ႀကည့္မိေတာ့ အလင္းထင္ဟပ္လို႕ထင္သည္။ အရုပ္မရဲ႕ အႀကည့္ေတြက အသက္ဝင္ေနသည္။ အရုပ္မက သူ႕တာဝန္ကို ေက်ပြန္ေအာင္ အလုပ္နုိင္ခဲ့လို႕ သူ႕ကို ရွက္ေႀကာက္သလို ျဖစ္ေနတာကို ခံစားလိုက္ရသည္။
ခ်န္ေကာက ဖုန္းအနက္ေရာင္ကို ထုတ္လိုက္ျပီး အရုပ္ေတြရဲ႕ အေျခေနကိုျကည့္လိုက္သည္။ ျပီးေတာ့ သူတို႕ စိတ္ဓါတ္က်ေနတာကို တားဆီးရန္ ခ်န္ေကာက အမိန္႕ေပးလိုက္ရသည္။
" မင္းတို႕ စာသင္ခန္းကေနထြက္သြားလုိ႕ရတတယ္၊ ဒါေပမယ့္ မူယန္အထက္တန္းေက်ာင္းဇာတ္လမ္းကေန ထြက္သြားလို႔မရဘူးဆိုတာ နားလည္ရဲ႕လား"
ဒီအရုပ္မက မတုန႔္ျပန္ေပမယ့္ ခ်န္ေကာက သူ အမိ္န္႕ေပးလို႕ရ၊မရကို ဂ႐ုမစိုက္ခဲ့ပါဘူး။ သူက သူမကိုစႀကႍေဘးဘက္မွာ ထားလိုက္ၿပီး ျပဳတ္ထြက္ေနတဲ့ အရုပ္အားလုံးကို ျပန္တပ္ဖို႕ စာသင္ခန္းထဲကို ၀ င္လိုက္တယ္။
စာသင္ခန္းထဲမွာ နာမည္ကဒ္ ေလးခုရွိၿပီး သူတို႔ထဲက ၃ ခုကို ထိုလူငယ္အုပ္စုက ယူသြားနုိင္လို႕ မဆိုးဘူးစု သတ္မွတ္လိုက္သည္။
ခ်န္ေကာသည္ အျမန္ေ႐ြ႕လ်ားသြားၿပီး အခန္း၏အလယ္ စားပြဲကိုျဖတ္ေက်ာ္သြားေသာအခါ သူ၏ေျခေထာက္မ်ားသည္ တစ္စုံတစ္ခုကို တို္က္မိလိုက္သည္။
ဒီမွာ ဘာလို႔ ဖုန္းတလံုး ရွိေနတာလဲ။
...
" ငါတို႔ေနာက္ကြယ္ကေန ေျပာေနတဲ့စကားေျပာသံကို မင္းၾကားလား"
ေဖ့ဟုက ေနာက္ကိုလွည့္ႀကည့္ကာ ေျပာေပမယ့္ ရွမိန္လိက သူ႕ရဲ႕သူရဲေဘာေႀကာင္မႈကို ပ်င္းရိလို႕ေန သည္။
"ငတံုးေႀကာင္ေပါက္ေလး..မင္း ေႀကာက္ေနရင္ ဒီကေန ငါျပန္လာတာကို ေစာင့္ေနလိုက္ "
"မင္း ဘယ္သူ႔ကို ေႀကာင္ေပါက္လို႔ေခၚတာလဲ။ မိန္လိ စာသင္ခန္းထဲမွာ ဘာေတြျဖစ္ေနလဲဆိုတာ မင္း မသိခဲ့ဘူး။ ဒီေနရာတခုလံုးက ေမွာင္မိုက္ေနတယ္။ ငါ ဖုန္းထဲက လက္ႏွိပ္ဓာတ္မီးကိုသုံးၿပီးျဖစ္ပ်က္ေနတာကို ေကာင္းေကာင္းၾကည့္ႏိုင္ခဲ့တယ္။ ငါတို႕ အခန္းနားကိုေရာက္ေတာ့ အရုပ္အားလံုးရဲ႕ ဦး ေခါင္းက ႐ုတ္တရက္ ငါတို႕ကို လွည့္ႀကည့္လာတယ္! "
အခု ဒီအေၾကာင္းကို စဥ္းစားရင္းေတာင္ သူ ေၾကာက္ေနတုန္းပဲ။ သူ၏အိတ္ကပ္ထဲသို႕ လက္ေရာက္သြားခ်ိန္မွာ အလန္႕တႀကား ဆဲလိုက္မိသည္။
"F * ck! ငါ႕ဖုန္းကို စာသင္ခန္းထဲမွာ ထားခဲ့မိျပီ။ ငါ ေသခ်ာဂရုစိုက္ရဲ႕လားနဲ႕ !"
"ဒါဆို နင္က ငါ့ကို ဘာလို႔ေျပာေနတာလဲ။ "
"မင္း ငါ့ကိုျပန္သြားယူေစခ်င္တာလား?"
