Chapter (67+68+69) (Z+U)

1.4K 296 5
                                    

Chapter (67) – မင်း သူ့ကို မြင်နိုင်သလား..

Chen Ge သည် စာရွက်စာတမ်းကိုလက်ခံကာ ဖတ်လိုက်စဉ် ပထမစာကြောင်း၌ New Century ပန်းခြံ မြေအောက်ကားပါကင် အသုံးပြုမှု သဘောတူညီချက်ဟု ရေးသားထားသည်ကို တွေ့ရသည်။ သူက စာရွက်ကိုလှန်ပြီး ကြည့်လိုက်ပေမယ့် ငှားရမ်းခရေးထားသည်ကို မတွေ့ရသဖြင့် မေးလိုက်သည်။

"Director Luo.. ဒီမှာ တစ်ခုခုရေးဖို့ မေ့ခဲ့သလား.."

"အခမဲ့အသုံးပြုခွင့်လို့ ရေးထားတာ သတိမပြုမိဘူးလား.. ဒီမှာ ငါ တံဆိပ်တုံးထုပေးထားပြီးလို့ မင်းလက်မှတ်ထိုးလိုက်တာနဲ့ တရားဝင် စသုံးလို့ရပြီ.. ဒီစာချုပ်က ပန်းခြံပိတ်တဲ့အထိ အကျုံးဝင်တယ်.. ဒါကြောင့် ဒါကို သေချာအသုံးပြုပါ.. ငါ့ကို စိတ်ပျက်အောင်မလုပ်နဲ့.. မင်း အခုကစပြီး ဒီနေရာကို ပြင်ဆင်ဖို့ အလုပ်များတော့မှာမို့ မင်းကို ငါ ထပ်မဆွဲထားတော့ဘူး.. သွားပြီး လုပ်စရာရှိတာလုပ်တော့.."

Director Luo က ရေနွေးတစ်ခွက် ထပ်ငှဲ့သောက်ရင်း ပြောလိုက်သည်။

Chen Ge က ဒီစာချုပ်ကိုင်ရင်း ပြန်လာခဲ့သည်။ မြေအောက်ကားပါကင်ကို အခမဲ့အသုံးပြုခွင့်ရသည်ကို မယုံနိုင်အောင်ဖြစ်နေသည်။ Director Luo က ပန်းခြံက နောက်၃လလောက်ဆို ပိတ်တော့မည်ဟု ယုံကြည်ထားသဖြင့် သူ့ကို ရက်ရောစွာ အခမဲ့အသုံးပြုခွင့် ပေးလိုက်ခြင်းဖြစ်သည်။

မှန်ထဲကမကောင်းဆိုးဝါးကို ဖယ်ရှားပြီးနောက် သူ့ကံက အများကြီးကောင်းလာသည်ဟု ခံစားလိုက်ရသည်။ ဆုတံဆိပ်အပြင် ဆုငွေလည်းရသည်။ ဒီနေရာကို အခမဲ့ငှားရမ်းခွင့်လည်း ရလိုက်သည်။ မကောင်းသည့်အရာကို ဖယ်ရှားလိုက်ခြင်းကြောင့် ကံကောင်းခြင်းတွေ ရောက်လာသည်ထင်သည်။ မြေအောက်ကားပါကင်က ပန်းခြံ၏သုံးပုံတစ်ပုံလောက် ကျယ်သောကြောင့် ဒီနေရာကို စွန့်ပစ်ထားပေမယ့် အခမဲ့သုံးစေတာက အတော်ရက်ရောခြင်းပင်ဖြစ်သည်။

သရဲအိမ်သို့ပြန်ရောက်သော် သူက ရှောင်ဝမ်ကို ယူနီဖောင်းလဲစေပြီး လက်မှတ်ရောင်းခိုင်းသည်။ သူက သန်းခေါင်ယံည လူသတ်သမားအခန်းတွင် ဧည့်သည်များကိုဝင်စေပြီး ဒေါက်တာအရိုးဝတ်စုံဝတ်ကာ ဧည့်သည်များကို လိုက်ဖမ်းခဲ့သည်။ ညနေ ၅ နာရီရောက်တော့ ရှောင်ဝမ်ကို တစ်နေ့စာပိုက်ဆံရှင်းပေးပြီး အလုပ်သိမ်းလိုက်သည်။ ပြီးတော့ သူက မြို့တော်ရုံးကိုသွားကာ ဆုငွေထုတ်ဖို့ပြင်ဆင်သည်။

"ဒါက ငါ့ဘဝမှာ ပထမဆုံး ဂဏန်း၎လုံးထိ ငွေကြေးပိုင်ဆိုင်တာပဲ.. ဒီညတော့ ငါ အောင်ပွဲခံသင့်တယ်.."

