Chapter (11) - မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?

1.7K 399 12
                                    

Chapter (11) – မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?

He San သတိေမ့သြားတဲ့ကိစၥက မွန္နဲ႔ပတ္သက္တယ္လို႔ၾကားေတာ့ Chen Ge ရဲ့ႏွလံုးက တစ္ခ်က္ခုန္သြားခဲ့သည္။ သူက မေန႔ညတုန္းက သူလုပ္ခဲ့တဲ့ game ကို သတိရလိုက္ၿပီး အ႐ုပ္ေလးက မွန္ထဲကအရာ လြတ္ထြက္လာမွာကို ဘယ္လိုတားဆီးေပးလိုက္သလဲဆိုတာ ျပန္ေတြးလိုက္မိသည္။

အခုျဖစ္ပ်က္တာကိုၾကည့္ၿပီး မွန္ထဲကေကာင္က ထြက္ခြာမသြားေသးဘဲ သရဲအိမ္ထဲကမွန္ထဲမွာ ပုန္းေနဆဲျဖစ္သည္။

"ေဘာ့စ္.. ဒီဟာက သရဲအိမ္ထဲမွာ ထပ္ထည့္လိုက္ေသးတာလား.. ကၽြန္မ ဘာေၾကာင့္ မသိရတာလဲ.."

Xu Wan က ဟိုဟိုသည္သည္ လွည့္ပတ္သြားေနလို႔ လူအုပ္ႀကီးက သူမကို အာ႐ံုစိုက္ေနၾကသည္။ Chen Ge ရဲ့အေနအထားက ေဘးက်ပ္နံက်ပ္အေနအထားကို ေရာက္ေနပံုရၿပီး သူက တကယ္ပဲ ဒီသရဲအိမ္ထဲမွာ သရဲရွိတာကို ဝန္မခံဘဲ ေရငံုႏႈတ္ပိတ္ေနတာလား။ ဒီအခ်က္သာ တကယ္ျဖစ္ခဲ့မယ္ဆိုရင္ သရဲအိမ္က အပိတ္ခံရ႐ံုတင္မကဘူး Chen Ge လည္း စိတၱဇေဆး႐ံုကို ပို႔ေဆာင္ခံရမွာျဖစ္သည္။

"မင္း ဒီလိုေျပာလိုက္တာက မေန႔ညက ငါတင္လိုက္တဲ့ ဗီြဒီယိုအတိုေလးနဲ႔ ပတ္သက္တယ္လို႔ ငါထင္တယ္.. ငါက ကၽြမ္းက်င္သူရဲ့ လမ္းညႊန္ခ်က္မပါဘဲ ဂိမ္းကစားဖို႔ မညႊန္းမိပါဘူး.."

Chen Ge က He San ရဲ့ပုခံုးကို အသာပုတ္လိုက္သည္။

"တကယ္လို႔ ခင္ဗ်ားတို႔က ကၽြန္ေတာ့္အႀကံေပးခ်က္ကို လက္မခံဘဲ လုပ္ၾကမယ္ဆိုရင္ ဒီလူငယ္ေလးလို ျဖစ္သြားၾကလိမ့္မယ္.. ေကာင္းပါၿပီ.. ဘယ္သူ သရဲအိမ္ထဲ ဝင္ေရာက္ေလ့လာခ်င္ၾကေသးလဲ ခင္ဗ်ာ.. စိတ္မပူၾကပါနဲ႔.. သရဲအိမ္ထဲမွာ မေတာ္တဆမႈမျဖစ္ေအာင္ ေသခ်ာထိန္းခ်ဳပ္ထားပါတယ္.. ဒါက ပိုစိတ္ဝင္စားစရာေကာင္းတယ္မလား.."

"ငါ့ဖင္ႀကီးပဲ စိတ္ဝင္စားလိုက္.. လူတစ္ေယာက္လံုး သတိလစ္သြားတယ္ေလ.. ငါတို႔က ဘာေၾကာင့္ အသက္ကို ေလာင္းေၾကးထပ္ၿပီး သရဲအိမ္ထဲ သြားေလ့လာရမွာလဲ.."

"သူေျပာတာမွန္တယ္.. မင္းသာ ညသန္းေခါင္ႀကီး ေၾကာက္စရာဗီြဒီယိုနဲ႔ ပို႔စ္သာမတင္လိုက္ရင္ ငါ့ဖုန္းလည္း က်ကြဲမွာမဟုတ္ဘူး.."

Chen Ge က သရဲအိမ္ဝင္ၾကည့္ဖို႔ ဖိတ္ေခၚလိုက္တာနဲ႔ လူစုလူေဝးႀကီးက တြန္႔ၿပီး ေနာက္ကိုဆုတ္သြားၾကသည္။ Chen Ge က စိတ္ပ်က္စြာရယ္ေမာကာ ေျပာလိုက္သည္။

"ဘာေၾကာင့္ ခင္ဗ်ားတို႔က ဒီလုိျဖစ္ေနရတာလဲ.. ကၽြန္ေတာ့္သရဲအိမ္က တကယ္ေၾကာက္စရာမေကာင္းပါဘူး.."

"အစ္ကို.. မႈခင္းေဆးေက်ာင္းသားႏွစ္ေယာက္ သရဲအိမ္ထဲသြားၿပီး တစ္ေယာက္က မ်က္ရည္ေတြက်လို႔၊ က်န္တစ္ေယာက္က သတိလစ္ၿပီး အျပင္ထြက္လာတာေတာင္ အစ္ကို႔သရဲအိမ္က ေၾကာက္စရာမေကာင္းဘူးလို႔ ေျပာေနေသးတာလား.. အစ္ကို ဘယ္သူ႔ကို လိမ္ခ်င္ေနတာလဲ.. ဘာေၾကာင့္ မ်က္ေတာင္မခတ္တမ္း လိမ္ႏိုင္ရတာလဲ.."

"ဒါမွန္တယ္.. ဒါက ကိုယ္က်င့္တရား မရွိတာပဲ.."

