Chapter (34) - သရဲအိမ္၏နာမည္ေကာင္း (Zawgyi+Unicode)

1.3K 326 2
                                    

Chapter (34) -  သရဲအိမ္၏နာမည္ေကာင္း  (Zawgyi+Unicode)

Chen Ge  က သူ႕ေရွ႕မွာ အရုပ္ 4 ခုခ်ထားျပီး အေမွာင္ခန္းထဲမွာ တစ္ေယာက္တည္းထုိင္ေနသည္။ ျမင္ကြင္းက ေႀကာက္စရာေကာင္းတယ္ဆိုေပမယ့္ ကံေကာင္းျပီး ဘယ္သူမွ မျမင္ေပ။

"မင္းတို႕ေတြ ငါ့သရဲအိမ္ထဲ ဘယ္လိုေပၚလာတယ္ဆိုတာ ငါမသိေပမယ့္ ငါကတိေပးနုိင္တာက ဒီေနရာမွာ မင္းတို႕ ဘာမွထပ္ျပီး မနာက်င္ေစရေတာ့ဘူးဆိုတာပဲ။  "

Chen Ge ရဲ႕အသံက အခန္းထဲပဲ့တင္ထပ္ေနျပီး အရုပ္ေလးရုပ္ကို ႀကည့္ျပီး ရင္ထဲထူးဆန္းလာသည္။ တဖက္မွာ သူ႕အထင္ကို အတည္ျပဳခ်င္ေပမယ့္ တဖက္မွာ တခုခု မေကာင္းတာျဖစ္မွာကို စိုးရိမ္ေနမိသည္။ ခဏႀကာေတာ့ သူက အေတြးေခါင္ေနမိတယ္လို႕ဆံုးျဖတ္ျပီး ေျပာလိုက္သည္။

"ဒီ သန္းေခါင္ယံလူသတ္သမား သရဲေျခာက္တဲ့ အခန္းက လြန္ခဲ့တဲ့ 4 နွစ္ ဖင္းအန္းတိုက္ခန္းမွာ ျဖစ္ခဲ့တဲ့ရာဇဝတ္မႈကို အေျခခံျပီး လုပ္ခဲ့တာျဖစ္တယ္။ မင္းတို႕ေလးေယာက္က အဲ့အမႈက နစ္နာခဲ့ရတဲ့ အသတ္ခံလိုက္ရတဲ့ သူေတြျဖစ္နုိင္တယ္။   "

ဒီစကားကိုႀကားေတာ့ အခန္းထဲက အပူခ်ိန္ေလ်ာ့က်လာျပီး အခန္းတံခါးက အလိုေလ်ာက္ပိတ္ကာ ေသာ့ခတ္လိုက္ျပီး ပရိေဘာကေတြ ေရႊ႕လ်ားကုန္သည္။

" ဒါေပမယ့္ ငါ ဒီအမႈကို ေျဖရွင္းလိုက္ပါျပီ။ လူသတ္မႈမွာပါတဲ့လူကို ငါ ေဖာ္ထုတ္လိုက္ျပီး တရားဥပေဒေအာက္ကို ပို႕လိုက္ပါျပီ။  "

Chen Ge က အခန္းထဲက ေျပာင္းလဲမႈကို မသိမထားမိသလို ဆက္ေျပာရင္း ဖုန္းကို ထုတ္ျပီး မနက္ခင္း အင္တာနက္မွာ ပါလာတဲ့သတင္းကို ျပဖို႕ႀကိဳးစားလိုက္သည္။

" ဒိီမွာႀကည့္။ ဒီဟာက ဖင္းအန္းတို္က္ခန္း၊ ငါ တရားခံကို ေဖာ္ထုတ္လိုက္ျပီ။ သူ႕ကို အခု ရဲေတြလိုက္ဖမ္းေနတယ္ "

အရုပ္ေလးခုရဲ႕ မျပီးျပတ္ေသးတဲ့အလုပ္ဆိုတာ ဖင္းအန္းတိုက္ခန္းက လူသတ္သမား ဝမ့္ခ်ီနဲ႕ ပတ္သတ္ေနမယ္ဆိုတာ သူသိသည္။ ဒါေႀကာင့္ သူတုိ႕ကို သတ္သြားတဲ့လူ ေပၚသြားျပီဆိုတာ အသိေပးျပီး သူလုပ္ရမယ့္ အလုပ္ကို အဆံုးသတ္ခ်င္ေပမယ့္ ဒီဟာက အသံုးဝင္မယ့္ပံု မေပၚေပ။ ေလထုထဲက အေျခေနက တင္းက်ပ္လာျပီး ေအးစိမ့္လာခဲ့သည္။ Chen Ge  လည္း ဘယ္လိုဆက္လုပ္ရမည္ကို မသိေတာ့ေပ။ ပရေလာကသားေတြနဲ႕ ပြင့္လင္းစြာ စကားေျပာလို႕မရတာ အခုအျဖစ္မွာ အခက္ခဲမ်ားစြာျဖစ္ေစသည္။ Chen Ge သည္ သူေမွ်ာ္လင့္သလို ျဖစ္မလာသျဖင့္ မတည္မျငိမ္ျဖစ္လာေပမယ့္ အလြယ္တကူ အရံႈးမေပးနုိင္ဘူး။ဒီဟာက သူပိုင္တဲ သရဲအိမ္ျဖစ္သည္။ ဒီသရဲေတြကို သရဲအိမ္ထဲ လြတ္လပ္စြာသြားလာခြင့္ေပးလွ်င္ ေနာင္ခါမွာ မေတာ္တဆမႈေတြျဖစ္လာျပီး သူ႕သရဲအိမ္အနာဂါတ္ကို ထိခိုက္လာနို္္င္သည္။ သူ ဘယ္လိုျဖစ္ျဖစ္ ေျဖရွင္းရမည္။