Chen Ge က ဝန်ထမ်းနားနေခန်းထဲ ရေချိုး၊ အဝတ်အစားလဲပြီးတော့ အိပ်ယာဘေးမှာ အငယ်ဆုံးအရုပ်မလေးကို တွေ့လိုက်သည်။ သူမ၏ကိုယ်လေးက စောင်နဲ့ဖုံးထားပြီး ခေါင်းလေးပဲဖော်ထားလို့ 'တူတူပုန်းတမ်း' ကစားနေသလို ထင်ရသည်။

"မင်းက ငါနဲ့လိုက်ချင်လို့လား.."

Chen Ge က Xiao Xiao ကို သူ့အိပ်ကပ်ထဲထည့်လိုက်စဉ် မနက်က ကပ္ပတိန်ရန် ပြောသွားသည့် ဆေးရုံပေါ်က တိုက်ခန်းပိုင်ရှင်အဖိုးအိုကို သတိရသွားသည်။ အဖိုးအိုက ကျန်းမာရေးဆိုးဝါးနေပြီး မိသားစုလည်း ရှိပုံမရပေ။ဒါကြောင့် အလည်သွားသင့်သည်ဟု ခံစားရကာ Chen Ge သရဲအိမ်မှ ထွက်လာခဲ့သည်။

ညနေ 6 နာရီ 15 တွင် ဆုကြေးငွေ 36,000 ထုတ်ပြီး ရုံးမှထွက်လာသည်။ ဆုကြေးက ထင်ထားတာထက်တော့ နည်းသည်။ သူက သစ်သီးခြင်းနှင့် နို့ဝယ်ပြီး ဆေးရုံကြီးမှ ဖျားနာဆောင်ကိုစုံစမ်းရင်း ရောက်လာခဲ့သည်။ အဖိုးအိုထံရောက်တော့ အင်စပက်တာလီရောက်နေသည်ကိုတွေ့လို့ အံ့အားသင့်သွားခဲ့သည်။

"အင်စပက်တာလီ.. ဘာကြောင့် ဒီကိုရောက်နေတာလဲ.."

အိပ်ယာဘေးမှာ အင်စပက်တာလီက အဖေကိုပြုစုသည့် သမီးနှယ် အဖိုးအိုကို ဆန်ပြုတ်တိုက်ပေးနေသည်။

"ထူးဆန်းလိုက်တာ.. မင်းက ဘယ်လိုဖြစ်ပြီး ငါသွားတဲ့နေရာတိုင်း ရောက်နေရတာလဲ.."

အင်စပက်တာလီက ပုဝါဖြင့် အဖိုးအို၏ရင်ဘတ်မှာ ခံပေးရင်း ဆက်ပြောလိုက်သည်။

"ငါ ရက်ဆက် အလုပ်ပင်ပန်းနေတာတွေ့လို့ ငါတို့အကြီးအကဲက ငါ့ကို ကနေ့အတွက် ပေါ့ပေါ့ပါးပါးပဲ အလုပ်ပေးလိုက်လို့ ဒီရောက်နေတာပဲ.."

"ရဲအရာရှိကဒီလိုအလုပ်လည်း လုပ်တာပဲလား.."

"ဒီဦးလေးက ငါတို့လုပ်ဆောင်မှုအားနည်းလို့ ခုလိုဖြစ်သွားရတာ.. ဒါကြောင့် ငါတို့က ပုဂ္ဂိုလ်ရေးအရ စောင့်ရှောက်သင့်တယ်မဟုတ်လား.."

အင်စပက်တာလီက ထပ်မံတိုက်ကျွေးပေမယ့် အဖိုးအိုက စားချင်စိတ်မရှိသောကြောင့် ဆန်ပြုတ်ပန်းကန်ကိုသိမ်းရင်း Chen Ge နှင့် မိတ်ဆက်ပေးလိုက်သည်။

"ဦးလေး.. ဒီကလေးက တိုက်ခန်းကိစ္စဖြေရှင်းဖို့ သက်သေအထောက်အထား ရှာပေးခဲ့တဲ့သူပါ.. အဲ့ဒီညက ဦးလေးကိုကယ်ဖို့ သူပဲဖုန်းခေါ်ပေးခဲ့တာ.."

