သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)

834 194 4
                                    

Chapter (113)_ ရဲရင့်သောအတွေးအခေါ်


"ဒါရိုက်တာက ကျွန်တော့်မိဘတွေ ပြောတာကို ကြားဖူးတာလား  ?"

" ဟုတ်တယ်၊ မင်း မိဘတွေပျောက်ကွယ်သွားမယ့်နေ့ မတိုင်ခင် တရက်က သူတို့ ငါ့ဆီကို ရောက်လာတယ်။  တစ်ယောက်ယောက်က ငါ့ကိုလက်ဆောင်ပေးချင်တယ် လို့ပြောတယ်။ ဒါပေမယ့် အဲ့လူက အလုပ်များလို့ မလာနိုင်ဘူးဆဲ့ "

ဒါရိုက်တာလျှိုကအနီးအနားရှိစာအုပ်စင်ပေါ်မှ သစ်သားသေတ္တာကို ယူချကာ ဖွင့်ပြီးနောက်, သူက လက်ရာခပ်ကြမ်းကြမ်းဖြင့် လုပ်ထားသည့် ကစားစရာ ပစ်တိုင်းထောင်ရုပ်ကို လက်ဝါးပေါ်တင်ကာ ပြောကြားခဲ့သည်။

 "ဒီအရုပ်ကအကြမ်းထည် ဖြစ်ပေမယ့် ဒီအရုပ်ရဲ့  အဓိပ္ပါယ်ကို ငါ သဘောပေါက်ခဲ့တယ်။ အခက်အခဲတွေဘယ်လောက်ကြုံရပါစေ ပြန်ရုန်းထနိုင်ရမယ် ဆိုတာပဲ "

 " အဲဒီနောက်မှာ ကျွန်တော့်မိဘတွေ ဘာပြောနေခဲ့ကြ တာလဲ"

"မင်းရဲ့မိဘတွေက ငါ့ကိုလက်ဆောင်ပေးပြီးတဲ့နောက် ထွက်သွားကြတာ။ ငါ့ရုံးတံခါးကို မပိတ်ထားဘူး ဆိုတော့ ငါက အပြင် စင်္ကြံထဲမှာ သူတို့စကားပြော ဆိုတာကို အမှတ်တမဲ့ကြားမိတယ်။ "

ဒါရိုက်တာလျှိုက ခဏ စဉ်းစားနေခဲ့သည်။

"အဲဒီတုန်းက သူတို့ကတံခါးနဲ့ဝေးဝေး မရောက်သေးဘူး။ မင်းရဲ့ဖခင်က ဒီလိုပြောခဲ့တယ် - 'တတိယဖျားနာဆောင်ခန်းမတံခါးကိုပြန်ဖွင့်လိုက်ပြီ' မင်းအမေက -  တံခါးကို အရင်ကတည်းက မပိတ်ထားဘူး လို့ ပြန်ပြောခဲ့တယ်"


"ဒါပဲလား?"

"ဒါက ငါကြားလိုက်တဲ့ စကားတွေပဲ။  သူတို့က ဆက်ပြီးစကားပြောကြပေမယ့်ငါ သူတို့ ပြောတာကို ရှင်းရှင်းလင်းလင်းမကြားရဘူး"

ထပ်မံ၍ မိနစ်အနည်းငယ် စကားပြောဆိုခြင်းနောက် ဒါရိုက်တာလျှိုဆီက ထပ်သိစရာမရှိတော့လို့ ချန်ကောက ရုံးခန်းထဲက ထွက်လာသည်။

 တတိယ ဖျားနာဆောင်ခန်းမတံခါးဆိုတာ သာမန်တံခါးကို ဆိုလိုတာမဟုတ်နိုင်ပေ။ သရဲအိမ်ရဲ့ အိမ်သာခန်းထဲက မှန်ချပ်လို့ ပရလောကကို သွားလိုရတဲ့ တံခါးတချပ်ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။

 တံခါးနောက်ကွယ်မှအခြားကမ္ဘာတစ်ခုရှိနိုင်မလား?

သူ့မိဘတွေက ဘာကြောင့် ဒီစကားကို ပြောခဲ့သည်ကို သူ မသိပေ။   သူက မစ်ရှင်အရိပ်အမြွက်ကို ပြန်ဖတ်ရန် အနက်ရောင်ဖုန်းကိုဆွဲထုတ်လိုက်သည်။

သူက တတိယဖျားနာဆောင်ခန်းမကလာတယ်။

သူဆိုတာ မှန်ထဲက ထွက်လာတဲ့ မကောင်းဆိုးဝါးလို ပရလောကမှ လာသည်ဟုဆိုလိုချင်သလာဒ။

သူတို့ပျောက်ကွယ်မသွားမီ တစ်ရက်တွင်   သူ့မိဘများသည် တတိယဖျားနာဆော်ခန်းမအကြောင်း ဆွေးနွေးနေကြသည်။ ဒါက သူတို့၏ပျောက်ဆုံးမှုနှင့် ဆက်နွယ်သည်ဟု ဆိုလိုပါသလော။

