Chapter (159) - လူနာနံပါတ် 8

658 161 3
                                    

Chapter (159) - လူနာနံပါတ် 8



"သူက တိကျတဲ့အစီစဉ်နဲ့ ပစ်မှတ်ကို ကလဲ့စားချေနေတယ်.."

Chen Ge က ဒီပုံပြင်ကိုနားထောင်ပြီး တွေးလိုက်သည်။ ဒီဇာတ်လမ်းထဲကနေ သူသိလိုက်တာ အများကြီးရှိသည်။ ဒါတွေက သူ့စိတ်ထဲကအချက်အလက်တွေနဲ့ ကိုက်ညီနေသည်။ တတိယလူနာဆောင်မှာ ပိတ်လှောင်ခံရသည့်လူနာထဲမှာ စိတ်ရောဂါသည်တွေရဲ့ ဖြစ်ရပ်ဆိုးကိုမြင်ပြီး စိတ်ဖောက်သွားသည့် ဆရာဝန်တစ်ဦးအကြောင်း ပါသည်။ ဒီလူနာက အခုပြောသွားသည့် ဇာတ်လမ်းထဲက အဖြစ်အပျက်နဲ့ ကိုက်ညီနေသည်။ ဒီလူက အဖျက်စွမ်းအားကြီးသူဖြစ်ပြီး သူ့ရဲ့နာမည်က ရှုံချင်းဖြစ်တယ်။ သူက လူနာ No.8 ပဲ။ ရှုံချင်းက တစ်ချိန်က စိတ်ရောဂါကုဆရာဝန် ဖြစ်ခဲ့သောကြောင့် သူရူးသွပ်သွားချိန်မှာ သာမန်ထက်ပိုမြင့်သော ဉာဏ်ရည်ရှိကာ အန္တရာယ်အကြီးဆုံးဖြစ်ကာ တခြားလူနာများနှင့် ကွဲပြားခြားနားသည်။

"သူက ဒီစိတ္တဇဆေးရုံမှာ ပုန်းကွယ်နေတဲ့ လူသတ်သမားဖြစ်နိုင်မလား.."

သူက ဆရာဝန်ဘဝနဲ့ရော လူနာဘဝနဲ့ပါ ဒီနေရာမှာနေခဲ့ဖူးလို့ ဒီနေရာရဲ့ အနေအထားအားလုံးကို အကျွမ်းကျင်ဆုံးဖြစ်သည်။ ဒီလိုအရာကို သူတစ်ယောက်ပဲ လုပ်နိုင်စွမ်းရှိသည်။

"ဒီနေရာကို ကျွမ်းကျင်တဲ့အချက်က အသာစီးရနေလို့ သူက အတော်လေး အန္တရာယ်ကြီးနိုင်တယ်.."

ရှုံချင်းခံစားနေရသည့် Hemineglect စိတ်ရောဂါက အန္တရာယ်သိပ်မရှိဘူးဆိုပေမယ့် သူ့အနေအထားနဲ့ ပေါင်းစပ်လိုက်ရင် တကယ်ကို အန္တရာယ်များပြီး တစ်ဖက်သားကို ထိခိုက်စေခဲ့သည်။ သူက ကြည့်ကြည့်သမျှ၊ မြင်မြင်သမျှတိုင်းက ခြေတစ်ဖက်၊လက်တစ်ဖက်တည်း ရှိတာမှန်တယ်လို့ ယူဆထားခဲ့လို့ လူနာတွေကို ကုသရာမှာ ကျန်သည့်ခြေလက်တစ်ဖက်ဆီကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့သည်။ သူက ခြေလက်တစ်ဖက်စီကို ဖြတ်တောက်ပြီး သူထင်သည့်အရာကို ပြည့်စုံအောင်လုပ်ချင်ခဲ့သည်။

ဒီဆေးရုံမှာ ပိတ်လှောင်ခံနေရခိုက် ခြေလက်တစ်ဖက်စီ ခုတ်ဖြတ်ခံရရင် သေချာပေါက် ဘဝက ဆုံးပေလိမ့်မည်။ သူနာပြုကောင်တာအောက်က ဆံပင် ၄မျိုးကိုတွေ့ခဲ့ပေမယ့် အခု သက်ရှိလူက ၃ယောက်ပဲရှိတာဖြစ်လို့ ကျန်တစ်ယောက်က သေသွားတာဖြစ်နိုင်သည်။

"သန်းခေါင်ယံမရောက်ခင် တတိယလူနာခန်းမဆောင်ထဲ ဝင်ရမှာဖြစ်လို့ ဖြေရှင်းရမယ့်ပြဿနာတွေက အများကြီးရှိလာနိုင်တယ်.. ဒီညက တကယ်ကို ခက်ခဲနိုင်တယ်.."