"ပြန်စဉ်းစားကြည့်ရင် အဖိုးကို ကျေးဇူးတင်ရမယ်.. အဖိုးသာ ပန်းကန်ကိုမခွဲခဲ့ရင် ကျွန်တော်လည်း သံသယဝင်မိမှာမဟုတ်ဘူး.."

Chen Ge က သစ်သီးခြင်းနှင့်နို့ကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။ Chen Ge သည်အချိန်မရွေး လူ့လောကမှထွက်ခွာသွားနိုင်သည့် အသက်ခပ်ယဲ့ယဲ့သာရှိတော့သည့် အဖိုးအိုကိုကြည့်ကာ ရင်တုန်သွားခဲ့သည်။

"အင်စပက်တာလီ.. အဖိုးနဲ့ကျွန်တော် နှစ်ယောက်တည်း စကားပြောချင်လို့ ခဏရှောင်ပေးလို့ရမလားခင်ဗျာ.."

အင်စပက်တာလီက Chen Ge ကို ယုံကြည်ပြီးသားဖြစ်လို့ ဘာမှမမေးဘဲ အခန်းထဲကထွက်ကာ တံခါးစေ့ပေးသွားခဲ့သည်။ Chen Ge က အိတ်ကပ်ထဲကအရုပ်လေး Xiao Xiao ကို ထုတ်ပြကာ မေးလိုက်သည်။

"အဖိုး.. ကျွန်တော် အဖိုးနဲ့တွေ့ဖို့ Xiao Xiao ကို ခေါ်လာတယ်.."

Chen Ge က အရုပ်ကိုထုတ်လိုက်ချိန် အဖိုးက ဘာမှမတုံ့ပြန်ပေမယ့် အရုပ်မလေးကိုမြင်တော့ သူ့မျက်လုံးအစုံက ပြူးကျယ်သွားပြီး အဖိုးအိုက လက်ကိုဆန့်ထုတ်လာပြီး အရုပ်လေးကိုဆုပ်ကိုင်ချင်ဟန်ဖြင့် အက်ကွဲစွာမေးလိုက်သည်။

"မင်း သူမကို မြင်နိုင်တာလား.."

Chen Ge က Xiao Xiao ကို သူ့မိသားစုဝင်နှင့်တွေ့ဖို့ ခေါ်လာပေးပေမယ့် အဖိုးအိုက အရုပ်မှာငြိတွယ်နေသော ဝိညာဉ်ကို မြင်နိုင်မယ်လို့မထင်ခဲ့ပေ။ Chen Ge က အိပ်ယာဘေးတိုးသွားကာ အရုပ်လေးကို အဖိုးအို၏ရင်ခွင်ထဲ ထည့်ပေးလိုက်သည်။ အဖိုးအိုက အရုပ်လေးကို တင်းတင်းဖက်ကာ ချလိုက်သည်။ ကြည့်ရတာ အဖိုးအိုက သေပြီးသားလူတွေရဲ့ တစ်ခြားဖက်မှာရှိသည့်လောကကို မြင်နိုင်ပုံရသည်။

ဖုန်းအနက်က တုန်ခါလာသဖြင့် Chen Ge က မြေးအဖိုးနှစ်ဦး အေးဆေးတွေ့နိုင်ဖို့ထားခဲ့ကာ အပြင်ကိုထွက်လာခဲ့သည်။

"အစောပိုင်းက အခန်းထဲကနေ ငါ စကားသံတွေကြားလိုက်ရတယ်.. မင်းကို သူဘာပြောတာလဲ.. ငါ့စကားကိုနားထောင်.. အဖိုးအိုရဲ့အခြေအနေက ယဲ့ယဲ့လေးပဲရှိတော့တယ်.. သူ့နှလုံးက တစ်ခုခုလန့်စရာကို ခံနိုင်မှာမဟုတ်ဘူး.."

အင်စပက်တာလီက အနားကိုကပ်လာပြီး ခပ်လောလောပြောလိုက်သည်။

"ကျွန်တော်က အဖိုးအတွေ့ချင်ဆုံးအရာကို ယူလာပေးတာပါ.."

