Chapter (26) - ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္

1.5K 361 8
                                    

Chapter (26) – ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္

ရဲကားက ပန္းျခံကိုျပန္ေရာက္လာေတာ့ မနက္ ၇နာရီ ထိုးေနေလၿပီ။ Chen Ge က ျခံေစာင့္ဆီက သရဲအိမ္ေသာ့ကိုေတာင္းၿပီး ဝန္ထမ္းနားေနခန္းထဲ ဝင္လိုက္ေတာ့ ဒီတစ္ညလံုး လႈပ္ရွားမႈေတြေၾကာင့္ ပင္ပန္းလြန္းလို႔ အရိုးေတြ တစ္စစီျပဳတ္ထြက္ေတာ့မလို ထင္လိုက္ရသည္။ သူ႔ဖုန္းကို ထုတ္ၾကည့္လိုက္ေတာ့ ပါဝါအားကုန္ၿပီး Livestream ကလည္းရပ္သြားတာ ေတြ႕လိုက္ရသည္။ သူက ဖုန္းကိုအားသြင္းၿပီး ဖြင့္လိုက္သည္။

ဖုန္းထဲက ေျခလွမ္းမွတ္တမ္းကိုၾကည့္ေတာ့ တစ္ညလံုး ေျခလွမ္းတစ္ေသာင္းေလာက္ ေျပးခဲ့ရၿပီး သူငယ္ခ်င္းေတြထဲမွာ ထိပ္ဆံုးအဆင့္ေရာက္ေနၿပီး ေရွာင္ဝမ္ပင္ သူ႔ကို like ေပးထားတာ ေတြ႕လိုက္ရသည္။ ၾကည့္ရတာ သူ အားကစားပိုလုပ္မွျဖစ္မည္။ ဒါမွ ေနာင္ဆို ပိုျမန္ျမန္ေျပးႏိုင္လိမ့္မည္။

သူက He San ရဲ႕ဖုန္းကို message ပို႔လိုက္ၿပီး မၾကာခင္ He San က စာျပန္ခဲ့သည္။

"ေဘာ့စ္.. ခင္ဗ်ား အသက္ရွင္ေနေသးတယ္ေပါ့.."

He San ရဲ႕အသံက က်ယ္လြန္းလို႔ သူ႔နားပင္းသြားၿပီလားဟု ထင္ရသည္။

"ငါေသသြားဖို႔ ေမွ်ာ္လင့္ေနတာလားကြာ.. မင္း အသံတိုးစမ္းပါဦး.. အခန္းေဖာ္ ႏိုးသြားဦးမယ္.."

"ဘယ္သူမွမအိပ္ဘဲ ခင္ဗ်ားရဲ႕ livestream ကို ေစာင့္ၾကည့္ေနတာ.. ခင္ဗ်ားဖုန္းေခၚတာကို ကြ်န္ေတာ္ေစာင့္ေနတာ.."

He San ရဲ႕စကားေၾကာင့္ Chen Ge ၏ရင္ထဲ ထိသြားခဲ့သည္။ သူ႔ကို စိုးရိမ္ပူပန္ေပးသည့္ သူငယ္ခ်င္းေလးကို ေက်းဇူးတင္မိစဥ္ He San ေျပာတာ ၾကားလိုက္ရသည္။

"Livestream ျပတ္ေတာက္သြားေတာ့ အားလံုးက ခင္ဗ်ားေသၿပီလို႔ ေျပာေနၾကတာ.. ဒါေၾကာင့္ ကြ်န္ေတာ္တို႔ ေလာင္းေၾကးထပ္လိုက္ၾကတယ္.. ေဘာ့စ္.. ေက်းဇူးတင္ပါတယ္.. ခင္ဗ်ားရဲ႕ေက်းဇူးေၾကာင့္ ဒီတစ္ပတ္လံုး ေန႔လည္စာ အလကားစားရေတာ့မယ္.."

"အိုး.. ငါ့အသက္က မင္းအတြက္ တစ္ပတ္စာေန႔လည္စာေလာက္ပဲဲ ထိုက္တန္တာေပါ့.. မင္း ဒီဟာကို ငါ့ကိုမေျပာျပလည္း ရပါတယ္ကြာ.."