"စိတ္ေအးေအးထားႀကပါ။ ကြ်န္ေတာ္ ခင္ဗ်ားတို႕ကို ကူညီေပးဖို႕ ဒီကိုေရာက္ေနတာပါ။  "

သရဲေတြက သူေျပာတာကိုအာရံုမစိုက္ႀကေပ။ အခန္းထဲ အသံေတြပိုဆူလာႀကသည္။ Chen Ge က သူ ေတြ႕ခဲ့တဲ့ လူေပ်ာက္ေႀကျငာကို သတိရလိုက္ျပီး ထုတ္ယူလိုက္သည္။ အဝါေရာင္စာရြက္က ေသြးစြန္းေနျပီး ထူးျခားမႈမရွိေပ။ ဒီစာရြက္ကို ထုတ္လိုက္တာနဲ႕ အခန္းထဲက ဆူညံသံခ်က္ခ်င္းျငိမ္က်သြားလို႕ Chen Ge က လည္ပင္းညစ္ခံထားရတာက လြတ္သြားသလို ခံစားလိုက္ရသည္။


" မင္းတို႕လိုခ်င္တာ ဒီလူလား။ "

Chen Ge က လူေပ်ာက္ေႀကျငာကို အရုပ္ေလးခုႀကားမွာ ခ်လုိက္ေတာ့ စာရြက္က ေလမတုိက္ပဲ ေလထဲ လြင့္ပ်ံေနသည္။ အရုပ္ေတြကလည္း လႈပ္ခါေနသည္။ ဒီျမင္ကြင္းက ယံုႀကည္စရာ တစက္မွ မရွိေပ။ Chen Ge က ဒီျမင္ကြင္းကို ေသခ်ာႀကည့္လိုက္ေတာ့ လူေပ်ာက္ေႀကျငာစာရြက္မွာ လူမ်က္နွာပံုတစ္ခု ေပၚလာျပီး ထိုအသံက ဝမ့္ခ်ီး၏ ရုပ္နွင့္ဆင္တူသည္။ ထိုစာရြက္က လင္းလက္လာျပီး ေပ်ာက္ကြယ္သြားကာ အရာအားလံုး ျငိမ္သက္သြားခဲ့သည္။

" ျပီးျပီလား။ ဒါပဲလား.. "

Chen Ge က ေရရြတ္လိုက္မိစဥ္ သူ႕ဖုန္းအနက္ေရာင္တုန္ခါလာျပီး စာတစ္ေစာင္ဝင္လာသည္။

" ဂုဏ္ယူပါတယ္။ မင္းရဲ႕ လွ်ိဳ႕ဝွက္မစ္ရွင္ ျပီးသြားပါျပီ။ မင္းရဲ႕ သရဲအိမ္ နာမည္ေကာင္းက 60% တုိးလာသျဖင့္ သင့္သရဲ အိမ္ကို ကူညီလုပ္ေပးရန္ သရဲ 4 ေကာင္ကိုရရွိလိုက္သည္။ သူတုိ႕က သင့္သရဲအိမ္သန္႕ရွင္းေရးမ်ားကို ေန႕စဥ္ ကူညီ လုပ္ေဆာင္ ေပးလိမ့္မည္။ ဒါေႀကာင့္ သန္းေခါင္ယံည လူသတ္သမား အခန္းကို ပိုေႀကာက္စရာေကာင္းေအာင္ သူတို႕က လုပ္ေပးပါလိ့္မ္မည္။ "

"ဒါဆို လွ်ိဳ႕ဝွက္မစ္ရွင္က လံုးဝျပီးသြားျပီေပါ့  "

