သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)

853 211 8
                                    

Chapter (121)- အိပ်မက်ယောင်ပြီး လမ်းလျှောက်သူ  

 

ဝမ်ဟိုင်မင်အား စိတ်ရောဂါကုဆေးရုံမှာ နေစဉ်အတွင်း မကောင်းဆိုးဝါးက သူ့ကို ချုပ်ကိုင်ထားပြီး ဆေးရုံမှဆင်းချိန်တွင် သူနှင့် အတူလိုက်ပါလာခဲ့သည်။  နှစ်လုံးလုံးက သူ့ခန္ဓာကိုယ်ရဲ့ထိန်းချုပ်မှုကို ရရှိဖို့ အဆက်မပြတ်တိုက်ခိုက်နေကြတယ်။ ဝမ်ဟိုင်မင်က အလျှော့ပေးလိုက်လျောမည့် အစား အသေခံရန်ဆုံးဖြတ်ခဲ့သည်။

ထိုလူ၏ ထူးဆန်းသောသေခြင်းနှင့် ညသန်းခေါင်တွင်ဖြစ်ပျက်ခဲ့သော လုပ်ရပ်များသည် ချန်ကော ၏ထင်မြင်ချက်ကိုထောက်ခံနေခဲ့သည်။

ဝမ်ဟိုင်မင် ကွယ်လွန်ပြီးနောက် စိတ်ရောဂါဆေးရုံမှ သူ့ကို ပူးကပ်နေသည့် မကောင်းဆိုးဝါး လုပ်ဆောင်ခဲ့သည့် အရာသည် ဤအခန်းတွင်ပြန်နေရန် ဖြစ်နိုင်သည်။ သူ၏ ရုပ်အလောင်းကို သယ်ဆောင်သွား သောအခါ ရဲများနှင့်ပရိသတ်များစွာ ရှိနေသဖြင့် မကောင်းဆိုးဝါးက ဒီနေရာကို ဝင်နေလို့ မဖြစ်နိုင်ပေ။ ညဉ့်အခါတွင်လည်း, အခန်း 303ကို သော့ပိတ်ထားသောကြောင့် မကောင်းဆိုးဝါးက နောက်ထပ်  ပစ်မှတ်အသစ်တစ်ခုကို ရှာဖွေနေပြီး ဘယ်နှစ်ယောက်က ပစ်မှတ်ဖြစ်သွားခဲ့ပြီလဲ။

 
ပုံမှန်အားဖြင့်ပြောရလျှင် မကောင်းဆိုးဝါးသည် ဤအခန်းအတွင်း၌ ပိတ်မိနေသင့်သည်။ သို့သော် မသိသေးသောနည်းလမ်းဖြင့် အခန်း ၃၀၂ ရှိ လူငယ်သည် မကောင်းဆိုးဝါးနှင့် ဆက်နွယ်သွားမိပုံ ရသည်။  ဝမ်ဟိုင်မင်ထံမှ သင်ခန်းစာယူပြီးနောက် ထိုမကောင်းဆိုးဝါးသည်ထို သူ၏ကိုယ်ခန္ဓာကိုရန် အလောတကြီး သိမ်းပိုက်မှုမပြုလုပ်ခဲ့ပါ။ နှစ် ဦး စလုံးကြားက အဆက်အသွယ်တေ့ာရှိပုံရသည်။

ချန်ကော ကကြမ်းပြင်ပေါ်ရှိ စာကလေးငှက် အသေများကို ကြည့်လိုက်သည်။ ဒီစာကလေးငှက် သေတွေရဲ့ သွေးဟာ အထည်အများစုကို စွန်းထင်းနေသည်။ ဒါကိုကြည့်ရင် ဆက်သွယ်ချက်က ဖြစ်နေတာ ကြာနေပုံရသည်။

 လူငယ်က သူ့ဖာသာ ပြောနေသည့် စကားကို ချန်ကော သတိရလိုက်တယ်။  

"မင်းတို့ ငါ့ကို ဖိအားပေးတာ ရပ်တန့်ဖို့လိုတယ်"


ဒီစကားက အချက်အလက်များစွာကို ထုတ်ဖေါ်ပြ ခဲ့သည်။ ပထမ ဦး စွာ သူသည် မိမိဆန္ဒကို ဆန့်ကျင်သော အရာတစ်ခုခုကို အတင်းအကျပ် လုပ်ခိုင်း ခံနေရသည်။ အခန်း ၃၀၃ ရှိ အခြေအနေ ကိုကြည့်လိုက်ရင် မကောင်းဆိုးဝါးက သူ့ကို သွေးဖြင့် ယဇ်ပူဇော်ရန် အခန်း 302 က လူငယ်ကို အတင်းအကျပ်စေခိုင်းခဲ့ခြင်းဖြစ်နိုင်သည်။

စာကလေးငှက်အချို့သည် ထိုမကောင်းဆိုးဝါးကို ကျေနပ်ရောင့်ရဲနိုင်မည် မဟုတ်သောကြောင့် သွေးပိုများတဲ့ ကြောင်တွေ ခွေးတွေ လူတွေကို သတ်ခိုင်းနေတာ များလား။

