Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်

716 119 11
                                    



Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
 


ချန်ကောမှာ မေးခွန်းများစွာရှိနေဆဲဖြစ်သော်လည်း ကောင်လေးက သူ့ကိုအခွင့်အရေးမပေးဘဲ တံခါးဖွင့်ဖို့ လုပ်ခဲ့သည်။  ကောင်လေးလည်း အစွမ်းကုန်ထုတ်လိုက်စဉ်   သူ့ခန္ဓာကိုယ်က လုံးဝပြန်ကောင်းမလာတော့ဘဲ သူ့အဝတ်တွေပေါ်က သွေးတွေ ဖျော့တော့နေတော့တယ်။

"ငါ့အချိန်တွေကို ဖြုန်းမနေပါနဲ့ သွားတော့!"

သူ အနားကို လှမ်းကြည့်လိုက်တော့ တံခါးမှာ အက်ကွဲကြောင်းလေးတွေ ပြည့်နေပြီး ဒဏ်ရာတွေကို ပြင်ဖို့ သွေးကြောတွေ အများကြီး ရှိနေတာကို ချန်ကောက သိလိုက်သည် ။ ကျန်းယာ့ လုပ်ခဲ့သည့်  ကျယ်လောင်သောပေါက်ကွဲသံကို သတိရတော့  စဉ်းစားလိုက်မိသည်။
 
 "အဘိုးကြီးကို လွှတ်လိုက်ပြီးနောက် ကျန်းယာ့ က တံခါးကို ဖောက်ခွဲလိုက်တယ်။ တံခါးက ကျိုးသွားသလိုပဲ၊ ဒါပေမယ့် သူ့အလိုလို ပြုပြင်သွားလိမ့်မယ်။"

တံခါးကိုတွန်းဖွင့်လိုက်တော့ သူ နူတ်ဆက်ထွက်ခွာလာတဲ့ ကမ္ဘာဟာ အနီရောင်အရိပ်မရှိတော့ဘဲ ချန်ကောက မှောင်နေတဲ့စင်္ကြံကိုသာ တွေ့လိုက်ရပြီး သူ့စိတ်တွေ အတော်လေးသက်တောင့်သက်သာဖြစ်သွားသည်။
 

"ညောင်?"

ကြောင်ဖြူတစ်ကောင်က တံခါးနားမှာ ထိုင်နေတယ်။ ချန်ကောကို လှည့်ကြည့်လိုက်တော့ ရောင်စုံမျက်လုံးများက လက်သွားသည်။ တံခါးက ထွက်လာပြီးနောက် ချန်ကောက ကောင်လေးကို ကျေးဇူးတင်ဖို့ လှည့်ချင်ပေမယ့် ကောင်လေးက တံခါးကို ပိတ်လိုက်ကာ ပျောက်သွားလေပြီ။
 

ကောင်လေးက တစ်ခုခုကို ဖုံးကွယ်နေတယ်လို့ ခံစားမိပေမယ့် အဲဒါက ဘာလဲဆိုတာ ချန်ကော မသိပေ။ သူက ကျန်းယာ့ ကို ကြောက်နေသလား။ လေထဲတွင် လွင့်ပျံနေသော ကျောင်းဝတ်စုံ အနီရောင်သည် ချန်ကော၏ စိတ်ထဲတွင် ပေါ်လာပြီး တုန်လှုပ်သွားသည်။ ဒီကြယ်သုံးပွင့် စမ်းသပ်မစ်ရှင်သည် သူ့ကို ကျန်းယာ့အပေါ်  နားလည်မှုအသစ်ကို ပေးခဲ့သည်။ နီရဲနေသော ကျန်းယာ့ သည် သူမ အသက်ရှင်စဉ် နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ သူမသည် ရက်စက်ပြီး ခွင့်မလွှတ်နိုင်သူဖြစ်သည်။ သူမသည် တံခါးကို ဖြိုဖျက်ကာ သူမ၏လမ်းတွင် ရပ်နေသော မည်သူကိုမဆို တိုက်ခိုက်လိမ့်မည် ။