Chen Ge ကေရရြတ္လိုက္ျပီး ရလိုက္သည့္ သတင္းမ်ားကို ဆက္စပ္ႀကည့္ေနသည္။
အစမ္းမစ္ရွင္လုပ္တာ 90 % ျပီးလို႕ ဖံုးကြယ္ထားသည့္ အရာမ်ားကို ရလိုက္သည္။ ထိုဖံုးကြယ္ထားသည့္ အရာမ်ားက လွ်ိဳ႕ဝွက္မစ္ရွင္ ျပီးေအာင္လုပ္ဖို႕ အဓိက လုိအပ္သည္။ ဒါဆိုရင္ေနာင္ခါ သရဲအိမ္ ကို တိုးျမွင့္ဖို႕ အတြက္ အစမ္း မစ္ရွင္ကို 90% ျပီးေအာင္လုပ္ဖို႕ လိုအပ္သည္။ ဒါဆိုရင္ သူက ဖင္းအန္းတို္္က္ခန္းမွာ ညလံုးေပါက္ ေသလုေမွ်ာပါး ထြက္ေျပးေနရဖို႕ လုိအပ္တာေပါ့။ ဒါမွ ငါက ဆုလာဘ္အျဖစ္ ဖံုးကြယ္ထားတဲ့ အရာကိုရျပီး လွ်ိဳ႕ဝွက္မစ္ရွင္ကို ေအာင္ျမင္နုိင္မယ္။ ဒါက ကစားသမားေတြကို ေထာင္ေခ်ာက္ ဆင္ထားျပီး မျပီးဆံုးတဲ့ မစ္ရွင္ကို လုပ္ေအာင္ အတင္းခုိ္င္းေနတာပဲ။ 

Chen Ge သည္ ဖုန္းအနက္ထဲက အျခား ဘာမ်ားရလိုက္ သလဲ ဆိုတာ ထုတ္ႀကည့္လုိက္ေတာ့ "သင့္ရဲ႕ သရဲနွင့္ ဝိဥာဥ္အဖြဲဝင္မ်ား  - 0  " ဆိုတာကို ေတြ႕လိုက္ရသည္။ အခု သူက ဖင္းအန္းတုိက္ခန္းက သရဲေတြဆီက ခ်စ္ခင္နွစ္လိုမႈကို ရလိုက္လို႕ အလုပ္လုပ္ေပးမည့္ သရဲ 4 ေကာင္လိုက္တာေတာင္ သူ႕ရဲ႕ သရဲအဖြဲ႕ဝင္စာရင္းထဲမွာ ဘာေႀကာင့္ မပါပါလိ္မ့္။ ႀကည့္ရတာ သူတို႕က သူ႕ကို ကူညီေပးမယ္ လို႕ ကတိမေပးထားလို႕လား၊ ဒါမွမဟုတ္ အခဲမေက်သည့္ ဝိဥာဥ္မ်ားက သရဲနွင့္ ဝိဥာဥ္စာရင္းထဲ မပါလို႕မ်ားလား။ Chen Ge က ေတြးရင္း သူ႕ဖုန္းအနက္ထဲက " သိမ္းဆည္းထားေသာ ပိုင္ဆုိင္မႈမ်ား "ဆိုသည့္ ခလုတ္ကိုနွိပ္လိုက္ေတာ့ ဝမ့္ခ်ီးရဲ႕ လူေပ်ာက္ေႀကျငာစာရြက္ ရွိေနေသးသည္ကို ေတြ႕လိုက္ရသည္။ ျပီးေတာ့ အညိွဳးရမွတ္လည္း ဘာမွ မရေသးေပ။ အညွိဳးရမွတ္က ဘာလုပ္ရမွာလဲ။ သူ႕ဆီကုိေရာက္ေနတဲ့ ဝိဥာဥ္ေလးေကာင္ကို ေကြ်းရမယ့္ အမွတ္ေတြလား မသိေတာ့ေပ။

ဖံုးကြယ္ထားသည့္ ေလာကရဲ႕တံခါးက တျဖည္းျဖည္းပြင့္သြား ေပမယ့္ ဒီေလာကနဲ႕ပတ္သတ္တာကို သူ ဘာမွ ေသခ်ာ မသိေသးဘူး။ အခု သူ သိသေလာက္ေလးကို ေခါင္းထဲမွာ ေပါင္းစပ္ျပီး ေလ့လာေနရသည္။ Chen Ge က နဖူးေပၚက ေခြ်းကို သပ္လိုက္ျပီး ႀကမ္းျပင္ေပၚက ထလိုက္သည္။

" ငါက သရဲေတြနဲ႕စကားမေျပာနုိင္ေသးေပမယ့္ သူတို႕ဆီက အကူညီေတာ့ ငါရလိုက္ေသးတာပဲ။ ဒါက ဆိုးက်ိဳးထက္ ေကာင္းက်ဳိးရလိုက္တယ္ဆုိရမယ္။  "