Chen Ge ဖုန်းကိုကြည့်လိုက်တော့ Xiao Xiao ရဲ့နှစ်သက်မှု level က 'နည်းနည်းသဘောကျသည်' ဆိုသည့်အဆင့်မှ 'ယုံကြည်လို့ရသည်' ဆိုသည့်အဆင့်ကို တက်သွားတာတွေ့လိုက်ရသည်။ ဝိညာဉ်တွေထဲမှာ ဒီဝိညာဉ်လေးက ထူးခြားတယ်။ သူ့ရဲ့နှစ်သက်မှုကို အမြင့်ဆုံးထိမြှင့်လိုက်ရင် ဘာများဖြစ်လာနိုင်မလဲဟု Chen Ge တွေးနေမိသည်။

"အန်ကယ်ဆန်းပေါင်.. စိတ်မပူပါနဲ့.. အဖိုးက ပြန်ကောင်းလာမှာပါ.."

"မင်းက အကောင်းမြင်စိတ်ရှိတာပဲ.."

Chen Ge နဲ့ အင်စပက်တာလီတို့ အပြင်မှာ အတော်ကြာစကားပြောနေပြီး အထဲကိုပြန်ဝင်သွားတော့ အဖိုးအို၏အခြေအနေက တည်ငြိမ်နေလေပြီ။ အဖိုးအိုက Chen Ge ကိုလက်ဝှေ့ယမ်းပြတော့ ဘယ်သူမှနားမလည်ကြပေ။ Chen Ge က နှုတ်ဆက်ပြီး Xiao Xiao လေးကိုပြန်ယူကာ ပြန်လာခဲ့သည်။ သူမက အိပ်ပျော်နေသည့်ဟန်ပေါ်သည်။

Chen Ge က ဆေးရုံကပြန်လာတော့ လမ်းဘေးဆိုင်မှာညစာစားပြီး သရဲအိမ်ကိုပြန်လာခဲ့သည်။

ငါ ကနေ့ Daily Mission မလုပ်ရသေးဘူး။ ဒါကို ပြီးအောင်လုပ်ဖို့ မှီကောင်းပါရဲ့.. ဒီဟာတွေသာ အောင်မြင်ရင် သူလိုအပ်သည့် တိုးချဲ့မည့်လမ်းကြောင်းကို သိရှိနိုင်လိမ့်မည်။

------------------------

Chapter (68) – သန်းခေါင်ယံ လက်မှတ်ကောင်တာ

မနေ့ည အကယ်ဒမီကျောင်းကိုမသွားခင် Daily Mission ၃ခုမှာ အလွယ်ဆုံးမစ်ရှင်က သရဲအိမ်ထဲ လျှို့ဝှက်လုံခြုံရေးနေရာ စစ်ဆေးဖို့၊ ပုံမှန်မစ်ရှစ်က သရဲအိမ်ကို တိုးချဲ့ဖို့ နေရာကောင်းကိုရှာဖို့နဲ့ ခက်ခဲသည့်မစ်ရှင်က ကိုယ့်အခန်းမှာရှိတဲ့ တခြားလူကိုရှာဖို့ဖြစ်သည်။

ဆုကြီးကြီးရဖို့ ခက်ခဲသည့်မစ်ရှင်ကို လုပ်ရမည်ဆိုပေမယ့် အတွေ့အကြုံတွေအရ ဒီမစ်ရှင်ကိုလုပ်ဖို့ အချိန်လိုပြီး သန်းခေါင်ယံမှာ လုပ်ဆောင်ရသည်။ အချိန်လွဲသွားရင် ကျရှုံးနိုင်ချေများသည်။ Risk မလိုချင်သောကြောင့် Chen Ge က ပုံမှန်မစ်ရှင်ပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ပုံမှန်မစ်ရှင်အရ သရဲအိမ်တိုးချဲ့ဖို့ သင့်တော်သောနေရာကို ရှာရမည်။

ဖုန်းအနက်က ဘယ်နေရာကိုသွားရမယ် ညွှန်ကြားထားတာမရှိလို့ Chen Ge က ဘယ်ကစရမလဲမသိ ဖြစ်နေသည်။

ဒါက ပထမဆုံး Chen Ge သရဲအိမ်ကို တိုးချဲ့သည့် အတွေ့အကြုံဖြစ်လို့ ကိုယ့်ဘာသာပဲ လမ်းကြောင်းရှာဖွေရတော့မည်။ Chen Ge က ဖုန်းထဲက app; page ကိုဖွင့်လိုက်တော့ နေရာ၂ခုကို စိတ်ဝင်စားသွားသည်။