ေဖ့ဟူသည္ ခါးသီးစြာေျပာရင္ မေကာင္းဆိုးဝါး ပါးစပ္ေပါက္လို ေမွာင္မည္းေနသည့္ စႀကႍလမ္းကို ႀကည့္ိလုိက္သည္။
" သရဲအိမ္ရဲ႕ဝန္ထမ္းကို ငါတို႕အျပင္ေရာက္မွ သြားယူခိုင္းလိုက္မယ္ေလ "
သူသည္ က်န္အဖြဲ႕ဝင္မ်ားေနာက္ကိုေျပးလိုက္လာစဥ္ လမ္းခြဆံုတြင္ ရပ္လိုက္ႀကသည္။
"ဒီေနရာ ဘယ္ေလာက္ေတာင္ ႀကီးမားလိုက္သလဲ။ လမ္းေၾကာင္းက ကြဲသြားတယ္။ ငါတို႔စႀကႍရဲ႕ အဆုံးကိုေတာင္ မျမင္ႏိုင္ဘူး!"
ဝမ္ဟိုင္လံုရဲ႕ စကားကိုႀကားေတာ့ ဟူေဖ့က ေျပာလိုက္သည္။
"အစ္ကိုလံု ငါတို႔ ျပန္လွည့္ရန္အခ်ိန္ရွိေသးတယ္!"
"ငါတို႕ အေတာ္ေဝးေဝးကို ေရာက္လာျပီ။ အခ်ိန္ 3 ပံု 1 ပံုလည္းကုန္သြားျပီ။ ငါတို႕ ေနာက္ထပ္ နာမည္ကဒ္ 20 ပဲရွာဖို႕ရွိေတာ့တယ္။ ငါးေယာက္တြဲရွာတာ အခ်ိန္ကုန္တယ္။ လူခြဲရွာရေအာင္ "
ဝမ္ဝိန္လံုက ေျပာလိုက္သည္။
"မုန္႕လုနဲ႕မိန္လိက အကိုဝမ္နဲ႕အတူ ညာဘက္ကို သြားရွာရင္ ဘယ္လိုလဲ..."
မိန္းကေလးႏွစ္ေယာက္က ေအးေဆးစြာေျဖလိုက္သည္။
" ငါတို႔က ဘာကိစၥမွမရွိဘူး။"
"ငါနဲ႔လည္း အတူတူပဲ။ ဒီတစ္ႀကိမ္မွာေတာ့ ကြၽန္ေတာ္တို႔ဟာ စိန္ေခၚမႈကိုရႈံးနိမ့္ခဲ့ေပမဲ့ ဇာတ္လမ္းတစ္ခုလုံးကို စူးစမ္းေလ့လာခဲ့ၿပီးၿပီ။ အဲဒါက ကြ်နေတာ္တို႕အတြက္ ေကာင္းတဲ့အခ်က္အလက္ပဲ"
ဝမ္ဝိန္လံုက ေျပာလိုက္သည္။
"ဒါဆို ဒီလိုပဲ လူခြဲဖုိ႕ ဆုံးျဖတ္လိုက္ၿပီ။ မင္းတို႔ႏွစ္ေယာက္က ငါ့အနားမွာကပ္ေနတယ္"
ဝမ္ဟိုင္လံုသည္ မိန္းကေလးႏွစ္ေယာက္အား ဦးေဆာင္ကာ မိန္းကေလးမ်ားအေဆာင္ဘက္သို႔ ထြက္ခဲ့သည္။
"F * ck! ဘယ္သူမွ ငါ့ထင္ျမင္ခ်က္ကိုေတာင္ မေမးဘူးလား?"
"ေဖ့ဟူ...မင္းက ငါနဲ႔အတူေနခဲ့လိုက္"
ဝမ္ဝိန္လံုက ေျပာျပီး ဘယ္ဘက္ စႀကၤန္လမ္းကိုထြက္လာသည္။ ေဖ့ဟူက မလိုက္ခ်င္ေပမယ့္ တေယာက္တည္းမေနရဲလို႕ လိုက္ခဲ့ရသည္။
"ဒီမွာေၾကာက္စရာဘာမွမရွိဘူး တင္တယ္။ "
ဝမ္ဝိန္လံုနဲ႕ေဖ့ဟူက လမ္းေၾကာင္း၏အဆုံးသို႔ေရာက္ရွိ သူတို႔ႏွစ္ ဦး သည္ တစ္ ဦး ကိုတစ္ ဦး ၾကည့္ၿပီး အံ့ၾသသြားၾကသည္။ အဆိုပါစႀကႍေနာက္တဖန္ႏွစ္ခုကြဲသြားတယ္...!
