Chapter (21) - Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕

1.4K 341 5
                                    

Chapter (21) – Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕

အခန္းက်ဥ္းေလးရဲ့ မ်က္ႏွာၾကက္က ၿပိဳပ်က္ေနၿပီး တံခါးေတြကို ပိတ္ထားသည္။ နံရံကေန မိုးေရယိုစိမ့္ဝင္ေရာက္လာသျဖင့္ အခန္းထဲ စိုစြတ္ကာ မိႈတက္ေနသည့္ဟန္ျဖင့္ မိႈေစာ္ေတြနံလို႔ေနသည္။ တကယ့္ကို မသက္မသာျဖစ္ေစတဲ့ အနံ႔ေတြပဲ။ Chen Ge က သစ္သားေဘာင္တန္းေတြနဲ႔ ပိတ္ထားသည့္ ျပတင္းေပါက္နားကို လာၾကည့္ေတာ့ သစ္သားတန္းေတြက လတ္တေလာမွ ႐ိုက္ထားဟန္ျဖင့္ မိႈမတက္တာကို အံ့ၾသဖြယ္ေတြ႕လိုက္ရသည္။

ဒီဟာက ပံုမွန္ဧည့္သည္ခန္း ျဖစ္ပံုရၿပီး မီးေလာင္ပ်က္စီးသြားသည့္ ပရိေဘာဂမ်ားကို ဖယ္ရွားၿပီး အခန္းကို ပိတ္ထားပံုရသည္။ ဒီမွာ ဘာမွၾကည့္စရာမရွိေပ။ ၿပီးေတာ့ ႏွစ္ေတြလည္ ၾကာေနၿပီဆိုေတာ့ သက္ေသအေထာက္အထားေတြလည္း ဖယ္ရွားခံရတာ ၾကာျမင့္ပံုရသည္။

Chen Ge က အခန္းထဲကထြက္လာၿပီး ေမွာင္မည္းသည့္ေကာ္ရစ္ဒါတေလွ်ာက္ ဆက္ေလွ်ာက္လာခဲ့သည္။ အခန္းအားလံုးနီးပါး ဗလာျဖစ္ေနလို႔ ေကာ္ရစ္ဒါတေလွ်ာက္ အမိႈက္မ်ားႏွင့္ စြန္႔ပစ္မီးဖိုေခ်ာင္သံုးပစၥည္းမ်ား ျပည့္ေနလို႔ သူ စံုစမ္းရခက္ေနသည္။

အမိႈက္ေတြကေန လူတစ္ေယာက္ရဲ့ ေနထိုင္မႈပံုစံနဲ႔ စိတ္သေဘာထားကို သိႏိုင္တယ္။ ဒါေၾကာင့္ ဒီအမိႈက္ေတြကို စစ္ေဆးၾကည့္ရင္ သူလိုအပ္တဲ့ သဲလြန္စ ေတြ႕ႏိုင္သည္။ ဒါေၾကာင့္ Chen Ge က စိတ္ပ်က္စရာအမိႈက္ေတြၾကား ရွာေဖြၾကည့္ရင္း တစ္နာရီေလာက္ၾကာေတာ့ စိတ္ဝင္စားစရာတစ္ခုကို ေတြ႕လိုက္ရသည္။

ဘာေၾကာင့္ အ႐ုပ္က ဒီမွာရွိေနရတာလဲ..? ဒီအေဆာက္အဦးမွာ ကေလးတစ္ေယာက္မွ မေတြ႕ခဲ့ပါဘူး။ ဒီအ႐ုပ္ကို ဘယ္သူပိုင္ဆိုင္တာလဲ။

Chen Ge က ဒီအမိႈက္ေတြၾကား ေနာက္ထပ္တစ္နာရီေလာက္ ေမႊေႏွာက္ၾကည့္ေတာ့ ေနာက္ထပ္ ဘိုမ႐ုပ္ ၄႐ုပ္ကို ထပ္ေတြ႕လိုက္ရသည္။ တကယ္လို႔ Chen Ge ကသာ အ႐ုပ္ဒီဇိုင္းေမဂ်ာကို မသင္ယူခဲ့ရင္ သူ ဒီအ႐ုပ္ ၄႐ုပ္ကို အာ႐ံုစိုက္မိမည္ မဟုတ္ေပ။

ဒီအ႐ုပ္ ၄ ႐ုပ္က ဒီေနရာမွာ အခ်ိန္အေတာ္ၾကာ စြန္႔ပစ္ခံခဲ့ရပံုေပၚၿပီး အ႐ုပ္၏အပိုင္းအမ်ားစုတြင္ မိႈမ်ားစြဲေနသည္ကို ေတြ႕လိုက္ရသည္။ အ႐ုပ္ေတြက ညစ္ပတ္ေနသည္ကို ပဓာနမထားဘဲ Chen Ge က သိုးေမႊးခ်ည္စကို အလြယ္တကူ ဆြဲထုတ္လိုက္သည္။

