Chapter (186) - ပြိုင်ဖက်အသစ်

409 95 1
                                    

Chapter (186) - ပြိုင်ဖက်အသစ်


ချန်ကောဟာ သူ့ပစ္စည်းတွေကို ယူပြီးမှ ကြောင်ဖြူလေး နဲ့အတူ ရဲစခန်းက ထွက်လာခဲ့တယ်။

ဗိုလ်ကြီးယန်က  အခြားသူများနှင့်မတူပေ။

ချန်ကောက နောက်ပြန်လှည့်ကြည့်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ နိမ့ိနိမ့်ချချ နေဖို့ ဆုံးဖြတ်လိုက်သည်။ ဒီအဖြစ်အပျက်က ကျုတ်ကျန်း အနောက်ပိုင်းခရိုင်က လူတွေကို လုံးဝ အမှတ်ရနေစေတော့မည်ဆိုတာ သေချာသည်။
  ယခင်အကြိမ်အနည်းငယ်တွင် အရာရှိလီက သူ့ကိုကူညီနေတာကြောင့် ပြဿနာမတက်ခဲ့ပေ။

ကြယ်သုံးပွင့် အစမ်းမစ်ရှင်ကို အောင်မြင်ပြီးမြောက်ပြီးနောက်၊   ယခုအချိန်တွင် အခြား မစ်ရှင်တွေကို ထပ်လုပ်ဆောင်ဖို့ မလိုသေးပေ။   တတိယဖျားနာဆောင်ခန်းမ setting ခန်းကို သေချာလည်ပတ်နိုင်ဖို့  အာရုံစိုက်သင့်သည်။

တကယ်တော့၊ သူ့အတွက် ကြယ်လေးပွင့်မစ်ရှင်တစ်ခုရှိခဲ့ရင်တောင် ချန်ကောက ရွေးမှာမဟုတ်ဘူး။ ကြယ်သုံးပွင့်မစ်ရှင်တွေတောင် အန္တရာယ် အဆင့်က  နှစ်ဆ၊ သုံးဆတိုးလာသည်။ တက္ကစီပေါ်တက်ပြီးနောက် ချန်ကောသည် မဖတ်ရသေးသော မက်ဆေ့ချ်များကို စစ်ဆေးရန်အတွက် အနက်ရောင်ဖုန်းကို ဆွဲထုတ်ကာ ကြောင်ဖြူနှင့် ကြက်ဖြူကို ဘေးတွင်ထားလိုက်သည်။

"ကစားသမားက မစ်ရှင်တည်နေရာကို အချိန်မီရောက်ရှိနိုင်ခဲ့ပြီး မိုးလင်းသည့်အချိန်အထိ အသက်ရှင်ကျန်ရစ်ခဲ့သည်။အစမ်း မစ်ရှင်၊ တတိယဖျားနာဆောင်ခန်းမကို အောင်မြင်အောင် လုပ်နိုင်ခဲ့သည်။ ဇာတ်လမ်းအသစ်တစ်ခုကို လော့ခ်ဖွင့်လိုက်ပါပြီ။ ကစားသမားသည် ဖုန်းပေါ်ရှိ interface ကို အသုံးပြု၍ အတွင်းရှိ ဇာတ်လမ်း၊ ဇာတ်အိမ် နေရာချမှုများကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည်။"

"အစမ်းမစ်ရှင်ပြီးစီးမှုနှုန်း 60 ရာခိုင်နှုန်းဖြစ်သည်။ ကစားသမားသည် 90 ရာခိုင်နှုန်းအထက် ပြီးမြောက်မှုနှုန်းကို မအောင်မြင်သေးပါ၊ ထို့ကြောင့် ဤမစ်ရှင်အတွက် လျှို့ဝှက်သောအရာကို လော့ခ်မဖွင့်နိုင်သေးပါ။"

"ဇာတ်လမ်း၏ လျှို့ဝှက်ရှာဖွေမှုကို ပြီးမြောက်ခြင်းသည် အစမ်းမစ်ရှင်၏ ပြီးမြောက်မှုနှုန်းကို တိုးစေမည်ဖြစ်ပြီး ပြီးမြောက်မှုနှုန်းသည် 90 နှင့်အထက်တွင်၊ ဝှက်ထားသော အရာအား လော့ခ်ဖွင့်ပေး မည်ဖြစ်သည်။"