စွန့်ပစ်ထားသောဆေးရုံတွင် သူ၏မိဘများပျောက်ဆုံး သွားကြောင်း သူ သိသည်။ ရဲတွေက အနီးအနားရှိ အဆောက်အအုံများအားလုံးကို ရှာဖွေခဲ့သော်လည်း မိဘနှစ်ပါးကို လုံးဝ ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ပေ။ အခုတော့ ချန်ကောက သူ့မိဘတွေ  ထိုတံခါးထဲဝင်ပြီး အခြားကမ္ဘာသို့ခရီးထွက်နေသည်ဟု သံသယရှိနေ ခဲ့သည်။


တတိယဖျားနာဆောင်ခန်းမတည်နေရာသည် သူ့မိဘများပျောက်ကွယ်သွားသည့် ဆေးရုံဖြစ်သည်ကို အတည်ပြုရန်မှာ စောသေးသည်။

ချန်ကောသည်မိမိကိုယ်ကိုအေးဆေးတည်ငြိမ်စေရန် သူ၏မျက်နှာကိုပေါ့ပါးစွာ ပွတ်သပ်လိုက်သည်။  တတိယဖျားနာဆောင်ခန်းမက သူ့မိဘများနှင့် ဆက်နွယ်သောကြောင့် သူ၏စိတ်ခံစားချက်မှာ မတည်မငြိမ်ဖြစ်ခဲ့သည်။ ဒီမစ်ရှင်က ကြယ်သုံးပွင့် ဆင့်ဖြစ်လို့ အန္တရာယ်ရှိတယ်။ ငါ လက်ခံလိုက်မယ်ဆိုလျှင် ဒါကို ပြီးမြောက်နိုင်မှာ မဟုတ်သေးဘူး။  ဒါကြောင့် လက်ရှိ မစ်ရှငကိုပဲ အာရုံစိုက်မှဖြစ်မယ်...


ဟိုင်မင်တိုက်ခန်းက အစမ်းမစ်ရှင်က တတိယ ဖျားနာဆောင်ခန်းမနှင့်ဆက်စပ်နေသည်။ ဤတာ ၀ န်ကိုပြီးစီးခြင်းသည် တတိယဖျားနာဆောင်ခန်းမကို ပိုမိုနားလည်နိုင်သောကြောင့် စတင်ရန် မကောင်းသောနေရာတော့ မဟုတ်ပေ။

ညနေ ၄ နာရီတွင် ဧည်သည်အရေအတွက် ပါးသွားလို့ ချန်ကောသည် သရဲအိမ်သော့ကို ရွှီဝမ်လက်ထဲ အပ်ကာ ညလုပ်ရမယ့် မစ်ရှင်အတွက် ပြင်ဆင်ရန် ဝန်ထမ်းနားနေခန်းကို ပြန်လာခဲ့သည်။

  သူ့မိဘများ ချန်ထားခဲ့သောအရုပ်သည် ပန်းခြံ၏အစောင့်ဝိဉာဉ်ဖြစ်သည်၊  ပန်းခြံအတွင်း၌သာ အသုံးဝင်သောကြောင့် ချန်ကောက သူနှင့်အတူ အရုပ်ကို အခုအချိန် ယူမသွားတော့ပေ။ ချန်ကောက သူ့ကျောပိုးအိတ်ထဲက ဖုန်းအားသွင်းကြိုး၊ ဘက်စုံသုံးတူ။ ဓါတ်မီး၊ အသက်ကယ်ကြိုး စသည်တို့ကို စစ်ဆေးလိုက်သည်။

ဒါဆို လုံလောက်ပါတယ်။ သူ ဖင်းအန်းတိုက်ခန်းအမှုကို ဖြေရှင်းလို့ ရခဲ့သည့် ဆုကြေးငွေကို ယူကာ အချိန်စောသေးလို့ ပုံတူ အရုပ်လုပ်သည့် အလုပ်ရုံကို အရင်သွားရန် ဆုံးဖြတ်လိုက်သည်။ လက်ထဲက ဆုကြေးငွေကြောင့် သူ့သရဲအိမ်အတွက် လိုအပ်တဲ့ အရုပ်ဖိုးကို ပေးချေဖို့ လုံလောက်တန်ကောင်းပါရဲ့။

  မုယန်အထက်တန်းကျောင်းရဲ့ လျှို့ဝှက်မစ်ရှင်ကို မြန်မြန်လုပ်ပြီးလေ ဆုကို မြန်မြန်ရလေဖြစ်သည်။
 ချန်ကောက အခန်းထဲက ထွက်လာစဉ် ရှောင်းရှောင်ကို  တံခါးနောက်ကွယ်တွင်ပုန်းနေခဲ့သည်ကိုတွေ့လိုက်ရသည်။ ရှောင်းရှောင်ရဲ့ဝိဉာဉ်ပူးကပ်နေသည့် အရုပ်မလေးက သွေးတုတွေပေနေပြီး  ကြမ်းပြင်တစ်လျှောက်လုံး သွေးတုတွေကို စွန်းပေနေစေသည်။

 "မင်း ဘာလုပ်နေတယလဲ?"