Chen Ge က ရိုးသားသည့္ လူငယ္ေလး၏စကားေၾကာင့္ ဘာေျပာရမွန္းမသိ ျဖစ္သြားသည္။

"ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားအသက္ရွင္ေနလို႔ ေက်းဇူးတင္တယ္ေဘာ့စ္.. ကြ်န္ေတာ္တို႔ ရင္ခြဲရံုစမ္းသပ္ခန္းက စားပြဲမွာ ခင္ဗ်ားကိုေတြ႕ရမွာ ေၾကာက္ေနတာဗ်ာ.. ကြ်န္ေတာ္တို႔ဆရာက လူတစ္ေယာက္ေသဆံုးခ်ိန္က ပံုစံကို သင္ၾကားခဲ့တယ္သိလား.. လတ္လတ္ဆတ္ဆတ္ေသတဲ့ အေလာင္းပံုက ဘယ္လိုဆိုတာ ကြ်န္ေတာ္ သိႏိုင္တာေပါ့.."

Chen Ge က He San ရဲ႕စကားကို ျဖတ္ေျပာလိုက္သည္။

"မင္းရဲ႕ေက်းဇူးေၾကာင့္ ငါ အသက္ရွင္ႏိုင္တာ.. မင္းကိုေက်းဇူးတင္လို႔ အားတဲ့ရက္ မုန္႔လိုက္ေကြ်းဦးမယ္.."

Chen Ge ဖုန္းခ်ၿပီးေနာက္ Video sharing application မွာတင္ထားတဲ့ သူ႔ page ကို ၾကည့္ဖို႔ ဖြင့္လိုက္ေတာ့ follower 3000 ေက်ာ္ျဖစ္ေနတာကို ေတြ႕လိုက္ရသည္။

ေသစမ္း.. အမည္းေရာင္ screen ပဲျမင္ရတဲ့ livestream က follower ဒီေလာက္ တိုးေစတာလား။ သူ႔ရဲ႕ message box ထဲမွာ "ပို႔စ္ပိုင္ရွင္.. ခင္ဗ်ား အသက္ရွင္ေနတုန္းလား.." ဆိုသည့္စာမ်ားသာ ပလူပ်ံေနေတာ့သည္။ ဒီလူေတြက ငါေသတာကိုျမင္ခ်င္လို႔ မေစာင့္ႏိုင္ေတာ့တဲ့ပံုပဲ။

Chen Ge က သူ႔သရဲအိမ္ေၾကျငာနဲ႔ livestream ကို အပိတ္မခံရေသးတာသိရလို႔ စိတ္သက္သာရာရသြားၿပီး ဖုန္းကိုခ်ကာ မ်က္ႏွာကို ေခါင္းအံုးထဲႏွစ္လိုက္ၿပီး သက္ျပင္းခ်လိုက္မိသည္။ ဒီေန႔ေတာ့ ငါ နားသင့္တယ္လို႔ေတြးၿပီး Chen Ge က အဝတ္ခြ်တ္ကာ ေစာင္ေအာက္တိုးဝင္ၿပီး အိပ္ေမာက်သြားေတာ့သည္။

ေနလံုးထြက္လာၿပီး အိပ္ယာထက္ ေနေရာင္ျဖာက်လာခ်ိန္ က်ယ္ေလာင္ေသာ သရဲအိမ္ဂိတ္တံခါး ဖြင့္သံႏွင့္အတူ ေလွကားေပၚေျပးတက္လာသည့္ ေျခသံတစ္စံုႏွင့္ ဝန္ထမ္းနားေနခန္းတံခါး ေသာ့ဖြင့္သံကို ၾကားလိုက္ရသည္။ ငလ်င္လႈပ္သလို အိပ္ယာက တုန္ခါသြားလို႔ Chen Ge လန္႔ၿပီး အိပ္ယာထက္မွ ထထိုင္လိုက္ေတာ့ သူ႔မ်က္ႏွာေရွ႕မွာ စိတ္လႈပ္ရွားစြာေအာ္ေနသည့္ မ်က္ႏွာတစ္ခုကို ေတြ႕လိုက္ရသည္။

"ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္.."

ခဏေနမွ သူ႔ေဘးမွာ Xiao Wan ထိုင္ေနၿပီး ေခါင္းေလွ်ာ္ၿပီးစ ရွန္ပူနံ႔သင္းသင္းကို ရလိုက္သျဖင့္ Chen Ge ျပံဳးၿပီး အိပ္ယာခင္းကိုဆြဲကာ သူ႔ကိုယ္အေပၚပိုင္းကိုျခံဳရင္း ေျပာလိုက္သည္။

"ျဖည္းျဖည္းေျပာ.. ငါ့အေၾကာင္း ဘာပါေသးလဲ.."

