Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။

122 24 0
                                    

Chapter (215)   မျက်နှာမဲ့ သူနာပြုဝတ်စုံ


ဒါရိုက်တာ လော် ရုံးခန်းမှ ထွက်သွားပြီးနောက် ချန်ကော သည် အလုပ်ပြန်မဝင်မီ နေ့လယ်စာ အမြန်စားခဲ့သည်။ ညနေ 6:30 နာရီအထိ အလုပ်လုပ်ခဲ့ပြီး ပန်းခြံရှိ အထင်ကရနေရာ အများစု အလုပ်မလုပ်တော့ဘဲ သရဲခြောက်သော အိမ်အပြင်ဘက်တွင် လူစုလူဝေး များပြားနေဆဲဖြစ်သည်။

ဧည့်သည်များစွာသည် အချင်းချင်းဆက်သွယ်ပြောဆိုရန် တဲတွေ ထဲတွင်ထိုင်နေကြသည်။ မုယန် အထက်တန်းကျောင်းမှ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သည် ထင်ရှားကျော်ကြားသူများ ဖြစ်လာခဲ့သည်။ အခြားဧည့်သည်များသည် ကြယ်နှစ်ပွင့်၏ အဖြစ်အပျက်ကို သိချင်ကြသော်လည်း သူတို့ကိုယ်တိုင် ထိုနေရာကို မစိန်ခေါ်ရဲကြပေ။

မုယန်အထက်တန်းကျောင်းမှ အသက်ရှင်ကျန်ရစ်သူများသည် အေးစက်သောချွေးများဖြင့် ရွှဲကာ ဖျော့တော့ နေသော မျက်နှာများရှိသည်။ သို့သော် သူတို့သည် ကြောက်သည်ဟု ဝန်ခံရန် ငြင်းဆိုသောကြောင့် မုယန် အထက်တန်းကျောင်း၏ အကြောက်တရားကို ချဲ့ကားပြောနေကြပြီး မစိန်ခေါ်လိုက်ရသူများကို ပို၍ပင် စူးစမ်းချင်လာခဲ့သည်။

အချိန်အတော်ကြာ ဆွေးနွေးပြီးနောက်၊ ဧည့်သည်အုပ်စုသည် သရဲခြောက်သောအိမ်ကြီးကို စိန်ခေါ်ရန်အတွက် ကြီးမားသောအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ရှာဖွေတွေ့ရှိထားသော တံဆိပ်တစ်ခုစီ၏ အသေးစိတ် တည်နေရာကို မှတ်သားခဲ့ကြပြီး သူတို့တွေက ပရော်ဖက်ရှင်နယ်ဆန်သော အသွင်အပြင်တစ်ခုရှိသည်။

တစ်နေ့တာ ပန်းခြံ ပိတ်ချိန် ရောက်ပြီးနောက် ချန်ကော ထွက်သွားပြီး ဧည့်သည်တွေ ဘာတွေ လုပ်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့တယ်။ သူတို့ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲဆိုတာကို ကြည့်ပြီး ချန်ကော က ဝမ်းသာသွားတယ်။

"သူတို့ မကြာခင်မှာ နံမည်ဆယ့်ခြောက်ခုကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ တတိယ စိတ်နာမကျန်းခန်းမ  က လစ်လပ်နေတာ ကြာပါပြီ။"

သရဲခြောက်သောအိမ်အား သန့်ရှင်းရေးလုပ်ပြီးနောက် ချန်ကော သည် ချန်လောင်ပန် ၏ အလုပ်ရုံသို့ အမြန်သွားခဲ့သည်။ မြေအောက်အလုပ်ရုံအတွင်းတွင် ချန်လောင်ပန် သည် အိမ်ရှေ့တံခါးဘေးတွင် ထိုင်ရန် ကုလားထိုင်ကို ရွှေ့ထားသည်။ ချန်ကော ရောက်သွားတော့ အဲဒီလူက အရုပ်တွေကို ကြည့်နေတာကို တွေ့လိုက်ရတယ်။

"ချန်လောင်ပန် ငါဒီမှာ ပုံတူ အရုပ်တွေ အတွက်ပါ။"

 ချန်ကော သည် ငွေပေးရန် ချန်လောင်ပန် ၏ ပခုံးကို ပုတ်လိုက်ပြီးနောက် ချန်လောင်ပန်က  တုန်လှုပ်သွားပြီး လန့်ကာ ခုန်ပေါ်မှ  ခုန်ဆင်းသွားသည်။

"ဘယ်တုန်းက ရောက်နေတာလဲ"

"အခုမှပဲ၊ ခင်ဗျား ဘာဖြစ်နေတာလဲ"
 ချန်ကော သည် အချောထည်များကို ဝတ်စုံများထည့်ရန် အလုပ်ရုံထဲသို့ ဝင်သွားသည် ။ ချန်လောင်ပန် သည် သူ့အနားတွင် ရပ်ကာ ပြောစရာ စကားလုံး မရှိတော့ဟန်ဖြင့် စိုက်ကြည့်နေသည်။

ချန်လောင်ပန် ၏ ထူးဆန်းသော အပြုအမူကို ခံစားသိရှိလိုက်ရာ ချန်ကော ကမေးလိုက်သည်။
 "ဒီနေ့ ထူးထူးဆန်းဆန်း တစ်ခုခုကို ကြုံလိုက်ရလို့လား?"

