Chapter (75+76)(Z+U)

1.1K 259 17
                                    

Chapter (75) – မုယန္အထက္တန္းေက်ာင္း

ကေလးအေတြးက တဲ့တိုးဆန္ၿပီး ေကြ႕ဝိုက္ျခင္းမရွိေပ။ သက္ေသအျဖစ္ ပံုဆြဲျပေပးႏိုင္မလား၊ ဒီအိမ္အနက္ဆိုတာ ညမွျဖစ္ပြားတာကို ဆိုလိုတယ္၊ လူအနီေတြက ဒီကိစၥမွာ ပါဝင္တဲ့ သူ႔မိဘကိုဆိုလိုတယ္။ ဒါက အရမ္းကို တိုက္႐ိုက္ဆန္တဲ့အဓိပၸါယ္ပဲ။

ဒီေကာင္ေလးဆြဲထားတဲ့ပံုစံက ခပ္ေလာေလာပံုစံျဖစ္ၿပီး လူေတြရဲ့ပံုစံက တစ္ပံုစံတည္းျဖစ္လို႔ ေယာက္်ားမိန္းမ ခြဲမရေပ။

ေနဦး.. ဒါက သူ႔မိဘေတြကို ရည္ညႊန္းတာမဟုတ္ဘူး၊ သူဆြဲထားတာက လူအမ်ားႀကီးပဲ။

Chen Ge က ပံုထဲကလူရိပ္ကို ေရတြက္ၾကည့္လိုက္ေပမယ့္ တခါေရတြက္ရင္ အေရအတြက္တမ်ိဳးစီထြက္သည္။ ဒီကေလးပံုဆြဲထားတာက ျပြတ္သိပ္ေနသည္။ သူက ဘာကိုေျပာခ်င္တာလဲ။

သူက အခန္းထဲ ဒီပံုကိုပဲ ေတာက္ေလွ်ာက္ဆြဲေနၿပီး ဆြဲၿပီးတိုင္း စိတ္တိုင္းမက်ပံုနဲ႔ လႊင့္ပစ္လိုက္သည္။ Chen Ge က ဒီပံုကို ႐ႈေထာင့္မ်ိဳးစံုက ေလ့လာေနသည္။ ဒီပံုက အဓိကသဲလြန္စျဖစ္သည္။ သူက အေဆာက္အဦးကေနထြက္ၿပီး Bus ကားဂိတ္ကို ေလွ်ာက္လာခဲ့သည္။

ဒီတူဝရီးက ျပႆနာကိုယ္စီရွိေနၿပီး ဘယ္ဟာကပိုအေရးႀကီးသလဲမသိေပ။ ဒီအမ်ိဳးသမီးသာမလိမ္ရင္ သူ ညမွာ ရင္ဆိုင္ရမယ့္ mission က ခက္ေလာက္သည္။

ဒါေၾကာင့္ ပိုစိတ္ခ်ရေအာင္ Chen Ge က ဖုန္းထုတ္ၿပီး အင္တာနက္ကေန မုယန္အထက္တန္းေက်ာင္းသတင္းကို ရွာၾကည့္ေတာ့ ဖိုရမ္ေပါင္းစံုကေန သတင္းမ်ားစြာက်လာသည္။

မုယန္ေက်ာင္းသားေဟာင္းတစ္ေယာက္ တင္ထားတဲ့ပို႔စ္အရ မုယန္ေက်ာင္းက ပိတ္ရက္ၿပီးေနာက္ ပိတ္ရန္အမိန္႔က်လာၿပီး သူတုိ႔လည္း တျခားေက်ာင္းကိုေျပာင္းခဲ့ရသည္။ သူတို႔နဲ႔အတူ မုယန္ေက်ာင္း၏ဒ႑ာရီက ပ်ံ႕ႏွံ႔လာခဲ့သည္။ Online သတင္းထဲကတခ်ိဳ႕ကေတာ့ သူ႔ကိုဆြဲေဆာင္ခဲ့သည္။ လြန္ခဲ့ေသာႏွစ္က ေက်ာင္းသား၅ဦးက မုယန္ေက်ာင္းထဲ ညကိုခိုးဝင္ၿပီး သူတုိ႔က အထဲကျဖစ္ရပ္ကို video ႐ိုက္တင္ျပမယ့္အစား မိနစ္တိုင္း ေျခာက္ျခားစရာစာကိုပဲ ပို႔စ္တင္ခဲ့သည္။

မူလပို႔စ္က ဖ်က္ခံရၿပီဆိုေပမယ့္ share ပို႔စ္ေတြကို လိုက္ဖတ္ၾကည့္ေတာ့ သူတုိ႔က ပိတ္ထားတဲ့စာသင္ခန္းထဲဝင္ၿပီး Pen Spirit Bord ျဖင့္ ဝိညာဥ္ေခၚတမ္း ကစားခဲ့ၾကသည္။

သူတို႔၅ဦးက စားပြဲမွာဝိုင္းထိုင္ၿပီး 'Pen Spirit' ကို စတင္ကစားခဲ့ၿပီး မၾကာခင္ စားပြဲမွာ ေက်ာင္းသားက ၇ဦးျဖစ္လာသည္။ ၂ေယာက္က ဘယ္ကေရာက္လာသလဲ၊ ဘယ္သူမွမသိၾကေပ။ သူတို႔က ေအာ္ဟစ္ငိုေၾကြးကာ အခန္းထဲက ထြက္ေျပးခဲ့ၾကသည္။

ကံေကာင္းၿပီး ၅ဦးလံုး အသက္ရွင္ေနဆဲျဖစ္သည္။ ၂ဦးက ထိုကတည္းက စိတ္ဒဏ္ရာရသြားၿပီး တစ္ဦးက အၾကမ္းဖက္တတ္သူျဖစ္လာသည္။ ေနာက္၂ဦးက ဒီၿမိဳ႕ကေန ေျပာင္းေျပးသြားၾကသည္။ Chen Ge က ေအာက္မွ comment မ်ားကိုဝင္ၾကည့္ကာ မူလေက်ာင္းသား၂ဦးက စာသင္ခန္းထဲပိတ္မိေနၿပီး ထိုေနရာမွာ ဝိညာဥ္၂ေကာင္အစားထိုးကာ လြတ္သြားသည္ဟုယူဆထားသူရွိသည္။ ဒီ comment ကို Like ေပးသူမ်ားစြာရွိသလို သေဘာမတူသူလည္းရွိသည္။ တခ်ိဳ႕က ဒီေက်ာင္းသား၅ဦးက ဝိညာဥ္လဲမခံရဘူးဟု ယံုၾကည္သည္။ ဒီထဲက၂ဦးက စိတ္ဓာတ္ႀကံ့ခုိင္ေသာေၾကာင့္ ခုလိုလုပ္ေဆာင္ၾကတာပါဟု ဆိုထားသည္။