"ဒါ ကြ်န္မသိတဲ့ လက္ေတြ႕ဘဝထဲကလူက ပထမဆံုး TV ထဲ ပါလာတာပဲ.. ရွင့္မ်က္ႏွာကို ဝါးထားေပမယ့္ ရွင္မွန္း ကြ်န္မသိလိုက္တယ္.."

"ဝါးထားတာလား.."

"ေဟာ့ဒီမွာၾကည့္.. ခုနကမွ JiuJiang မနက္ခင္းသတင္းထဲမွာ ပါလာတာ.."

Xiao Wan က ဖုန္းကိုဖြင့္ၿပီး အင္တာနက္ကသတင္းကို ျပလိုက္သည္။

Chen Ge ယူၾကည့္လိုက္ေတာ့ Fu An တိုက္ခန္းပံုကို ေတြ႕လိုက္ရသည္။

**တရားမွ်တမႈက အျမဲတမ္း အႏိုင္ရစျမဲပဲ။ Fu An တိုက္ခန္းမွ မိသားစုေလးေယာက္ အသတ္ခံရမႈတြင္ ၾကင္နာတတ္သည့္ တာဝန္သိျပည္သူ တစ္ေယာက္ေၾကာင့္ အမႈမွန္ေပၚသြားၿပီး လူသတ္တရားခံကို ရဲဌာနက ဖမ္းဆီးရမိျခင္း**

ဒီပံုေနာက္မွာ Chen Ge နဲ႔ ရဲအရာရွိ ေမးျမန္းခန္းကပံုကို ထည့္ထားၿပီး မ်က္ႏွာကို ဝါးေပးထားသည္။ တာဝန္သိျပည္သူ၏ လံုျခံဳေရးေၾကာင့္ ဝါးထားေၾကာင္းလည္း ေဖာ္ျပထားသည္။

"ေဘာ့စ္.. ဒီလူက ရွင္မဟုတ္လား.. ဒီအဝတ္အစားက မေန႔ကဝတ္ထားတဲ့ အဝတ္အစားေတြနဲ႔ အတူတူပဲ.."

"ငါ့ကို အရင္ဆံုး အဝတ္ေပးဝတ္ပါဦးဟ.."

Chen Ge က အဝတ္အစားဝတ္ၿပီးေတာ့မွ Fu An တိုက္ခန္းမွာ ျဖစ္ပ်က္သမွ်ကို အတိုခ်ံဳးေျပာျပလိုက္သည္။ မစ္ရွင္လုပ္ဖို႔သြားတယ္ဆိုတာ မေျပာဘဲ သရဲအိမ္အတြက္ စိတ္ကူးသစ္ရေအာင္ သြားေလ့လာသည္ဟုသာ ေျပာလိုက္သည္။ ဒီအေၾကာင္းကို နားေထာင္ၿပီးေတာ့ Xiao Wan ၏မ်က္ႏွာထားက ေပ်ာ့ေျပာင္းသြားၿပီး ေျပာလိုက္သည္။

"ေဘာ့စ္.. ရွင္ ပင္ပန္းေနမွာ ေသခ်ာတယ္.. ကေန႔ နားလိုက္.. ဧည့္သည္ေတြကို ကြ်န္မနဲ႔ ထားထားလိုက္.."

သူမ၏ၾကင္နာမႈကို သိေပမယ့္ Chen Ge ေမးလိုက္သည္။

"ဧည့္သည္ ဘယ္ေလာက္ေလာက္ ေရာက္ေနသလဲ.."

"မေန႔ကထက္ ပိုမ်ားတယ္.."

"သူတို႔ ငါ့ကို လာေစာင့္ေနတာပဲ.. ငါ့ကိုခဏေစာင့္ဖို႔ ေျပာေပးစမ္းပါဦး.."

