Chapter (104+105+106)(Z+U)

1.1K 247 9
                                    

Chapter (104)_ အခ်ိန္ တစ္မိနစ္ေပးပါ


အခန္းကသန႔္ရွင္းၿပီး ထူထဲေသာ ေကာ္ေဇာမ်ား ခင္းထားသည္။ စားပြဲႏွင့္ေကာင္တာ မ်ား၏ ေစာင္းမ်ားကို ထူထဲေသာ အထည္မ်ားျဖင့္ ရစ္ပတ္ထားသည္။ ေကာ္ဖီစားပြဲေပၚ၌ သစ္သီးပန္းကန္ျပားတစ္ခ်ပ္ ရွိသည္။ သို႔ေသာ္ဓားႏွင့္ခက္ရင္းခြတို႔ကဲ့သို႔ခြၽန္ထက္ေသာအရာမရွိေပ။

"ေဒါက္တာေကာင္း ေက်းဇူးျပဳျပီး အထဲကိုႀကြပါရွင္ "

 အျဖဴေရာင္ ၀ တ္စားထားေသာအမ်ိဳးသမီးတစ္ ဦး သည္ Doctor Gao ႏွင့္ Chen Ge ကို အခန္းထဲသို႔ေခၚေဆာင္သြားသည္။ သူမသည္အသက္ ေလးဆယ္အ႐ြယ္ျဖစ္ဟန္တူျပီး ရုပ္ဆင္းကို ေကာင္းစြာ ဂရုစိုက္ထားဟန္တူသည္။

"ဝမ့္ရွင္းရဲ႕အေျခအေနတိုးတက္လာၿပီလား"

"သူမကို အိပ္ေဆးနဲ႕ စိတ္ေရာဂါကုသေဆး တိုက္ထားေပမယ့္ အေျခေနက ထင္သေလာက္ မတိုးတက္လာေသးပါဘူးရွင္ "

ထိုမိန္းမသည္အားနည္းစြာၿပဳံးျပကာ ေျပာလိုက္သည္။

"ဘာမွမျဖစ္ခဲ့ရင္ သူမရဲ႕အေျခအေနက မတိုးတက္ေသးပါဘူး။ ဒါေပမယ့္ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြေႀကာင့္  သူမ လက္တုန္ျပီး တူကိုကိုင္ျပီး ထမင္းစားလို႕ေတာင္ မရေတာ့ပါဘူးရွင္။ ေဒါက္တာေကာင္း ဝမ့္ရွင္း ကုသလို႕ရနုိင္ပါဦးမလားဟင္... "

 "ကြ်န္ေတာ့္ကိုယုံပါ၊ သူမ ပိုေကာင္းလာလိမ့္မယ္"

"အင္း"
ထို႔ေနာက္ထိုမိန္းမသည္ Chen Ge အား  သတိထားမိသြားးသည္။

"ဒါနဲ႕.... သူက?"

"ကြၽန္ေတာ့္နာမည္က Chen Geပါ။ အန္တီ့သမီးနဲ႕ေတြ႕ခြင့္ရနိုင္မလား"

Chen Ge သည္အခ်ိန္မျဖဳန္းလိုေသာေႀကာင့္ တိုက္ရိုက္ေတာင္းဆိုလိုက္သည္။


"ဒါ ... "
ထိုမိန္းမသည္သူ၏ထင္ျမင္ခ်က္ကိုေတာင္းရန္ ေဒါက္တာ Gao ဘက္ကိုလွည့္ႀကည့္လိုက္သည္။

"သူက ကြ်န္ေတာ့္ကို ကူညီဖို႕ ေရာက္လာတာပါ။ "

ဆရာဝန္က ေခါင္းညိတ္ၿပီးတဲ့ေနာက္ ထိုမိန္းမက ခ်န္ေကာ ကိုအခန္းထဲ
၀ င္ ခြင့္ေပးလိုက္တယ္။

 "ကေလးက သူမအိပ္ခန္းထဲကိုေရာက္ေနၿပီ။ ေန႔လည္စာ တစ္ဇြန္းေလာက္စားၿပီးေတာ့ သူမ ငိုေနေတာ့တာပဲ။ "

ထိုအမ်ိဳးသမီးသည္ တံခါးတစ္ခုသို႔ေလွ်ာက္သြားခဲ့သည္။ သူမသည္ အေတာ္ေလးအခ်ိန္အေတာ္ၾကာ တံခါး ေခါက္ခဲ့ေသာ္လည္း တုံ႔ျပန္မႈမရွိပါ။ သူမသည္ တံခါးလက္ကိုင္ကို လွည့္ဖြင့္လိုက္သည္။  ထိုမိန္းမသည္ သက္ျပင္းခ်ၿပီးေျပာလိုက္သည္။

"ဝင္သြားၾကပါ။ "

ဆရာဝန္ ကChen Ge ကိုၾကည့္လိုက္သည္။

"လူနာကိုႏႈိးဆြေပးဖို႔ ဘာမွမေျပာပါနဲ႔၊ ဘာမွမလုပ္ခင္ ေက်းဇူးျပဳၿပီး ငါနဲ႔ေဆြးေႏြးပါ။ "

"ေကာင္းပါၿပီ"

Chen Geက သူ အခန္းထဲသို႔ မ ၀ င္ခင္ ကတိေပးခဲ့သည္။ အိပ္ခန္းထဲမွာ ရွိတဲ့ ေကာ္ေဇာက ပိုထူတယ္၊ ဗီ႐ိုနဲ႔စားပြဲရဲ႕ အနားစြန္းေတြကို ဖယ္လိုက္တယ္။  ခြၽန္ထက္ေသာအရာတစုံတခုမွ်မရွိေပ။  ျပတင္းေပါက္မ်ားပင္ သံဇကာမ်ားျဖင့္တပ္ဆင္ထားသည္။ အခန္းထဲမွာ အိပ္ရာမရွိေပ။ အဲဒီအစားနွစ္ေယာက္အိပ္ ေမြ႕ယာအထူကို ႀကမ္းျပင္မွ ခင္းထားသည္။  အလွဆင္ပစၥည္းမ်ားအားလုံးသည္ အျဖဴေရာင္ မ်ားျဖစ္ၿပီး တျခားအသံုးေဆာင္မ်ား မရွိေပ။

Chen Geသည္ေနာက္ဆုံးတြင္ သူ ရွာေနသည့္အမ်ိဳးသမီးကိုေတြ႕ခဲ့သည္။ ပါးလ်ပိန္သြယ္ေသာမိန္းကေလးတစ္ ဦး သည္ေမြ႕ရာ ေပၚတြင္ လဲေလ်ာင္း ေနသည္။ ပတ္ပတ္လည္ ေကာ္လာႏွင့္အျဖဴေရာင္ရွပ္အက်ႌ ဖုံးအုပ္ ထားသျဖင့္သူမ၏အသားအေရမွာ အျဖဴေရာင္ျဖစ္ေနၿပီး သူမ အိပ္ေနရင္းနွင့္ တုန္ယင္ေနေအာင္ အထိျပင္းထန္သည့္ အရာတစ္ခုက သူမ၏ကိုယ္ခႏၶာကို လႈပ္ရွားေနေစသည္။


ဧည့္သည္မ်ားရွိသည္ကို သိ၍ မိန္းကေလးသည္ အိပ္ရာထဲတျဖည္းျဖည္းခ်င္း ထထိုင္ေနသည္။ Chen Ge သည္ စိတ္ေရာဂါသည္ တေယာက္ကို ေတြ႕ရမည္ဟု ထင္ထားေပမယ့္ မေမွ်ာ္လင့္ ပံုမွန္ မိန္းကေလးကိုေတြ႕လိုက္ရလို႕  အံ့အားသင့္ေနသည္။

ဆရာဝန္ ကေကာင္မေလးနဲ႔ မ်က္လုံးခ်င္းမဆုံႏိုင္ေအာင္ ေမြ႕ရာေဘးမွာထိုင္ၿပီး
" ဝမ့္ရွင္း မင္းေခါင္းကိုက္ေနတုန္းပဲလား"
လို႔ၾကင္ၾကင္နာနာေမးလိုက္သည္။

ေကာင္မေလးကေခါင္းကိုခါရင္းေခါင္းအံုးေပၚ ေခါင္းမခ်ခင္ Chen Ge ကိုၾကည့္လိုက္သည္။

" မင္း အိပ္ေပ်ာ္ရဲ႕လား?"

ဆရာဝန္ ကေမးေသာ္လည္း ဤတစ္ႀကိမ္တြင္ တုံ႔ျပန္မႈမွာ ပို၍ ျပင္းထန္ခဲ့ သည္။ သူမ ဆံပင္ကို ဆုပ္ကိုင္ရင္းေဆာင့္ဆြဲလိုက္ရာ   သူမလက္ေခ်ာင္းမ်ားအၾကား အနက္ေရာင္ဆံပင္မ်ားကြ်တ္ပါလာသည္။  သူမ၏ဆံပင္ထြက္ေအာင္ သူမ လက္အားက ဘယ္ေလာက္အားေကာင္း လိုက္သလဲ။

" ေဟ့ မလုပ္နဲ႕..။ ဒီေဆးေတြ အက်ိဳးသက္ေရာက္မႈမရွိဘူးလား. "

မတ္တတ္ရပ္လိုက္ၿပီး ဆရာဝန္၏နဖူးမ်ားသည္ နက္နက္ရႈိင္းရႈိင္းတြန္႕ကာ ေျပာလိုက္သည္။

"ဆရာ ကြ်န္ေတာ္ သူနဲ႔ စကားေျပာလို႔ ရမလား"

ဝမ့္ရွင္း ၏လက္ရွိအေျခအေနကို တည္ၿငိမ္သည္ဟု မွတ္ယူနုိင္သည္။ ဒါေႀကာင့္ ဆရာဝန္ခြင့္ျပဳလိုက္ေတာ့ သူက အိပ္ယာေဘးတြင္ထုိင္ လိုက္သည္။ ေကာင္မေလးက သူလည္းဆရာဝန္လို႔ ထင္ေကာင္းထင္လိမ့္မယ္။ သူမသည္ သူမ၏လက္ေမာင္းေပၚရွိ အနီေရာင္အမွတ္မ်ားကိုဖုံးအုပ္ အက်ႌလက္မ်ားကိုဆြဲခ်လိုက္သည္။ ဒီအနီေရာင္ အရာေတြက သူမ ရူးသြပ္စဥ္ ကိုယ့္ကိုယ္ကိုယ္ ျပန္ကုတ္လို႕ရထားသည့္ ဒဏ္ရာမ်ားျဖစ္သည္။

သူ႔ေရွ႕က မိန္းကေလးဟာ အားနည္းေနတယ္၊ သူမသည္ စကၠဴျဖဴေလးတရြက္လို ထင္ရသည္။ အသက္ရႈမႈတစ္ခုတည္းသာ သူမကို အသက္ရွင္ေနတယ္ဆိုိတာ  သိသာေစသည္။  အမွားတစ္ခုျဖစ္ လာလွ်င္ သူမ အသက္ေလးက  အေမွာင္ထုထဲတြင္ေပ်ာက္ဆုံး သြားလိမ့္မည္။

"ဝမ့္ရွင္း "

Chen Ge သည္ ေဘာပင္ကို သူ၏အိတ္ကပ္ထဲမွထုတ္လိုက္သည္။

"မင္းရဲ႕သူငယ္ခ်င္းက မင္းကို စကားေျပာခ်င္ေနတယ္၊ ဒါေၾကာင့္ ငါ သူမကို ေခၚလာခဲ့တယ္။"

ဝမ့္ရွင္းသည္ေဘာပင္ကိုၾကည့္လိုက္ေသာ္လည္း မည္သည့္ထူးျခားေသာ စိတ္ခံစားမႈမွ မရွိခဲ့ပါ။ သူမသည္ Chen Ge ၏ အျပဳမႈကို ဟာသတစ္ခုလို ျပံုးလိုက္ခ်င္ေပမယ့္  သူမ မစြမ္းေဆာင္ႏိုင္ခဲ့ေပ။

သူအနားမွာ ဆရာဝန္ နဲ႔ တံခါးနားမွာ ခိုးနားေထာင္သူ အမ်ိဳးသမီးက စိတ္ရႈပ္ေထြးသြားသည္။ သူတို႔က ခ်န္ေကာ ဘာေျပာေနသည္ကို  ႔နားမလည္ခဲ့ၾကပါ။ ဝမ့္ရွင္း တုံ႔ျပန္မႈမရွိျခင္းေၾကာင့္ Chen Ge  စိတ္မပ်က္ခဲ့ပါ။ သူက စားပြဲေပၚက စကၠဴျဖဴတစ္႐ြက္ကို ယူၿပီးေမြ႕ရာေပၚတင္လိုက္သည္။ သူသည္ စာရြက္ေပၚတြင္ ေဘာပင္ကို တင္ကာ   Pen Spirit ဂိမ္းကို စတင္ရန္ျပင္ဆင္ခဲ့သည္။

Chen Ge သည္ Doctor Gao ႏွင့္ေဝးရာတြင္ရွိေနသည့္ ဝမ့္ရွင္းက ထိုစာရြက္ကို  မ်က္ႏွာခ်င္းဆိုင္ ျမင္ေနခဲ့သည္။

သူက နူတ္ခမ္းကိုလႈပ္လိုက္ၿပီး ေဘာပင္ဝိညာဉ္ကို ပင့္ေဆာင္ရန္ စတင္ေရရြတ္လိုက္သည္။
 
" ေဘာပင္ဝိညာဉ္.... ေဘာပင္ဝိညာဉ္... ခင္ဗ်ားက ကြ်န္ေတာ့္ရဲ႕.... "

သူ၏ႏႈတ္ခမ္းမ်ားဖြင့္ပိတ္လုပ္လိုက္ေသာအခါ ဝမ့္ရွင္း၏အာ႐ုံကို တေျဖးေျဖးျခင္း ဆြဲေဆာင္နုိင္ခဲ့သည္။ သူမသည္ Chen Ge ကို ၾကည့္ရႈရန္ လွည့္လာျပိး  Chen Ge ၏ႏႈတ္ခမ္းေပၚမွ စကားမ်ားကိုဖတ္ရႈေနခဲ့သည္။ သူမသည္ သူမ၏လက္လည္မွာရွိတဲ့ ေၾကာက္မက္ဘြယ္ေကာင္းေသာ အရာတစ္ခုခုက  သူမကို သတိေပးလိုက္သလို ကိုိယ္ကို ေနာက္ျပန္ ဆုတ္ကာ နံရံဆီသို႕ ႔က်ဳံ႕ကာ ကပ္သြားသည္။

"မင္း ဘာလုပ္ေနတာလဲ" "

