Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ

342 81 2
                                    

Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ  


ခန်းမထဲမှာ လူများဖြင့် ပြည့်နှက်နေသည်။ ဒါတောင်အောက်ထပ်မှာ လူတွေ ရှိနေတုန်းပဲ၊ ဓာတ်လှေကားက ဧည့်သည်အသစ်တွေ ထပ်ထပ်သယ်လာပေးခဲ့သည်။  နံနက် ၁၀ နာရီတွင် ထျန်ထန် ဆေးကျောင်း သရဲအိမ် ပိုင်ရှင်က နောက်ဆုံးတွင် ပေါ်လာသည်။ သူသည် ပျမ်းမျှအရပ်မြင့်ပြီး ဆံပင်တိုတိုနှင့် ကြည့်ရသည်မှာ အသက်သုံးဆယ်ကျော်ခန့်ရှိသည်။

သူတို့နောက်မှာ သူနာပြုဝတ်စုံတွေကို ထုတ်ဖော်ပြသတဲ့ မော်ဒယ်နှစ်ယောက်ရှိတယ်။ သူတို့ရဲ့ မိတ်ကပ်လိမ်းခြယ်မှုဟာ ဖြူဖျော့နေပေမယ့်၊ ထိုလူသည် အသံချဲ့စက်ကို စမ်းသပ်ပြီး သရဲခြောက်သောအိမ်အဝင်ဝတွင် ခြေစုံရပ်ကာ စတင် စကားပြောခဲ့သည်။

 "လူတိုင်းလူတိုင်း... မင်းတို့ရဲ့ကြင်နာစွာ ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ထျန်ထန် ဆေးကျောင်းက အရည်အသွေးကို အမြဲထိန်းသိမ်းထားပါတယ်..."

ချန်ကော၏ မျက်လုံးများက မော်ဒယ်မလှလှလေး နှစ်ယောက်ကို စတင် အကဲခတ်လိုက်သည်။  သူသည် ထိုလူ၏ မိတ်ဆက်စကားအား ဂရုမစိုက်ပေ။ သူ့ရဲ့ သရဲခြောက်တဲ့ အိမ်နောက်ထပ် လှုပ်ရှားမှုလုပ်တဲ့အခါ ရွှီဝမ့် အတွက် လှပပြီး sexy ကျတဲ့ ဝတ်စုံကို ဒီဇိုင်းဆွဲဖို့ တွေးနေမိသည်။

ထိုလူသည် နောက်ဆုံးတွင် စကားမဆုံးမီ နှစ်မိနစ်မှ သုံးမိနစ်ခန့် စကားပြောခဲ့သည်။

"ကျွန်တော်တို့ အဖွဲ့က ခြောက်လတစ်ကြိမ် သရဲအိမ်ကို အဆင့်မြှင့်တင်ထားပါတယ်။  အခု ပရော်ဖက်ရှင်နယ်နိုင်ငံခြားအဖွဲ့တစ်ဖွဲ့ရဲ့အကူအညီနဲ့ ပိုမို ကြောက်စရာကောင်းတဲ့ အရာအားလုံးကို ပြုပြင်မွမ်းမံပြီး ဒီသရဲအိမ် ပိုင်ရှင်တစ်ယောက် အနေနဲ့  ထျန်ထန် ဆေးကျောင်းက  အခြားသရဲအိမ်တွေထက် ပိုကြောက်စရာကောင်းကြောင်း လူတိုင်းကို ပြောပြဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။"

"ဈေးကွက်ထဲမှာရှိတဲ့ တချို့သော သရဲအိမ်တွေက သူတို့ရဲ့ကျော်ကြားမှုကို မြှင့်တင်ဖို့  အွန်လိုင်းရေတပ်တွေကို အားကိုးနေရသလို သိက္ခာမဲ့သရဲခြောက်တဲ့အိမ်တွေလိုမျိုးမဖြစ်ရလေအောင် လက်တွေ့ အကျဆုံးကြောက်လန့်စရာရသကို ကျွန်တော်တို့အတတ်နိုင်ဆုံးပေးနိုင်အောင် လုပ်ထားပါတယ်။ ဒါက လိမ္မာပါးနပ်တဲ့လုပ်ရပ်လို့  ကျွန်တော် တင်ပါတယ်။ တချို့က ညစ်ပတ်တဲ့လှည့်ကွက်တွေ လုပ်တဲ့သရဲအိမ်တွေက မကြာခင် အမှန်တရားပေါ်လာပြီး အလိုလို ကျရှုံးသွားမယ်လို့ ကျွန်တော် ယုံကြည်တယ်။ သူတို့အပြုမူက ဟာသသက်သက်ပါပဲခင်ဗျာ  !"