သူဌေးချန် ၏ မျက်ခုံးသည်ကျုံ့သွားကာ သူ့  နှလုံးသားအတွင်း အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်ကို ဖော်ထုတ်ပြလိုက်သလိုမျိုး ပေါ်ထွက်လာသည်။

 "မင်းဘယ်လိုသိတာလဲ?"

"ခင်ဗျားပုံစံအရ ဒီကိစ္စဆိုတာ သိသာထင်ရှားလွန်းနေတယ်။"

"မင်း သိပြီးပြီဆိုတော့  ငါ မင်းကို ဖုံးကွယ်ထားစရာအကြောင်းမရှိဘူး"

 ချန်လောင်ပန် က ချန်ကော ကို ဘေးကို ဆွဲခေါ်ကာ ပြောခဲ့သည်။

 "တကယ်တော့ ငါ့မှာ ယင်ယန် အမြင် စွမ်းအား  ရှိတယ်၊ သူများတွေ မမြင်နိုင်တဲ့ အရာတွေကို ငါမြင်နိုင်တယ်"

"ယင်ယန် အမြင်စွမ်းအားလား?"

ချန်ကော က ချန်လောင်ပန် ကို တစ်ခါတည်း မှတ်ချက်ချလိုက်သည်။  "ခင်ဗျား ကြောက်စရာကောင်းတဲ့ အရာတွေ  အများကြီးမြင်ဖူးလား "

"အဲဒါက အမှန်ပဲ။ ငယ်ငယ်တုန်းကတော့ ဘုန်းကြီးတစ်ပါးက ငါ့အဖေကိုပြောပြခဲ့တယ်။ ငါ့အဖေက ဘုန်းကြီးကို ယုံကြည်တဲ့အတွက် ငါ့ကို ချန်ကွေ့ကန်း လို့တောင် ခေါ်ခဲ့တယ်" လို့ ချန်လောင်ပန် က ရှင်းပြပါတယ်။

"ခင်ဗျားက အဲ့လို ယင်ယန်အမြင်အာရုံကို ရတာတောင် ဘာလို့  ဒီလိုအခြေအနေရောက်နေတာလဲ။"

"ဖြစ်နိုင်တာက ငါ့ဘဝအတွက် အခွင့်အရေး မရောက်သေးလို့နေမှာပေါ့" သူဌေးချန် ခေါင်းခါလိုက်သည်။
"ဘာပဲဖြစ်ဖြစ်၊ အဲဒါက အရေးမကြီးပါဘူး၊ အရေးကြီးတာက ဒီနေ့ မယုံနိုင်စရာ တစ်ခုခုကို တွေ့ခဲ့ရတာပါ။"

"အင်း... ဘာတွေ့ခဲ့တာလဲ"

ချန်လောင်ပန် သည် ချန်ကော နှင့် နီးကပ်လာပြီး "လွန်ခဲ့တဲ့ လေးနာရီခန့်က ဒီအမျိုးသမီး ရုပ်တုက  ငါ့ကို မျက်တောင်ခတ်ပြနေခဲ့တယ်   "

ချန်လောင်ပန်က သူ့လက်ကို နှုတ်ခမ်းတစ်ဝက်လောက်ကို ဖုံးအုပ်ထားပုံက ပုံတူက သူ့နားကို တိုးကပ်ကာ သူပြောသည်ကို ကြားမှာကို ကြောက်နေပုံရသည်။

"ဒါပဲလား? ဒါပေမယ့် အဲ့ဒါက ဘာလို့ ယောက်ျားလေးတစ်ယောက်ကို  အမျိုးသမီးရုပ်တုက ဘာကြောင့် မျက်တောင်ခတ်ပြတာလဲ။ ဒါက ခင်ဗျားကို သဘောကျတာကို ဖော်ပြတာလား "

"ဘော့စ်ချန်.... မင်း ဟာသ မလုပ်နဲ့။! ပြဿနာရဲ့ အဓိကအချက်ကို အာရုံစိုက်နိုင်မလား" သူဌေးချန်က ချန်ကော ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ "ငါမင်းကို လိမ်နေတာမဟုတ်ဘူး!"

"ကျွန်တော်က ခင်ဗျား ကို ပြောတာ မဟုတ်ပါဘူး"

"ဒါပေမယ့် ငါ့မှာ ယင်ယန် စွမ်းအား  ရှိပြီး မျက်တောင်ခတ်နေတဲ့ သူမရဲ့ အသွင်အပြင်ကို မြင်လိုက်တာပဲ။ သူမက မင်းကို မတုံ့ပြန်ဘူးလား!"

"ငါကြားရတာ ယင်ယန် စွမ်းအား  က တော်တော်အံ့သြစရာကောင်းတယ်။ 3D ရုပ်ရှင်ကြည့်တဲ့အခါ မင်း 3D မျက်မှန်တပ်ဖို့ မလိုဘူးလို့ ဆိုလိုတာလား။"

ချန်လောင်ပန် ပါးစပ်ပွင့်သွားသည်။ သူသည် ရှည်ရှည်ဝေးဝေး တွေးတောကာ နောက်ဆုံးတွင် "မဟုတ်ဘူး" ဟု ညှစ်ထုတ်လိုက်သည်။