ချန်ကောက ရှောင်းရှောင်ကို ကောက်ယူကာ မပြန်ခင် ဝန်ထမ်းနားနေခန်းကို သန့်ရှင်းရေးလုပ်ဖို့ ရွှီဝမ်ကို မှာခဲ့သည်။ ရွှီဝမ်က သွေးတုတွေကို ပေလူးအောင် လုပ်ခဲ့သည့် သူ့သူဌေးက ရူးသွားပြီလားဟု ထင်နေလောက်သည်။

 ချန်ကောသည် ရှောင်းရှောင်၏ကိုယ်က ပေနေသော သွေးတုတွေကို သုတ်ပေးပြီး သူ ဘာကြောက်မှန်း မသိပေမယ့် အရုပ်မလေးကို သူ့ကျောပိုးအိတ်ထဲ ထည့်ကာ ခေါ်လာခဲ့သည်။ အားလုံးအသင့်ဖြစ်တော့ ချန်ကော က ပန်းခြံကနေ ထွက်လာသည်။

ပန်းခြံအပြင်ဘက် ဘတ်စကားမှတ်တိုင်ကိုရောက်တော့ ညနေစောင်းနေလို့ ဘတ်စ်ကားစောင့်သည့် လူပင်မရှိတော့ပေ။ ပန်းခြံကိုလာသူနည်းပါးခြင်းကြောင့် ဒါရိုက်တာလျှို ဘယ်လောက်ရုန်းကန်နေရမည်ကို သူ တွေးလိုက်မိသည်။

သူသွားချင်သည့်နေရာကို ရောက်သော် ကားပေါ်က ဆင်းပြီး အင်တာနက်ပေါ်ကနေ လိပ်စာကို ရှာကာ လာခဲ့သည်။ ပုံတူအရုပ်လုပ်သည့် အလုပ်ရုံက မြေအောက်မှာရှိလို့ သူ လိပ်စာအတိုင်းဆင်း လာခဲ့သည်။ အောက်ထပ် အခန်းအတော်များများတွင် ဌားရန် ဆိုသည့် ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။ သူက အလုပ်ရုံကို ရောက်တော့ မှန်တံခါးထဲကနေ လူမရှိသည့် အခန်းကို ချောင်းကြည့်လိုက်ပြီး အော်ခေါ်လိုက်သည်။

"ဘယ်သူ့မှ မရှိကြဘူးလား"

 ဖန်တံခါးအတွင်းပိုင်းသည်မြေအောက်သိုလှောင်ရုံနှင့်တူသည်။ ထိုနေရာက ကျယ်ပေမယ့်  ဗလာဖြစ်နေခဲ့သည်။ အချိန်အတန်ကြာစောင့်ပြီးတဲ့နောက် အနည်းငယ်အဝလွန်သူတစ်ယောက်က  တံခါးနားကို ရှပ်တိုက်ပြေးလာပြီး တံခါးဖွင့်ပေးလိုက်သည်။

 
သူသည် ချန်ကောနှင့် အသက်အရွယ်တူသည်။ သူက ပေါ့ပေါ့ပါးပါးဝတ်စားဆင်ယင်ကာ သူ၏မျက်နှာပေါ်မှာ ပါးဖောင်းဖောင်းနှင့်  အဆီအချို့ရှိနေခဲ့သည်။  တံခါးဖွင့်လိုက်စဉ် ချန်ကောရဲ့မျက်နှာကို လေအေးစက်က လေတချို့လာရောက် တိုက်ခတ်ခဲ့သည်။

 "ခင်ဗျားက သူဌေးလား။ ကျွန်တော် ပုံတူ အရုပ်တွေ အော်ဒါမှာထားချင်လို့ပါ။  "

ချန်ကောကရှင်းပြလိုက်သည်။

"အိုကေ....အထဲကို လာပါ။ ခင်ဗျားဘယ်လောက်ကြီးတဲ့ ဆိုဒ်ကို မှာချင်လဲ။ ၃၀ စင်တီမီတာအောက်ဆိုရင် ၃ ရက်အကြာမှာ ရနိုင်တယ်"