"သရဲနှင့်ဝိညာဉ်အဖွဲ့" က အဖွဲ့ဝင်မရှိသေးဘဲ ဗလာဖြစ်နေသည်။ ဒါဆိုရင် ကျန်းယာ့နဲ့ ရင်ယောင်းယောင်းက ဒီသရဲအိမ်ရဲ့ အစိတ်အပိုင်းတွေလို့ ပြောလို့မရဘူးပေါ့။ ရင်ယောင်းယောင်းက လိုအပ်သည့်အမှတ်ရအောင် သူမလုပ်ပေးရသေးလို့ ဖြစ်ပုံရသည်။ ကျန်းယာ့ကတော့ သူ့ကိုသတ်ဖို့မကြိုးစားတာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပြီ။ သရဲအိမ်အဖွဲ့ဝင်ထဲပါဖို့ သွားခေါ်လို့ ရမယ့်ပုံမပေါ်ပေ။

ဒုတိယတစ်ခုက အနီရောင်ဖြစ်နေလို့ သူနှိပ်ကြည့်လိုက်တော့ စာတန်းတစ်ခုပေါ်လာခဲ့သည်။

>>သရဲအိမ်ဝင်ပေါက်နေရာ သတ်မှတ်ပါ..<<

ဝင်ပေါက်နေရာလို့ ဆိုလိုတာက သူတိုးချဲ့ဖို့ငှားရမ်းလိုက်သည့် မြေအောက်ကားပါကင်ကို ဆိုလိုပုံရသည်။ မြေအောက်ကားပါကင်က ပန်းခြံအပြင်ဘက်မှာရှိသောကြောင့် သရဲအိမ်နှင့် သီးခြားဆီဖြစ်နေသည်။ ဒါကြောင့် ထိုမြေအောက်ကားပါကင်နေရာကို ရောက်ဖို့ သရဲအိမ်အောက်မှ လမ်းဖောက်ကာ ဝင်ပေါက်လုပ်ရမည်။ ပုံမှန်ဆိုရင် ပန်းခြံထဲကဆိုင်ခန်းတွေကို ခုလိုလုပ်ဖို့ခက်ပေမယ့် Chen Ge ၏သရဲအိမ်က အစွန်အဖျားမှာ သီးခြားဖြစ်နေပြီး ရိုလာကိုစတာနှင့် မိုးပျံရဟတ်ကြီးနှင့် ဝေးရာတွင်ရှိသောကြောင့် သူ့သရဲအိမ်အောက်မှ မြေအောက်လမ်းကြောင်းဖောက်တာကို ခွင့်ပြုနိုင်လောက်သည်။ တကယ်တာ့ Chen Ge ၏သရဲအိမ်အောက်မှာ ကားပါကင်နေရာနှင့် ဆက်သွယ်ဖို့ အနီးဆုံးဖြစ်သည်။

Chen Ge သည် ဖုန်းအနက်ကိုကိုင်ရင်း သူ့သရဲအိမ်ထဲက 'လူသေတို့ရှင်သောည' ဆိုသည့်အခန်းကို ဝင်ကာ စစ်ဆေးလိုက်သည်။ ဒီသရဲအိမ်က လူစိတ်ဝင်စားမှုအနည်းဆုံးဖြစ်ပြီး ကြယ်တစ်ပွင့်ရထားသည့် 'ဝိညာဉ်သတို့သမီး' နှင့် 'သန်းခေါင်ယံည လူသတ်သမား' အခန်းနှင့်ယှဉ်ရင် အလဟဿဖြစ်နေသည်။ ဒါကြောင့် ဒီနေရာက setting ကို ဖယ်ရှားပစ်ပြီး မြေအောက်ကားပါကင်ကိုဝင်သည့်ဝင်ပေါက် လုပ်လိုက်လျှင် ပိုကောင်းလိမ့်မည်။