"ကျွန်တော် ကြည့်ရသလောက်တော့ ခင်ဗျား အရမ်းပင်ပန်းနေလို့ အမြင်ထွေပြားတာ ဖြစ်လိမ့်မယ်။ အိမ်ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ပါ။ ကျွန်တော်တို့အနာဂတ်မှာ အတူတူအလုပ်လုပ်ဖို့ အခွင့်အရေးတွေ အများကြီးကျန်သေးတယ်"
ချန်ကော သည် အဖြူရောင် ဝတ်စုံကို အသုံးပြု၍ အရုပ်များကို ဖုံးအုပ်ကာ သူတို့ကို မြေအောက် အလုပ်ရုံမှ ရွှေ့ပေးခဲ့သည်။

"ငါတကယ် စိတ်ကူးယဉ်နေမိတာလား?" ချန်လောင်ပန် က သူ့ကိုယ်သူ သံသယဝင်လာပါတော့တယ်။

"စိတ်မပူပါနဲ့၊ တစ်ခုခုဖြစ်ရင် ကျွန်တော့်ကိုခေါ်လိုက်ပါ။"

 ချန်ကော သည် ချန်လောင်ပန် ကို စိတ်ချမ်းသာစေရန်အတွက် ရင်ဘတ်ကို ပုတ်လိုက်သည်။ ထို့နောက် တက္ကစီခေါ်ကာ ထွက်ခွာရန် ပြင်ဆင်သည်။

သူဌေး ချန် (Qian) သည် ချန်ကော ပြောလိုက်သည်ကို တွေးလေလေ၊ သူ စိတ်မငြိမ်လေလေဖြစ်သည်။ သာမာန်အားဖြင့်၊ အခြားသူများကို နှစ်သိမ့်ရန်ကြိုးစားသောအခါ၊ 'စိတ်မပူပါနဲ့၊ ဘာမှဖြစ်လာမှာမဟုတ်ဘူး' လို့ပြောတတ်ကြတယ်။ ဒါဆို ချန်လောင်ပန် က တစ်ခုခုဖြစ်သွားရင် သူ့ကို ဖုန်းခေါ်ဖို့ ဘာကြောင့်ပြောတာလဲ။

ချန်ကော သည် ဝန်ထမ်းခန်းထဲသို့ ပြန်ခေါ်သွားပြီးနောက် သူ၏အမူအရာမှာ ပြင်းထန်လာသည်။ သူသည် ကြောင်ဖြူတစ်ကောင်ကို အဝတ်အစားများပေါ်တွင် တင်ထားသည်။ စက္ကန့်အတော်ကြာပြီးနောက် ကြောင်ဖြူသည် အမျိုးသမီးဝတ်ရုပ်သွင်၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်သွားသည်။ သူ၏ခြေသည်းများကိုအသုံးပြု၍ ကြွက်နှင့်ကစားရသကဲ့သို့ ပုံတူ၏ဆံပင်နှင့် ကစားသည်။

"ဒါဆို ရုပ်တုမှာ တစ်ခုခုတော့ ရှိနေတယ်။"

ချန်ကော က ဒါကို မမျှော်လင့်ထားပါဘူး။ အရူးမိန်းမကို အခြေခံအဖြစ် ဖန်တီးထားသည့် ပုံတူသည် အခြားသူများထက် ကွဲပြားသွားသည်။ ချန်ကော သည် အမျိုးသမီး၏ လည်ပင်းတွင် အသားခုတ်ဓားကို တင်လိုက်သည်။

"ငါက မင်းရဲ့ဖန်တီးရှင်မို့ မင်းလုပ်သမျှအတွက် တာဝန်ရှိတယ်။မင်း ငါ့အမိန့်ကို နားထောင်ပြီး မင်းရဲ့အိမ်သစ်ကို တိတ်တိတ်လေး ရွှေ့ရမယ်"

ချန်ကော ၏ သူငယ်အိမ်က ကျဉ်းမြောင်းလာပြီး ဝတ်စုံမှတဆင့် ရုပ်တု၏ ကြောက်ရွံ့မှုနှင့် စိုးရိမ် သောကများကဲ့သို့ ခံစားချက်များကို သူခံစားနိုင်သည်။ အသားခုတ်ဓားမကို ပြန်မဆွဲခင် သူစဉ်းစားလိုက်တယ်။
 "ငါ မင်းကို ကြောက်လို့ ထွက်ပြေးဖို့ ကြိုးစားနေတာပဲ၊ တကယ်တော့ ငါက တကယ့် ကို နူးညံ့သူ တစ်ယောက်ပါ၊ မင်းကို ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်တော့မှ ထိခိုက်မှာ မဟုတ်ဘူး။"

ချန်ကော သည် မြေအောက်ကားရပ်နားရန်နေရာသို့ တံခါးဖွင့်ကာ တတိယ စိတ်နာမကျန်းခန်းမ  အတွင်းသို့ အရုပ်များကို  စနစ်တကျ ထားလိုက်သည်။

 "ကြိုဆိုပါတယ် ဒါက မင်းရဲ့အိမ်အသစ်ဖြစ်လာမှာပါ"

သူသည် မတူညီသော အရပ်ဒေသများတွင် ဝတ်စုံဝတ်ထားသည့် အရုပ်လေးခုကို နေရာချထားပြီး သူ၏ကိုယ်ပိုင်စိတ်ကူးများကို အသုံးပြုကာ ယန္တရားများစွာကို ဖန်တီးခဲ့သည်။ ဆယ့်နှစ်နာရီထိုးသောအချိန်ထိ  သူ အလုပ်မပြီးသေးပေ။ ချန်ကော သည် ဝန်ထမ်းရေချိုးခန်းသို့ ပြန်လာခဲ့သည်။ အိပ်ယာပေါ်မှာ လဲလျောင်းရင်း ပင်ပန်းနွမ်းနယ်မှုတွေက သူ့ကို လွှမ်းခြုံသွားတယ်။ ချန်ကော သည် တစ်နေ့တာလုံး တမှေးမှ မအိပ်ခဲ့ရသေးပေ။