Chen Ge ေသခ်ာေလ့လာၿပီးေတာ့ ဒီအ႐ုပ္ ၄႐ုပ္က မတူေပမယ့္ စက္႐ံုတစ္ခုတည္းက ထြက္လာတယ္ဆိုတာ သိလိုက္သည္။ ဒီအ႐ုပ္ေတြကို Fu An တိုက္ခန္းမွာ ငွားေနတဲ့လူေတြက စြန္႔ပစ္ထားခဲ့တာမ်ားလား။ ဒီဟာက ျဖစ္ႏိုင္ေခ်မရွိလို႔ Chen Ge က ဒီအေတြးကို ဖယ္ထုတ္လိုက္သည္။ ကေလးေတြပါရွိတဲ့ မိသားစုက ဒီလိုတိုက္ခန္းမ်ိဳးကို ေျပာင္းေရႊ႕လာေနဖို႔ဆိုတာ လံုးဝမျဖစ္ႏိုင္ေပ။ ၿပီးေတာ့ မိသားစုတစ္ခုတည္းက အ႐ုပ္ ၄႐ုပ္ပိုင္ဆိုင္တာ မျဖစ္ႏိုင္ေပ။ ၿပီးေတာ့ အ႐ုပ္ရဲ့စတိုင္လ္ကိုၾကည့္ရင္ ဒီအ႐ုပ္ေတြက ထုတ္လုပ္ခဲ့တာ ၾကာျမင့္ခဲ့ေလၿပီ။ ဒီလိုအ႐ုပ္မ်ိဳးက အဆက္မျပတ္ အသစ္အဆန္းထြင္ၿပီး ထုတ္လုပ္ေရာင္းခ်သည့္ အ႐ုပ္ေစ်းကြက္မွာ မရွိေတာ့တာၾကာေလၿပီ။

သရဲအိမ္ကို လႊဲေျပာင္းမယူခင္က Chen Ge က အ႐ုပ္ company တစ္ခုမွာ အလုပ္ဝင္ခဲ့လို႔ သူက အ႐ုပ္နဲ႔ ကစားစရာေစ်းကြက္နဲ႔ ပတ္သက္ၿပီး ဗဟုသုတနည္းနည္းေတာ့ရွိသည္။

တကယ္လို႔ ဒီအ႐ုပ္ေတြက ငွားရမ္းေနတဲ့လူသစ္ေတြ ပိုင္တာမဟုတ္ရင္ ဟိုးအရင္ Fu An တိုက္ခန္းလို႔ နာမည္တြင္စဥ္က ငွားရမ္းေနထိုင္သူေတြ ပိုင္ဆိုင္ခဲ့တာ ျဖစ္ႏိုင္သည္ဟု Chen Ge သံသယရွိမိသည္။ မူလတိုက္ခန္းပိုင္ရွင္က သမီး ၂ေယာက္ရွိခဲ့ရင္ ဒီအ႐ုပ္ ၄႐ုပ္က သူတို႔ပိုင္တဲ့ဟာျဖစ္ႏိုင္သည္။

တကယ္လို႔ ဒီဟာသာမွန္ခဲ့ရင္ တျခားေမးခြန္းအတြက္ အေျဖလိုအပ္လာေလၿပီ။ ဒီေနရာတစ္ခုလံုးက မီးေလာင္ပ်က္စီးသြားခဲ့တယ္ဆိုၿပီး ဒီအ႐ုပ္ ၄႐ုပ္က ဘယ္လိုလုပ္ၿပီး က်န္ေနရစ္ခဲ့တာလဲ။

ဒါက တိုက္ဆိုင္မႈသက္သက္လား။ ဒါမွမဟုတ္ တစ္ေယာက္ေယာက္က မီးမေလာင္ႏိုင္တဲ့ေနရာမွာ ေသခ်ာသိမ္းဆည္းထားလို႔လား။

Chen Ge က သူ လမ္းမွန္ေပၚေရာက္ေနၿပီဟု ခံစားလိုက္ရသည္။ တကယ္လို႔ တစ္ေယာက္ေယာက္က အ႐ုပ္ေတြကို ေရႊ႕သိမ္းထားမယ္ဆိုရင္... ဒီလူက လူသတ္သမားပဲ ျဖစ္ႏိုင္သည္။ ဒါဆိုရင္ လူသတ္သမားက အ႐ုပ္ေလး႐ုပ္နဲ႔ အသက္ေတြကို ဘာေၾကာင့္စေတးခဲ့တာလဲ။ ဒီအ႐ုပ္ေတြက သူ႔အတြက္ အေရးပါတဲ့ဟာေတြ ျဖစ္ေနလို႔လား။

အ႐ုပ္မ ေနာက္ေက်ာက ဇစ္ေတြက ပ်က္ဆီးေနၿပီျဖစ္လို႔ Chen Ge က အ႐ုပ္ကိုၿဖဲၿပီး တိုက္႐ိုက္ အထဲကို ႏိႈက္ၾကည့္လိုက္ေတာ့ ကဒ္တစ္ကဒ္ကိုေတြ႕လိုက္ရသည္။ ဒီဟာက သူ႔လက္ဝါးထဲမွာ ကြက္တိျဖစ္ေနၿပီး ရည္းစားစာတစ္ေစာင္ ျဖစ္ေနသည္။ ဒီကိစၥတစ္ခုလံုးက လံုးဝကို မေမွ်ာ္လင့္ထားလို႔ Chen Ge ၏ကိုယ္က လန္႔ၿပီး က်ံဳ႕သြားမိသည္။ အ႐ုပ္ကိုယ္ထည္ထဲက ရည္းစားစာတစ္ေစာင္လား..။ ဘုရားေရ.. ဒါက တကယ့္ကို မျဖစ္ႏိုင္တဲ့ကိစၥပဲ..။