 ဒုတိယအချက်မှာ လူငယ်၏စကားဖြစ်သည်။ အငြင်းပွားနေစဉ်တွင်သူ သည် "မင်းတို့" ဟူသော အသုံးအနှုန်းကိုသုံးခဲ့သည်။ ထို့ကြောင့် သူသည် မကောင်းဆိုးဝါး တစ်ကောင်မက ကြုံတွေ့ရနိုင်သည်။ ဒီအချက်ကြောင့် ချန်ကော ရှုပ်ထွေးလာသည်။ ဝမ်ဟိုင်မင်က ; စိတ်ရောဂါကုဆေးရုံမှ မည်သည့်သတ္တဝါများကို ခေါ်ဆောင်သွားခဲ့သနည်း။

အရာအားလုံးကို ဆက်စပ်သိရှိသွားပြီးတဲ့နောက် ချန်ကော ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့တယ်။ အခန်းထောင့်ချိုးရှိနေလို့ အခန်း ၃၀၂ မှ လူငယ်သည် ချန်ကော  ကပ်လာသည်ကို တွေ့နိုင်မည် မဟုတ်ပါ။ ချန်ကောရဲ့အရိပ်ကပြတင်းပေါက်ဆီသို့ လမ်းလျှောက်နေတာကို သူမြင်တော့ သူက ချက်ချင်းပဲ သူ့အခန်းထဲပြန်ဝင်သွားသည်။

ဒီည သူ သွားကြည့်ဖို့နောက်ထပ်တစ် ဦး ပေါ်လာလေပြီ။ ချန်ကောသည်ပြတင်းပေါက်မှ တက်ကာ သူ၏လက်များသည်ပြတင်းပေါက်ဘောင်ကို ဆုပ်ကိုင်လိုက်သည်။ သူ နောက်ကို လှည့်ကြည့် လိုက်တော့  မျက်လုံးထောင့်ကနေ အခန်း ၃၀၃ ၏ ရေချိုးခန်း၏ တဝက်ပွင့်နေသော တံခါးနောက်နားတွင် ကွယ်ကာ မျက်နှာနှစ်ဖက်နှင့်အတူ အရိပ်ရှည်အရာ တစ်ခုရပ်နေသည်ကို တွေ့လိုက်ရသည်။


"ဘယ်သူလဲ"

ချန်ကော ၏လက်များချော်သွားမလိုပင် ဖြစ်သွားသည်။ သူမျက်လုံးကို သေချာ အာရုံစူးစိုက်ကာ ကြည့် လိုက်သောအခါ ထိုအရာ ပျောက်ကွယ်သွားသည်။ ရေချိုးခန်းထဲမှာ ဘာမှမရှိတော့ဘူး။ ဒါပေမယ့် မှန်ကိုဖြတ်ပြီး အရိပ်ပေါ်နေသည့်ပုံပေါ်သည်။

 
ပြတင်းပေါက်ကနေ ကူးပြီးလာတာက လုံခြုံစိတ်ချရတဲ့ပစ္စည်းတွေမရှိရင် တော်တော်အန္တရာယ်များတယ်။ ချန်ကောသည်အခန်း ၃၀၄ သို့ အမြန်ပြန်သွားနိုင်ခဲ့သည်။

"မင်း တခုခုကိုရှာတွေ့ခဲ့သလား"

ဆရာဝန်ကမေးတယ်။

"ဒီမှာကြည့်ပါ။ "

ချန်ကောသည်သော့ကို သူ၏အိတ်ကပ်ထဲမှ ထုတ်ယူလိုက်သည်။

 "ဒေါက်တာ ... ဆေးရုံမှာ ဒီလိုသော့မျိုး သော့တွေရှိလား။ "

ဒေါက်တာကောင်းက ချန်ကောလက်ထဲက သော့ကိုလက်ခံပြီး သူ့လက်ထဲ ထည့်လိုက်တယ်။
သော့သည် ပုံမှန်သော့ထက် အနည်းငယ်ပိုကြီးတယ်။

" ဒါက ရုံးခန်း ဒါမှမဟုတ် ခွဲစိတ်ခန်း က သော့ မဟုတ်လောက်ဘူး။ ငါလည်း မသေချာဘူး"

 
 ချန်ကော သည် ဒေါက်တာကောင်း ထံမှ အဖြေမရသောကြောင့် သော့ကိုဖယ်လိုက်သည်။ တတိယ ဖျားနာဆောင်ခန်းမထဲ ၀ င်ဖို့ သူ အဆင်သင့်ဖြစ်နေပြီလားလို့ ကိုယ့်ဖာသာ တွေးလိုက်သည်။

"ဒါက မင်းရှာဖွေတွေ့ရှိခဲ့တာလား။ သော့တစ်ခုပဲလား?"