ချန်ကော သည် နေ့စဉ်လုပ်ဆောင်နေမှုများကို ကြည့်ရန် အနက်ရောင်ဖုန်းကို ထုတ်လိုက်သည်။ သရဲခြောက်သောအိမ်အပြင်ဘက်တွင် တဲကို ဆောက်လုပ်သောအခါ၊ မစ်ရှင်ပြီးဆုံးကြောင်း သတိပေးချက်ကို လက်ခံရရှိခဲ့သည်။

"ဂုဏ်ယူပါတယ် အငြိုးတေးဝိဉာဉ်၏ မျက်နှာသာပေးမှု  သာမန်မစ်ရှင်တစ်ခုပြီးသွားပါပြီ။ ကြောက်လန့်မှုက သက်ဆိုင်ရာ ကြားခံကာလတစ်ခုလိုအပ်ပါတယ်။ ထောက်ထားစာနာတဲ့ဝန်ဆောင်မှုက ဧည့်သည်တွေကို အထင်ကြီးသွားစေလိမ့်မယ်။ မစ်ရှင်ဆုလာဘ်—မျက်နှာမဲ့ သူနာပြုအတွက် ဝတ်စုံ။

"မျက်နှာမဲ့ သူနာပြုဝတ်စုံ (Prop Apparel)- ဂျင်းနီ သည် ဒေါက်တာအရိုး လူသတ်သမား   ၏ ဇနီးဖြစ်သည်။ ထိုညတွင် ခင်ပွန်းဖြစ်သူသည် သံလုံးဖြင့် ဖျားနာနေသော အခန်းထဲသို့ ဝင်ရောက်လာသည်ကို သူမ မသိခဲ့ပေ။ သူမ မျက်နှာကို တူနဲ့ထုပြီး နောက်မှ ဖြစ်ပျက်နေတာကို သူမ သဘောပေါက်သွားခဲ့သည်။ "

အရိုးလူသတ်သမား ဆရာဝန်နှင့် မျက်နှာမဲ သူနာပြု....ဒါက အတော်လေး ကြောက်စရာကောင်းသော ဇာတ်လမ်းဖြစ်သည်။

ချန်ကော က ဖုန်းကိုပိတ်လိုက်ပြီး အိပ်ပျော်သွားသည် ။ နောက်နေ့မနက်စောစော အိပ်ရာက နိုးလာတဲ့အခါ အဝတ်လဲခန်းထဲကို ဝင်သွားပြီး နောက်ဆုံးအကြိမ် ဒေါက်တာအရိုး လူသတ်သမား  ရဲ့ ဝတ်စုံကို တွေ့ရတဲ့ သစ်သားသေတ္တာထဲမှာ သွေးတွေရွှဲနေတဲ့ သူနာပြုဝတ်စုံ ရှိနေတယ်။

ဤအရာသည် ယောက်ျားလေး ဝတ်စုံအတွက် သေးငယ်လွန်းသော်လည်း သူ့ရုပ်တုသည် အမျိုးသမီး ဝတ်စုံနှင့် ကောင်းမွန်စွာ လိုက်ဖက်လောက်သည်။

ချန်ကော သည် တတိယ စိတ်နာမကျန်းခန်းမ  အနီးတစ်ဝိုက်သို့ လှည့်လည်ကြည့်ရှုခဲ့သည်။ လျှို့ဝှက်လုံခြုံရေး ခြိမ်းခြောက်မှုများ မရှိကြောင်း သေချာပြီးနောက်၊ စီးပွားရေးအတွက် ပြင်ဆင်ရန် သရဲခြောက်သော အိမ်တံခါးကို ဖွင့်လိုက်သည်။

*******-***********

Chapter (216 ) ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။

"ဘော့စ်၊ မင်း မနက်စောစော ဒီရောက်နေတာလား။"

 ရွှီ ဝမ် ရောက်ရှိလာသောအခါတွင်၊ ချန်ကော သည် သစ်ပင်ထိပ်တွင်ရှိသော ကြောင်ဖြူတစ်ကောင်နှင့် ငြင်းခုံနေသည်ကို သူမတွေ့လိုက်ရသည်။ အံ့အားသင့်နေမယ့်အစား ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ မြင်တယ်။

"ရှောင် ဝမ် ၊ မင်းရဲ့မိတ်ကပ်ကို အရင်ပြင်လိုက်ပါ။ ဒီနေ့ ထျန်းထန်ဆေးကျောင်းကလူတွေက ငါတို့ကို အပြန်အလှန်လေ့လာဖို့ လာလည်လိမ့်မယ်။ မင်းဟာ ငါ့ရဲ့ တဦးတည်းသော လုပ်ဖော်ကိုင်ဖက်မို့လို့ ဒီနေ့ မင်းကို စောင့်နေမယ် !"