တကယ္လို႔ ဒီလိုအ႐ုပ္ထဲ ရည္းစားစာဝွက္ထားတာက လူသတ္သမားဆိုရင္ သူက သိုဝွက္ၿပီး ရွက္တတ္တဲ့လူတစ္ေယာက္ ျဖစ္ရမည္။ သူ႔ခံစားခ်က္ကို ဖြင့္ဟဖို႔ သတၱိမရွိတဲ့အတြက္ အ႐ုပ္ထဲမွာ ရည္းစားစာဝွက္ၿပီး ေမးလိုက္တာျဖစ္မည္။ ဒီနည္းနဲ႔ သူႀကိဳက္တဲ့ေကာင္မေလးက ဒီစာကိုေတြ႕ဖို႔ ရည္ရြယ္ထားပံုရသည္။ သိခ်င္စိတ္ႏွင့္ Chen Ge က က်န္အ႐ုပ္၂ခုထဲ ရွာၾကည့္လိုက္ေတာ့ တူညီသည့္ကဒ္မ်ားကို ေတြ႕လိုက္ရသည္။ ဒါေပမယ့္ ေနာက္ဆံုးအ႐ုပ္ကို ဖြင့္ၾကည့္ခ်ိန္ သူ႔ေက်ာ႐ိုးထဲ စိမ့္ၿပီး တုန္ခါသြားခဲ့သည္။ အ႐ုပ္ထဲမွာ ကဒ္ေတြ႕ရမယ့္အစား စာရြက္အပိုင္းအစေတြကို ေတြ႕ရၿပီး ဒီစာရြက္ေတြကို ဆက္ၾကည့္ေတာ့ 'သြားေသလိုက္' လို႔ ေရးထားတာ ေတြ႕လိုက္ရသည္။

အေၾကာင္းတစ္ခုေၾကာင့္ ခ်စ္ျခင္းေမတၱာကို ဖြင့္ဟေနရာကေန က်ိန္ဆဲတဲ့အျဖစ္ကို ေျပာင္းသြားပံုရသည္။ ဒီကိစၥရပ္ေတြၾကားက ဘယ္လုိျဖစ္ပ်က္ခဲ့သလဲဆိုတာ Chen Ge လည္း ေသခ်ာမေျပာတတ္ေတာ့ေပ။

ဒီဟာေတြက လူသတ္သမားခ်န္ခဲ့တာ ျဖစ္ႏိုင္လို႔ ဒါက အေရးႀကီးတဲ့သက္ေသေတြ ျဖစ္သည္။ ဒါေၾကာင့္ Chen Ge က စကၠဴအပိုင္းအစေတြကို အိတ္ကပ္ထဲထည့္ကာ အတြင္းဘက္ကို တေရြ႕ေရြ႕ ဆက္လာခဲ့သည္။ ဒါေပမယ့္ ေလွကားေပၚတက္လာသည့္ ေျခသံႏွင့္အတူ မီးတခ်ိဳ႕ လင္းလာသည္ကို ေတြ႕လိုက္ရသည္။

"ေသစမ္း.. တစ္ေယာက္ေယာက္ တက္လာၿပီ.."

သူ႔ကိုဖမ္းမမိဖို႔ Chen Ge က ဖုန္းကဓာတ္မီးကို ပိတ္လိုက္ၿပီး အ႐ုပ္ ၄႐ုပ္ကို ေကာက္ကိုင္လို႔ သူနဲ႔အနီးဆံုးဧည့္ခန္းထဲ ေျပးဝင္လိုက္ၿပီး တံခါးေနာက္မွာ ပုန္းလိုက္သည္။ သူက အသက္ကို ျဖည္းျဖည္းေလးပဲ႐ွဴၿပီး အခန္းျပင္မွာ ဘယ္သူလာေနတယ္ဆိုတာသိဖို႔ တံခါးရြက္နဲ႔ ေဘာင္ၾကားက အဟေလးၾကားကေန ေခ်ာင္းၾကည့္လိုက္သည္။

ေျခသံေတြက ပိုၿပီး ရွင္းရွင္းလင္းလင္းၾကားလာရၿပီး ေယာက္်ားတစ္ေယာက္နဲ႔ မိန္းမတစ္ေယာက္ စကားေျပာရင္း တက္လာသံကို ၾကားလိုက္ရသည္။

"ငါတို႔ မၾကာခင္ ပစၥည္းေတြကို အျပင္ဘက္ကို ထုတ္မွျဖစ္မယ္.. ငါတို႔ ထပ္ၿပီး ေႏွာင့္ေႏွးလို႔မျဖစ္ဘူး.."

"အခန္းငွားတဲ့လူသစ္က ေလွကားေပၚတက္ၾကည့္ခဲ့တယ္.. ကံေကာင္းေထာက္မလို႔ သူျပန္ဆင္းသြားလို႔သာေပါ့.. မဟုတ္ရင္ ငါ့ကို ေတြ႕သြားႏိုင္တယ္.."

"ခုတေလာ လူသစ္ေတြ ထပ္ထပ္ေရာက္လာတာ ငါသိတယ္.. ငါတို႔ပစၥည္းေတြကိစၥကို ေသခ်ာကိုင္တြယ္မွ ျဖစ္ေတာ့မယ္.."

"ေအး ေကာင္းတယ္.."

"လူတိုင္းကို သတင္းပို႔ထားလိုက္.. သူတို႔ကို အသင့္ျပင္ထားခိုင္း.. ငါ ဒီဟာေတြကို ဒီညမွာတူးယူၿပီး ေတာင္ကုန္းေပၚမွာ မီး႐ိႈ႕ပစ္ေတာ့မယ္.."