လမ္းေၾကာင္းတစ္ခု၏ က်ဥ္းေျမာင္းေသာ အဆုံးတြင္ ေရတြင္းေဟာင္းတစ္ခုရွိၿပီး ေနာက္တခုတြင္ နံပါတ္ ၃၀၃၊ ၃၀၃၊ ၃၀၄ နံပါတ္ႏွင့္အခန္းေတြကို ေတြ႕လိုက္သည္။
"သြားၾကစုိ႕။ " P
ေဖ့ဟူက ဝမ္ဝိန္လံု၏ လက္ကိုတင္းတင္းဆုပ္ကိုင္လိုက္သည္။
"အိုေက။ "
ဝမ္ဝိန္လံုက အေဝးကို လွမ္းၾကည့္ရႈၾကသည္
"လမ္းရဲ႕အဆုံးမွာေရတြင္းတစ္တြင္းရွိတယ္။ အဲ့ဒါကို မင္းဘာလို႔ထင္သလဲ။"
"သရဲတစ္ေကာင္လို သရုပ္ေဆာင္ေနတဲ့ ဝန္ထမ္းပုန္းေနေလာက္တယ္"
"ျဖစ္နုိင္တယ္။ သရဲေျခာက္တဲ့အိမ္ရဲ႕ သူေဌးက လူေတြကို ေျခာက္လွန္႕ရတာကို ႀကိဳက္တယ္။ ဒီကိုလာတဲ့ လမ္းတေလွ်ာက္မွာေၾကာက္စရာေကာင္းတဲ့ အရာေတြကို မေတြ႕ခဲ့ရဘူး၊ ဒါေၾကာင့္ ဒီေနရာမွာ ကိုယ္ပိုင္ေထာင္ေခ်ာက္ေတြနဲ႔ လွ်ိဳ႕ဝွက္ခ်က္ေတြရွိရမယ္။ "
ဝမ္ဝိန္႕လံု သည္ေရတြင္းကိုမွီကာ ေအာက္က ေထာင့္တိုင္းတြင္ လက္ႏွိပ္ဓာတ္မီးကို ထြန္းႀကည့္ခဲ့သည္။ ေရတြင္းက ပုံမွန္အတိုင္း ေရတြင္းေဟာင္းတစ္ခုလိုပဲ။
ေရတြင္းေအာက္ေျခမွာ နာမည္ကဒ္တစ္ခုကို ေတြ႕လိုက္ရသည္။
"ေတြ႔ျပီ။ သူေဌးက နာမည္ကဒ္တိုင္းအတြက္ ေထာင္ေခ်ာက္ မလုပ္ထားနုိင္ပါဘူးကြ။ အခု ငါတို႕လြယ္လြယ္နဲ႕ေတြ႕ျပီ မဟုတ္လား..ႀကည့္ေလ"
"ငါေရတြင္းေအာက္ကို ဆင္းမယ္။ မင္းက အေပၚကေန မီးနဲ႕ထိုးေပးထားလိုက္... "
ဝမ္ဝိန္လံုက ဓါတ္မီးကို ေဖ့ဟူလက္ထဲ ထည့္ေပးလိုက္သည္။
"အိုေက။ "
ေဖ့ဟုက ေရတြင္းထဲ ဆင္းစရာမလိုလို႕ သက္ျပင္းခ် လိုက္သည္။ သူ႕ကိုယ္ခႏၶာ အရြယ္စားေႀကာင့္ ေရတြင္းထဲ ဆင္းရတာ ခက္လိမ့္မယ္။ ေရတြင္းထဲ မဆင္းရသေရြ႕ အားလံုး အဆင္ေျပတယ္။
"ေဖ့ဟူ...ငါ ေအာက္ဆင္းေနတုန္း မင္းငါ့ကို ထားျပီး ထြက္ေျပးရင္ အျပင္ေရာက္လို႕ကေတာ့ မင္းကို ငါ သတ္မယ္ "
ေရတြင္းေဘာင္ကေသးေပမယ့္ ေန႕စဥ္ အားကစားေလ့က်င့္ေနက် ဝမ္ဝိန္႕လံုအတြက္ မခက္ေပ။ သူက ေရတြင္းထဲ မဆင္းခင္ ေဖ့ဟူကို သတိေပးလိုက္သည္။
"ငါ့ကို ဘယ္လိုလူစားမ်ိဳးကို ထင္ေနတာလဲ။ ငါ အဲဒီလိုလုပ္လိမ့္မယ္လို ႔မင္းထင္လား? "
ေဖ့ဟူက သူ႕ကို ေစာ္ကားတာပဲလို႕ေတြးျပီး ျပန္ေျပာလိုက္သည္။
" မင္းတို ႔ငါ့ကို ေလွ်ာ့မတြက္သင့္ဘူး။ ငါသက္ေသျပမယ္၊ ငါ ဘာဆိုတာ မင္းျမင္ရလိမ့္မယ္"
သူ႕စကား မၿပီးဆုံးခင္က ဝမ္ဝိန္႕လံုသည္ ေရတြင္းထဲသို႔ခုန္ခ်ခဲ့သည္။
ေမွာင္မိုက္ေနတဲ့အတြင္းပိုင္းကေန အေပၚကို ႀကည့္လိုက္ရင္ ေရတြင္းက ပိုနက္ေနသလို ထင္ရသည္။
"ဒါက ငါထင္လို႕ပဲလား။ ဒါမွမဟုတ္ ေရတြင္းက ဒီထက္ပိုနက္ရႈိင္းလာတာလား?"
