(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း

651 160 4
                                    

Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း


ချန်ကောကရေချိုးခန်း တံခါးကို တွန်းဖွင့်လိုက်ပြီးတော့ နံရံပေါ်ရှိ မှန်ကို အနက်ရောင်အ ၀ တ်တစ်ထည်ဖြင့်ဖုံးအုပ်ထားပြီး အခန်းတံခါးကို အလုံပိတ်ထားသည်ကို တွေ့လိုက်ရသည်။

ဧည့်သည်များသည် သရဲအိမ်ထဲကို နေ့အချိန်တွင်လာရောက်ကြသော်လည်း သွေးရောင်နီရဲနေသည့် တံခါးသည်သန်းခေါင်ယံတွင်သာ ပေါ်ထွက်လာတတ်သည်။

ပုံမှန်အားဖြင့်တစ်စုံတစ်ယောက်သည် ည အချိန်တွင်သရဲအိမ်ထဲသို့ခိုးဝင်ကာ  ကျန်းပင်းကဲ့သို့ အခန်းတံခါးမကို မတော်တဆဖွင့်မထားပါက ဒီသွေးရောင်တံခါးကို အခြားလူတွေ ထိတွေ့တာဖြစ်ဖို့ခဲယဉ်းပါသည်။
 
ချန်ကော သည် မှန်ချပ်ကို ဖုံးထားသည့် အနက်ရောင်အ ဝတ်စကို ဖယ်လိုက်ပြီး ပြတင်းပေါက်ရှေ့တွင်ရပ်လိုက်သည်။ သူသည်မှန်နောက်ကွယ်မှသွေးနီရောင် ကမ္ဘာအကြောင်း သဲလွန်စ လုံးဝ မရှိချေ။ တံခါးကဘာကြောင့်ပေါ်လာမှန်းတောင် သူ မသိပေ။ အဲ့တံခါးကို ဖျက်ဆီးဖို့နည်းလမ်းကို သိဖို့ ပိုတောင် နည်းသေးတယ်။

ငါ့၏မိဘတွေက တတိယဖျားနာခန်းမ၏ တံခါးကို ပြန်ဖွင့်လိုက်ပြီလို့ ပြောခဲ့တယ်။ ဆိုလိုတာက အဲ့တံခါးက မူလက ပိတ်ထားတာပေါ့။ တတိယဖျားနာဆောင်ခန်းမသည် သွေးရောင် တံခါးကို ပိတ်ရန်သဲလွန်စများ ရှိနိုင်လောက်သည်။ မှန်ချပ်ထဲက သွေးနီရောင်တံခါးနှင့်တတိယဖျားနာဆောင်ခန်းမ၏တံခါးက ဆယ်သွယ်ထားသည်လို့ ဆိုလို့ရသည်။  ဒါဆိုဒီ အစမ်းမစ်ရှင်က ငါ့အတွက်ပိုအရေးကြီးလိမ့်မယ်။

ချန်ကောက ညသန်းခေါင်အထိစောင့်ပြီး  ဆယ့်နှစ်နာရီ ကျော်သွားသည်နှင့် သွေးရောင်တံခါးက မှန်ထဲမှာ အချိန်မီပေါ်လာတယ်။ ထိုတစ်မိနစ်အတွင်းမှာပင်ထူးဆန်းသောဆူညံသံများက သရဲအိမ်အနောက်ဘက်မှ ထွက်ပေါ်လာသည်။ အရင်ကနဲ့ယှဉ်ရင်တံခါးနားမှာ ထိုအသံတွေ ပိုကျယ်လာသလိုပဲ။