ကျန်းယာ့ က ငါနဲ့ အတူ တံခါးက ထွက်ခဲ့လောက်တယ်  မဟုတ်လား။

ချန်ကောလှည့်ကြည့်လိုက်တော့ ကျန်းယာ့ သည် သူ့နောက် တစ်ပေအကွာတွင် ရပ်နေသည်။ သူမ၏ ယူနီဖောင်းပေါ်ရှိ အနီရောင်သည် ယခင်ကထက် ပိုမိုတောက်ပလာခဲ့သည်။

ချန်ကော၏လက်ချောင်းများသည် ရင်တထိတ်ထိတ်ဖြင့် တွန့်သွားကာ ချန်ကောမည်မျှထိတ်လန့်သွားသည်ကို ဖုံးကွယ်ရန် အဆင်မပြေစွာ ရယ်မောလိုက်သည်။
 
 "ဒီဟာက ဘယ်လောက်ရယ်စရာကောင်းလဲ ကြည့်လိုက်စမ်း။ မင်းကို စိတ်ပူလို့ တံခါးထဲဝင်သွားတယ်၊ ဒါပေမယ့် နောက်ဆုံးတော့ မင်း ငါ့ကို ကယ်ခဲ့တဲ့ သူပဲ ဖြစ်နေတယ်"

ကျန်းယာ့ သည် ချန်ကော၏မျက်နှာကို သေချာလေ့လာပြီး တိတ်ဆိတ်နေခဲ့သည်။ ချန်ကောသည် သူမ၏ စစ်ဆေးမှုအောက်တွင် တောင့်တင်း အေးခဲနေခဲ့သည်။ အသက်နှစ်ဆယ် သို့မဟုတ် ထိုမျှလောက်အထိ မိန်းကလေးများနှင့် စကားပြောဆိုရသည့် အတွေ့အကြုံက သူ့အတွက် သုညဖြစ်သည်ကို  သိလိုက်သောအခါ စိတ်ခံစားချက်ကို ပေါ့ပါးစေမည့် နည်းလမ်းကို ဖော်ထုတ်ရန် ကြိုးစားနေပါသည်။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး  ငါ ဘာတွေလုပ်နေခဲ့တာလဲ‽

 နောက်ဆုံးတော့ ချန်ကောက  ညှစ်ထုတ်လိုက်ကာ စကားပြောခဲ့တယ်။
 "ဒီမှာ ကိစ္စပြီးပြီ။ အိမ်ပြန်ရအောင်"

ကျန်းယာ့ က မဖြေဘဲ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ်။ သူမ၏မျက်နှာသည် ချန်ကော၏ လက်ကိုထိလုနီးပါးအချိန်တွင်၊ သူမ အရိပ်ထဲသို့မဝင်မီ ချန်ကော၏ခန္ဓာကိုယ်မှတဆင့် ရုတ်တရက်အရှိန်တက်လာခဲ့သည်။

သူ့အိတ်ကပ်ထဲက အနက်ရောင်ဖုန်းက တုန်ခါသွားပြီး ချန်ကောက လျှောချပြီး နံရံကိုမှီလိုက်တယ်။ သူ့နဖူးက ချွေးတွေ အေးစက်နေပြီ။ ကျန်းယာ့ ပေးသော ဖိအားသည် အလွန်မြင့်မားသည်။

"ဒါက မစ်ရှင်ပြီးသွားပြီလို့ သတိပေးတာလား။"
အသက်ပြင်းပြင်းရှူပြီးနောက် ချန်ကောက ဖုန်းကိုထုတ်လိုက်ပြီး အချက်ပေးချက်ကို ဖွင့်လိုက်ပါတယ်။

"ကျန်းယာ့ ရဲ့ ချစ်ခင်မှုအဆင့်က နည်းနည်းတော့ တိုးလာတယ်၊ မကြာခင်၊ အဲဒါက စိတ်ခံစားချက်ဖြင့် ထိန်းချုပ်ခြင်း ဆိုတဲ့ နောက်တစ်ဆင့်ကို ရောက်သွားလိမ့်မယ်။"

ဖန်သားပြင်ပေါ်မှ ပေါ်လာသော သတိပေးချက်က ချန်ကောကို အသက်ပြင်းပြင်းရှူလိုက်မိစေသည် ။ စိတ်ခံစားချက်ဖြင့် ထိန်းချုပ်ခြင်း ဆိုတာ ဘာကြောင့် ဒီလောက် အန္တရာယ်ကြီးတာလဲ။  ကျန်းယာ့ က စိတ်အားထက်သန်မှုထဲ ရောက်နေချိန်မှာ မတော်တဆ ကွဲထွက်သွားမှာလား။