"ကောင်းပြီ။" ရွှီ ဝမ် သည် ချန်ကော ၏အကျီပေါ်မှ ကြောင်ဖြူမြုပ်နေသောကြောင်ဖြူကို ညွှန်ပြသည်။ "မင်း ငါ့အကူအညီလိုသလား"

"ကောင်းပြီ။ ငါက ကြောင်တစ်ကောင်ကို ထိန်းနိုင်တယ်"

တိုတိုပြောရရင် ချန်ကော နိုးလာတဲ့အခါ အဝတ်လျှော်ဖို့ အချိန်ရှိသေးတာကို သူသိလိုက်တာကြောင့် လျှော်ဖွပ်လိုတဲ့ ညစ်ပတ်တဲ့အဝတ်အစားတွေကို စုဆောင်းထားခဲ့ပါတယ်။ သူ ဂရုမစိုက်ဘဲ ကြောင်ဖြူက တခါတုန်းက ကြောင်လေးတွေ ပတ်ရစ်ဖူးတဲ့ ဂျာကင်အင်္ကျီကို ဆွဲယူသွားတယ်
။ "ဒီအင်္ကျီကို ငါမလျှော်ဘူး ကျေးဇူးပြုပြီး ဆင်းလာပါ။"

New Century Park သည် နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ထက်ဝက်နီးပါးသည် သရဲခြောက်သောအိမ်သို့ တိုက်ရိုက်သွားကြောင်း သိသာထင်ရှားသည်။

 "ဒီနေ့ဧည့်သည်က မနေ့ကထက်တောင် ပိုများနေတယ်။"

ချန်ကော ၏ သရဲခြောက်သောအိမ်သည် ယခုအချိန်အထိ လူကြိုက်အများဆုံး ဆွဲဆောင်မှုတစ်ခုဖြစ်သည်။

"သူဌေး ချန်!"
လူအုပ်ရှေ့တွင် ရင်းနှီးသော မျက်နှာနုနုနဲ့ ဧည့်သည့် အုပ်စုတစ်ခုရှိသည်။ ချန်ကော က သူတို့ကို တွေ့လိုက်သောအခါ သူ့မျက်နှာ တောက်ပလာသည်။ ချန်ကော ၏ အပြုံးကို မြင်လိုက်ရတော့ ထျန်းထန်ဆေးကျောင်းမှ ပိုင်ရှင်သည် ရင်တထိတ်ထိတ်ဖြင့် တုန်နေသည်။ ခေါင်းငုံ့ပြီး ချောင်းဆိုးလိုက်သည်။

 "ကျွန်တော်တို့ သရဲအိမ် အသိုင်းဝိုင်းထဲက သူငယ်ချင်းနည်းနည်းစုပြီးရောက်လာကြတယ်။  အားလုံးက မင်းရဲ့ သရဲအိမ် လာလည်ချင်ကြပါတယ်။"

ပိုင်ရှင်က  ချန်ကော ကို မှိတ်ပြပြီး သူဆိုလိုသည့် အဓိပ္ပါယ်က တော်တော်ရှင်းပါတယ်။ သူတို့ဟာ သူတို့ရဲ့ပရိသတ်တွေ၊ သူငယ်ချင်းတွေနဲ့အတူ လာခဲ့တာဖြစ်လို့ ချန်ကော က သူတို့ကို မျက်နှာသာပေးဖို့    မျှော်လင့်နေခြင်းဖြစ်သည်။
 
"သရဲအိမ် အသိုင်းဝိုင်းထဲက သူငယ်ချင်းတွေလား?"

ချန်ကော က သူတို့နောက်ကို ကြည့်လိုက်တော့ ထူးဆန်းတဲ့ လေထုကို တွေ့လိုက်ရတယ်။ ထျန်းထန် ဆေးကျောင်းမှ သရုပ်ဆောင် အနည်းငယ်မှလွဲ၍ ကျန်သူတို့မှာ ကစားရန်ရှိပုံမပေါ်ပေ။

"ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်တော်တို့ ခရိုင်ရဲ့ အကောင်းဆုံး သရဲခြောက်တဲ့ အိမ်ရဲ့  ဒီဇိုင်နာ ဟန်ချုံးမင်  ပါ။ သူက နိုင်ငံတကာ အဖွဲ့များစွာနဲ့ အလုပ်လုပ်ပြီး ထျန်းထန်ဆေးကျောင်းရဲ့ နောက်ကွယ်က အဓိက ဦးနှောက်ပါ။ မင်း ငါတို့ဆီကို အလည်လာတုန်းက မစ်စတာဟန်က နိုင်ငံရပ်ခြားမှာ ရှိနေတယ်။"

ပိုင်ရှင်သည် အရပ်ရှည်ပြီး ပိန်ပိန်ပါးပါး မျက်မှန်ထူထူတပ်ထားသည့် အမျိုးသားကို ပြရန် ပိုင်ရှင်သည် ဘေးတိုက်ငဲ့ကြည့်သည်။ ထိုလူ၏ သဘောထားမှာ အေးစက်နေသည်။

"မစ္စတာဟန်ဘေးက ဆံပင်တိုကောင်မလေးက ရဲ့ရှောင်ရှင်းပါ။ သူမဟာ Follower 600,000 ကျော်ရှိတဲ့ နာမည်ကြီး အွန်လိုင်းဘလော့ဂါတစ်ယောက်ပါ။ သူမရဲ့ အာရုံစူးစိုက်မှုက သရဲခြောက်တဲ့ အိမ်တွေကို ပြန်လည်သုံးသပ်နေပြီး နိုင်ငံတစ်ဝှမ်းမှာ သရဲခြောက်တဲ့ အိမ်ပေါင်း 50 ကျော်ကို ပြန်လည်သုံးသပ်ထား ပါတယ်။"