တျခားမုယန္ေက်ာင္းႏွင့္ပတ္သက္သည့္ ေဆြးေႏြးထားခ်က္ေတြကို bunned ထားတာရွိေပမယ့္ Hidden လုပ္ထားသည္ကိုေတြ႕လိုက္လို႔ Chen Ge ဖြင့္ၾကည့္လိုက္သည္။

ဒီပို႔စ္ကိုတင္ထားသူက သူ႔အေဖက ဒီေက်ာင္းဝင္းေနရာကို ေစ်းခ်ိဳခ်ိဳႏွင့္ဝယ္ဖို႔ စီစဥ္ထားၿပီးေၾကာင္း၊ လက္မွတ္ထိုးဖို႔လုပ္ထားၿပီးမွ သူ႔အေဖက ညတိုင္း မုယန္ေက်ာင္းကဝိညာဥ္ေတြက သူတို႔အိမ္ကို ေက်ာင္းတက္ဖို႔ေရာက္လာသည္ဟု ေတာက္ေလွ်ာက္အိပ္မက္မက္ၿပီးေနာက္ပိုင္း ထိုေက်ာင္းေနရာဝယ္ယူမႈအစီအစဥ္ကို ဖ်က္လိုက္ေၾကာင္း ေရးသားထားသည္။

ပို႔စ္အကုန္လိုက္ဖတ္ၿပီးေပမယ့္ Chen Ge အတြက္ အကူအညီရစရာသတင္း ဘာမွမေတြ႕လိုက္ရေပ။ Jiu Jiang ကိုယ္ပိုင္အကယ္ဒမီေက်ာင္းႏွင့္ယွဥ္ရင္ မုယန္ေက်ာင္းက ထူးဆန္းတာကို ေတြ႕လိုက္ရသည္။ သဘာဝလြန္ျဖစ္ရပ္ ဘာညာ ေတြ႕ရတယ္ဆိုေပမယ့္ မုယန္အထက္တန္းေက်ာင္းက လူေသသည့္သတင္း၊ ဒဏ္ရာရသည့္သတင္းကို ဘာမွမၾကားရေပ။ အကယ္ဒမီေက်ာင္းကေတာ့ ရဲဌာနထိ လူေသမႈနဲ႔ပတ္သက္ၿပီး မွတ္တမ္းရွိေနသည္။

ဒါေၾကာင့္ မုယန္အထက္တန္းေက်ာင္းက ေၾကာက္ဖို႔သိပ္မေကာင္းဟုေတြးကာ စိတ္သက္သာရာရသြားခဲ့သည္။ Chen Ge ဘတ္စ္ကားထဲ ထိုင္လိုက္လာစဥ္ He San ဆီက ဖုန္းဝင္လာခဲ့သည္။ ဒီေကာင္ေလးက သရဲေျခာက္သည့္အခန္းသစ္ ရလိုက္တာကို အလိုလိုအာ႐ံုမ်ားရေနသလားဟု ထင္ရသည္။

"Hello.."

"ေဘာ့စ္.. video sharing app ကိုဖြင့္ၾကည့္လိုက္.. တစ္ေယာက္ေယာက္က ခင္ဗ်ားရဲ့ႀကိဳးစားအားထုတ္မႈကို အျမတ္ထုတ္ဖို႔လုပ္ေနၿပီဗ်.."

"အမ္.. တစ္ေယာက္ေယာက္က သရဲအိမ္အသစ္ဖြင့္လိုက္လို႔လား.."

Chen Ge က ေမးရင္း ထို application ရဲ့ Home page ကိုဖြင့္ၾကည့္လိုက္ေတာ့ သူ႔ဖုန္းထဲမွာ ေၾကာ္ျငာတစ္ေစာင္ကို ေတြ႕လိုက္ရသည္။

"Host.. ခ်င္ကြမ္းက တကယ့္သရဲအိမ္ကို စူးစမ္းေလ့လာဖို႔ သင့္ကိုေခၚသြားပါ့မယ္.."

Chen Ge က ထိုသတင္းကိုဖြင့္ကာ အေသးစိတ္ဖတ္လိုက္သည္။ ခ်င္ကြမ္းက နာမည္ႀကီး Livestream platform တစ္ခုျဖစ္ၿပီး follower ၆သိန္းေက်ာ္ရွိသည္။ သူက ေျခာက္ျခားဖြယ္ video တိုေလးေတြ တင္ေလ့ရွိသည္။ သူ႔ရဲ့ကိုယ္ေရးရာဇဝင္မွာ xx studio ဟုေရးထားၿပီး ဒီဟာက Fu An တိုက္ခန္းအမႈမွာ သူတို႔နဲ႔လက္တြဲဖို႔ ကမ္းလွမ္းထားတဲ့ studio ျဖစ္သည္။

ဒီေၾကျငာမွာေျပာထားတာက တကယ့္သရဲေျခာက္ေသာအိမ္ထဲမွာ Livestream လႊင့္ၿပီး ၾကည့္႐ႈသူမ်ားကို ထိတ္လန္႔ဖြယ္အေတြ႕အႀကံဳကို ေဝမွ်ေပးရမွာျဖစ္သည္။ Chen Ge က ပထမ သူတို႔ေရးသားေဖာ္ျပခ်က္ကို ဘယ္လိုမွမေနေပမယ့္ လိပ္စာၾကည့္လိုက္ေတာ့ Jiu Jiang အေနာက္ပိုင္းက Fu An တိုက္ခန္းလိပ္စာျဖစ္ေနသည္။

"ေဘာ့စ္.. ေတြ႕လား.. ဒီလူက ခင္ဗ်ားရဲ့ Livestream က ၾကည့္႐ႈသူ ေသာင္းခ်ီရွိတာေတြ႕ရေတာ့ ခင္ဗ်ားရဲ့ idea လိုမ်ိဳး ကူးခ်ၿပီးလုပ္ေနတာဗ်.."

He San က မခံမရပ္ႏိုင္ျဖင့္ ေျပာခဲ့သည္။

"ကိစၥမရွိပါဘူး.. တခ်ိဳ႕ကိစၥေတြက ေကာ္ပီလုပ္လို႔မရပါဘူး.."

Chen Ge က ခ်င္ကြမ္းကိစၥကို စိတ္မပူေပ။ ထိုလူကလည္း သူ႔ကို ၿပိဳင္ဖက္လို႔သေဘာထားမည္မဟုတ္ဘူးဆိုတာ သိေနသည္။

"သူ႔မွာ follower အမ်ားႀကီးရွိတာေနာ္.. သူက ခင္ဗ်ားလုပ္တာ ကူးထားတဲ့အျပင္ ေနာက္ပိုင္း ခင္ဗ်ားက သူ႔ကို copy လုပ္ပါတယ္လို႔ စြပ္စြဲေနမွာစိုးလို႔ပါ.."

"ကိစၥမရွိပါဘူးကြာ.. ဒါနဲ႔ မင္း ကေလးစိတ္ပညာကို ကၽြမ္းလား.. ငါ ေမးစရာနည္းနည္းရွိလို႔.."