သူတို႔ယူေဆာင္လာတဲ့ ေခတ္ေဟာင္းသံုး ေရနံဆီမီးအိမ္ေၾကာင့္ စကားေျပာေနၾကတာက တိုက္ခန္းပိုင္ရွင္နဲ႔ ပထမထပ္ကမိန္းမဆိုတာ Chen Ge ေသခ်ာျမင္လိုက္ရသည္။

သူတို႔က ညသန္းေခါင္ႀကီး ဘာေၾကာင့္ တတိယထပ္ကို တက္လာၾကတာလဲ။

Chen Ge က သူ႔ကိုမျမင္ေစဖို႔ နံရံဘက္ကို ပိုၿပီးတိုးကပ္လိုက္သည္။ မၾကာခင္မွာ တက္တူးထိုးထားသည့္လူႏွင့္ လူဝႀကီးလည္း အေပၚထပ္ကိုတက္လာၾကသည္။ သူတို႔က ဝတ္စံုနက္ကိုဝတ္ထားၾကၿပီး ဂုန္နီအိတ္တစ္လံုးႏွင့္ ဓားေတြ၊ ဝါယာႀကိဳးေတြကို သယ္လာၾကသည္။

သူတုိ႔ ဘာလုပ္ၾကမလို႔လဲ။

ဒီလူစုေလးက ေကာ္ရစ္ဒါမွာ မတ္တပ္ရပ္ေနၿပီး တစ္ခုခုကို ေဆြးေႏြးဆဲျဖစ္ပံုရသည္။ လူဝႀကီးက ေနာက္ဘက္ကေလွ်ာက္လာၿပီး ေခါင္းငံု႔ကာေျပာလိုက္သည္။

"ငါတို႔ ဒီဟာကို တူးဖို႔လိုလို႔လား.. တကယ္လို႔ တူးထုတ္ၾကရင္ ငါတို႔လက္ေဗြရာေတြ ထင္က်န္ရစ္ၿပီး ေနာက္ပိုင္းကိစၥကို ရွင္းရခက္ေနမယ္ေနာ္.."

"ဒါဆို ခုလည္း လြယ္လြယ္ကူကူ ရွင္းလို႔ရတယ္လို႔ ဆိုလိုတာလား.. စကားမမ်ားနဲ႔.. ျမန္ျမန္လုပ္စရာရွိတာ လုပ္ၾကေတာ့.."

တိုက္ခန္းပိုင္ရွင္က လူဝႀကီးကိုစိုက္ၾကည့္ၿပီး ေျပာလုိက္သည္။

"ကၽြန္ေတာ္တို႔ ရဲေခၚသင့္တယ္ ထင္တာပဲ.."

လူဝႀကီးက သူေရာက္တဲ့ေနရာမွာ ရပ္ေနၿပီး ေျပာလိုက္သည္။

တက္တူးႏွင့္လူက လူဝႀကီး၏ အက်ႌေကာ္လံကို ဆုပ္ကိုင္ကာ ပါးျပင္ကို ခပ္ဆတ္ဆတ္႐ိုက္လိုက္ၿပီး ေျပာလိုက္သည္။

"ခင္ဗ်ား႐ူးသြားၿပီလား.. အေသဆိုးနဲ႔ ေသခ်င္လို႔လား.. တကယ္လို႔ ရဲေတြပါလာရင္ ငါတို႔က အဓိကသံသယရွိတဲ့လူေတြ ျဖစ္လာမယ္.. စံုစမ္းစစ္ေဆးတဲ့အခါ ခင္ဗ်ားပံုစံနဲ႔ အဘိုးႀကီးရဲ့ တရားမဝင္အလုပ္ကို လုပ္ေနတယ္ဆိုတာ အားလံုးေပၚသြားလိမ့္မယ္.."

"အခ်စ္.. စိတ္ေအးေအးထားပါ.. ငါတို႔အားလံုး တစ္ေလွတည္းစီးေနၾကတဲ့ လူေတြခ်ည္းပဲ.. ငါတို႔ ေကာင္းေကာင္းလုပ္ႏိုင္ပါတယ္.."

မိန္းမႀကီးက တက္တူးႏွင့္လူ၏လက္ကို ဆြဲကာ ေျပာလိုက္သည္။

"ငါတို႔အားလံုးက တစ္ေယာက္မွ သန္႔ရွင္းတဲ့မွတ္တမ္းမွတ္ရာ မရွိၾကဘူး.. အားလံုး ရာဇဝတ္မႈနဲ႔ မကင္းၾကတဲ့လူေတြခ်ည္းပဲ.. ေနာက္ဆံုး ငါတို႔ကို လူလိမ္ဆိုတာ ဘယ္သူမွ အလြယ္တကူ မေဖာ္ထုတ္ႏိုင္ၾကပါဘူး.. တကယ္လို႔ မင္းမွာ တျခားအႀကံအစည္ရွိတယ္ဆိုရင္ ေသခ်ာသတိထားေနသင့္တယ္.."

တိုက္ခန္းပိုင္ရွင္က လက္ထဲကတူကို ခပ္ဆဆကိုင္ၿပီး လူဝႀကီးကိုညႊန္လိုက္ၿပီး ေျပာလိုက္သည္။

"မင္း အရင္ဆံုး ဒီအစုတ္အျပတ္ေတြ သြားသယ္ခဲ့.."

"ကၽြန္ေတာ္လား.."