ချန်ကောသည် ထိုလူက အခြားသော သရဲအိမ်တွေကို နှိမ့်ချ ဆဲဆိုခြင်းတွေကို နားထောင်ပြီး စိတ်မရှည်တော့ပေ။ သူသည် လူအုပ်ကြားမှ ရှေ့သို့ တိုးသွားသော်လည်း လူများလွန်းလှသည်။ နောက်ဆုံးတော့ လက်မှတ်ရောင်းသူဆီ ရောက်သွားကာ ပြောလိုက်သည်။

 "ကျေးဇူးပြုပြီး လက်မှတ်တစ်စောင်လောက်ပေးပါ။"

"မင်းအွန်လိုင်းမှာ လက်မှတ်ကြိုတင်ပြီးပြီလား"

"မမှာထားပါဘူး"

"တောင်းပန်ပါတယ် ဒီနေ့ လက်မှတ်တွေ အကုန်ရောင်းပြီးသွားပြီ။ နေ့ခင်းအထိ မင်းနေနိုင်မလား။ ဖွင့်ပွဲတော့ ရှိကောင်းရှိနိုင်တယ်။"

"လက်မှတ်တွေ အကုန်ကုန်ပြီလား"

ဆေးကျောင်း သရဲအိမ် ပိုင်ရှင်က စင်ပေါ်မှာ ဆက်ပြောနေဆဲဖြစ်သည်။

 "ဈေးကွက်ထဲက သရဲခြောက်တဲ့အိမ်တွေဟာ ပထမမျိုးဆက်ဖြစ်ရင်၊ ကျွန်တော့်ရဲ့ ထျန်ထန် ဆေးကျောင်းဟာ အဆင့်မြင့်နည်းပညာများစွာကို ပေါင်းစပ်ထားတဲ့ စတုတ္ထမျိုးဆက် သရဲခြောက်တဲ့အိမ်ပါ။ ဒီနေ့ဟာ ကျုတ်ကျန်းမြို့သူမြို့သားအတွက် တံခါးဖွင့်ပေးတဲ့ ပထမဆုံးနေ့ပါပဲ။ လူတိုင်းရဲ့ အခြေအနေကို ပိုရှင်းရှင်းလင်းလင်း နားလည်နိုင်စေဖို့၊ သရဲခြောက်တဲ့အိမ်ကြီးထဲကို အသံဖမ်းစက်နဲ့ သယ်ဆောင်သွားနိုင်တဲ့ လျှပ်စစ်နဲ့ နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ စက်ချိတ်ဆက်ထားမယ့် လာရောက်လည်ပတ်သူ လေးဦးကို ကျပန်းရွေးချယ်လိုက်မယ်။ အသံဖမ်းစက်နှင့် ချိတ်ဆက်ထားတဲ့  စပီကာများနှင့် စခရင်ပေါ်ရှိ ထုတ်လွှင့်သည့် ပုံရိပ်တွေနဲ့ ကျွန်တော်တို့ရဲ့ သရဲအိမ်က ဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆိုတာ ခင်ဗျားတို့ကိုယ်တိုင် မျက်မြင် တွေ့ရပါလိမ့်မယ်  "


ပိုင်ရှင်က စကားမဆုံးခင်မှာ လူအုပ်ကြီးရဲ့ အားပေးသံတွေ ထွက်လာသည်။ ဒါက တကယ် တပ်ဆင်ခြင်း ဟုတ်၊ မဟုတ်ကို ပြောရန် ခက်ခဲသည်။

"လက်မှတ်တိုင်းရဲ့ နောက်ကွယ်မှာ ကုဒ်တစ်ခု ရှိပြီး ကံထူးရှင်တွေကို ကျပန်းကုဒ်ထုတ်ပေးတဲ့ စနစ်နဲ့ ရွေးချယ်ပေးမှာပါ။"

အဲဒီလူက အရောင်းကောင်တာမှာ ခေါင်းညိတ်ပြပြီး အလုပ်သမားတွေက အလုပ်စလုပ်တယ်။

ချန်ကောက အရာအားလုံးကို သူ့မျက်လုံးနဲ့ မြင်တယ်။ အဲဒီလူဟာ သူ့ကိုယ်သူ ထင်ပေါ်ကျော်ကြား ဖို့အတွက်  ပြိုင်ဖက် သရဲအိမ်တွေကို ချနင်းလိုက်တဲ့လုပ်ရပ်ကို သူ သည်းမခံနိုင်ပေ။
 

"ခဏစောင့်ပါဦး!"