Xiao Wan ထြက္သြားေတာ့ Chen Ge က ေရခ်ိဳးခန္းထဲဝင္ မ်က္ႏွာသစ္ၿပီး သန္းေခါင္ယံည လူသတ္သမား ကစားခန္းကိုဖြင့္ဖို႔ ဖုန္းကိုယူလိုက္သည္။

>>သန္းေခါင္ယံည လူသတ္သမားမစ္ရွင္ လံုးဝၿပီးသြားၿပီျဖစ္လို႔ တတိယထပ္ကို လြတ္လပ္စြာ သံုးႏိုင္ပါၿပီ။<<

>>သတိေပးခ်က္။ ။ သရဲအိမ္ထဲမွာ ေနရာလြတ္ မရွိေတာ့ပါဘူး။ ေနာက္ထပ္ အဆင့္ျမႇင့္ၿပီးတဲ့ထိ သရဲေျခာက္သည့္အခန္းမ်ား ဖြင့္လို႔မရေသးပါ။<<

အစက သူအမ်ားႀကီး ျပင္ဆင္ရမယ္ထင္ေပမယ့္ ဖုန္းအနက္ရဲ႕အစြမ္းကို ေလွ်ာ့တြက္မိပံုေပၚသည္။ ဘယ္အခ်ိန္က ဒီသန္းေခါင္ယံည လူသတ္သမား သရဲေျခာက္သည့္အခန္းကို ျပင္ဆင္ၿပီးသြားပါလိမ့္။

Chen Ge က ဖိနပ္စီးၿပီး တတိယထပ္ကိုတက္သြားကာ တံခါးတြန္းဖြင့္လိုက္ခ်ိန္ တစ္ထပ္လံုး၏ျမင္ကြင္းက လံုးဝေျပာင္းလဲေနတာ ေတြ႕လိုက္ရသည္။ မလိုအပ္သည့္ပစၥည္းမ်ား ေပ်ာက္ကြယ္သြားၿပီး တစ္ထပ္လံုး ေကာ္ရစ္ဒါအရွည္ႀကီးႏွင့္ စိုထိုင္းထိုင္းေလထုတစ္ခုက ေစာင့္ႀကိဳေနသည္။ အခန္းတစ္ဝက္ေလာက္က ေသာ့ခတ္ထားေပမယ့္ အခုဆိုရင္ သူ႔ဆီမွာ -
ပထမထပ္ - သက္ရွိတို႔ ေသဆံုးေသာည၊
ဒုတိယထပ္ - ဝိညာဥ္သတို႔သမီး ႏွင့္
တတိယထပ္ - Fu An တိုက္ခန္း
ဆိုသည့္ သရဲေျခာက္သည့္ဇာတ္လမ္း ၃ခု ရွိေနေလၿပီ။

ပထမနဲ႔ ဒုတိယထပ္က ေပါ့ေပါ့ပါးပါး ေျခာက္လွန္႔တာျဖစ္ၿပီး တတိယထပ္က ေၾကာက္စရာအေကာင္းဆံုးျဖစ္သည္။ ဘယ္လိုလုပ္ၿပီး ဒီအထပ္က Fu An တိုက္ခန္းနဲ႔ တစ္ထပ္တည္းတူေနသည္ကို မသိေတာ့ေပ။
===================

Chapter (26) – ဘော့စ်.. ရှင် TV ထဲမှာ ပါလာတယ်

ရဲကားက ပန်းခြံကိုပြန်ရောက်လာတော့ မနက် ၇နာရီ ထိုးနေလေပြီ။ Chen Ge က ခြံစောင့်ဆီက သရဲအိမ်သော့ကိုတောင်းပြီး ဝန်ထမ်းနားနေခန်းထဲ ဝင်လိုက်တော့ ဒီတစ်ညလုံး လှုပ်ရှားမှုတွေကြောင့် ပင်ပန်းလွန်းလို့ အရိုးတွေ တစ်စစီပြုတ်ထွက်တော့မလို ထင်လိုက်ရသည်။ သူ့ဖုန်းကို ထုတ်ကြည့်လိုက်တော့ ပါဝါအားကုန်ပြီး Livestream ကလည်းရပ်သွားတာ တွေ့လိုက်ရသည်။ သူက ဖုန်းကိုအားသွင်းပြီး ဖွင့်လိုက်သည်။