ဒီလိုမွတ္ခ်က္ေပါင္းစံုနဲ႔ Chen Ge ကို ဝိုင္းေျပာဆိုၾကေတာ့သည္။ အစကေတာ့ ဒီသရဲအိမ္က ေၾကာက္စရာမေကာင္းလို႔ ပ်င္းစရာေကာင္းတယ္ဆိုၿပီး ဘယ္သူမွ ဝင္မၾကည့္ခ်င္ၾကဘူး။ အခုက်ေတာ့ ေၾကာက္စရာေကာင္းတယ္ဆိုၿပီး ဝင္မၾကည့္ရဲၾကျပန္ဘူး။ ဒီဟာက သူျဖစ္ခ်င္တာထက္ ပိုသြားျပန္သည္။

"ဒါေပမယ့္ ခင္ဗ်ားတို႔အားလံုးက တိုင္းျပည္တစ္ဝွမ္းက လာခဲ့ၾကၿပီး ခုလိုမ်ိဳး သရဲအိမ္အေပါက္ဝေလးမွာပဲ ရပ္ၾကည့္ၿပီး ျပန္ၾကေတာ့မလို႔လား.. စိတ္လႈပ္ရွားမႈေၾကာင့္ျဖစ္တဲ့ ဖိအားကို ခင္ဗ်ားတို႔ ေလ့က်င့္ခြင့္ရမယ္ေလဗ်ာ.. ႀကံဳေတာင့္ႀကံဳခဲ ေျခာက္လွန္႔မႈျပကြက္က ဒီမွာရွိေနတယ္.. ဒီဟာက ခင္ဗ်ားတို႔ႏွလံုးခုန္ႏႈန္းကို ျမန္ေစၿပီး ေသြးလွည့္ပတ္မႈကို ပိုေကာင္းေစလိမ့္မယ္.."

"တကယ္လို႔ ခင္ဗ်ားက ကၽြန္ေတာ့္ကို ပိုက္ဆံေပးရင္ေတာင္ အထဲကို လံုးဝမဝင္ႏိုင္ဘူး.. ေသြးလွည့္ပတ္မႈ ပိုေကာင္းေစတယ္ ဟုတ္လား.. ခင္ဗ်ားသရဲအိမ္က ကင္ဆာေရာဂါေတာင္ ေပ်ာက္ေစတယ္လို႔သာ ေျပာလိုက္ပါေတာ့လား.."

ဖုန္းကြဲသြားတဲ့လူက လွည့္ထြက္မသြားခင္ ေျပာလိုက္သည္။

ဒါေပမယ့္ သူ႔ေဘးက သက္လတ္ပိုင္းဦးေလးႀကီးက ႐ုတ္တရက္ ထရပ္ၿပီး အသံျမႇင့္ေျပာလိုက္သည္။

"ေဘာ့စ္.. ကၽြန္ေတာ့္ကို လက္မွတ္တစ္ေစာင္ ေပးပါ.."

သူ႔ေလသံက ေသခ်ာစဥ္းစား ဆံုးျဖတ္ၿပီးဟန္ျဖင့္ ခိုင္မာမႈရွိသည္။

"Fuck.. တကယ့္ ထိတ္လန္႔ေျခာက္ျခားစရာ အေတြ႕အႀကံဳ လိုခ်င္တဲ့လူက ေနရာတိုင္းမွာရွိတာပဲ.."

"ဦးေလး.. အေလာတႀကီးမလုပ္ပါနဲ႔.. တျခားသရဲအိမ္က ဦးေလးရဲ့ပိုက္ဆံကိုပဲ ယူမွာ.. ဒီသရဲအိမ္က ဦးေလးရဲ့အသက္ကို ယူသြားလိမ့္မယ္.."

"ဦးေလးရဲ့ ရဲစြမ္းသတၱိက ကၽြန္ေတာ့္ကို အထင္ႀကီးေလးစားလာေစတယ္ဗ်ာ.. သြားသာသြားပါ.. ဦးေလးရဲ့မိန္းမနဲ႔ သမီးကို စိတ္မပူပါနဲ႔.. ကၽြန္ေတာ္ ဆက္ၿပီး ေစာင့္ေရွာက္လိုက္ပါ့မယ္.."

ဦးေလးႀကီးက ထိပ္ေျပာင္ေျပာင္ႏွင့္ အသက္ေလးဆယ္ ရွိေနၿပီျဖစ္သည္။ သူက လူအုပ္ႀကီးထဲက တိုးထြက္ၿပီး Chen Ge ကို 10 Dollor တန္လွမ္းေပးကာ ေျပာလိုက္သည္။

"လက္မွတ္တစ္ေစာင္ ေပးပါ.."

"ခင္ဗ်ားတစ္ေယာက္တည္း ဝင္မလို႔လား.."

Chen Ge ေတာင္ ဒီသက္လတ္ပိုင္းဦးေလးႀကီး၏ သတၱိကို ေလးစားသြားသည္။ အေစာပိုင္းဝင္သြားသူေတြ ဘယ္လိုျဖစ္သြားသလဲဆိုတာ သူသိတာေတာင္ ဒီလိုလုပ္ဝ့ံေသးသည္။

ပိုက္ဆံယူၿပီးေနာက္ Chen Ge က ဦးေလးႀကီးကို လက္မွတ္လွမ္းေပးၿပီးေနာက္ ညႊန္ၾကားခ်က္ေျပာလိုက္သည္။ ဦးေလးႀကီးက လက္မွတ္လွမ္းယူကာ သရဲအိမ္ဝင္ေပါက္မွတစ္ဆင့္ ညႊန္ၾကားတဲ့လမ္းေၾကာင္းအတိုင္း အထဲကို ဝင္သြားေတာ့သည္။

"ဦးေလး.. တံခါးက ညာဘက္လမ္း..."

"ငါသိတယ္.."

ဦးေလးႀကီးက သရဲအိမ္အေဆာက္အဦး တစ္ခုလံုးပါေအာင္ ကင္မရာကိုခ်ိန္ၿပီး သူ႔ပံုႏွစ္ပံုေလာက္႐ိုက္ကာ သူ႔ Facebook account မွာ ပို႔စ္တင္လိုက္ၿပီး ေအာက္ပါအတိုင္း ေရးသားလိုက္သည္။

"ဒီေန႔ ရာသီဥတုက အေကာင္းဆံုးပဲ.. ကၽြန္ေတာ္က Jiu Jiung ၿမိဳ႕အေနာက္ပိုင္းက သရဲအိမ္ကို သူမ်ားညႊန္းလို႔ လာလည္ခဲ့တယ္.. ဒီသရဲအိမ္ကိုဝင္ၾကည့္မိခ်ိန္ ကၽြန္ေတာ္ အရမ္းေၾကာက္လန္႔ခဲ့ရတယ္.. တကယ္ေၾကာက္စရာေကာင္းတယ္ဆိုတာ ေထာက္ခံလိုက္ပါတယ္.."