 ချန်ကောက သူ့လက်ကို မြှောက်လိုက်ပြီး စင်မြင့်ပေါ်ကို လျှောက်သွားရင်းပြောလိုက်သည်။

 "မင်းရဲ့ သရဲခြောက်တဲ့အိမ်က ကြောက်စရာကောင်းတယ်လို့ စောစောကပြောခဲ့ပေမယ့် တခြား သရဲခြောက်တဲ့ အိမ်တွေက သူတို့ရဲ့ ကျော်ကြားမှုကို ရဖို့ အွန်လိုင်းရေတပ်ကို အားကိုးတယ်လို့ ပြောသွားတာကို  ငါသဘောမတူဘူး။"

ထိုလူက မျက်မှောင်ကြုတ်သွားသည်။ လူစုလူဝေးတွေရှေ့သာ မဟုတ်ရင် ချန်ကောကို ခေါ်ထုတ်ဖို့ လုံခြုံရေးကို သူ ခိုင်းလိမ့်မယ်ဆိုတာ သေချာသည်။
 

"ငါက မင်းအွန်လိုင်းပေါ်မှာ ပျော်ပျော်ကြီး ဆဲဆိုနေတဲ့ ကျုတ်ကျန်း အနောက်ပိုင်းခရိုင်က သရဲခြောက်တဲ့ အိမ်ရဲ့ သူဌေးပါ။ တမြန်မနေ့ညက ကြည့်ရှုသူ 600,000 ကျော်ရှိတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်ခဲ့သူပါ။"

ချန်ကောစင်မြင့်ပေါ်သို့ လျှောက်သွားသောအခါ လူအုပ်ကြီးထံမှ ရင်းနှီးသော အသံတစ်ခု ထွက်လာသည်။

"ဘော့စ်လား‽"

ချန်ကောသည် အသံကို လိုက်၍ ဟော်စန်း နှင့် ကောင်းလုရွှယ်က လူအုပ်ထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"မင်းတို့ ဘာလို့ဒီကိုရောက်နေတာလဲ?"

ချန်ကောအံ့သြသွားသည်။ ဟော်စန်းသည် ရန်သူကို ပွင့်ပွင့်လင်းလင်း ထောက်ခံနေခဲ့တာလား။

 "မင်း သရဲခြောက်တဲ့ အိမ်လေး ကို ခံစားချင်ရင် ငါ့ဆီ ဘာလို့ မလာတာလဲ"

ဟော်စန်းက သူ့ကိုယ်သူ ဘယ်လိုရှင်းပြရမှန်းမသိတော့ဘူး။ ဘော့ချန်း ၏ သရဲခြောက်သောအိမ်သည် ကြောက်စရာကောင်းလွန်းသည်ဟု ထျန်ထန် ဆေးကျောင်းပိုင်ရှင်ရှေ့တွင် သူ ပွင့်ပွင့်လင်းလင်း ဝန်မခံနိုင်ပေ။ သူ၏အတန်းသားတွေနှင့် ယခင် သရဲအိမ်ထဲကို ဝင်ခဲ့ဖူးသည့် အတွေ့အကြုံမှ အိပ်မက်ဆိုးများ မက်ဆဲဖြစ်ပြီး အပန်းဖြေအနားယူရန် ပေါ့ပေါ့ပါးပါးရှိပြီး ကြောက်စရာမကောင်းသသည့် အခြားသရဲအိမ်သို့ သွားရန် ဆုံးဖြတ်ခဲ့သည်။

ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဘော့ချန်းနှင့် သွားတိုးတော့သည်။

  ဒါကိုကြားတော့ ထျန်ထန်း ဆေးကျောင်းသရဲအိမ်ပိုင်ရှင်က အကွက်ဆိုက်ပြီးဆိုပြီး ဝင်ကောတော့သည်။

"မင်းရဲ့ သရဲခြောက်တဲ့အိမ်က သိပ်နာမည်ကြီးပုံမပေါ်ဘူး၊ မင်းရဲ့သူငယ်ချင်းတောင် မင်းကို မထောက်ခံဘူး။ ကောင်းပြီ၊ မင်း ငါတို့ဆီက လှည့်ကွက်တချို့ကို သင်ယူဖို့ လာတယ်ဆိုရင်  ငါတို့က မင်းကို ဒီအခွင့်အရေးကို ပေးလိုက်မယ်။ ဒါကို မင်းမငြင်းဖို့ မျှော်လင့်ပါတယ်။ လူတိုင်းက  ငါတို့လို   ရက်ရောတဲ့ လူတွေ မဟုတ်ဘူး။"

