Chapter (30) - လူရွစ္ေယာက္

1.3K 319 1
                                    

Chapter (30) – လူရွစ္ေယာက္

He San က တတ္ႏိုင္သမွ် ေဖ်ာင္းဖ်ေပမယ့္ သူက အေၾကာက္လြန္ၿပီးေျပာတယ္လို႔ပဲ အႀကီးေတြက ထင္ေနၾကသည္။ ဒီေနရာကို သူတို႔ေလ့လာၿပီးသေလာက္ ဘာမွေၾကာက္စရာမေကာင္းလွေပ။

"Xiao San.. တကယ္လို႔ နင္ေၾကာက္တယ္ဆိုလည္း အစ္မႀကီးရဲ့ေနာက္မွာ ပုန္းေနလိုက္.."

အစ္မေဟြ႕က ေျပာရင္း ေရွ႕ဆံုးကေနဦးေဆာင္ၿပီး ေဘးခန္းထဲ တစ္ေယာက္တည္းဝင္သြားခဲ့သည္။

"အျပင္အဆင္အားလံုးက အတူတူပဲ.. အိမ္ယာကပဲ ရာဇဝတ္မႈတစ္ခုခု ျဖစ္သြားတဲ့ပံုစံနဲ႔ စိတ္ဝင္စားစရာေကာင္းေနတာ.."

"ဒါဆိုရင္ ခုနကအတိုင္း လူခြဲၿပီး ထြက္ေပါက္ျမန္ျမန္ရွာရေအာင္.. ကၽြန္ေတာ္ ပ်င္းလာၿပီ.."

ေမ်ာက္ေလးက အစ္မေဟြ႕စကားေနာက္ကလိုက္ၿပီး ေျပာလိုက္သည္။ ေလာင္ဘုန္း၊ စြတ္လင္းတို႔က He San၊ အစ္ကိုဖိန္းႏွင့္ ေလာင္က်ိဳးတို႔ကိုထားရစ္ကာ ထြက္သြားၾကသည္။

"တကယ္တမ္းေျပာရရင္ ငါ အေတာ္စိတ္ပ်က္သြားမိတယ္.."

ေလာင္က်ိဳးက မိန္းကေလးအမ်ားစုထက္ အသားအေရလွေသာ ေက်ာင္းသားျဖစ္သည္။ သူက က်န္းမာေရးမေကာင္းလို႔ လမ္းနည္းနည္းေလွ်ာက္တာနဲ႔ ေခၽြးထြက္လာသည္။

"စၾကစို႔.."

အစ္ကိုႀကီးဖိန္းက ေလာင္က်ိဳးေနာက္ကလိုက္လာၿပီး ေျပာလိုက္သည္။ He San တစ္ေယာက္တည္း ေကာ္ရစ္ဒါမွာ ေတာင့္ေတာင့္ႀကီးက်န္ေနရစ္ၿပီး မၾကာခင္ မေကာင္းတာျဖစ္လာေတာ့မလို ထင္ကာ သတိႀကီးႀကီးထားလို႔ေနသည္။ သူက ေျခႏွစ္လွမ္းပဲလွမ္းရေသးသည္၊ သရဲအိမ္ထဲက ေနာက္ခံတီးလံုးေျပာင္းသြားတာ သတိထားလိုက္မိသည္။

"ေနဦး.. ငါ ဒီတီးလံုးကို ဘာေၾကာင့္ရင္းႏွီးေနတာလဲ.."

သူက အသံကို အာ႐ံုစိုက္နားေထာင္ေနလို႔ ေကာ္ရစ္ဒါေအာက္ပိုင္းက 'ကလစ္' ဆိုတဲ့အသံကို ၾကားလိုက္ရၿပီး ေပ်ာက္သြားတာ ၾကားလုိက္ရသည္။

"တစ္ေယာက္ေယာက္ ငါတို႔ေနာက္က လိုက္ေနတာလား.."

He San က တစ္ေယာက္တည္းမေနရဲလို႔ စီနီယာေတြေနာက္ကို ေျပးလိုက္ခဲ့သည္။

Black Friday တီးလံုးသံႏွင့္အတူ သန္းေခါင္ယံည လူသတ္သမားအခန္းက စတင္အသက္ဝင္လာေတာ့သည္။ မီးေရာင္ေတြမွိန္သြားၿပီး ဝန္ထမ္းေတြက ေကာ္ရစ္ဒါတေလွ်ာက္ တေရြ႕ေရြ႕ခ်ဥ္းကပ္လာခဲ့သည္။ ေၾကာင္လိမ္ေလွကားဘက္က သံခ်ိန္းႀကိဳးသံတခၽြင္ခၽြင္ကို စတင္ၾကားလာရသည္။

"ငါ တစ္ခုခုေတြ႕ထားတယ္.."