ၾကည့္ေနၾကတဲ့လူအုပ္ႀကီးက သူတို႔နဖူးသူတို႔ ျပန္႐ိုက္မိၾကေတာ့သည္။ ခင္ဗ်ားက အေပါက္ဝနားမွာ မိနစ္ ၂၀ ၾကာေအာင္ေနၿပီးမွ လက္မွတ္ေလးတစ္ေစာင္ ဝယ္လိုက္႐ံုနဲ႔ သရဲအိမ္ထဲ ဝင္ေလ့လာတယ္လို႔ ေျပာေနတာလား..?

ဦးေလးႀကီးက လူအုပ္ႀကီး ဘာမွမေျပာရေသးခင္မွာပဲ Social Media ကေန Like ေတြနဲ႔ Comment ေတြ မ်ားစြာရၿပီး reply ျပန္တာနဲ႔ ႐ႈပ္လို႔ေနေတာ့သည္။

HR ဌာနက Xiao Li က မွတ္ခ်က္ေရးခဲ့သည္။

"အစ္ကို Zhang.. ခင္ဗ်ားက ပံုမွန္ဆိုရင္ ၾကြက္တစ္ေကာင္ကိုေတာင္ ေၾကာက္တတ္တဲ့ဟာ.. ဒါေတာင္ သရဲအိမ္ထဲ ဝင္ေလ့လာတာလား.. ဒါမွ တကယ့္လူဗ်.. တကယ္ေကာင္းတယ္.."

"တကယ္လို႔ ကို Zhang ေတာင္ ဝင္ရဲတယ္ဆိုရင္ ဒီသရဲအိမ္က လံုးဝကို ေၾကာက္စရာမေကာင္းဘူးဆိုတဲ့ အဓိပၸါယ္ပဲ.."

Wang Da Yu က ေအာက္မွာ မွတ္ခ်က္ေပးလိုက္သည္။

"ညစာက်က္ၿပီ.. ခဏေန အိမ္ျပန္လာေတာ့.."

'Zhang ရဲ့ကေတာ္' က အေၾကာင္းအရာနဲ႔ မသက္ဆိုင္တာကို ေအာက္မွာ မွတ္ခ်က္ေရးလိုက္သည္။

'အဖိုးတန္တဲ့သမီးေလး Wang Jing' က ရယ္ေမာၿပီး မွတ္ခ်က္ေရးလိုက္သည္။

"LOL.. အေဖ.. အေဖဘယ္ေလာက္ သတၱိရွိတယ္ဆိုတာ ကၽြန္မတို႔အသိဆံုးပါ.. မျဖစ္ႏိုင္တာေတြ ဇြတ္မလုပ္ပါနဲ႔ေတာ့.."

ထိပ္ေျပာင္ဦးေလးႀကီးက ဒီမွတ္ခ်က္ေတြကို စိတ္ထဲမထည့္ဘဲ မေကာင္းဆိုးဝါးအၿပံဳးနွင့္ ေျဖလိုက္သည္။

"ဒီေနရာကို လြတ္လြတ္လပ္လပ္ လာခံစားၾကည့္လို႔ရပါတယ္.. မင္းတို႔က ငါ့ထက္ သတၱိပိုရွိပါတယ္လို႔ ေျပာဆိုေနၾကေပမယ့္ မင္းတို႔ထဲကတစ္ေယာက္မွ ဒီေနရာကိုလာၿပီး စိန္မေခၚရဲၾကပါဘူးကြ.. ဟုတ္တယ္မလား.."

ဒီလုပ္ရပ္က လူအုပ္ႀကီးကို အံ့အားသင့္သြားၾကေစသည္။

"ဦးေလး.. ခင္ဗ်ားက တကယ့္ကို ပါးနပ္တာပဲ.. ခင္ဗ်ားက အသည္းငယ္တတ္တဲ့လူ မဟုတ္ဘူးဆိုတာ သက္ေသျပဖုိ႔ ခင္ဗ်ားရဲ့ဇနီးနဲ႔ သမီးကိုေတာင္ ဒီကိစၥထဲ ဆြဲသြင္းလိုက္ေသးတယ္.."

ဖုန္းက်ကြဲသြားတဲ့လူက ဦးေလးႀကီးရဲ့ေဘးမွာရွိေနလို႔ ဒီလိုမွတ္ခ်က္ေရးသားေနတဲ့ ျဖစ္စဥ္တစ္ခုလံုးကို သိျမင္လိုက္ရသည္။ သူက Chen Ge ဆီေျပးသြားၿပီး ေတာင္းဆိုလိုက္သည္။

"ကၽြန္ေတာ့္ကိုလည္း လက္မွတ္တစ္ေစာင္ေပးပါ.."

Chen Ge က ဒီလိုျဖစ္ပ်က္သြားတာေတြကို ရွင္းမျပတတ္ေတာ့ဘူး။ သူက စီးပြားေရးလုပ္ေနတာျဖစ္လို႔ သူ႔ဧည့္သည္ေတြ လက္မွတ္ဝယ္တာကို မေရာင္းဘူးလို႔ ေျပာလို႔မရဘူး။ သူက ဖုန္းကြဲသြားတဲ့လူငယ္ေလးက သရဲအိမ္ေရွ႕မွာ ဓာတ္ပံု႐ိုက္ၿပီး Instagram မွာတင္လိုက္ၿပီး ေခါင္းစဥ္က 'ဘုရားေရ.. ကၽြန္ေတာ္ ဘာေတြလုပ္ေနမိတာလဲ.. ကၽြန္ေတာ္က ေၾကာက္တတ္လို႔ ဘယ္သူေတြ ကၽြန္ေတာ္နဲ႔အတူလက္တြဲၿပီး သရဲအိမ္ challenge ကို ရင္ဆိုင္ရဲၾကမလဲ..' လို႔ေရးလိုက္သည္။

သူ႔ပံုေအာက္က comment ေတြကိုဖတ္ၿပီး လူငယ္ေလးရဲ့မ်က္ႏွာေပၚမွာ မေကာင္းဆိုးဝါးအၿပံဳး ေပၚလာခဲ့သည္။

"ကၽြန္ေတာ့္ကိုလည္း လက္မွတ္တစ္ေစာင္ေပးပါ.."