"ေဘာ့စ္.. ခုက ဒီလိုေအးေအးေဆးေဆး ေမးခြန္းေမးရမယ့္အခ်ိန္လားဗ်ာ.. ၿပီးေတာ့ ကၽြန္ေတာ္က မႈခင္းစိတ္ပညာေက်ာင္းသားေလဗ်ာ.. ခင္ဗ်ား စိတ္ေရာဂါပညာရွင္ ဒါမွမဟုတ္ စိတ္ပညာရွင္ကိုပဲ သြားရွာသင့္တယ္.."

==========================

Chapter (76) – မိုးရြာေသာေန႔က ေက်ာင္းမွာ...

"ဒီေန႔ သရဲအိမ္ကို ၈ႏွစ္ ၉ႏွစ္အရြယ္ေကာင္ေလး လာလည္တယ္.. သူက လူေတြကို ေစ့ေစ့မၾကည့္ဘူး.. ေမွာင္ေနတဲ့ေနရာကို သေဘာက်တယ္.. ေျခာက္ျခားစရာကို စိတ္ဝင္စားတယ္.. ဒါက ဘာလကၡဏာေတြလဲ"

Chen Ge က သူႀကံဳေတြ႕ရတဲ့ ေကာင္ေလးရဲ့လကၡဏာကို တိုက္႐ိုက္ထုတ္ေမးလိုက္သည္။ သူဖြင့္ေမးရဲတာကလည္း ေဟာ္စန္ႏွင့္ ေဟာ္ဖိန္းတို႔၂ဦးသာျဖစ္သည္။

"မႈခင္းေက်ာင္းသားဆုိတာ လက္ေတြ႕ေဆးပညာ၊ ဇီဝေဗဒဘာသာရပ္နဲ႔ ဓာတုေဗဒဘာသာရပ္ကို အဓိကသင္ၾကားရတယ္.. စိတ္ေရာဂါေက်ာင္းသားက စိတ္ပိုင္းဆိုင္ရာျဖစ္ရပ္၊ အာ႐ံုေၾကာသိပၸံပညာနဲ႔ စိတ္ေရာဂါကုသျခင္းကို အဓိကသင္ရတယ္.. ဒီ၂ခုက လံုးဝကြဲျပားပါတယ္.. ခင္ဗ်ားေမးတာကို ကၽြန္ေတာ္ ဘာမွေျဖေပးႏိုင္မွာမဟုတ္ပါဘူးဗ်ာ.."

ေဟာ္စန္းက သက္ျပင္းခ်ကာ ဆက္ေျပာသည္။

"ခင္ဗ်ား ဒါကို တကယ္ေျဖရွင္းဖို႔ႀကိဳးစားေနတာလား.. ခင္ဗ်ားရဲ့ Livestream က လႊင့္ထားတာ အေတာ္ၾကာၿပီ.. ခင္ဗ်ား ဆက္မလႊင့္ရင္ လူႀကိဳက္နည္းလာလိမ့္မယ္.. ခုေတာင္ bad comment ေတြနဲ႔ ခင္ဗ်ားက 'အႀကံသစ္' ေတြမရွိေတာ့ပါဘူးဆိုတဲ့ ေလွာင္ေျပာင္တဲ့စကားေတြ ထြက္လာၿပီေနာ္.."

"ငါ့သရဲအိမ္ကို ေလွာင္တာလား.."

Chen Ge က သရဲအိမ္ internet စာမ်က္ႏွာကို ဖြင့္ၾကည့္လိုက္ေတာ့ တကယ္ ဒီလိုေတြရွိေနတာ ေတြ႕လိုက္ရသည္။

"ေဘာ့စ္.. ခုက ေျခာက္ျခားစရာ video အတိုေလးေတြ တင္တဲ့လူေတြမ်ားေနတယ္.. ခင္ဗ်ားက အသစ္အသစ္ေတြ ထပ္မတင္ႏိုင္ရင္ ၾကည့္႐ႈသူေတြက အသစ္တင္တဲ့ဘက္ကို ေရာက္သြားလိမ့္မယ္.."

"မင္းေျပာတာ မွန္ပါတယ္... ဒါေပမယ့္ ဒါက ကိစၥမရွိပါဘူး.. ထားလိုက္ပါ.."

Chen Ge က ဖန္းယြီနဲ႔ သူ႔အေဒၚကိုပဲ အာ႐ံုစိုက္ေနသည္။ သူက Livestream လႊင့္တာက သရဲအိမ္အေထာက္အပံ့ ျဖစ္႐ံုသက္သက္သာျဖစ္သည္။ အဓိကအေရးႀကီးတာက ဖုန္းအနက္ထဲက mission ကို ရွင္းႏိုင္ဖို႔ျဖစ္သည္။

"ဒါဆိုလည္း ၿပီးတာပါပဲဗ်ာ.. ကၽြန္ေတာ္က ခင္ဗ်ားကို သတိေပးခ်င္႐ံုပါ.."

ေဟာ္စန္းက စိတ္မေကာင္းျဖစ္စြာ ေျပာလိုက္သည္။

"ခ်င္ကြမ္းက ဒီ Livestream လႊင့္တဲ့အတြက္ သူ႔ studio ကုိ လူႀကိဳက္မ်ားလာမွာမို႔ သူ႔ studio က သူ႔ကို အမ်ားႀကီးေထာက္ပံ့ေပးလိမ့္မယ္.. ဒါေပမယ့္ ခင္ဗ်ားရဲ့ Livestream က ပိုေကာင္းတယ္လို႔ ကၽြန္ေတာ္ယံုၾကည္တယ္.."

"သူက ငါ့ကို တုပၿပီးလုပ္႐ံုပါ.. ငါနဲ႔ တျခား Livestream ေတြနဲ႔ ကြာတာ အဲ့တာပဲ.. ငါက ေျခာက္ျခားစရာ ပင္မအရင္းအျမစ္ဆိုရင္ သူတုိ႔က ဒီလမ္းေၾကာင္းေပၚက လူသစ္ေလးေတြပါပဲ.."

"ခင္ဗ်ားေျပာတာ မွန္ပါတယ္.. အဲ.. ေဘာ့စ္.. ခင္ဗ်ား ငိုေအာင္လုပ္လိုက္တဲ့ ကၽြန္ေတာ့္ ပထမစီနီယာအစ္မကို မွတ္မိလား.."

"မင္းက လူကိုသ႐ုပ္ေဖာ္ရာမွာ ေတာ္လွခ်ည္လား.. ငါ့ကို သူ႔နာမည္သာ ေျပာလိုက္ပါကြာ.."

"ေကာင္လြိရႊယ္ေလ.. သူ႔အေဖက စိတ္ပညာရွင္ျဖစ္ၿပီး မႈခင္းစိတ္ပညာပါေမာကၡတစ္ေယာက္လည္းျဖစ္တယ္.. ခင္ဗ်ားကို ကူညီေပးႏိုင္မလားဆိုတာ ေမးၾကည့္ဦးမယ္.."