မုယန်အထက်တန်းကျောင်းနှင့် သန်းခေါင်ယံညလူသတ်သမားလို ကြယ်၃ပွင့် အစမ်းမစ်ရှင်ရဲ့ အတွေ့အကြုံအရ ဒီလိုနေရာမျိုးမှာ ခြေတစ်လှမ်းမှားရင် အသက်ပျောက်သွားနိုင်သည်။

လူသတ်သမားတစ်ယောက်ရှိတာ အတည်ပြုနိုင်လေပြီ။ ဒါပေမယ့် သူတွေ့ခဲ့တဲ့ မျက်နှာတွန့်လိမ်နေသူက ရှုံချင်းလား၊ လှောင်ချိုင့်ထဲကလူက ရှုံချင်းလားဆိုတော့တော့ မသေချာပေ။ အဖိုးအိုအကြောင်းကို သေချာသိနေလို့ သက်လတ်ပိုင်းလူက ရှုံချင်းဖြစ်ဖို့များသည်။

Chen Ge က အဖိုးအိုလှောင်ချိုင့်ရှေ့မှာ ဆောင့်ကြောင့်ထိုင်ကာ သော့ခလောက်ကို စစ်လိုက်တော့ လှောင်ချိုင့်၃ခုမှာ ခတ်ထားတဲ့သော့ခလောက်က တစ်ပုံစံတည်းဖြစ်သည်။ သက်လတ်ပိုင်းလူက သော့ကိုဝှက်ထားရင်တောင် သူက လှောင်ချိုင့်ထဲမှာဖြစ်လို့ Chen Ge ကို အလစ်မတိုက်ခိုက်နိုင်ပေ။

Chen Ge က တူကို ခပ်ဆဆကိုင်ကာ သက်လတ်ပိုင်းလူကို မေးလိုက်သည်။

"ခင်ဗျားက အဖိုးကြီးရဲ့ဇာတ်လမ်းကို သိတယ်ဆိုတော့ ခင်ဗျားက သူ့သားလား.."

"ငါလား.. မင်း ငါ့ကိုမယုံဘူးဆိုတာ ငါသိသားပဲ.. မင်းတို့အားလုံးက ငါ့ကို မယုံကြည်ကြဘူး.. ဒါကြောင့် ငါလည်း မင်းတို့ကို မယုံဘူး.. ကျေးဇူးပြုပြီး ငါ့ကို ထားရစ်ခဲ့စမ်းပါ.. ငါ့ဘဝကို လိုက်ပြီး စောင့်ကြည့်မနေပါနဲ့.. မင်းတို့က ငါ့ကို ဘယ်လိုရှာတွေ့သွားခဲ့တာလဲ.. ငါ့ဘဝကို ဒီမှာပဲ ပုန်းကွယ်နေပါစေ.."

"ကျွန်တော်တို့အားလုံးကို မယုံဘူး.. ခင်ဗျားဘဝကို စောင့်ကြည့်နေတယ် ဟုတ်လား.. ခင်ဗျား ဘာတွေပြောနေတာလဲ.."

"ငါက မင်းကိုပြောပြတဲ့အချိန်မှာ မင်းက အပြစ်ကင်းတဲ့ပုံစံနဲ့ ငါ့ကိုကြည့်နေတယ်.. ဒါကြောင့် ငါက မင်းကိုရွံတာ.. မင်းက မင်းအကြောင်းပေါ်သွားပြီဆိုတော့ ဘာကြောင့် ငါ့ကိုလိမ်ညာအောင် အတင်းလုပ်နေတာလဲ.."

သက်လတ်ပိုင်းလူက ဘာကြောင့် ဒီလောက်တည်ငြိမ်နေရသလဲဆိုတာ Chen Ge နားမလည်နိုင်ပေ။

"ကျွန်တော်အံ့သြိတာက ခင်ဗျားကို ဝမ့်ရှင်းလို့ခေါ်ရမလား၊ ဒါမှမဟုတ် ရွှီဖိန်းလား.. လီရိချိန်လား.. မာယွန်လား.. ဒါမှမဟုတ် ခင်ဗျားနာမည် အသစ်ပြောင်းလဲပြီးပြီလား.."

"မင်း ဘာတွေကိုပြောနေတာလဲ.."

Chen Ge က ထိုလူကို စိတ်ငြိမ်အောင်လုပ်ချင်ပေမယ့် ဆန့်ကျင်ဘက်ပဲဖြစ်လာသည်။

"နောက်တစ်ခါဆိုရင် ခင်ဗျားက ကျွန်တော်နဲ့ဒီလူတွေကို မသိဘူးလို့ ပြောမှာမဟုတ်လား.."

"လာလိမ်မနေနဲ့.. ရပ်တော့.. မင်းတို့အားလုံးက လူတစ်ယောက်တည်းက ဟန်ဆောင်နေတာပဲ.. မင်းတို့ရဲ့အပြုံးတုကို ငါမုန်းတယ်.. အဓိပ္ပါယ်မရှိတဲ့ ကစားပွဲကို ရပ်လိုက်ပါတော့.."