ထိုလူက လိမ္မာပါးနပ်သည်။  ချန်ကောရဲ့ သရဲခြောက်တဲ့အိမ်အွန်လိုင်းမှာ ဆဲဆိုဝံ့ကြပေမယ့် ချန်ကောအကြောင်း ကောင်းကောင်းသိတယ်ဆိုတာ ထင်ရှားသည်။ ချန်ကောရဲ့  သရဲခြောက်တဲ့ အိမ်ထဲကို လွှတ်လိုက်ခြင်းဖြင့် သူ့ရည်ရွယ်ချက်က ရှင်းပါတယ်။ ချန်ကောသည် ထျန်ထန်ဆေးကျောင်းထဲ မှာ ကြောက်ရွံ့နေပါက၊ ဒီဗီဒီယိုကို ပရိုမိုးရှင်းတစ်ခုအဖြစ် အသုံးပြုကာ ကျုတ်ကျန်း အနောက်ပိုင်း သရဲအိမ်ရဲ့ ဖောက်သည်တွေကို တစ်ခါတည်း ဆွဲဆောင်နိုင်လိမ့်မည်။  ချန်ကောက သူလုပ်သလိုပဲ၊   တခြားသူရဲ့ဧည့်သည်တွေကို သူတို့ကိုယ်တိုင်လာဖို့ ဆွဲဆောင်ချင်နေသည်။
 

မကြာသေးမီက တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ချန်ကော၏ သရဲခြောက်သောအိမ်သည် အွန်လိုင်းတွင် လူကြိုက်များသည့်အချက် တစ်ခု ဖြစ်လာခဲ့သော်လည်း ရေပန်းစားမှုသည် ကြာရှည်မခံကြောင်း သူ သိသည်။ အများစုကတော့ တစ်ပတ်လောက်ကြာလိမ့်မယ်။ ထျန်ထန် ဆေးကျောင်းသည် ကျုတ်ကျန်း  ရှိ ချန်ကော၏ သရဲခြောက်သောအိမ်ကဲ့သို့ ရေပန်းစားခြင်းမရှိသော်လည်း  နိုင်ငံတဝှမ်းလုံးမှာ  စုစုကဲ့သို့သော သစ္စာရှိ ပရိသတ်များစွာရှိသည်။

"လာပါ... သူ့ကို အသံဖမ်းစက်နဲ့ ရင်ဘတ်ပေါ်မှာ နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ စက်လေးကို တပ်ဖို့ ကူညီပေးကြပါ"

မော်ဒယ်မလေး နှစ်ယောက်သည် ချန်ကောဆီသို့ လျှောက်သွားကြသည်။

"ကဲ၊ ကျန်တဲ့ ကံထူးရှင် သုံးယောက်ကို ရွေးလိုက်မယ်။"

"အဲဒါ မလိုအပ်ဘူးလို့ ထင်ပါတယ်။" ချန်ကောပခုံးတွန့်လိုက်သည် ။

 "သရဲခြောက်တဲ့အိမ်ကို တစ်ယောက်တည်းဝင်ပြီး စိန်ခေါ်တာက ပိုပျော်စရာကောင်းတယ်။ မင်း ငါ့ကို ကြောက်အောင် လုပ်နိုင်ရင် ငါ့ရဲ့ သရဲခြောက်တဲ့ အိမ်က မင်းရဲ့ သရဲအိမ်လောက် ကြောက်စရာမကောင်းဘူးလို့ ငါ့ ဝဘ်ဆိုဒ်မှာ   ငါ ဝန်ခံပြီး မင်းရဲ့ သရဲခြောက်တဲ့ အိမ်လေးကို တစ်လလုံး ကြော်ငြာပေးမယ်"

ချန်ကောပြောသည့်စကားကြောင့် ထိုလူက စိတ်ဝင်တစားရှိသော်လည်း သူလည်း သတိရှိနေသည်။ ချန်ကောက တစ်ခုခု သေချာတာ တစ်ခုရှိနေမည်ဟု ခံစားရသည်။
 