"အိုေက.. မင္းငါ့ကို ေမးေပးႏိုင္ရင္ ညစာလိုက္ေကၽြးၿပီး သရဲအိမ္ထဲက အသစ္အဆန္းကို အလကားဝင္ေလ့လာခိုင္းမယ္.."

Chen Ge က စိတ္ရင္းႏွင့္ကူညီေပးေသာ ေကာင္ေလးကို ေက်းဇူးတံု႔ျပန္ဖို႔ေျပာလိုက္သည္။

"ေက်းဇူးတင္ပါတယ္ဗ်ာ.. ေတာ္ပါၿပီ.. ခင္ဗ်ားရဲ့သရဲအိမ္ထဲလာမိတိုင္း ညညဆို အိပ္မရေတာ့ဘူး.. တစ္ခါက စာသင္ခန္းထဲအိပ္ေပ်ာ္သြားတာ ေဘးမွာဆရာလာရပ္တာေတာင္ မသိဘူး..၊ ႐ုတ္တရက္ ကၽြန္ေတာ့္ပုခံုးေပၚ လက္ႀကီးတစ္ဖက္ လာတင္တာသိရေတာ့ ေၾကာက္ၿပီး လက္ကိုယမ္းလိုက္တာ သတိရလာေရာ ဆရာ့မ်က္မွန္ကို ကြဲေအာင္လုပ္လိုက္မိတယ္.. ညညဆို ဆရာဝန္တစ္ေယာက္က လုိက္ဖမ္းတယ္ခ်ည္းပဲ မက္ေနတာ.."

Chen Ge က မေအာင့္ႏိုင္ဘဲ ရယ္လိုက္မိသည္။

"ေအးပါကြာ.. မင္းကို သရဲအိမ္ထဲဝင္ဖို႔ ဇြတ္မတိုက္တြန္းေတာ့ပါဘူး.."

Chen Ge က ခဏဖုန္းေျပာၿပီး ခ်လိုက္သည္။ သရဲအိမ္ဆီျပန္ေရာက္ေတာ့ အေပါက္ဝမွာစု႐ံုးေနေသာ ဧည့္သည္တစ္စုႏွင့္ ေရွာင္ဝမ္တို႔ကို ေတြ႕လိုက္ရသည္။

"ေရွာင္ဝမ္.. ဘာျဖစ္လို႔လဲ.."

"ေဘာ့စ္.. ျပန္လာတာအေတာ္ပဲ.. သူတို႔က သရဲအိမ္ထဲဝင္ၾကည့္ခ်င္ေနတာ.. ေဘာ့စ္မရွိလို႔ ခဏေစာင့္ေပးဖို႔ေျပာေနတာ.."

ေရွာင္ဝမ္က မိတ္ကပ္ဖ်က္ထားၿပီးေပမယ့္ နဖူးမွာေခၽြးစို႔ေနသည္။

"ေကာင္းၿပီ.. သူတို႔ကို လက္မွတ္ေရာင္းထားလိုက္.. ငါ ျပင္ဆင္လိုက္ဦးမယ္.."

Chen Ge က Dr. အ႐ိုး ဝတ္စံုကိုဝတ္ကာ သန္းေခါင္ယံညလူသတ္သမားျပကြက္ထဲဝင္ဖို႔ ျပင္လိုက္ေတာ့သည္။

ညေန ၄နာရီေလာက္မွာ မိုးရြာလာေတာ့ ကစားကြင္းလာတဲ့သူမ်ားက မိုးခိုဖို႔ အတြင္းပိုင္းအျပင္အဆင္ရွိတဲ့ သရဲအိမ္ကို စုၿပံဳၿပီးလာၾကသည္။ ညေန ၅နာရီေလာက္မွ လူစဲသြားေတာ့သည္။

Chen Ge က တစ္ေန႔လည္လံုး ေျပးလႊားေနရလို႔ ေမာပန္းေပမယ့္ အခ်ိန္မမွီမွာစိုးလို႔ သရဲအိမ္ကိုပိတ္ကာ ေက်ာပိုးအိတ္ထဲ ဓာတ္မီး၊ တူ၊ အ႐ုပ္ေတြကိုထည့္ကာ မိုးကာၿခံဳၿပီး ပန္းၿခံကထြက္လာသည္။ မိုးက အံု႔ဆိုင္းကာရြာေနလို႔ ထိုေန႔မွာ ဖန္းယြီေလး၏မိဘေပ်ာက္သြားသည္ကို သတိရကာ စိတ္ေတြ႐ႈပ္သြားသည္။ ပန္းၿခံဝကိုေရာက္ေတာ့ ၆ နာရီထိုးေနၿပီ။ Taxi တစ္စီးတားကာ မုယန္အထက္တန္းေက်ာင္းကို လိုက္ပို႔ေပးဖို႔ေျပာေတာ့ ကားဒ႐ိုင္ဗာက ျငင္းၿပီးထြက္သြားသည္။ Chen Ge က ေစာင့္ၿပီး ကားထပ္ငွားရေတာ့သည္။ တျခား Taxi ကေတာ့ မုယန္ေက်ာင္းကိုသြားတဲ့လမ္းက ၿခံဳပုတ္ေတြျဖစ္ေနလို႔ ကားဝင္မရေၾကာင္းေျပာကာ မုယန္ေက်ာင္းနားမွာပဲ ခ်ေပးႏိုင္မည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။

Mission က အခ်ိန္ကန္႔သတ္ခ်က္ရွိေသာေၾကာင့္ Chen Ge လည္း အခ်ိန္မျဖဳန္းေတာ့ဘဲ ေစ်းညွိကာ ကားထဲဝင္ခဲ့သည္။ ကားဒ႐ိုင္ဗာဆီက မုယန္ေက်ာင္းနဲ႔ပတ္သက္တာ ေမးေပမယ့္ ထိုလူက တစ္ခြန္းမွမေျဖေပ။

Chen Ge က အကယ္ဒမီေက်ာင္းကိုသြားစဥ္က စကားမ်ားေသာဒ႐ိုင္ဗာဦးေလးႀကီးကိုပင္ သတိရသြားသည္။

၇ နာရီေလာက္ေရာက္ေတာ့ ကားက ထိုေနရာတစ္ဝိုက္ကို ေရာက္သြားသည္။ လမ္းက ခ်ိဳင့္ခြက္မ်ားျဖစ္ကာ ၿခံဳမ်ားျဖင့္ျပည့္ေနၿပီး ကားဝင္လို႔ပင္မရေပ။

"ကားက ဆက္သြားလို႔မရေတာ့ဘူး.. ခင္ဗ်ားကို ဒီမွာပဲ ခ်ထားေတာ့မယ္.. ဒီနားမွာ လူေတြရွိတယ္.. လမ္းေပ်ာက္သြားရင္ သူတို႔ဆီသြားေမးပါ.. ၿပီးေတာ့ ကားခကို wechat ကပဲလႊဲေပးပါ.. ေငြသားလက္မခံပါဘူး.."

"ေငြသားလက္မခံဘူးလား.."