အစ္မေဟြ႕က အခန္းထဲကေန အ႐ုပ္မတစ္ခုကိုကိုင္ၿပီး ထြက္လာခဲ့သည္။

"ၾကည့္.. အခန္းအလယ္မွာ ဒီအ႐ုပ္ကို ခ်ထားတာေတြ႕ရတယ္.."

"စီနီယာ.. သရဲအိမ္ထဲကပစၥည္းေတြ ေလွ်ာက္မေရႊ႕နဲ႔.. အရင္တစ္ေခါက္က ကၽြန္ေတာ္တို႔ေတြ အေခါင္းအဖံုးကိုတြန္းမိေတာ့ ေထာင္ေခ်ာက္ပြင့္သြားခဲ့တာ.."

ဘယ္သူမွ He San ၏စကားကို အာ႐ံုမစိုက္ၾကသျဖင့္ သူက လူအုပ္အျပင္ကေနပဲ ေမွာင္မည္းတဲ့ ေကာ္ရစ္ဒါကေန သူ႔စီနီယာ ေအာက္ဘက္ဆင္းသြားတာ ၾကည့္ေနလိုက္သည္။

"ဒီအ႐ုပ္က အေရးႀကီးတဲ့သဲလြန္စ ျဖစ္ႏိုင္တယ္.. အခန္းအလယ္မွာခ်ထားတာ တစ္ခုခုဆိုလိုတာလား.."

ေမ်ာက္ေလးက အ႐ုပ္ကိုယူၿပီး မီးေရာင္မွိန္မွိန္မွာ ေထာင္ၾကည့္လိုက္သည္။ အ႐ုပ္မက ၅ ႏွစ္ ၆ ႏွစ္အရြယ္ ေကာင္မေလးပံုျဖစ္ၿပီး မ်က္လံုးမပါဘဲ ကိုယ္ထည္က မီးေလာင္ထားသည္။

"မ်က္လံုးမပါတာ အေမွာင္ထုကိုရည္ညႊန္းၿပီး မီးေလာင္တာက ငရဲကိုဆိုလိုတာလား.."

"ဒါက မီး႐ိႈ႕ၿပီးလူသတ္တဲ့အမႈလည္း ျဖစ္ႏိုင္တယ္.. ဒီအ႐ုပ္ထဲမွာ ဝါဂြမ္းအျပင္ မာတဲ့ဟာတစ္ခုခုရွိေနတယ္.. ထုတ္ၾကည့္စမ္း.."

အစ္ကိုႀကီးဖိန္းက အ႐ုပ္ကိုဖိၾကည့္ၿပီး ေျပာလိုက္သည္။ ေမ်ာက္ေလးက အ႐ုပ္ေနာက္ေက်ာကဇစ္ကို ဖြင့္လိုက္ေတာ့ လက္ေရးနဲ႔ေရးထားတဲ့ စကၠဴပိုင္းေတြကို ေတြ႕လိုက္ရသည္။ လက္ေရးက ကေလးလက္ေရးလိုျဖစ္ၿပီး ဖတ္ရခက္လွသည္။

"ဘာေျပာထားတာလဲ.."

စကၠဴကိုဆက္ၿပီး ဖတ္ေနတဲ့ ေမ်ာက္ေလးရဲ့မ်က္ႏွာက ေဖ်ာ့ေတာ့သြားသည္။ သူဆက္ထားတဲ့စကၠဴကို လူစုကိုျပလိုက္ေတာ့ စာလံုး၆လုးပဲ ေရးထားသည္။

**မင္းတို႔အားလံုး ေသရမယ္..**

"အားလံုးက ဒါေတြပဲေရးထားတာ.."

"ဒီလိုဟာမ်ိဳးလုပ္တယ္ဆိုေတာ့ အမုန္းတရားက ဘယ္ေလာက္ေတာင္ ႀကီးလိုက္မလဲ.."

"ဒါကို ျမန္ျမန္ထားလိုက္စမ္းပါ.. ၾကည့္ရတာ တမ်ိဳးႀကီးပဲ.."

ၿငိမ္သက္ေနတဲ့ စြတ္လင္းက အ႐ုပ္ကိုၾကည့္ကာ ေၾကာက္လန္႔တၾကားေျပာကာ ေနာက္ကိုဆုတ္လိုက္သည္။

"ဒီအ႐ုပ္က သရဲအိမ္ထဲ အလွဆင္ထား႐ံုသက္သက္ပါ.. ဘာေၾကာက္စရာေကာင္းလို႔လဲ.."