သူရဲအိမ္ကို ဆက္ထိန္းဖို႕ဆိုတာ မလြယ္လွေပ။ ႀကမ္းျပင္ေပၚက အရုပ္ 4 ရုပ္ကို ႀကည့္ျပီး Chen Ge  စိတ္ဓါတ္က်ေနတာေတြ ေႀကာက္ေနတာေတြ တျဖည္းျဖည္းေပ်ာက္သြားျပီး အားရွိလာေတာ့သည္။ သရဲအိမ္မွာ သရဲဝန္ထမ္းေတြဌားထားတာ ရယ္စရာေတာ့ မေကာင္းပါဘူး။ Chen Ge က တံခါးဝကိုေရာက္ေတာ့ ေနာက္ကို ျပန္ႀကည့္လိုက္သည္။ မိဘနွစ္ပါးနွင့္ အမျဖစ္သူ အရုပ္ေလးက သူ႕ေနရာမွာ ရွိေနေပမယ့္ အငယ္ဆံုး ကေလးမ အရုပ္ေလးက အေပါက္ဝနားကို တိုးျပိီးခုိးထြက္ခ်င္ေနသလိုပဲ။ သူက ေလာကႀကီးရဲ႕ဆန္းႀကယ္မႈကို စပ္စုခ်င္သည့္ ေႀကာင္ေပါက္ေလးနွင့္ပင္တူေနေသးသည္။ ရုတ္တရက္ ဒီ ဝိဥာဥ္ပူးေနသည့္ အရုပ္ေလးေတြက ေႀကာက္စရာမေကာင္းပဲ ခ်စ္စရာေကာင္းသည္ဟု Chen Ge  ထင္လာေတာ့သည္။

ဖင္းအန္းတိုက္ခန္းက အခဲမေႀကသည့္ ဝိဥာဥ္ 4 ဦးကို ကူညီေပးလိုက္ျပီးေနာက္ သူက ဖုန္းအနက္အေႀကာင္းကို ပိုနားလည္လာခဲ့သည္။

" ေကာင္မေလး...မင္း အျပင္မွာ ေလွ်ာက္သြားမေနနဲ႕ဦး။ သတိမထားရင္ သူမ်ားက မင္းကို တက္နင္းမိသြားလိမ့္မယ္။  "

Chen Ge က အရုပ္မေလးကို သတိေပးစကားဆိုလိုက္သည္။

ဖုန္းအနက္ေပၚက ဖြင့္မရေသးတဲ့အ ခန္းေတြက ေျခာက္လွန္႕ရံု ကလြဲျပီး ဘာမွ မလုပ္နုိ္င္ေပ။ ဒီသရဲအိမ္ထဲက ကစားကြက္တုိ္င္းမွာ ကိုယ္ပိုင္ဇာတ္လမ္း ကိုယ္ပိုင္အေႀကာင္းျပခ်က္ ကိုယ္စီရွိေနသည္။ ဒီထဲက ျပသနာကို သူသာ ေျဖရွင္းေပးလိုက္မယ္ဆိုရင္ ခိုကိုးရာမဲ့ ဝိဥာဥ္ေတြအတြက္ အိမ္လို႕ ေခၚလို႕ရမယ့္ ေနရာတစ္ခုကို ရွာေပးနုိင္လိမ့္မည္။ ဒီလိုေတြးမိျပီး Chen Ge  စိတ္လက္ေပါ့ပါးစြာျဖင့္ လက္နွိပ္ဓါတ္မီးကို ပိတ္ျပီး စႀကၤန္လမ္းတေလွ်ာက္ေလွ်ာက္လာခဲ့သည္။

ခပ္လွမ္းလွမ္းကိုေရာက္ျပီး လူေကာ သရဲေကာ မႀကားနုိင္သည့္ ေနရာ ကိုေရာက္မွ Chen Ge ၏ နူတ္ခမ္းက အထက္ကို ေကာ့ညြတ္ျပံုးသြားျပီး ေက်နပ္စြာတိီးတိုးေျပာလိုက္သည္။
 
" ဒါက လူကို ေႀကာက္ေအာင္ေျခာက္နုိင္စြမ္းရွိတဲ့ ပညာရွင္ေတြရတဲ့ အခ်က္ပဲကြ။ သရဲအိမ္အတြက္ ဝိဥာဥ္ဝန္ထမ္းကို ခန္႕ထားတာ ေကာင္းလိုက္တာ။ သူတို႕ကို လစာေပးစရာမလိုဘူး။ သူတုိ႕က ေမာတာတို႕ ပင္ပန္းတာတို႕လည္းမရွိဘူး။ အလုပ္ခ်ိန္မ်ားတာ မေက်နပ္တာလည္း မရွိေတာ့ ေကာင္းလိုက္တာ။ ဒါဆို ငါ့သရဲအိမ္ က အနာဂါတ္မွာ ပိုနာမည္ႀကီးဖို႕ပဲက်န္ေတာ့တယ္။ လာစမ္း... အခု ငါ့ကိုေစာင့္ေနတဲ့ သူ ဘယ္နွစ္ေယာက္က်န္ေနေသး လဲ။ အားလံုးကို တခါတည္း ေႀကာက္သြားေအာင္ ေျခာက္ပစ္လိုက္မယ္ကြ.... "