ေရတြင္း၏ေအာက္ေျခတြင္ သဲႏွင့္ဖုံးလႊမ္းေန ေသာေၾကာင့္ သူသည္ မနာက်င္ပဲ ညင္သာစြာ ဆင္းသက္ခဲ့သည္။
"ငါမွန္တယ္လို ႔ထင္ရတယ္။ သရဲအိမ္ရဲ႕သူေဌးက လူေတြကို ေရတြင္းထဲကို ခုန္ခ်ဖို႔စီစဥ္ထားတယ္။ မဟုတ္ရင္ သူက သဲေပ်ာ့ေပ်ာ့ေလးကို ဒီမွာ ဘာလို႕ ထားမွာလဲ။ ဒါမွ ခုန္ခ်ရင္ မနာက်င္မွာေပါ့ "
သူသည္ေရတြင္းနံရံကိုစစ္ေဆးလိုက္သည္။ အခ်ိဳ႕ေနရာမ်ားမွာ ေခ်ာေခ်ာေမြ႕ေမြ႕ရွိေနစဥ္ အျခားေနရာတြင္ေတာ့ ေရတြင္းထဲ ျပဳတ္က်ခဲ့သည့္ တစ္စုံတစ္ ဦး က အသက္ရွင္နိုင္ဖို႕ အေပၚကို ကုတ္တက္ရန္ ႀကိဳးစားခဲ့သလို လက္သည္းရာမ်ား ထင္ေနသည္ကို ေတြ႕လိုက္ရသည္။
"ဒါက အေတာ္ေလးေၾကာက္စရာေကာင္းတဲ့ ျဖစ္ရပ္ပဲ... "
ဝမ္ဝိန္႕လံုက ဒါကို စစ္ေဆးႀကည့္ျပီး အေပၚကို ေမ့ႀကည့္လိုက္ေတာ့ေရတြင္း နူတ္ခမ္းဝက သူႏွင့္ေဝးကြာသြားသည္ဟု ခံစားလိုက္ရသည္။
**-***
Chapter (136) _ ငါတို႕ ခင္မင္မႈက ဘာျဖစ္ေနလို႕လဲ...
"တစ္ခုခုမွားယြင္းေနၿပီ! "
ေရတြင္းထဲ၌ရပ္ေနေသာ ဝမ္ဝိန္႕လံုက ထူးဆန္းေသာခံစားမႈတစ္ခုေပၚလာသည္။ သူသည္နက္ရႈိင္းေသာသမုဒၵရာထဲသို႔က်သြားၿပီး သူ၏ခႏၶာကိုယ္က တျဖည္းျဖည္းနစ္ျမဳပ္ေနသလို ခံစားလိုက္ရသည္။ သူ၏ရင္ဘတ္သည္ ေရရဲ႕ဖိအားေႀကာင့္ ေလးလံလို႕ေနသည္။ သူက နာမည္ကဒ္ကို အျမန္ေကာက္လိုက္ စဥ္ေရတြင္း၏ ေအာက္ေျခ သဲမ်ားေအာက္တြင္ တစ္ခုခုရွိခဲ့သည္ကို ရွာေဖြေတြ႕ရွိခဲ့သည္။ ဒါဟာ လက္မ အ႐ြယ္ေလာက္ျဖစ္ သည္။
ဒါကေထာင္ေခ်ာက္တစ္ခုလား။
ဝမ္ဝိန္႕လံုက သတိထား ကာ သဲထဲက ထြက္လာတဲ့အရာကိုမထိခဲ့ပဲ ထိုေနရာနဲ႕ေဝးရာကို ေ႐ႊ႕လိုက္တယ္။
"ဒီမွာေအာက္မွာ ဘာဝွက္ထားတာလဲ..."
သူက သိခ်င္စိတ္ျဖင့္ ထိုေနရာကို တူးလိုက္သည္။
သူ၏လက္ေခ်ာင္းမ်ားနွင့္ ထိလိုက္သည့္အရာက သဲလို မဟုတ္ပဲ ေခ်ာေမြ႕ျပီး ေအးစက္တဲ့အရာတခုလို႕ ခံစားလိုက္ရသည္။ သဲမ်ားျပိဳက်သြားတဲ့အခါ လူတစ္ေယာက္ရဲ႕ မ်က္နွာျပင္က ေပၚထြက္လာသည္။ အရင္ဆံုး လူရဲ႕နွာေခါင္းကို ျမင္လိုက္ရသည္။
"F * CK!"