ဖုန်းထဲက ခြေလှမ်းမှတ်တမ်းကိုကြည့်တော့ တစ်ညလုံး ခြေလှမ်းတစ်သောင်းလောက် ပြေးခဲ့ရပြီး သူငယ်ချင်းတွေထဲမှာ ထိပ်ဆုံးအဆင့်ရောက်နေပြီး ရှောင်ဝမ်ပင် သူ့ကို like ပေးထားတာ တွေ့လိုက်ရသည်။ ကြည့်ရတာ သူ အားကစားပိုလုပ်မှဖြစ်မည်။ ဒါမှ နောင်ဆို ပိုမြန်မြန်ပြေးနိုင်လိမ့်မည်။

သူက He San ရဲ့ဖုန်းကို message ပို့လိုက်ပြီး မကြာခင် He San က စာပြန်ခဲ့သည်။

"ဘော့စ်.. ခင်ဗျား အသက်ရှင်နေသေးတယ်ပေါ့.."

He San ရဲ့အသံက ကျယ်လွန်းလို့ သူ့နားပင်းသွားပြီလားဟု ထင်ရသည်။

"ငါသေသွားဖို့ မျှော်လင့်နေတာလားကွာ.. မင်း အသံတိုးစမ်းပါဦး.. အခန်းဖော် နိုးသွားဦးမယ်.."

"ဘယ်သူမှမအိပ်ဘဲ ခင်ဗျားရဲ့ livestream ကို စောင့်ကြည့်နေတာ.. ခင်ဗျားဖုန်းခေါ်တာကို ကျွန်တော်စောင့်နေတာ.."

He San ရဲ့စကားကြောင့် Chen Ge ၏ရင်ထဲ ထိသွားခဲ့သည်။ သူ့ကို စိုးရိမ်ပူပန်ပေးသည့် သူငယ်ချင်းလေးကို ကျေးဇူးတင်မိစဉ် He San ပြောတာ ကြားလိုက်ရသည်။

"Livestream ပြတ်တောက်သွားတော့ အားလုံးက ခင်ဗျားသေပြီလို့ ပြောနေကြတာ.. ဒါကြောင့် ကျွန်တော်တို့ လောင်းကြေးထပ်လိုက်ကြတယ်.. ဘော့စ်.. ကျေးဇူးတင်ပါတယ်.. ခင်ဗျားရဲ့ကျေးဇူးကြောင့် ဒီတစ်ပတ်လုံး နေ့လည်စာ အလကားစားရတော့မယ်.."

"အိုး.. ငါ့အသက်က မင်းအတွက် တစ်ပတ်စာနေ့လည်စာလောက်ပဲ ထိုက်တန်တာပေါ့.. မင်း ဒီဟာကို ငါ့ကိုမပြောပြလည်း ရပါတယ်ကွာ.."

Chen Ge က ရိုးသားသည့် လူငယ်လေး၏စကားကြောင့် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

"ဘာပဲဖြစ်ဖြစ် ခင်ဗျားအသက်ရှင်နေလို့ ကျေးဇူးတင်တယ်ဘော့စ်.. ကျွန်တော်တို့ ရင်ခွဲရုံစမ်းသပ်ခန်းက စားပွဲမှာ ခင်ဗျားကိုတွေ့ရမှာ ကြောက်နေတာဗျာ.. ကျွန်တော်တို့ဆရာက လူတစ်ယောက်သေဆုံးချိန်က ပုံစံကို သင်ကြားခဲ့တယ်သိလား.. လတ်လတ်ဆတ်ဆတ်သေတဲ့ အလောင်းပုံက ဘယ်လိုဆိုတာ ကျွန်တော် သိနိုင်တာပေါ့.."

Chen Ge က He San ရဲ့စကားကို ဖြတ်ပြောလိုက်သည်။

"မင်းရဲ့ကျေးဇူးကြောင့် ငါ အသက်ရှင်နိုင်တာ.. မင်းကိုကျေးဇူးတင်လို့ အားတဲ့ရက် မုန့်လိုက်ကျွေးဦးမယ်.."