"ဒါက သိပ်သေးလွန်းတယ်။ ကျွန်တော်က လူတစ်ယောက်လို အရွယ်အစားမျိုး လိုချင်တယ်။ ခြေဆစ်လက်အဆစ်တွေအားလုံးကို ရွေ့လို့ရတာ ဖြစ်ဖို့လိုတယ်။ ခင်ဗျား ဒီလိုမျိုး လုပ်ပေးလို့ရမလား"

ချန်ကောက အလုပ်ရုံအတွင်းရှိ ပစ္စည်းများကိုကြည့် လိုက် သည်။ အားလုံးက  ပရော်ဖက်ရှင်နယ်ပညာရှင်တွေ သုံးသည့် အရာတွေ ဖြစ်နေတာတွေ့လို့ စိတ်တိုင်းကျသွားသည်။

"တကယ့် လူတစ်ယောက်နဲ့ ဆိုဒ်အတူတူဖြစ်ပြီး  လှုပ်လျားလို့တဲ့ အစိတ်အပိုင်းတွေနဲ့လား။ ခင်ဗျား ကိုယ်ရေးကိုယ်တာအတွက် သုံးဖို့လား"

သူက နားလည်သလို အမူယာဖြင့်မေးလိုက်သည်။ ချန်ကောက အမြန်ဖြေလိုက်ရသည်။

"ကျွန်တော်က သရဲအိမ်တစ်လုံးကို ပိုင်ထားတယ်။ အရုပ်တွေက သရဲအိမ်ထဲ တန်ဆာဆင်ဖို့ပဲ"

ဆိုင်ရှင်ကထိုအခါမှ သက်ပြင်းရှိုက်ကာ မေးလိုက်သည်။

 " ခင်ဗျား ဘယ်လောက်လိုချင်လဲ"  

"နှစ်ဆယ့်လေးခု။ ခင်ဗျား အမြန်ဆုံး ဘယ်အချိန်ရအောင် လုပ်ပေးနိုင်မလဲ"

   "နှစ်ဆယ့်လေးခု"

ဆိုင်ရှင်က အလန့်တကြားအော်လိုက်သည်။

 "ဘာကြောင့် ဒီလောက် အကျယ်ကြီး ရုတ်တရက်အော်ဟစ်နေတာလဲ။ ခင်ဗျားလို အရုပ်ထုတ်တဲ့ အလုပ်ရုံက ၂၄ ခုကို မလုပ်နိုင်ဘူးလား"
 
 "သရဲခြောက်တဲ့အိမ်အတွက်ဆိုရင် အရမ်းဈေးကြီးတဲ့ အရုပ်ကို မသုံးသင့်ဘူးလို့ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကုန်ကျစရိတ်က အရမ်းမြင့်လို့ပဲ။ အရုပ်ထဲပါဝင်တဲ့ အမျိုးစားပေါ်မူတည်ပြီး ဈေးနှုန်းက အမြင့်ဆုံး   ၁၂၀၀၀ နဲ့ဈေးအပေါဆုံး ၃၀၀၀ တန်တွေရှိတယ်။ ပြီးတော့ အလုပ်ပါးလို့ အလုပ်သမားစရိတ် လျှော့်နိုင်ဖို့ ကျွန်တော်က အလုပ်သမားတွေကို ပြန်လွှတ်လိုက်လို့ ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့တယ်။ ခင်ဗျား အရုပ် 24 ခုပြီးဖို့ အချိန် တလလောက်ကြာမယ်"

 
***-***

Chapter (113)_ ဟိုင်မင်တိုက်ခန်း
 

 " ဈေးအပေါဆုံးက ၃၀၀၀ လား။  "

ချန်ကောသည့် သူ့အိတ်ထဲက ပိုက်ဆံ 20000 ကို တင်းတင်းဖိလိုက်မိသည်။ ဒါပေမယ့်
 သူကအေးဆေးတည်ငြိမ်တဲ့အသံနဲ့ပြောလိုက်တယ်

-" ငွေကပြသနာမဟုတ်ဘူး။ ဒါပေမယ့် ရက်အနည်းငယ်အတွင်းမှာ သရဲအိမ်ရဲ့ဆက်တင်အသစ်ကို ဖွင့်တော့မှာဖြစ်လို့ အရုပ်တွေကို အလျင်လိုပြီး အမြန်ရဖို့လိုနေတယ်။ အမြန်ဆုံး ဘယ်အချိန်ရအောင် လုပ်ပေးနိုင်မလဲ။ ခင်ဗျားမှာ ဝန်ထမ်းမလုံလောက်ဘူးလို့ ပြောတယ်နော်။  ဒါပေမယ့်ဒီမှာပစ္စည်းတွေရှိလား။ "

"ကျွန်တော့်မှာ အစုံရှိပါတယ် "