တတိယဖျားခန်းမကနေ ငါပြန်လာတဲ့အခါမှ  ဒီတံခါးကို အပြီးတိုင်ပိတ်သွားတာ ဖြစ်နိုင်တယ်။

ချန်ကော သည် ၀ န်ထမ်း နားနေခန်းထဲသို့ပြန်သွားသော်လည်း သူ အိပ်မပျော်ပေ။ သူက ထိုင်ခုံမှာထိုင်ပြီး မနက်ဖြန် livestream အတွက် ပြင်ဆင်ဖို့လိုအပ်တဲ့အချက်တွေကို စာရင်းရေးနေလိုက်သည်။  နှစ်ပေါင်းများစွာ သွေးတွေရဲ့အရသာကို မြည်းစမ်းခဲ့ဖူးသော ဟင်းချက်ဓားမကြီးတစ်လက်၊ အသက်ရှင်နေသောကြက်တစ်ကောင်၊ ဆား ...

သူသည်နံနက် ၁ နာရီ ၅၀ မိနစ်အထိ စာရင်း၌အလုပ်လုပ်သည်။ ချန်ကော မအိပ်ချင်သေးဘူး။ သူက  မိနစ် အနည်းငယ်ကြာတိုင်း နာရီကိုကြည့်လိုက်ပြီး မဖော်ပြနိုင်သောစိုးရိမ်စိတ်က သူ့ တကိုယ်လုံးဆီကို ပျံ့နှံ့သွားသည်။

ဒါဟာ သိပ်မလုံခြုံသေး ဘူး။ ကြယ်သုံးပွင့် အစမ်းမစ်ရှင်၏ အခက်အခဲသည်ကြယ်နှစ်ပွင့် မစ်ရှင်ဖြစ်သော မုယန် အထက်တန်းကျောင်းထက် အဆများစွာ ခက်ခဲသင့်သည်။ ဒါ့အပြင်ငါတစ်ယောက်တည်း သွားရမှာ ဖြစ်တယ်။ ဒါကြောင့် ငါ ပိုပြီးပြင်ဆင်ရမယ်။ ချန်ကော သည်သူ့အသက်ရှင်ဖို့ လိုအပ်တာကို ထပ်မံစစ်ဆေးနေစဉ် ရုတ်တရက်သူ့ဖုန်းမြည်လာသည်။

မနက် ၂ နာရီမှာ ငါ့ကို ဘယ်သူ ဖုန်းခေါ်တာလဲ။

ချန်ကောု သည်ခေါ်ဆိုသူ၏ ID ကိုကြည့်ပြီးချက်ချင်းဖြေလိုက်သည်။

"ဒေါက်တာကောင်း? ခင်ဗျား ကျွန်တော့်ကို ရှာနေတာလား"


"မင်းကို ညဉ့်နက်ကြီးမှာ နှောင့်ယှက်ရတာ ဆောရီးပါ။ ငါ ဝမ်ရှန့်လုံရဲ့ ဆေးမှတ်တမ်းကိုသူ့အဖေဆီကနေရယူနိုင်ခဲ့ပြီ၊ အဲဒါကိုငါတို့လူနာရဲ့ ရာဇဝင်နဲ့ ဖော်ပြထားတဲ့ ထူးဆန်းတဲ့အရာတစ်ခုကို ငါ တွေ့ခဲ့ရတယ်"

"အဲဒါ ဘာလဲ?"

ချန်ကောက စိတ်တင်းကျပ်စွာ ထိုင်လိုက်သည်။ ဒေါက်တာကောင်းက ညနက်ကြီးဖုန်းခေါ်တာက တကယ်ကို အရေးကြီးလို့ဖြစ်မည်။

 "ဒီ ဝမ်ရှန့်လုံက သူ ပေါ်လာတာထက်ပိုအန္တရာယ်ကြီးတယ်။ တကယ်တော့ သူက အရမ်းငယ်သေးတဲ့အချိန်မှာ သူက လူသတ်မှုမှာ ပါဝင်ခဲ့တယ်"

"လူသတ်မှု"

ချန်ကောသည် အရမ်းကို ဝနေသည့် ကလေးသည်ဆိုးညစ်လွန်းသော အရာတစ်ခုခုတွင်ပါဝင် ပတ်သက်နိုင်ကြောင်း မယုံနိုင်အောင်ဖြစ်နေသည်။

"ငါ့စကားကို နားထောင်ပါ၊ ဒီကိစ္စက ရှုပ်ထွေးတယ်"

ဖုန်းရဲ့အခြားတစ်ဖက်မှ စာရိုက်သံကြားလိုက်ရသည်။ ဝမ်ရှန့်လုံ သည် သူ့ အသက်ခြောက်နှစ်တွင် မထမဆုံးကုသမှုကို ခံယူခဲ့ပြီး ထိုကုသမှုခံယူခဲ့သောဆေးရုံကို ကျူတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာလို့ ခေါ်တယ်။ အဲ့ဒါက ကိုယ်ပိုင်စင်တာဖြစ်ပြီး အဲ့ဒါက မြို့နှင့်ဝေးတဲ့နေရာမှာ တည်ရှိပြီး လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်က ပိတ်ထားခဲ့လိုက်တယ်  "

"ဝမ်ဟိုင်လုံက ဒီဆေးရုံအကြောင်းပြောဖူးတယ်။ အဲဒီတုန်းက သူတို့က ဆင်းရဲတယ်၊ အဲဒီနေရာက သူတို့ရဲ့အိမ်ဟောင်းနဲ့နီးတယ်၊ ဒါကြောင့် သူတို့က ဝမ်ရှန့်လုံကို အဲ့မှာ တင်ခဲ့တယ်လို့ပြောတယ်။ အဲဒါက ဘယ်လို လူသတ်မှုထဲ ပါသွားခဲ့တာလဲ။"

ချန်ကောက မေးလိုက်သည်။

"သူ ပထမဆုံး ဆေးရုံတက်တဲ့အချိန်တုန်းက သူက အသက် 6 နှစ်ပဲရှိသေးပေမယ့် သူ့စိတ်ပိုင်းဆိုင်ရာမှာ ပြင်းထန်တဲ့ခံစားချက်ရှိနေတယ်လို့ ဖော်ပြထားတယ်။ သူ့ကိုယ်သူ မထိန်းနိုင်ပဲ သူ့မိသားစုကို တိုက်ခိုက်နိုင်တယ်လို့ ဆရာဝန်တွေက မှတ်ချက်ရေးထားတယ်။ "  

"ခြောက်နှစ်အရွယ်ကလေးက ဘယ်လောက်ပဲကြမ်းတမ်းပါစေ သူက လူကြီးတစ်ယောက်ကို မထိခိုက်နိုင်ဘူး မဟုတ်လား။ "

"ငါလည်း အဲ့လို ထင်တာပဲ၊ ဒါပေမယ့် သူ့ရဲ့ရူးသွပ်နေတဲ့အခိုက်အတန့်တစ်ခုမှာ သူ က တစ်ခန်းတည်းနေတဲ့ လူနာတစ်ယောက်ရဲ့လက်ကိုကိုက်လိုက်ပုံရတယ်။ ငါ့ဆီမှာ ပုံရှိတယ်"

ဒေါက်တာကောင်း က ပုံတပုံကို ပို့လိုက်သည်။ ကြောက်စရာကောင်းသော အစိတ်အပိုင်းများကိုပင် ဖုံးကွယ်မထားခဲ့ပေ။ ချန်ကောက ထိုဖိုင်ကို ကြည့်လိုက်တော့ လူနာရဲ့ဖိုင်ဖြစ်ပုံရသည်။ ဝမ်ရှန့်လုံ၏ ရောဂါအကြောင်းနှင့် ကုသမှုများ၊ ဝမ်ရှန့်လုံကို သီးသန့်ခွဲထားပြီး အကြံပြုကုသမှုများပါဝင်သည်။

 "ဒါပေမယ့် အဲဒါက အစပဲရှိပါသေးတယ်။ အခြားလူနာတွေရဲ့ လုံခြုံရေးအတွက် ဆရာဝန်တွေက ခြောက်နှစ်သား ဝမ်ရှန့်လုံကို တတိယအလုံပိတ်အဆောက်အ ဦး ထဲမှာ သီးခြားထားခဲ့ပြီးနောက် သူက အခြေအနေတွေက ပိုဆိုးလာတယ်။ "

ဒေါက်တာကောင်းက ဖန်သားပြင်ကိုနှိပ်လိုက်သည်။ သူကလူနာရဲ့ လျှို့ဝှက်ထားရမည့်အချက်ကို မဖောက်ဖျက်စေမည့် စာမျက်နှာအနည်းငယ်ကိုရွေးပြီး ချန်ကောဆီကို ပို့လိုက်တယ်။

"ဝမ်ရှန့်လုံ ကို သီးသန့်ခွဲထားတဲ့ ခန်းမထဲသို့ခေါ်ဆောင်သွားပြီးနောက် ဒုတိယလမှာ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်။  တာဝန်ကျသူနာပြုတစ် ဦး အသတ်ခံ လိုက်ရသတယ်။ ရဲတွေကစုံစမ်းစစ်ဆေးပြီးနောက် သူတို့ကလူသတ်သမားတစ်ယောက်တည်း မဟုတ်ကြောင်း အတည်ပြုခဲ့တယ်။ တတိယဖျားနာဆောင် ခန်းမထဲကလူနာတွေက ဒီလူသတ်မှုကို ပူးပေါင်းကျူးလွန်ခဲ့တယ်! "

"လူနာတွေက သူနာပြုဆရာမကို သတ်ဖို့ပူးပေါင်းခဲ့တာလား။ "

ဒေါက်တာကောင်းသည် တတိယဖျားနာဆောင်ခန်းမအကြောင်း သတင်းအချက်အလက်ကို ထုတ်ဖော်ပြသခဲ့ပြီး အဲ့ဒါက အတွင်းပိုင်းအချက်အလက်များဖြစ်သဖြင့် ချန်ကောက အပြည့်အ ၀ အာရုံစိုက်ခဲ့သည်။

"ဒေါက်တာ ဒီကိစ္စကိုအသေးစိတ်ပြောပြနိုင်မလား။ "

"ငါ့ မှာရှိတာ ဒါအကုန်ပဲ။ ငါက ရဲမဟုတ်ဘူး။  ဆရာဝန်ပါကွာ... "

"ဒါဆို တတိယဖျားနာခန်းမမှာရှိတဲ့ အခြားလူနာတွေအကြောင်း ဆရာ ပိုသိနိုင်မလား။ "

ချန်ကောသည်တတိယဖျားခန်းမအထဲက အကြောင်းအရာအားလုံးကိုသိလိုသည်။

"မင်းက ဘာလို့အဲ့ဒီအကြောင်းသိချင်တာလဲ"

"ကျွန်တော် သိချင်ရုံလေးပါ၊ စိတ်မပူပါနဲ့၊ ကျွန်တော် သတင်းအချက်အလက်ကို တခြား ဘယ်သူကိုမှ မပေါက်ကြားစေရဘူး"

ဒေါက်တာကောင်းသည် နောက်ဆုံးသဘောတူညီမှု မရမီ ချန်ကောက နောက်ထပ်ကတိအနည်းငယ်ပေးခဲ့သည်။

တတိယဖျားနာဆောင် ခန်းမအတွင်း၌ဖျားနာနေသော လူနာကို ထားသည့် အခန်း ဆယ်ခန်းရှိပြီး လူနာကိုး ဦး ရှိခဲ့သည်။ သူတို့အားလုံးက အလွန်အန္တရာယ်များသောရောဂါလက္ခဏာများတွေ့ရှိသောကြောင့် ၎င်းတို့အား သီးခြားကုသမှုအတွက် သီးသန့်ထားခဲ့သည်။

"အခန်း ၁ က လူနာက ဝမ်ရှန့်လုံ ဖြစ်ပြီး ရောဂါက Happy Puppet Syndrome (သို့) Angelman Syndrome ကို ခံစားနေရတဲ့ ရောဂါလက္ခဏာတွေရှိတယ်။ ရောဂါ လက္ခဏာတွေက အဆက်မပြတ်ပြုံးတာ ၊ အကြောဆွဲတာ ၊ စကားပြောဖို့ခက်ခဲတာ၊ နှင့်ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးတာတို့ ပါဝင်သည်။ သူက တတိယဖျားနာဆောင် ခန်းမထဲမှာ အသက် အငယ်ဆုံးဖြစ်ခဲ့ပြိး အန္တရာယ်အနည်းဆုံးလည်းဖြစ်တယ်။ "

"အခန်း ၂ က လူနာက အမျိုးသမီးတစ် ဦး ဖြစ်ပေမယ့် နာမည်နဲ့ ဓါတ်ပုံက ဗလာဖြစ်နေတယ်။ ဒါပေမယ့် သူမက လူနာစာရင်းထဲမှာပါဝင်ပြီး သူမက Dorian Grey Syndrome ကြောင့်ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားနေခဲ့ရတယ်။ သူမရဲ့ ရောဂါလက္ခဏာတွေထဲမှာ သူမရဲ့ရုပ်ရည်ကို အရမ်းအလွန်အကျွံ စွဲလမ်းနေပြီး သူမက ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုများစွာကို ပြုလုပ်ခဲ့ပြီး  အိုမင်းရင့်ရော်မှုကိုဆန့်ကျင်ခဲ့တယ်။ "

 "တတိယလူနာရဲ့အခန်းဟာ လူ မရှိဘူး။  လူနာရှိ၊ မရှိငါမပြောနိုင်ဘူး"

ချန်ကောသည်သူ့မိဘများထားခဲ့သည့် စာကို ရုတ်တရက်သတိရသွားသည်။ တတိယဖျားနာဆောင်ခန်းမ ရှိ တတိယအခန်းကို အထူးထောက်ပြခဲ့သည်။

 "မှတ်တမ်း မရှိပေမယ့် လူနာမရှိဘူးလို့ မဆိုလိုဘူး။ "

"မင်း အမှတ်အသားပြုထားတာ တွေ့တယ်မဟုတ်လား။ အဲ့ဒါက လူနာရဲ့အခန်းတွေနဲ့ သူတို့ရဲ့အန္တရာယ်ပေးနိုင်တဲ့ အဆင့်ကို စီစဉ်ပေးထားတယ်၊ ဒါကြောင့်အခန်းထဲမှာ ထည့်ထားရင် လူနာက သိပ်အန္တရာယ်မများဘူးလို့ ဆိုလိုတယ်။ ဒါကဆေးရုံက မှားထည့်ထားတာလည်း ဖြစ်နိုင်ပါတယ်။  "

ဆရာဝန်ကသူ့ရှေ့မှ ရေကို တစ်ငုံသောက်ရန် ခဏရပ်သည်။

"အခန်း ၄ မှာ ရှိတဲ့ လူနာက  Phantom Limb Syndrome (မတော်တဆမှုတစ်ခုကြောင့်သူ၏ လက်တစ်ဖက်ဆုံးရှုံးသွား သဖြင့်) ဖြတ်တောက်ပြီးနောက် ခွဲစိတ်မှုအပြီးမှာ သူ့ လက်က သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေသေးပြီးသလို ထင်ပြီး မရှိတဲ့ လက်က နာကျင်မှုနှင့် အပူချိန်ကိုခံစားနေနိုင်တယ်လို့ ထင်နေတယ် "
 

 
***-***

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now