ချန်ကောက သူ့ခေါင်းကို လက်ဖြင့် အုပ်ကာ ကြောက်အားလန့်အားနဲ့ ညည်းလိုက်တယ်။ ကြောင်ဖြူမလေးသည် သူ့ကျောပိုးအိတ်ပေါ်သို့ ခုန်တက်ကာ ပျင်းရိစွာ အိပ်နေလေသည်။ ပိုင်ရှင်၏ ထူးဆန်းသော အမူအရာမျိုးစုံကို ကျင့်သားရလာပုံ ပေါ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုကိစ္စအတွက် စိုးရိမ်စရာ မလိုသေးပေ။ ချန်ကောမတ်တပ်ထရပ်ပြီး သူ့ဖုန်းကိုကြည့်ပြီးနောက် တံခါးထဲဝင်သွားပြီးနောက်ပိုင်း သူ့ဖုန်းထဲက အချက်ပြမှုအားလုံး ဖြတ်တောက်သွားသည်ကို တွေ့လိုက်ရသည်။ နောက်တော့ သူ့ရဲ့ live-stream ကို သတိရသွားတယ်။ သူသည် ပလပ်ဖောင်းထဲသို့ ဝင်ပြီး သူ၏ကိုယ်ပိုင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်စဉ် ယာယီပိတ်ပင်ထားသည်ကို တွေ့လိုက်ရသော်လည်း သူ၏အကောင့်က ရပ်တန့်သွားခြင်းမရှိပေ။ ပုံမှန်အတိုင်းပဲ မှတ်ချက်ပေးနိုင်ပါသေးတယ်။

ဘာတွေဖြစ်နေတာလဲ?

ကြည့်ရှုသူအရေအတွက်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကြောင့် သူ၏ Follower အရေအတွက်သည် 150,000 အထိ ရှိလာခဲ့သည်။ ဒါကြောင့် သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲကို ဝင်ဖို့ နှိပ်လိုက်သည်။

 သူတို့က ချန်ကောနဲ့ ချင်ကွမ်း တို့ရဲ့ ဇာတ်လမ်းတွေအကြောင်း ပြောနေကြလိမ့်မယ်။ ချန်ကောက  ငြိမ်သက်သွားပြီး ချင်ကွမ်း ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ရှာဖွေလေိုက်တယ်။ ထိုလူ၏ တိုက်ရိုက်ထုတ်လွှင့်မှုလည်း ယာယီ ပိတ်ခံထားရသည်။
 
ဘာဖြစ်ကုန်တာလဲ?

 ချန်ကောက လျှိုတောက်ကို ဖုန်းခေါ်ပြီး သူ မသိလိုက်တဲ့အရာတွေကို မေးလိုက်သည်။

   "လျှိုတောက်...ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ ချင်ကွမ်း ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုနှစ်ခုလုံးကို ဘာကြောင့် ပိတ်ထားတာလဲ။   အနက်ရောင်စခရင်တွေချည်းပေါ်နေလို့ အပိတ်ခံရတာလား "

စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ အမည်မသိအမျိုးသားတစ်ဦးက  သူ့ကို ဖြေကြားခဲ့သည်။

"အခုက  မြို့တော်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောနေပါတယ်။ မင်းရဲ့တည်နေရာကို ငါ့ကိုချက်ချင်းပေးပါ။ မင်းရှိတဲ့ အရပ်မှာပဲ ယာယီ နေပါ၊ လျှောက်မသွားနဲ့"  

ရဲတွေလား? သူတို့ ဒီကို ဘယ်တုန်းက ရောက်နေတာလဲ၊ ငါက တတိယ နာမကျန်းခန်းမဆောင် မှာ ရှိနေတယ်ဆိုတာ ဘယ်လိုသိတာလဲ။