"ကၽြန္ေတာ့္ကိုေရာ တစ္ေစာင္.."

"50% discount လို႔ ခင္ဗ်ားေျပာထားတယ္မလား.. ဒါဆို လက္မွတ္ႏွစ္ေစာင္ေပးပါ.."

သရဲအိမ္ထဲဝင္တဲ့ ဧည့္သည္တစ္ေယာက္မွ မရွိေပမယ့္ Chen Ge ရဲ့လက္ထဲက လက္မွတ္က ခ်က္ခ်င္းပင္ တစ္ဝက္ကုန္သြားေတာ့သည္။ လူအုပ္ႀကီး တျဖည္းျဖည္းကြဲသြားေတာ့မွ Chen Ge က ေပ်ာ္ရႊင္စြာနဲ႔ ဝင္ေငြကို ေရတြက္ၾကည့္လိုက္သည္။
"ေဘာ့စ္.. ဒီမနက္ခင္းေလးမွာ ေရာင္းလိုက္ရတဲ့လက္မွတ္က ကၽြန္မတို႔ တစ္လလံုးေရာင္းရတဲ့ လက္မွတ္ထက္ေတာင္ မ်ားေနၿပီ.."

Xu Wan က Chen Ge နားမွာထိုင္ၿပီး စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။ သူမရဲ့မ်က္လံုးထဲက ဝမ္းသာရိပ္က ဖံုးမႏိုင္ဖိမရ လွ်ံက်လို႔ေနသည္။

"ဒီကေန႔ ငါတို႔ ကံေကာင္းသြား႐ံုပါ.. ဒီလိုအၿမဲ ဧည့္သည္ဝင္လာႏိုင္ဖို႔ ငါတို႔သရဲအိမ္ရဲ့ အေၾကာင္းအရာကို အရင္ဆံုး တိုးျမႇင့္ရမယ္.."

Chen Ge က ေငြေတြကို အိတ္ထဲအရင္ထည့္လိုက္ၿပီး သရဲအိမ္ထဲကို လွည့္ၾကည့္လိုက္သည္။ ဒီကေန႔ရဲ့ သားေကာင္ျဖစ္သြားတဲ့ Gao Ru Xue နဲ႔ He San တို႔ရဲ့ပံုရိပ္က သူ႔မ်က္လံုးထဲမွ မထြက္ေသးေပ။

"ခင္ဗ်ားတို႔ႏွစ္ေယာက္ သက္သာရဲ့လား.."

Chen Ge က သူတို႔ကို သဘာဝေသာက္ေရသန္႔ပုလင္းကို ကမ္းေပးၿပီး ေျပာလိုက္သည္။ ဒီေန႔ေရာင္းေကာင္းသြားရတာက သူတို႔ႏွစ္ေယာက္ ရွိေနေသာေၾကာင့္ျဖစ္သည္။

"ဟုတ္ကဲ့.. ေက်းဇူးတင္ပါတယ္.. ဒီေန႔ ျပႆနာျဖစ္ေအာင္ လုပ္မိလို႔ ေတာင္းပန္ပါတယ္ဗ်ာ.."

He San က ေလွကားထစ္ေတြမွာထိုင္ၿပီး အမွတ္တမဲ့ ေျပာလိုက္သည္။ သူ႔ေဘးမွာ မ်က္ႏွာအေရာင္ ပံုမွန္မျဖစ္ေသးတဲ့ Gao Ru Xue က ထိုင္ေနၿပီး သူမက Chen Ge နဲ႔ Xu Wan ကိုၾကည့္ၿပီး ေမးလိုက္သည္။

"ကၽြန္မမွာ ေမးစရာ၂ခုရွိတယ္.. ေမးလို႔ရႏိုင္မလား.."

"ရပါတယ္.."

Chen Ge က ေခါင္းညိတ္ကာ တည္ၿငိမ္စြာ ေျပာလိုက္သည္။

"ပထမ.. အေနာက္ဘက္အိမ္ထဲက မွန္ထဲမွာ ကၽြန္မ မိန္းကေလးတစ္ေယာက္ပံုကို ေတြ႕လိုက္ရတယ္.. သူမက ဘယ္လိုလုပ္ၿပီး ႐ုတ္တရက္ ကၽြန္မေနာက္ေက်ာကို ေရာက္လာတာလဲ.."

Gao Ru Xue က သူမကို ေၾကာက္လန္႔တၾကား ငိုေၾကြးေအာင္လုပ္ခဲ့တဲ့ ျဖစ္ရပ္ရဲ့ အမွန္တရားကို သိခ်င္ေနသည္။

"မင္းက အဲ့ဒီမွန္ကို ပံုမွန္ပဲထင္ထားေပမယ့္ တကယ္ေတာ့ ဒီမွန္ေတြက ႀတိဂံပံုစံ သံုးဖက္ျမင္ရတဲ့မွန္ေတြပါ.. အျခားမ်က္ႏွာျပင္ႏွစ္ခုကို နံရံထဲမွာ ဝွက္ထားၿပီး နည္းနည္းတြန္းလိုက္တာနဲ႔ ေရႊ႕လို႔ရတယ္.. ဒီတေစၦသတို႔သမီး ေျခာက္လွန္႔တဲ့အခန္းရဲ့ ထြက္ေပါက္က မွန္ရဲ့အေနာက္ဘက္မွာရွိတယ္.. မွန္ထဲမွာျမင္ခဲ့ရတဲ့ အမ်ိဳးသမီးက မွန္ရဲ့မ်က္ႏွာျပင္တစ္ဖက္မွာ ကပ္ထားတဲ့ပံုျဖစ္တယ္.. အလင္းေရာင္ကို လိုသလိုကစားၿပီး တစ္ဖက္မွန္ကထင္ဟပ္ေနတဲ့ ပံုရိပ္ေတြေပါင္းၿပီး မင္းကို ထင္ေယာင္ထင္မွားျဖစ္ေအာင္ လုပ္လိုက္ၿပီး တကယ့္လူကို ေတြ႕လိုက္တယ္လို႔ ထင္သြားတာပါ.. Xu Wan က တကယ္ေတာ့ မွန္ေနာက္မွာ ပုန္းေနခဲ့တာပါ.. မင္းၾကားခဲ့တဲ့ေျခသံေတြက အသံသြင္းထားတဲ့ အသံေတြပါ.."

