Chapter (162)_ရွှီထုံ

565 145 1
                                    

Chapter (162)_ရွှီထုံ



ချန်ကောက ကြည့်ရှုသူ အရေတွက်တဟုန်ထိုး တိုးလာတဲ့အတွက် အရမ်း အံ့သြခဲ့တယ်။ သူက စတင် ထုတ်လွှင့်စဉ်က ချင်ကွမ်းက လူကြိုက်များမှု အဆင့် ၁ ဖြစ်ပြီး သူက နံပါတ် 96 ဖြစ်သည်။ အခုတော့ သူက အဆင့် 19 ကို ရောက်သွားခဲ့သည်။

လူကြိုက်များမှုအဆင့်သတ်မှတ်ချက်သည် ဒီ အပလီကေးရှင်းကို အသုံးပြုပြီး ထုတ်လွှင့်မှုကို ကြည့်ရှုသူ အရေတွက်နဲ့တိုင်းတာခြင်းဖြစ်သည်။ များသောအားဖြင့် လူကြိုက်များမှု အဆင့် 20 အတွင်း ဝင်သော တင်ဆက်သူများက ပရိတ်သတ်နှင့် follower 400,000 ကျော်ရှိသော အကြီးစား တင်ဆက်သူများ ဖြစ်သည်။ သူ့လို Follower 50,000 အောက်နည်းသော လူသစ်တစ်ဦးသည် ဒုံးပျံလို အရှိန်နှုန်းဖြင့် လူကြိုက်အများဆုံး 20 စာရင်းထဲ ဝင်လာတာ ဘယ်လိုဖြစ်နိုင်မှာလဲ...

အမှန်အတိုင်းပြောရလျှင် ချန်ကောလည်း မသိပေ။ သူက 'အပြစ်မဲ့သားကောင်' အဖြစ်သာ သရုပ်ဆောင် ခဲ့တာ ဖြစ်သည်။ သတ်မှတ်ချက်ကို မချိုးဖောက်ပဲ အားလုံးက ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခဲ့ရုံပဲ လုပ်ဆောင်ခဲ့သည်။

"ကြည့်ရတာ ငါ့ရဲ့ ကြည့်ရှုသူတွေဟာ လိမ္မာပါးနပ်သူတွေ ဖြစ်ပုံရတယ်။ ငွေကြေး လာဘ်စားမှုအောက်မှာ၊ စစ်မှန်တဲ့ အကြောင်းအရာကို သေသေချာချာ ဂရုတစိုက် အလေးထားတဲ့ တင်ဆက်တဲ့ ငါက ရှားပါးမျိုးစိတ်တစ်ခု ဖြစ်နေလောက်တယ် ။"

ချန်ကောက သူ့ဖာသာ တွေးပြိး သူ့ ရင်ဘတ်နှင့် လက်ကောက်ဝတ်ရှိ ကင်မရာများကို စစ်ဆေးပြီးနောက် ဖုန်းကို အိတ်ထဲထည့်ကာ လှောင်အိမ်ထဲက အမျိုးသမီးထံ ပြန်လာခဲ့သည်။

လက်တစ်ဖက်ပြတ် ယောက်ျားကို အခန်းထဲသို့ ဆွဲခေါ်လာကတည်းက ထိုအမျိုးသမီးသည် ရူးသွပ်သွားခဲ့ကာ သူမ၏ ခေါင်းကို လှောင်အိမ်နံရံနှင့် ထပ်တလဲလဲဆောင့်နေတော့သည်။ ချန်ကောက သူမ ဒဏ်ရာရမှာကို ကြောက်တာကြောင့် ခေါင်းကို ဖုံးအုပ်ဖို့ ထူထဲတဲ့ အထည်အလိပ်ကို ကောက်ယူလိုက်တယ်။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now