ဆရာဝန်က ချန်ကော ပြတင်းပေါက်ကနေ အခြားအခန်းကို ကျော်ဝင်ပြီးနောက် ဒီသော့တချောင်းတည်းနှင့် ပြန်လာမည်ဟု မထင်ထားပေ။

 " ဒီသော့ကိုလျှော့မတွက်ပါနဲ့၊ ဖြစ်ပျက်နေတာတွေရဲ့ အဓိက သော့ချက်ဖြစ်နိုင်တယ်

ချန်ကောက ဖြေရင်း  အိပ်ခန်းထဲကိုငေးကြည့်လိုက်သည်။  

"သူက  အခန်း ၃၀၄ မှာအိပ်ဖို့ ကြောက်နေတယ်။ သူက  ပတ်ဝန်းကျင်ကိုကြောက်တယ်။ သူ ဒီမှာ အိပ်ပျော်ပြီး တဲ့အခါ သူ့စိတ်က သူ့ကိုနောက်ထပ် ဖိအားပေးနိုင်ပြီး အိပ်မက်ဆိုးတစ်ခု မက်လာနိုင်တယ်။ မန်နန်က ကလေးဘဝကရတဲ့ စိတ်ဒဏ်ရာကြောင့် ခုလို ဖြစ်တယ်ဆိုတာ ငါတို့သိနေပြီ။ သူ့ကို အကြံပြုဆွေးနွေးတဲ့ ကုထုံးလုပ်သင့်တယ်"  

"အရာရာတိုင်းဟာ ဆရာ ထင်သလောက် မလွယ်ကူလှပါဘူး။ "


ချန်ကော ကစိတ်ရှည်စွာရှင်းပြခဲ့သည်။ ဆရာ ၀ န်သည် အခြားကမ္ဘာနှင့် ထိတွေ့ဖူးခြင်းမရှိသောကြောင့် သူ၏စဉ်းစားတွေးခေါ်ပုံကို ကန့်သတ်ထားသည်။

"အကယ်၍ မန်နန်က ကလေးဘဝစိတ်ဒဏ်ရာကြောင့် အဓိကခံစား ဒီတိုက်ခန်းသို့ပြောင်းပြီးမှ သူ့ရဲ့ဝေဒနာ ဘာကြောင့်ပေါ်လာရတာလဲ"

ဆရာဝန် ကထိုမေးခွန်းအတွက်အဖြေမရှိပါ။

"ကလေးဘဝစိတ်ဒဏ်ရာက ဒီတိုက်ခန်းမှာရှိ နေတဲ့ပြသနာရဲ့တစိတ်တပိုင်းပါ။ ဒီနေရာမှာ ရှိတဲ့ တစ်ခုခုကြောင့် သူ့ကိုပြင်းထန်တဲ့ အနှောက်ယှက်စေပြီး သူ့ကို ဖျားနာစေတယ်။ ဒါက တကယ့်အရင်းအမြစ်ပဲ။ "


ချန်ကော သည် လက်ရှိအခြေအနေကို အခြားကမ္ဘာကြီးက ကိုးကားခြင်းမရှိဘဲ ရှင်းပြရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။

ဆရာဝန်က ခေါင်းညိတ်လိုက်သည်။ သူသည် ချန်ကော၏ နည်းစနစ်များနှင့် ပတ်သက်၍ သံသယရှိနေသော်လည်း ထိုလူသည် ဝမ်ရှင်းကို ကုသပေးနိုင်ခဲ့သည်မှာ မငြင်းနိုင်ပါ။ သိပ္ပံပညာရှင်တစ် ဦး ၏ ရှုထောင့်မှကြည့်ပြီး သူ ပို၍ သိလိုသည်က ချန်ကော၏ အမျိုးမျိုးသောအတွေးအခေါ်များနှင့် နည်းစနစ်များအကြောင်းဖြစ်သည်။  သို့သော် ဆရာဝန်၏ ရှုထောင့်မှကြည့်လျှင် သူသည် လူနာများကိုကုသပေးရန် သာဖြစ်သည်။

ချန်ကော သည်ဒေါက်တာ ၏မျက်နှာတွင် တွန့်ဆုတ်နေသည်ကို တွေ့မြင်ရပြီး  ဆရာ ၀ န်ကို စည်းရုံးသိမ်းသွင်းရန် ခက်ခဲလိမ့်မည်ကို သူသိသည်။

" ကျွန်တော်တို့ သူ့ကိုပြောင်းရွှေ့ခဲ့ရင်တောင်မှ အိပ်မက်ဆိုးဟာ ဆက်ရှိနေ ဦး မှာပါ။  "

ဒီကိစ္စမှာသူ့ကိုဒီမှာအိပ်ပျော်အောင်ဘာကြောင့်ခွင့်မပြုတာလဲ။ ဆရာလုပ်ဖူးလား။ ကျွန်တော်တို့နှစ်ယောက် သူ့အနားမှာရှိနေမှာပဲ။ သူ့ကို အိပ်ပျော်အောင် အိပ်မွေ့ချပြီး စောင့်ကြည့်ရအောင်။ သူ တခုခု နာကျင်မှုတစ်ခုခုဖြစ်ရင် သူ့ကိုချက်ချင်းနှိုးလို့ရတယ်လေ။"



စိတ်ပိုင်းဆိုင်ရာကုထုံးသည် ရှည်လျားခက်ခဲသော လုပ်ငန်းစဉ်ဖြစ်ပြီး အချို့သော စဉ်းစားသုံးသပ်မှုများ အပြီးတွင် ဆရာဝန် သည် နောက်ဆုံးတွင် သဘောတူခဲ့သည်။ နောက်ထပ်ဆွေးနွေးမှုအပြီးတွင် သူတို့သည် အိပ်ခန်းထဲ ၀ င်လာပြီး မန်နန်သည် အိပ်ရာပေါ်တွင်ရှိ နေပြီးဖြစ်သည်။ ထိုလူငယ်သည် မောပန်းလာခဲ့ပြီး  ခေါင်းအုံးပေါ်ခေါင်းချလိုက်သည်နှင့် ချက်ချင်း  အိပ်ပျော်ခဲ့သည်။