 ပိုင်ရှင်၏ မျက်နှာမှာ အေးခဲသွားသည်။

"သူမ မင်းအကြောင်း ကြားတဲ့အခါ သိချင်စိတ်တွေ ပြင်းပြပြီး လိုက်လာချင်တဲ့ ဆန္ဒကို ပြောပြတာကြောင့် ငါ့ကို လာဆက်သွယ်တယ်။"

"မင်းကိုတွေ့ရတာဝမ်းသာပါတယ်။"

ကောင်မလေးကြည့်ရသည်မှာ အသက်နှစ်ဆယ်ကျော်မျှသာရှိပြီး အလွန်ဖြူစင်သောအသားအရေရှိသည်။ သူမသည် 1.74 မီတာခန့်မြင့်ပြီး သူမ၏ရှည်လျားသောခြေထောက်တစ်စုံသည် လူတိုင်း၏ အာရုံကို ဖမ်းစားခဲ့သည်။ သူမ၏ပုံစံသည် ယောကျာ်းလေးနှင့်တူသည်။ ညှပ်ထားသောဆံပင်ဖြင့် သူမသည် လူငယ် တစ်ယောက်လို ချောမောသည်။ သရဲအိမ်လေးထဲကို တစ်ယောက်တည်းသွားရတဲ့ ဒီလိုမိန်းကလေးမျိုးက ဖျော်ဖြေမှုဖြစ်မှာမို့ သူမမှာ အွန်လိုင်းနောက်လိုက်တွေ အများကြီးရှိတယ်ဆိုတာ အံ့သြစရာမရှိပါဘူး။

"သူဌေးချန်  သူမကို လျှော့မတွက်နဲ့။"

 ပိုင်ရှင်သည် ယခင်က အမျိုးသမီးငယ်၏ လက်တွင် ဒုက္ခရောက်ခဲ့ပုံရသည်။

"သူမဟာ အကြောက်တရားကို ခံနိုင်ရည် မြင့်မားပါတယ်။ သူမဟာ ထျန်းထန်ဆေးကျောင်းကို စစဝင်တုန်းက ကျွန်တော်တို့ အလုပ်သမားတွေကို အဆင်မပြေဖြစ်တဲ့အထိ နောက်ပြောင်မှုတွေ လုပ်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ၊ သူမဟာ သရဲခြောက်တဲ့ အိမ်ကို လှည့်ပတ်ပြီး လမ်းပြပေးဖို့ တောင်းဆိုခဲ့တယ်။ သူမက သရဲအိမ်ထဲမှာ မိနစ်လေးဆယ်အပြည့် နေနိုင်ခဲ့တယ်။"

"ဒါက အံ့သြစရာပဲ။ စိတ်ဓါတ်ကြံ့ခိုင်တဲ့သူတွေကို  ကျွန်တော် လေးစားတယ်။"

 ဧည့်သည်အမျိုးသမီးအများအပြားက မူလ ကောင်းလုရွှီ ကဲ့သို့ သရဲခြောက်သောအိမ်ထဲသို့ မဝင်မီတွင် မကြောက်ကြကြောင်း ပြောကြသည်။ ချန်ကော သည် မျက်နှာပြင်ပေါ်တွင် ကြင်နာစွာ ပြုံးပြသော်လည်း အတွင်းတွင်မူ သူ၏ သရဲခြောက်သော အိမ်သည် ယခင်က ထိုအမျိုးသမီး ဧည့်သည်ကို ကြောက်ရွံ့စေသလားဟု တွေးမိသည်။

"အင်း။ မင်း အဆင်ပြေရင် ကောင်းပြီ"

ထျန်းထန်ဆေးကျောင်း၏ပိုင်ရှင်သည် ချန်ကော မည်မျှမတုန်မလှုပ်ဖြစ်နေသည်ကိုမြင်တော့ သူက လက်ပြနှုတ်ဆက်ပြီး ဆက်ပြောခဲ့သည်။

"လာ၊ ငါတို့ အခု သရဲခြောက်တဲ့အိမ်ထဲကို ဝင်ဖို့ ပြင်ဆင်သင့်တယ်" လို့ပြောလိုက်တယ်။

နောက်ထပ် လူ ၃ ယောက်၊ ယောက်ျားလေး ၂ ယောက်နဲ့ မိန်းကလေးတယောက် ထွက်လာတယ်။ ကောင်မလေးက ချန်ကော နဲ့ ရင်းနှီးပုံရတယ်။ ထျန်းထန်ဆေးကျောင်းကို သွားလည်တုန်းက သူမကို တန်းစီသည့် လိုင်းမှာတွေ့ဖူးတာ မှတ်မိတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဘေးနားက အရမ်းလှသည့် ကောင်မလေးဖြစ်သည်။

ချန်ကော ကို နှုတ်ဆက်ဖို့ သူမ ရှေ့ကို လျှောက်လာခဲ့သည်။ "ရှင် ကျွန်မကို မှတ်မိသေးလား"

"လော်လော် ဟာ သရဲခြောက်တဲ့ အိမ်တွေကိ လိုက်လည်ရတဲ့ ဝါသနာရှင်တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ အများစုကတော့ သူမကို သိကြပါတယ်။ သူမဒီကိုရောက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ကံကောင်းခြင်းတစ်ခုကြောင့်ပါပဲ။ သူမကို မင်းရဲ့သရဲအိမ်လေးကို ငါတို့နဲ့အတူ တွေ့ကြုံခံစားဖို့ ရွေးချယ်ခဲ့တာပါ"