လူဝႀကီးရဲ့ မ်က္ႏွာတစ္ခုလံုး ေခၽြးေတြထြက္လာၿပီး သူ႔လက္ထဲကတူကို တရြတ္ဆြဲၿပီး သြားလိုက္သည္။

ဒါကိုေစာင့္ၾကည့္ရင္း တစ္ခုခုမွားေနၿပီလို႔ Chen Ge ခံစားလိုက္ရသည္။ သူတို႔က ဘာကိုတူးခ်င္ေနတာလဲ။
လူဝႀကီးက ေလွကားထစ္ရဲ့ အနက္႐ိႈင္းဆံုးဘက္ကို တိုးသြားလိုက္ၿပီး အမိႈက္ေတြကို ေဘးကိုတြန္းေရႊ႕လိုက္သည္။ တျခားလူေတြရဲ့ ဂ႐ုတစိုက္ၾကည့္ေနသည့္ အၾကည့္ေအာက္မွာ အမိႈက္ပံုႀကီးရဲ့ေနာက္မွာ ဖံုးကြယ္ထားသည့္ လိုက္ကာတစ္ပိုင္းတစ္စကို ေဘးကိုတြန္းဖယ္လိုက္သည္။

ဒီေနာက္မွာ ဘိလပ္ေျမကြာက်ေနသည့္ နံရံအေပါက္ႀကီးေပၚလာၿပီး အထဲမွာ ျမႇဳပ္ႏွံထားသည့္ အမ်ိဳးသမီး၏ ခႏၶာကိုယ္ကို ေတြ႕လိုက္ရသည္။ အမ်ိဳးသမီးရဲ့အေလာင္းက ဒီလူစု၏ဆန္႔က်င္ဘက္ကို မ်က္ႏွာမူထားသည္။

===========================
Chapter (21) – Party of more than one? တစ်ယောက်ထက်ပိုတဲ့အဖွဲ့

အခန်းကျဉ်းလေးရဲ့ မျက်နှာကြက်က ပြိုပျက်နေပြီး တံခါးတွေကို ပိတ်ထားသည်။ နံရံကနေ မိုးရေယိုစိမ့်ဝင်ရောက်လာသဖြင့် အခန်းထဲ စိုစွတ်ကာ မှိုတက်နေသည့်ဟန်ဖြင့် မှိုစော်တွေနံလို့နေသည်။ တကယ့်ကို မသက်မသာဖြစ်စေတဲ့ အနံ့တွေပဲ။ Chen Ge က သစ်သားဘောင်တန်းတွေနဲ့ ပိတ်ထားသည့် ပြတင်းပေါက်နားကို လာကြည့်တော့ သစ်သားတန်းတွေက လတ်တလောမှ ရိုက်ထားဟန်ဖြင့် မှိုမတက်တာကို အံ့သြဖွယ်တွေ့လိုက်ရသည်။

ဒီဟာက ပုံမှန်ဧည့်သည်ခန်း ဖြစ်ပုံရပြီး မီးလောင်ပျက်စီးသွားသည့် ပရိဘောဂများကို ဖယ်ရှားပြီး အခန်းကို ပိတ်ထားပုံရသည်။ ဒီမှာ ဘာမှကြည့်စရာမရှိပေ။ ပြီးတော့ နှစ်တွေလည် ကြာနေပြီဆိုတော့ သက်သေအထောက်အထားတွေလည်း ဖယ်ရှားခံရတာ ကြာမြင့်ပုံရသည်။

Chen Ge က အခန်းထဲကထွက်လာပြီး မှောင်မည်းသည့်ကော်ရစ်ဒါတလျှောက် ဆက်လျှောက်လာခဲ့သည်။ အခန်းအားလုံးနီးပါး ဗလာဖြစ်နေလို့ ကော်ရစ်ဒါတလျှောက် အမှိုက်များနှင့် စွန့်ပစ်မီးဖိုချောင်သုံးပစ္စည်းများ ပြည့်နေလို့ သူ စုံစမ်းရခက်နေသည်။

အမှိုက်တွေကနေ လူတစ်ယောက်ရဲ့ နေထိုင်မှုပုံစံနဲ့ စိတ်သဘောထားကို သိနိုင်တယ်။ ဒါကြောင့် ဒီအမှိုက်တွေကို စစ်ဆေးကြည့်ရင် သူလိုအပ်တဲ့ သဲလွန်စ တွေ့နိုင်သည်။ ဒါကြောင့် Chen Ge က စိတ်ပျက်စရာအမှိုက်တွေကြား ရှာဖွေကြည့်ရင်း တစ်နာရီလောက်ကြာတော့ စိတ်ဝင်စားစရာတစ်ခုကို တွေ့လိုက်ရသည်။

ဘာကြောင့် အရုပ်က ဒီမှာရှိနေရတာလဲ..? ဒီအဆောက်အဦးမှာ ကလေးတစ်ယောက်မှ မတွေ့ခဲ့ပါဘူး။ ဒီအရုပ်ကို ဘယ်သူပိုင်ဆိုင်တာလဲ။

Chen Ge က ဒီအမှိုက်တွေကြား နောက်ထပ်တစ်နာရီလောက် မွှေနှောက်ကြည့်တော့ နောက်ထပ် ဘိုမရုပ် ၄ရုပ်ကို ထပ်တွေ့လိုက်ရသည်။ တကယ်လို့ Chen Ge ကသာ အရုပ်ဒီဇိုင်းမေဂျာကို မသင်ယူခဲ့ရင် သူ ဒီအရုပ် ၄ရုပ်ကို အာရုံစိုက်မိမည် မဟုတ်ပေ။

ဒီအရုပ် ၄ ရုပ်က ဒီနေရာမှာ အချိန်အတော်ကြာ စွန့်ပစ်ခံခဲ့ရပုံပေါ်ပြီး အရုပ်၏အပိုင်းအများစုတွင် မှိုများစွဲနေသည်ကို တွေ့လိုက်ရသည်။ အရုပ်တွေက ညစ်ပတ်နေသည်ကို ပဓာနမထားဘဲ Chen Ge က သိုးမွှေးချည်စကို အလွယ်တကူ ဆွဲထုတ်လိုက်သည်။