Chen Ge က ထိုအေတြးျဖင့္ အားတက္သြားျပီး သရဲအိမ္ထဲ ပိတ္မိေနသည့္ ေဆးေက်ာင္းသားမ်ားကို ေျခာက္ရန္ တက္ႀကြစြာျဖင့္ ထြက္လာခဲ့ေတာ့သည္။

"  အခု အဆံုးသတ္ဖို႕ အခ်ိန္ေရာက္ျပီ။ ဘယ္သူက ငါ့ရဲ႕ပထမဆံုး သားေကာင္ျဖစ္မလဲ....."
================================

Chapter (34) -  သရဲအိမ်၏နာမည်ကောင်း  (Zawgyi+Unicode)

Chen Ge  က သူ့ရှေ့မှာ အရုပ် 4 ခုချထားပြီး အမှောင်ခန်းထဲမှာ တစ်ယောက်တည်းထိုင်နေသည်။ မြင်ကွင်းက ကြောက်စရာကောင်းတယ်ဆိုပေမယ့် ကံကောင်းပြီး ဘယ်သူမှ မမြင်ပေ။

"မင်းတို့တွေ ငါ့သရဲအိမ်ထဲ ဘယ်လိုပေါ်လာတယ်ဆိုတာ ငါမသိပေမယ့် ငါကတိပေးနိုင်တာက ဒီနေရာမှာ မင်းတို့ ဘာမှထပ်ပြီး မနာကျင်စေရတော့ဘူးဆိုတာပဲ။  "

Chen Ge ရဲ့အသံက အခန်းထဲပဲ့တင်ထပ်နေပြီး အရုပ်လေးရုပ်ကို ကြည့်ပြီး ရင်ထဲထူးဆန်းလာသည်။ တဖက်မှာ သူ့အထင်ကို အတည်ပြုချင်ပေမယ့် တဖက်မှာ တခုခု မကောင်းတာဖြစ်မှာကို စိုးရိမ်နေမိသည်။ ခဏကြာတော့ သူက အတွေးခေါင်နေမိတယ်လို့ဆုံးဖြတ်ပြီး ပြောလိုက်သည်။

"ဒီ သန်းခေါင်ယံလူသတ်သမား သရဲခြောက်တဲ့ အခန်းက လွန်ခဲ့တဲ့ 4 နှစ် ဖင်းအန်းတိုက်ခန်းမှာ ဖြစ်ခဲ့တဲ့ရာဇဝတ်မှုကို အခြေခံပြီး လုပ်ခဲ့တာဖြစ်တယ်။ မင်းတို့လေးယောက်က အဲ့အမှုက နစ်နာခဲ့ရတဲ့ အသတ်ခံလိုက်ရတဲ့ သူတွေဖြစ်နိုင်တယ်။   "

ဒီစကားကိုကြားတော့ အခန်းထဲက အပူချိန်လျော့ကျလာပြီး အခန်းတံခါးက အလိုလျောက်ပိတ်ကာ သော့ခတ်လိုက်ပြီး ပရိဘောကတွေ ရွှေ့လျားကုန်သည်။

" ဒါပေမယ့် ငါ ဒီအမှုကို ဖြေရှင်းလိုက်ပါပြီ။ လူသတ်မှုမှာပါတဲ့လူကို ငါ ဖော်ထုတ်လိုက်ပြီး တရားဥပဒေအောက်ကို ပို့လိုက်ပါပြီ။  "

Chen Ge က အခန်းထဲက ပြောင်းလဲမှုကို မသိမထားမိသလို ဆက်ပြောရင်း ဖုန်းကို ထုတ်ပြီး မနက်ခင်း အင်တာနက်မှာ ပါလာတဲ့သတင်းကို ပြဖို့ကြိုးစားလိုက်သည်။

" ဒီမှာကြည့်။ ဒီဟာက ဖင်းအန်းတိုက်ခန်း၊ ငါ တရားခံကို ဖော်ထုတ်လိုက်ပြီ။ သူ့ကို အခု ရဲတွေလိုက်ဖမ်းနေတယ် "

