Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု

568 148 1
                                    

Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု



လက်တစ်ဖက်တည်း ရှိတဲ့ ယောက်ျားက သူ့လက်က ဘေးကို တွဲလောင်းကျနေခဲ့သည်။

" မျှမျှတတ တစ်ယောက်ချင်း ချကြတာပေါ့... "

ချန်ကောက မျက်နှာတွန့်လိမ်နေသည့် သံတူကိုင်ထားသည့် ယောကျာ်းဘက်ကိုလှည့် လိုက်သည်။ ထိုယောကျာ်းက ဆရာဝန် ဂျူတီကုတ်ကို ဝတ်ထားပြီး သူ့မျက်နှာပေါ်က မီးလောင်ဒဏ်ရာ ကြောင့် တွန့်ရှုံ့နေသည်။ ချန်ကောက သံတူနဲ့ ထိုယောကျာ်းရဲ့ ပုခုံးကို လွဲရိုက်က ပစ်လွှတ် လိုက်သည်။

တတိယခန်းမဆောင်က ဒီနေ့ည တိုက်ရိုက်ထုတ်လွှင့်မှု အတွက် အထွတ်အထိပ် ဇာတ်ရှိန်အမြင့်ဆုံး ဖြစ်သည်။ အဲဒီနေရာကို မဝင်ခင် ချန်ကောက အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေကို တတ်နိုင်သမျှ ဖယ်ရှားပစ်ချင်ခဲ့တယ်။ အခု ဒီလူတွေနဲ့က မျက်နှာချင်းဆိုင် ပထမဆုံး နဖူးတွေ့ ဒူးတွေ့ တွေ့ရတာ ဖြစ်တယ်။

မျက်နှာတွန့်လိမ်နေတဲ့ ယောကျာ်းက ချန်ကော ဒီလောက် ဒေါသကြီးမယ်လို့ မမျှော်လင့်ထားမိဘူး။

တကယ့်ကို ရန်လိုနေပုံက အရူးတစ်ယောက်လိုဖြစ်နေလို့ မျက်နှာတွန့်လိမ်နေတသည့် ယောကျာ်းက နောက်ကို တလှမ်းဆုတ်ကာ ချန်ကောရဲ့ ရိုက်နှက်ချက်ကို ရှောင်ပြီး ချာခနဲ လှည့်ကာ ပြေးတော့သည်။ လက်တဖက်တည်း ရှိသည့် ယောကျာ်းက သူ့ထက် ပိုတောင်လျင်သေးသည်။ လက်တဖက်သမားက အပြေးပိုမြန်ပြီး လုံးလုံး ပြန်လှည့်မကြည့်တော့ပေ။

သူတို့နှစ်ယောက်သား ခုခံဖို့တောင် မစဉ်းစားဘဲ ထွက်ပြေးလွတ်မြောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါက ချန်ကော အတွက် အတော်လေး အံ့အားသင့်စရာ ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး ဒေါက်တာအရိုးရဲ့ တူကို လိုက်ရှာလိုက်သည်။

တဟုန်ထိုး ထွက် ပြေးသွားသော ခြေသံများက ခြောက်ခြားဖွယ် ဆေးရုံ၏ ညအချိန်၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ စိတ်ကျန်းမာရေးဆေးရုံတွင် ပိတ်မိနေသော 'တရားခံ' နှစ်ဦးကို ချန်ကောက တူကို ကိုင်ကာ နောက်က လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။ ဒီလိုလိုက်ဖမ်းခြင်းမှာ အလွန် အရေးကြီးနေလို့ သူက Live ကြည့်နေသည့် ပရိတ်သတ်များကို စကားပြောရန် အချိန်မရှိပေ။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now