Chen Ge ဖုန်းချပြီးနောက် Video sharing application မှာတင်ထားတဲ့ သူ့ page ကို ကြည့်ဖို့ ဖွင့်လိုက်တော့ follower 3000 ကျော်ဖြစ်နေတာကို တွေ့လိုက်ရသည်။

သေစမ်း.. အမည်းရောင် screen ပဲမြင်ရတဲ့ livestream က follower ဒီလောက် တိုးစေတာလား။ သူ့ရဲ့ message box ထဲမှာ "ပို့စ်ပိုင်ရှင်.. ခင်ဗျား အသက်ရှင်နေတုန်းလား.." ဆိုသည့်စာများသာ ပလူပျံနေတော့သည်။ ဒီလူတွေက ငါသေတာကိုမြင်ချင်လို့ မစောင့်နိုင်တော့တဲ့ပုံပဲ။

Chen Ge က သူ့သရဲအိမ်ကြေငြာနဲ့ livestream ကို အပိတ်မခံရသေးတာသိရလို့ စိတ်သက်သာရာရသွားပြီး ဖုန်းကိုချကာ မျက်နှာကို ခေါင်းအုံးထဲနှစ်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။ ဒီနေ့တော့ ငါ နားသင့်တယ်လို့တွေးပြီး Chen Ge က အဝတ်ချွတ်ကာ စောင်အောက်တိုးဝင်ပြီး အိပ်မောကျသွားတော့သည်။

နေလုံးထွက်လာပြီး အိပ်ယာထက် နေရောင်ဖြာကျလာချိန် ကျယ်လောင်သော သရဲအိမ်ဂိတ်တံခါး ဖွင့်သံနှင့်အတူ လှေကားပေါ်ပြေးတက်လာသည့် ခြေသံတစ်စုံနှင့် ဝန်ထမ်းနားနေခန်းတံခါး သော့ဖွင့်သံကို ကြားလိုက်ရသည်။ ငလျင်လှုပ်သလို အိပ်ယာက တုန်ခါသွားလို့ Chen Ge လန့်ပြီး အိပ်ယာထက်မှ ထထိုင်လိုက်တော့ သူ့မျက်နှာရှေ့မှာ စိတ်လှုပ်ရှားစွာအော်နေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

"ဘော့စ်.. ရှင် TV ထဲမှာ ပါလာတယ်.."

ခဏနေမှ သူ့ဘေးမှာ Xiao Wan ထိုင်နေပြီး ခေါင်းလျှော်ပြီးစ ရှန်ပူနံ့သင်းသင်းကို ရလိုက်သဖြင့် Chen Ge ပြုံးပြီး အိပ်ယာခင်းကိုဆွဲကာ သူ့ကိုယ်အပေါ်ပိုင်းကိုခြုံရင်း ပြောလိုက်သည်။

"ဖြည်းဖြည်းပြော.. ငါ့အကြောင်း ဘာပါသေးလဲ.."

"ဒါ ကျွန်မသိတဲ့ လက်တွေ့ဘဝထဲကလူက ပထမဆုံး TV ထဲ ပါလာတာပဲ.. ရှင့်မျက်နှာကို ဝါးထားပေမယ့် ရှင်မှန်း ကျွန်မသိလိုက်တယ်.."

"ဝါးထားတာလား.."

"ဟော့ဒီမှာကြည့်.. ခုနကမှ JiuJiang မနက်ခင်းသတင်းထဲမှာ ပါလာတာ.."

Xiao Wan က ဖုန်းကိုဖွင့်ပြီး အင်တာနက်ကသတင်းကို ပြလိုက်သည်။

Chen Ge ယူကြည့်လိုက်တော့ Fu An တိုက်ခန်းပုံကို တွေ့လိုက်ရသည်။

**တရားမျှတမှုက အမြဲတမ်း အနိုင်ရစမြဲပဲ။ Fu An တိုက်ခန်းမှ မိသားစုလေးယောက် အသတ်ခံရမှုတွင် ကြင်နာတတ်သည့် တာဝန်သိပြည်သူ တစ်ယောက်ကြောင့် အမှုမှန်ပေါ်သွားပြီး လူသတ်တရားခံကို ရဲဌာနက ဖမ်းဆီးရမိခြင်း**

ဒီပုံနောက်မှာ Chen Ge နဲ့ ရဲအရာရှိ မေးမြန်းခန်းကပုံကို ထည့်ထားပြီး မျက်နှာကို ဝါးပေးထားသည်။ တာဝန်သိပြည်သူ၏ လုံခြုံရေးကြောင့် ဝါးထားကြောင်းလည်း ဖော်ပြထားသည်။

"ဘော့စ်.. ဒီလူက ရှင်မဟုတ်လား.. ဒီအဝတ်အစားက မနေ့ကဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ အတူတူပဲ.."

"ငါ့ကို အရင်ဆုံး အဝတ်ပေးဝတ်ပါဦးဟ.."