Chen Ge က စိတ္႐ႈပ္သြားေပမယ့္ ဘာမွဆက္မေမးေတာ့ေပ။ Wechat ကေနေငြလႊဲၿပီး ကားထဲကထြက္လာခဲ့သည္။

ထိုအခ်ိန္ မိုးက ထပ္မံရြာလာသျဖင့္ ဟိုးအေဝးမွာ လူေနအိမ္ေတြရွိေပမယ့္ မိုးထဲေလထဲမွာမို႔ စြန္႔ပစ္ထားသည့္အိမ္ေတြႏွင့္ပင္ တူေနသည္။

"မုယန္အထက္တန္းေက်ာင္းကို ဘယ္လိုသြားရမလဲ.."

Chen Ge က Taxi Driver ကိုလွည့္ေမးေပမယ့္ ထိုလူက Chen Ge ထိုင္ထားေသာထိုင္ခံုအခင္းကို ကားအျပင္လႊင့္ပစ္ၿပီး ဘာမွမေျပာဘဲထြက္သြားသည္။

"သူက ငါ့ဆီကပိုက္ဆံကိုလက္ခံဖို႔ ျငင္းတယ္.. ငါထိုင္ထားတဲ့ခံုကအခင္းကို လႊင့္ပစ္တယ္.. ဒါဘာအဓိပၸါယ္လဲ.. ငါက ညစ္ပတ္တယ္ထင္လို႔လား.."

=======================

Chapter (75) – မုယန်အထက်တန်းကျောင်း

ကလေးအတွေးက တဲ့တိုးဆန်ပြီး ကွေ့ဝိုက်ခြင်းမရှိပေ။ သက်သေအဖြစ် ပုံဆွဲပြပေးနိုင်မလား၊ ဒီအိမ်အနက်ဆိုတာ ညမှဖြစ်ပွားတာကို ဆိုလိုတယ်၊ လူအနီတွေက ဒီကိစ္စမှာ ပါဝင်တဲ့ သူ့မိဘကိုဆိုလိုတယ်။ ဒါက အရမ်းကို တိုက်ရိုက်ဆန်တဲ့အဓိပ္ပါယ်ပဲ။

ဒီကောင်လေးဆွဲထားတဲ့ပုံစံက ခပ်လောလောပုံစံဖြစ်ပြီး လူတွေရဲ့ပုံစံက တစ်ပုံစံတည်းဖြစ်လို့ ယောက်ျားမိန်းမ ခွဲမရပေ။

နေဦး.. ဒါက သူ့မိဘတွေကို ရည်ညွှန်းတာမဟုတ်ဘူး၊ သူဆွဲထားတာက လူအများကြီးပဲ။

Chen Ge က ပုံထဲကလူရိပ်ကို ရေတွက်ကြည့်လိုက်ပေမယ့် တခါရေတွက်ရင် အရေအတွက်တမျိုးစီထွက်သည်။ ဒီကလေးပုံဆွဲထားတာက ပြွတ်သိပ်နေသည်။ သူက ဘာကိုပြောချင်တာလဲ။

သူက အခန်းထဲ ဒီပုံကိုပဲ တောက်လျှောက်ဆွဲနေပြီး ဆွဲပြီးတိုင်း စိတ်တိုင်းမကျပုံနဲ့ လွှင့်ပစ်လိုက်သည်။ Chen Ge က ဒီပုံကို ရှုထောင့်မျိုးစုံက လေ့လာနေသည်။ ဒီပုံက အဓိကသဲလွန်စဖြစ်သည်။ သူက အဆောက်အဦးကနေထွက်ပြီး Bus ကားဂိတ်ကို လျှောက်လာခဲ့သည်။

ဒီတူဝရီးက ပြဿနာကိုယ်စီရှိနေပြီး ဘယ်ဟာကပိုအရေးကြီးသလဲမသိပေ။ ဒီအမျိုးသမီးသာမလိမ်ရင် သူ ညမှာ ရင်ဆိုင်ရမယ့် mission က ခက်လောက်သည်။

ဒါကြောင့် ပိုစိတ်ချရအောင် Chen Ge က ဖုန်းထုတ်ပြီး အင်တာနက်ကနေ မုယန်အထက်တန်းကျောင်းသတင်းကို ရှာကြည့်တော့ ဖိုရမ်ပေါင်းစုံကနေ သတင်းများစွာကျလာသည်။

မုယန်ကျောင်းသားဟောင်းတစ်ယောက် တင်ထားတဲ့ပို့စ်အရ မုယန်ကျောင်းက ပိတ်ရက်ပြီးနောက် ပိတ်ရန်အမိန့်ကျလာပြီး သူတို့လည်း တခြားကျောင်းကိုပြောင်းခဲ့ရသည်။ သူတို့နဲ့အတူ မုယန်ကျောင်း၏ဒဏ္ဍာရီက ပျံ့နှံ့လာခဲ့သည်။ Online သတင်းထဲကတချို့ကတော့ သူ့ကိုဆွဲဆောင်ခဲ့သည်။ လွန်ခဲ့သောနှစ်က ကျောင်းသား၅ဦးက မုယန်ကျောင်းထဲ ညကိုခိုးဝင်ပြီး သူတို့က အထဲကဖြစ်ရပ်ကို video ရိုက်တင်ပြမယ့်အစား မိနစ်တိုင်း ခြောက်ခြားစရာစာကိုပဲ ပို့စ်တင်ခဲ့သည်။

မူလပို့စ်က ဖျက်ခံရပြီဆိုပေမယ့် share ပို့စ်တွေကို လိုက်ဖတ်ကြည့်တော့ သူတို့က ပိတ်ထားတဲ့စာသင်ခန်းထဲဝင်ပြီး Pen Spirit Bord ဖြင့် ဝိညာဉ်ခေါ်တမ်း ကစားခဲ့ကြသည်။

သူတို့၅ဦးက စားပွဲမှာဝိုင်းထိုင်ပြီး 'Pen Spirit' ကို စတင်ကစားခဲ့ပြီး မကြာခင် စားပွဲမှာ ကျောင်းသားက ၇ဦးဖြစ်လာသည်။ ၂ယောက်က ဘယ်ကရောက်လာသလဲ၊ ဘယ်သူမှမသိကြပေ။ သူတို့က အော်ဟစ်ငိုကြွေးကာ အခန်းထဲက ထွက်ပြေးခဲ့ကြသည်။

ကံကောင်းပြီး ၅ဦးလုံး အသက်ရှင်နေဆဲဖြစ်သည်။ ၂ဦးက ထိုကတည်းက စိတ်ဒဏ်ရာရသွားပြီး တစ်ဦးက အကြမ်းဖက်တတ်သူဖြစ်လာသည်။ နောက်၂ဦးက ဒီမြို့ကနေ ပြောင်းပြေးသွားကြသည်။ Chen Ge က အောက်မှ comment များကိုဝင်ကြည့်ကာ မူလကျောင်းသား၂ဦးက စာသင်ခန်းထဲပိတ်မိနေပြီး ထိုနေရာမှာ ဝိညာဉ်၂ကောင်အစားထိုးကာ လွတ်သွားသည်ဟုယူဆထားသူရှိသည်။ ဒီ comment ကို Like ပေးသူများစွာရှိသလို သဘောမတူသူလည်းရှိသည်။ တချို့က ဒီကျောင်းသား၅ဦးက ဝိညာဉ်လဲမခံရဘူးဟု ယုံကြည်သည်။ ဒီထဲက၂ဦးက စိတ်ဓာတ်ကြံ့ခိုင်သောကြောင့် ခုလိုလုပ်ဆောင်ကြတာပါဟု ဆိုထားသည်။