မန်နန်ကို အိပ်ရာထဲသို့ခေါ်ဆောင်သွားပြီးနောက် ချန်ကောသည် မန်နန်၏နဖူးနှင့်လည်ပင်းကို စစ်ဆေးလိုသော်လည်း ဒေါက်တာ မှတားဆီးခဲ့သည်။

"သူအိပ်ပါစေ။ "

"အိုကေ။ "

ချန်ကော သည်ထိုင်ခုံနှစ်ခုကိုဆွဲချလိုက်သည်။

" ကျုပ်တို့ဒီအတိုင်းလုပ်မယ်။ တစ်ယောက်က ညသန်းခေါင်အထိစောင့်မယ်။ နောက်တယောက်က သန်းခေါင်ယံနောက်ပိုင်းကို စောင့်ပါ။  တစ်ခုခု  မှားနေရင် ချက်ချင်းနိုးလိုက်မယ်"

"မင်း အခု သွားပြီးအနားယူသင့်တယ်။ ဒါကို ငါ့ဆက်ကြည့်လိုက်မယ်"

မန်နန် ကိုကြည့်ရှုစောင့်ရှောက်ရန် အိပ်ခန်းထဲ၌ဒေါက်တာကောင်းရှိနေစဉ် ချန်ကောက ဧည့်ခန်းဆိုဖာပေါ်တွင်အိပ်ခဲ့သည်။

သူ ဒီကိုမရောက်ရှိမှီ ချန်ကော သည် နံနက်ခင်းတစ်ညလုံး သရဲအိမ်တွင်အလုပ်လုပ်ခဲ့ပြီး နေ့လည်ခင်းတွင် အရုပ်ခေါင်းများ ပြုလုပ်ခဲ့သဖြင့် သူ ပင်ပန်းနေခဲ့သည်။ သူက သူ့ဖုန်းကိုတုန်ခါမှု  အဖြစ်ပြောင်းပြီး ညသန်းခေါင် မှာနှိုးစက်ကို သတ်မှတ်လိုက်သည်။ ဆိုဖာပေါ်မှာအိပ်ရင်း ရှောင်းရှောင်းက သူအနားမှာထိုင်ပြီး မကြာခင်မှာပဲ သူ အိပ်ပျော်သွားတယ်။

...

သူ၏အိပ်မက်၌ သူ၏လက်ဖဝါးမှ တုန်ခါမှုကိုခံစားခဲ့ ရသည်။ ချန်ကောသည်ဆိုဖာပေါ်တွင် ထထိုင်ခဲ့သည်။ သူ့ ဖုန်းကိုကြည့်လိုက်တယ်။ ညသန်းခေါင်ပဲ.....

သူ အိပ်ခန်းထဲ ၀ င်လာပြီး ဒေါက်တာရဲ့မျက်နှာပေါ်မှာ နက်ရှိုင်းတဲ့မျက်မှောင်ကြုတ်မှုကိုတွေ့လိုက်ရတယ်။ သူက ဘာမှမပြောမီ ဆရာဝန် က သူ့ကိုတိတ်ဆိတ်စွာ နေရာ အမူယာ ပြခဲ့သည်။ နှစ်ယောက်လုံး တိတ်ဆိတ်စွာဖြင့် အိပ်နေသော မန်နန်ဘေးမှာရပ်နေ၏။ ငါးမိနစ်ခန့်ကြာပြီးနောက် အိပ်ရာပေါ်မှာအိပ်နေတဲ့ မန်နန်ဟာ သူ့ခန္ဓာကိုယ်အောက်မှာ ရုတ်တရက် လက်မောင်းကိုဖြောင့်လိုက်တယ်။ သူ ထိုင်ဖို့ကြိုးစားနေပုံရသည်။

ကြိုးစားမှု အနည်းငယ်အပြီးတွင်  သူ့အနားဘေးတွင် လက်များကို အားနည်းစွာ လှုပ်လိုက်သည်။

"အိပ်မက်ယောင်ပြီး လမ်းလျှောက်တာလား?"

ချန်ကော က ဆရာဝန်  ကို တိုးတိုးလေးမေးလိုက်သည်။ သူသည်ခေါင်းခါလိုက်သည်။ မန်နန်ရဲ့ မျက်လုံးကိုထောက်ပြလိုက် သည်။

ချန်ကောက ကြည့်လိုက်တော့ မန်နန်  ၏မျက်လုံးများ ပွင့် နေသည်ကို မြင်ပြီး သဘောပေါက် ခဲ့သည်။ သို့သော် သူ၏ သူငယ်အိမ် လေးပုံတစ်ပုံသာမြင်နိုင်သည်။ ကျန်သော မျက်သားအားလုံးအဖြူရောင်ဖြစ်နေခဲ့သည်။ +