Chen Ge က အဝတ်အစားဝတ်ပြီးတော့မှ Fu An တိုက်ခန်းမှာ ဖြစ်ပျက်သမျှကို အတိုချုံးပြောပြလိုက်သည်။ မစ်ရှင်လုပ်ဖို့သွားတယ်ဆိုတာ မပြောဘဲ သရဲအိမ်အတွက် စိတ်ကူးသစ်ရအောင် သွားလေ့လာသည်ဟုသာ ပြောလိုက်သည်။ ဒီအကြောင်းကို နားထောင်ပြီးတော့ Xiao Wan ၏မျက်နှာထားက ပျော့ပြောင်းသွားပြီး ပြောလိုက်သည်။

"ဘော့စ်.. ရှင် ပင်ပန်းနေမှာ သေချာတယ်.. ကနေ့ နားလိုက်.. ဧည့်သည်တွေကို ကျွန်မနဲ့ ထားထားလိုက်.."

သူမ၏ကြင်နာမှုကို သိပေမယ့် Chen Ge မေးလိုက်သည်။

"ဧည့်သည် ဘယ်လောက်လောက် ရောက်နေသလဲ.."

"မနေ့ကထက် ပိုများတယ်.."

"သူတို့ ငါ့ကို လာစောင့်နေတာပဲ.. ငါ့ကိုခဏစောင့်ဖို့ ပြောပေးစမ်းပါဦး.."

Xiao Wan ထွက်သွားတော့ Chen Ge က ရေချိုးခန်းထဲဝင် မျက်နှာသစ်ပြီး သန်းခေါင်ယံည လူသတ်သမား ကစားခန်းကိုဖွင့်ဖို့ ဖုန်းကိုယူလိုက်သည်။

>>သန်းခေါင်ယံည လူသတ်သမားမစ်ရှင် လုံးဝပြီးသွားပြီဖြစ်လို့ တတိယထပ်ကို လွတ်လပ်စွာ သုံးနိုင်ပါပြီ။<<

>>သတိပေးချက်။ ။ သရဲအိမ်ထဲမှာ နေရာလွတ် မရှိတော့ပါဘူး။ နောက်ထပ် အဆင့်မြှင့်ပြီးတဲ့ထိ သရဲခြောက်သည့်အခန်းများ ဖွင့်လို့မရသေးပါ။<<

အစက သူအများကြီး ပြင်ဆင်ရမယ်ထင်ပေမယ့် ဖုန်းအနက်ရဲ့အစွမ်းကို လျှော့တွက်မိပုံပေါ်သည်။ ဘယ်အချိန်က ဒီသန်းခေါင်ယံည လူသတ်သမား သရဲခြောက်သည့်အခန်းကို ပြင်ဆင်ပြီးသွားပါလိမ့်။

Chen Ge က ဖိနပ်စီးပြီး တတိယထပ်ကိုတက်သွားကာ တံခါးတွန်းဖွင့်လိုက်ချိန် တစ်ထပ်လုံး၏မြင်ကွင်းက လုံးဝပြောင်းလဲနေတာ တွေ့လိုက်ရသည်။ မလိုအပ်သည့်ပစ္စည်းများ ပျောက်ကွယ်သွားပြီး တစ်ထပ်လုံး ကော်ရစ်ဒါအရှည်ကြီးနှင့် စိုထိုင်းထိုင်းလေထုတစ်ခုက စောင့်ကြိုနေသည်။ အခန်းတစ်ဝက်လောက်က သော့ခတ်ထားပေမယ့် အခုဆိုရင် သူ့ဆီမှာ -
ပထမထပ် - သက်ရှိတို့ သေဆုံးသောည၊
ဒုတိယထပ် - ဝိညာဉ်သတို့သမီး နှင့်
တတိယထပ် - Fu An တိုက်ခန်း
ဆိုသည့် သရဲခြောက်သည့်ဇာတ်လမ်း ၃ခု ရှိနေလေပြီ။

ပထမနဲ့ ဒုတိယထပ်က ပေါ့ပေါ့ပါးပါး ခြောက်လှန့်တာဖြစ်ပြီး တတိယထပ်က ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ဘယ်လိုလုပ်ပြီး ဒီအထပ်က Fu An တိုက်ခန်းနဲ့ တစ်ထပ်တည်းတူနေသည်ကို မသိတော့ပေ။
===================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now