ဒီမိန္းမကဆရာဝန္ နဲ႔အတူ Chen Ge ကို ရပ္တန႔္ဖို႔ အခန္းထဲေျပးဝင္ လာသည္။

"သူမက ဒီကိစၥနဲ႕ပတ္သတ္ျပီး သူမႏွလုံးသားထဲမွာ ရွိေနတဲ့ ျပသနာကို ေျဖရွင္းႏိုင္ဖို႔ ကူညီေပးေနတာပါ။ ဝမ့္ရွင္းျဖစ္ပ်က္ခဲ့တာကို ဘယ္သူမွ မသိႀကဘူး။ ဒီဇစ္ျမစ္ကို ေျဖနုိင္မွ သူမ ေရာဂါကို ကုသလို႕ရနုိင္မွာပါ။ ဒါေႀကာင့္ ကြ်န္ေတာ့္ကို အခ်ိန္ တစ္မိနစ္ပဲေပးပါ။ "

Chen Ge သည္ ေဘာပင္ကို သူ၏လက္ထဲတြင္ ကိုင္ထားခဲ့သည္။  ပထမ သူက ေဘာပင္ဝိဥာဥ္ရဲ႕ မစ္ရွင္ကို ေအာင္ျမင္ေအာင္လုပ္ခ်င္ရံုဆိုေပမယ့္ ဒီေကာင္မေလးက ဘယ္ေလာက္ေတာင္ နွိပ္စက္ခံေနရသလဲဆိုတာ ေတြ႕ရေတာ့ သူ တခုခု လုပ္ဖုိ႕လုိေနတယ္ဆိုတာ ခံစားမိလိုက္သည္။

"  ကြ်န္ေတာ္တို႕ သူမကို အခြင့္ေရးတခု ေပးသင့္ပါတယ္။  "  

 ဆရာဝန္သည္ Chen Ge အားယုံၾကည္ရန္ေ႐ြးခ်ယ္ခဲ့သည္။ ဝမ့္ရွင္းႏွင့္ သူ ေတြ႕ဆုံစဥ္ သူမ ဤသို႔ေသာတုံ႔ျပန္မႈမ်ိဳး တစ္ခါမွ မျပခဲ့ဖူးေပ။ ၎သည္ေကာင္းမြန္ေသာ လကၡဏာျဖစ္သည္။

ေနာက္ဆုံးတြင္ဆရာဝန္ က ထိုအမ်ိဳးသမီးအားစည္း႐ုံးသိမ္းသြင္းခဲ့ၿပီး Chen Ge အား ၃ မိနစ္ေပးရန္ သေဘာတူခဲ့သည္။ ႏွစ္ေယာက္စလုံး တံခါးဆီကို ေလွ်ာက္လာၾကၿပီး Chen Ge သည္ ကုလားကာႏွင့္ တံခါးကိုပိတ္ရန္ ထရပ္လိုက္သည္။

"ဝမ့္ရွင္း...၊ မင္းသူငယ္ခ်င္းက မင္းဆီကို လာဖို႔ႀကိဳးစားေနတယ္။"

 သူကေဘာပင္ကို စကၠဴေပၚမွာထပ္တင္ၿပီး ႐ြတ္ဆိုခဲ့တယ္။

"Pen Spirit, Pen Spirit၊ မင္းက အရင္ဘဝက ငါ့ဝိညာဥ္ျဖစ္ၿပီး၊ ငါဟာ ဒီဘ ၀ မွာ မင္းရဲ႕ဝိညာဥ္ပါ ... "

Chen Ge သည္ ဆက္လက္၍ ရြတ္ဆိုေနစဥ္ေထာင့္တြင္ ပုန္းေနေသာ မိန္းကေလးသည္ ပို၍ ေၾကာက္လာသည္။ ႏွစ္ေပါင္းမ်ားစြာ သူမကိုေျခာက္လွန႔္ခဲ့သည့္ အိပ္မက္ဆိုးမ်ားကဲ့သို႔ မွတ္ဥာဏ္သည္ သူမႏွလုံးသား ထဲတြင္ ေပၚလာသည္။ ရက္စက္စြာပဲ Chen Ge က ဆက္ရြတ္ေနတယ္။ သိပ္မၾကာခင္မွာ ပဲစကၠဴေပၚမွာ ေထာင္ထားတဲ့ ေဘာပင္က သူ႔ဟာသူ စတင္လႈပ္ရွားလာတယ္။ ထို႔ေနာက္ အျဖဴေရာင္စာ႐ြက္ေပၚတြင္ လွပေသာလက္ေရး ေပၚလာသည္။ ထိုလက္ေရးက Chen Ge  ရဲ႕လက္ေရးနွင့္ မတူေပ။

" ဝမ့္ရွင္း အသိဉာဏ္မရွိတဲ့ ဟာသက  မင္းရဲ႕ႏွလုံးသားထဲမွာ ဒီလိုၾကာရွည္တဲ့ နာက်င္မႈကို ဖန္တီးေပးလိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့မိဘူး၊ မင္း ငါ့ကို အရမ္းမုန္းေနမယ္ မဟုတ္လား"

ဝမ့္ရွင္း သည္  သူမနွင့္ အကြၽမ္းတဝင္ရွိေသာ လက္ေရးကိုေတြ႕ေသာအခါ သူမ အလြန္ အံ့အားသင့္သြားသည္။ ထိုအခ်ိန္တြင္ သူမ၏စိတ္ ဗလာျဖစ္သြားျပီး ဘာကို စဥ္းစားရမွန္းမသိေတာ့ေပ။
 

" ငါေသတာက မင္းနဲ႕ ဘာမွမဆိုင္ပါဘူး။ မင္းသူငယ္ခ်င္း ေနာက္တစ္ေယာက္နဲ႔ လာေနတာကိုျမင္ေတာ့ မင္းကို ငါေၾကာက္ေအာင္ ေျခာက္ခ်င္ခဲ့တယ္။ ဒါေပမယ့္ ႀကိဳးက အရမ္းတင္းျပီး ခံုက ေခ်ာ္ျပီး ေဘးကို လဲက်သြားမယ္လို႕ ငါ မထင္ထားခဲ့မိဘူး။  မင္းဘာမွမမွားခဲ့ဘူး၊
ဝမ့္ရွင္း...ငါ့ေႀကာင့္ မင္း အရမ္းစိတ္မေကာင္းျဖစ္ခဲ့ရလို႕  မင္းကို ခြင့္လႊတ္ေပးဖို႔ ငါ မေတာင္းပန္ရဲပါဘူး၊ မင္းစိတ္ထဲက မေကာင္းတဲ့ အမွတ္တရေတြကိုဖယ္ထုတ္ၿပီး  က်န္တဲ့သူေတြ အတြက္ အေကာင္းဆုံး ဘ ၀မွာ ရွင္သန္ႏိုင္ဖို႔ႀကိဳးစားမယ္လို႕ ငါ ေမွ်ာ္လင့္ပါတယ္။"
==================


Chapter (105) -  ဒုတိယေျမာက္ သရဲအိမ္ ဝန္ထမ္း   


စာ႐ြက္အျဖဴေပၚရွိစကားလုံးမ်ားကိုၾကည့္ရင္းဝမ့္ရွင္း၏စိတ္လႈပ္ရွားမႈမ်ားသည္တိုးသည္ထက္ တိုးလာခဲ့သည္။ သူမသည္ျဖည္းျဖည္းခ်င္း ေရွ႕သို႔တိုးကာ  Chen Ge ၏လက္ထဲရွိ ေဘာပင္ကို တက္ႂကြစြာဆုပ္ကိုင္လိုက္ သည္။

ခ်န္ေကာ၏လက္ႏွင့္ေဘာပင္ၾကားရွိ လက္ေခ်ာင္းေအးေအးမ်ားက  ပထမ ဦး ဆုံးအႀကိမ္ အျခားလူသားတစ္ ဦး ထံမွ ခႏၶာကိုယ္အပူခ်ိန္ကို ခံစားခဲ့ရသကဲ့သို႔ တုန္ယင္သြားသလို ဝမ့္ရွင္း၏လက္ေမာင္းကလည္း တုန္ခါေနသည္။ သူမက တစ္ခုခုေျပာခ်င္ေပမယ့္ သူမ အသံေပ်ာက္ေနသည္။  မၾကာခင္မွာပဲ ေဘာပင္က သူတို႔အၾကားေ႐ြ႕လ်ားလာျပီး စကားလုံးႏွစ္လုံးပဲေရးခဲ့တယ္။

"ေကာင္းေသာညပါ။"

ေဘာပင္သည္ေ႐ြ႕လ်ားရပ္တန႔္သြားၿပီး Chen Ge သည္ ေဘာပင္ဝိညာဥ္ကို ပို႔ေပးရန္ စတင္ရြတ္ဖတ္လိုက္ေတာ့ ဝမ့္ရွင္းလည္း လိုက္ရြတ္ခဲ့သည္။   

သူတို႔ႏွစ္ ဦး လုံး ေနာက္ဆုံးစကားလုံး ရြတ္ၿပီးဆုံးသြားေသာအခါ ဝမ့္ရွင္း၏ ခံစားခ်က္က ျပိဳလဲသြားသလိုပင္။ နွစ္ေပါင္းမ်ားစြာ သူမရင္ထဲ ဆူးေနသည့္ အပ္က ျပုတ္က်သြားသလိုခံစားလိုက္ရသည္။ သူမက ခ်န္ေကာ၏လက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ထားျပီး မ်က္နွာကို တဖက္လွည့္ကာ မ်က္ရည္က်ေနသည္။ သူမခံစားေနရသည့္နာက်င္မႈကို အျခားသူမ်ားအားမျမင္ေစလိုေသာေႀကာင့္ မ်က္ႏွာကိုေဘးဘက္သို႔ လွည့္ထားျခင္းျဖစ္သည္။

"ကမာၻႀကီးရဲ႕အလင္းေရာင္ေတြၿငိမ္းသြားၿပီး လူတိုင္းတိတ္ဆိတ္ေနၾကၿပီ။ ငါတစ္ေယာက္တည္း အမွားလုပ္ရခံမိတယ္လို႕ ခံစားမိျပီး ငါ့ဘဝက    လမ္း အဆုံးကိုေရာက္ေနတယ္။ ငါဘာေႀကာင့္ ဒီလို အမွားလုပ္မိတာလဲ။ နာက်င္မႈေတြကေန ငါ လြတ္ေျမာက္ခ်င္ျပီ။ ငါ့ကို ကယ္ေပးပါဦး။"

ေနာက္ဆုံးတြင္ဝမ့္ရွင္းက သူမႏွလုံးထဲ၌သိုဝွက္ထားေသာ စကားလုံးမ်ားကို နူတ္မွ ဖြင့္ဟေျပာခဲ့သည္။ စားပြဲေပၚက စာ႐ြက္ေပၚရွိ စကားလုံးမ်ားကို သူမၾကည့္လိုက္ၿပီး သူမ၏အသံမွာလည္း တိုးလာသည္။  

သူမရဲ႕ နဖူးက ခ်န္ေကာ၏လက္ဖမိုးကို အသာထိသည္အထိ ေခါင္းငံု႕လာျပီးေနာက္ သူမ စိတ္ေလွ်ာ့လိုက္ကာ အိပ္ယာထက္လွဲခ် လိုက္ျပီး လံုးဝကို စိတ္ေအးလက္ေအးျဖင့္ အိပ္ေမာက်သြားေတာ့သည္။ အေႀကာက္တရားေႀကာင့္ သူမ အိပ္ပ်က္ခဲ့တာ နွစ္ေပါင္းမ်ားစြာရွိခဲ့ေလျပီ။

"ေကာင္းေသာညပါ။"

Chen Ge သည္ လက္ကို အလြယ္တကူဆြဲထုတ္လိုက္ျပီး  ဝမ့္ရွင္းကိုေစာင္ျခံုေပးျပီး အခန္းထဲက ထြက္လာသည္။

 Doctor Gao ႏွင့္ ဝမ့္ရွင္း ၏ေမြးစားမိခင္ က အျပင္ဘက္တြင္ ေစာင့္ေနၾက သည္။ သူတို႔သည္ အတြင္း၌ျဖစ္ပ်က္ခဲ့သည္ကို သိလိုၾကေသာ္လည္း ဝမ့္ရွင္း အားအေႏွာင့္အယွက္ေပးမည္ကိုေၾကာက္ေသာေၾကာင့္ သူတို႔၏ေမးျမန္းစုံစမ္းမႈမ်ားကိုအသံတိုးတုိးျဖင့္ေမးခဲ့ၾကသည္။

"ဝမ့္ရွင္း ဘယ္လိုေနလဲ"

  "အိပ္ေပ်ာ္ေနၿပီ။ "

  "သူမ  တကယ္အိပ္ေပ်ာ္ေနၿပီလား။  "

ဆရာဝန္ကမ ယုံႏိုင္ေလာက္ေအာင္ျဖစ္ကာ ပင္ပ့သက္ ရႈိက္လိုက္သည္။ ျပင္းထန္ေသာစိတ္ဒဏ္ရာ ခံစားေနရေသာလူနာမ်ား အိပ္ေပ်ာ္ရန္မည္မွ်ခက္ခဲသည္ကို သူ နားလည္သည္။ ပုံမွန္အားျဖင့္ သူတို႔သည္ေဆးဝါးကိုမွီခိုရန္လိုသည္။

"မင္းဘယ္လိုလုပ္ခဲ့တာလဲ"

"ဒါဟာေျပာရမွာရွည္တယ္။ "

ခ်န္ေကာကရွင္းျပခဲ့သည္။

"Mu Yang အထက္တန္းေက်ာင္းရွိ သရဲအိမ္အတြက္ စိတ္လႈပ္ရွားစရာျဖစ္ရပ္ကို ရွာေဖြေနတုန္း ဝမ့္ရွင္း၏ အတိတ္နဲ႕ ပတ္သက္တဲ့ သတင္းအခ်က္အလက္တခ်ိဳ႕ကို မေတာ္တဆသိခဲ့ျပီး  သူမ  စိတ္ဓာတ္က်ေနတာရဲ႕ အေၾကာင္းရင္းကို ရွာေဖြေတြ႕ရွိ ခဲ့တယ္။ သူမ သူငယ္ခ်င္း သတ္ေသတာကို ျမင္ခဲ့ရျပီးေနာက္ စိတ္ဒဏ္ရာ တစ္ခုက်န္ေနခဲ့ပုံရတယ္။ ဒါေႀကာင့္ Pen Spirit ဂိမ္းတစ္ခုမွာ ကစားေနတုန္းေသဆံုးခဲ့တာျဖစ္လို႕  ဒါကို ကြ်န္ေတာ္ သံုးျပီး သူမရင္ထဲက ခံစားခ်က္ကို ျပန္သတိရေစျပီး သူမ သူငယ္ခ်င္းေသတာ သူမအမွားေႀကာင့္ မဟုတ္ဘူးဆိုတာ ေျပာျပခဲ့တယ္။   "