Chen Ge က မြေဖြူခဲကိုယူကာ ဝင်ပေါက်နေရာကို ကြမ်းပြင်မှာရေးဆွဲလိုက်သည်။ ဒါပေမယ့် ဒီနေရာကိုရွေးချယ်ကြောင်း ဖုန်းအနက်သိအောင် ဘယ်လိုပြောရမလဲ။ သူ ဒီဖုန်းကိုရကတည်းက ဖုန်းဘက်ကပဲ သူ့ကိုဆက်သွယ်ပြီး သူ့ဘက်က ဘာမှဆက်သွယ်ပြောပြလို့မရ ဖြစ်နေသည်။ 'One-way Communication' ဖြစ်နေသည်။

ငါ တစ်ခုခုမေ့နေသလား.. ငါ သရဲအိမ် app; ကနေ တစ်ခုခုလုပ်လို့ရနိုင်မလား..။

Chen Ge က သရဲအိမ် app ထဲဝင်လိုက်တော့ Layout (အခင်းအကျင်း) ထဲမှာ သူ့သရဲအိမ်၏ ဖွဲ့စည်းပုံအနေအထား ပုံစံတူမြေပုံကို တွေ့လိုက်ရသည်။

ဒါဆို ငါ ဒီနေရာမှာ ဝင်ပေါက်နေရာ သတ်မှတ်လို့ရမလား..။

Chen Ge က 'လူသေတို့ရှင်သောည' ဆိုသည့်အခန်းကိုနှိပ်ကာ 'ဝင်ပေါက်' လို့သတ်မှတ်လိုက်တော့ မေးခွန်းတစ်ခုကျလာသည်။

>>ဒီနေရာကို ဝင်ပေါက်လုပ်မှာ သေချာသလား..<<

Chen Ge က "Yes.." ဟုနှိပ်လိုက်သည်။

>>ဦးတည်ရာကို ရွေးပါ..<<

"မြေအောက်ဘက်.."

>>သင့်သရဲအိမ်ကို တိုးချဲ့လိုက်ပြီး အိမ်ယာမဲ့ဝိညာဉ်များ ပိုမိုကစားခွင့် ရရှိသွားပါသဖြင့် ဂုဏ်ယူပါတယ်.. ကြောက်လန့်လို့အော်ဟစ်သံကို ပိုများများရအောင် စုဆောင်းပါ။
ဆုလာဘ် - ကံကြမ္မာဘီးလုံး တစ်ကြိမ်လှည့်ခွင့်<<

>>ပထမအကြိမ် တိုးချဲ့မှု အောင်မြင်သောကြောင့် ဂုဏ်ယူပါတယ်။
ဆုလာဘ် - သန်းခေါင်ယံလက်မှတ်ကောင်တာ (ပျက်စီးနေ)! <<

>>သန်းခေါင်ယံလက်မှတ်ကောင်တာက ထူးခြားသော ဧည့်သည်များကို ဆွဲဆောင်နိုင်ပြီး ထိုသူများက သင့်ကို အကူအညီပေးနိုင်ပါသည်။<<

Chen Ge က ဖုန်းကိုကိုင်ထားပြီး message ကို သေချာဖတ်နေသည်။ ကံကြမ္မာဘီးလုံးကို လှည့်ခွင့်ဆိုတာ ကြောက်လန့်တကြားအော်သံ 100 ပြည့်မှ တစ်ကြိမ်လှည့်ခွင့်ရသည့် အရာဖြစ်ပေမယ့် ဒီကနေ ဆုလာဘ်ရဖို့ဆိုတာ မမျှော်လင့်ရဲပေ။ ဒါက ကံစမ်းမဲလို ကံကောင်းနေဖို့လိုသည်။ Chen Ge က သူ့ကံကို မယုံကြည်ပေ။ ပထမတစ်ခါလှည့်တော့ ကျန်းယာ့ဆီက 'ကျိန်စာသင့်ရည်းစားစာ' ကို ရရှိခဲ့ပြီး ခုတစ်ခါလှည့်ရင် သွေးစွန်းသည့်ဓားကိုင်ထားသော ဝိညာဉ်၂ကောင်များ ပေါက်နေမလားဟု တွေးကာ လန့်နေသည်။