****-****

Chapter (122)_ သူ့ကိုနှိုးပါ  

မန်နန်ရဲ့လက်ရှိပုံက အတော်လေး ကြောက်စရာ ကောင်းသည် ဟု ရိုးရိုးသားသားပြောနိုင်သည်။ ဆယ်မိနစ်ခန့် အကြာတွင် သူ၏လက်များသည် ရှေ့သို့တိုးလာပြီး မိမိကိုယ်ကိုတွန်းအားပေးရန် ကြိုးစားသည်။ အတော်များများ ကျရှုံးမှုများပြီးနောက် မန်နန် သည်နောက်ဆုံး၌ ထထိုင်နိုင်ခဲ့သည်။

သူ့ မျက်လုံးများသည်အဖြူရောင်ဖြစ်နေပြီး မန်နန်သည် အိပ်ရာပေါ်တွင်ထိုင်ကာ ခေါင်းက အနည်းငယ်ငိုက်ကျ နေသည်။

 "ဒေါက်တာ သူ နိုးနေ ခဲ့ပြီလား"

ချန်ကော နှင့် Doctor Gao တို့သည် မန်နန်နှင့်တစ်မီတာခန့်အကွာတွင် ရပ်နေကြသည်။ သို့သော် သူ၏မျက်လုံးများက ရှေ့ကို ငေးကြည့်နေချိန်တွင် ထိုလူငယ်သည် သူတိုကို သတိထားမိပုံ မရပါ။ သူ၏သူငယ်အိမ်များသည် အပေါ်ကို လှန်နေသောကြောင့် မျက်သားဖြူဖြူကိုသာ မြင်နေရသည်။

 
"မဖြစ်နိုင်ဘူး။"

 ဆရာဝန် က ချန်ကောကိုနောက်သို့ဆုတ်ရန်  အချက်ပြလိုက်သည်။ သူတို့နှစ်ယောက်စလုံးသည် မနန်န်ဆီသို့ ကြည့်ကာ နံရံကိုမှီနေခဲ့ကြသည်။

"ဒါဆို ဒီဟာက အိပ်မက်ယောင်ပြီး လမ်းလျှောက်တာကလား?"

ချန်ကောဟာ  ထူးဆန်းတဲ့အရာတစ်ခုကို ပထမဆုံးအကြိမ်မြင်ခဲ့ခြင်းပါ။

"အိပ်မက်ယောင်ပြီး လမ်းလျှောက်တာက ပုံမှန်အိပ်စက်ခြင်းကို တားဆီးတဲ့ အရာဖြစ်တယ်။ ဒါက အိပ်မက်ယောင် လမ်းလျှောက်တာ သက်သက်ဆိုရင်  သူ့ရဲ့ သူငယ်အိမ်က အပေါ်ကို လှန်မနေသင့်ဘူး"

 သူတို့နှစ်ယောက်က အိပ်ခန်းအပြင်မှာ တိုးတိုးလေး ဆွေးနွေးနေစဉ် မန်နန်က အိပ်ယာပေါ်ကနေ အောက်ကိုဆင်းပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
 

"သူ့ကိုနိုးသင့်ပြီလား"

သူတို့ရဲ့မူလအစီအစဉ်က မန်နန် စ်ခုခုလုပ်တိုင်းနိုးဖို့ ဖြစ်တယ်။

"မဟုတ်သေးဘူး။ သူ့ကို ငါတို့ အတင်းအကျပ်နိုးရင် သူ့စိတ်ကို ရိုက်ချိုးသလိုဖြစ်သွားမယ်။ ငါတို့ မန်နန်ရဲ့မျက်နှာအပြောင်းအလဲကို သေချာကြည့်ရမယ်။ သူက အိပ်မက်က နှိုးထပြီး ရုန်းကန်နေပြီဆိုမှ နှိုးလိုက်မယ်။  သူ့ကိုနိုးထဖို့အတင်းအကျပ်စေခိုင်းရင် တောင် သူ့ စိတ်ခံစားမှုအပြောင်းအလဲ မရှိမချင်းတော့ စောင့်ရ ဦး မယ်"

သူတို့နှစ်ယောက်သည် အိပ်ခန်းမှ ထွက်၍ အပြင်သို့ ထွက်ကြည့်ကြသည်။  မန်နန်သည် အိပ်ရာဘေးတွင် မိနစ်အနည်းငယ် ရပ်ပြီး ဧည့်ခန်းဘက် ကို တဖြည်းဖြည်း လှည့်ကာ မိနစ်အနည်းငယ်မျှ ရပ်နေသည်။ သူ၏ ဦး ခေါင်းကိုမြှောက်ကာ သူ၏ မျက်စိကို ဖွင့်ထားသော်လည်း အများအားဖြင့် မျက်သား အဖြူရောင်သာ ဖြစ်နေသည်။ ဒီလိုအခြေအနေမျိုးမှာ သူဟာအိပ်ခန်းထဲကနေ လမ်းလျှောက်ဖို့သူ့ခြေထောက်တွေကိုရွှေ့ခဲ့တယ်။

 "သူ အခုဘာလုပ်နေလဲ?"