စာကိုဖတ်ပြီးနောက် ချန်ကောအံ့သြသွားသည်။ မစ်ရှင်ပြီးမြောက်မှုနှုန်းက ခြောက်ဆယ်ပဲလား။ ပြဿနာက ဘယ်နေရာမှာ ရှိနေတာလဲ။  မန်နန်၏စိတ်ထဲက အဓိက ပုဂ္ဂိုလ်သည် သူ့ကို တစ်စုံတစ်ခုကို ဖုံးကွယ်ထားသလား၊ သို့မဟုတ် လွတ်မြောက်သွားသော စိတ်ဝေဒနာရှင်များနှင့် ပတ်သက်မှုရှိနေသလား။

ချန်ကောသည် မစ်ရှင်ပြီးနောက် ဆုပေးမည့် လျှို့ဝှက်ပစ္စည်းများကို မျှော်လင့်ထားသော်လည်း ဆုပေးသည့် ပုံစံတစ်ခုကိုသာ  ရှာဖွေတွေ့ရှိခဲ့သည်။ အစမ်းမစ်ရှင်၏ အဆင့် ကြယ်ပွင့်တွေက ပိုမိုမြင့်မားလေ၊ လျှို့ဝှက်ထားသောအရာနှင့် လျှို့ဝှက်မစ်ရှင်များ၏ ဆုလာဘ်များ ပိုများလေဖြစ်သည်။ ဥပမာအားဖြင့်၊ ကြယ်တစ်ပွင့် မစ်ရှင်ဖြစ်သည့် ဖင်းအန်းတိုက်ခန်းတွင် ပျောက်ဆုံးနေသောလူတစ်ဦးအား ရှာဖွေနိုင်ခဲ့သည့်အတွက်  အငြိုးအတေးဝိဉာဉ် အရုပ်လေးရုပ်ကို ရခဲ့ပေမယ့် ကြယ်နှစ်ပွင့် မစ်ရှင်ဖြစ်သည့် မုယန် အထက်တန်းကျောင်းမှ ဖြစ်ရပ်ကို ဖြေရှင်းနိုင်သည့်အချိန်  ရှားပါးတစ္ဆေ အမျိုးစားဖြစ်သည့် ဘောပင်ဝိဉာဉ်ကို ပေးအပ်ခဲ့သည်။

ကြယ်သုံးပွင့် စမ်းသပ်မစ်ရှင်အတွက် လျှို့ဝှက်ဆုလာဘ်သည် ကလေးလေးဖြစ်မလား။ ချန်ကောက အတော်လေး ဖြစ်နိုင်တယ်လို့ ထင်ခဲ့တယ်၊ နောက်ဆုံးတော့ မန်နန်ရဲ့ အဓိက ပုဂ္ဂိုလ်က သူ့အသိစိတ်က တတိယဖျားနာဆောင်ခန်းမနဲ့ ပေါင်းစပ်သွားတယ်လို့ ပြောခဲ့တယ်။ တတိယဖျားနာဆောင်ခန်းမနှင့် မန်နန်၏ အဓိက ပုဂ္ဂိုလ်၏ ဆက်ဆံရေးသည် New Century ပန်းခြံ နှင့် ဒါရိုက်တာ လျှို ၏ သမီးဖြစ်သူ ဆက်ဆံရေးနှင့် အတော်လေး ဆင်တူသော်လည်း တစ်ယောက်က တံခါးနောက်တွင် စောင့်ကာ တစ်ဦးက သူတို့ နေထိုင်ခဲ့သည့်  နေရာအနီးတွင် စောင့်နေသည်။


တတိယဖျားနာဆောင်ခန်းမက ဘယ်လို လျှို့ဝှက်မစ်ရှင်မျိုးတွေ ပေးမှာလဲဆိုရင် ချန်ကော ကိုယ်တိုင်က ထို setting ရဲ့ ဇာတ်ညွှန်းကို စတင်ဖို့ လိုပါလိမ့်မယ်။ တက္ကစီဒရိုင်ဘာ၏ စပ်စုသောအကြည့်အောက်တွင် ချန်ကောသည် သူ့ပစ္စည်းကို ယူကာ ကားထဲမှ ထွက်လာခဲ့သည်။ သူ New Century Park ထဲကို ဝင်လိုက်တာနဲ့ ဧည့်သည်တွေက သူ့ကို ထူးဆန်းတဲ့ အကြည့်တွေ နှင့် ကြည့် နေတာကို သတိထားမိ လိုက်သည်။

ငါ တွေးတာ မမှားရင် ဒီနေ့က အစိုးရရုံးပိတ်ရက်မဟုတ်ပေမယ့် ဘာလို့ ပန်းခြံမှာ ဧည့်သည်တွေ ဒီလောက်များနေတာလဲ။