"ဒါက တကယ္ အလုပ္ျဖစ္တာပဲ"
ဆရာဝန္က သေဘာက်သြားသည္။

သူ႔ေနာက္လူလတ္ပိုင္း အမ်ိဳးသမီး၏မ်က္လုံးမ်ားသည္ စိုစြတ္ေနၿပီျဖစ္သည္။

 " ေက်းဇူးတင္ပါတယ္၊ အန္တိီ မင္းကိုေစာေစာက သံသယမဝင္သင့္ဘူး၊ စိတ္မေကာင္းပါဘူး"

"ရပါတယ္။ ဘာပဲျဖစ္ျဖစ္ အန္တီနဲ႔ Doctor Gao ႏွစ္ေယာက္လုံး ကြ်န္ေတာ္ လုပ္ေပးခဲ့တာထက္ပိုၿပီး လုပ္ခဲ့ၾကတာပါ။ သူမ လိုအပ္ေနတဲ့အခ်ိန္မွာ ဝမ့္ရွင့္ကို  တစ္ေယာက္မွမစြန႔္လႊတ္ခဲ့ၾကဘူး။ ဒါက အေရးအႀကီးဆုံးပဲ"

Chen Ge သည္ လႏွင့္ခ်ီ လူမမာတစ္ေယာက္ကို ျပဳစုေပးသည့္ သူမ်ားကို  ခ်ီးက်ဴးခဲ့ေသာေႀကာင့္ သူတို႕က  Chen Ge အေပၚ အေကာင္းျမင္မႈ ပိုတိုးတက္လာခဲ့သည္။ ဝမ့္ရွင္း၏ေမြးစားမိခင္က သူတို႔ကိုညေနစာ စားရန္ေျပာလိုက္ေသာ္လည္း Chen Ge ကျငင္းပယ္ခဲ့သည္။ ဝမ့္ရွင္း အေစာပိုင္းအိပ္ေပ်ာ္သြားေသာအခါက ဖုန္းနက္သည္ႏွ စ္ႀကိမ္တုန္ ခါ ခဲ့သည္။ သူက အလ်င္အျမန္ပဲ သူ႔ရဲ႕စာကိုၾကည့္ခ်င္ ေနသည္။

ထိုေနရာမွထြက္ခြာသြားၿပီးေနာက္ Chen Ge သည္ New Century Park သို႔ျပန္ရန္ ဘတ္စကားဂိတ္ဆီ မသြားမီ Doctor Gao ကိုႏႈတ္ဆက္လိုက္ သည္။ သူကေနာက္ေက်ာတန္းမွာ ထိုင္ၿပီးဘယ္သူမွ သူ႔ကိုဂ႐ုမစိုက္တာ ေသခ်ာေအာင္လုပ္ၿပီးေနာက္ ဖုန္းနက္ကို ဆြဲထုတ္လိုက္တယ္။

"ၾကယ္ႏွစ္ပြင့္ျဖစ္သည့္ Mu Yang အထက္တန္းေက်ာင္း၏ လွ်ိဳ႕ဝွက္ ရည္မွန္းခ်က္ျဖစ္ေသာ Pen Spirit's ၏ မျပည့္ဝေသာ စိတ္ဆႏၵၵကို ျပည့္ေအာင္ လုပ္ေပးနုိင္ေသာေႀကာင့္ လွ်ိဳ႕ဝွက္မစ္ရွင္၏ေနာက္အပိုင္းကိုဖြင့္လွစ္နိုင္ျခင္းအတြက္ ဂုဏ္ယူမိပါသည္။ ၀ ိညာဥ္ ၂၄ ခုပိုင္ဆိုင္ရန္ အတြက္ သူတို႕ရဲ႕ပံုစံ၊ စတိုင္မ်ားကို ဖန္တီးပါ။ "

"Pen Spirit ၏ဆႏၵကိုေအာင္ျမင္စြာၿပီးေျမာက္ခဲ့သည္။ သူမ သင့္ကို စကားမေျပာခ်င္ေသာ္လည္း သူမက မင္းရဲ႕ကူညီမႈကိုတန္ဖိုးထားသည္။ မင္းက Pen Spirit ကို သရဲ႕အိမ္ရဲ႕အဖြဲ႕ဝင္အျဖစ္အသုံးျပဳလိုပါသလား။"

ခ်န္ေကာ ကတုံ႕ဆိုင္းျခင္းမရွိဘဲ 'ဟုတ္ကဲ့'ဆိုသည့္ ခလုတ္ကို ႏွိပ္လိုက္သည္။ ဒါက သူေစာင့္ေနသည့္အရာျဖစ္သည္။

" ဝိဥာဥ္မ်ား" ၏အထူးႏွစ္သက္မႈ -  ညွိဳးေတးဝိဥာဥ္ - ေဘာပင္ဝိညာဥ္ကို ငွားရမ္းနိုင္ျခင္းအတြက္ ဂုဏ္ျပဳလႊာ !

"ခ်န္ယာ့လင္ (ေဘာပင္ဝိဥာဥ္ - Pen Spirit) - ေန႔စဥ္ အနာဂါတ္ကို ေျပာျပနုိင္သည္။  (ေမးခြန္းေတြအားလုံးဟာ Pen Spirit ရဲ႕စြမ္းအားေအာက္မွာရွိသည္။ ေအာင္ျမင္တဲ့ နႈန္းက ၅၀ %) ။ "

"မွတ္ခ်က္။ ။ Pen Spirit ဟာ ဧ ည့္သည္ရဲ႕ေၾကာက္မက္ဖြယ္ ေအာ္ဟစ္သံေတြကို ေကြၽးေမြးဖို႕လိုအပ္တယ္။ ဧ ည့္သည္ရဲ႕ေၾကာက္စိတ္ က Pen Spirit ရဲ႕စြမ္းအားကို တိုးတက္ေစလိမ့္မယ္။ ဒါေပမယ့္ မင္းက Pen Spirit ရဲ႕အထီးက်န္ဆန္ၿပီး စိတ္ဓာတ္က်ေစရင္ မင္းကို သူမထားသြားခဲ့မွာျဖစ္တယ္။ "

Chen Ge သည္ ေဘာပင္ဝိညာဥ္၏သတင္းအခ်က္အလက္မ်ားကို အႀကိမ္ႀကိမ္ဖတ္ခဲ့သည္။ သူက အေတာ္ေလးစိတ္လႈပ္ရွားေနခဲ့တယ္; သူ ေနာက္ဆုံးေတာ့ သူ၏ပထမဆုံး သဘာဝလြန္ ၀ န္ထမ္းကို ငွားနိုင္ခဲ့သည္။ ဒါက သူ႔အရင္အိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့တာျဖစ္တယ္။ သူသည္ သူ႔ကိုယ္ပိုင္လုပ္ေဆာင္ႏိုင္ေသာ ထိတ္လန္႕ဖြယ္ ပန္းၿခံတစ္ခုကိုဖန္တီးႏိုင္ဖို႕ ခရီးအစျဖစ္တယ္။

မိုင္တစ္ေထာင္ခရီးကို ပထမဆံုး ေျခလွမ္း တစ္လွမ္းတည္းျဖင့္ စတင္တာျဖစ္သည္။ အနာဂတ္မွာ ငါ့အသင္းနဲ႔အတူ သရဲေတြမ်ားလာလိမ့္မယ္။

 Chen Ge သည္ Pen Spiritကို ဌားနုိင္လို႕ လြန္ေက်နပ္အားရေနခဲ့သည္။ သူမသည္ ဇာတ္လမ္းအေသးေလးကို သူမဖာသာ  ကိုင္တြယ္ႏိုင္သည္။ သူမ၏အထူးစြမ္းရည္သည္မ ယုံႏိုင္ေလာက္ေအာင္ အသုံးဝင္ႏိုင္သည္။

ခ်န္ေကာသည္ ေနာက္ထပ္ လွ်ိဳ႕ဝွက္မစ္ရွင္ျဖစ္ေသာ မူယန္အထက္တန္းေက်ာင္း၏ ခ်ိတ္ပိတ္ထားသည့္ စာသင္ခန္းထဲရွိ ဝိညာဥ္မ်ားအတြက္ ပံုစံ၊ စတိုင္၊ အဝတ္စားနွင့္ သြင္ျပင္မ်ား ျပဳလုပ္ ဖန္တီးေပးရန္ျဖစ္သည္။ အနက္ေရာင္ဖုန္းမွ မစ္ရွင္မရွိဘဲႏွင့္ ခ်န္ေကာသည္ေနာက္ဆုံးတြင္ ထိုသို႔ျပဳနိုင္လိမ့္မည္မဟုတ္ေပ။

ေက်ာင္းသား ၂၄ ေယာက္သည္ စာသင္ခန္းသို႔ အဘယ္ေၾကာင့္ ျပန္လာရသည္ကို စစ္ေဆးေရးမႉး လီ  ႏွင့္ဖုန္းေခၚဆိုမႈအျပီးမွာ  Chen Ge  နားလည္ေစခဲ့သည္။ သူတို႔သည္ မိဘမဲ့မ်ားျဖစ္ၿပီး မူယန္ အထက္တန္းေက်ာင္းသည္ သူတို႔၏ ေနအိမ္ျဖစ္သည္။ ဇာတ္လမ္းသစ္၏ ေသာ့ဖြင့္ျခင္းႏွင့္အတူ သူတို႔သည္ ေရွာင္းေရွာင္ ၏မိသားစုႏွင့္မတူဘဲ Chen Ge ၏ သရဲအိမ္သို႕ ဒါေႀကာင့္ ေျပာင္းေ႐ႊ႕ခဲ့ျခင္းျဖစ္သည္။

ငါ အစမ္းမစ္ရွင္ေတြထပ္ၿပီးလုပ္တဲ့အခါ ေျမေအာက္ သရဲအိမ္အခန္းသစ္ေတြက ပိုႀကီးလာလိမ့္မယ္။ ငါ ဒါေတြ အားလံုး စီမံ ခန႔္ခြဲ ဖို႕ ဒီ ဝိဥာဥ္ နွစ္ဆယ္ေလးေယာက္ရဲ႕ အကူအညီလိုအပ္လိမ့္မယ္။  ဒါေႀကာင့္ ငါက  ၀ ိညာဥ္ ၂၄ ေ ယာက္ ရဲ႕စိတ္ေစတနာကို ဦး စြာရယူဖို႔လို  တယ္။

Chen Ge သည္ မိမိ၏ သရဲအိမ္သို႔ျပန္သြားၿပီးေနာက္ ပထမဆုံး အိပ္စက္ လိုက္သည္။ သူသည္ ထိုေန႔၏အျဖစ္အပ်က္မ်ားေၾကာင့္ အမွန္ပင္ ေမာပန္း ေနခဲ့သည္။ မည္မွ်ၾကာေအာင္ အိပ္ေပ်ာ္မိသည္ မသိေတာ့။ Chen Ge သည္ ရင္ဘတ္ေပၚတြင္ တစံုတခုတက္လာသလို ခံစားလုိက္ရျပိး မ်က္လံုးဖြင့္လိုက္ေတာ့  သူက အ႐ုပ္ေသးေသးေလးက ဖက္တက္လာတာကို သိလိုက္ရသည္။

"ေရွာင္းေရွာင္းလား?"
သူက သူ႔မ်က္လုံးေတြကိုပြတ္သပ္ၿပီး ေရွာင္းေရွာင္း ကို အနားမွာထားခဲ့တယ္။
 " ဘာျဖစ္ေနတာလဲ။ သူအိပ္ေနတုန္း ငါလို လူႀကီးတစ္ေယာက္ဟာ အ႐ုပ္ကိုဖက္အိပ္ေနတာကို ျမင္သြားရင္ ငါ့ အနာဂါတ္ဇနီးက ငါ့ကို စြန္႕ခြာသြားလိမ့္မယ္ကြ   "

ပ်င္းရိစြာ အေႀကာက္ဆန႔္ၿပီးေနာက္ Chen Ge က အခ်ိန္ကိုၾကည့္မိသည္။ ည သန္းေခါင္ ၁၁:၅၉ မိနစ္....။ Chen Ge သည္ သူ၏ဖိနပ္ကို ၀ တ္ဆင္ခဲ့ၿပီး ပထမထပ္ေရခ်ိဳးခန္းသို႔ သြားရန္ ၀ န္ထမ္းမ်ား၏ အခန္းထဲမွ ထြက္လာသည္။

သူက  ၀ င္လိုက္တာနဲ႔ ေရခ်ိဳးခန္းအတြင္းရွိေလထုသည္ မသင့္ေတာ္ ေၾကာင္း ေတြ႕ရွိခဲ့သည္။ အိမ္သာခန္းတံခါး ကို ဖြင့္ထားၿပီး အနက္ေရာင္အထည္ေအာက္ျဖင့္ ဖံုးထားေသာ ွိမွန္ထဲမွ အနီေရာင္အေရာင္တမ်ိဳးထြက္ေနသည္ကို ေတြ႕ျမင္ႏိုင္သည္။

မွန္ထဲမွာရွိတဲ့ တံခါးက အသက္ဝင္လာတာလား .....

