Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်

411 116 1
                                    

Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်

"အငယ်ဆုံး လူနာလား။ မန်နန်ရဲ့ ကိုယ်တူစိတ်ခွဲ တတိယပုဂ္ဂိုလ်က အရမ်းအထီးကျန်ပြီး ပေါ်လာ ခဲတယ်။ ငါ တခုခု လုပ်ပေးနိုင်မယ်လို့ ကတိမပေးနိုင်ဘူး၊ ဒါက ကျရှုံးမှုဖြစ်လာ နိုင်တယ်ဆိုတာ မင်းစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရင် ပိုကောင်းမယ်။"

ဒေါက်တာကောင်း ဘက်မှ တံခါးဖွင့်သံကြားလိုက်ရသည် ။ သူ့အိမ်က အမြန်ထွက်လာခဲ့တယ်။

"ကျွန်တော် သိချင်တာကို မန်နန်ရဲ့ စိတ်ထဲက အငယ်ဆုံးပုဂ္ဂိုလ်ကပဲ အဖြေပေးနိုင်လိမ့်မယ်။ ဒေါက်တာကောင်း ၊ ဘာပဲဖြစ်ဖြစ် သူ့ကို နှိုးရမယ်!"

တံခါးခေါက်သံက သူ့အနောက်ကနေ ထွက်လာပြီးဒေါက်တာကောင်း က ဖုန်းကတဆင့် ရှင်းရှင်းလင်းလင်း ကြားနေရတယ်။

"ငါ အကောင်းဆုံးကြိုးစားပါ့မယ်!"

သူက ချန်ကော ကို ကောင်း ရူရွှယ်ကနေ တဆင့် သိခဲ့ပြီး အစပိုင်းမှာ ချန်ကော ကို စိတ်ပညာကို နှစ်သက်သူတစ်ယောက်အဖြစ် ဆက်ဆံခဲ့ပေမယ့် ချန်ကော က ဝမ်ရှင်း နဲ့ မန်နန်ကို ကုသဖို့ စေတနာ့ဝန်ထမ်းလုပ်ပေးခဲ့တာကို မြင်ပြီးချန်မှာ ချန်ကောအပေါ် အကောင်းမြင်စိတ်တွေ တိုးလာခဲ့သည်။

အထူးသဖြင့် ထိုညက ဟိုင်မင်တိုက်ခန်းမှာ မေးခွန်းထုတ်စရာ တစ်စုံတစ်ရာကို တွေ့ခဲ့ ရသော်လည်း သူက ဘယ်သူ့ကိုမှ ထိုအကြောင်း မပြောခဲ့ပေ။ အဖြေရှာဖို့ သူ့ဖာသာ စိတ်ထဲပဲ သိမ်းထားတယ်။ အခု ဖုန်းပြောရင်း ဒေါက်တာ ကောင်း က မန်နန်ရှိတဲ့ ဆေးရုံကို ကားမောင်းလာချိန်မှာ ချန်ကော က သူ့နောက်က တံခါးကို ပိတ်ဖို့ ကြိုးစားခဲ့တယ်။

သုံးမိနစ်လောက်ကြာတော့ တံခါးခေါက်သံက မပျောက်သွားဘဲ ပိုဆိုးတဲ့အချက်က ချန်ကော နဲ့ သိပ်မဝေးတဲ့ အခန်း 8 က သော့ဖွင့်သံ ထွက်လာတယ်။ အခန်းတွင် ခိုင်ခံ့သော တံခါးတစ်ခု ပါရှိပြီး အပေါက်တစ်ခုပေါ်လာတဲ့အထိ ဖြည်းညှင်းစွာပွင့်သွားခဲ့သည်။

မျက်နှာတွန့်လိမ်နေသည့် လူက လည်ပင်းကို ဆန့်ကာ ဆရာဝန် ဝတ်စုံကို ဝတ်ဆင်ကာ အခန်းမှ ထွက်လာခဲ့သည်။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now