"သူဟာ OCD ဝေဒနာကို အနည်းငယ်ခံစားခဲ့ရတယ်။ ညတိုင်း အိပ်ပျော်သွားပြီးရင် သူ့အိပ်ယာကို သပ်ရပ်အောင်  နာရီဝက်ကျော်ကြာအောင် ပြင်ဆင်နေတတ်တယ်။   ပြီးရင် အိပ်ယာပေါ် ပြန်တက်ပြီးအိပ်ပျော်သွားတတ်တယ်"

ဆရာဝန်  က မန်နန်ကိုကြည့်လိုက်တော့ သူ့ မျက်နှာက စိုးရိမ်ပူပန်နေတယ်။

" နောက်ဆုံးမှာတော့ အိပ်ရာထဲပြန်လာတဲ့ ဒီလို အိပ်မက်ယောင်တာက သိပ်မဆိုးလှပါဘူး။ အိပ်မက်ယောင်ပြီး လမ်းလျှောက်တဲ့သူတွေက ငါတို့ မျှော်လင့်မထားတဲ့အရာတွေကို လုပ်တတ်လေ့ရှိတယ်"

 မန်နန်က  အိပ်ခန်းထဲမှထွက်သွားပြီးနောက် သူသည်ရပ်တန့်ခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိဘဲ ရေချိုးခန်းသို့တိုက်ရိုက်သွားခဲ့သည်။ သစ်သားတံခါးကို ဖွင့်လိုက်ပြီး လှည့်မကြည့်ဘဲ သူက မှန်ရှိရာသို့ လမ်းလျှောက်သွား ခဲ့သည်။

အဆိုပါရေပိုက်ခေါင်းကို ဖွင့်ခဲ့သည်, မကြာမီ ရေချိုးခန်းထဲမှာ ရေစီးကျနေသော ရေအသံနှင့်ပြည့် သွားသည်။

"သူက သူ့ဆံပင်ကိုလျှော်ဖို့စီစဉ်နေတာလား?"

ချန်ကောက ဒေါက်တာကိုကြည့်လိုက်တော့ သူက တူညီတဲ့ထိတ်လန့်တုန်လှုပ်မှုနဲ့ပြန်ကြည့်နေခဲ့တယ်။

 "ငါ့ကိုမကြည့်ပါနဲ့၊ ဒါ ငါ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ "

ရေကျသံ ပိုကျယ်လာသဖြင့် ချန်ကောနှင့် ဒေါက်တာတို့ရေချိုးခန်းထဲသို့ပြေးဝင်သွားသည်။ ဗေစင်ထက်တွင် မန်နန်က ကိုယ်ကို ငုံ့ကိုင်းကာ သူ့ခေါင်းကို ရေထဲ နစ်လိုက်သည်။ ရေနဲ့ ခေါင်း ထိချိန်မှာသူ့မျက်နှာပေါ်မှာ နာကျင်ရိပ်တခု ပေါ်လာသည်။

 
မန်နန်က ဦး ခေါင်းကိုစောက်ထိုးထားလိုက်ပြီးနောက် သူတို့နှစ်ယောက်က မန်နန်ရဲ့ သူငယ်အိမ်ကို မတွေ့ရသေးဘူး။

  သူ၏ခေါင်းသည်ရေကိုထိလိုက်ပြီး မန်နန် ၏ဖော်ပြချက်သည်နောက်ဆုံးတွင်ပြောင်းလဲသွားသည်။ သူ မယုံနိုင်လောက်အောင်ကြောက်စရာကောင်းသော အရာတစ်ခုကိုမြင်ခဲ့သကဲ့သို့ သူ၏မျက်နှာသည် အနည်းငယ်တုန်နေသည်။

ချန်ကောက အနောက်ကို လှည့်ကြည့်လိုက်ပေမယ့်  အခန်းထဲမှာ ဘာမှမရှိဘူး။

"သူက သူ့အိပ်မက်ထဲမှာ တစ်ခုခုကိုရှာဖွေတွေ့နေပြီ။ သူ့အိပ်မက်နဲ့ တကယ့်လောကက တကယ် ဆက်စပ်နေတာလား။  ?"

မန်နန် မြင်လိုက်တဲ့အရာက တကယ်ပဲ ဧည့်ခန်းကနေ ရေချိုးခန်းထဲ ဝင်လာပြီး သူ့ဘေးမှာ ရပ်နေသလို ချန်ကော ခံစားလိုက်ရသည်။

 
မန်နန်၏ဆံပင်သည် စိုစွတ်နေပြီး မန်နန်သည် ခေါင်းလျှော်ရည်ကို ကျွမ်းကျင်စွာဆုပ်ကိုင်ထားပြီး သူ၏ခေါင်းပေါ်သို့ အများကြီး လောင်းချ လိုက်သည်။

  သူသည် ဦး ရေပြားကို အသာယာ ပွတ်တိုက်လျှောက်နေစဉ် ခေါင်းလျှော်ရည် မျက်စိထဲ မဝင်အောင် မျက်လုံးကို မှိတ်လိုက်သည်။

နည်းပရိယာယ်ဖြင့်ပွတ်တိုက်လိုက်သော်လည်းသူ၏မျက်လုံးများသည်လမ်းကြောင်းမှန်ပေါ်သို့ရောက်နေသည်။

 ထိုအချိန်တွင်ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းကဲ့သို့သော မကောင်းသည့် လက္ခဏာမျိုးကို  တစ်ပြိုင်နက်ပေါ်ထွက်လာခဲ့သည်။

" အမြန်! သူ့ကိုနှိုးလိုက်!"