"လူတစ်ယောက်တည်းကပဲ ဖုံးကွယ်ဟန်ဆောင်နေတာလား.."

ဒီလူရဲ့စကားကိုကြားတော့ ဒေါက်တာကောင်းပြောခဲ့သည့်လူနာတစ်ယောက်ကို သတိရလာသည်။ ထိုလူက လူနာ No.5 ဖြစ်ပြီး ရွှီတုန်းဟုခေါ်သည်။ သူ့ပတ်ဝန်းကျင်ကလူတွေက ဖုံးကွယ်ဟန်ဆောင်နေသော လောကမှာ နေထိုင်နေကြသည်ဟု သူက ယုံကြည်နေတာဖြစ်သည်။

လှောင်ချိုင့်ထဲကလူကိုကြည့်ရင်း သူ့ခေါင်းထဲ နောက်ထပ်မေးခွန်းတွေ ပေါ်လာသည်။ တတိယလူနာဆောင်က လူနာတွေက ဘာကြောင့်ဒီကိုရောက်လာတာလဲ..။ သူတို့ကို ဘာက ဆွဲဆောင်နေတာလဲ..။

Chen Ge က အရင်က စိတ်ရောဂါရှင်တွေနဲ့ မဆက်ဆံဖူးပေ။ သက်လတ်ပိုင်းလူက အစောက တည်ငြိမ်နေပေမယ့် အခု ထဖောက်နေလို့ မေးခွန်းဆက်မေးလို့ မရနိုင်တော့ပေ။ ဒါကြောင့် အမျိုးသမီးကိုမေးရန် လှောင်ချိုင့်နားကပ်လိုက်တော့ ထိုမိန်းမက တုန်ခါလှုပ်ယမ်းကာ ငြင်းဆန်နေသည်။ သူမက လှောင်ချိုင့်နောက်ကို တိုးကပ်ကာ Chen Ge နဲ့ဝေးဖို့ ကြိုးစားနေသည်။

Chen Ge က ဓာတ်မီးနဲ့ထိုးကြည့်တော့ ဒီအမျိုးသမီးက ၂၀ ကျော်ရုံသာရှိသေးပြီး သူရထားသည့်လူနာစာရင်းနှင့် မကိုက်ညီပေ။

"ဒီမိန်းကလေးနဲ့ အဖိုးကြီးခေါင်းက ဆံပင်အရိတ်ခံထားရလို့ သူတို့က သားကောင်တွေဖြစ်နိုင်တယ်.."

တရားခံက ဘာကြောင့် သားကောင်တွေရဲ့ဆံပင်ကို ရိတ်ချင်သလဲဆိုတာ Chen Ge နားမလည်ပေ။ ဒါက ကလဲ့စားချေတာဆိုရင် သူနှင့်ရန်ညှိုးရှိသူကိုပဲ ရိတ်ရမှာမဟုတ်လား။

"စိတ်အေးအေးထားပါ.."

Chen Ge က လှောင်ချိုင့်ထဲကလက်လျှိုကာ ရှောင်ပုန်းဖို့ကြိုးစားနေတဲ့ မိန်းကလေး၏ပါးစပ်က ဆို့ထားသည့်အဝတ်ကို ၃ မိနစ်ကြာကြိုးပမ်းပြီးမှ ဆွဲထုတ်နိုင်ခဲ့သည်။ ပါးစပ်ထဲကအဝတ် ကျွတ်သွားသည်နှင့် ထိုမိန်းကလေးက ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်တော့သည်။

"လက်! လက်! လက်!"

သူမအော်သံကြောင့် Chen Ge ရူးတော့မလိုပဲ။

"ဘာလဲ.."

အမျိုးသမီးရဲ့အသံက ပိုကျယ်လာပြီး ဆက်တိုက်အော်နေသည်။ ဒီလိုဖြစ်မည်ကို Chen Ge လုံးဝမထင်ခဲ့ပေ။ ဒီအော်သံကိုကြားလိုက်ရတော့ အဖိုးကြီးက သတိလစ်လဲကျသွားခဲ့သည်။

သက်လတ်ပိုင်းလူ၏မျက်လုံးထဲမှာ ရူးသွပ်ခြင်းတွေရပ်တန့်သွားကာ တံခါးကို စိုးရိမ်စွာစိုက်ကြည့်နေခဲ့သည်။

"လက်.. လက်.."

ထိုမိန်းကလေးက ဆက်အော်နေလို့ Chen Ge က မတတ်နိုင်ဘဲ သူမပါးစပ်ထဲ အဝတ်ပြန်ဆို့လိုက်ရသည်။

"သူမလည်း ရူးနေတာပဲ.."

ဒီဆေးရုံထဲကလူတွေက တစ်ယောက်မှ လူကောင်းမရှိပေ။ ဒီအချက်က Chen Ge ကို မလှုပ်မယှက် ဖြစ်သွားစေသည်။



***-***



















သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now