 "ငါတို့ မင်းကို ကြောက်မကြောက် ဆိုတာ ငါတို့ ဘယ်လို တိုင်းတာမလဲ။"

"မင်းက ငါ့ရင်ဘတ်ပေါ်မှာ ကင်မရာ တပ်ဆင်ပြီးပြီ ဟုတ်လား။ လူတစ်ယောက် လမ်းလျှောက်တဲ့အခါ ပုံမှန် နှလုံးခုန်နှုန်းက 60 ကနေ 100 ကြားမှာ ရှိတယ်။ ကြောက်တဲ့အခါ သူတို့ရဲ့ သွေးထဲမှာ အောက်ဆီဂျင် သိသိသာသာ လျော့ကျသွားပြီး နှလုံးက ပိုပိုမြန်လာမယ်။"

ချန်ကောက အဲဒီလူကို ကြည့်ပြီး အေးဆေးဆက်ပြောလိုက်သည်။

 "ငါ့ရဲ့ နှလုံးခုန်နှုန်းက 100 ကျော်ရင် ငါရှုံးလိမ့်မယ်"

"မင်းက ဒီလိုလုပ်ဖို့ ပြောခဲ့တာနော်"

 အဲဒီလူက ချန်ကောကို သူ့စိတ်ပြောင်းဖို့ အခွင့်အရေးမပေးဘူး။ သေးငယ်တဲ့ ရွရွပြေးတာကတောင် လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကို 100 ထက် ပိုရစေမှာ ဖြစ်ပြီး ကြောက်စိတ်က ပိုနည်းပါတယ်။ သူမြင်လိုက်ရသည့်အတိုင်းဆိုရင် ချန်ကောသည် သေချာပေါက် အရှုံးပေးလိုက်ရလိမ့်မည်။

"ဒီလောက် အလျင်စလို မလုပ်ပါနဲ့၊ ငါရှုံးရင် မင်းရဲ့ သရဲအိမ်က ငါ့သရဲအိမ်ထက်  ပိုကြောက်စရာကောင်းတယ်လို့ ဝန်ခံပါတယ်၊ ဒါပေမယ့် မင်းရှုံးရင် ဘာဖြစ်မလဲ"

"စိတ်မပူပါနဲ့၊ ငါတို့ရှုံးရင် ငါတို့ရဲ့ သရဲအိမ်ဟာ မင်းရဲ့အွန်လိုင်းမှာ လူပြောများနေတဲ့ သရဲအိမ်လောက် ကြောက်စရာမဟုတ်ဘူးဆိုတာကိုလည်း ငါတို့ဝန်ခံမှာပါ"

 လူအုပ်ကို လက်ညှိုးထိုးပြသည်။

"ဒီမှာလူတိုင်း မင်းရဲ့သက်သေဖြစ်နိုင်တယ်။"

"တကယ်တော့ ကျွန်တော့်မှာ တောင်းဆိုချက်လေးတစ်ခုရှိသေးတယ်"

 ချန်ကောက အပြစ်ကင်းစွာ ပြုံးလိုက်သည်။

"ငါ့သရဲခြောက်တဲ့အိမ်အကြောင်း မင်းနားလည်မှုလွဲ မှားနေသေးတယ်လို့ ငါ ထင်ပါတယ်။ မင်းရဲ့အဖွဲ့ဟာ ငါ့သရဲအိမ်ဆီ လာလည်ဖို့ဆန္ဒရှိနေမယ်လို့ ငါမျှော်လင့်ပါတယ်။ ငါ့သရဲအိမ်ထဲကို ဇာတ်လမ်းအသစ်တစ်ခုထပ်ထည့်ထားပြီး၊ အဲဒါကို အများသူငှာ ဝင်လေ့လာဖို့ မဖွင့်ရသေးပါဘူး။"

"အိုကေ၊ ကိစ္စမရှိပါဘူး" လို့ အဲဒီလူက လွယ်လွယ်နဲ့ ကတိပြုပြီး လူအုပ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါတယ်။ ဟော်စန်းနှင့် ကောင်းလုရွှယ်သာလျှင် သူတို့၏မျက်နှာပေါ်တွင် စူးစမ်းလိုသော အမူအရာများရှိသည်။ ထိုလူကိုကြည့်လိုက်တော့ အတိတ်က သူတို့ကိုယ်သူတို့ မာန်တက်ဝင့်ကြွားနေ ခဲ့ဖူးသည့် အမူရာတွေ ထပ်တူကျနေသည်ကို တွေ့လိုက်ရသည်။


*****-************

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now