ဝမ္ဝိန္႕လံုသည္သူ၏လက္ကိုလ်င္ျမန္စြာဆြဲထုတ္လိုက္သည္။ သူ မခုန္ခင္ အနီးအနားကိုၾကည့္လိုက္ၿပီး ထူးဆန္းတဲ့ဘာမွ မေတြ႕ခဲ့ပါဘူး။ သူေဌးက အက်င့္ပ်က္တာပဲ။ သဲေအာက္မွာ သူဝွက္ထားခဲ့တဲ့ အရုပ္ရွိေနတယ္။
သဲေအာက္မွာ 'ခႏၶာကိုယ္'ေတြ ဝွက္ထားတာ သိရင္ ေရတြင္းထဲ ခုန္ခ်လာမည္မဟုတ္ေပ။ အနည္းဆုံးေတာ့ တစ္ေယာက္တည္း မဟုတ္ဘူး။ သူက ထိတ္လန႔္တုန္လႈပ္သြားၿပီး နာမည္ကဒ္ႏွစ္ခုကို ေရထဲမွ ထုတ္ယူကာ ေအာ္လိုက္သည္။
"ေဖ့ဟူ... ငါ့ကိုအျမန္ဆြဲထုတ္ပါ။ ေရတြင္းထဲမွာလည္း အရုပ္ေတြ ရွိတယ္။ "
"ေရတြင္းထဲမွာ အရုပ္ေတြရွိတယ္ ဟုတ္လား?"
ေဖ့ဟူက ဖုန္းမီးေရာင္နဲ႕ ေရတြင္းထဲ ႀကည့္လုိက္ေတာ့ ေတာက္ပတဲ့မ်က္နွာက သူ႕ကို ျပန္ႀကည့္ေနလို႕ ႀကက္သီးထလာသည္။
"ဒါက ထူးဆန္းတယ္။ မင္းခုန္လိုက္တာနဲ႔ေရတြင္းက သိပ္နက္ေနပုံ မရဘူး"
ဝမ္ဟိုင္လံုက ေဖ့ဟူရဲ႕လက္ေမာင္းကို ဆုပ္ကိုင္လိုက္ကာ ေရတြင္းထဲက တက္ရန္လုပ္ေပမယ့္ သူ႕ေျခေထာက္ေတြကို တခုခုက ဆုပ္ကိုင္ကာ ေအာက္က ကုတ္တက္ရန္ ႀကိဳးစားေနသည္ဟု ခံစားလိုက္ရလို႕ ဝမ္ဝိန္႕လုံ၏ ဆံပင္ ေထာင္ထသြားခဲ့သည္။ ဒါေႀကာင့္ သူ ေရတြင္းထဲ ျပန္ျပဳတ္ကသြားခဲ့သည္။
"ဝိန္႕လံု ဘာျဖစ္လို႕လဲ.... "
"တစ္ခုခု အေစာပိုင္းက ငါ့ကိုထိမိခဲ့တယ္။ "
ဝမ္ဝိန္႕လံုက သူ၏ေျခက်င္းဝတ္ကိုၾကည့္ေသာ္လည္း ဘာမွမရွိေပ။
"ဒါက ပုတ္သင္ညိဳတစ္ေကာင္ ဒါမွမဟုတ္ စိတ္ထင္တာ ျဖစ္ႏိုင္သလား"
"ဘာေကာင္မွ မရွိဘူး "
ဝမ္ဝိန္႕လံုက သူ႔ပတ္ ၀ န္းက်င္ကိုၾကည့္ၿပီး သူဘာမွ မလုပ္ပဲ အရုပ္ကိုယ္ထည္ေဘးက သဲေတြြကအလိုလို က်လာျပီး အရုပ္က ထထို္္င္ဖုိ႕ႀကိဳးစားေနသလို ထင္လိုက္သည္။
မၾကာခင္မွာပဲ အရုပ္ရဲ႕အထက္ပိုင္းကိုယ္ထည္ ထက္ဝက္ကိုေဖာ္ထုတ္ျပီးသားျဖစ္လာသည္။
အရုပ္က ထထိုင္ဖို႔ႀကိဳးစားေနသလို ခံစားလိုက္ရတယ္။
"အရုပ္က သူ႕ဖာသာ လႈပ္ရွားေနတယ္။ ဒါက သရုပ္ေဆာင္မဟုတ္ဘူး။ ဒါက လူဆိုရင္ အေစာပိုင္း ငါျပုတ္က်တုန္းက အသံထြက္လာမွာပဲ။ ေဖ့ဟူ..ငါ့ကို အျမန္ဆြဲတင္ပါကြ"
ဝမ္ဝိန္႕လံုရဲ စိတ္ဟာရႈပ္ေထြးလာတယ္။
"ငါ့လက္ကို ဆုပ္ကိုင္လိုက္!"