ထျန်းထန် သရဲအိမ်ပိုင်ရှင် ဖြစ်သူက အဆင်မပြေစွာ ရှင်းပြခဲ့ပါတယ်။ သူ့ကိုယ်သူ အမှန်အတိုင်းပြောဖို့ မစွမ်းဆောင်နိုင်ဘူး။ သူ့အလုပ်သမားတွေက လိုက်လာဖို့ ငြင်းဆိုခဲ့ပြီး လူ အလုံအလောက်မရှိတာကြောင့် ဒီ fan service ဖြစ်တဲ့ "lucky Draw"ကိုပါ ခေါ်လာခဲ့ရခြင်းဖြစ်သည်။


"ဟုတ်လား? ဒါဆို သူမ 'ကံကောင်းတယ်' ဆိုတာ သေချာပါတယ်။ "

ချန်ကော ၏မျက်နှာပေါ်သို့ နေရောင်ကျရောက်လာပြီး သူ့အပြုံးသည် နွေဦးလေပြေကဲ့သို့ အေးဆေးတည်ငြိမ်ပြီး သာယာနေလေသည်။ စု လော်လော် က ရှက်ရွံ့စွာ မျက်နှာမငုံ့ခင် သူ့ကို ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက်တွေ့ပြီးပြီကွငါ့သရဲခြောက်တဲ့အိမ်က အလုပ်သမားတွေ။"
ထျန်းထန် သရဲအိမ်ပိုင်ရှင်  က  နောက်ကျောမှာရပ်နေတဲ့ လူနှစ်ယောက်ကို လက်ညှိုးထိုးပြပြီး

"လူအကြီးကြီးကတော့ စုန့်အန်း၊ သူကတော့ လုံခြုံရေးတစ္ဆေပါပဲ။ အငယ်က တုကျောင်းကျင်း ၊ သူက သံမဏိသေတ္တာထဲမှာ ပုန်းအောင်းနေသူပဲ"

စုန့်အန်း သည် ချန်ကော ၏ တိုက်ခိုက်ခြင်းကို မခံရသောကြောင့် သူမ ထွက်လာပြီး ချန်ကော ကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။ သို့သော် တုကျောင်းကျင်း  က မတူကွဲပြားစွာ တုံ့ပြန်ခဲ့သည်။ ချန်ကော ကိုကြောက်ဖို့ သံခဲသေတ္တာထဲမှာ ပုန်းနေခဲ့ပေမယ့် သူ့နောက်ကွယ်မှာ ရုတ်တရက်ပေါ်လာတဲ့ 'မင်္ဂလာဝတ်စုံ' တေးသွားကြောင့် သူ တုန်လှုပ်သွားခဲ့တယ်။ ပိုဆိုးတာက ချန်လောင်ပန် က ဘောက်စ်ရှေ့ကို ပိတ်ဆို့ဖို့ ရွှေ့လိုက်တဲ့အတွက် သူ လုပ်ချင်ရင်တောင် မလွတ်မြောက်နိုင်ခဲ့ပါဘူး။ သံမဏိသေတ္တာထဲမှ တွားသွားခွင့် မရမီတွင် သူသည် အော်ဟစ်သံကြောင့် ဝိညာဉ်တစ်ဝက်လောက် ထွက်သွားခဲ့သည်။

သူ့ ရဲ့ 'သေမင်း' ကို ပြန်တွေ့တော့ သူ့မျက်နှာက ဖြူဖျော့ဖျော့ ဖြစ်သွားတယ်။ ချန်ကော သည် တုကျောင်းကျင်း  ဆီသို့ လျှောက်သွားကာ အံ့သြသွားသည်။ လူငယ်သည် အသက် ဆယ့်ရှစ်နှစ်သာ ရှိသေးပြီး မယုံနိုင်လောက်အောင် ပိန်လှီပြီး ငယ်ရွယ်သူဖြစ်သည်။ သူသည် ထျန်းထန်ဆေးကျောင်းတွင် အချိန်ပိုင်း အလုပ်လုပ်နေပုံရသည်။

"မိတ်ကပ်မလိမ်ထားတော့ မင်းကို ကျွန်တော် မမှတ်မိလုနီးပါးပဲ။ မင်း ကို သေတ္တာထဲကနေ ရုန်းထွက်ဖို့ အရမ်းအသည်းအသန်အော်နေတဲ့ လူနာလို့ ဘယ်သူ ထင်မှာလဲ။"

ရှောင်တု မပေါက်ကွဲခင်မှာ ထျန်းထန် သရဲအိမ်ပိုင်ရှင်  က  ချန်ကော ကို အမြန်ဆွဲထုတ်လိုက်တယ်။

 "ဘော့စ်ချန်  ၊ ငါတို့ခြောက်ယောက်က တစ်ချိန်တည်း လာရောက် လည်ပတ်နေတယ်ဆိုတော့ မင်းရဲ့စီစဉ်မှုကိုပဲ လိုက်နာပါ့မယ်။"

ပိုင်ရှင်သည် အခြားဧည့်သည်များနှင့် ဝေးရာသို့ မတ်တပ်ရပ်လိုက်ပြီး ချန်ကော ကို မျက်တောင်ခတ်နေလေသည်။ ချန်ကော က သူ ဘာတွေလုပ်နေလဲ နားလည်သွားတယ်။