Chen Ge သေချာလေ့လာပြီးတော့ ဒီအရုပ် ၄ရုပ်က မတူပေမယ့် စက်ရုံတစ်ခုတည်းက ထွက်လာတယ်ဆိုတာ သိလိုက်သည်။ ဒီအရုပ်တွေကို Fu An တိုက်ခန်းမှာ ငှားနေတဲ့လူတွေက စွန့်ပစ်ထားခဲ့တာများလား။ ဒီဟာက ဖြစ်နိုင်ချေမရှိလို့ Chen Ge က ဒီအတွေးကို ဖယ်ထုတ်လိုက်သည်။ ကလေးတွေပါရှိတဲ့ မိသားစုက ဒီလိုတိုက်ခန်းမျိုးကို ပြောင်းရွှေ့လာနေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။ ပြီးတော့ မိသားစုတစ်ခုတည်းက အရုပ် ၄ရုပ်ပိုင်ဆိုင်တာ မဖြစ်နိုင်ပေ။ ပြီးတော့ အရုပ်ရဲ့စတိုင်လ်ကိုကြည့်ရင် ဒီအရုပ်တွေက ထုတ်လုပ်ခဲ့တာ ကြာမြင့်ခဲ့လေပြီ။ ဒီလိုအရုပ်မျိုးက အဆက်မပြတ် အသစ်အဆန်းထွင်ပြီး ထုတ်လုပ်ရောင်းချသည့် အရုပ်ဈေးကွက်မှာ မရှိတော့တာကြာလေပြီ။

သရဲအိမ်ကို လွှဲပြောင်းမယူခင်က Chen Ge က အရုပ် company တစ်ခုမှာ အလုပ်ဝင်ခဲ့လို့ သူက အရုပ်နဲ့ ကစားစရာဈေးကွက်နဲ့ ပတ်သက်ပြီး ဗဟုသုတနည်းနည်းတော့ရှိသည်။

တကယ်လို့ ဒီအရုပ်တွေက ငှားရမ်းနေတဲ့လူသစ်တွေ ပိုင်တာမဟုတ်ရင် ဟိုးအရင် Fu An တိုက်ခန်းလို့ နာမည်တွင်စဉ်က ငှားရမ်းနေထိုင်သူတွေ ပိုင်ဆိုင်ခဲ့တာ ဖြစ်နိုင်သည်ဟု Chen Ge သံသယရှိမိသည်။ မူလတိုက်ခန်းပိုင်ရှင်က သမီး ၂ယောက်ရှိခဲ့ရင် ဒီအရုပ် ၄ရုပ်က သူတို့ပိုင်တဲ့ဟာဖြစ်နိုင်သည်။

တကယ်လို့ ဒီဟာသာမှန်ခဲ့ရင် တခြားမေးခွန်းအတွက် အဖြေလိုအပ်လာလေပြီ။ ဒီနေရာတစ်ခုလုံးက မီးလောင်ပျက်စီးသွားခဲ့တယ်ဆိုပြီး ဒီအရုပ် ၄ရုပ်က ဘယ်လိုလုပ်ပြီး ကျန်နေရစ်ခဲ့တာလဲ။

ဒါက တိုက်ဆိုင်မှုသက်သက်လား။ ဒါမှမဟုတ် တစ်ယောက်ယောက်က မီးမလောင်နိုင်တဲ့နေရာမှာ သေချာသိမ်းဆည်းထားလို့လား။

Chen Ge က သူ လမ်းမှန်ပေါ်ရောက်နေပြီဟု ခံစားလိုက်ရသည်။ တကယ်လို့ တစ်ယောက်ယောက်က အရုပ်တွေကို ရွှေ့သိမ်းထားမယ်ဆိုရင်... ဒီလူက လူသတ်သမားပဲ ဖြစ်နိုင်သည်။ ဒါဆိုရင် လူသတ်သမားက အရုပ်လေးရုပ်နဲ့ အသက်တွေကို ဘာကြောင့်စတေးခဲ့တာလဲ။ ဒီအရုပ်တွေက သူ့အတွက် အရေးပါတဲ့ဟာတွေ ဖြစ်နေလို့လား။

အရုပ်မ နောက်ကျောက ဇစ်တွေက ပျက်ဆီးနေပြီဖြစ်လို့ Chen Ge က အရုပ်ကိုဖြဲပြီး တိုက်ရိုက် အထဲကို နှိုက်ကြည့်လိုက်တော့ ကဒ်တစ်ကဒ်ကိုတွေ့လိုက်ရသည်။ ဒီဟာက သူ့လက်ဝါးထဲမှာ ကွက်တိဖြစ်နေပြီး ရည်းစားစာတစ်စောင် ဖြစ်နေသည်။ ဒီကိစ္စတစ်ခုလုံးက လုံးဝကို မမျှော်လင့်ထားလို့ Chen Ge ၏ကိုယ်က လန့်ပြီး ကျုံ့သွားမိသည်။ အရုပ်ကိုယ်ထည်ထဲက ရည်းစားစာတစ်စောင်လား..။ ဘုရားရေ.. ဒါက တကယ့်ကို မဖြစ်နိုင်တဲ့ကိစ္စပဲ..။