Gao Ru Xue က Chen Ge ရွင္းျပတာကိုၾကားေတာ့ ေခါင္းညိတ္လိုက္သည္။

"ေကာင္းၿပီ.. ေနာက္ထပ္ေမးခြန္းတစ္ခုက..."

သူမက Xu Wan ကို လက္ညိႈးညႊန္ျပလိုက္သည္။

"ဒီမိန္းကေလးက သက္ရွိလူသားပါ.. ဒါေပမယ့္ ဘာေၾကာင့္ ကၽြန္မက သူ႔ကိုၾကည့္လိုက္ေတာ့ လူေသကိုၾကည့္ေနရသလို ခံစားေနရတာလဲ.."

======================

Chapter (11) – မင်း ညမှာ ဘယ်လိုအိပ်ပျော်နိုင်တာလဲ..?

He San သတိမေ့သွားတဲ့ကိစ္စက မှန်နဲ့ပတ်သက်တယ်လို့ကြားတော့ Chen Ge ရဲ့နှလုံးက တစ်ချက်ခုန်သွားခဲ့သည်။ သူက မနေ့ညတုန်းက သူလုပ်ခဲ့တဲ့ game ကို သတိရလိုက်ပြီး အရုပ်လေးက မှန်ထဲကအရာ လွတ်ထွက်လာမှာကို ဘယ်လိုတားဆီးပေးလိုက်သလဲဆိုတာ ပြန်တွေးလိုက်မိသည်။

အခုဖြစ်ပျက်တာကိုကြည့်ပြီး မှန်ထဲကကောင်က ထွက်ခွာမသွားသေးဘဲ သရဲအိမ်ထဲကမှန်ထဲမှာ ပုန်းနေဆဲဖြစ်သည်။

"ဘော့စ်.. ဒီဟာက သရဲအိမ်ထဲမှာ ထပ်ထည့်လိုက်သေးတာလား.. ကျွန်မ ဘာကြောင့် မသိရတာလဲ.."

Xu Wan က ဟိုဟိုသည်သည် လှည့်ပတ်သွားနေလို့ လူအုပ်ကြီးက သူမကို အာရုံစိုက်နေကြသည်။ Chen Ge ရဲ့အနေအထားက ဘေးကျပ်နံကျပ်အနေအထားကို ရောက်နေပုံရပြီး သူက တကယ်ပဲ ဒီသရဲအိမ်ထဲမှာ သရဲရှိတာကို ဝန်မခံဘဲ ရေငုံနှုတ်ပိတ်နေတာလား။ ဒီအချက်သာ တကယ်ဖြစ်ခဲ့မယ်ဆိုရင် သရဲအိမ်က အပိတ်ခံရရုံတင်မကဘူး Chen Ge လည်း စိတ္တဇဆေးရုံကို ပို့ဆောင်ခံရမှာဖြစ်သည်။

"မင်း ဒီလိုပြောလိုက်တာက မနေ့ညက ငါတင်လိုက်တဲ့ ဗွီဒီယိုအတိုလေးနဲ့ ပတ်သက်တယ်လို့ ငါထင်တယ်.. ငါက ကျွမ်းကျင်သူရဲ့ လမ်းညွှန်ချက်မပါဘဲ ဂိမ်းကစားဖို့ မညွှန်းမိပါဘူး.."

Chen Ge က He San ရဲ့ပုခုံးကို အသာပုတ်လိုက်သည်။

"တကယ်လို့ ခင်ဗျားတို့က ကျွန်တော့်အကြံပေးချက်ကို လက်မခံဘဲ လုပ်ကြမယ်ဆိုရင် ဒီလူငယ်လေးလို ဖြစ်သွားကြလိမ့်မယ်.. ကောင်းပါပြီ.. ဘယ်သူ သရဲအိမ်ထဲ ဝင်ရောက်လေ့လာချင်ကြသေးလဲ ခင်ဗျာ.. စိတ်မပူကြပါနဲ့.. သရဲအိမ်ထဲမှာ မတော်တဆမှုမဖြစ်အောင် သေချာထိန်းချုပ်ထားပါတယ်.. ဒါက ပိုစိတ်ဝင်စားစရာကောင်းတယ်မလား.."

"ငါ့ဖင်ကြီးပဲ စိတ်ဝင်စားလိုက်.. လူတစ်ယောက်လုံး သတိလစ်သွားတယ်လေ.. ငါတို့က ဘာကြောင့် အသက်ကို လောင်းကြေးထပ်ပြီး သရဲအိမ်ထဲ သွားလေ့လာရမှာလဲ.."

"သူပြောတာမှန်တယ်.. မင်းသာ ညသန်းခေါင်ကြီး ကြောက်စရာဗွီဒီယိုနဲ့ ပို့စ်သာမတင်လိုက်ရင် ငါ့ဖုန်းလည်း ကျကွဲမှာမဟုတ်ဘူး.."

Chen Ge က သရဲအိမ်ဝင်ကြည့်ဖို့ ဖိတ်ခေါ်လိုက်တာနဲ့ လူစုလူဝေးကြီးက တွန့်ပြီး နောက်ကိုဆုတ်သွားကြသည်။ Chen Ge က စိတ်ပျက်စွာရယ်မောကာ ပြောလိုက်သည်။

"ဘာကြောင့် ခင်ဗျားတို့က ဒီလိုဖြစ်နေရတာလဲ.. ကျွန်တော့်သရဲအိမ်က တကယ်ကြောက်စရာမကောင်းပါဘူး.."