ေမ်ာက္ေလးက စကၠဴေတြကို အ႐ုပ္ထဲျပန္ထိုးထည့္လိုက္ၿပီး အျပင္စႀကၤန္ေထာင့္တစ္ေထာင့္ ႀကံဳရာေနရာကိုလွမ္းပစ္ကာ ေျပာလိုက္သည္။

"ေဘးခန္းကို သြားၾကည့္ရေအာင္.."

ဒါေပမယ့္ တုန္ခါေနသည့္သူ႔အသံက အတြင္းစိတ္ပူပန္မႈကို ေဖာ္ျပလို႔ေနသည္။

"ခဏေလး.. အ႐ုပ္ထဲကဟာထက္ ငါ အေစာက အခန္းထဲမွာေတြ႕ထားတာ ရွိေသးတယ္.. ၾကည့္ၾကဦး.. ဒါက ဒိုင္ယာရီစာအုပ္ထဲကဟာလို႔ ထင္တယ္.."

"ငါၾကည့္ပါရေစ.."

ေရွာင္ေဟြ႕ကေျပာေတာ့ ေလာင္က်ိဳးက စကၠဴစာရြက္ကိုလွမ္းယူကာ ဖတ္ၾကည့္လိုက္သည္။

**အိမ္ထဲမွာ တစ္ေယာက္ေယာက္ပုန္းေနသလို ငါခံစားရတယ္.. သူက ကုတင္ေအာက္ ဒါမွမဟုတ္ ဗီ႐ိုထဲမွာ ဝင္ပုန္းေနႏိုင္တယ္.. ငါ မာမီ၊ ဒယ္ဒီနဲ႔ အစ္မႀကီးကို ေျပာျပေပမယ့္ ငါေျပာတာကို လံုးလံုးဂ႐ုမစိုက္ၾကဘူး.. ညေရာက္ေတာ့ ဒယ္ဒီက တံခါးအားလံုးပိတ္လိုက္ၿပီး အိပ္ယာဝင္သြားၾကတယ္.. အိမ္ထဲမွာပုန္းေနတဲ့လူထက္ အျပင္ကဟာကို ဘာေၾကာင့္ပိုေၾကာက္ၾကတယ္ဆိုတာ ငါနားမလည္ေတာ့ဘူး..**

"Fuck.. ဒါ ဘာႀကီးတုန္း.."

ေလာင္က်ိဳးက စာရြက္ကို ေရွာင္ေဟြ႕ဆီျပန္ေပးရင္း ေျပာလိုက္သည္။

"ဒါက ငါတို႔ကို တမင္ေႏွာင့္ယွက္တာ ျဖစ္ႏိုင္တယ္.. ေထာင္ေခ်ာက္ထဲ မဝင္ၾကနဲ႔.."

"ဒီေလာက္အေသးစိတ္ျပင္ဆင္္ထားတာ ငါတကယ္ ခ်ီးက်ဴးတယ္.. ဒါေပမယ့္ ငါတို႔ကိုေျခာက္ဖို႔ထိေတာ့ မလံုေလာက္ေသးဘူး.."

အဖြဲ႕လိုက္ တျခားအခန္းမသြားခင္ ေရွာင္ေဟြ႕က စာရြက္ကို မူလေတြ႕တဲ့ေနရာ ျပန္ထားလိုက္သည္။ ေကာ္ရစ္ဒါေထာင့္ကိုပစ္လိုက္တဲ့ အ႐ုပ္က ႐ုတ္တရက္ တြန္႔လိမ္သြားတာကို တစ္အုပ္စုလံုး သတိမထားမိလိုက္ၾကေပ။

"အခ်ိန္ျဖဳန္းတာရပ္ၿပီး ထြက္ေပါက္ရွာၾကစို႔.."

သူတို႔က ညာဘက္ေကာ္ရစ္ဒါတေလွ်ာက္က ၅ ခန္းကို ရွာၾကေပမယ့္ ထြက္ေပါက္ကို လံုးဝမေတြ႕ၾကေပ။

"ဒီအထပ္က ႀကီးလြန္းလို႔ သတ္မွတ္ထားတဲ့အခ်ိန္အတြင္း ငါတို႔ ထြက္ေပါက္ေတြ႕ေအာင္ ရွာႏိုင္မွာမဟုတ္ဘူးလို႔ ငါထင္တယ္.. တကယ္လို႔ ငါသာ သရဲအိမ္ပိုင္ရွင္ဆုိရင္ ဝင္ေပါက္နဲ႔ထြက္ေပါက္ကို တစ္ထပ္တည္းမွာမထားဘူး.."

အစ္ကိုႀကီးဖိန္းက ယုတၱိေဗဒက်က် ဆန္းစစ္လိုက္သည္။

"ငါတို႔ အုပ္စုထပ္ခြဲၾကမလား.."