တခြားမုယန်ကျောင်းနှင့်ပတ်သက်သည့် ဆွေးနွေးထားချက်တွေကို bunned ထားတာရှိပေမယ့် Hidden လုပ်ထားသည်ကိုတွေ့လိုက်လို့ Chen Ge ဖွင့်ကြည့်လိုက်သည်။

ဒီပို့စ်ကိုတင်ထားသူက သူ့အဖေက ဒီကျောင်းဝင်းနေရာကို ဈေးချိုချိုနှင့်ဝယ်ဖို့ စီစဉ်ထားပြီးကြောင်း၊ လက်မှတ်ထိုးဖို့လုပ်ထားပြီးမှ သူ့အဖေက ညတိုင်း မုယန်ကျောင်းကဝိညာဉ်တွေက သူတို့အိမ်ကို ကျောင်းတက်ဖို့ရောက်လာသည်ဟု တောက်လျှောက်အိပ်မက်မက်ပြီးနောက်ပိုင်း ထိုကျောင်းနေရာဝယ်ယူမှုအစီအစဉ်ကို ဖျက်လိုက်ကြောင်း ရေးသားထားသည်။

ပို့စ်အကုန်လိုက်ဖတ်ပြီးပေမယ့် Chen Ge အတွက် အကူအညီရစရာသတင်း ဘာမှမတွေ့လိုက်ရပေ။ Jiu Jiang ကိုယ်ပိုင်အကယ်ဒမီကျောင်းနှင့်ယှဉ်ရင် မုယန်ကျောင်းက ထူးဆန်းတာကို တွေ့လိုက်ရသည်။ သဘာဝလွန်ဖြစ်ရပ် ဘာညာ တွေ့ရတယ်ဆိုပေမယ့် မုယန်အထက်တန်းကျောင်းက လူသေသည့်သတင်း၊ ဒဏ်ရာရသည့်သတင်းကို ဘာမှမကြားရပေ။ အကယ်ဒမီကျောင်းကတော့ ရဲဌာနထိ လူသေမှုနဲ့ပတ်သက်ပြီး မှတ်တမ်းရှိနေသည်။

ဒါကြောင့် မုယန်အထက်တန်းကျောင်းက ကြောက်ဖို့သိပ်မကောင်းဟုတွေးကာ စိတ်သက်သာရာရသွားခဲ့သည်။ Chen Ge ဘတ်စ်ကားထဲ ထိုင်လိုက်လာစဉ် He San ဆီက ဖုန်းဝင်လာခဲ့သည်။ ဒီကောင်လေးက သရဲခြောက်သည့်အခန်းသစ် ရလိုက်တာကို အလိုလိုအာရုံများရနေသလားဟု ထင်ရသည်။

"Hello.."

"ဘော့စ်.. video sharing app ကိုဖွင့်ကြည့်လိုက်.. တစ်ယောက်ယောက်က ခင်ဗျားရဲ့ကြိုးစားအားထုတ်မှုကို အမြတ်ထုတ်ဖို့လုပ်နေပြီဗျ.."

"အမ်.. တစ်ယောက်ယောက်က သရဲအိမ်အသစ်ဖွင့်လိုက်လို့လား.."

Chen Ge က မေးရင်း ထို application ရဲ့ Home page ကိုဖွင့်ကြည့်လိုက်တော့ သူ့ဖုန်းထဲမှာ ကြော်ငြာတစ်စောင်ကို တွေ့လိုက်ရသည်။

"Host.. ချင်ကွမ်းက တကယ့်သရဲအိမ်ကို စူးစမ်းလေ့လာဖို့ သင့်ကိုခေါ်သွားပါ့မယ်.."

Chen Ge က ထိုသတင်းကိုဖွင့်ကာ အသေးစိတ်ဖတ်လိုက်သည်။ ချင်ကွမ်းက နာမည်ကြီး Livestream platform တစ်ခုဖြစ်ပြီး follower ၆သိန်းကျော်ရှိသည်။ သူက ခြောက်ခြားဖွယ် video တိုလေးတွေ တင်လေ့ရှိသည်။ သူ့ရဲ့ကိုယ်ရေးရာဇဝင်မှာ xx studio ဟုရေးထားပြီး ဒီဟာက Fu An တိုက်ခန်းအမှုမှာ သူတို့နဲ့လက်တွဲဖို့ ကမ်းလှမ်းထားတဲ့ studio ဖြစ်သည်။

ဒီကြေငြာမှာပြောထားတာက တကယ့်သရဲခြောက်သောအိမ်ထဲမှာ Livestream လွှင့်ပြီး ကြည့်ရှုသူများကို ထိတ်လန့်ဖွယ်အတွေ့အကြုံကို ဝေမျှပေးရမှာဖြစ်သည်။ Chen Ge က ပထမ သူတို့ရေးသားဖော်ပြချက်ကို ဘယ်လိုမှမနေပေမယ့် လိပ်စာကြည့်လိုက်တော့ Jiu Jiang အနောက်ပိုင်းက Fu An တိုက်ခန်းလိပ်စာဖြစ်နေသည်။

"ဘော့စ်.. တွေ့လား.. ဒီလူက ခင်ဗျားရဲ့ Livestream က ကြည့်ရှုသူ သောင်းချီရှိတာတွေ့ရတော့ ခင်ဗျားရဲ့ idea လိုမျိုး ကူးချပြီးလုပ်နေတာဗျ.."

He San က မခံမရပ်နိုင်ဖြင့် ပြောခဲ့သည်။

"ကိစ္စမရှိပါဘူး.. တချို့ကိစ္စတွေက ကော်ပီလုပ်လို့မရပါဘူး.."

Chen Ge က ချင်ကွမ်းကိစ္စကို စိတ်မပူပေ။ ထိုလူကလည်း သူ့ကို ပြိုင်ဖက်လို့သဘောထားမည်မဟုတ်ဘူးဆိုတာ သိနေသည်။

"သူ့မှာ follower အများကြီးရှိတာနော်.. သူက ခင်ဗျားလုပ်တာ ကူးထားတဲ့အပြင် နောက်ပိုင်း ခင်ဗျားက သူ့ကို copy လုပ်ပါတယ်လို့ စွပ်စွဲနေမှာစိုးလို့ပါ.."

"ကိစ္စမရှိပါဘူးကွာ.. ဒါနဲ့ မင်း ကလေးစိတ်ပညာကို ကျွမ်းလား.. ငါ မေးစရာနည်းနည်းရှိလို့.."