တော်ပြီ.. တော်ပြီ..ဆက်မတွေးတော့ဘူး..။

ပျက်စီးနေသော သန်းခေါင်ယံလက်မှတ်ကောင်တာက အထူးဧည့်သည်များကို ဆွဲဆောင်နိုင်တယ်ဆိုတော့ ကြည့်ရတာ ဝိညာဉ်တွေများလား။ သရဲအိမ်မှာ အထူးလက်မှတ်အရောင်းကောင်တာ မရှိပေ။ ဖုန်းအနက်မရခင်က တစ်ပတ်ကို ဧည့်သည် 10 ယောက်လောက်ပဲလာတော့ လက်မှတ်ကောင်တာလည်း မလိုအပ်ပေ။ ဖုန်းအနက်က သူ့ပြဿနာကို ကူညီဖြေရှင်းပေးလိုက်သည်။ ဒီကောင်တာက ဧည့်သည်တစ်ထောင်မှာ အထူးဧည့်သည်တစ်ယောက်ကို ဆွဲဆောင်ပေးနိုင်မလား..။ ဒီဟာက သရဲများလား..။

Chen Ge က အခန်းကိုလှည့်ပတ်ကြည့်ပေမယ့် ဘာမှမထူးခြားပေ။ ကြည့်ရတာ သန်းခေါင်ယံည လူသတ်သမားလို ညသန်းခေါင်ကျမှ အပြင်အဆင်က အလိုလျောက်ပြောင်းသွားမည်ထင်ပါသည်။ ဒါကြောင့် ဆုရပြီးတော့ Chen Ge က ဘာမှစိတ်မပူတော့ပေ။ သူက အခန်းထဲကထွက်လိုက်ပြီး ညသန်းခေါင်ရောက်မှာကို စောင့်လိုက်သည်။ မှန်ထဲကမကောင်းဆိုးဝါးမရှိတော့ပေမယ့် မှန်ထဲကနံပါတ်က ပျောက်သွားပေ။

Chen Ge က ပထမထပ်အိမ်သာ၏ မှန်ချပ်ပေါ်က သွေးတုများကို သန့်ရှင်းရေးလုပ်နေစဉ် ကြက်သီးထလာသည်။ နေ့လည်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကြောင့် သူက အိမ်သာကို အရေးတကြီး သန့်ရှင်းနေခြင်းဖြစ်သည်။ ဧည့်သည်တစ်ယောက်က သရဲအိမ်ထဲကစားရင်း သေးပေါက်ချင်လာသောကြောင့် Chen Ge က သူ့ကို ပထမထပ်ကအိမ်သာကို သုံးဖို့ပို့ပေးခဲ့သည်။ ဒါပေမယ့် ဧည့်သည်က ကြမ်းပြင်နှင့်မှန်ပေါ်က သွေးတုများကိုတွေ့တော့ ဒီအိမ်သာကိုသုံးဖို့ ငြင်းဆန်ခဲ့သည်။ သေးပေါက်ချင်လွန်းလို့ သူ့မျက်နှာ စိမ်းပြာလာသောကြောင့် Chen Ge က သူ့ကို သရဲအိမ်အပြင်ကို ပို့ပေးလိုက်ရသည်။

"ကြောက်လန့်စရာနေရာက ထိတ်လန့်စရာ ရသကို ပေးနိုင်ပေမယ့် ဧည့်သည်တွေအတွက် အစစအရာရာ သက်တောင့်သက်သာလည်း ဖြစ်နိုင်ရမယ်.. ဒါက ငါတို့ဘက်ကပေးရမယ့် အကောင်းဆုံးဝန်ဆောင်မှုပဲ.."

သူ့အဖေဆီကရလိုက်သည့် စကားဖြစ်သောကြောင့် Chen Ge က သန့်ရှင်းရေးလုပ်ကာ အိမ်သာခန်းတံခါးကို ပြန်ပြန်လိုက်သည်။ အားလုံးပြီးတော့ ည 11 နာရီထိုးနေလေပြီ။ Chen Ge က မှန်ရှေ့မှာရပ်ရင်း Video Sharing website မှာဝင်ကြည့်တော့ သူ့ရဲ့ Video Livesteam ကိုကြည့်သူတွေ ဆက်တိုးနေသည်ကိုတွေ့ရသည်။ တခြားလူတွေက ဒီ video ကို ဆက် share ကြသလို သူ့ page ကို ကြေငြာပေးဖို့ ကမ်းလှမ်းသောကြေငြာများလည်း ဆက်တိုက်တက်နေသည်။

ည 11:59 ရောက်တော့ Chen Ge က ခက်ခဲသောမစ်ရှင်ကိုလုပ်ဖို့ အိမ်သာခန်းမီးကို ပိတ်ကာ မှန်ရှေ့မှာရပ်စောင့်လိုက်သည်။

------------------------------

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now