"မလုပ္နဲ႔.. တစ္ထပ္တည္းမွာမဟုတ္ရင္ ကၽြန္ေတာ္တုိ႔ကို လူစုခြဲေအာင္လုပ္ဖို႔ ပိုလြယ္သြားလိမ့္မယ္.."

He San ရဲ့ကန္႔ကြက္စကားကို အဖြဲ႕က တစ္ညီတည္း ပယ္ခ်လိုက္ျပန္သည္။

"ငါတို႔ ဒီအထပ္ကိုေရာက္ေနတာ 10 မိနစ္ေက်ာ္သြားၿပီ.. ဒီဟာက ထင္သေလာက္ ေၾကာက္စရာမေကာင္းပါဘူး.. ဒါေၾကာင့္ အုပ္စုခြဲဖို႔ ငါသေဘာတူတယ္.."

ေလာင္က်ိဳးက နဖူးေပၚကေခၽြးကို သုတ္လိုက္ၿပီး ဆက္ေျပာလိုက္သည္။

"ငါတို႔ ဒီကိုလာရတဲ့ရည္ရြယ္ခ်က္ကို မေမ့နဲ႔ဦး.. သတ္မွတ္ခ်ိန္အတြင္း ထြက္ေပါက္က ရေအာင္ထြက္ႏိုင္မွ ငါတို႔တကၠသိုလ္ သိကၡာမက်မွာေနာ္.."

"နင္ေျပာတာမွန္တယ္.. ငါတို႔ မူလအစီအစဥ္အတိုင္း လူခြဲၿပီးလုပ္ၾကမယ္.."

"ကၽြန္ေတာ္ေျပာတာ ေက်းဇူးျပဳၿပီး နားေထာင္ေပးၾကပါဦး.."

သူတို႔ေဆြးေႏြးတာၿပီးေတာ့ He San က ေျပာလိုက္သည္။

သူက လူအုပ္အလယ္မွာဝင္ရပ္ၿပီး ေကာ္ရစ္ဒါေအာက္ကို လက္ညိႈးထိုးကာ ေျပာလိုက္သည္။

"ခုနတုန္းက ကၽြန္ေတာ္ ေၾကာင္လိမ္ေလွကားဘက္က ထူးဆန္းတဲ့အသံကို ၾကားလိုက္ရတယ္.. တစ္ခုခု ကၽြန္ေတာ္တို႔ေနာက္ကို လိုက္လာၿပီထင္တယ္.."

He San ရဲ့သတိေပးသံႏွင့္အတူ အျပင္ဘက္က Chain ႀကိဳးသံက ပိုၿပီး ရွင္းရွင္းလင္းလင္း ၾကားလာရသည္။

"ေဘာ့စ္က ဒီအထပ္ကို သန္းေခါင္ယံည လူသတ္သမားအခန္းလို႔ ေျပာလိုက္တယ္မလား.. ဒီအသံက လူသတ္သမားလာေနတဲ့ အသံေနမွာေပါ့ကြ.."

ေလာင္က်ိဳးက He San ရဲ့ပုခံုးကို ပုတ္ၿပီး ေျပာလိုက္သည္။

"ေလွ်ာက္မေတြးပါနဲ႔.. လူသတ္သမားဆိုတာ ဒီသရဲအိမ္ကဝန္ထမ္းက သ႐ုပ္ေဆာင္ေနတာပါ.. ဘာမွေၾကာက္စရာမလိုဘူး.. ဟုတ္ၿပီလား.."

တစ္အုပ္စုလံုးက He San က အေတြးေခါင္တယ္လို႔ထင္ၿပီး ဝိုင္းရယ္လိုက္ၾကသည္။

"စိတ္မပူနဲ႔.. မင္းရဲ့စီနီယာအစ္ကိုႀကီးက မင္းကို ေစာင့္ေရွာက္ေပးပါ့မယ္.."

ေလာင္က်ိဳးက ဖုန္းကိုထုတ္ရင္း ဆက္ေျပာလိုက္သည္။

"ဒါနဲ႔ ငါတို႔ သရဲအိမ္ထဲမွာ Video ႐ိုက္ၿပီး ဒီသရဲအိမ္ page မွာ သြားတင္လိုက္ၿပီး ပိုင္ရွင္ကို ဟာသလုပ္ရင္ မေကာင္းဘူးလား.. ဒီေနရာက ေကာင္းတယ္လို႔ ငါထင္တယ္.. အားလံုး ကင္မရာဘက္ကို ၾကည့္ေပးၾကပါ.."