သူသည္မွန္ရွိရာသို႔ေလွ်ာက္သြားၿပီး အနက္ေရာင္အထည္၏ ေထာင့္ကိုေျမႇာက္ကာ အသာေလး ေခ်ာင္းႀကည့္ လိုက္သည္။

 မွန္ထဲမွာ အက္ေႀကာင္းေပၚေနျပီး ထိုေနရာမွ  တံခါးနီက တဝက္ဖြင့္ေန သည္။

===============

အခန္း (၁၀၆) _ တံခါးေပါက္ေနာက္ကြယ္ရွိအသံ  

Chen Ge ၏လက္မ်ားသည္ ေအးခဲသြားသည္။ စိတ္ပ်က္စရာ အေကာင္းဆုံးကေတာ့ မွန္ထဲရွိတံခါးသည္ တကယ့္ဘ ၀ နွင့္ ခ်ိတ္ဆက္ကာ ပြင့္လာျခင္း ျဖစ္သည္။ Chen Ge သည္ အနက္ေရာင္အထည္ကို ဖယ္ရွားၿပီး အိမ္သာခန္းထဲ သို႔သြားခဲ့သည္။ သူသည္ မွန္ကိုၾကည့္ရႈရန္  တံခါးကိုအျပည့္ဖြင့္လိုက္သည္။


 အျပင္မွာ အိမ္သာခန္းအတြင္း၌ ဘာမွမရွိေပမယ့္ မွန္ထဲမွာ ကြဲျပားျခားနားေသာ ျမင္ကြင္းကို ျဖစ္ေစခဲ့သည္။ က်ဥ္းေျမာင္းေသာ အိမ္သာခန္းေလးသည္ မ်က္ႏွာၾကက္မ်ား၊ နံရံမ်ားႏွင့္ၾကမ္းျပင္မ်ားမွ ေသြးစီးဆင္းေနသကဲ့သို႔ အနီေရာင္ျခယ္ျဖစ္ေနသည္။ ဒါဟာကြဲျပားျခားနားေသာ ကမာၻႀကီးျဖစ္ေစခဲ့သည္။

Chen Ge ကေတာ့ ဒီထူးဆန္းေသာ ေလာကထဲကို ၀ င္ဖို႔ သတၱိမရွိေသးပါဘူး။ တံခါးလက္ကိုင္ကို ကိုင္ၿပီး သူက အိမ္သာခန္းကို ဖ်က္ဆီးပစ္ရမလားလို႔ေတြးေနမိသည္။ ၁၀ စကၠန႔္ခန႔္အၾကာတြင္ Chen Ge သည္ အလြန္နီးကပ္ေနပုံရေသာ္လည္း အလြန္ေဝးကြာလြန္းေသာေနရာမွ ထြက္ေပၚလာေသာ ထူးဆန္းေသာအသံတစ္ခုကိုၾကားခဲ့ရသည္။ စိုစြတ္ေသာအဝတ္ကို ဝတ္ဆင္ထားသူတစ္ ဦး သည္ၾကမ္းျပင္ေပၚတြင္ တြားသြားေနသည္ဟု ခံစားလိုက္ရသည္

အဲဒါ ဘယ္ကေန လာတဲ့ အသံလဲ

Chen Ge ႏွင့္ တျဖည္းျဖည္း နီးကပ္လာသည္ႏွင့္ တူေနသည္။ သူကစႀကႍကိုေစ့ေစ့ၾကည့္ ရန္ ေရခ်ိဳးခန္းမွ ထြက္လာၿပီးမွန္ကို ႀကည့္ဖို႔လွည့္လိုက္သည္။ ေနာက္ဆုံး သူသည္အသံသည္ cubicle အတြင္းမွလာေနသည္ဟုသူအတည္ျပဳခဲ့သည္။

တစ္ခုခုလာေနၿပီလား

ခ်န္ေကာက အခုက အခ်ိန္ေကာင္း မဟုတ္ေၾကာင္း သိသည္။ သူက အိမ္သာခန္းတံခါးကိုပိတ္ၿပီး မွန္ကိုမၾကည့္ခင္ အနီးအနားရွိ ၾကမ္းတိုက္ အဝတ္အစားကို သုံး၍ ပိတ္လိုက္သည္။ တရြတ္တိုက္ ဆြဲလာသည့္ ေလးလံေသာ အရာတစ္ခု၏ အသံထြက္ေပၚလာသည္ႏွင့္ မၾကာမီ တံခါးေအာက္မွ အနီေရာင္ေရအိုင္တစ္ခု ထြက္လာသည္။

အျခားအရာတစ္ခုက တစ္ခုခုကို လိုက္ရွာေနသလို ခံစားလိုက္ရသည္။ ၿပီးေတာ့ ေသြးအနံ႔နဲ႔ေလထုက ေလးလံေနသည္။ စကၠန႔္ အနည္းငယ္ အၾကာတြင္ အသံေပ်ာက္ကြယ္သြားၿပီး ထူးျခားေသာအနံ႔လည္း ေပ်ာက္သြားသည္။

သူသည္ နံရံကိုမွီျပီး သူ႕ေက်ာမွာ ေခြၽးထြက္ေနသည္။ အကယ္၍ သူ မႏိုးခဲ့လွ်င္ေျမႀကီးေပၚတြားတက္ေနေသာ အရာသည္ မွန္ထဲက မေကာင္းဆုိးဝါး ကဲ့သို႔လြတ္ေျမာက္သြား လိမ့္မည္။

 အနက္ေရာင္အဝတ္အုပ္ထားတာေတာင္ မွန္ေနာက္မွာ ေသြးနီေရာင္ တံခါးေပါက္မွာ ေပၚလာသည္။ Chen Ge သည္ အိမ္သာခန္းတံခါး ေနာက္ကြယ္ရွိ ကမာၻႏွင့္ ပတ္သတ္၍ သူ ဘာမွ မသိေသာေၾကာင့္  ယခုအခ်ိန္တြင္ သူ ခဏ ေမ့ထားခဲ့ျခင္းျဖစ္သည္။

သူ၏မ်က္ႏွာကိုေရေအးနွင့္သစ္ျပီး Chen Ge သည္ ၀ န္ထမ္း အိမ္ခန္းသို႔ျပန္သြားခဲ့သည္။ တံခါးဖြင့္လိုက္တဲ့အခါ ေရွာင္းေရွာင္းဟာ ထပ္မံေပ်ာက္ကြယ္သြားၿပီဆိုတာကို သူ သေဘာေပါက္သြားသည္။

သူမက ငါ့ကိုသတိေပးဖို႕ အေစာပိုင္းက လာခဲ့သလား

Chen Ge သည္ အိပ္ယာေဘးတြင္ထိုင္ေနခဲ့သည္။ သူ အိပ္လို႔မရေတာ့သျဖင့္  ဖုန္းနက္ကိုထုတ္လိုက္တယ္။ သူသည္ ဖန္သားျပင္ေပၚကို ပြတ္သပ္ၿပီးေနာက္ ေန႔စဥ္မစ္ရွင္မ်ားအတြက္ ခလုတ္ကို နွိပ္လိုက္သည္။


Easy Mission - သရဲအိမ္အေတြ႕အႀကဳံက ဧည့္သည္ေတြကို အၿမဲတမ္းစိတ္ဒဏ္ရာ မေပးသင့္ဘူး။ ဒီသီအိုရီကိုခင္ဗ်ားနားလည္မယ္လို႔ေမွ်ာ္လင့္ပါတယ္။ သရဲအိမ္ပတ္လည္က   လုံၿခဳံေရးၿခိမ္းေျခာက္မႈမ်ားကို စစ္ေဆးျခင္းအားျဖင့္ သရဲအိမ္၏လုံၿခဳံေရးကိုတိုးတက္ေအာင္ျပဳလုပ္ပါ။

ပုံမွန္မစ္ရွင္ - လက္တစ္ေခ်ာင္းက  မဆုပ္ကိုင္နုိင္ဘူး။  သရဲအိမ္ေကာင္းတစ္လုံးဟာ စီမံခန႔္ခြဲေရး အဖြဲ႕ေကာင္းတစ္ခုလိုတယ္။ ေနာက္ထပ္ ဝန္ထမ္းစုေဆာင္းျပီး သရဲအိမ္ကိုပိုေကာင္းေအာင္ ကူညီနိုင္တယ္။

 ခက္ခဲေသာ မစ္ရွင္ - မင္းရဲ႕ အခန္းထဲမွာ ဒုတိယလူ တစ္ေယာက္ အၿမဲရွိေနခဲ့တယ္။ မင္း အဲဒီလူကိုေတြ႕ခ်င္လား။

Chen Ge သည္ ေန႔စဥ္မစ္ရွင္မ်ားႏွင့္ရင္းႏွီးကြၽမ္းဝင္ခဲ့ျပိီးဒါကို အရင္ကေတြ႕ဖူးျပီးျဖစ္သည္။

Easy ႏွင့္ Normal မစ္ရွင္မ်ားက ငါ့လက္ရွိလုပ္ေဆာင္ေနေသာအရာမ်ား၊ ဒီေနရာတစ္ဝိုက္ကို ပိုမိုေကာင္းမြန္တဲ့ အကူအညီမ်ားႏွင့္ လုံၿခဳံေရး ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္သင့္ေသာအရာမ်ားျဖစ္သည္။ သို႔ေသာ္ႏႈိင္းယွဥ္ၾကည့္လွ်င္ ခက္ခဲေသာမစ္ရွင္၏ဆုသည္ ပို၍ စြဲမက္ဖြယ္ေကာင္းသည္။

စြန႔္စားမႈမရွိဘဲ ဆုလာဘ္မရွိႏိုင္ပါ၊ သို႔ေသာ္ အဓိကအခ်က္မွာ ေဘာပင္ ဝိညာဥ္ကိုငွားရမ္းၿပီးေနာက္ အနာဂါတ္ကို ႀကိဳတင္ေဟာနုိင္တာ ကို သံုးနုိင္သည္။ ဒါေႀကာင့္ ခက္ခဲေသာ မစ္ရွင္က ေဘာပင္ဝိဥာဥ္ အစြမ္း ကို သံုးနုိင္ဖုိ႕ အေကာင္းဆံုးျဖစ္သည္။

 တိပ္ကပ္ထားေသာ ေဘာပင္ကိုကိုင္ ထားျပီး  Chen Ge  ရွက္ေနမိသည္။ အခြင့္အလမ္းတစ္ခုရွိရင္ သူမက ေဘာပင္အသစ္တစ္ခုကို သူမ ေျပာင္းခ်င္သလားလို ႔ သူမကိုေမးသင့္ျပီ

သူက စာ႐ြက္တစ္႐ြက္ကိုကိုင္ၿပီး စားပြဲေပၚတင္လိုက္သည္။ Pen Spirit ကိုပန္ၾကားၿပီးတဲ့ေနာက္ ခ်န္ေကာက သူ႔ကိုစိတ္အေႏွာက္အယွက္ျဖစ္ေစ တဲ့ေမးခြန္းကိုေမးခဲ့သည္။

"ငါ ခက္ခဲတဲ့ မစ္ရွင္ ကို  လုံၿခဳံစြာၿပီးေအာင္လုပ္လို ႔ရနိုင္ပါ့မလား။ "

ထို႔ေနာက္ Chen Ge သည္စာရြက္ကိုအခ်ိန္အေတာ္ၾကာၾကည့္ခဲ့သည္။ ေဘာပင္ကတုန္ခါေနတယ္၊ ​​ဒါေပမယ့္ အေျဖမရခဲ့ဘူး။

"ေမးခြန္းက ခက္ခဲေနလား?"

ခ်န္ေကာက  ေဘာပင္ဝိဥာဥ္က သူထင္ထားသေလာက္ မစြမ္းႏိုင္ေၾကာင္း၊ သူမက ဖုန္းအနက္ႏွင့္ဆက္စပ္ေသာ ေမးခြန္းကို ဘာမွမေျဖႏိုင္ဘူးဆုိတာ ိသလိုက္သည္။ ဒါေႀကာင့္ က်ိဳးပဲ့လုနီးပါးျဖစ္ေနေသာ ေဘာပင္ကို ႀကည့္ကာ    Chen Ge သည္ သူ၏ေမးခြန္းကို ခ်က္ခ်င္းေျပာင္းလဲလိုက္သည္။

" ဒီအခန္းထဲမွာတျခားလူတစ္ေယာက္ရွိသလား ဆိုတာ သိခ်င္တယ္ "

ေဘာပင္ဝိဥာဥ္ - " ဟုတ္ကဲ့"

" သူက ဘယ္သူလဲဆိုတာ သိသလား"

ဒီတစ္ခါေတာ့ Pen Spirit ကမေျဖဘူး။ မိမိလက္ဖဝါးက ဆုပ္ကိုင္ထားေသာ ေဘာပင္က ပုံမွန္ျပန္ျဖစ္သြားခဲ့သည္။ Chen Ge သည္ Pen Spirit ကိုအျပစ္မတင္ခဲ့ပါ၊  Pen Spirit အတြက္ အလြန္အမင္း ပင္ပန္းႏြမ္းနယ္ေနတာေႀကာင့္ ျဖစ္ႏိုင္ေသာ ေၾကာင့္ျဖစ္သည္။ တစ္ေန႔ လွ်င္ တစ္ ဦး ၏ လုပ္ေဆာင္ခ်က္က  ကန႔္သတ္ခ်က္ ရွိေနျခင္းေၾကာင့္ ျဖစ္ႏိုင္သည္။

 ဒီမွာေနတဲ့ လူတစ္ေယာက္ရွိေနတယ္။ ဒါကို ငါလံုးဝ  သတိမျပဳမိပါလား။

မစ္ရွင္နိဒါန္းကိုအေျခခံၿပီး ထိုသူသည္ အျခားေလာကမွ အျခား သူငယ္ခ်င္းျဖစ္နိုင္သည္။ Chen Ge ၏ သရဲအိမ္တြင္ ဝိဥာဥ္မ်ား အနည္းငယ္သာ ေနထိုင္ၾကသည္။  သူ၏စီးပြားေရးကို မွန္ထဲက မေကာင္းဆိုးဝါးတေစၦကဲ့သို႔ မေကာင္းသည့္အရာက  မထိခိုက္သေ႐ြ႕ေနာက္ထပ္ ထူးဆန္းသည့္အရာမ်ားကို သူ စိတ္ထဲမထားခဲ့ေပ။

 တြန႔္ဆုတ္မႈမ်ားရွိၿပီးေနာက္ Chen Ge သည္ ခက္ခဲေသာမစ္ရွင္ကို လက္ခံခဲ့သည္။

"သင္ခက္ခဲေသာမစ္ရွင္ကို လက္ခံခ်င္တယ္ဆိုတာေသခ်ာလား။ ႀကိဳတင္မျမင္ႏိုင္တဲ့အက်ိဳးဆက္ေတြျဖစ္ႏိုင္တယ္။ "

"လက္ခံမယ္"

ဖုန္းအနက္ မ်က္ႏွာျပင္တုန္ခါေနၿပီး သတင္းအသစ္တစ္ခုေပၚလာသည္။

"သင္ႏွင့္ တအခန္းတည္းမွာ ရွိေနတယ္။ သင္ အိပ္ေပ်ာ္ခ်ိန္မွာ သူေပၚလာတယ္။  မေကာင္းသည့္စြမ္းအင္က ဒီမွာေနထုိင္သူ ေတြရဲ႕က်န္းမာေရးနဲ႕လံုျခံဳမႈကို ထိိခိုက္ေစနိုင္တယ္။ ဒါေႀကာင့္ မေကာင္းသည့္စြမ္းအင္ကို ဖယ္ရွားပါ။ ဒီ မေကာင္းသည့္အရာက သင္ အိပ္ေပ်ာ္တုိင္း သင့္အိပ္ယာေဘးမွာ မတ္တပ္ရပ္ေနတာေႀကာင့္ သင့္ကို ဘယ္လို ထိခုိက္နုိင္ေစတယ္ဆိုတာ စဥ္းစားႀကည့္ပါ။ ဒီ မစ္ရွင္ကို မျမင္ရေသာ ဧည့္သည္မ်ား- The Invisible Customer လုိ႕ ေခၚပါတယ္။
 ညသန္းေခါင္မွာ အခန္းပတ္လည္မွာ ေရစြတ္ထားတဲ့ဆန္ကိုျဖန႔္ၿပီး အိမ္ခန္းတြင္း ၀ တ္ဆင္ရတဲ့ ဖိနပ္အပါးကို အခန္းအျပင္ဘက္မွာ ထားပါ။ အိပ္ခန္းၾကမ္းျပင္ေပၚမွာ အျဖဴေရာင္ ဖေယာင္းတိုင္မီးထြန္းပါ။ အိပ္ရာကို လူအိပ္ေနသလို ျပင္ဆင္ထားပါ။ သင္က ခုတင္ေအာက္မွာ ပုန္းေနပါ။ ဒီမစ္ရွင္ကို ေဆာင္ရြက္ခ်ိန္မွာ မင္း တကယ္ အိပ္ေပ်ာ္ေနဖို႕လိုအပ္တယ္။   တကယ္လို႕ သင္က သူ႕မ်က္ႏွာကို တစ္ခ်က္ၾကည့္မိလွ်င္ စီမံနိုင္လွ်င္ မစ္ရွင္ ေအာင္ျမင္လိမ့္မည္။  "