ဤတစ္ႀကိမ္တြင္ေဖ့ဟူသည္ သတၱိရွိရွိျပဳမူခဲ့သည္။ လက္ႏွိပ္ဓာတ္မီးကို လက္တဖက္နွင့္ကိုင္ျပီး က်န္လက္ကို ေရတြင္းထဲ ခ်ေပးလိုက္သည္။
ေဖ့ဟူရဲ႕လက္ေမာင္းတုတ္တုတ္က ႀကည့္ရတာ စိတ္သက္သာရာရစရာပင္။
"အိုေက!"
သူ၏အသင္းေဖာ္ျဖစ္သူ၏အသံက ဝမ္ဝိန္လံုကို စိတ္သက္သာရာရေစသည္။ သူက ေဖ့ဟူရဲ႕လက္ကို ဆုပ္ကိုင္ျပီး ေရတြင္းေပၚကို တက္လိုက္သည္။ ေရတြင္းဝကို ေရာက္မွ သူ႕ေျခက်င္းဝတ္ကို တခုခု တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္သလို ခံစားလိုက္ရျပီး ငံု႕ႀကည့္လိုက္ေတာ့ ဘာမွ မေတြ႕ရေပ။
"F * ငါ့ကိုတခုခုက ဆြဲခ်ေနတယ္!"
သူကျပန္ေရတြင္းထဲ ျပန္ျပုတ္က်လာျပီး မယုံၾကည္မႈျဖင့္ သူ႔ေနာက္သို႔လွည့္ၾကည့္လိုက္သည္ႏွင့္ သူျမင္ေတြ႕ခဲ့ရေသာျမင္ကြင္းသည္ သူ၏ကိုယ္ခႏၶာတစ္ေလွ်ာက္လုံး ေအးခဲ့သြားေစသည္။
သဲထဲေအာက္မွာ ျမွဳပ္ေနတဲ့ မ်က္နွာက မ်က္လံုးပြင့္ကာ သူ႕ကို စိုက္ႀကည့္ေနသည္။
"ငါ့ကိုဆြဲေနတာက အရုပ္ပဲ... "
သဲထဲက အရုပ္ကိုႀကည့္ျပီး ဒီအရုပ္ေတြက သူတုိ႕ေနာက္ကို လိုက္ေနတယ္လို႕ ဝမ္ဝိန္႕လုံ ခံစားလိုက္ရသည္။
"ဒါ အရမ္းမ်ားသြားျပီ။ ငါဒီမွာ ဆက္ေနနိုင္ေတာ့ဘူး ေဖ့ဟူ.... "
သူ႔ခႏၶာကိုယ္ကို နံရံမွာမွီၿပီး ဝမ္ဝိန္႕လံုက အရုပ္ကို ႀကည့္ကာ ေရရြတ္လို္က္သည္။ ေရတြင္းအဝမွ အလင္းသည္ သူႏွင့္ေဝးကြာသြားသည္ဟု ထင္လိုက္ရသည္။
" မင္း ခဏေလာက္ တိတ္ေပးနုိင္မလား။ ငါတစ္ေယာက္ေယာက္လာေနသံကို ႀကားလိုက္ရတယ္။ "
ေဖ့ဟူက လက္နွစ္ဖက္လံုးကို ေရတြင္းထဲကခ်ကာ ဝမ္ဝိန္႕လုံတက္နုိင္ေအာင္ ခ်ေပးလိုက္သည္။
"ဒီတစ္ခါ ထပ္ႀကိဳးစားရေအာင္။ "
ေဖ့ဟူက အစြမ္းကုန္ႀကိဳးစားေသာ္လည္း၊ ဝမ္ဝိန္႕လံုက အျခားမေတာ္တဆမႈတစ္ခုျဖစ္ပ်က္ခဲ့သည္။
ဤတစ္ႀကိမ္တြင္ သူသည္ သတိရွိခဲ့သည္။ သူသည္ေျခက်င္းတြင္ ဆုပ္ကိုင္ခံလိုက္ရသည္နွင့္ ေအာက္သို႔လွည့္ၾကည့္လိုက္၏။ သူ၏ေျခက်င္းဝတ္တြင္ ဘာမွ်မရွိပါ။ သူအေစာပိုင္းက ရပ္ခဲ့သည့္ေနရာတြင္ အမ်ိဳးသမီး 'ခႏၶာကိုယ္' ေပၚထြက္ လာခဲ့သည္။
"ေရတြင္းထဲမွာ အရုပ္၂ ခုရွိတယ္။ ဆိုလိုတာက ငါမိန္းမအရုပ္ရဲ႕ေခါင္းေပၚမွာ ရပ္ေနခဲ့တာလား။ ဒီသရဲအိမ္ကို ဒီဇိုင္းဆြဲသူက အရူးပဲ။ ေရတြင္းထဲ အရုပ္ ၂ ခုခ်ထားျပီး ဆင္းလာသူကို ေျခာက္ဖို႕ ေစာင့္ေနတယ္ " သူ၏စိတ္ႏွလုံးထဲတြင္ေအးစက္ေသာခံစားမႈတစ္ခုတိုးလာသည္။
ေဖ့ဟူ၏လက္မ်ားကိုဆုပ္ကိုင္ရင္း သူသည္ေျခေထာက္မ်ားကိုေလထဲတြင္ ယမ္းခါျပီး သူ၏ေျခက်င္းဝတ္ကို ဆုပ္ကိုင္ထားသည့္ မျမင္ရသည့္ အရာကို ကန္ခ်ရန္ ႀကိဳးစားေနသည္။
"မလႈပ္နဲ႕! ငါ ဆက္ မဆဲြနုိ္င္ေတာ့ဘူး!"