သူက ေျပာၿပီး ကင္မရာထဲ လူတိုင္းပံုပါေအာင္ ေထာင္ၿပီး ခ်ိန္လိုက္ခ်ိန္မွာ Screen ေပၚကပံုရိပ္ကိုျမင္ၿပီး ေျခဆံုးေခါင္းဆံုး ေအးစိမ့္သြားေတာ့သည္။ သူ၏ ခပ္ဝဝကုိယ္ခႏၶာက တုန္ယင္လာၿပီး ဖုန္းကိုလႊင့္ပစ္လိုက္မိသည္။

"ဖက္တီး.. မင္း ႐ူးသြားၿပီလား.."

"ဘာျဖစ္လို႔လဲ.. မင္း ငါ့ကို ေျခာက္ေနတာလား.."

ေလာင္က်ိဳးက စကားမေျပာႏိုင္ေတာ့ဘဲ လူေတြကိုေရတြက္ရင္း သြားခ်င္းတဂတ္ဂတ္႐ိုက္ခတ္မိကာ တုန္ယင္စြာေျပာလိုက္သည္။

"မင္းဘာသာ ေရတြက္ၾကည့္လိုက္.. ငါအပါအဝင္ ငါတုိ႔က ဘာေၾကာင့္ ၈ ေယာက္ျဖစ္ေနတာလဲ.."

=======================
Chapter (30) – လူရှစ်ယောက်

He San က တတ်နိုင်သမျှ ဖျောင်းဖျပေမယ့် သူက အကြောက်လွန်ပြီးပြောတယ်လို့ပဲ အကြီးတွေက ထင်နေကြသည်။ ဒီနေရာကို သူတို့လေ့လာပြီးသလောက် ဘာမှကြောက်စရာမကောင်းလှပေ။

"Xiao San.. တကယ်လို့ နင်ကြောက်တယ်ဆိုလည်း အစ်မကြီးရဲ့နောက်မှာ ပုန်းနေလိုက်.."

အစ်မဟွေ့က ပြောရင်း ရှေ့ဆုံးကနေဦးဆောင်ပြီး ဘေးခန်းထဲ တစ်ယောက်တည်းဝင်သွားခဲ့သည်။

"အပြင်အဆင်အားလုံးက အတူတူပဲ.. အိမ်ယာကပဲ ရာဇဝတ်မှုတစ်ခုခု ဖြစ်သွားတဲ့ပုံစံနဲ့ စိတ်ဝင်စားစရာကောင်းနေတာ.."

"ဒါဆိုရင် ခုနကအတိုင်း လူခွဲပြီး ထွက်ပေါက်မြန်မြန်ရှာရအောင်.. ကျွန်တော် ပျင်းလာပြီ.."

မျောက်လေးက အစ်မဟွေ့စကားနောက်ကလိုက်ပြီး ပြောလိုက်သည်။ လောင်ဘုန်း၊ စွတ်လင်းတို့က He San၊ အစ်ကိုဖိန်းနှင့် လောင်ကျိုးတို့ကိုထားရစ်ကာ ထွက်သွားကြသည်။

"တကယ်တမ်းပြောရရင် ငါ အတော်စိတ်ပျက်သွားမိတယ်.."

လောင်ကျိုးက မိန်းကလေးအများစုထက် အသားအရေလှသော ကျောင်းသားဖြစ်သည်။ သူက ကျန်းမာရေးမကောင်းလို့ လမ်းနည်းနည်းလျှောက်တာနဲ့ ချွေးထွက်လာသည်။

"စကြစို့.."

အစ်ကိုကြီးဖိန်းက လောင်ကျိုးနောက်ကလိုက်လာပြီး ပြောလိုက်သည်။ He San တစ်ယောက်တည်း ကော်ရစ်ဒါမှာ တောင့်တောင့်ကြီးကျန်နေရစ်ပြီး မကြာခင် မကောင်းတာဖြစ်လာတော့မလို ထင်ကာ သတိကြီးကြီးထားလို့နေသည်။ သူက ခြေနှစ်လှမ်းပဲလှမ်းရသေးသည်၊ သရဲအိမ်ထဲက နောက်ခံတီးလုံးပြောင်းသွားတာ သတိထားလိုက်မိသည်။

"နေဦး.. ငါ ဒီတီးလုံးကို ဘာကြောင့်ရင်းနှီးနေတာလဲ.."

သူက အသံကို အာရုံစိုက်နားထောင်နေလို့ ကော်ရစ်ဒါအောက်ပိုင်းက 'ကလစ်' ဆိုတဲ့အသံကို ကြားလိုက်ရပြီး ပျောက်သွားတာ ကြားလိုက်ရသည်။

"တစ်ယောက်ယောက် ငါတို့နောက်က လိုက်နေတာလား.."