"သတိေပးခ်က္ - တတိယခက္ခဲေသာမစ္ရွင္ၿပီးသြားရင္ ေန႔စဥ္မစ္ရွင္အတြက္ေပးတဲ့ခက္ခဲတဲ့မစ္ရွင္ေတြကို က်ပန္းေ႐ြးခ်ယ္လိမ့္မယ္။ ဒါေၾကာင့္ဒီမစ္ရွင္ကို ဂ႐ုတစိုက္လုပ္ပါ။ "

Chen Ge သည္ မစ္ရွင္ အေသးစိတ္အခ်က္အလက္အားလုံးကို လ်င္ျမန္စြာမွတ္ခဲ့သည္။

ငါ ဘာေၾကာင့္ ဒီလုပ္ငန္းစဥ္အတြင္း အိပ္ေပ်ာ္ရမွာလဲ။ အိပ္ေပ်ာ္လွ်င္ ထိုသူ၏မ်က္ႏွာကို  ငါဘယ္လို ၾကည့္ႏိုင္မလဲ။ အိပ္မက္ထဲမွာ ျမင္ေအာင္ႀကည့္ရမွာလား

Chen Ge သည္ ဤမစ္ရွင္၏အဓိပၸာယ္ကို နားမလည္ခဲ့ေသာ္လည္း ဒါကို လက္ခံခဲ့ၿပီးၫႊန္ၾကားခ်က္မ်ားကိုသာ လိုက္နာရံုရွိေတာ့သည္။

Chen Ge သည္ ဂ်ာကင္အက်ႌကို ၀ တ္ဆင္ၿပီး ညအခ်ိန္တြင္ ဆန္ျဖဴတစ္ဝက္ကို ယူရန္ ပန္းၿခံစားေသာက္ဆိုင္သို႔ ထပ္မံသြားခဲ့သည္။

သရဲေျခာက္တဲ့အိမ္က အရမ္းႀကီးတယ္။ ငါၾကမ္းျပင္တိုင္း က်ဲရမယ္ဆိုရင္ အရမ္းျဖုန္းတီးရာက်မယ္။  

 Chen Ge သည္ ဆန္ကိုေရေအးျဖင့္စိမ္ၿပီး ပထမထပ္ရွိအခန္း အနည္းငယ္ တြင္ျဖန႔္လိုက္သည္။ ထို႔ေနာက္ သူသည္စႀကႍတံခါးဝတြင္  ဖိနပ္တစ္စုံကို တင္ၿပီး အိပ္ရာေဘးတြင္ အျဖဴေရာင္ဖေယာင္းတိုင္ကို ထြန္းလိုက္သည္။

========================






Chapter (104)_ အချိန် တစ်မိနစ်ပေးပါ


အခန်းကသန့်ရှင်းပြီး ထူထဲသော ကော်ဇောများ ခင်းထားသည်။ စားပွဲနှင့်ကောင်တာ များ၏ စောင်းများကို ထူထဲသော အထည်များဖြင့် ရစ်ပတ်ထားသည်။ ကော်ဖီစားပွဲပေါ်၌ သစ်သီးပန်းကန်ပြားတစ်ချပ် ရှိသည်။ သို့သော်ဓားနှင့်ခက်ရင်းခွတို့ကဲ့သို့ချွန်ထက်သောအရာမရှိပေ။

"ဒေါက်တာကောင်း ကျေးဇူးပြုပြီး အထဲကိုကြွပါရှင် "

 အဖြူရောင် ၀ တ်စားထားသောအမျိုးသမီးတစ် ဦး သည် Doctor Gao နှင့် Chen Ge ကို အခန်းထဲသို့ခေါ်ဆောင်သွားသည်။ သူမသည်အသက် လေးဆယ်အရွယ်ဖြစ်ဟန်တူပြီး ရုပ်ဆင်းကို ကောင်းစွာ ဂရုစိုက်ထားဟန်တူသည်။

"ဝမ့်ရှင်းရဲ့အခြေအနေတိုးတက်လာပြီလား"

"သူမကို အိပ်ဆေးနဲ့ စိတ်ရောဂါကုသဆေး တိုက်ထားပေမယ့် အခြေနေက ထင်သလောက် မတိုးတက်လာသေးပါဘူးရှင် "

ထိုမိန်းမသည်အားနည်းစွာပြုံးပြကာ ပြောလိုက်သည်။

"ဘာမှမဖြစ်ခဲ့ရင် သူမရဲ့အခြေအနေက မတိုးတက်သေးပါဘူး။ ဒါပေမယ့်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်  သူမ လက်တုန်ပြီး တူကိုကိုင်ပြီး ထမင်းစားလို့တောင် မရတော့ပါဘူးရှင်။ ဒေါက်တာကောင်း ဝမ့်ရှင်း ကုသလို့ရနိုင်ပါဦးမလားဟင်... "

 "ကျွန်တော့်ကိုယုံပါ၊ သူမ ပိုကောင်းလာလိမ့်မယ်"

"အင်း"
ထို့နောက်ထိုမိန်းမသည် Chen Ge အား  သတိထားမိသွားးသည်။

"ဒါနဲ့.... သူက?"

"ကျွန်တော့်နာမည်က Chen Geပါ။ အန်တီ့သမီးနဲ့တွေ့ခွင့်ရနိုင်မလား"

Chen Ge သည်အချိန်မဖြုန်းလိုသောကြောင့် တိုက်ရိုက်တောင်းဆိုလိုက်သည်။


"ဒါ ... "
ထိုမိန်းမသည်သူ၏ထင်မြင်ချက်ကိုတောင်းရန် ဒေါက်တာ Gao ဘက်ကိုလှည့်ကြည့်လိုက်သည်။

"သူက ကျွန်တော့်ကို ကူညီဖို့ ရောက်လာတာပါ။ "

ဆရာဝန်က ခေါင်းညိတ်ပြီးတဲ့နောက် ထိုမိန်းမက ချန်ကော ကိုအခန်းထဲ
၀ င် ခွင့်ပေးလိုက်တယ်။

 "ကလေးက သူမအိပ်ခန်းထဲကိုရောက်နေပြီ။ နေ့လည်စာ တစ်ဇွန်းလောက်စားပြီးတော့ သူမ ငိုနေတော့တာပဲ။ "

ထိုအမျိုးသမီးသည် တံခါးတစ်ခုသို့လျှောက်သွားခဲ့သည်။ သူမသည် အတော်လေးအချိန်အတော်ကြာ တံခါး ခေါက်ခဲ့သော်လည်း တုံ့ပြန်မှုမရှိပါ။ သူမသည် တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်သည်။  ထိုမိန်းမသည် သက်ပြင်းချပြီးပြောလိုက်သည်။

"ဝင်သွားကြပါ။ "

ဆရာဝန် ကChen Ge ကိုကြည့်လိုက်သည်။

"လူနာကိုနှိုးဆွပေးဖို့ ဘာမှမပြောပါနဲ့၊ ဘာမှမလုပ်ခင် ကျေးဇူးပြုပြီး ငါနဲ့ဆွေးနွေးပါ။ "

"ကောင်းပါပြီ"

Chen Geက သူ အခန်းထဲသို့ မ ၀ င်ခင် ကတိပေးခဲ့သည်။ အိပ်ခန်းထဲမှာ ရှိတဲ့ ကော်ဇောက ပိုထူတယ်၊ ဗီရိုနဲ့စားပွဲရဲ့ အနားစွန်းတွေကို ဖယ်လိုက်တယ်။  ချွန်ထက်သောအရာတစုံတခုမျှမရှိပေ။  ပြတင်းပေါက်များပင် သံဇကာများဖြင့်တပ်ဆင်ထားသည်။ အခန်းထဲမှာ အိပ်ရာမရှိပေ။ အဲဒီအစားနှစ်ယောက်အိပ် မွေ့ယာအထူကို ကြမ်းပြင်မှ ခင်းထားသည်။  အလှဆင်ပစ္စည်းများအားလုံးသည် အဖြူရောင် များဖြစ်ပြီး တခြားအသုံးဆောင်များ မရှိပေ။

Chen Geသည်နောက်ဆုံးတွင် သူ ရှာနေသည့်အမျိုးသမီးကိုတွေ့ခဲ့သည်။ ပါးလျပိန်သွယ်သောမိန်းကလေးတစ် ဦး သည်မွေ့ရာ ပေါ်တွင် လဲလျောင်း နေသည်။ ပတ်ပတ်လည် ကော်လာနှင့်အဖြူရောင်ရှပ်အင်္ကျီ ဖုံးအုပ် ထားသဖြင့်သူမ၏အသားအရေမှာ အဖြူရောင်ဖြစ်နေပြီး သူမ အိပ်နေရင်းနှင့် တုန်ယင်နေအောင် အထိပြင်းထန်သည့် အရာတစ်ခုက သူမ၏ကိုယ်ခန္ဓာကို လှုပ်ရှားနေစေသည်။


ဧည့်သည်များရှိသည်ကို သိ၍ မိန်းကလေးသည် အိပ်ရာထဲတဖြည်းဖြည်းချင်း ထထိုင်နေသည်။ Chen Ge သည် စိတ်ရောဂါသည် တယောက်ကို တွေ့ရမည်ဟု ထင်ထားပေမယ့် မမျှော်လင့် ပုံမှန် မိန်းကလေးကိုတွေ့လိုက်ရလို့  အံ့အားသင့်နေသည်။

ဆရာဝန် ကကောင်မလေးနဲ့ မျက်လုံးချင်းမဆုံနိုင်အောင် မွေ့ရာဘေးမှာထိုင်ပြီး
" ဝမ့်ရှင်း မင်းခေါင်းကိုက်နေတုန်းပဲလား"
လို့ကြင်ကြင်နာနာမေးလိုက်သည်။

ကောင်မလေးကခေါင်းကိုခါရင်းခေါင်းအုံးပေါ် ခေါင်းမချခင် Chen Ge ကိုကြည့်လိုက်သည်။

" မင်း အိပ်ပျော်ရဲ့လား?"

ဆရာဝန် ကမေးသော်လည်း ဤတစ်ကြိမ်တွင် တုံ့ပြန်မှုမှာ ပို၍ ပြင်းထန်ခဲ့ သည်။ သူမ ဆံပင်ကို ဆုပ်ကိုင်ရင်းဆောင့်ဆွဲလိုက်ရာ   သူမလက်ချောင်းများအကြား အနက်ရောင်ဆံပင်များကျွတ်ပါလာသည်။  သူမ၏ဆံပင်ထွက်အောင် သူမ လက်အားက ဘယ်လောက်အားကောင်း လိုက်သလဲ။

" ဟေ့ မလုပ်နဲ့..။ ဒီဆေးတွေ အကျိုးသက်ရောက်မှုမရှိဘူးလား. "

မတ်တတ်ရပ်လိုက်ပြီး ဆရာဝန်၏နဖူးများသည် နက်နက်ရှိုင်းရှိုင်းတွန့်ကာ ပြောလိုက်သည်။

"ဆရာ ကျွန်တော် သူနဲ့ စကားပြောလို့ ရမလား"

ဝမ့်ရှင်း ၏လက်ရှိအခြေအနေကို တည်ငြိမ်သည်ဟု မှတ်ယူနိုင်သည်။ ဒါကြောင့် ဆရာဝန်ခွင့်ပြုလိုက်တော့ သူက အိပ်ယာဘေးတွင်ထိုင် လိုက်သည်။ ကောင်မလေးက သူလည်းဆရာဝန်လို့ ထင်ကောင်းထင်လိမ့်မယ်။ သူမသည် သူမ၏လက်မောင်းပေါ်ရှိ အနီရောင်အမှတ်များကိုဖုံးအုပ် အင်္ကျီလက်များကိုဆွဲချလိုက်သည်။ ဒီအနီရောင် အရာတွေက သူမ ရူးသွပ်စဉ် ကိုယ့်ကိုယ်ကိုယ် ပြန်ကုတ်လို့ရထားသည့် ဒဏ်ရာများဖြစ်သည်။

သူ့ရှေ့က မိန်းကလေးဟာ အားနည်းနေတယ်၊ သူမသည် စက္ကူဖြူလေးတရွက်လို ထင်ရသည်။ အသက်ရှုမှုတစ်ခုတည်းသာ သူမကို အသက်ရှင်နေတယ်ဆိုတာ  သိသာစေသည်။  အမှားတစ်ခုဖြစ် လာလျှင် သူမ အသက်လေးက  အမှောင်ထုထဲတွင်ပျောက်ဆုံး သွားလိမ့်မည်။

"ဝမ့်ရှင်း "

Chen Ge သည် ဘောပင်ကို သူ၏အိတ်ကပ်ထဲမှထုတ်လိုက်သည်။

"မင်းရဲ့သူငယ်ချင်းက မင်းကို စကားပြောချင်နေတယ်၊ ဒါကြောင့် ငါ သူမကို ခေါ်လာခဲ့တယ်။"

ဝမ့်ရှင်းသည်ဘောပင်ကိုကြည့်လိုက်သော်လည်း မည်သည့်ထူးခြားသော စိတ်ခံစားမှုမှ မရှိခဲ့ပါ။ သူမသည် Chen Ge ၏ အပြုမှုကို ဟာသတစ်ခုလို ပြုံးလိုက်ချင်ပေမယ့်  သူမ မစွမ်းဆောင်နိုင်ခဲ့ပေ။

သူအနားမှာ ဆရာဝန် နဲ့ တံခါးနားမှာ ခိုးနားထောင်သူ အမျိုးသမီးက စိတ်ရှုပ်ထွေးသွားသည်။ သူတို့က ချန်ကော ဘာပြောနေသည်ကို ့နားမလည်ခဲ့ကြပါ။ ဝမ့်ရှင်း တုံ့ပြန်မှုမရှိခြင်းကြောင့် Chen Ge  စိတ်မပျက်ခဲ့ပါ။ သူက စားပွဲပေါ်က စက္ကူဖြူတစ်ရွက်ကို ယူပြီးမွေ့ရာပေါ်တင်လိုက်သည်။ သူသည် စာရွက်ပေါ်တွင် ဘောပင်ကို တင်ကာ   Pen Spirit ဂိမ်းကို စတင်ရန်ပြင်ဆင်ခဲ့သည်။