ေဖ့ဟူက ေနာက္တဖန္ဆြဲရန္ ႀကိဳးစားအားထုတ္ ေနရလို႕ သူ႕မ်က္နွာက နီရဲလာသည္။
သူက သူ႔လက္တစ္ဖက္ကို အေထာက္အပံ့အျဖစ္ ေရတြင္းအစြန္းေပၚ တင္လိုက္တယ္။ သူ႕လက္တဖက္တည္းနဲ႕ ဆြဲတင္ရေတာ့ ပိုဆိုးလာသည္။
ေဖ့ဟူလွည့္ပတ္ၾကည့္ေနတုန္းမ်က္လုံးေတြက သူတို႔ဆီ လာတဲ့စႀကႍကိုသြားၾကည့္လိုက္တဲ့အခါ သူ႔ႏွလုံးကေအးခဲသြားတယ္။ ဆံပင္ဖားလ်ားနွင့္ ေခါင္းငိုက္စိုက္ခ်ေနေသာ မိန္းကေလးတစ္ ဦး သည္ အေမွာင္စႀကႍလမ္းအခြဲကေန ရပ္ေနသည္။
ေသြးစြန္းေနသည့္ ယူနီေဖာင္းက သူမ၏အသားအေရကို ပိုထင္းေနေစသည္။
"ဒါက ငါစာသင္ခန္းထဲကေန ထြက္ေအာင္လုပ္ခဲ့မိတဲ့ အရုပ္ပဲ... သူမရဲ႕ ေခါင္းက ျပဳတ္သြားတာ မဟုတ္လား။ သရဲအိမ္ဝန္ထမ္းက ေခါင္းကို ျပန္တပ္ေပးျပီး စႀကၤန္လမ္းခြဲမွာ ထားခဲ့တာလား။ အရုပ္က သူ႕ဖာသာ မလႈပ္ရွားနုိင္ဘူး မဟုတ္လား"
သူကသူ႔အဆုတ္ထဲကိုရႉသြင္းလိုက္တဲ့ေလေတာင္မွေအးစက္ေနတယ္။ သူ႔လက္ေတြကလည္း တုန္ေနတယ္။
"ျမန္ျမန္ဆြဲတင္ပါ။ အရုပ္က မ်က္လုံးဖြင့္လိုက္ၿပီ! "
ဝမ္ ဝိန္႕လံုသည္ေရတြင္းေအာက္ေျခမွ အသားကုန္ ေအာ္လိုက္ကာ ငုိသံပင္ ပါေနသည္။
တစ္ခ်ိန္တည္းမွာပင္ လမ္းဆုံရွိ အရုပ္မရဲ႕ ေခါင္းက တိတ္တဆိတ္ေျမႇာက္လာလိုက္ၿပီးေသြးအစက္မ်ားျဖင့္ေျပာင္လက္ေနေသာမ်က္ႏွာသည္ ေရတြင္းေဟာင္းဆီ လာသည့္ လမ္းေၾကာင္းဘက္ကို ႔လွည့္လာသည္။
"လည္ပင္းထဲမွာလွ်ိဳ႕ဝွက္ယႏၲရားတစ္ခုခုတပ္ဆင္ထားတာျဖစ္ႏိုင္တယ္။ ဒါက ဦး ေခါင္းရဲ႕ လႈပ္ရွားမႈကို ထိန္းခ်ဳပ္ေနတယ္။ "
ေဖ့ဟူသည္အသက္ျပင္းျပင္းရႉကာ ေရတြင္းဘက္ ျပန္လွည့္လာသည္။
"ကြၽန္ေတာ္ အာ႐ုံမပ်ံ႕လြင့္ေစရဘူး။ ဘာပဲျဖစ္ျဖစ္ ငါ ဝိန္႕လံု ကို အရင္ကယ္တင္ရမယ္"
သူသည္ အာ႐ုံစူးစိုက္ရန္ႀကိဳးစားေသာ္လည္း သူ၏မ်က္စိသည္စႀကႍဆီသို႔ လွမ္းႀကည့္လိုက္မိခ်ိန္ ေ့ဖဟူ ၏ႏွလုံးသည္ရင္ဘတ္ထဲမွ ခုန္ထြက္လု နီးပါးျဖစ္ခဲ့သည္။ လမ္းဆုံနားမွာ ရပ္ေနရမယ့္မိန္းကေလးဟာ ဘယ္ဘက္စႀကႍကိုေျပာင္းသြားတယ္။