He San က တစ်ယောက်တည်းမနေရဲလို့ စီနီယာတွေနောက်ကို ပြေးလိုက်ခဲ့သည်။

Black Friday တီးလုံးသံနှင့်အတူ သန်းခေါင်ယံည လူသတ်သမားအခန်းက စတင်အသက်ဝင်လာတော့သည်။ မီးရောင်တွေမှိန်သွားပြီး ဝန်ထမ်းတွေက ကော်ရစ်ဒါတလျှောက် တရွေ့ရွေ့ချဉ်းကပ်လာခဲ့သည်။ ကြောင်လိမ်လှေကားဘက်က သံချိန်းကြိုးသံတချွင်ချွင်ကို စတင်ကြားလာရသည်။

"ငါ တစ်ခုခုတွေ့ထားတယ်.."

အစ်မဟွေ့က အခန်းထဲကနေ အရုပ်မတစ်ခုကိုကိုင်ပြီး ထွက်လာခဲ့သည်။

"ကြည့်.. အခန်းအလယ်မှာ ဒီအရုပ်ကို ချထားတာတွေ့ရတယ်.."

"စီနီယာ.. သရဲအိမ်ထဲကပစ္စည်းတွေ လျှောက်မရွှေ့နဲ့.. အရင်တစ်ခေါက်က ကျွန်တော်တို့တွေ အခေါင်းအဖုံးကိုတွန်းမိတော့ ထောင်ချောက်ပွင့်သွားခဲ့တာ.."

ဘယ်သူမှ He San ၏စကားကို အာရုံမစိုက်ကြသဖြင့် သူက လူအုပ်အပြင်ကနေပဲ မှောင်မည်းတဲ့ ကော်ရစ်ဒါကနေ သူ့စီနီယာ အောက်ဘက်ဆင်းသွားတာ ကြည့်နေလိုက်သည်။

"ဒီအရုပ်က အရေးကြီးတဲ့သဲလွန်စ ဖြစ်နိုင်တယ်.. အခန်းအလယ်မှာချထားတာ တစ်ခုခုဆိုလိုတာလား.."

မျောက်လေးက အရုပ်ကိုယူပြီး မီးရောင်မှိန်မှိန်မှာ ထောင်ကြည့်လိုက်သည်။ အရုပ်မက ၅ နှစ် ၆ နှစ်အရွယ် ကောင်မလေးပုံဖြစ်ပြီး မျက်လုံးမပါဘဲ ကိုယ်ထည်က မီးလောင်ထားသည်။

"မျက်လုံးမပါတာ အမှောင်ထုကိုရည်ညွှန်းပြီး မီးလောင်တာက ငရဲကိုဆိုလိုတာလား.."

"ဒါက မီးရှို့ပြီးလူသတ်တဲ့အမှုလည်း ဖြစ်နိုင်တယ်.. ဒီအရုပ်ထဲမှာ ဝါဂွမ်းအပြင် မာတဲ့ဟာတစ်ခုခုရှိနေတယ်.. ထုတ်ကြည့်စမ်း.."

အစ်ကိုကြီးဖိန်းက အရုပ်ကိုဖိကြည့်ပြီး ပြောလိုက်သည်။ မျောက်လေးက အရုပ်နောက်ကျောကဇစ်ကို ဖွင့်လိုက်တော့ လက်ရေးနဲ့ရေးထားတဲ့ စက္ကူပိုင်းတွေကို တွေ့လိုက်ရသည်။ လက်ရေးက ကလေးလက်ရေးလိုဖြစ်ပြီး ဖတ်ရခက်လှသည်။

"ဘာပြောထားတာလဲ.."

စက္ကူကိုဆက်ပြီး ဖတ်နေတဲ့ မျောက်လေးရဲ့မျက်နှာက ဖျော့တော့သွားသည်။ သူဆက်ထားတဲ့စက္ကူကို လူစုကိုပြလိုက်တော့ စာလုံး၆လုးပဲ ရေးထားသည်။

**မင်းတို့အားလုံး သေရမယ်..**

"အားလုံးက ဒါတွေပဲရေးထားတာ.."

"ဒီလိုဟာမျိုးလုပ်တယ်ဆိုတော့ အမုန်းတရားက ဘယ်လောက်တောင် ကြီးလိုက်မလဲ.."

"ဒါကို မြန်မြန်ထားလိုက်စမ်းပါ.. ကြည့်ရတာ တမျိုးကြီးပဲ.."

ငြိမ်သက်နေတဲ့ စွတ်လင်းက အရုပ်ကိုကြည့်ကာ ကြောက်လန့်တကြားပြောကာ နောက်ကိုဆုတ်လိုက်သည်။

"ဒီအရုပ်က သရဲအိမ်ထဲ အလှဆင်ထားရုံသက်သက်ပါ.. ဘာကြောက်စရာကောင်းလို့လဲ.."