ချန်ကောကဘာလို့ ဒီကိုရုတ်တရက်တောင်းဆိုတာလဲ ဆိုတာ သူဌေးကမသိခဲ့ဘူး။

"ခင်ဗျား အချိန် တပတ်လောက်ပေးရင် သုံးလို့ရမယ့် အရုပ်တချို့ရအောင် လုပ်ပေးနိုင်ပါတယ်။ ကျွန်တော့် အလုပ်သမားတွေကို အမြန်ပြန်ခေါ်ပြီး အားချင်းလုပ်ခိုင်းပါ့မယ်   "

"သရဲခြောက်တဲ့အိမ်ရဲ့ ဆင်တင်အသစ်က သဘက်ခါဆိုရင် ဖွင့်တော့မယ်။  တပတ်စောင့်ရင် အားလုံး နောက်ကျလိမ့်မယ်"

"ကျနော်တို့က စီးပွားရေး သိပ်မကောင်းဘူး။ ပြတင်းပေါက်က ဌားမယ် ဆိုတဲ့ ဆိုင်းဘုတ်ကို မတွေ့ဘူးလား။ ဒီမတိုင်ခင်က ကျွန်တော်က အရုပ် ဒီဇိုင်းတွေအတွက်ပဲ တာဝန်ရှိတယ်၊ ကျန်တဲ့အလုပ်သမားတွေက ကျန်တာတွေကို ကိုင်တွယ်လုပ်ကိုင်ကြတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီညအလုပ်သမားတွေကို  ကျွန်တော် ပြန်ခေါ်ပြီး ခင်ဗျားမှာတဲ့အရုပ်အားလုံး တစ်ပတ်အတွင်း မြန်မြန်ပို့ပေးနိုင်အောင် လုပ်ပေးပါ့မယ်။ "

"တစ်ပါတ်က အရမ်းကြာနေသေးတယ်။ မနက်ဖြန် အကုန်ရဖို့ လိုအပ်တယ်။ "

သူဌေးက အကူအညီမဲ့စွာသက်ပြင်းချလိုက်သည်။

"ကျနော်တို့ကအပြည့်အဝအမြန်နှုန်းနဲ့အလုပ်လုပ်ရင်တောင် တဘက်ခါလောက်မှာ အရုပ် သုံးလေး ရုပ်ပဲ ပေးနိုင်မယ် "

"ခင်ဗျားမှာပစ္စည်းအလုံအလောက်ရှိတယ်မဟုတ်လား။   ဒါဆို ခင်ဗျားရဲ့ အလုပ်ရုံကို ကျွန်တော် ၂၄ နာရီငှား မယ်။ ခင်ဗျားက လိုအပ်တဲ့  ပစ္စည်းတွေသာပြင်ဆင် ထားပေးပါ။ အရုပ်အားလုံးကို ကျွန်တော့်ဖာသာပဲလုပ်လိုက်မယ်"

"ဟမ်?..ဒါဆို ကျွန်တော်က ဘာလုပ်ရမှာလဲ"

 "ဘေးကနေ ရပ်ကြည့်နေပါ။  "

ချန်ကောက ဆိုင်ရှင်ကို ကြည့်ကာ ပြောလိုက်သည်။

  "ကျွန်တော်က ခင်ဗျားရဲ့ အခြားဖောက်သည်တွေလို မဟုတ်ဘူး။ ခင်ဗျားက ဆိုင်ပိတ်လိုက်ရရင်  ဒီနေရာကို နေရာရောင်းပြီးနောက်မှာ၊ သိုလှောင်ထားတဲ့ပစ္စည်းတွေ အားလုံးကို ဈေးနှုန်းချိုချိုနဲ့ ထုတ်ရောင်းလိုက်ရမှာပဲ မဟုတ်လား။  တစ်နေ့တာအတွက် ကျွန်တော့်ကို ဒီနေရာကိုငှားရမ်းပေးရုံပါပဲ။ စိတ်မပူပါနဲ့၊ ခင်ဗျားရဲ့ သိုလှောင်ပစ္စည်းတွေကိုဈေးကွက်ပေါက်ဈေးနဲ့ငွေရှင်းပေး ပါလိမ့်မယ်။ "

ဆိုင်ရှင်က အခုလာတဲ့ ထိုလူက တစ်စုံတစ်ရာ ထူးဆန်းသည်ဟု ခံစားခဲ့ရသည်! သူဌေးက ဒီအကြောင်းကိုစဉ်းစားပြီး သူ ဘာမှမဆုံးရှုံးနိုင် တော့ဘူး ဆိုတာသိတယ်။ စိတ်လှုပ်ရှားစွာဖြင့် ချန်ကောကိုကြည့်ရင်း သူက အခက်အခဲတွေနဲ့ ခေါင်းညိတ်လိုက်တယ်။