"ဘော့စ်.. ခုက ဒီလိုအေးအေးဆေးဆေး မေးခွန်းမေးရမယ့်အချိန်လားဗျာ.. ပြီးတော့ ကျွန်တော်က မှုခင်းစိတ်ပညာကျောင်းသားလေဗျာ.. ခင်ဗျား စိတ်ရောဂါပညာရှင် ဒါမှမဟုတ် စိတ်ပညာရှင်ကိုပဲ သွားရှာသင့်တယ်.."

==========================

Chapter (76) – မိုးရွာသောနေ့က ကျောင်းမှာ...

"ဒီနေ့ သရဲအိမ်ကို ၈နှစ် ၉နှစ်အရွယ်ကောင်လေး လာလည်တယ်.. သူက လူတွေကို စေ့စေ့မကြည့်ဘူး.. မှောင်နေတဲ့နေရာကို သဘောကျတယ်.. ခြောက်ခြားစရာကို စိတ်ဝင်စားတယ်.. ဒါက ဘာလက္ခဏာတွေလဲ"

Chen Ge က သူကြုံတွေ့ရတဲ့ ကောင်လေးရဲ့လက္ခဏာကို တိုက်ရိုက်ထုတ်မေးလိုက်သည်။ သူဖွင့်မေးရဲတာကလည်း ဟော်စန်နှင့် ဟော်ဖိန်းတို့၂ဦးသာဖြစ်သည်။

"မှုခင်းကျောင်းသားဆိုတာ လက်တွေ့ဆေးပညာ၊ ဇီဝဗေဒဘာသာရပ်နဲ့ ဓာတုဗေဒဘာသာရပ်ကို အဓိကသင်ကြားရတယ်.. စိတ်ရောဂါကျောင်းသားက စိတ်ပိုင်းဆိုင်ရာဖြစ်ရပ်၊ အာရုံကြောသိပ္ပံပညာနဲ့ စိတ်ရောဂါကုသခြင်းကို အဓိကသင်ရတယ်.. ဒီ၂ခုက လုံးဝကွဲပြားပါတယ်.. ခင်ဗျားမေးတာကို ကျွန်တော် ဘာမှဖြေပေးနိုင်မှာမဟုတ်ပါဘူးဗျာ.."

ဟော်စန်းက သက်ပြင်းချကာ ဆက်ပြောသည်။

"ခင်ဗျား ဒါကို တကယ်ဖြေရှင်းဖို့ကြိုးစားနေတာလား.. ခင်ဗျားရဲ့ Livestream က လွှင့်ထားတာ အတော်ကြာပြီ.. ခင်ဗျား ဆက်မလွှင့်ရင် လူကြိုက်နည်းလာလိမ့်မယ်.. ခုတောင် bad comment တွေနဲ့ ခင်ဗျားက 'အကြံသစ်' တွေမရှိတော့ပါဘူးဆိုတဲ့ လှောင်ပြောင်တဲ့စကားတွေ ထွက်လာပြီနော်.."

"ငါ့သရဲအိမ်ကို လှောင်တာလား.."

Chen Ge က သရဲအိမ် internet စာမျက်နှာကို ဖွင့်ကြည့်လိုက်တော့ တကယ် ဒီလိုတွေရှိနေတာ တွေ့လိုက်ရသည်။

"ဘော့စ်.. ခုက ခြောက်ခြားစရာ video အတိုလေးတွေ တင်တဲ့လူတွေများနေတယ်.. ခင်ဗျားက အသစ်အသစ်တွေ ထပ်မတင်နိုင်ရင် ကြည့်ရှုသူတွေက အသစ်တင်တဲ့ဘက်ကို ရောက်သွားလိမ့်မယ်.."

"မင်းပြောတာ မှန်ပါတယ်... ဒါပေမယ့် ဒါက ကိစ္စမရှိပါဘူး.. ထားလိုက်ပါ.."

Chen Ge က ဖန်းယွီနဲ့ သူ့အဒေါ်ကိုပဲ အာရုံစိုက်နေသည်။ သူက Livestream လွှင့်တာက သရဲအိမ်အထောက်အပံ့ ဖြစ်ရုံသက်သက်သာဖြစ်သည်။ အဓိကအရေးကြီးတာက ဖုန်းအနက်ထဲက mission ကို ရှင်းနိုင်ဖို့ဖြစ်သည်။

"ဒါဆိုလည်း ပြီးတာပါပဲဗျာ.. ကျွန်တော်က ခင်ဗျားကို သတိပေးချင်ရုံပါ.."

ဟော်စန်းက စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။

"ချင်ကွမ်းက ဒီ Livestream လွှင့်တဲ့အတွက် သူ့ studio ကို လူကြိုက်များလာမှာမို့ သူ့ studio က သူ့ကို အများကြီးထောက်ပံ့ပေးလိမ့်မယ်.. ဒါပေမယ့် ခင်ဗျားရဲ့ Livestream က ပိုကောင်းတယ်လို့ ကျွန်တော်ယုံကြည်တယ်.."

"သူက ငါ့ကို တုပပြီးလုပ်ရုံပါ.. ငါနဲ့ တခြား Livestream တွေနဲ့ ကွာတာ အဲ့တာပဲ.. ငါက ခြောက်ခြားစရာ ပင်မအရင်းအမြစ်ဆိုရင် သူတို့က ဒီလမ်းကြောင်းပေါ်က လူသစ်လေးတွေပါပဲ.."

"ခင်ဗျားပြောတာ မှန်ပါတယ်.. အဲ.. ဘော့စ်.. ခင်ဗျား ငိုအောင်လုပ်လိုက်တဲ့ ကျွန်တော့် ပထမစီနီယာအစ်မကို မှတ်မိလား.."

"မင်းက လူကိုသရုပ်ဖော်ရာမှာ တော်လှချည်လား.. ငါ့ကို သူ့နာမည်သာ ပြောလိုက်ပါကွာ.."

"ကောင်လွိရွှယ်လေ.. သူ့အဖေက စိတ်ပညာရှင်ဖြစ်ပြီး မှုခင်းစိတ်ပညာပါမောက္ခတစ်ယောက်လည်းဖြစ်တယ်.. ခင်ဗျားကို ကူညီပေးနိုင်မလားဆိုတာ မေးကြည့်ဦးမယ်.."

"အိုကေ.. မင်းငါ့ကို မေးပေးနိုင်ရင် ညစာလိုက်ကျွေးပြီး သရဲအိမ်ထဲက အသစ်အဆန်းကို အလကားဝင်လေ့လာခိုင်းမယ်.."