မျောက်လေးက စက္ကူတွေကို အရုပ်ထဲပြန်ထိုးထည့်လိုက်ပြီး အပြင်စင်္ကြန်ထောင့်တစ်ထောင့် ကြုံရာနေရာကိုလှမ်းပစ်ကာ ပြောလိုက်သည်။

"ဘေးခန်းကို သွားကြည့်ရအောင်.."

ဒါပေမယ့် တုန်ခါနေသည့်သူ့အသံက အတွင်းစိတ်ပူပန်မှုကို ဖော်ပြလို့နေသည်။

"ခဏလေး.. အရုပ်ထဲကဟာထက် ငါ အစောက အခန်းထဲမှာတွေ့ထားတာ ရှိသေးတယ်.. ကြည့်ကြဦး.. ဒါက ဒိုင်ယာရီစာအုပ်ထဲကဟာလို့ ထင်တယ်.."

"ငါကြည့်ပါရစေ.."

ရှောင်ဟွေ့ကပြောတော့ လောင်ကျိုးက စက္ကူစာရွက်ကိုလှမ်းယူကာ ဖတ်ကြည့်လိုက်သည်။

**အိမ်ထဲမှာ တစ်ယောက်ယောက်ပုန်းနေသလို ငါခံစားရတယ်.. သူက ကုတင်အောက် ဒါမှမဟုတ် ဗီရိုထဲမှာ ဝင်ပုန်းနေနိုင်တယ်.. ငါ မာမီ၊ ဒယ်ဒီနဲ့ အစ်မကြီးကို ပြောပြပေမယ့် ငါပြောတာကို လုံးလုံးဂရုမစိုက်ကြဘူး.. ညရောက်တော့ ဒယ်ဒီက တံခါးအားလုံးပိတ်လိုက်ပြီး အိပ်ယာဝင်သွားကြတယ်.. အိမ်ထဲမှာပုန်းနေတဲ့လူထက် အပြင်ကဟာကို ဘာကြောင့်ပိုကြောက်ကြတယ်ဆိုတာ ငါနားမလည်တော့ဘူး..**

"Fuck.. ဒါ ဘာကြီးတုန်း.."

လောင်ကျိုးက စာရွက်ကို ရှောင်ဟွေ့ဆီပြန်ပေးရင်း ပြောလိုက်သည်။

"ဒါက ငါတို့ကို တမင်နှောင့်ယှက်တာ ဖြစ်နိုင်တယ်.. ထောင်ချောက်ထဲ မဝင်ကြနဲ့.."

"ဒီလောက်အသေးစိတ်ပြင်ဆင်ထားတာ ငါတကယ် ချီးကျူးတယ်.. ဒါပေမယ့် ငါတို့ကိုခြောက်ဖို့ထိတော့ မလုံလောက်သေးဘူး.."

အဖွဲ့လိုက် တခြားအခန်းမသွားခင် ရှောင်ဟွေ့က စာရွက်ကို မူလတွေ့တဲ့နေရာ ပြန်ထားလိုက်သည်။ ကော်ရစ်ဒါထောင့်ကိုပစ်လိုက်တဲ့ အရုပ်က ရုတ်တရက် တွန့်လိမ်သွားတာကို တစ်အုပ်စုလုံး သတိမထားမိလိုက်ကြပေ။

"အချိန်ဖြုန်းတာရပ်ပြီး ထွက်ပေါက်ရှာကြစို့.."

သူတို့က ညာဘက်ကော်ရစ်ဒါတလျှောက်က ၅ ခန်းကို ရှာကြပေမယ့် ထွက်ပေါက်ကို လုံးဝမတွေ့ကြပေ။

"ဒီအထပ်က ကြီးလွန်းလို့ သတ်မှတ်ထားတဲ့အချိန်အတွင်း ငါတို့ ထွက်ပေါက်တွေ့အောင် ရှာနိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်.. တကယ်လို့ ငါသာ သရဲအိမ်ပိုင်ရှင်ဆိုရင် ဝင်ပေါက်နဲ့ထွက်ပေါက်ကို တစ်ထပ်တည်းမှာမထားဘူး.."

အစ်ကိုကြီးဖိန်းက ယုတ္တိဗေဒကျကျ ဆန်းစစ်လိုက်သည်။

"ငါတို့ အုပ်စုထပ်ခွဲကြမလား.."

"မလုပ်နဲ့.. တစ်ထပ်တည်းမှာမဟုတ်ရင် ကျွန်တော်တို့ကို လူစုခွဲအောင်လုပ်ဖို့ ပိုလွယ်သွားလိမ့်မယ်.."