 "လောလောဆယ်မှာ ကျွန်တော့်ရဲ့ သရဲခြောက်တဲ့အိမ်မှာ ဇာတ်ညွှန်းပုံစံ လေးခုရှိပါတယ်။ မင်ဟွမ် ဆက်တင်ခန်း၊ ညသန်းခေါင်မှာ လူသတ်မှု၊ မုယန်အထက်တန်းကျောင်းနဲ့ အသစ်ထပ်ထည့်ထားတဲ့ တတိယ စိတ်နာမကျန်းခန်းမ  ပါ။ မင်ဟွမ် ဆက်တင်ခန်း နဲ့ လူသတ်သမား အတွက် အခက်အခဲက ပုံမှန်ပါပဲ၊ တတိယ စိတ်နာမကျန်းခန်းမ  က အခက်ခဲဆုံးပါ။ ဒါကြောင့် တော်ရုံတန်ရုံ ခက်ခဲတဲ့ မုယန်အထက်တန်းကျောင်းကို အရင်ဝင်ဖို့ အကြံပြုချင်ပါတယ်။"

"ကောင်းပြီ၊ ငါတို့သွားကြည့်မယ်။" ထျန်းထန် သရဲအိမ်ပိုင်ရှင်  က  ခေါင်းညိတ်ပြပေမယ့် သူ့နောက်ကလူတွေ ပြောစရာရှိတယ်။

"သူဌေး ချန် က သနားစရာ ကောင်းတာဘဲ" ဟန်ချုံးမင်  သည် မျက်မှန်ထူထူကို တွန်းတင်လိုက်သည်။

"ငါတို့ရောက်မလာခင်မှာ ငါတို့ဝိုင်းမေးပြီး လူတွေက မင်းရဲ့သရဲခြောက်တဲ့အိမ်ရဲ့ အခက်ခဲဆုံး အဖြစ်အပျက်ကို ပြောပြတယ်။ ဒီနေ့အထိ ဘယ်သူမှ မဖြေရှင်းနိုင်သေးတဲ့ မုယန်အထက်တန်းကျောင်းပဲ၊ ဒါက အခက်ခဲဆုံး စိန်ခေါ်မှုဖြစ်နေပြီ၊ မင်းကြိုးစားပြီး ကျော်ဖြတ်ဖို့ ကြိုးစားနေတယ်။ တော်ရုံတန်ရုံ ခက်တယ် မဟုတ်လား ၊

"ငါ စိတ်မကောင်းဖြစ်နေတာလား?"

"အခက်ခဲဆုံး မြင်ကွင်းကို ရှင်းပစ်လိုက်ရင် မင်းမျက်နှာပျက်သွားမှာကို မင်းကြောက်နေတာလား။ အဲဒါကြောင့် ပိုခက်ခဲမယ်ထင်တဲ့ ဒီဇာတ်လမ်းကို မင်းဖန်တီးခဲ့တာလား။" ဟန်ချုံးမင်  က ပြုံးလိုက်သည်။

 "ကြီးမားတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ဒီဇိုင်းဆွဲဖို့က နှစ်လကနေ သုံးလလောက် ကြာပါတယ်။ မုယန်အထက်တန်းကျောင်းက တစ်ပတ်တောင် မပြည့်သေးပါဘူး၊ အစုံအသစ်ကို ဒီဇိုင်းဆွဲဖို့ ဘယ်မှာ အချိန်ရခဲ့လဲ။"

သူ၏ နှုတ်ခမ်းပါးက ထက်မြက်သည့် တိုက်ခိုက်စကားကို ဆက်ဆိုခဲ့သည်။

"ဘာပဲဖြစ်ဖြစ်၊ ရလဒ်က အတူတူပါပဲ။ ဒီနေ့ ဒီကို ရောက်ရတဲ့ အကြောင်းရင်းက မင်းရဲ့ အခြေအနေအားလုံးကို ရှင်းပစ်ဖို့ပဲ!"

"ချုံးမင်   ၊ မိုက်မဲတဲ့ စကားကို ဆိုမနေနဲ့၊ ချန်လောင်ပန် က ဒီလိုလူမဟုတ်ဘူး"

ထျန်းထန် သရဲအိမ်ပိုင်ရှင်  က  ဟန်ချုံးမင်  ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။ သူ့နှလုံးသားထဲတွင် ခံစားချက်ဆိုးတစ်ခု ပေါ်လာသည်။ ချန်ကော သည် ထိုလူ၏စကားကို တိတ်တဆိတ် နားထောင်ပြီး ပြန်မဖြေပေ။

အန်ကယ် ရွှီ က ပန်းခြံလုပ်သားတစ်ယောက်အနေနဲ့ ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် အစွမ်းကုန် ကြိုးစားသင့်တယ်လို့ ပြောခဲ့ဖူးပါတယ်။

သူ့အကြောင်းတွေးပြီး အပြုံးက သူ့မျက်နှာကို ပြန်ရောက်သွားသည် ။

"အဲ့ဒါဆိုရင် တတိယ စိတ်နာမကျန်းခန်းမ  နဲ့ ငါတို့ စလိုက်ရအောင်...  အဲဒါပြီးလို့  မင်းလမ်းလျှောက် နိုင်သေးတယ် ဆိုရင်တော့ မုယန်အထက်တန်းကျောင်းကို သွားမယ်။"

********-*****

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now