ဒီအမိန့်ကိုဆရာဝန်က မေးလိုက်ချိန်မှာ မန်နန်က သူ့လည်ပင်းကို သူ့ဖာသာ ညစ်လိုက်သည်။

သူသည် မိမိလည်ပင်းကို ညစ်ရန် ကြိုးပမ်းစဉ် သူ၏လက်များပေါ်တွင်သွေးပြန်ကြောများပေါ်လာသည်။ သူ၏ကိုယ်ခန္ဓာသည် ဟန်ချက်ညီမှုမရှိသောကြောင့် သူသည်ကြမ်းပြင်သို့ပြိုလဲသွားပြီး ခေါင်းလျှော်ရည်နှင့်ရေတွေက နေရာအနှံ့ဖြာထွက်လာသည်။

"နိုးလာပါတော့... မန်နန်!"

 ဒေါက်တာ Gao နှင့် ချန်ကော တို့နှစ် ဦး စလုံးသည် သူ၏လက်ကိုဆွဲထုတ်ရန်ကြိုးစားခဲ့သော်လည်း ဘယ်လောက်ကျယ်အောင် အော်ခဲ့ပါစေ ထိုလူငယ်သည် မတုံ့ပြန်ခဲ့ပါ။ သူဟာ သူ့ကိုယ်သူလည်ပင်းညှစ်နေပြီး ရေစိုနေတဲ့ ကန်ကို ဆောင့်ဖို့  သူ့ခေါင်းကိုသုံးခဲ့တယ်။

"သူ့ကို ထိန်းသိမ်းထားပါ!"

ဆရာဝန်  သည် အလားတူလူနာများနှင့် ကြုံတွေ့ခဲ့ဖူးသည်။ သူသည် ချန်ကောအား မန်နန်၏အထက်ပိုင်းကိုကိုင်ခိုင်းပြီး မန်နန်၏  ၏လက်ကောက်ဝတ်များကို ချည်နှောင်ရန် ခါးပတ်ကိုချွတ်လိုက်သည်။

"မန်နန် ...ငါက ဒေါက်တာကောင်းပါ "

လက်ကိုချည်ပြီးတဲ့နောက်ဆရာဝန် က မန်နန်ကိုခေါင်းပေါ် လက်ဝါးနှင့် အုပ်ကာ မန်နန်ရဲ့ နဖူးနဲ့ ရေကန်ကို တိုက်နေတာကို တားလိုက်ပြီး နှစ်သိမ့်လိုက်သည်။

  "အခုအဆင်ပြေသွားပြီ။ အခုလည်းကောင်းသွားပြီ။ "

ဆရာဝန်ရဲ့အသံ  ဟာနူးညံ့သိမ်မွေ့နေတယ်၊ ဒီအသံက ယုံကြည်စိတ်ချရတဲ့ အရည်အသွေးရှိခဲ့သည်။
ဒါပေမယ့် သူက မန်နန်အပေါ်မှာ လုံးဝ မထိရောက်ခဲ့ပေ။

ထိုလူငယ်၏အခြေအနေသည် မတိုးတက်သော်လည်း ပိုမိုဆိုးရွားလာခဲ့သည်။ သူသည် သူ့ပတ် ၀ န်းကျင်ရှိလူများကို ကိုက်ရန် သူ၏မေးရိုးများကို ဖွင့်လိုက်သည်၊ ၎င်းမအောင်မြင်သောအခါ သူသည်လျှာကိုကိုက်ကာ မကြာမီသူ၏နှုတ်ခမ်းများမှ သွေးယိုစီးခဲ့သည်။

"ငါ့ကို ပဝါယူပေး!"

Doctor ကဒီအမိန့်ကို မအော်ခင် ချန်ကောက ပဝါကို မန်နန် ရဲ့ပါးစပ်ထဲမှာ ဆိုးပ်ထားပြီးသားဖြစ်သည်။  အဲဒီအချိန်ကစပြီး မန်နန် ဟာနိုး ခဲ့သင့်ပြီ။ သူ၏သူငယ်အိမ်က အပေါ်သို့တက်နေပြီး  ချန်ကောက   ရုတ်တရက် တစ်ခုခုသတိပေးခံခဲ့ရသည်။ ထိုလူငယ်သည် ပန်းခြံတွင် ယခင်က အလားတူပြုမူခဲ့သည်ကို သူတွေ့ခဲ့ဖူးသည်။

သူက အပေါ်ကိုကြည့်နေတယ်!

 အဆိုပါအရာသည် သူ၏ ဦး ခေါင်း၌ပဲ!