He San ရဲ့ကန့်ကွက်စကားကို အဖွဲ့က တစ်ညီတည်း ပယ်ချလိုက်ပြန်သည်။

"ငါတို့ ဒီအထပ်ကိုရောက်နေတာ 10 မိနစ်ကျော်သွားပြီ.. ဒီဟာက ထင်သလောက် ကြောက်စရာမကောင်းပါဘူး.. ဒါကြောင့် အုပ်စုခွဲဖို့ ငါသဘောတူတယ်.."

လောင်ကျိုးက နဖူးပေါ်ကချွေးကို သုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ငါတို့ ဒီကိုလာရတဲ့ရည်ရွယ်ချက်ကို မမေ့နဲ့ဦး.. သတ်မှတ်ချိန်အတွင်း ထွက်ပေါက်က ရအောင်ထွက်နိုင်မှ ငါတို့တက္ကသိုလ် သိက္ခာမကျမှာနော်.."

"နင်ပြောတာမှန်တယ်.. ငါတို့ မူလအစီအစဉ်အတိုင်း လူခွဲပြီးလုပ်ကြမယ်.."

"ကျွန်တော်ပြောတာ ကျေးဇူးပြုပြီး နားထောင်ပေးကြပါဦး.."

သူတို့ဆွေးနွေးတာပြီးတော့ He San က ပြောလိုက်သည်။

သူက လူအုပ်အလယ်မှာဝင်ရပ်ပြီး ကော်ရစ်ဒါအောက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ခုနတုန်းက ကျွန်တော် ကြောင်လိမ်လှေကားဘက်က ထူးဆန်းတဲ့အသံကို ကြားလိုက်ရတယ်.. တစ်ခုခု ကျွန်တော်တို့နောက်ကို လိုက်လာပြီထင်တယ်.."

He San ရဲ့သတိပေးသံနှင့်အတူ အပြင်ဘက်က Chain ကြိုးသံက ပိုပြီး ရှင်းရှင်းလင်းလင်း ကြားလာရသည်။

"ဘော့စ်က ဒီအထပ်ကို သန်းခေါင်ယံည လူသတ်သမားအခန်းလို့ ပြောလိုက်တယ်မလား.. ဒီအသံက လူသတ်သမားလာနေတဲ့ အသံနေမှာပေါ့ကွ.."

လောင်ကျိုးက He San ရဲ့ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"လျှောက်မတွေးပါနဲ့.. လူသတ်သမားဆိုတာ ဒီသရဲအိမ်ကဝန်ထမ်းက သရုပ်ဆောင်နေတာပါ.. ဘာမှကြောက်စရာမလိုဘူး.. ဟုတ်ပြီလား.."

တစ်အုပ်စုလုံးက He San က အတွေးခေါင်တယ်လို့ထင်ပြီး ဝိုင်းရယ်လိုက်ကြသည်။

"စိတ်မပူနဲ့.. မင်းရဲ့စီနီယာအစ်ကိုကြီးက မင်းကို စောင့်ရှောက်ပေးပါ့မယ်.."

လောင်ကျိုးက ဖုန်းကိုထုတ်ရင်း ဆက်ပြောလိုက်သည်။

"ဒါနဲ့ ငါတို့ သရဲအိမ်ထဲမှာ Video ရိုက်ပြီး ဒီသရဲအိမ် page မှာ သွားတင်လိုက်ပြီး ပိုင်ရှင်ကို ဟာသလုပ်ရင် မကောင်းဘူးလား.. ဒီနေရာက ကောင်းတယ်လို့ ငါထင်တယ်.. အားလုံး ကင်မရာဘက်ကို ကြည့်ပေးကြပါ.."

သူက ပြောပြီး ကင်မရာထဲ လူတိုင်းပုံပါအောင် ထောင်ပြီး ချိန်လိုက်ချိန်မှာ Screen ပေါ်ကပုံရိပ်ကိုမြင်ပြီး ခြေဆုံးခေါင်းဆုံး အေးစိမ့်သွားတော့သည်။ သူ၏ ခပ်ဝဝကိုယ်ခန္ဓာက တုန်ယင်လာပြီး ဖုန်းကိုလွှင့်ပစ်လိုက်မိသည်။

"ဖက်တီး.. မင်း ရူးသွားပြီလား.."

"ဘာဖြစ်လို့လဲ.. မင်း ငါ့ကို ခြောက်နေတာလား.."

လောင်ကျိုးက စကားမပြောနိုင်တော့ဘဲ လူတွေကိုရေတွက်ရင်း သွားချင်းတဂတ်ဂတ်ရိုက်ခတ်မိကာ တုန်ယင်စွာပြောလိုက်သည်။

"မင်းဘာသာ ရေတွက်ကြည့်လိုက်.. ငါအပါအဝင် ငါတို့က ဘာကြောင့် ၈ ယောက်ဖြစ်နေတာလဲ.."

=======================

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now