Chen Ge သည် Doctor Gao နှင့်ဝေးရာတွင်ရှိနေသည့် ဝမ့်ရှင်းက ထိုစာရွက်ကို  မျက်နှာချင်းဆိုင် မြင်နေခဲ့သည်။

သူက နူတ်ခမ်းကိုလှုပ်လိုက်ပြီး ဘောပင်ဝိညာဉ်ကို ပင့်ဆောင်ရန် စတင်ရေရွတ်လိုက်သည်။
 
" ဘောပင်ဝိညာဉ်.... ဘောပင်ဝိညာဉ်... ခင်ဗျားက ကျွန်တော့်ရဲ့.... "

သူ၏နှုတ်ခမ်းများဖွင့်ပိတ်လုပ်လိုက်သောအခါ ဝမ့်ရှင်း၏အာရုံကို တဖြေးဖြေးခြင်း ဆွဲဆောင်နိုင်ခဲ့သည်။ သူမသည် Chen Ge ကို ကြည့်ရှုရန် လှည့်လာပြိး  Chen Ge ၏နှုတ်ခမ်းပေါ်မှ စကားများကိုဖတ်ရှုနေခဲ့သည်။ သူမသည် သူမ၏လက်လည်မှာရှိတဲ့ ကြောက်မက်ဘွယ်ကောင်းသော အရာတစ်ခုခုက  သူမကို သတိပေးလိုက်သလို ကိုယ်ကို နောက်ပြန် ဆုတ်ကာ နံရံဆီသို့ကျုံ့ကာ ကပ်သွားသည်။

"မင်း ဘာလုပ်နေတာလဲ" "

ဒီမိန်းမကဆရာဝန် နဲ့အတူ Chen Ge ကို ရပ်တန့်ဖို့ အခန်းထဲပြေးဝင် လာသည်။

"သူမက ဒီကိစ္စနဲ့ပတ်သတ်ပြီး သူမနှလုံးသားထဲမှာ ရှိနေတဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့ ကူညီပေးနေတာပါ။ ဝမ့်ရှင်းဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ မသိကြဘူး။ ဒီဇစ်မြစ်ကို ဖြေနိုင်မှ သူမ ရောဂါကို ကုသလို့ရနိုင်မှာပါ။ ဒါကြောင့် ကျွန်တော့်ကို အချိန် တစ်မိနစ်ပဲပေးပါ။ "

Chen Ge သည် ဘောပင်ကို သူ၏လက်ထဲတွင် ကိုင်ထားခဲ့သည်။  ပထမ သူက ဘောပင်ဝိဉာဉ်ရဲ့ မစ်ရှင်ကို အောင်မြင်အောင်လုပ်ချင်ရုံဆိုပေမယ့် ဒီကောင်မလေးက ဘယ်လောက်တောင် နှိပ်စက်ခံနေရသလဲဆိုတာ တွေ့ရတော့ သူ တခုခု လုပ်ဖို့လိုနေတယ်ဆိုတာ ခံစားမိလိုက်သည်။

"  ကျွန်တော်တို့ သူမကို အခွင့်ရေးတခု ပေးသင့်ပါတယ်။  "  

 ဆရာဝန်သည် Chen Ge အားယုံကြည်ရန်ရွေးချယ်ခဲ့သည်။ ဝမ့်ရှင်းနှင့် သူ တွေ့ဆုံစဉ် သူမ ဤသို့သောတုံ့ပြန်မှုမျိုး တစ်ခါမှ မပြခဲ့ဖူးပေ။ ၎င်းသည်ကောင်းမွန်သော လက္ခဏာဖြစ်သည်။

နောက်ဆုံးတွင်ဆရာဝန် က ထိုအမျိုးသမီးအားစည်းရုံးသိမ်းသွင်းခဲ့ပြီး Chen Ge အား ၃ မိနစ်ပေးရန် သဘောတူခဲ့သည်။ နှစ်ယောက်စလုံး တံခါးဆီကို လျှောက်လာကြပြီး Chen Ge သည် ကုလားကာနှင့် တံခါးကိုပိတ်ရန် ထရပ်လိုက်သည်။

"ဝမ့်ရှင်း...၊ မင်းသူငယ်ချင်းက မင်းဆီကို လာဖို့ကြိုးစားနေတယ်။"

 သူကဘောပင်ကို စက္ကူပေါ်မှာထပ်တင်ပြီး ရွတ်ဆိုခဲ့တယ်။

"Pen Spirit, Pen Spirit၊ မင်းက အရင်ဘဝက ငါ့ဝိညာဉ်ဖြစ်ပြီး၊ ငါဟာ ဒီဘ ၀ မှာ မင်းရဲ့ဝိညာဉ်ပါ ... "

Chen Ge သည် ဆက်လက်၍ ရွတ်ဆိုနေစဉ်ထောင့်တွင် ပုန်းနေသော မိန်းကလေးသည် ပို၍ ကြောက်လာသည်။ နှစ်ပေါင်းများစွာ သူမကိုခြောက်လှန့်ခဲ့သည့် အိပ်မက်ဆိုးများကဲ့သို့ မှတ်ဉာဏ်သည် သူမနှလုံးသား ထဲတွင် ပေါ်လာသည်။ ရက်စက်စွာပဲ Chen Ge က ဆက်ရွတ်နေတယ်။ သိပ်မကြာခင်မှာ ပဲစက္ကူပေါ်မှာ ထောင်ထားတဲ့ ဘောပင်က သူ့ဟာသူ စတင်လှုပ်ရှားလာတယ်။ ထို့နောက် အဖြူရောင်စာရွက်ပေါ်တွင် လှပသောလက်ရေး ပေါ်လာသည်။ ထိုလက်ရေးက Chen Ge  ရဲ့လက်ရေးနှင့် မတူပေ။

" ဝမ့်ရှင်း အသိဉာဏ်မရှိတဲ့ ဟာသက  မင်းရဲ့နှလုံးသားထဲမှာ ဒီလိုကြာရှည်တဲ့ နာကျင်မှုကို ဖန်တီးပေးလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး၊ မင်း ငါ့ကို အရမ်းမုန်းနေမယ် မဟုတ်လား"

ဝမ့်ရှင်း သည်  သူမနှင့် အကျွမ်းတဝင်ရှိသော လက်ရေးကိုတွေ့သောအခါ သူမ အလွန် အံ့အားသင့်သွားသည်။ ထိုအချိန်တွင် သူမ၏စိတ် ဗလာဖြစ်သွားပြီး ဘာကို စဉ်းစားရမှန်းမသိတော့ပေ။
 

" ငါသေတာက မင်းနဲ့ ဘာမှမဆိုင်ပါဘူး။ မင်းသူငယ်ချင်း နောက်တစ်ယောက်နဲ့ လာနေတာကိုမြင်တော့ မင်းကို ငါကြောက်အောင် ခြောက်ချင်ခဲ့တယ်။ ဒါပေမယ့် ကြိုးက အရမ်းတင်းပြီး ခုံက ချော်ပြီး ဘေးကို လဲကျသွားမယ်လို့ ငါ မထင်ထားခဲ့မိဘူး။  မင်းဘာမှမမှားခဲ့ဘူး၊
ဝမ့်ရှင်း...ငါ့ကြောင့် မင်း အရမ်းစိတ်မကောင်းဖြစ်ခဲ့ရလို့  မင်းကို ခွင့်လွှတ်ပေးဖို့ ငါ မတောင်းပန်ရဲပါဘူး၊ မင်းစိတ်ထဲက မကောင်းတဲ့ အမှတ်တရတွေကိုဖယ်ထုတ်ပြီး  ကျန်တဲ့သူတွေ အတွက် အကောင်းဆုံး ဘ ဝမှာ ရှင်သန်နိုင်ဖို့ကြိုးစားမယ်လို့ ငါ မျှော်လင့်ပါတယ်။"
==================


Chapter (105) -  ဒုတိယမြောက် သရဲအိမ် ဝန်ထမ်း   


စာရွက်အဖြူပေါ်ရှိစကားလုံးများကိုကြည့်ရင်းဝမ့်ရှင်း၏စိတ်လှုပ်ရှားမှုများသည်တိုးသည်ထက် တိုးလာခဲ့သည်။ သူမသည်ဖြည်းဖြည်းချင်း ရှေ့သို့တိုးကာ  Chen Ge ၏လက်ထဲရှိ ဘောပင်ကို တက်ကြွစွာဆုပ်ကိုင်လိုက် သည်။

ချန်ကော၏လက်နှင့်ဘောပင်ကြားရှိ လက်ချောင်းအေးအေးများက  ပထမ ဦး ဆုံးအကြိမ် အခြားလူသားတစ် ဦး ထံမှ ခန္ဓာကိုယ်အပူချိန်ကို ခံစားခဲ့ရသကဲ့သို့ တုန်ယင်သွားသလို ဝမ့်ရှင်း၏လက်မောင်းကလည်း တုန်ခါနေသည်။ သူမက တစ်ခုခုပြောချင်ပေမယ့် သူမ အသံပျောက်နေသည်။  မကြာခင်မှာပဲ ဘောပင်က သူတို့အကြားရွေ့လျားလာပြီး စကားလုံးနှစ်လုံးပဲရေးခဲ့တယ်။

"ကောင်းသောညပါ။"

ဘောပင်သည်ရွေ့လျားရပ်တန့်သွားပြီး Chen Ge သည် ဘောပင်ဝိညာဉ်ကို ပို့ပေးရန် စတင်ရွတ်ဖတ်လိုက်တော့ ဝမ့်ရှင်းလည်း လိုက်ရွတ်ခဲ့သည်။   

သူတို့နှစ် ဦး လုံး နောက်ဆုံးစကားလုံး ရွတ်ပြီးဆုံးသွားသောအခါ ဝမ့်ရှင်း၏ ခံစားချက်က ပြိုလဲသွားသလိုပင်။ နှစ်ပေါင်းများစွာ သူမရင်ထဲ ဆူးနေသည့် အပ်က ပြုတ်ကျသွားသလိုခံစားလိုက်ရသည်။ သူမက ချန်ကော၏လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်နှာကို တဖက်လှည့်ကာ မျက်ရည်ကျနေသည်။ သူမခံစားနေရသည့်နာကျင်မှုကို အခြားသူများအားမမြင်စေလိုသောကြောင့် မျက်နှာကိုဘေးဘက်သို့ လှည့်ထားခြင်းဖြစ်သည်။

"ကမ္ဘာကြီးရဲ့အလင်းရောင်တွေငြိမ်းသွားပြီး လူတိုင်းတိတ်ဆိတ်နေကြပြီ။ ငါတစ်ယောက်တည်း အမှားလုပ်ရခံမိတယ်လို့ ခံစားမိပြီး ငါ့ဘဝက    လမ်း အဆုံးကိုရောက်နေတယ်။ ငါဘာကြောင့် ဒီလို အမှားလုပ်မိတာလဲ။ နာကျင်မှုတွေကနေ ငါ လွတ်မြောက်ချင်ပြီ။ ငါ့ကို ကယ်ပေးပါဦး။"

နောက်ဆုံးတွင်ဝမ့်ရှင်းက သူမနှလုံးထဲ၌သိုဝှက်ထားသော စကားလုံးများကို နူတ်မှ ဖွင့်ဟပြောခဲ့သည်။ စားပွဲပေါ်က စာရွက်ပေါ်ရှိ စကားလုံးများကို သူမကြည့်လိုက်ပြီး သူမ၏အသံမှာလည်း တိုးလာသည်။  

သူမရဲ့ နဖူးက ချန်ကော၏လက်ဖမိုးကို အသာထိသည်အထိ ခေါင်းငုံ့လာပြီးနောက် သူမ စိတ်လျှော့လိုက်ကာ အိပ်ယာထက်လှဲချ လိုက်ပြီး လုံးဝကို စိတ်အေးလက်အေးဖြင့် အိပ်မောကျသွားတော့သည်။ အကြောက်တရားကြောင့် သူမ အိပ်ပျက်ခဲ့တာ နှစ်ပေါင်းများစွာရှိခဲ့လေပြီ။

"ကောင်းသောညပါ။"

Chen Ge သည် လက်ကို အလွယ်တကူဆွဲထုတ်လိုက်ပြီး  ဝမ့်ရှင်းကိုစောင်ခြုံပေးပြီး အခန်းထဲက ထွက်လာသည်။

 Doctor Gao နှင့် ဝမ့်ရှင်း ၏မွေးစားမိခင် က အပြင်ဘက်တွင် စောင့်နေကြ သည်။ သူတို့သည် အတွင်း၌ဖြစ်ပျက်ခဲ့သည်ကို သိလိုကြသော်လည်း ဝမ့်ရှင်း အားအနှောင့်အယှက်ပေးမည်ကိုကြောက်သောကြောင့် သူတို့၏မေးမြန်းစုံစမ်းမှုများကိုအသံတိုးတိုးဖြင့်မေးခဲ့ကြသည်။

"ဝမ့်ရှင်း ဘယ်လိုနေလဲ"

  "အိပ်ပျော်နေပြီ။ "

  "သူမ  တကယ်အိပ်ပျော်နေပြီလား။  "

ဆရာဝန်ကမ ယုံနိုင်လောက်အောင်ဖြစ်ကာ ပင်ပ့သက် ရှိုက်လိုက်သည်။ ပြင်းထန်သောစိတ်ဒဏ်ရာ ခံစားနေရသောလူနာများ အိပ်ပျော်ရန်မည်မျှခက်ခဲသည်ကို သူ နားလည်သည်။ ပုံမှန်အားဖြင့် သူတို့သည်ဆေးဝါးကိုမှီခိုရန်လိုသည်။

"မင်းဘယ်လိုလုပ်ခဲ့တာလဲ"

"ဒါဟာပြောရမှာရှည်တယ်။ "

ချန်ကောကရှင်းပြခဲ့သည်။

"Mu Yang အထက်တန်းကျောင်းရှိ သရဲအိမ်အတွက် စိတ်လှုပ်ရှားစရာဖြစ်ရပ်ကို ရှာဖွေနေတုန်း ဝမ့်ရှင်း၏ အတိတ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို မတော်တဆသိခဲ့ပြီး  သူမ  စိတ်ဓာတ်ကျနေတာရဲ့ အကြောင်းရင်းကို ရှာဖွေတွေ့ရှိ ခဲ့တယ်။ သူမ သူငယ်ချင်း သတ်သေတာကို မြင်ခဲ့ရပြီးနောက် စိတ်ဒဏ်ရာ တစ်ခုကျန်နေခဲ့ပုံရတယ်။ ဒါကြောင့် Pen Spirit ဂိမ်းတစ်ခုမှာ ကစားနေတုန်းသေဆုံးခဲ့တာဖြစ်လို့  ဒါကို ကျွန်တော် သုံးပြီး သူမရင်ထဲက ခံစားချက်ကို ပြန်သတိရစေပြီး သူမ သူငယ်ချင်းသေတာ သူမအမှားကြောင့် မဟုတ်ဘူးဆိုတာ ပြောပြခဲ့တယ်။   "

