Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်

766 162 4
                                    

Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်



"ဘာလို့အဲ့လိုမေးတာလဲ"

ရွှီထုံက ထိုမေးခွန်းကို မေးလိုက်ပြီး ချက်ချင်းပင် နောင်တရသွားသည်။ သူက ချန်ကော ရဲ့ လက်ထဲက တူကို ကြည့်လိုက်ပြီး အဖြေတွေက သူ့ပါးစပ်ထဲမှ ချောမွေ့စွာ ထွက်လာခဲ့သည်။

"ဝမ်ဟိုင်မင်က တစ်ချိန်က ဒီနေရာက လူနာပဲ။ သူက ထပ်ခါတလဲလဲ လုပ်ခဲ့တဲ့ အပြစ်တွေကြောင့် တတိယ ခန်းမဆောင်ထဲ အကြိမ်ပေါင်းများစွာ သော့ခတ်ထားခံခဲ့ရတယ်။ အဲ့တစ်ယောက်က အရမ်း စိတ်ဝင်စားဖို့ကောင်းတယ် "

"ပိုပြီး တိတိကျကျပြော....။"

"သူဟာ အန္တရာယ်နည်းတဲ့ လူနာတစ်ဦးပါ။ ဒုတိယ ခန်းမရဲ့ ဒုတိယထပ်မှာ နေခဲ့ပေမယ့် အဲဒီလူက သူ့စိတ်ထဲမှာ တစ်ခုခုတော့ လွဲမှားနေတယ်လို့ ထင်ခဲ့တယ်။ သူ မရူးဘူးလို့ ဆက်တိုကပြောနေခဲ့တယ် "

ရွှီထုံ ၏နှုတ်ခမ်းတွင် ရွံရှာဖွယ်အပြုံးတစ်ခုပေါ်လာသည်။

"တကယ်တော့ ငါတို့က ကောင်းကောင်း နေကောင်းမှန်း ငါတို့ အားလုံးသိတယ်၊ ဒါပေမယ့် သူ့လို လူမိုက်တစ်ယောက်ပဲ ဒါကို အကျယ်ကြီး ထုတ်ပြောခဲ့တယ် "

အရူးအမည်ခံ စိတ်ဝေဒနာရှင်တွေက သူတို့ကိုယ်သူတို့ လူကောင်းလို့ပဲ ပြောဆိုကြသည်။


ဝမ်ဟိုင်မင်သာ ဒီနေရာမှာ ရှိနေရင် ဘယ်လိုပြောမလဲလို့ ချန်ကော တွေးနေမိသည်။

ရွှီထုံ ၏ အပြုံးထဲ ဆိုးသွမ်းသည့် အရိပ်တချို့ ထင်ဟပ်သွားသည်။ သူ့အမြင်က သာမန်လူတွေနဲ့ မတူဘူး။ အခုချိန်ထိ သူက နေကောင်းတယ်လို့ သူ့ကိုယ်သူ ယုံကြည်နေတုန်းပဲ။

"ပြီးတော့ကော ?"


အထူးသဖြင့် ရွှီထုံ ကဲ့သို့သော စိတ်ဝေဒနာရှင်များနှင့် ဆက်သွယ်ခြင်းသည် မည်မျှအန္တရာယ်ရှိသည်ကို ချန်ကော က နားလည်ခဲ့သည်။ သူတို့ရဲ့ လှည့်စားနေတဲ့ လောကကြီးပေါ် ထားသည့် အမြင်ကြောင့် သူတို့ရဲ့ မသိစိတ်က တလွဲတွေ တွေးခေါ်နေကြသည်ကို သတိထားရမည် ဖြစ်သည်။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now