"အစ်ကို.. မှုခင်းဆေးကျောင်းသားနှစ်ယောက် သရဲအိမ်ထဲသွားပြီး တစ်ယောက်က မျက်ရည်တွေကျလို့၊ ကျန်တစ်ယောက်က သတိလစ်ပြီး အပြင်ထွက်လာတာတောင် အစ်ကို့သရဲအိမ်က ကြောက်စရာမကောင်းဘူးလို့ ပြောနေသေးတာလား.. အစ်ကို ဘယ်သူ့ကို လိမ်ချင်နေတာလဲ.. ဘာကြောင့် မျက်တောင်မခတ်တမ်း လိမ်နိုင်ရတာလဲ.."

"ဒါမှန်တယ်.. ဒါက ကိုယ်ကျင့်တရား မရှိတာပဲ.."

ဒီလိုမှတ်ချက်ပေါင်းစုံနဲ့ Chen Ge ကို ဝိုင်းပြောဆိုကြတော့သည်။ အစကတော့ ဒီသရဲအိမ်က ကြောက်စရာမကောင်းလို့ ပျင်းစရာကောင်းတယ်ဆိုပြီး ဘယ်သူမှ ဝင်မကြည့်ချင်ကြဘူး။ အခုကျတော့ ကြောက်စရာကောင်းတယ်ဆိုပြီး ဝင်မကြည့်ရဲကြပြန်ဘူး။ ဒီဟာက သူဖြစ်ချင်တာထက် ပိုသွားပြန်သည်။

"ဒါပေမယ့် ခင်ဗျားတို့အားလုံးက တိုင်းပြည်တစ်ဝှမ်းက လာခဲ့ကြပြီး ခုလိုမျိုး သရဲအိမ်အပေါက်ဝလေးမှာပဲ ရပ်ကြည့်ပြီး ပြန်ကြတော့မလို့လား.. စိတ်လှုပ်ရှားမှုကြောင့်ဖြစ်တဲ့ ဖိအားကို ခင်ဗျားတို့ လေ့ကျင့်ခွင့်ရမယ်လေဗျာ.. ကြုံတောင့်ကြုံခဲ ခြောက်လှန့်မှုပြကွက်က ဒီမှာရှိနေတယ်.. ဒီဟာက ခင်ဗျားတို့နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးလှည့်ပတ်မှုကို ပိုကောင်းစေလိမ့်မယ်.."

"တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို ပိုက်ဆံပေးရင်တောင် အထဲကို လုံးဝမဝင်နိုင်ဘူး.. သွေးလှည့်ပတ်မှု ပိုကောင်းစေတယ် ဟုတ်လား.. ခင်ဗျားသရဲအိမ်က ကင်ဆာရောဂါတောင် ပျောက်စေတယ်လို့သာ ပြောလိုက်ပါတော့လား.."

ဖုန်းကွဲသွားတဲ့လူက လှည့်ထွက်မသွားခင် ပြောလိုက်သည်။

ဒါပေမယ့် သူ့ဘေးက သက်လတ်ပိုင်းဦးလေးကြီးက ရုတ်တရက် ထရပ်ပြီး အသံမြှင့်ပြောလိုက်သည်။

"ဘော့စ်.. ကျွန်တော့်ကို လက်မှတ်တစ်စောင် ပေးပါ.."

သူ့လေသံက သေချာစဉ်းစား ဆုံးဖြတ်ပြီးဟန်ဖြင့် ခိုင်မာမှုရှိသည်။

"Fuck.. တကယ့် ထိတ်လန့်ခြောက်ခြားစရာ အတွေ့အကြုံ လိုချင်တဲ့လူက နေရာတိုင်းမှာရှိတာပဲ.."

"ဦးလေး.. အလောတကြီးမလုပ်ပါနဲ့.. တခြားသရဲအိမ်က ဦးလေးရဲ့ပိုက်ဆံကိုပဲ ယူမှာ.. ဒီသရဲအိမ်က ဦးလေးရဲ့အသက်ကို ယူသွားလိမ့်မယ်.."

"ဦးလေးရဲ့ ရဲစွမ်းသတ္တိက ကျွန်တော့်ကို အထင်ကြီးလေးစားလာစေတယ်ဗျာ.. သွားသာသွားပါ.. ဦးလေးရဲ့မိန်းမနဲ့ သမီးကို စိတ်မပူပါနဲ့.. ကျွန်တော် ဆက်ပြီး စောင့်ရှောက်လိုက်ပါ့မယ်.."

ဦးလေးကြီးက ထိပ်ပြောင်ပြောင်နှင့် အသက်လေးဆယ် ရှိနေပြီဖြစ်သည်။ သူက လူအုပ်ကြီးထဲက တိုးထွက်ပြီး Chen Ge ကို 10 Dollor တန်လှမ်းပေးကာ ပြောလိုက်သည်။

"လက်မှတ်တစ်စောင် ပေးပါ.."

"ခင်ဗျားတစ်ယောက်တည်း ဝင်မလို့လား.."

Chen Ge တောင် ဒီသက်လတ်ပိုင်းဦးလေးကြီး၏ သတ္တိကို လေးစားသွားသည်။ အစောပိုင်းဝင်သွားသူတွေ ဘယ်လိုဖြစ်သွားသလဲဆိုတာ သူသိတာတောင် ဒီလိုလုပ်ဝံ့သေးသည်။

ပိုက်ဆံယူပြီးနောက် Chen Ge က ဦးလေးကြီးကို လက်မှတ်လှမ်းပေးပြီးနောက် ညွှန်ကြားချက်ပြောလိုက်သည်။ ဦးလေးကြီးက လက်မှတ်လှမ်းယူကာ သရဲအိမ်ဝင်ပေါက်မှတစ်ဆင့် ညွှန်ကြားတဲ့လမ်းကြောင်းအတိုင်း အထဲကို ဝင်သွားတော့သည်။

"ဦးလေး.. တံခါးက ညာဘက်လမ်း..."

"ငါသိတယ်.."