"ကောင်းပြီ၊ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို ကြိုတင်ငွေ ၁၀၀၀၀ ပေးရမယ်။ ပစ္စည်းထဲက ပစ္စည်းဖိုးတွေကို နူတ်ပြီး ပိုတာကို ပြန်အမ်းပေးပါ့မယ်။ "

 "ကောင်းပြီ။ သဘောတူတယ် "


သူဌေးကိုငွေပေးချေပြီးနောက် ချန်ကောက အလုပ်ခွင့်ကို တန်းဝင်ခဲ့သည်။ နေရာကျယ်ကြီးတွေနဲ့ ကြမ်းပြင်ကို အမျိုးမျိုးကိရိယာတွေတပ်ထားတယ်။

"မင်းဒါကိုမင်းလုပ်ချင်တာသေချာလား? လိုအပ်မယ်ဆိုရင် ကျွန်တော် ကူညီနိုင်ပါတယ် "

သူဌေးက ချီတုံချတုံဖြစ်ပြီး ပြောခဲ့သည်။  

"ကျွန်တော် ကြိုတင်ကျေးဇူးတင်ထားပါ့မယ်။ "

ချန်ယူသည်ကိရိယာတန်ဆာပလာများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားသည်။ သူသည် လှည့်ပတ်ကြည့်ပြီး အစီစဉ်ချကာ အင်စပတ်တာလီကို ဖုန်းဆက်လိုက်သည်။

"ဦး လေးလီ၊ ကျွန်တော် မုယန်အထက်တန်းကျောင်းနဲ့ ပတ်သတ်ပြီး နည်းနည်းမေးချင်လို့ပါ"

"ဒီအမှုကိစ္စကို ပိတ်ထားပြီးပြီ။ ဘာလို့ မင်းက မုယန်းအထက်တန်းကျောင်းကို ဘာကြောင့် ဒီလောက် စိတ်စွဲနေသေးတာလဲ"

စစ်ဆေးရေးမှူး အင်စပတ်တာလီက ချန်ကော ဖုန်းခေါ်သဖြင့် သတင်းဆိုးကြားရမည်ကို စိုးထိတ်နေသည်။

"ဒီကိစ္စနဲ့မပတ်သက်ပါဘူး၊ ကျွန်တော် သိချင်ရုံသက်သက်ပါပဲ"

"ကျောင်းနှင့်မပတ်သက်တာဆိုရင် ရတယ်။ အခု ဒီအမှုကို မြို့တော်ရဲ့အဓိက စစ်ဆေးရေးအဖွဲ့ကလွှဲယူ လိုက်ပြီဆိုတော့ ဒါက ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သွားပြီ "

"လျှို့ဝှက်ချက်ဖြစ်သွားတာလာ? အင်စပတ်တာလီ ကျွန်တော့်ကို မထင်မလွဲပါနဲ့။ အမှုနဲ့ပတ်သတ်တာကို မသိချင်ပါဘူး။ မုယန်ကျောင်းမှာ မတော်တဆဖြစ်ပြီး သေသွားတဲ့ ကျောင်းသား 24 ယောက်အကြောင်းကို သိချင်တာပါ"   

" မင်း ရူးသွားတာလား။ ဘာကြောင့် ဒီလိုဟာကို သိချင်နေတာလဲ  "

"ဒါဟာ သိပ်ကိုအရေးကြီးပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဦးလေးကို ကျွန်တော် မရှင်းပြနိုင်သေးဘူး။ ဒါပေမယ့် ဒါက မကောင်းတဲ့ နေရာမှာ မသုံးဘူးဆိုတာ ကျိန်ပြောပါတယ်  "

ချန်ကောသည် နေစရာမရှိသည့် တွယ်ရာမဲ့ ဝိဉာဉ် 24 ခုအတွက် မှီခိုရာ နေရာတခုခုကို ပေးချင်တာပဲရှိသည်။

 စစ်ဆေးရေးမှုး ဥိးလေးလီက အတော်ကြာတိတ်နေပြီးမှ ပြောလိုက်သည်။

" မိုက်မဲတဲ့အရာ တစ်ခုခုကို ထပ်မလုပ်ပါနဲ့၊ မင်း တစ်ခုခုရှာတွေ့ရင် ငါ့ကို ချက်ချင်း ဖုန်းခေါ်ပါ။ မင်း ပြောတဲ့ဟာကို ငါ နည်းနည်းလေး သွားကြည့်လိုက်ဦးမယ်"


ဖုန်းချပြီးချိန်မှာ ဆိုင်ရှင်က ချန်ကောကို အလန့်တကြား မေးလိုက်သည်။

 " မင်းက ရဲလား"

 "မဟုတ်ပါဘူး၊ ခင်ဗျား ပစ္စည်းတွေကို ပြင်ဆင်ပြီးပြီ လား"

"ပြီးပါပြီ"