"ဒါက တကယ် အလုပ်ဖြစ်တာပဲ"
ဆရာဝန်က သဘောကျသွားသည်။

သူ့နောက်လူလတ်ပိုင်း အမျိုးသမီး၏မျက်လုံးများသည် စိုစွတ်နေပြီဖြစ်သည်။

 " ကျေးဇူးတင်ပါတယ်၊ အန်တီ မင်းကိုစောစောက သံသယမဝင်သင့်ဘူး၊ စိတ်မကောင်းပါဘူး"

"ရပါတယ်။ ဘာပဲဖြစ်ဖြစ် အန်တီနဲ့ Doctor Gao နှစ်ယောက်လုံး ကျွန်တော် လုပ်ပေးခဲ့တာထက်ပိုပြီး လုပ်ခဲ့ကြတာပါ။ သူမ လိုအပ်နေတဲ့အချိန်မှာ ဝမ့်ရှင့်ကို  တစ်ယောက်မှမစွန့်လွှတ်ခဲ့ကြဘူး။ ဒါက အရေးအကြီးဆုံးပဲ"

Chen Ge သည် လနှင့်ချီ လူမမာတစ်ယောက်ကို ပြုစုပေးသည့် သူများကို  ချီးကျူးခဲ့သောကြောင့် သူတို့က  Chen Ge အပေါ် အကောင်းမြင်မှု ပိုတိုးတက်လာခဲ့သည်။ ဝမ့်ရှင်း၏မွေးစားမိခင်က သူတို့ကိုညနေစာ စားရန်ပြောလိုက်သော်လည်း Chen Ge ကငြင်းပယ်ခဲ့သည်။ ဝမ့်ရှင်း အစောပိုင်းအိပ်ပျော်သွားသောအခါက ဖုန်းနက်သည်နှ စ်ကြိမ်တုန် ခါ ခဲ့သည်။ သူက အလျင်အမြန်ပဲ သူ့ရဲ့စာကိုကြည့်ချင် နေသည်။

ထိုနေရာမှထွက်ခွာသွားပြီးနောက် Chen Ge သည် New Century Park သို့ပြန်ရန် ဘတ်စကားဂိတ်ဆီ မသွားမီ Doctor Gao ကိုနှုတ်ဆက်လိုက် သည်။ သူကနောက်ကျောတန်းမှာ ထိုင်ပြီးဘယ်သူမှ သူ့ကိုဂရုမစိုက်တာ သေချာအောင်လုပ်ပြီးနောက် ဖုန်းနက်ကို ဆွဲထုတ်လိုက်တယ်။

"ကြယ်နှစ်ပွင့်ဖြစ်သည့် Mu Yang အထက်တန်းကျောင်း၏ လျှို့ဝှက် ရည်မှန်းချက်ဖြစ်သော Pen Spirit's ၏ မပြည့်ဝသော စိတ်ဆန္ဒ္ဒကို ပြည့်အောင် လုပ်ပေးနိုင်သောကြောင့် လျှို့ဝှက်မစ်ရှင်၏နောက်အပိုင်းကိုဖွင့်လှစ်နိုင်ခြင်းအတွက် ဂုဏ်ယူမိပါသည်။ ၀ ိညာဉ် ၂၄ ခုပိုင်ဆိုင်ရန် အတွက် သူတို့ရဲ့ပုံစံ၊ စတိုင်များကို ဖန်တီးပါ။ "

"Pen Spirit ၏ဆန္ဒကိုအောင်မြင်စွာပြီးမြောက်ခဲ့သည်။ သူမ သင့်ကို စကားမပြောချင်သော်လည်း သူမက မင်းရဲ့ကူညီမှုကိုတန်ဖိုးထားသည်။ မင်းက Pen Spirit ကို သရဲ့အိမ်ရဲ့အဖွဲ့ဝင်အဖြစ်အသုံးပြုလိုပါသလား။"

ချန်ကော ကတုံ့ဆိုင်းခြင်းမရှိဘဲ 'ဟုတ်ကဲ့'ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။ ဒါက သူစောင့်နေသည့်အရာဖြစ်သည်။

" ဝိဉာဉ်များ" ၏အထူးနှစ်သက်မှု -  ညှိုးတေးဝိဉာဉ် - ဘောပင်ဝိညာဉ်ကို ငှားရမ်းနိုင်ခြင်းအတွက် ဂုဏ်ပြုလွှာ !

"ချန်ယာ့လင် (ဘောပင်ဝိဉာဉ် - Pen Spirit) - နေ့စဉ် အနာဂါတ်ကို ပြောပြနိုင်သည်။  (မေးခွန်းတွေအားလုံးဟာ Pen Spirit ရဲ့စွမ်းအားအောက်မှာရှိသည်။ အောင်မြင်တဲ့ နှုန်းက ၅၀ %) ။ "

"မှတ်ချက်။ ။ Pen Spirit ဟာ ဧ ည့်သည်ရဲ့ကြောက်မက်ဖွယ် အော်ဟစ်သံတွေကို ကျွေးမွေးဖို့လိုအပ်တယ်။ ဧ ည့်သည်ရဲ့ကြောက်စိတ် က Pen Spirit ရဲ့စွမ်းအားကို တိုးတက်စေလိမ့်မယ်။ ဒါပေမယ့် မင်းက Pen Spirit ရဲ့အထီးကျန်ဆန်ပြီး စိတ်ဓာတ်ကျစေရင် မင်းကို သူမထားသွားခဲ့မှာဖြစ်တယ်။ "

Chen Ge သည် ဘောပင်ဝိညာဉ်၏သတင်းအချက်အလက်များကို အကြိမ်ကြိမ်ဖတ်ခဲ့သည်။ သူက အတော်လေးစိတ်လှုပ်ရှားနေခဲ့တယ်; သူ နောက်ဆုံးတော့ သူ၏ပထမဆုံး သဘာဝလွန် ၀ န်ထမ်းကို ငှားနိုင်ခဲ့သည်။ ဒါက သူ့အရင်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်တယ်။ သူသည် သူ့ကိုယ်ပိုင်လုပ်ဆောင်နိုင်သော ထိတ်လန့်ဖွယ် ပန်းခြံတစ်ခုကိုဖန်တီးနိုင်ဖို့ ခရီးအစဖြစ်တယ်။

မိုင်တစ်ထောင်ခရီးကို ပထမဆုံး ခြေလှမ်း တစ်လှမ်းတည်းဖြင့် စတင်တာဖြစ်သည်။ အနာဂတ်မှာ ငါ့အသင်းနဲ့အတူ သရဲတွေများလာလိမ့်မယ်။

 Chen Ge သည် Pen Spiritကို ဌားနိုင်လို့ လွန်ကျေနပ်အားရနေခဲ့သည်။ သူမသည် ဇာတ်လမ်းအသေးလေးကို သူမဖာသာ  ကိုင်တွယ်နိုင်သည်။ သူမ၏အထူးစွမ်းရည်သည်မ ယုံနိုင်လောက်အောင် အသုံးဝင်နိုင်သည်။

ချန်ကောသည် နောက်ထပ် လျှို့ဝှက်မစ်ရှင်ဖြစ်သော မူယန်အထက်တန်းကျောင်း၏ ချိတ်ပိတ်ထားသည့် စာသင်ခန်းထဲရှိ ဝိညာဉ်များအတွက် ပုံစံ၊ စတိုင်၊ အဝတ်စားနှင့် သွင်ပြင်များ ပြုလုပ် ဖန်တီးပေးရန်ဖြစ်သည်။ အနက်ရောင်ဖုန်းမှ မစ်ရှင်မရှိဘဲနှင့် ချန်ကောသည်နောက်ဆုံးတွင် ထိုသို့ပြုနိုင်လိမ့်မည်မဟုတ်ပေ။

ကျောင်းသား ၂၄ ယောက်သည် စာသင်ခန်းသို့ အဘယ်ကြောင့် ပြန်လာရသည်ကို စစ်ဆေးရေးမှူး လီ  နှင့်ဖုန်းခေါ်ဆိုမှုအပြီးမှာ  Chen Ge  နားလည်စေခဲ့သည်။ သူတို့သည် မိဘမဲ့များဖြစ်ပြီး မူယန် အထက်တန်းကျောင်းသည် သူတို့၏ နေအိမ်ဖြစ်သည်။ ဇာတ်လမ်းသစ်၏ သော့ဖွင့်ခြင်းနှင့်အတူ သူတို့သည် ရှောင်းရှောင် ၏မိသားစုနှင့်မတူဘဲ Chen Ge ၏ သရဲအိမ်သို့ ဒါကြောင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ငါ အစမ်းမစ်ရှင်တွေထပ်ပြီးလုပ်တဲ့အခါ မြေအောက် သရဲအိမ်အခန်းသစ်တွေက ပိုကြီးလာလိမ့်မယ်။ ငါ ဒါတွေ အားလုံး စီမံ ခန့်ခွဲ ဖို့ ဒီ ဝိဉာဉ် နှစ်ဆယ်လေးယောက်ရဲ့ အကူအညီလိုအပ်လိမ့်မယ်။  ဒါကြောင့် ငါက  ၀ ိညာဉ် ၂၄ ေ ယာက် ရဲ့စိတ်စေတနာကို ဦး စွာရယူဖို့လို  တယ်။

Chen Ge သည် မိမိ၏ သရဲအိမ်သို့ပြန်သွားပြီးနောက် ပထမဆုံး အိပ်စက် လိုက်သည်။ သူသည် ထိုနေ့၏အဖြစ်အပျက်များကြောင့် အမှန်ပင် မောပန်း နေခဲ့သည်။ မည်မျှကြာအောင် အိပ်ပျော်မိသည် မသိတော့။ Chen Ge သည် ရင်ဘတ်ပေါ်တွင် တစုံတခုတက်လာသလို ခံစားလိုက်ရပြိး မျက်လုံးဖွင့်လိုက်တော့  သူက အရုပ်သေးသေးလေးက ဖက်တက်လာတာကို သိလိုက်ရသည်။

"ရှောင်းရှောင်းလား?"
သူက သူ့မျက်လုံးတွေကိုပွတ်သပ်ပြီး ရှောင်းရှောင်း ကို အနားမှာထားခဲ့တယ်။
 " ဘာဖြစ်နေတာလဲ။ သူအိပ်နေတုန်း ငါလို လူကြီးတစ်ယောက်ဟာ အရုပ်ကိုဖက်အိပ်နေတာကို မြင်သွားရင် ငါ့ အနာဂါတ်ဇနီးက ငါ့ကို စွန့်ခွာသွားလိမ့်မယ်ကွ   "

ပျင်းရိစွာ အကြောက်ဆန့်ပြီးနောက် Chen Ge က အချိန်ကိုကြည့်မိသည်။ ည သန်းခေါင် ၁၁:၅၉ မိနစ်....။ Chen Ge သည် သူ၏ဖိနပ်ကို ၀ တ်ဆင်ခဲ့ပြီး ပထမထပ်ရေချိုးခန်းသို့ သွားရန် ၀ န်ထမ်းများ၏ အခန်းထဲမှ ထွက်လာသည်။

သူက  ၀ င်လိုက်တာနဲ့ ရေချိုးခန်းအတွင်းရှိလေထုသည် မသင့်တော် ကြောင်း တွေ့ရှိခဲ့သည်။ အိမ်သာခန်းတံခါး ကို ဖွင့်ထားပြီး အနက်ရောင်အထည်အောက်ဖြင့် ဖုံးထားသော ှိမှန်ထဲမှ အနီရောင်အရောင်တမျိုးထွက်နေသည်ကို တွေ့မြင်နိုင်သည်။

မှန်ထဲမှာရှိတဲ့ တံခါးက အသက်ဝင်လာတာလား .....

သူသည်မှန်ရှိရာသို့လျှောက်သွားပြီး အနက်ရောင်အထည်၏ ထောင့်ကိုမြှောက်ကာ အသာလေး ချောင်းကြည့် လိုက်သည်။

 မှန်ထဲမှာ အက်ကြောင်းပေါ်နေပြီး ထိုနေရာမှ  တံခါးနီက တဝက်ဖွင့်နေ သည်။

===============

အခန်း (၁၀၆) _ တံခါးပေါက်နောက်ကွယ်ရှိအသံ  

Chen Ge ၏လက်များသည် အေးခဲသွားသည်။ စိတ်ပျက်စရာ အကောင်းဆုံးကတော့ မှန်ထဲရှိတံခါးသည် တကယ့်ဘ ၀ နှင့် ချိတ်ဆက်ကာ ပွင့်လာခြင်း ဖြစ်သည်။ Chen Ge သည် အနက်ရောင်အထည်ကို ဖယ်ရှားပြီး အိမ်သာခန်းထဲ သို့သွားခဲ့သည်။ သူသည် မှန်ကိုကြည့်ရှုရန်  တံခါးကိုအပြည့်ဖွင့်လိုက်သည်။


 အပြင်မှာ အိမ်သာခန်းအတွင်း၌ ဘာမှမရှိပေမယ့် မှန်ထဲမှာ ကွဲပြားခြားနားသော မြင်ကွင်းကို ဖြစ်စေခဲ့သည်။ ကျဉ်းမြောင်းသော အိမ်သာခန်းလေးသည် မျက်နှာကြက်များ၊ နံရံများနှင့်ကြမ်းပြင်များမှ သွေးစီးဆင်းနေသကဲ့သို့ အနီရောင်ခြယ်ဖြစ်နေသည်။ ဒါဟာကွဲပြားခြားနားသော ကမ္ဘာကြီးဖြစ်စေခဲ့သည်။

Chen Ge ကတော့ ဒီထူးဆန်းသော လောကထဲကို ၀ င်ဖို့ သတ္တိမရှိသေးပါဘူး။ တံခါးလက်ကိုင်ကို ကိုင်ပြီး သူက အိမ်သာခန်းကို ဖျက်ဆီးပစ်ရမလားလို့တွေးနေမိသည်။ ၁၀ စက္ကန့်ခန့်အကြာတွင် Chen Ge သည် အလွန်နီးကပ်နေပုံရသော်လည်း အလွန်ဝေးကွာလွန်းသောနေရာမှ ထွက်ပေါ်လာသော ထူးဆန်းသောအသံတစ်ခုကိုကြားခဲ့ရသည်။ စိုစွတ်သောအဝတ်ကို ဝတ်ဆင်ထားသူတစ် ဦး သည်ကြမ်းပြင်ပေါ်တွင် တွားသွားနေသည်ဟု ခံစားလိုက်ရသည်

အဲဒါ ဘယ်ကနေ လာတဲ့ အသံလဲ

Chen Ge နှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့် တူနေသည်။ သူကစင်္ကြံကိုစေ့စေ့ကြည့် ရန် ရေချိုးခန်းမှ ထွက်လာပြီးမှန်ကို ကြည့်ဖို့လှည့်လိုက်သည်။ နောက်ဆုံး သူသည်အသံသည် cubicle အတွင်းမှလာနေသည်ဟုသူအတည်ပြုခဲ့သည်။