အရုပ်လေးခုရဲ့ မပြီးပြတ်သေးတဲ့အလုပ်ဆိုတာ ဖင်းအန်းတိုက်ခန်းက လူသတ်သမား ဝမ့်ချီနဲ့ ပတ်သတ်နေမယ်ဆိုတာ သူသိသည်။ ဒါကြောင့် သူတို့ကို သတ်သွားတဲ့လူ ပေါ်သွားပြီဆိုတာ အသိပေးပြီး သူလုပ်ရမယ့် အလုပ်ကို အဆုံးသတ်ချင်ပေမယ့် ဒီဟာက အသုံးဝင်မယ့်ပုံ မပေါ်ပေ။ လေထုထဲက အခြေနေက တင်းကျပ်လာပြီး အေးစိမ့်လာခဲ့သည်။ Chen Ge  လည်း ဘယ်လိုဆက်လုပ်ရမည်ကို မသိတော့ပေ။ ပရလောကသားတွေနဲ့ ပွင့်လင်းစွာ စကားပြောလို့မရတာ အခုအဖြစ်မှာ အခက်ခဲများစွာဖြစ်စေသည်။ Chen Ge သည် သူမျှော်လင့်သလို ဖြစ်မလာသဖြင့် မတည်မငြိမ်ဖြစ်လာပေမယ့် အလွယ်တကူ အရှုံးမပေးနိုင်ဘူး။ဒီဟာက သူပိုင်တဲ သရဲအိမ်ဖြစ်သည်။ ဒီသရဲတွေကို သရဲအိမ်ထဲ လွတ်လပ်စွာသွားလာခွင့်ပေးလျှင် နောင်ခါမှာ မတော်တဆမှုတွေဖြစ်လာပြီး သူ့သရဲအိမ်အနာဂါတ်ကို ထိခိုက်လာနို်င်သည်။ သူ ဘယ်လိုဖြစ်ဖြစ် ဖြေရှင်းရမည်။

"စိတ်အေးအေးထားကြပါ။ ကျွန်တော် ခင်ဗျားတို့ကို ကူညီပေးဖို့ ဒီကိုရောက်နေတာပါ။  "

သရဲတွေက သူပြောတာကိုအာရုံမစိုက်ကြပေ။ အခန်းထဲ အသံတွေပိုဆူလာကြသည်။ Chen Ge က သူ တွေ့ခဲ့တဲ့ လူပျောက်ကြေငြာကို သတိရလိုက်ပြီး ထုတ်ယူလိုက်သည်။ အဝါရောင်စာရွက်က သွေးစွန်းနေပြီး ထူးခြားမှုမရှိပေ။ ဒီစာရွက်ကို ထုတ်လိုက်တာနဲ့ အခန်းထဲက ဆူညံသံချက်ချင်းငြိမ်ကျသွားလို့ Chen Ge က လည်ပင်းညစ်ခံထားရတာက လွတ်သွားသလို ခံစားလိုက်ရသည်။


" မင်းတို့လိုချင်တာ ဒီလူလား။ "

Chen Ge က လူပျောက်ကြေငြာကို အရုပ်လေးခုကြားမှာ ချလိုက်တော့ စာရွက်က လေမတိုက်ပဲ လေထဲ လွင့်ပျံနေသည်။ အရုပ်တွေကလည်း လှုပ်ခါနေသည်။ ဒီမြင်ကွင်းက ယုံကြည်စရာ တစက်မှ မရှိပေ။ Chen Ge က ဒီမြင်ကွင်းကို သေချာကြည့်လိုက်တော့ လူပျောက်ကြေငြာစာရွက်မှာ လူမျက်နှာပုံတစ်ခု ပေါ်လာပြီး ထိုအသံက ဝမ့်ချီး၏ ရုပ်နှင့်ဆင်တူသည်။ ထိုစာရွက်က လင်းလက်လာပြီး ပျောက်ကွယ်သွားကာ အရာအားလုံး ငြိမ်သက်သွားခဲ့သည်။

" ပြီးပြီလား။ ဒါပဲလား.. "

Chen Ge က ရေရွတ်လိုက်မိစဉ် သူ့ဖုန်းအနက်ရောင်တုန်ခါလာပြီး စာတစ်စောင်ဝင်လာသည်။

" ဂုဏ်ယူပါတယ်။ မင်းရဲ့ လျှို့ဝှက်မစ်ရှင် ပြီးသွားပါပြီ။ မင်းရဲ့ သရဲအိမ် နာမည်ကောင်းက 60% တိုးလာသဖြင့် သင့်သရဲ အိမ်ကို ကူညီလုပ်ပေးရန် သရဲ 4 ကောင်ကိုရရှိလိုက်သည်။ သူတို့က သင့်သရဲအိမ်သန့်ရှင်းရေးများကို နေ့စဉ် ကူညီ လုပ်ဆောင် ပေးလိမ့်မည်။ ဒါကြောင့် သန်းခေါင်ယံည လူသတ်သမား အခန်းကို ပိုကြောက်စရာကောင်းအောင် သူတို့က လုပ်ပေးပါလိ့်မ်မည်။ "

"ဒါဆို လျှို့ဝှက်မစ်ရှင်က လုံးဝပြီးသွားပြီပေါ့  "