သူဌေးရဲ့ လေသံတောင်မှ ပိုပြီးရိုသေလေးစားမှု ပြသခဲ့သည်။

"ကောင်းပြီ၊ အလုပ် စလုပ်ဖို့အချိန်တန်ပြီ"

ချန်ကောနှင့်သူဌေးက ရွှံ့စေးများကိုအရင်ပြင်ဆင်ရန် သွားခဲ့သည်။ ဆယ်မိနစ်အကြာတွင် စစ်ဆေးရေးမှူးလီက လူ 26 ယောက်ပါသည့် အုပ်စုလိုက် ဓာတ်ပုံတစ်ပုံကို ပို့လိုက်သည်။ ၎င်းသည် ဖိုင်များထဲတွင် တစ်ခုတည်းသော ရုပ်ပုံဖြစ်သည်။ ဓာတ်ပုံ၏အလယ်တွင် မျက်မှန်တပ်ထားသော အသက်ကြီးသောသူက ထိုင်နေပြီး သူ့နောက်တွင်ကျောင်းသား ၂၅ ဦး ရပ်နေသည်။

"ဒီပုံရှိရင် လုပ်ရတာ ပိုပြီးလွယ်ကူပါတယ်။ "


ချန်ကော ကသူဌေးကိုကျေးဇူးတင်ကြောင်းပြောဆိုပြီး၊ Doll-maker's Talent အရုပ်လုပ်သူရဲ့ကျွမ်းကျင်မှု စကေးကိုမသုံးပဲ သူဟာရွှံ့စေးကနေ လူခေါင်းပုံ အကြမ်းထည်သဏ္ဌာန်ကို ထွင်းထုခဲ့တယ်။

ကွဲပြားခြားနားသော ပုံသွင်းခြင်း အမျိုးမျိုးကိုအသုံးပြုခြင်းဖြင့် ဖုန်းထဲက ပို့လိုက်သည့် ပုံကို တချက်နှစ်ချက်ကြည့်ကာ   မိနစ်အနည်းငယ် အတွင်း ရုပ်ပုံထဲက မျက်နှာနှင့်ဆင်တူသည့် လူသား ဦး ခေါင်းခွံတစ်ခုပြုလုပ်ပြီးခဲ့သည်။ သူ၏ လက်နှစ်ချောင်းသည် လိပ်ပြာများကဲ့သို့နူးညံ့သိမ်မွေ့စွာ ဆက်တိုက်လှုပ်ရှားလျက် ပုံထွင်းဓါးကိုလည်း   ကျွမ်းကျင်စွာအသုံးပြုခဲ့သည်။ ချန်ပေည၏အလုပ်ကို လွယ်လွယ်ကူကူလုပ်ဆောင်နိုင်ခြင်းသည်သူဌေးကိုအံ့အားသင့်စေခဲ့သည်။ သူက ပုံထွင်းထုခြင်း အနုပညာမှတ်တမ်းရုပ်ရှင်ကို သုံးကြိမ်တိုင်မြန်ဆန်စွာစောင့်ကြည့်နေသလို ခံစားလိုက်ရတယ်။

ဒီလူရဲ့ အလုပ်အကိုင်ကဘာလဲ။ သူသည် လူ့ဦးခေါင်းနှင့် မျက်နှာပုံထွင်းထုခြင်းဖြင့်ပြုပြီးနောက် ချန်ကောသည် ပုံသွင်းထားသော ဦး ခေါင်းခွံများကို ဂရုတစိုက်သုတ်ရန် စိုစွတ်သောရေမြှုပ်ကို အသုံးပြုခဲ့သည်။ သူ၏ထိတွေ့မှုသည် အလွန်လိမ္မာပါးနပ်သောကြောင့် သူသည်ဖုန်မှုန့်များကို သုတ်ပစ်ပြီးနောက် ရွှံ့စေးပေါ်တွင် အရေပြားကဲ့သို့ တသမတ်တည်းတည်း တင်းရင်းသော အပေါ်ယံ အလွှာကို ပေါ်လာသည်။

ခဏအကြာတွင်ရွှံ့ကိုယ်ထည်သည်ခိုင်ခံ့လာပြီး ချန်ကောသည် စေးကပ်သောအင်္ဂတေကို ရေဖျော်ကာ ထိုဦးခေါင်းများကို သုတ်လိုက်သည်။ နောက်ပြီးရင်  ပြီးတော့ဘာမှလုပ်စရာမရှိတော့ပဲ အနည်းဆုံး အပေါ်က သုတ်ထားသည့် အင်္ဂတေတွေ ခြောက်ရန် တစ်နာရီလောက် အခြောက်ခံရန်လိုအပ်သည်။ ထိုအခြောက်ခံချိန်တွင် ချန်ကောက ကျန် ဦးခေါင်း များကို ဆက်တိုက်လုပ်ဆောင်သွားခဲ့သည်။