သာမန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်သော အပန်းဖြေဥယျာဉ်သည် ဆက်လက်ရှင်သန်လည်ပတ်နိုင်ရန် အတွက် ငှားရမ်းမှုအသစ်တစ်ခု ရရှိထားပုံရသည်။ ချန်ကောသည် မျက်မှောင်ကြုတ်ကာ ဝိုင်းကြည့်ခံရခြင်းအတွက် ရှက်ရွံ့သွားပြီး သရဲခြောက်သောအိမ်ဆီသို့ တတ်နိုင်သမျှ အမြန်ပြေးခဲ့သည်။

ချန်ကောသည် သရဲခြောက်သောအိမ်သို့ မရောက်မီတွင် သူ့သရဲအိမ်ထဲကို ဝင်ဖို့ စောင့်နေသည့် ဧည့်သည်တွေရဲ့ လူတန်းကြီးက ဘယ်လောက်ရှည်သည်ကို မြင်လိုက်သောကြောင့် ရပ်လိုက်သည်။

ဒီမြင်ကွင်းကြောင့် သူ အိပ်မက်မက်နေသလို ခံစားရတယ်။

"ဘာလို့ ဧည့်သည်တွေ ဒီလောက်များနေတာလဲ"

"သူဌေး!" ရွှီဝမ့် သည် သရဲခြောက်သောအိမ်၏ အနားတွင် ရပ်နေကာ ချန်ကောအနီးသို့ရောက်သည်နှင့် သူမ  မြင်လိုက်ရသည်။

"နောက်ဆုံးတော့ ဘော့စ်လည်း ဒီကိုရောက်လာပြီ!"

ဧည့်သည်များအားလုံးသည် သူမ၏အော်သံနောက်သို့ ခေါင်းလှည့်သွားကာ ချန်ကော၏   အကြည့်များအောက်တွင် တွန့်သွားကြသည်။ သူသည် လူအုပ်ကြားမှ တိုးဝှေ့ကာ ရှေ့ကို လာခဲ့ပြီး  ရွှီဝမ့် ၏ ရှင်းပြချက်ကို ကြားပြီးနောက် ဧည့်သည်အများစုသည် သူ့ကိုတွေ့ရန် လာနေကြသည်ကို သူ နားလည်ခဲ့သည်။

မနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှု၏ လွှမ်းမိုးမှုသည် သူမျှော်လင့်ထားသည်ထက် ကြီးမားနေသည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အပိုင်းပိုင်းဖြတ်ပြီး သတင်းသြဇာကြီးသော ချန်နယ်အများစုတွင် မျှဝေခဲ့သည်။ 'အတုအယောင် တိုက်ရိုက်ထုတ်လွှင့်မှုသည် လူသတ်သမားအစစ်နှင့် အပြန်အလှန် သတ်ပုတ်ခြင်း အဖြစ်ကို  ဦးတည်နေသည်'—ထိုကဲ့သို့သော ခေါင်းစီးသတင်းများသည် အင်တာနက်ပေါ်တွင် ပလူပျံအောင် ပေါ်နေပြီဖြစ်သည်။

အဓိကအချက်မှာ၊ သူ၏သရဲခြောက်သောအိမ်အား မြှင့်တင်ရန် သူ၏တိုက်ရိုက်ထုတ်လွှင့်မှုက င် ရေပန်းစားလာချိန်တွင် သူပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်က ဘယ်လောက်မှန်တယ်ဆိုတာ ချန်ကော သဘောပေါက်ခဲ့သည်။ လိပ်စာအတွက် အကြီးဆုံးဖောင့်ကို အသုံးပြုထားသောကြောင့် ဗီဒီယိုကို မျှဝေသူများသည် လိပ်စာကို ဖျောက်လိုပါက စခရင်၏ ¼ ကို ပိတ်ပစ်ရမည်ဖြစ်သည်။သူတို့  အတွေ့အကြုံအရ ချန်ကောရဲ့ သရဲအိမ်လိပ်စာကို ဖျက်ဆီးမည့်အစား တရားမျှတစွာ ဖော်ပြပေးရန် ဆုံးဖြတ်ပြီး ချန်ကောအား လုူသိများအောင် ကူညီပေးခဲ့သည်။

ဆိုလိုသည်မှာ ဖိုရမ်များနှင့် ပလက်ဖောင်းများစွာသည် ချန်ကော၏ သရဲအိမ်အား ပရိုမိုးရှင်းလုပ်ဖို့  ကူညီပေးခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လာရောက်လည်ပတ်သူအချို့သည် ကျူတ်ကျန်းမြို့ မှဖြစ်ပြီး သရဲခြောက်သောအိမ်သို့လာရောက်လည်ပတ်ရန်လာရောက်ကြသည်။

မနေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုအပြီးတွင် သူ၏အကောင့်၏ Follower အရေအတွက်သည် ဆက်လက်မြင့်တက်ခဲ့ပြီး မှတ်ချက်များ သန်းနှင့်ချီရှိခဲ့သည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ယာယီ ပိတ်ဆို့ထားသော်လည်း၊ ချန်ကောသည် လူသစ် Hotst အဖြစ် ရေပန်းစားသော အဆင့်သို့ ဝင်ရောက်နိုင်သေးသည်။

ချန်ကောသည် ဆုလာဘ်များစွာကို ရရှိခဲ့သော်လည်း ချင်ကွမ်းသည် အမှန်တကယ် ကံမကောင်းခဲ့ပေ။ ထို ပလက်ဖောင်းသည် သူ့ကို ပြုစုပျိုးထောင်ရန် မည်မျှအားစိုက်ခဲ့ရသလဲ။  သို့သော် အဆက်မပြတ်ထုတ်လွှင့်ပြီးနောက်တွင်၊  ပြဿနာများစွာ ကြုံရပြီး သူတို့ရဲ့  တိုက်ရိုက်ထုတ်လွှင့်မှုကို နောက်ဆုံးတွင် လုံးဝပိတ်သွားခဲ့သည်။ ကောလဟာလတွေအရ ချင်ကွမ်းဟာ ဆေးရုံ မပို့မချင်း တချိန်လုံး ကြောက်ရွံ့နေခဲ့သည်။  ချင်ကွမ်းနိုးလာသောအခါတွင် ချန်ကောကြောင့် သူ၏ သဘာဝလွန် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ပင်ထားသည်ကို သူ နားလည်ခဲ့သည်။ ခံပြင်းဒေါသကြောင့် ချင်ကွင်းက ဆေးရုံမှာ သွေးအန်လုနီးပါးဖြစ်သွားနိုင်လောက်သည်။

ဧည့်သည်အရေအတွက်များသောကြောင့် ချန်ကောသည် အနားယူချင်သော်လည်း အနားယူနိုင်မည်မဟုတ်ပေ။ သူသည် ထိုနေ့မနက်တွင် စစ်ကြောရေးအခန်းအတွင်း၌ တစ်ရေးတစ်မော အိပ်နေနိုင်ခဲ့သဖြင့် ဆက်လက်တောင့်ခံ ထားနိုင်ခဲ့သည်။

သူကြုံတွေ့ခဲ့ရသည့် အခြေအနေအမျိုးမျိုးကို အတိုချုံးရှင်းပြပြီးနောက် ချန်ကောနှင့် ရွှီဝမ့် တို့သည် မိတ်ကပ်လိမ်းရန်သွားကာ သတ်မှတ်ထားသောနေရာများသို့  သွားစဉ်တွင် အန်ကယ်ရွှီ အား လူအုပ်အား ကြည့်ရှုပေးရန် တောင်းဆိုခဲ့သည်။

နေ့ခင်း တလျှောက်လုံး ချန်ကောမှာ အနားယူခြင်း မရှိခဲ့ပေ။ နေဝင်ချိန်မှာတောင် သရဲခြောက်တဲ့ အိမ်အပြင်ဘက်မှာ ဧည့်သည်တွေ တန်းစီနေတုန်းပါပဲ။ ပန်းခြံပိတ်ချိန်ကို နာရီဝက်ခန့် နှောင့်နှေးခဲ့ရပြီး ညနေ ၆ နာရီ ၃၀ မိနစ်ရောက်မှ ချန်ကောနှင့် ရွှီဝမ့် တို့သည် သရဲခြောက်သောအိမ်မှ ထွက်ခွာနိုင်ခဲ့သည်။

ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်နှာဖြူယော်နေသည့်  ရွှီဝမ့်က  သက်ပြင်းမောကြီကို ချလိုက်သည်။
"တစ်နေ့မှာ သရဲခြောက်တဲ့အိမ်မှာ အချိန်ပိုလုပ်ရမယ်လို့ ဘယ်သူက ထင်မှာလဲ။"

"အနာဂတ်မှာ မင်းမမျှော်လင့်ထားတဲ့အရာတွေ အများကြီးရှိပါသေးတယ်။ မင်းရဲ့အနာဂတ်ဟာ တောက်ပလာမယ်ဆိုတာ ငါသေချာပေါက်ပြောရဲတယ်။ မင်းသာ ငါနဲ့အတူရှိနေပါစေ။"