Chen Ge ကရေရွတ်လိုက်ပြီး ရလိုက်သည့် သတင်းများကို ဆက်စပ်ကြည့်နေသည်။
အစမ်းမစ်ရှင်လုပ်တာ 90 % ပြီးလို့ ဖုံးကွယ်ထားသည့် အရာများကို ရလိုက်သည်။ ထိုဖုံးကွယ်ထားသည့် အရာများက လျှို့ဝှက်မစ်ရှင် ပြီးအောင်လုပ်ဖို့ အဓိက လိုအပ်သည်။ ဒါဆိုရင်နောင်ခါ သရဲအိမ် ကို တိုးမြှင့်ဖို့ အတွက် အစမ်း မစ်ရှင်ကို 90% ပြီးအောင်လုပ်ဖို့ လိုအပ်သည်။ ဒါဆိုရင် သူက ဖင်းအန်းတို်က်ခန်းမှာ ညလုံးပေါက် သေလုမျှောပါး ထွက်ပြေးနေရဖို့ လိုအပ်တာပေါ့။ ဒါမှ ငါက ဆုလာဘ်အဖြစ် ဖုံးကွယ်ထားတဲ့ အရာကိုရပြီး လျှို့ဝှက်မစ်ရှင်ကို အောင်မြင်နိုင်မယ်။ ဒါက ကစားသမားတွေကို ထောင်ချောက် ဆင်ထားပြီး မပြီးဆုံးတဲ့ မစ်ရှင်ကို လုပ်အောင် အတင်းခိုင်းနေတာပဲ။ 

Chen Ge သည် ဖုန်းအနက်ထဲက အခြား ဘာများရလိုက် သလဲ ဆိုတာ ထုတ်ကြည့်လိုက်တော့ "သင့်ရဲ့ သရဲနှင့် ဝိဉာဉ်အဖွဲဝင်များ  - 0  " ဆိုတာကို တွေ့လိုက်ရသည်။ အခု သူက ဖင်းအန်းတိုက်ခန်းက သရဲတွေဆီက ချစ်ခင်နှစ်လိုမှုကို ရလိုက်လို့ အလုပ်လုပ်ပေးမည့် သရဲ 4 ကောင်လိုက်တာတောင် သူ့ရဲ့ သရဲအဖွဲ့ဝင်စာရင်းထဲမှာ ဘာကြောင့် မပါပါလိမ့်။ ကြည့်ရတာ သူတို့က သူ့ကို ကူညီပေးမယ် လို့ ကတိမပေးထားလို့လား၊ ဒါမှမဟုတ် အခဲမကျေသည့် ဝိဉာဉ်များက သရဲနှင့် ဝိဉာဉ်စာရင်းထဲ မပါလို့များလား။ Chen Ge က တွေးရင်း သူ့ဖုန်းအနက်ထဲက " သိမ်းဆည်းထားသော ပိုင်ဆိုင်မှုများ "ဆိုသည့် ခလုတ်ကိုနှိပ်လိုက်တော့ ဝမ့်ချီးရဲ့ လူပျောက်ကြေငြာစာရွက် ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ ပြီးတော့ အညှိုးရမှတ်လည်း ဘာမှ မရသေးပေ။ အညှိုးရမှတ်က ဘာလုပ်ရမှာလဲ။ သူ့ဆီကိုရောက်နေတဲ့ ဝိဉာဉ်လေးကောင်ကို ကျွေးရမယ့် အမှတ်တွေလား မသိတော့ပေ။

ဖုံးကွယ်ထားသည့် လောကရဲ့တံခါးက တဖြည်းဖြည်းပွင့်သွား ပေမယ့် ဒီလောကနဲ့ပတ်သတ်တာကို သူ ဘာမှ သေချာ မသိသေးဘူး။ အခု သူ သိသလောက်လေးကို ခေါင်းထဲမှာ ပေါင်းစပ်ပြီး လေ့လာနေရသည်။ Chen Ge က နဖူးပေါ်က ချွေးကို သပ်လိုက်ပြီး ကြမ်းပြင်ပေါ်က ထလိုက်သည်။

" ငါက သရဲတွေနဲ့စကားမပြောနိုင်သေးပေမယ့် သူတို့ဆီက အကူညီတော့ ငါရလိုက်သေးတာပဲ။ ဒါက ဆိုးကျိုးထက် ကောင်းကျိုးရလိုက်တယ်ဆိုရမယ်။  "