 ချန်ကောသည် အချိန်တွင် တစ်ချက်ကြည့်လိုက်သည်။ မနက် ၃ နာရီ ၅၀ လောက်ရှိနေပြီ။

သူသည် တံခါးအတွင်း၌ အချိန်တိုလေးသာရှိခဲ့သော်လည်း လက်တွေ့ကမ္ဘာတွင် အချိန်များကုန်လွန်သွား ခဲ့သည်။ တံခါးထဲဝင်သွားသောအခါတွင် သူ၏တိုက်ရိုက်ထုတ်လွှင့်မှုကို ဖျက်သိမ်း လိုက်ပြီးနောက် လျှိုတောက်၏အဖွဲ့က ရဲများကို ဖုန်းဆက်အကြောင်းကြားခဲ့သည်။ ထိုအွန်လိုင်း ကြည့်ရှုသူများနှင့်မတူဘဲ လျှိုတောက်သည် အန္တရာယ်ရှိသောအရာများကို နားလည်နိုင်ပြီး ချန်ကော၏ တည်နေရာအတိအကျကို သိရှိခဲ့သည်။

"ကျွန်တော်က  စိတ်ကျန်းမာရေး ဆေးရုံရဲ့ တတိယအဆောင် ပထမထပ်မှာ ရှိပါတယ်။ ဒုတိယ အဆောက်အဦရဲ့ အဝတ်လျှော်ခန်းထဲမှာ ပိတ်မိနေတဲ့ သားကောင်နှစ်ယောက်ရှိပြီး သံသယရှိသူတွေရဲ့ အထောက်အထားတွေကို ကျွန်တော် စုဆောင်းထားပါတယ်။"

"သားကောင်နှစ်ယောက်ကို ကယ်ဆယ်ပြီးပြီ။ မှုခင်းမြင်ကွင်းကို မပျက်စီးစေနဲ့၊ ငါတို့အဲဒီမှာ ခဏနေရင် ရောက်လာမယ်၊ မင်း ဖုန်းကို လိုင်းဖွင့်ထားပါ"

"ကျွန်တော့်ဖုန်းက ပါဝါကုန်တော့မယ်။  အကြာကြီး ဖုန်းမကိုင်နိုင်မှာကို  စိုးမိပါတယ်"

ချန်ကောက နောက်မှ ဖုန်းချလိုက်သည် ။ ချက်ခြင်းပဲ ချန်ကော ဆူးတွေပါတဲ့ တူနဲ့ အသားခုတ် ဓားမကို ဝှက်ထားသည်။

ဒါရိုက်တာရဲ့ အဝတ်လဲခန်းထဲမှာ ပစ္စည်းတွေ ယူသွားရမယ်။

ဒုတိယထပ် ရုံးခန်းဆီသို့ သူ ပြေးသွားခဲ့သည်။ ဝတ်စုံအတွင်းမှ စာတွေကို သူ သိမ်းလိုက်သည်။  ချန်ကောသည် ဝတ်စုံပိုင်ရှင်၏ လျှို့ဝှက်ချက်ကို မတော်တဆတွေ့ရှိခဲ့သည်။ အဝတ်အစား၏နောက်ဘက်ရှိ အခန်းကန့်ကို ဖွင့်နိုင်ပြီး လျှို့ဝှက်လမ်းကြောင်းတစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။ လမ်းရဲ့အဆုံးမှာ သံမဏိတံခါးကြီး တစ်ခုရှိတယ်။

တံခါးသော့သည် ချန်ကောမှာ ပါလာသောသော့ နဲ့ဆင်တူသည့် သော့ခလောက်ဖြင့် ခတ်ထားသည်။ သော့ဖွင့်ပြီး တံခါးကို တွန်းဖွင့်ပြီးနောက် ချန်ကောသည် အခန်း 3 တွင် ရပ်နေမိသည်ကို သူ့ကိုယ်သူ ပြန်တွေ့ရတော့ အံ့သြသွားခဲ့သည်။

အခန်း 3 တွင် ဝမ်ဟိုင်မင်က  ဖော်ပြထားသော လျှို့ဝှက်ဥမင်လိုဏ်ခေါင်း ဖြစ်သင့်တယ်မလား။  ဤလမ်းသည် ဒါရိုက်တာရုံးနှင့် ချိတ်ဆက်ထားသောကြောင့် အဖိုးအိုက သူအကြောင်းကို သေချာပေါက် သိနေလောက်သည်။