Chen Ge က စိတ်ရင်းနှင့်ကူညီပေးသော ကောင်လေးကို ကျေးဇူးတုံ့ပြန်ဖို့ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်ဗျာ.. တော်ပါပြီ.. ခင်ဗျားရဲ့သရဲအိမ်ထဲလာမိတိုင်း ညညဆို အိပ်မရတော့ဘူး.. တစ်ခါက စာသင်ခန်းထဲအိပ်ပျော်သွားတာ ဘေးမှာဆရာလာရပ်တာတောင် မသိဘူး..၊ ရုတ်တရက် ကျွန်တော့်ပုခုံးပေါ် လက်ကြီးတစ်ဖက် လာတင်တာသိရတော့ ကြောက်ပြီး လက်ကိုယမ်းလိုက်တာ သတိရလာရော ဆရာ့မျက်မှန်ကို ကွဲအောင်လုပ်လိုက်မိတယ်.. ညညဆို ဆရာဝန်တစ်ယောက်က လိုက်ဖမ်းတယ်ချည်းပဲ မက်နေတာ.."

Chen Ge က မအောင့်နိုင်ဘဲ ရယ်လိုက်မိသည်။

"အေးပါကွာ.. မင်းကို သရဲအိမ်ထဲဝင်ဖို့ ဇွတ်မတိုက်တွန်းတော့ပါဘူး.."

Chen Ge က ခဏဖုန်းပြောပြီး ချလိုက်သည်။ သရဲအိမ်ဆီပြန်ရောက်တော့ အပေါက်ဝမှာစုရုံးနေသော ဧည့်သည်တစ်စုနှင့် ရှောင်ဝမ်တို့ကို တွေ့လိုက်ရသည်။

"ရှောင်ဝမ်.. ဘာဖြစ်လို့လဲ.."

"ဘော့စ်.. ပြန်လာတာအတော်ပဲ.. သူတို့က သရဲအိမ်ထဲဝင်ကြည့်ချင်နေတာ.. ဘော့စ်မရှိလို့ ခဏစောင့်ပေးဖို့ပြောနေတာ.."

ရှောင်ဝမ်က မိတ်ကပ်ဖျက်ထားပြီးပေမယ့် နဖူးမှာချွေးစို့နေသည်။

"ကောင်းပြီ.. သူတို့ကို လက်မှတ်ရောင်းထားလိုက်.. ငါ ပြင်ဆင်လိုက်ဦးမယ်.."

Chen Ge က Dr. အရိုး ဝတ်စုံကိုဝတ်ကာ သန်းခေါင်ယံညလူသတ်သမားပြကွက်ထဲဝင်ဖို့ ပြင်လိုက်တော့သည်။

ညနေ ၄နာရီလောက်မှာ မိုးရွာလာတော့ ကစားကွင်းလာတဲ့သူများက မိုးခိုဖို့ အတွင်းပိုင်းအပြင်အဆင်ရှိတဲ့ သရဲအိမ်ကို စုပြုံပြီးလာကြသည်။ ညနေ ၅နာရီလောက်မှ လူစဲသွားတော့သည်။

Chen Ge က တစ်နေ့လည်လုံး ပြေးလွှားနေရလို့ မောပန်းပေမယ့် အချိန်မမှီမှာစိုးလို့ သရဲအိမ်ကိုပိတ်ကာ ကျောပိုးအိတ်ထဲ ဓာတ်မီး၊ တူ၊ အရုပ်တွေကိုထည့်ကာ မိုးကာခြုံပြီး ပန်းခြံကထွက်လာသည်။ မိုးက အုံ့ဆိုင်းကာရွာနေလို့ ထိုနေ့မှာ ဖန်းယွီလေး၏မိဘပျောက်သွားသည်ကို သတိရကာ စိတ်တွေရှုပ်သွားသည်။ ပန်းခြံဝကိုရောက်တော့ ၆ နာရီထိုးနေပြီ။ Taxi တစ်စီးတားကာ မုယန်အထက်တန်းကျောင်းကို လိုက်ပို့ပေးဖို့ပြောတော့ ကားဒရိုင်ဗာက ငြင်းပြီးထွက်သွားသည်။ Chen Ge က စောင့်ပြီး ကားထပ်ငှားရတော့သည်။ တခြား Taxi ကတော့ မုယန်ကျောင်းကိုသွားတဲ့လမ်းက ခြုံပုတ်တွေဖြစ်နေလို့ ကားဝင်မရကြောင်းပြောကာ မုယန်ကျောင်းနားမှာပဲ ချပေးနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

Mission က အချိန်ကန့်သတ်ချက်ရှိသောကြောင့် Chen Ge လည်း အချိန်မဖြုန်းတော့ဘဲ ဈေးညှိကာ ကားထဲဝင်ခဲ့သည်။ ကားဒရိုင်ဗာဆီက မုယန်ကျောင်းနဲ့ပတ်သက်တာ မေးပေမယ့် ထိုလူက တစ်ခွန်းမှမဖြေပေ။

Chen Ge က အကယ်ဒမီကျောင်းကိုသွားစဉ်က စကားများသောဒရိုင်ဗာဦးလေးကြီးကိုပင် သတိရသွားသည်။

၇ နာရီလောက်ရောက်တော့ ကားက ထိုနေရာတစ်ဝိုက်ကို ရောက်သွားသည်။ လမ်းက ချိုင့်ခွက်များဖြစ်ကာ ခြုံများဖြင့်ပြည့်နေပြီး ကားဝင်လို့ပင်မရပေ။

"ကားက ဆက်သွားလို့မရတော့ဘူး.. ခင်ဗျားကို ဒီမှာပဲ ချထားတော့မယ်.. ဒီနားမှာ လူတွေရှိတယ်.. လမ်းပျောက်သွားရင် သူတို့ဆီသွားမေးပါ.. ပြီးတော့ ကားခကို wechat ကပဲလွှဲပေးပါ.. ငွေသားလက်မခံပါဘူး.."

"ငွေသားလက်မခံဘူးလား.."

Chen Ge က စိတ်ရှုပ်သွားပေမယ့် ဘာမှဆက်မမေးတော့ပေ။ Wechat ကနေငွေလွှဲပြီး ကားထဲကထွက်လာခဲ့သည်။

ထိုအချိန် မိုးက ထပ်မံရွာလာသဖြင့် ဟိုးအဝေးမှာ လူနေအိမ်တွေရှိပေမယ့် မိုးထဲလေထဲမှာမို့ စွန့်ပစ်ထားသည့်အိမ်တွေနှင့်ပင် တူနေသည်။

"မုယန်အထက်တန်းကျောင်းကို ဘယ်လိုသွားရမလဲ.."

Chen Ge က Taxi Driver ကိုလှည့်မေးပေမယ့် ထိုလူက Chen Ge ထိုင်ထားသောထိုင်ခုံအခင်းကို ကားအပြင်လွှင့်ပစ်ပြီး ဘာမှမပြောဘဲထွက်သွားသည်။

"သူက ငါ့ဆီကပိုက်ဆံကိုလက်ခံဖို့ ငြင်းတယ်.. ငါထိုင်ထားတဲ့ခုံကအခင်းကို လွှင့်ပစ်တယ်.. ဒါဘာအဓိပ္ပါယ်လဲ.. ငါက ညစ်ပတ်တယ်ထင်လို့လား.."

=======================




သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now