ချန်ကောက ရွှီဝမ့် ကိုကြည့်ကာ ပြုံးလိုက်သည်။ သူက  အလုပ်သမားအဖြစ် သရဲတစ္ဆေများကို ငှားရမ်းနိုင်သည်ကို ရှာဖွေတွေ့ရှိပြီးကတည်းက အလုပ်သမားအသစ်တစ်ဦးကို ငှားရမ်းလိုသည့် ဆန္ဒသည်   ပျောက်ကွယ်သွားခဲ့သည်။ သူ့အသက်မွေးဝမ်းကြောင်းတစ်လျှောက်လုံး ရွှီဝမ့် သည် သူ၏တစ်ဦးတည်းသော လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

"ဘော့စ်၊ ကျွန်မ ရှင့်ကိုပြောစရာတစ်ခုရှိသေးတယ်"

 ရွှီဝမ့် သည် သူမ၏ အိတ်ကပ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။

 "ကျူတ်ကျန်းမြို့ ကိုရောက်လာတဲ့ အရမ်းနာမည်ကြီးတဲ့ ခရီးသွားသရဲခြောက်တဲ့အိမ်လေးရှိတယ်။ သူတို့က မြို့လယ်က ကုန်သည်လမ်းမှာ ငှားပြီး မနက်ဖြန် သူတို့ရဲ့တရားဝင်ဖွင့်ပွဲနေ့ဖြစ်လိမ့်မယ်ထင်တယ်"


"ပြိုင်ဆိုင်မှုဆိုတာ ကောင်းတယ်၊ အဲဒါကို စိတ်မဆိုးပါနဲ့"

ချန်ကောသည် လက်ကမ်းကြော်ငြာကို တစ်ချက်ကြည့်လိုက်သည်။ သရဲခြောက်သောအိမ်အား ထျန်ထန် ဆေးကျောင်းဟုခေါ်သည်။ ကြောက်စရာကောင်းသော ဆေးရုံနှင့် ကျောင်းဆောင်ပုဒ်တို့ကို ပေါင်းစပ်ထားသည်။ ၎င်းသည် ဂျပန်သရဲအိမ်များ၏ အစဉ်အလာအတိုင်း ရွေ့လျားနေသော သရဲခြောက်အိမ်ကြီးဖြစ်သည်။

"သူတို့ ပရိုမိုးရှင်းစလုပ်တုန်းကတော့ သိပ်သတိမထားမိခဲ့ဘူး၊ ဒါပေမယ့် ဒီနေ့မနက်မှာတော့ ကျွန်မတို့ရဲ့ သရဲအိမ် လူကြိုက်များမှု တဟုန်ထိုးတက်လာတဲ့အခါ သူတို့ရဲ့ ပရိုမိုးရှင်းကြော်ငြာကို သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ပြောင်းလဲခဲ့ပြီး သရဲခြောက်တဲ့အိမ်ဟာ နိုင်ငံခြားပညာရှင်တွေက ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ပိုကြောက်စရာကောင်းတယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ကြော်ငြာထားပါတယ်။ ကျုတ်ကျန်းမြို့မှာ  ရှိ အခြားသော သရဲအိမ်တွေနဲ့ သူတို့က လုံးဝကွဲပြားခြားနားတယ်လို့ ဆိုတယ်။ "

ရွှီဝမ့် သည် ထျန်ထန် ဆေးကျောင်း၏ ဝဘ်ဆိုဒ်ကို ချန်ကောကိုပြသရန် သူမ၏ဖုန်းကို ထုတ်လိုက်သည်။

ချန်ကောတစ်ချက်ကြည့်လိုက်သည်။ ထျန်ထန် ဆေးကျောင်းနောက်ကွယ်မှ အဖွဲ့သည် သူ့ကို ပုတ်ခတ် ဆဲဆိုရန် ရည်ရွယ်ချက်ရှိပုံရသည်။ ရှင်းရှင်းလင်းလင်း မဖော်ပြထားသော်လည်း ကျုတ်ကျန်း  ရှိ အခြားနာမည်ကြီး သရဲခြောက်သော အိမ်သည် ချန်ကောပိုင်သည့် သရဲအိမ်သာ ဖြစ်သည်။

"ကြည့်ရတာ သူတို့ ရန်ဖြစ်ချင်ပုံရတယ်။"

ချန်ကောက လက်ကမ်းကြော်ငြာကို ကိုင်လိုက်သည်။

"စိတ်မပူပါနဲ့ မနက်ဖြန် ငါတို့ သရဲအိမ် ဖွင့်ရင် ငါ သူတို့ကို အားပေး ဖို့ သွားလိုက်မယ်။"



*********-**********

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now