ဦးလေးကြီးက သရဲအိမ်အဆောက်အဦး တစ်ခုလုံးပါအောင် ကင်မရာကိုချိန်ပြီး သူ့ပုံနှစ်ပုံလောက်ရိုက်ကာ သူ့ Facebook account မှာ ပို့စ်တင်လိုက်ပြီး အောက်ပါအတိုင်း ရေးသားလိုက်သည်။

"ဒီနေ့ ရာသီဥတုက အကောင်းဆုံးပဲ.. ကျွန်တော်က Jiu Jiung မြို့အနောက်ပိုင်းက သရဲအိမ်ကို သူများညွှန်းလို့ လာလည်ခဲ့တယ်.. ဒီသရဲအိမ်ကိုဝင်ကြည့်မိချိန် ကျွန်တော် အရမ်းကြောက်လန့်ခဲ့ရတယ်.. တကယ်ကြောက်စရာကောင်းတယ်ဆိုတာ ထောက်ခံလိုက်ပါတယ်.."

ကြည့်နေကြတဲ့လူအုပ်ကြီးက သူတို့နဖူးသူတို့ ပြန်ရိုက်မိကြတော့သည်။ ခင်ဗျားက အပေါက်ဝနားမှာ မိနစ် ၂၀ ကြာအောင်နေပြီးမှ လက်မှတ်လေးတစ်စောင် ဝယ်လိုက်ရုံနဲ့ သရဲအိမ်ထဲ ဝင်လေ့လာတယ်လို့ ပြောနေတာလား..?

ဦးလေးကြီးက လူအုပ်ကြီး ဘာမှမပြောရသေးခင်မှာပဲ Social Media ကနေ Like တွေနဲ့ Comment တွေ များစွာရပြီး reply ပြန်တာနဲ့ ရှုပ်လို့နေတော့သည်။

HR ဌာနက Xiao Li က မှတ်ချက်ရေးခဲ့သည်။

"အစ်ကို Zhang.. ခင်ဗျားက ပုံမှန်ဆိုရင် ကြွက်တစ်ကောင်ကိုတောင် ကြောက်တတ်တဲ့ဟာ.. ဒါတောင် သရဲအိမ်ထဲ ဝင်လေ့လာတာလား.. ဒါမှ တကယ့်လူဗျ.. တကယ်ကောင်းတယ်.."

"တကယ်လို့ ကို Zhang တောင် ဝင်ရဲတယ်ဆိုရင် ဒီသရဲအိမ်က လုံးဝကို ကြောက်စရာမကောင်းဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ.."

Wang Da Yu က အောက်မှာ မှတ်ချက်ပေးလိုက်သည်။

"ညစာကျက်ပြီ.. ခဏနေ အိမ်ပြန်လာတော့.."

'Zhang ရဲ့ကတော်' က အကြောင်းအရာနဲ့ မသက်ဆိုင်တာကို အောက်မှာ မှတ်ချက်ရေးလိုက်သည်။

'အဖိုးတန်တဲ့သမီးလေး Wang Jing' က ရယ်မောပြီး မှတ်ချက်ရေးလိုက်သည်။

"LOL.. အဖေ.. အဖေဘယ်လောက် သတ္တိရှိတယ်ဆိုတာ ကျွန်မတို့အသိဆုံးပါ.. မဖြစ်နိုင်တာတွေ ဇွတ်မလုပ်ပါနဲ့တော့.."

ထိပ်ပြောင်ဦးလေးကြီးက ဒီမှတ်ချက်တွေကို စိတ်ထဲမထည့်ဘဲ မကောင်းဆိုးဝါးအပြုံးနှင့် ဖြေလိုက်သည်။

"ဒီနေရာကို လွတ်လွတ်လပ်လပ် လာခံစားကြည့်လို့ရပါတယ်.. မင်းတို့က ငါ့ထက် သတ္တိပိုရှိပါတယ်လို့ ပြောဆိုနေကြပေမယ့် မင်းတို့ထဲကတစ်ယောက်မှ ဒီနေရာကိုလာပြီး စိန်မခေါ်ရဲကြပါဘူးကွ.. ဟုတ်တယ်မလား.."

ဒီလုပ်ရပ်က လူအုပ်ကြီးကို အံ့အားသင့်သွားကြစေသည်။

"ဦးလေး.. ခင်ဗျားက တကယ့်ကို ပါးနပ်တာပဲ.. ခင်ဗျားက အသည်းငယ်တတ်တဲ့လူ မဟုတ်ဘူးဆိုတာ သက်သေပြဖို့ ခင်ဗျားရဲ့ဇနီးနဲ့ သမီးကိုတောင် ဒီကိစ္စထဲ ဆွဲသွင်းလိုက်သေးတယ်.."

ဖုန်းကျကွဲသွားတဲ့လူက ဦးလေးကြီးရဲ့ဘေးမှာရှိနေလို့ ဒီလိုမှတ်ချက်ရေးသားနေတဲ့ ဖြစ်စဉ်တစ်ခုလုံးကို သိမြင်လိုက်ရသည်။ သူက Chen Ge ဆီပြေးသွားပြီး တောင်းဆိုလိုက်သည်။

"ကျွန်တော့်ကိုလည်း လက်မှတ်တစ်စောင်ပေးပါ.."

Chen Ge က ဒီလိုဖြစ်ပျက်သွားတာတွေကို ရှင်းမပြတတ်တော့ဘူး။ သူက စီးပွားရေးလုပ်နေတာဖြစ်လို့ သူ့ဧည့်သည်တွေ လက်မှတ်ဝယ်တာကို မရောင်းဘူးလို့ ပြောလို့မရဘူး။ သူက ဖုန်းကွဲသွားတဲ့လူငယ်လေးက သရဲအိမ်ရှေ့မှာ ဓာတ်ပုံရိုက်ပြီး Instagram မှာတင်လိုက်ပြီး ခေါင်းစဉ်က 'ဘုရားရေ.. ကျွန်တော် ဘာတွေလုပ်နေမိတာလဲ.. ကျွန်တော်က ကြောက်တတ်လို့ ဘယ်သူတွေ ကျွန်တော်နဲ့အတူလက်တွဲပြီး သရဲအိမ် challenge ကို ရင်ဆိုင်ရဲကြမလဲ..' လို့ရေးလိုက်သည်။

သူ့ပုံအောက်က comment တွေကိုဖတ်ပြီး လူငယ်လေးရဲ့မျက်နှာပေါ်မှာ မကောင်းဆိုးဝါးအပြုံး ပေါ်လာခဲ့သည်။

"ကျွန်တော့်ကိုလည်း လက်မှတ်တစ်စောင်ပေးပါ.."