လျှို့ဝှက်လမ်းသွယ်နဲ့ မျက်နှာချင်းဆိုင်ထားတဲ့ လူနာကုတင်ကို ကြည့်လိုက်တော့ ချန်ကောက ဒီအခန်းထဲမှာ နေခဲ့တဲ့ မန်နန်ရဲ့အမေကို သတိရသွားပြီး ဒါရိုက်တာအိုကြီးကို ကောင်လေးက ဘာကြောင့် ညှဉ်းပန်းနှိပ်စက်ရ သလဲဆိုတဲ့ အကြောင်ရင်းကို သူ့မှာ အကြမ်းဖျင်းသိခဲ့တယ်။

ဝမ်ဟိုင်မင် သည် တစ်ချိန်က အခန်း 3 တွင် နေထိုင်သူဖြစ်ပြီး ဒီသော့ကို မှန်ထဲက မကောင်းဆိုးဝါး ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒါရိုက်တာထံမှ ခိုးယူခံရခြင်း ဖြစ်နိုင်သည်။

ရဲတွေ မကြာခင်ရောက်လာတော့ ချန်ကောက သော့ကို အိတ်ထဲထည့်ကာ အားလုံးကို သူ့နေရာနဲ့သူ ပြန်ထားလိုက်ပြီး ရဲတွေရောက်လာတာကို စောင့်ရင်း အခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလိုက်တယ်။

နံနက် ၄ နာရီတွင် တတိယ နာမကျန်းသောခန်းမကို ဖွင့်လိုက်ပြီး အကြာကြီးစောင့်ဆိုင်းနေသော ချန်ကောသည် သူ့ကျောပိုးအိတ်၊ လက်ထဲတွင် ကြက်တစ်ကောင်နှင့် သူ့ပခုံးပေါ်၌ ငိုက်နေသော ကြောင်ဖြူတစ်ကောင် ဖြင့် ရှေ့သို့ ပြေးထွက်လာခဲ့သည်။

ချန်ကော အနီးသို့မရောက်မီ ရဲများက သူ့ကိုဝိုင်းရံထားသည်။ ချန်ကောသည် ထိုမျက်နှာများကို ယခင်က မမြင်ဖူးခဲ့ပေ။

"ကျွန်တော်က လူကောင်းပါ။ သံသယရှိသူတွေ ကျန်ရစ်ခဲ့တဲ့ အရာတွေကို ကျွန်တော် ရှာတွေ့ခဲ့ပါတယ်။"

ခဏအကြာ စစ်ဆေးမေးမြန်းပြီးနောက် ချန်ကောသည် တတိယ နာမကျန်းခန်းမဆောင် တွင် သူ ဘာကြောင့်ရှိနေကြောင်း ရှင်းပြခဲ့သည်။ သူသည် သရဲတစ္ဆေနှင့် ပတ်သက်သည့် အရာများကို ဖယ်ရှားပြီး မီးလောင်ခံရလို့ ကောက်ကွေးသော မျက်နှာဖြင့် လုူကို လိုက်ဖမ်းကာ တတိယ နာမကျန်း ခန်းမအတွင်း အရူးများရဲ့ သော့ခတ်ခံရခြင်းဖြင့် အဆုံးသတ်သွားသည်ဟု ပြောပြခဲ့သည်။

"သံသယရှိသူတွေရဲ့ လက်ဗွေရာတွေကို စတုတ္ထထပ်ရဲ့ သံမဏိတံခါးမှာ ကျန်ရစ်ခဲ့ပါတယ်။ သူတို့ထဲက ၃ ယောက်က  ဒီ တတိယ နာမကျန်းခန်းမဆောင် မှာ တစ်ချိန်က လူနာတွေ ဖြစ်ခဲ့ဖူးတယ်။"

မိုးလင်းသည်ထိ အသက်ရှင်သန်နိုင်ဖို့ ချန်ကော  ရုန်းကန်ခဲ့ရပြီး အနက်ရောင်ဖုန်းဖြင့် မစ်ရှင်အောင်မြင်မှု သတိပေးချက်ကို ရရှိပြီးနောက် ချန်ကောသည် စိတ်ကျန်းမာရေးဆေးရုံသို့ ရဲများနှင့်အတူ ထွက်ခွာခဲ့သည်။

***-*******

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now