တစ်ခုခုလာနေပြီလား

ချန်ကောက အခုက အချိန်ကောင်း မဟုတ်ကြောင်း သိသည်။ သူက အိမ်သာခန်းတံခါးကိုပိတ်ပြီး မှန်ကိုမကြည့်ခင် အနီးအနားရှိ ကြမ်းတိုက် အဝတ်အစားကို သုံး၍ ပိတ်လိုက်သည်။ တရွတ်တိုက် ဆွဲလာသည့် လေးလံသော အရာတစ်ခု၏ အသံထွက်ပေါ်လာသည်နှင့် မကြာမီ တံခါးအောက်မှ အနီရောင်ရေအိုင်တစ်ခု ထွက်လာသည်။

အခြားအရာတစ်ခုက တစ်ခုခုကို လိုက်ရှာနေသလို ခံစားလိုက်ရသည်။ ပြီးတော့ သွေးအနံ့နဲ့လေထုက လေးလံနေသည်။ စက္ကန့် အနည်းငယ် အကြာတွင် အသံပျောက်ကွယ်သွားပြီး ထူးခြားသောအနံ့လည်း ပျောက်သွားသည်။

သူသည် နံရံကိုမှီပြီး သူ့ကျောမှာ ချွေးထွက်နေသည်။ အကယ်၍ သူ မနိုးခဲ့လျှင်မြေကြီးပေါ်တွားတက်နေသော အရာသည် မှန်ထဲက မကောင်းဆိုးဝါး ကဲ့သို့လွတ်မြောက်သွား လိမ့်မည်။

 အနက်ရောင်အဝတ်အုပ်ထားတာတောင် မှန်နောက်မှာ သွေးနီရောင် တံခါးပေါက်မှာ ပေါ်လာသည်။ Chen Ge သည် အိမ်သာခန်းတံခါး နောက်ကွယ်ရှိ ကမ္ဘာနှင့် ပတ်သတ်၍ သူ ဘာမှ မသိသောကြောင့်  ယခုအချိန်တွင် သူ ခဏ မေ့ထားခဲ့ခြင်းဖြစ်သည်။

သူ၏မျက်နှာကိုရေအေးနှင့်သစ်ပြီး Chen Ge သည် ၀ န်ထမ်း အိမ်ခန်းသို့ပြန်သွားခဲ့သည်။ တံခါးဖွင့်လိုက်တဲ့အခါ ရှောင်းရှောင်းဟာ ထပ်မံပျောက်ကွယ်သွားပြီဆိုတာကို သူ သဘောပေါက်သွားသည်။

သူမက ငါ့ကိုသတိပေးဖို့ အစောပိုင်းက လာခဲ့သလား

Chen Ge သည် အိပ်ယာဘေးတွင်ထိုင်နေခဲ့သည်။ သူ အိပ်လို့မရတော့သဖြင့်  ဖုန်းနက်ကိုထုတ်လိုက်တယ်။ သူသည် ဖန်သားပြင်ပေါ်ကို ပွတ်သပ်ပြီးနောက် နေ့စဉ်မစ်ရှင်များအတွက် ခလုတ်ကို နှိပ်လိုက်သည်။


Easy Mission - သရဲအိမ်အတွေ့အကြုံက ဧည့်သည်တွေကို အမြဲတမ်းစိတ်ဒဏ်ရာ မပေးသင့်ဘူး။ ဒီသီအိုရီကိုခင်ဗျားနားလည်မယ်လို့မျှော်လင့်ပါတယ်။ သရဲအိမ်ပတ်လည်က   လုံခြုံရေးခြိမ်းခြောက်မှုများကို စစ်ဆေးခြင်းအားဖြင့် သရဲအိမ်၏လုံခြုံရေးကိုတိုးတက်အောင်ပြုလုပ်ပါ။

ပုံမှန်မစ်ရှင် - လက်တစ်ချောင်းက  မဆုပ်ကိုင်နိုင်ဘူး။  သရဲအိမ်ကောင်းတစ်လုံးဟာ စီမံခန့်ခွဲရေး အဖွဲ့ကောင်းတစ်ခုလိုတယ်။ နောက်ထပ် ဝန်ထမ်းစုဆောင်းပြီး သရဲအိမ်ကိုပိုကောင်းအောင် ကူညီနိုင်တယ်။

 ခက်ခဲသော မစ်ရှင် - မင်းရဲ့ အခန်းထဲမှာ ဒုတိယလူ တစ်ယောက် အမြဲရှိနေခဲ့တယ်။ မင်း အဲဒီလူကိုတွေ့ချင်လား။

Chen Ge သည် နေ့စဉ်မစ်ရှင်များနှင့်ရင်းနှီးကျွမ်းဝင်ခဲ့ပြီးဒါကို အရင်ကတွေ့ဖူးပြီးဖြစ်သည်။

Easy နှင့် Normal မစ်ရှင်များက ငါ့လက်ရှိလုပ်ဆောင်နေသောအရာများ၊ ဒီနေရာတစ်ဝိုက်ကို ပိုမိုကောင်းမွန်တဲ့ အကူအညီများနှင့် လုံခြုံရေး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သင့်သောအရာများဖြစ်သည်။ သို့သော်နှိုင်းယှဉ်ကြည့်လျှင် ခက်ခဲသောမစ်ရှင်၏ဆုသည် ပို၍ စွဲမက်ဖွယ်ကောင်းသည်။

စွန့်စားမှုမရှိဘဲ ဆုလာဘ်မရှိနိုင်ပါ၊ သို့သော် အဓိကအချက်မှာ ဘောပင် ဝိညာဉ်ကိုငှားရမ်းပြီးနောက် အနာဂါတ်ကို ကြိုတင်ဟောနိုင်တာ ကို သုံးနိုင်သည်။ ဒါကြောင့် ခက်ခဲသော မစ်ရှင်က ဘောပင်ဝိဉာဉ် အစွမ်း ကို သုံးနိုင်ဖို့ အကောင်းဆုံးဖြစ်သည်။

 တိပ်ကပ်ထားသော ဘောပင်ကိုကိုင် ထားပြီး  Chen Ge  ရှက်နေမိသည်။ အခွင့်အလမ်းတစ်ခုရှိရင် သူမက ဘောပင်အသစ်တစ်ခုကို သူမ ပြောင်းချင်သလားလို့ သူမကိုမေးသင့်ပြီ

သူက စာရွက်တစ်ရွက်ကိုကိုင်ပြီး စားပွဲပေါ်တင်လိုက်သည်။ Pen Spirit ကိုပန်ကြားပြီးတဲ့နောက် ချန်ကောက သူ့ကိုစိတ်အနှောက်အယှက်ဖြစ်စေ တဲ့မေးခွန်းကိုမေးခဲ့သည်။

"ငါ ခက်ခဲတဲ့ မစ်ရှင် ကို  လုံခြုံစွာပြီးအောင်လုပ်လို့ရနိုင်ပါ့မလား။ "

ထို့နောက် Chen Ge သည်စာရွက်ကိုအချိန်အတော်ကြာကြည့်ခဲ့သည်။ ဘောပင်ကတုန်ခါနေတယ်၊ ဒါပေမယ့် အဖြေမရခဲ့ဘူး။

"မေးခွန်းက ခက်ခဲနေလား?"

ချန်ကောက  ဘောပင်ဝိဉာဉ်က သူထင်ထားသလောက် မစွမ်းနိုင်ကြောင်း၊ သူမက ဖုန်းအနက်နှင့်ဆက်စပ်သော မေးခွန်းကို ဘာမှမဖြေနိုင်ဘူးဆိုတာ ိသလိုက်သည်။ ဒါကြောင့် ကျိုးပဲ့လုနီးပါးဖြစ်နေသော ဘောပင်ကို ကြည့်ကာ    Chen Ge သည် သူ၏မေးခွန်းကို ချက်ချင်းပြောင်းလဲလိုက်သည်။

" ဒီအခန်းထဲမှာတခြားလူတစ်ယောက်ရှိသလား ဆိုတာ သိချင်တယ် "

ဘောပင်ဝိဉာဉ် - " ဟုတ်ကဲ့"

" သူက ဘယ်သူလဲဆိုတာ သိသလား"

ဒီတစ်ခါတော့ Pen Spirit ကမဖြေဘူး။ မိမိလက်ဖဝါးက ဆုပ်ကိုင်ထားသော ဘောပင်က ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ Chen Ge သည် Pen Spirit ကိုအပြစ်မတင်ခဲ့ပါ၊  Pen Spirit အတွက် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေတာကြောင့် ဖြစ်နိုင်သော ကြောင့်ဖြစ်သည်။ တစ်နေ့ လျှင် တစ် ဦး ၏ လုပ်ဆောင်ချက်က  ကန့်သတ်ချက် ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။

 ဒီမှာနေတဲ့ လူတစ်ယောက်ရှိနေတယ်။ ဒါကို ငါလုံးဝ  သတိမပြုမိပါလား။

မစ်ရှင်နိဒါန်းကိုအခြေခံပြီး ထိုသူသည် အခြားလောကမှ အခြား သူငယ်ချင်းဖြစ်နိုင်သည်။ Chen Ge ၏ သရဲအိမ်တွင် ဝိဉာဉ်များ အနည်းငယ်သာ နေထိုင်ကြသည်။  သူ၏စီးပွားရေးကို မှန်ထဲက မကောင်းဆိုးဝါးတစ္ဆေကဲ့သို့ မကောင်းသည့်အရာက  မထိခိုက်သရွေ့နောက်ထပ် ထူးဆန်းသည့်အရာများကို သူ စိတ်ထဲမထားခဲ့ပေ။

 တွန့်ဆုတ်မှုများရှိပြီးနောက် Chen Ge သည် ခက်ခဲသောမစ်ရှင်ကို လက်ခံခဲ့သည်။

"သင်ခက်ခဲသောမစ်ရှင်ကို လက်ခံချင်တယ်ဆိုတာသေချာလား။ ကြိုတင်မမြင်နိုင်တဲ့အကျိုးဆက်တွေဖြစ်နိုင်တယ်။ "

"လက်ခံမယ်"

ဖုန်းအနက် မျက်နှာပြင်တုန်ခါနေပြီး သတင်းအသစ်တစ်ခုပေါ်လာသည်။

"သင်နှင့် တအခန်းတည်းမှာ ရှိနေတယ်။ သင် အိပ်ပျော်ချိန်မှာ သူပေါ်လာတယ်။  မကောင်းသည့်စွမ်းအင်က ဒီမှာနေထိုင်သူ တွေရဲ့ကျန်းမာရေးနဲ့လုံခြုံမှုကို ထိခိုက်စေနိုင်တယ်။ ဒါကြောင့် မကောင်းသည့်စွမ်းအင်ကို ဖယ်ရှားပါ။ ဒီ မကောင်းသည့်အရာက သင် အိပ်ပျော်တိုင်း သင့်အိပ်ယာဘေးမှာ မတ်တပ်ရပ်နေတာကြောင့် သင့်ကို ဘယ်လို ထိခိုက်နိုင်စေတယ်ဆိုတာ စဉ်းစားကြည့်ပါ။ ဒီ မစ်ရှင်ကို မမြင်ရသော ဧည့်သည်များ- The Invisible Customer လို့ ခေါ်ပါတယ်။
 ညသန်းခေါင်မှာ အခန်းပတ်လည်မှာ ရေစွတ်ထားတဲ့ဆန်ကိုဖြန့်ပြီး အိမ်ခန်းတွင်း ၀ တ်ဆင်ရတဲ့ ဖိနပ်အပါးကို အခန်းအပြင်ဘက်မှာ ထားပါ။ အိပ်ခန်းကြမ်းပြင်ပေါ်မှာ အဖြူရောင် ဖယောင်းတိုင်မီးထွန်းပါ။ အိပ်ရာကို လူအိပ်နေသလို ပြင်ဆင်ထားပါ။ သင်က ခုတင်အောက်မှာ ပုန်းနေပါ။ ဒီမစ်ရှင်ကို ဆောင်ရွက်ချိန်မှာ မင်း တကယ် အိပ်ပျော်နေဖို့လိုအပ်တယ်။   တကယ်လို့ သင်က သူ့မျက်နှာကို တစ်ချက်ကြည့်မိလျှင် စီမံနိုင်လျှင် မစ်ရှင် အောင်မြင်လိမ့်မည်။  "

"သတိပေးချက် - တတိယခက်ခဲသောမစ်ရှင်ပြီးသွားရင် နေ့စဉ်မစ်ရှင်အတွက်ပေးတဲ့ခက်ခဲတဲ့မစ်ရှင်တွေကို ကျပန်းရွေးချယ်လိမ့်မယ်။ ဒါကြောင့်ဒီမစ်ရှင်ကို ဂရုတစိုက်လုပ်ပါ။ "

Chen Ge သည် မစ်ရှင် အသေးစိတ်အချက်အလက်အားလုံးကို လျင်မြန်စွာမှတ်ခဲ့သည်။

ငါ ဘာကြောင့် ဒီလုပ်ငန်းစဉ်အတွင်း အိပ်ပျော်ရမှာလဲ။ အိပ်ပျော်လျှင် ထိုသူ၏မျက်နှာကို  ငါဘယ်လို ကြည့်နိုင်မလဲ။ အိပ်မက်ထဲမှာ မြင်အောင်ကြည့်ရမှာလား

Chen Ge သည် ဤမစ်ရှင်၏အဓိပ္ပာယ်ကို နားမလည်ခဲ့သော်လည်း ဒါကို လက်ခံခဲ့ပြီးညွှန်ကြားချက်များကိုသာ လိုက်နာရုံရှိတော့သည်။

Chen Ge သည် ဂျာကင်အင်္ကျီကို ၀ တ်ဆင်ပြီး ညအချိန်တွင် ဆန်ဖြူတစ်ဝက်ကို ယူရန် ပန်းခြံစားသောက်ဆိုင်သို့ ထပ်မံသွားခဲ့သည်။

သရဲခြောက်တဲ့အိမ်က အရမ်းကြီးတယ်။ ငါကြမ်းပြင်တိုင်း ကျဲရမယ်ဆိုရင် အရမ်းဖြုန်းတီးရာကျမယ်။  

 Chen Ge သည် ဆန်ကိုရေအေးဖြင့်စိမ်ပြီး ပထမထပ်ရှိအခန်း အနည်းငယ် တွင်ဖြန့်လိုက်သည်။ ထို့နောက် သူသည်စင်္ကြံတံခါးဝတွင်  ဖိနပ်တစ်စုံကို တင်ပြီး အိပ်ရာဘေးတွင် အဖြူရောင်ဖယောင်းတိုင်ကို ထွန်းလိုက်သည်။

========================







သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now