ချန်ကောသည် မန်နန်၏ဆံပင်ကိုဆွဲကိုင်ကာ အေက်ကို ငုံ့ရန် ကြိုးပမ်းခဲ့သော်လည်း မရခဲ့ပေ။

"သူ့ကိုပထမ ဦး ဆုံးအိပ်ရာပေါ်ခေါ်ကြစို့။ "

မန်နန်ရဲ့အိပ်မက်ထဲမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဆရာဝန်ကမသိခဲ့ပါဘူး။ သူနှင့်ချ်နကော တို့သည် မန်နန်ကိုကြမ်းပြင်ပေါ်မှ အိပ်ယာပေါ်သို့ဆွဲတင်ရန် ပူးပေါင်းခဲ့ကြသည်။ သူ၏လက်များသည် ချည်နှောင်ထားသဖြင့် ပဝါထဲ၌ ပုဝါဆို့ထားပေမယ့် မန်နန်က သူ့ကိုယ်သူ ဒဏ်ရာရအောင် လုပ်ဖို့ ကြိုးစားနေသည်။

သူ၏ ဦး ခေါင်းသည် အကြမ်းဖက်ချင်သည့် လုပ်ရပ်ဖြင့် ချာချာလည်နေသည်။ ချန်ကောသည်  မှန်နှင့် ခေါင်းကို ဆောင့်လိုက်မည်စိုးလို့ သေချာသတိထားကာ ရေချိုးခန်းထဲမှ ခေါ်ထုတ်ရန် လုပ်နေစဉ် မှန်ထဲက မြင်လိုက်သည့် အရာကြောင့် ချန်ကော ကြက်သေသေသွားသည်။

 မှန်ထဲမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အရာတစ်ခု ထင်ဟပ်နေသည်။ မှန်ထဲမှာ မန်နန်ရဲ့ ဂုတ်ပေါ်မှာ ခွနေသည့် ခပ်ပိန်ပိန် ယောက်ျားတစ်ယောက်ရှိနေသည်။ ထိုလူက မျက်နှာနှစ်ခု ရှိနေပြီး ခေါင်းအလည်တည့်တည့်ကနေ ပိုင်းခြားထားကာ နောက်စိမှာ မျက်နှာတစ်ခု ထပ်ပေါက်နေသည်။ ထိုလူက မန်နန်ရဲ့ခေါင်းထဲကို အတင်းတိုးဝင်ဖို့လုပ်နေသည်။ မန်နန်၏ကိုယ်ထဲက စွမ်းအားတစ်ခုက ထိုအရာကို ကိုယ်ထဲ မဝင်အောင် တားဆီးနေသည်။ စွမ်းအားနှစ်ခု က ကိုယ်ကို လုယက်နေခြင်းကြောင့် မန်နန်က နာကျင်မှု ဝေဒနာကို ခံစားနေရတာဖြစ်သည်။ ဒီအရာက မန်နန်ရဲ့  ကိုယ်ခန္ဓာကို တိုက်ခိုက်နေကြတယ်၊ ဒါက သူ့နာကျင်မှုရဲ့ အဓိကအရင်းအမြစ်ပဲ။ မှန်ထဲမှာမြင်တွေ့ရတာကကြောက်စရာ ကောင်းပေမယ့် Doctor  ကတော့မမြင်နိုင်ဘူး။

အခု သူက  မန်နန်ကိုကူညီနိုင်ပြီ။

အခန်း ၃၀၃ ကနေ ငါ ထွက်ခွာသွားတဲ့အချိန်မှာ ငါဟာ အရိပ်တစ်ခု မှန်ထဲကနေ ပြေးထွက်လာတာ တွေ့လိုက်ရတယ်။ ဒီမကောင်းဆိုးဝါးက အရင် ငါတွေ့ဖူးတဲ့ မှန်ထဲက မကောင်းဆိုးဝါးနဲ့အတူတူပဲ။ ဒါဆိုရင် မှန်ကို ခွဲလိုက်ရင် အဲ့ဒီ မကောင်းဆိုးဝါးကို ထိခိုက်နိုင်လောက်တယ်။

ချန်ကောက အခု သူတွေးနေတာကို ဒေါက်တာနဲ့ တိုင်ပင်လို့မရပေ။ သူက စိတ်ပိုင်းဖြတ်ပြီး လက်ထဲက တူနဲ့ မှန်ကို လှမ်းခွဲလိုက်တယ်။ မှန်စတွေက ရေချိုးခန်းထဲမှာ ပြန့်ကျဲသွားပြီး ကျယ်လောင်တဲ့အသံထွက်လာတယ်။

မှန်ကွဲသံက တိတ်ဆိတ်တဲ့ ညအချိန်မှာ ကျယ်လောင်စွာ ထွက်လာပြီး မန်နန်လည်း အိပ်ယာမှ နိုးထလာခဲ့တယ်။ သူ့မျက်သားတွေလည်း ပုံမှန်ဖြစ်နေပြီ ၊တစ်ချိန်တည်း မှာပင်အရိပ်သည်လွတ်မြောက်ရန်ကြိုးစားနေသကဲ့သို့ကြမ်းပြင်ပေါ်သို့လျှောဆင်းသွားခဲ့သည်။

ချန်ကောက မန်နန်ကို ဒေါက်တာဘက်ကို တွန်းထုတ်လိုက်တယ်။ မှန်ထဲကနေ အမဲရောင် အရိပ်က ထွက်ပြေးလာလို့ ချန်ကော နောက် လိုက်ခဲ့တယ်။ အဲ့ဒီအရိပ်က တံခါးနားကို ရောက်နေလို့ သူ့အိပ်ကပ်ထဲက အိပ်ငိုက်နေတဲ့ ရှောင်ရှောင်းရဲ့အရုပ်နဲ့ အရုပ်ကို လှမ်းပေါက်ပြီးတားလိုက်တယ်။

 
***-****

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now