တကယ်လို့ ဒီလိုအရုပ်ထဲ ရည်းစားစာဝှက်ထားတာက လူသတ်သမားဆိုရင် သူက သိုဝှက်ပြီး ရှက်တတ်တဲ့လူတစ်ယောက် ဖြစ်ရမည်။ သူ့ခံစားချက်ကို ဖွင့်ဟဖို့ သတ္တိမရှိတဲ့အတွက် အရုပ်ထဲမှာ ရည်းစားစာဝှက်ပြီး မေးလိုက်တာဖြစ်မည်။ ဒီနည်းနဲ့ သူကြိုက်တဲ့ကောင်မလေးက ဒီစာကိုတွေ့ဖို့ ရည်ရွယ်ထားပုံရသည်။ သိချင်စိတ်နှင့် Chen Ge က ကျန်အရုပ်၂ခုထဲ ရှာကြည့်လိုက်တော့ တူညီသည့်ကဒ်များကို တွေ့လိုက်ရသည်။ ဒါပေမယ့် နောက်ဆုံးအရုပ်ကို ဖွင့်ကြည့်ချိန် သူ့ကျောရိုးထဲ စိမ့်ပြီး တုန်ခါသွားခဲ့သည်။ အရုပ်ထဲမှာ ကဒ်တွေ့ရမယ့်အစား စာရွက်အပိုင်းအစတွေကို တွေ့ရပြီး ဒီစာရွက်တွေကို ဆက်ကြည့်တော့ 'သွားသေလိုက်' လို့ ရေးထားတာ တွေ့လိုက်ရသည်။

အကြောင်းတစ်ခုကြောင့် ချစ်ခြင်းမေတ္တာကို ဖွင့်ဟနေရာကနေ ကျိန်ဆဲတဲ့အဖြစ်ကို ပြောင်းသွားပုံရသည်။ ဒီကိစ္စရပ်တွေကြားက ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာ Chen Ge လည်း သေချာမပြောတတ်တော့ပေ။

ဒီဟာတွေက လူသတ်သမားချန်ခဲ့တာ ဖြစ်နိုင်လို့ ဒါက အရေးကြီးတဲ့သက်သေတွေ ဖြစ်သည်။ ဒါကြောင့် Chen Ge က စက္ကူအပိုင်းအစတွေကို အိတ်ကပ်ထဲထည့်ကာ အတွင်းဘက်ကို တရွေ့ရွေ့ ဆက်လာခဲ့သည်။ ဒါပေမယ့် လှေကားပေါ်တက်လာသည့် ခြေသံနှင့်အတူ မီးတချို့ လင်းလာသည်ကို တွေ့လိုက်ရသည်။

"သေစမ်း.. တစ်ယောက်ယောက် တက်လာပြီ.."

သူ့ကိုဖမ်းမမိဖို့ Chen Ge က ဖုန်းကဓာတ်မီးကို ပိတ်လိုက်ပြီး အရုပ် ၄ရုပ်ကို ကောက်ကိုင်လို့ သူနဲ့အနီးဆုံးဧည့်ခန်းထဲ ပြေးဝင်လိုက်ပြီး တံခါးနောက်မှာ ပုန်းလိုက်သည်။ သူက အသက်ကို ဖြည်းဖြည်းလေးပဲရှူပြီး အခန်းပြင်မှာ ဘယ်သူလာနေတယ်ဆိုတာသိဖို့ တံခါးရွက်နဲ့ ဘောင်ကြားက အဟလေးကြားကနေ ချောင်းကြည့်လိုက်သည်။

ခြေသံတွေက ပိုပြီး ရှင်းရှင်းလင်းလင်းကြားလာရပြီး ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် စကားပြောရင်း တက်လာသံကို ကြားလိုက်ရသည်။

"ငါတို့ မကြာခင် ပစ္စည်းတွေကို အပြင်ဘက်ကို ထုတ်မှဖြစ်မယ်.. ငါတို့ ထပ်ပြီး နှောင့်နှေးလို့မဖြစ်ဘူး.."

"အခန်းငှားတဲ့လူသစ်က လှေကားပေါ်တက်ကြည့်ခဲ့တယ်.. ကံကောင်းထောက်မလို့ သူပြန်ဆင်းသွားလို့သာပေါ့.. မဟုတ်ရင် ငါ့ကို တွေ့သွားနိုင်တယ်.."

"ခုတလော လူသစ်တွေ ထပ်ထပ်ရောက်လာတာ ငါသိတယ်.. ငါတို့ပစ္စည်းတွေကိစ္စကို သေချာကိုင်တွယ်မှ ဖြစ်တော့မယ်.."

"အေး ကောင်းတယ်.."

"လူတိုင်းကို သတင်းပို့ထားလိုက်.. သူတို့ကို အသင့်ပြင်ထားခိုင်း.. ငါ ဒီဟာတွေကို ဒီညမှာတူးယူပြီး တောင်ကုန်းပေါ်မှာ မီးရှို့ပစ်တော့မယ်.."

သူတို့ယူဆောင်လာတဲ့ ခေတ်ဟောင်းသုံး ရေနံဆီမီးအိမ်ကြောင့် စကားပြောနေကြတာက တိုက်ခန်းပိုင်ရှင်နဲ့ ပထမထပ်ကမိန်းမဆိုတာ Chen Ge သေချာမြင်လိုက်ရသည်။

သူတို့က ညသန်းခေါင်ကြီး ဘာကြောင့် တတိယထပ်ကို တက်လာကြတာလဲ။

Chen Ge က သူ့ကိုမမြင်စေဖို့ နံရံဘက်ကို ပိုပြီးတိုးကပ်လိုက်သည်။ မကြာခင်မှာ တက်တူးထိုးထားသည့်လူနှင့် လူဝကြီးလည်း အပေါ်ထပ်ကိုတက်လာကြသည်။ သူတို့က ဝတ်စုံနက်ကိုဝတ်ထားကြပြီး ဂုန်နီအိတ်တစ်လုံးနှင့် ဓားတွေ၊ ဝါယာကြိုးတွေကို သယ်လာကြသည်။