တစ်နာရီခွဲကြာပြီးနောက် ချန်ကောသည်ရွှံစေးဖြင့် ပုံသွင်းသော ခေါင်း 24 ခေါင်း  ကိုအကုန်အစင် ပြီးစီးစေခဲ့သည်။ ထို့နောက် သူသည် ခိုင်ခံ့သောအင်္ဂတေ သုတ်လိမ်းထားသော  ပထမ ဦး ဆုံးရွှံ့စေးကိုယ်ထည်အချို့ကို ထုတ်ယူခဲ့ သည်။ သူက အရုပ်တွေရဲ့အရေပြားအဖြစ်လုပ်ပေးတဲ့ ရာဘာပြားကိုယူကာ ကိုယ်ထည်တွေမှာ လိုက်ကပ်လိုက်သည်။ ပြိးနောက် ချန်ကောက တံခေါက်ကွေး၊ တံတေင်ဆစ်၊ လက်ကောက်ဝတ် စသည့် အစိတ်အပိုင်းတွေထဲမှာ ကွေးညွတ်ကာ လိုရာပုံသွင်းနိုင်သည့် သံပျော့ချောင်းကို ထိုးသွင်းကာ အစိတ်အပိုင်းတွေကို ဆက်လိုက်သည်။  ကိုယ်ထည်ထဲကိုလည်း ကျောရိုးအဖြစ် ကွေးညွတ်နိုင်သော သံချောင်းကို ထည့်ထားလိုက်သည်။

 နောက်ဆုံးတွင် သူသည် ကိုယ်ထည်အစိတ်အပိုင်းတွေပေါ်ကနေ အရေပြားတုကို ဖုံးအုပ်ပြီး အစိတ်အပိုင်းတွေကို ဆက်လိုက်သည်။ သူ အရုပ်ရဲ့တရုပ်ရဲ့ ဦးခေါင်းကို လုပ် ရန် ၁၀ မိနစ်သာ လိုတော့သည်။

"ဒီနေ့တော့ နောက်ကျသွားပြီ။ ဒီ ၁၀,၀၀၀ ကို အပေါင်အဖြစ် ယူထားပါ။ ကျွန်တော့်လုပ်ငန်းခွင်က ဘာကိုမှမထိပါနဲ့  မနက်ဖြန်ကျန်တာတွေကို ကျွန်တော် လာပြီး လက်စသတ်မှာပါ"

ချန်ကောသည်လက်များဆေးကြောပြီး ဟိုင်မင်တိုက်ခန်းကို လာရန် စီစဉ်ခဲ့သည်။

"စိတ်မပူပါနဲ့။ သူတို့အနားကို ကျွန်တော် မသွားပါဘူး"

ကောင်တာပေါ်မှကျန်ရှိနေသေးသောခေါင်းနှစ်ဆယ်လေးလုံးကိုကြည့်လိုက်သောအခါ သူဌေးက တုန်ခါနေသည်။ သူသည် သူ့ဘဝတွင် လူနှင့်တူသည့် အရုပ်များစွာကိုတွေ့ခဲ့ဖူးသော်လည်း ချန်ကော၏လက်ဖြင့်ပြုလုပ်သော အရုပ်များက သူ့ကိုကွဲပြားသောထင်မြင်ချက်ပေးနေခဲ့သည်။ သူတို့ သည် မည်သည့်အချိန်တွင်မဆို သူ့ကိုပြုံးပြပြီး ကြည့်နေသလို ခံစားရကာ ဒီအရုပ်တွေက  အတော်လေးတကယ့်လူပုဂ္ဂိုလ်များနှင့် တူနေသည်။

ချန်ကော်သည်သူ၏ကျောပိုးအိတ်ကိုလွယ်ကာမြေအောက် အလုပ်ရုံမှ ထွက်ခဲ့သည်။ သူက ဟိုင်မင်တိုက်ခန်း ဆီသို့ သွားရန် တက္ကစီခေါ်လိုက်သည်။ ဒေါက်တာကောင်းနှင့် ချိန်းထားသည့် အချိန်ရောက် တော့မည်။

 ဟိုင်မင်တိုက်ခန်းသည့် မြို့၏ယခင်မူလ အခြမ်း တွင်ရှိပြီး အဆောက်အ ဦး များ မမြင့်မားသည့် နေရာတွင် တည်ရှိသည်။ အလုပ်များကာ လူရှုပ်ယှက်ခတ်နေသောလမ်းများကို ဖြတ်ကျော်ပြီးနောက် ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည်။ အငှားယာဉ်မောင်း၏ခေါ်ဆောင်ပေးမှုဖြင့် ချန်ကောသည် နောက်ဆုံးတွင် သူ၏ ဦး တည်ရာသို့ ရောက်ရှိခဲ့သည်။
**-**

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now