သူရဲအိမ်ကို ဆက်ထိန်းဖို့ဆိုတာ မလွယ်လှပေ။ ကြမ်းပြင်ပေါ်က အရုပ် 4 ရုပ်ကို ကြည့်ပြီး Chen Ge  စိတ်ဓါတ်ကျနေတာတွေ ကြောက်နေတာတွေ တဖြည်းဖြည်းပျောက်သွားပြီး အားရှိလာတော့သည်။ သရဲအိမ်မှာ သရဲဝန်ထမ်းတွေဌားထားတာ ရယ်စရာတော့ မကောင်းပါဘူး။ Chen Ge က တံခါးဝကိုရောက်တော့ နောက်ကို ပြန်ကြည့်လိုက်သည်။ မိဘနှစ်ပါးနှင့် အမဖြစ်သူ အရုပ်လေးက သူ့နေရာမှာ ရှိနေပေမယ့် အငယ်ဆုံး ကလေးမ အရုပ်လေးက အပေါက်ဝနားကို တိုးပြီးခိုးထွက်ချင်နေသလိုပဲ။ သူက လောကကြီးရဲ့ဆန်းကြယ်မှုကို စပ်စုချင်သည့် ကြောင်ပေါက်လေးနှင့်ပင်တူနေသေးသည်။ ရုတ်တရက် ဒီ ဝိဉာဉ်ပူးနေသည့် အရုပ်လေးတွေက ကြောက်စရာမကောင်းပဲ ချစ်စရာကောင်းသည်ဟု Chen Ge  ထင်လာတော့သည်။

ဖင်းအန်းတိုက်ခန်းက အခဲမကြေသည့် ဝိဉာဉ် 4 ဦးကို ကူညီပေးလိုက်ပြီးနောက် သူက ဖုန်းအနက်အကြောင်းကို ပိုနားလည်လာခဲ့သည်။

" ကောင်မလေး...မင်း အပြင်မှာ လျှောက်သွားမနေနဲ့ဦး။ သတိမထားရင် သူများက မင်းကို တက်နင်းမိသွားလိမ့်မယ်။  "

Chen Ge က အရုပ်မလေးကို သတိပေးစကားဆိုလိုက်သည်။

ဖုန်းအနက်ပေါ်က ဖွင့်မရသေးတဲ့အ ခန်းတွေက ခြောက်လှန့်ရုံ ကလွဲပြီး ဘာမှ မလုပ်နိုင်ပေ။ ဒီသရဲအိမ်ထဲက ကစားကွက်တိုင်းမှာ ကိုယ်ပိုင်ဇာတ်လမ်း ကိုယ်ပိုင်အကြောင်းပြချက် ကိုယ်စီရှိနေသည်။ ဒီထဲက ပြသနာကို သူသာ ဖြေရှင်းပေးလိုက်မယ်ဆိုရင် ခိုကိုးရာမဲ့ ဝိဉာဉ်တွေအတွက် အိမ်လို့ ခေါ်လို့ရမယ့် နေရာတစ်ခုကို ရှာပေးနိုင်လိမ့်မည်။ ဒီလိုတွေးမိပြီး Chen Ge  စိတ်လက်ပေါ့ပါးစွာဖြင့် လက်နှိပ်ဓါတ်မီးကို ပိတ်ပြီး စင်္ကြန်လမ်းတလျှောက်လျှောက်လာခဲ့သည်။

ခပ်လှမ်းလှမ်းကိုရောက်ပြီး လူကော သရဲကော မကြားနိုင်သည့် နေရာ ကိုရောက်မှ Chen Ge ၏ နူတ်ခမ်းက အထက်ကို ကော့ညွတ်ပြုံးသွားပြီး ကျေနပ်စွာတီးတိုးပြောလိုက်သည်။
 
" ဒါက လူကို ကြောက်အောင်ခြောက်နိုင်စွမ်းရှိတဲ့ ပညာရှင်တွေရတဲ့ အချက်ပဲကွ။ သရဲအိမ်အတွက် ဝိဉာဉ်ဝန်ထမ်းကို ခန့်ထားတာ ကောင်းလိုက်တာ။ သူတို့ကို လစာပေးစရာမလိုဘူး။ သူတို့က မောတာတို့ ပင်ပန်းတာတို့လည်းမရှိဘူး။ အလုပ်ချိန်များတာ မကျေနပ်တာလည်း မရှိတော့ ကောင်းလိုက်တာ။ ဒါဆို ငါ့သရဲအိမ် က အနာဂါတ်မှာ ပိုနာမည်ကြီးဖို့ပဲကျန်တော့တယ်။ လာစမ်း... အခု ငါ့ကိုစောင့်နေတဲ့ သူ ဘယ်နှစ်ယောက်ကျန်နေသေး လဲ။ အားလုံးကို တခါတည်း ကြောက်သွားအောင် ခြောက်ပစ်လိုက်မယ်ကွ.... "

Chen Ge က ထိုအတွေးဖြင့် အားတက်သွားပြီး သရဲအိမ်ထဲ ပိတ်မိနေသည့် ဆေးကျောင်းသားများကို ခြောက်ရန် တက်ကြွစွာဖြင့် ထွက်လာခဲ့တော့သည်။

"  အခု အဆုံးသတ်ဖို့ အချိန်ရောက်ပြီ။ ဘယ်သူက ငါ့ရဲ့ပထမဆုံး သားကောင်ဖြစ်မလဲ....."
================================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now