"ကျွန်တော့်ကိုရော တစ်စောင်.."

"50% discount လို့ ခင်ဗျားပြောထားတယ်မလား.. ဒါဆို လက်မှတ်နှစ်စောင်ပေးပါ.."

သရဲအိမ်ထဲဝင်တဲ့ ဧည့်သည်တစ်ယောက်မှ မရှိပေမယ့် Chen Ge ရဲ့လက်ထဲက လက်မှတ်က ချက်ချင်းပင် တစ်ဝက်ကုန်သွားတော့သည်။ လူအုပ်ကြီး တဖြည်းဖြည်းကွဲသွားတော့မှ Chen Ge က ပျော်ရွှင်စွာနဲ့ ဝင်ငွေကို ရေတွက်ကြည့်လိုက်သည်။
"ဘော့စ်.. ဒီမနက်ခင်းလေးမှာ ရောင်းလိုက်ရတဲ့လက်မှတ်က ကျွန်မတို့ တစ်လလုံးရောင်းရတဲ့ လက်မှတ်ထက်တောင် များနေပြီ.."

Xu Wan က Chen Ge နားမှာထိုင်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူမရဲ့မျက်လုံးထဲက ဝမ်းသာရိပ်က ဖုံးမနိုင်ဖိမရ လျှံကျလို့နေသည်။

"ဒီကနေ့ ငါတို့ ကံကောင်းသွားရုံပါ.. ဒီလိုအမြဲ ဧည့်သည်ဝင်လာနိုင်ဖို့ ငါတို့သရဲအိမ်ရဲ့ အကြောင်းအရာကို အရင်ဆုံး တိုးမြှင့်ရမယ်.."

Chen Ge က ငွေတွေကို အိတ်ထဲအရင်ထည့်လိုက်ပြီး သရဲအိမ်ထဲကို လှည့်ကြည့်လိုက်သည်။ ဒီကနေ့ရဲ့ သားကောင်ဖြစ်သွားတဲ့ Gao Ru Xue နဲ့ He San တို့ရဲ့ပုံရိပ်က သူ့မျက်လုံးထဲမှ မထွက်သေးပေ။

"ခင်ဗျားတို့နှစ်ယောက် သက်သာရဲ့လား.."

Chen Ge က သူတို့ကို သဘာဝသောက်ရေသန့်ပုလင်းကို ကမ်းပေးပြီး ပြောလိုက်သည်။ ဒီနေ့ရောင်းကောင်းသွားရတာက သူတို့နှစ်ယောက် ရှိနေသောကြောင့်ဖြစ်သည်။

"ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်.. ဒီနေ့ ပြဿနာဖြစ်အောင် လုပ်မိလို့ တောင်းပန်ပါတယ်ဗျာ.."

He San က လှေကားထစ်တွေမှာထိုင်ပြီး အမှတ်တမဲ့ ပြောလိုက်သည်။ သူ့ဘေးမှာ မျက်နှာအရောင် ပုံမှန်မဖြစ်သေးတဲ့ Gao Ru Xue က ထိုင်နေပြီး သူမက Chen Ge နဲ့ Xu Wan ကိုကြည့်ပြီး မေးလိုက်သည်။

"ကျွန်မမှာ မေးစရာ၂ခုရှိတယ်.. မေးလို့ရနိုင်မလား.."

"ရပါတယ်.."

Chen Ge က ခေါင်းညိတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ပထမ.. အနောက်ဘက်အိမ်ထဲက မှန်ထဲမှာ ကျွန်မ မိန်းကလေးတစ်ယောက်ပုံကို တွေ့လိုက်ရတယ်.. သူမက ဘယ်လိုလုပ်ပြီး ရုတ်တရက် ကျွန်မနောက်ကျောကို ရောက်လာတာလဲ.."

Gao Ru Xue က သူမကို ကြောက်လန့်တကြား ငိုကြွေးအောင်လုပ်ခဲ့တဲ့ ဖြစ်ရပ်ရဲ့ အမှန်တရားကို သိချင်နေသည်။

"မင်းက အဲ့ဒီမှန်ကို ပုံမှန်ပဲထင်ထားပေမယ့် တကယ်တော့ ဒီမှန်တွေက တြိဂံပုံစံ သုံးဖက်မြင်ရတဲ့မှန်တွေပါ.. အခြားမျက်နှာပြင်နှစ်ခုကို နံရံထဲမှာ ဝှက်ထားပြီး နည်းနည်းတွန်းလိုက်တာနဲ့ ရွှေ့လို့ရတယ်.. ဒီတစ္ဆေသတို့သမီး ခြောက်လှန့်တဲ့အခန်းရဲ့ ထွက်ပေါက်က မှန်ရဲ့အနောက်ဘက်မှာရှိတယ်.. မှန်ထဲမှာမြင်ခဲ့ရတဲ့ အမျိုးသမီးက မှန်ရဲ့မျက်နှာပြင်တစ်ဖက်မှာ ကပ်ထားတဲ့ပုံဖြစ်တယ်.. အလင်းရောင်ကို လိုသလိုကစားပြီး တစ်ဖက်မှန်ကထင်ဟပ်နေတဲ့ ပုံရိပ်တွေပေါင်းပြီး မင်းကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လိုက်ပြီး တကယ့်လူကို တွေ့လိုက်တယ်လို့ ထင်သွားတာပါ.. Xu Wan က တကယ်တော့ မှန်နောက်မှာ ပုန်းနေခဲ့တာပါ.. မင်းကြားခဲ့တဲ့ခြေသံတွေက အသံသွင်းထားတဲ့ အသံတွေပါ.."

Gao Ru Xue က Chen Ge ရှင်းပြတာကိုကြားတော့ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ.. နောက်ထပ်မေးခွန်းတစ်ခုက..."

သူမက Xu Wan ကို လက်ညှိုးညွှန်ပြလိုက်သည်။

"ဒီမိန်းကလေးက သက်ရှိလူသားပါ.. ဒါပေမယ့် ဘာကြောင့် ကျွန်မက သူ့ကိုကြည့်လိုက်တော့ လူသေကိုကြည့်နေရသလို ခံစားနေရတာလဲ.."

======================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now