သူမသည္စႀကႍအလယ္၌ ရပ္ေနၿပီးၿပဳံးကာ သူ႔ကိုၾကည့္ေနသည္။ ေဖ့ဟူ၏အသက္ရႉနႈန္း ျမန္လာသည္။ သူ၏လက္မ်ားသည္ ေခြၽးထြက္လာၿပီး သူ႔ခႏၶာကိုယ္ေပၚရွိအဆီမ်ားမ်ားက တုန္ယင္လာသည္။
"မင္းက ေအေဝးကို ဘာလို႕ ႀကည့္ေနတာလဲ"
သူတို႔က ပင္လယ္ေရညႇိေၾကာင့္ျမဳပ္ေနသလို ခံစားရတယ္။ ဝမ္ဝိန္႕လံုဟာ အစြမ္းကုန္ႀကိဳးစားခဲ့ ေပမယ့္ သူ႔ေျခဆစ္ေတြေပၚမွာ ဆုပ္ကို္္င္ထားတဲ့ လက္ကို မခါခ်နို္င္ခဲ့ဘူး။
ေရတြင္းထဲ၌ေယာက္်ားႏွင့္မိန္းမႏွစ္ေယာက္လုံးသည္ သူတို႔၏မ်က္လုံးမ်ားဖြင့္လိုက္သည္ကို ေတြ႕ေသာအခါ သူ ထိတ္လန႔္သြားသည္။ ထို႔ေနာက္ သူရဲ႕ တစ္ခုတည္းေသာ ဆႏၵမွာ ထိုေရတြင္းထဲမွ လြတ္ေျမာက္ရန္ျဖစ္သည္။
"ငါ့ကိုဆြဲထုတ္စမ္းပါ!"
ေဖ့ဟူက ဝမ္ဝိန္႕လံုကိုေနာက္ထပ္ စင္တီမီတာခန႔္ ဆြဲတင္လိုက္သည္။ ေအးစိမ့္ေသာ ေလအရွိန္ ဟပ္လာလိာ႕ ေဖ့ဟူက ေနာက္ကိုလွည့္ႀကည့္ေတာ့ အသက္ရႈရပ္ကာ ေသသြားသလို မ်က္နွာမွာ ေသြးေတြစုေနသည့္ အရုပ္မက ေရတြင္းရွိရာကို ေျပးလာသည္ကို ႀကက္သီးထဖြယ္ေတြ႕လို္္က္ရသည္။
ေဖ့ဟူရဲ႕ ဦးေနွာက္တစ္ခုလံုး အေႀကာက္တရားျဖင့္ ျပည့္သြားျပီး မ်က္နွာက တြန္႕လိန္ကာ ဝမ္ဝိန္႕လံုရဲ႕လက္ကို ျဖဳတ္ခ်ကာ တဖက္ စႀကၤန္ခြဲက အခန္း 303 ထဲကို တန္းတန္းမတ္မတ္ေျပးဝင္ကာ တံခါးပိတ္ထားလိုက္ေတာ့သည္။
ဝမ္ဝိန္႕လံုက သူ႕ကို ဆုပ္ကိုင္ဆြဲတင္ေပးေနေသာ လက္တဖက္က ရုတ္တရက္ေပ်ာက္သြားျပီး သူ ေရတြင္းထဲ ေခ်ာ္က်သြားသည္နွင့္ သူ႕မ်က္နွာတစ္ခုလံုး အလြန္ေၾကာက္လန႔္တုန္လႈပ္မႈေႀကာင့္ ေအးစက္သြားခဲ့သည္။
(OMG အခန္း 303 ထဲ ေျပးဝင္သြားတဲ့ ေဖ့ဟူေတာ့ ဖ်ားနာေဆာင္ခန္းမထဲက မေကာင္းဆိုးဝါးနဲ႕ ဘယ္လို ႏွစ္ပါးသြားမလဲ။
ေရတြင္းထဲ က်ေနရစ္တဲ့ ဝမ္ဝိန္႕လံုလည္း ေရတြင္းထဲ တြန္းခ်ခံလိုက္ရတဲ့ ေက်ာင္းဆရာလင္မယား ဝိဥာဥ္ဝင္ေနတဲ့ အရုပ္ေတြနဲ႕ ဘာဆက္ျဖစ္မလဲ....အား.....)
**-**
YOU ARE READING
သရဲအိမ္ထဲမွ ဖူးစာရွင္
HorrorGenre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy