Chapter (7) - မှုခင်းကျောင်းသားများနှင့် တစ္ဆေသတို့သမီး

1.8K 394 8
                                    


Chapter (7) - မှုခင်းကျောင်းသားများနှင့် တစ္ဆေသတို့သမီး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Chapter (7) - မှုခင်းကျောင်းသားများနှင့် တစ္ဆေသတို့သမီး



"အဆိပ်ကို အဆိပ်နဲ့တိုက်ရမယ် ဟုတ်လား။ ခင်ဗျားက ကျုပ်တို့ကို ဒီလိုမျိုး လွယ်လွယ်နဲ့ အရူးလုပ်လို့ရမယ် ထင်နေတာလား။ "

"ကျုပ်ဖုန်းကို မှန်ပြန်လဲဖို့ ပိုက်ဆံသာ အလျော်ပေးလိုက်...ဟေ့လူ။ ဒါဆို ကျုပ် ချက်ချင်းလှည့်ပြန်သွားမယ်"

"ခင်ဗျားက လျှော့ဈေးလက်မှတ်လေးပေးလိုက်တာနဲ့ ဒီအဖြစ်ပျက်ကို  ကျော်သွားလို့ရမယ်ထင်နေတာလား။ ဆောရီးပဲ။ လုံးဝ မရဘူးမှတ်လိုက်"

အချိန်ကြာအောင် ငြင်း ခုန်နေကြပေမယ့် ဘယ်သူမှ သရဲအိမ်ထဲကို ဝင်ကြည့်ဖို့ စိတ်ကူးမရှိကြပေ။ သူတို့အားလုံးက သရဲအိမ်ကို သားရဲတွင်းလို သဘောထားပြီး အပေါက်ဝမှာပဲ ရစ်သီရစ်သီလုပ်နေကြသည်။ သူတို့အားလုံးက အရမ်းကြောက်နေကြလို့ Chen Ge လည်း ဘယ်လိုဆက်လုပ်ရမှန်း မသိဖြစ်ပြီး သက်ပြင်းချလိုက် သည်။

"ဘယ်သူမှ  ဝင်မကြည့်ရဲကြဘူးလား။ ကျွန်တော့်သရဲအိမ်က   ကြောက်စရာမကောင်းပါဘူး။ တကယ်လို့ ခင်ဗျားတို့  မယုံရင် အွန်လိုင်းပေါ်က မှတ်ချက်တွေကို ဝင်ကြည့်လို့ရတယ်ဗျာ"

သူပြောလိုက်သည်နှင့် လူအုပ်ထဲမှ တချို့က တကယ်ရှာကြည့်ကြသည်။

"အမှန်ပဲ။ မှတ်ချက်တွေအားလုံးက ဒီနေရာက ကြောက်စရာ မကောင်းဘူးလို့  ပြောထားကြတယ်။"

"ဒီနေရာမှာကောင်းတာဆိုလို့ သရဲမလို သရုပ်ဆောင်ဖို့ ကောင်မလေးချောချောလေးတစ်ယောက်ဌားထားတယ်တဲ့"

"ဒါဆို ငါတို့စမ်းကြည့်ကြမလား။ "

အချိန်တော်တော်ကြာစောင့်ပြီးနောက် လူတစ်ယောက် ရှေ့ထွက်ရပ်ပြီးေ ပြောလိုက်သည်။

"သူရဘောကြောင်လိုက်တဲ့လူတွေ... ဒါက သရဲအိမ်လေး တစ်ခုပဲလေ။ ဘယ်လောက်ကြောက်စရာကောင်းမှာမလို့လဲ။ ကျုပ်ကတော့ ကားတိုက်သေတဲ့ လူသေအလောင်းအများကြီးကို မြင်ဖူးတယ်။  ဒီလောက်လေးနဲ့ ကျုပ်ကို ကြောက်အောင် ခြောက်နိုင်မယ်ထင်နေလား "

ပြောလိုက်တဲ့လူက မျက်ခုံးကောင်းကောင်းနှင့်ဆံပင် ခပ်တိုတိုညှပ်ထားသည့် လူငယ်တစ်ဦးဖြစ်ပြီး  သူ့ပုံစံက အထင်ကြီးစရာမရှိပေ။

"ကျုပ်တို့ကို လာနောက်မနေနဲ့တော့ Bro။ နောက်တယ်ဆိုတာလည်း အတိုင်းအတာရှိတယ်"

"မင်းအသက်က ဘယ်လောက်ရှိသေးလို့လဲ။ အလောင်းအစစ်တွေ မြင်ဖူးတယ်ဆိုတိုင်း ငါတို့က ယုံပေးရမှာလား"

"ကျုပ်တို့အားလုံး ငကြောက်တွေပါဆိုပါတော့။ ဒါနဲ့ မင်းက ဘာလို့ လာလိမ်နေရတာတုန်း "

လူအားလုံးရဲ့ လှောင်ပြောင်သံကို နူးညံ့ပြတ်သားတဲ့ အသံတစ်သံက ဖြတ်လိုက်သည်။

 "သူ လိမ်နေတာမဟုတ်ဘူး။ လူသေအလောင်းတွေကို နေ့တိုင်း ထိတွေ့နေရတယ်ဆိုတာ ကျွန်မတို့လူတွေရဲ့ အလုပ်ဖြစ်နေလို့ပဲ။"

 အသံထွက်လာရာသို့ လှည့်ကြည့်လိုက်တော့   ဝင်ပေါက်ကို ဖြတ်ပြီးလျှောက်လာသော အဖြူရောင်ဂါဝန်တစ်ထည် ဝတ်ဆင်ထားပြီး နေရောင်ကိုကာနိုင်ရန် အနားပြားဦးထုတ်တစ်လုံးကို ဆောင်းထားသည့် ခပ်သွယ်သွယ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ မျက်နှာထားက အေးစက်နေပုံက  ဘေးမှာ  လေအေးစက်တစ်လုံးရှိနေသလို သူမပတ်ဝန်းကျင်က အပူချိန်ကိုတောင် ကျဆင်းစေသလို ခံစားလိုက်ရသည်။

"စီနီယာ"

 ကောင်လေးက  အမျိုးသမီးဘေးသို့ ယုန်တစ်ကောင်လို လှစ်ခနဲပြေးသွားပြီး အိတ်ကို ကူသယ်ပေးချင်ပေမယ့် အကြည့်တချက်နဲ့တားခံလိုက်ရလို့ ရောက်လေရာမှာ ငြိမ်ငြိမ်လေးရပ်နေပြီး အီလည်လည်နဲ့ယဉ်ကျေးစွာပြုံးနေလိုက်သည်။

"ခဏလေး။ မင်းက သူ့ကို စီနီယာလို့ခေါ်လိုက်တော့ မင်းတို့က ကျောင်းသားတွေလား"

 Chen Ge က ထိုလူငယ်လေးနှစ်ဦးကို အာရုံစိုက်မိသွားသည်။

"ကျွန်တော်တို့က Jiu jiang ဆေးတက္ကသိုလ်က မှုခင်းဆေးပညာ ကျောင်းသားတွေပါ။ ကျွန်တော့နာမည်က He San။  ဒါက ကျွန်တော့ စီနီယာ Gao Ru Xue ပါ။"

လူငယ်လေးက Chen Geကို ပြုံးရင်းမိတ်ဆက်လိုက်သည်။

 "မနေ့ညက ခင်ဗျားတင်လိုက်တဲ့ ဗီဒီယိုက ကျွန်တော်တို့ကျောင်းဖိုရမ်မှာ ရှယ်ထားတာ တွေ့ရလို့ ကျွန်တော်နဲ့ စီနီယာက ဒီနေရာကို  လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။"

"ဒီလို အလွယ်တကူ ခူးဆွတ်လို့မရနိုင်တဲ့ မိန်းမလှလေးက   မှုခင်းဆရာဝန်မလေးတဲ့လားကွာ "

"ဒါပေမယ့် သူမရဲ့ ပုံစံက သူမအလုပ်နဲ့ တကယ်လိုက်ဖက်တယ်။"

"မိန်းကလေး  ကျွန်တော်တို့ သူငယ်ချင်းဖြစ် လို့ရမလား... "

အမျိုးသားဧည့်သည်များအားလုံးက မိန်းမလှလေးမှာ စုပြုံသွားကြသည်။ သူမရဲ့ ကိုယ်ရံတော်လို လုပ်နေတဲ့   He Sanက ပြုံးပြီး ပြောသည်။

"ခင်ဗျားတို့ ပတ်သတ်ချင်နေတဲ့သူက ဘယ်လိုလူလဲ ဆိုတာ ခင်ဗျားတို့ မသိဘူးလို့ ကျွန်တော် ထင်တယ်။ ကျွန်တော့စီနီယာက မနက်ပိုင်းမှာ ဖားတွေကြွက်တွေကို ခွဲစိတ်တယ် ။ ပြီးရင် လက်ဆေးပြီး ကန်တင်းမှာ ဘာမှ မဖြစ်ပဲ အသားဟင်းတွေ သွားစားတယ်။  ညနက်တဲ့ထိ ဓာတ်ခွဲခန်းထဲမှာနေပြီး ဖော်မလင်စိမ်ထားတဲ့ အလောင်းကောင်တွေနားနေတယ်။ ကျွန်တော့် အကြံပေးချက်ကို ခင်ဗျားတို့ သေချာစဉ်းစားကြပေါ့ဗျာ။ သူမ ခွဲစိတ်ဖူးတဲ့ ယောက်ျားအလောင်းကောင် အရေအတွက်က ခင်ဗျားတို့ တွေ့ဖူးတဲ့ မိန်းကလေးအရေအတွက်ထက်တောင်များသေးတယ်။"

ဒီလို အကြောင်းရာ စုံလင်တဲ့ မိတ်ဆက်ပုံလေးက သူလိုချင်တဲ့အတိုင်း ကွက်တိဖြစ်သွားပုံရသည်။ ရလာဒ်ကိုပေးသည့်ပုံပင်။ ချက်ချင်း  အမျိုးသမီးဘေးမှ လူအားလုံး နှစ်မီတာလောက် ချဲသွားကြသည်။

Chen Ge  လည်း လူငယ်လေး၏ မိတ်ဆက်စကားကြောင့် ခေါင်းကိုက်သွား သည်။ သူ့အနေဖြင့်  ခက်ခဲတဲ့ Mission ကို   ပြီးမြောက်ပြီး ဆုရဖို့ ဒီလောက် ခက်ခဲနေတာတောင် အဆင့်မြှင့်ထားခါစ သူ့ သရဲအိမ်လေးကို ပထမဆုံး လာရောက်စိန်ခေါ်သူက မှုခင်းဆေးမှကျောင်းသားတွေ ဖြစ်နေသေးသည်။ သူတို့က မှုခင်းဆရာဝန် မဖြစ်သေးပေမယ့် သူတို့ရဲ့ ကြောက်ရွံ မှုမရှိခြင်းက အခြား သာမန်လူတွေထက်တော့  မြင့်မားနေမှာ သေချာသည်။

"ကျွန်မတို့ အခုဝင်လို့ရပြီလား။ "

အမျိုးသမီးငယ်လေးက စိတ်မရှည်ဟန်ဖြင့် Chen Geကို မေးလိုက်သည်။ သူမက နဂိုကတည်းက အရပ်ရှည်သူဖြစ်သည့်အပြင် ဒေါက်ဖိနပ်လည်း စီးထားသဖြင့် Chen Ge နှင့် အရပ်အတူတူဖြစ်နေသည်။

"လက်မှတ်ရဲ့ မူလဈေးက ယွမ်နှစ်ဆယ်ပါ။ အခုက ၅၀%လျှော့ဈေးဆိုတော့ ဆယ်ယွမ်ပဲ ကျပါတယ်။ ကျွန်တော်တို့အထဲကိုမဝင်ခင်  သရဲအိမ်ရဲ့ နောက်ကြောင်းရာဇဝင်နဲ့ သတိထားရမဲ့ အချက်လေးတွေကို ပြောပြပါ့မယ်"

 Chen Ge က အနက်ရောင်ဖုန်းထဲက  ပြောထားတာတွေကို သတိရပြီး ပြောလိုက်သည်။ သရဲအိမ်တစ်အိမ်တွင် အရေးကြီးဆုံးအချက် သုံးချက်ထဲက တစ်ချက်ကတော့ သရဲအိမ်၏ ဇာတ်ညွှန်းနှင့် နောက်ခံရာဇဝင်ဖြစ်သည်။ ဒါမှ ဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်မည်ဖြစ်သည်။

"ပထမဆုံး မိတ်ဆက်လေးပြောပြပါရစေ။ အွန်လိုင်းပေါ်က ရေးသားဖော်ပြချက်တွေအရ ကျွန်တော့သရဲအိမ်က ကြောက်စရာ မကောင်းပါဘူး။ ဒါပေမဲ့  တာဝန်ရှိသူတစ်ယောက်အနေနဲ့  ကျွန်တော် ခင်ဗျားတို့ကို တချို့အချက်လေးတွေပြောပြပါ့မယ်။ ကျွန်တော်တို့ အခုလက်ရှိ သရဲအိမ်တည်တောက်ထားတဲ့နေရာက လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က Jiu jiang မြို့ရဲ့ အကြီးဆုံးသင်္ချိုင်းဖြစ်ခဲ့ပြီး  လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က မြို့သစ်တည်ဆောက်ရေးအတွက် သက်ဆိုင်ရာက အုတ်ဂူတွေကို ဖျက်ပြီး ဒီနေရာမှာ Jiujiangမြို့တော် ဆေးရုံကို တည်ဆောက်ခဲ့ကြတယ်။ ဘာတွေဆက်ဖြစ်ကြလဲကိုတော့ ခင်ဗျားတို့တွေ အင်တာနက်မှာ ဖတ်ဖူးကြမှာပါ။  သက်သေမပြနိုင်တဲ့ ခြောက်လှန့်မှုတွေ ဆက်တိုက်ဖြစ်လာပြီး ဆေးရုံ  ပိတ်လိုက်ရတယ်။ ကျွန်တော့ရဲ့ သရဲအိမ်က အရင်က  ဆေးရုံဟောင်းပေါ်မှာ အသစ် တည်ဆောက်ထားတာပါ။ ဒီနေရာမှာ ကံမကောင်း ခဲ့တဲ့ ဆေးရုံကြီးရဲ့ လျှို့ဝှက်ချက်တွေ ရှိနေတုန်းပါပဲ။"

ပြီးတော့ Chen Ge က  ဝင်ပေါက်မှာရှိတဲ့ သတိပေးဆိုင်းဘုတ်ကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။

 "ဒီနေရာကို နှလုံးရောဂါနဲ့ အသက်ရှုကြပ်ရောဂါရှိသူတွေ ဝင်လို့မရပါဘူး။ အသက်ဆယ့်နှစ်နှစ် နဲ့ ဆယ့်ခြောက်နှစ်ကြား ကလေးတွေဝင်မယ်ဆိုရင် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတစ်ယောက်ယောက်  ပါရပါမယ်။ တကယ်လို့ မေးစရာမေးခွန်းမရှိတော့ဘူးဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ ။"

Chen Geက လေးလံတဲ့အနက်ရောင် သံချေးတက်နေတဲ့ တံခါးကို သူတို့ဝင်ဖို့ ဖွင့်ပေးပြီး ပြန်ပိတ်လိုက်သည်။ သူက He San နှင့် Gao Ru Xue တို့ကို မှောင်မည်းနေတဲ့ စင်္ကြံတစ်လျှောက်ဦးဆောင်ပြီး ခေါ်သွားသည်။

"သူတို့နှစ်ဦးက အသက်ရှင်နေတုန်း တစ်ခန်းတည်းမနေခဲ့ရပေမဲ့ သေသွားတဲ့အချိန်မှာ အုတ်ဂူတစ်လုံးထဲ  အတူတူနေခွင့်ရခဲ့တယ်။ ဒါကတော့ သားစဉ်မြေး ဒေသခံတွေပြောလေ့ရှိတဲ့ ရိုးရာပုံပြင်လေးပါ။

"Ping Jiang houဆိုတဲ့ အမျိုးသမီးက  သေသွားတဲ့ သူမရဲ့သားအတွက် တစ္ဆေသတို့သမီးတစ်ယောက်ရှာပေးချင်ခဲ့တယ်။ အဲ့ဒါကြောင့် သူမက အကြားမြင်ဆရာတစ်ယောက်ကို ပင့်ပြီး သူမသားရဲ့ ဇာတာကို ကြည့်ပေးဖို့နဲ့ သူမ သားကို တမလွန်မှာ အဖော်ပြုပေးနိုင်မဲ့   သတိုးသမီးကို ရှာဖွေပေးဖို့ တောင်းဆိုခဲ့တယ်။"

"ဒါပေမဲ့ သူတို့ရှာတွေ့တဲ့ မိန်းကလေးမှာ ချစ် သူရှိနေလို့ သူမကိုရဖို့အတွက် Ping Jiang houက အဲ့ဒီကောင်မလေးရဲ့ ချစ်သူကောင်လေးကို ရေထဲပစ်ချ သတ်ဖြတ်လိုက်ပြီး မိန်းကလေးကို သူမ မိဘတွေရဲ့ အသက်နဲ့ အကြပ်ကိုင်ခဲ့တယ်။

"နောက်ဆုံးတော့ သူမ မိဘတွေကို ကယ်တင်ဖို့ မိန်းကလေးက လူသေတစ်ယောက်နဲ့ လက်ထပ်ဖို့  သဘောတူလိုက်ရတော့တယ်။

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now