သူတို့ ဘာလုပ်ကြမလို့လဲ။

ဒီလူစုလေးက ကော်ရစ်ဒါမှာ မတ်တပ်ရပ်နေပြီး တစ်ခုခုကို ဆွေးနွေးဆဲဖြစ်ပုံရသည်။ လူဝကြီးက နောက်ဘက်ကလျှောက်လာပြီး ခေါင်းငုံ့ကာပြောလိုက်သည်။

"ငါတို့ ဒီဟာကို တူးဖို့လိုလို့လား.. တကယ်လို့ တူးထုတ်ကြရင် ငါတို့လက်ဗွေရာတွေ ထင်ကျန်ရစ်ပြီး နောက်ပိုင်းကိစ္စကို ရှင်းရခက်နေမယ်နော်.."

"ဒါဆို ခုလည်း လွယ်လွယ်ကူကူ ရှင်းလို့ရတယ်လို့ ဆိုလိုတာလား.. စကားမများနဲ့.. မြန်မြန်လုပ်စရာရှိတာ လုပ်ကြတော့.."

တိုက်ခန်းပိုင်ရှင်က လူဝကြီးကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

"ကျွန်တော်တို့ ရဲခေါ်သင့်တယ် ထင်တာပဲ.."

လူဝကြီးက သူရောက်တဲ့နေရာမှာ ရပ်နေပြီး ပြောလိုက်သည်။

တက်တူးနှင့်လူက လူဝကြီး၏ အင်္ကျီကော်လံကို ဆုပ်ကိုင်ကာ ပါးပြင်ကို ခပ်ဆတ်ဆတ်ရိုက်လိုက်ပြီး ပြောလိုက်သည်။

"ခင်ဗျားရူးသွားပြီလား.. အသေဆိုးနဲ့ သေချင်လို့လား.. တကယ်လို့ ရဲတွေပါလာရင် ငါတို့က အဓိကသံသယရှိတဲ့လူတွေ ဖြစ်လာမယ်.. စုံစမ်းစစ်ဆေးတဲ့အခါ ခင်ဗျားပုံစံနဲ့ အဘိုးကြီးရဲ့ တရားမဝင်အလုပ်ကို လုပ်နေတယ်ဆိုတာ အားလုံးပေါ်သွားလိမ့်မယ်.."

"အချစ်.. စိတ်အေးအေးထားပါ.. ငါတို့အားလုံး တစ်လှေတည်းစီးနေကြတဲ့ လူတွေချည်းပဲ.. ငါတို့ ကောင်းကောင်းလုပ်နိုင်ပါတယ်.."

မိန်းမကြီးက တက်တူးနှင့်လူ၏လက်ကို ဆွဲကာ ပြောလိုက်သည်။

"ငါတို့အားလုံးက တစ်ယောက်မှ သန့်ရှင်းတဲ့မှတ်တမ်းမှတ်ရာ မရှိကြဘူး.. အားလုံး ရာဇဝတ်မှုနဲ့ မကင်းကြတဲ့လူတွေချည်းပဲ.. နောက်ဆုံး ငါတို့ကို လူလိမ်ဆိုတာ ဘယ်သူမှ အလွယ်တကူ မဖော်ထုတ်နိုင်ကြပါဘူး.. တကယ်လို့ မင်းမှာ တခြားအကြံအစည်ရှိတယ်ဆိုရင် သေချာသတိထားနေသင့်တယ်.."

တိုက်ခန်းပိုင်ရှင်က လက်ထဲကတူကို ခပ်ဆဆကိုင်ပြီး လူဝကြီးကိုညွှန်လိုက်ပြီး ပြောလိုက်သည်။

"မင်း အရင်ဆုံး ဒီအစုတ်အပြတ်တွေ သွားသယ်ခဲ့.."

"ကျွန်တော်လား.."

လူဝကြီးရဲ့ မျက်နှာတစ်ခုလုံး ချွေးတွေထွက်လာပြီး သူ့လက်ထဲကတူကို တရွတ်ဆွဲပြီး သွားလိုက်သည်။

ဒါကိုစောင့်ကြည့်ရင်း တစ်ခုခုမှားနေပြီလို့ Chen Ge ခံစားလိုက်ရသည်။ သူတို့က ဘာကိုတူးချင်နေတာလဲ။
လူဝကြီးက လှေကားထစ်ရဲ့ အနက်ရှိုင်းဆုံးဘက်ကို တိုးသွားလိုက်ပြီး အမှိုက်တွေကို ဘေးကိုတွန်းရွှေ့လိုက်သည်။ တခြားလူတွေရဲ့ ဂရုတစိုက်ကြည့်နေသည့် အကြည့်အောက်မှာ အမှိုက်ပုံကြီးရဲ့နောက်မှာ ဖုံးကွယ်ထားသည့် လိုက်ကာတစ်ပိုင်းတစ်စကို ဘေးကိုတွန်းဖယ်လိုက်သည်။

ဒီနောက်မှာ ဘိလပ်မြေကွာကျနေသည့် နံရံအပေါက်ကြီးပေါ်လာပြီး အထဲမှာ မြှုပ်နှံထားသည့် အမျိုးသမီး၏ ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ အမျိုးသမီးရဲ့အလောင်းက ဒီလူစု၏ဆန့်ကျင်ဘက်ကို မျက်နှာမူထားသည်။

===========================

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now