Chapter (47) - စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား

1.1K 299 2
                                    

Chapter (47) – စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား

"ငါ ဒီဟာကို သေဘာမတူႏိုင္ဘူး.. တရားခံဖမ္းဖို႔ဆိုတာ ငါတို႔ရဲေတြရဲ့တာဝန္ပဲ.. မလိုအပ္တဲ့စြန္႔စားမႈကိုလုပ္တာ လက္မခံႏိုင္ဘူး.."

"ကၽြန္ေတာ္ သရဲအိမ္ထဲမွာေနတယ္ဆိုတာ Zhang Peng ကို အေယာင္ျပၿပီး သူ႔အစီအစဥ္ကို ဆက္လုပ္ျဖစ္ေအာင္ ဟန္ျပ႐ံုသက္သက္ပါ.. သူ ပန္းၿခံထဲဝင္လာတာနဲ႔ အန္ကယ္တို႔က သူ႔ကို ဖမ္းလိုက္လို႔ရၿပီပဲ.. တကယ္လို႔ ဒီတစ္ေခါက္ သူ႔ကို မိေအာင္မဖမ္းႏိုင္ရင္ ကၽြန္ေတာ့္တစ္ဘဝလံုး တထိတ္ထိတ္နဲ႔ ေနသြားရေတာ့မွာ.. ဒါေၾကာင့္ ဒီတစ္ခါ သူ႔ကို မိေအာင္ဖမ္းလိုက္ခ်င္တယ္.."

Chen Ge က ေသခ်ာရွင္းျပလိုက္သည္။

"ဒီကိစၥမွာ ငါတို႔က လွ်ိဳ႕ဝွက္ေထာက္လွမ္းေရးနဲ႔ ေဆြးေႏြးၿပီးမွ ဆံုးျဖတ္ရမွာ.. Fu An တိုက္ခန္းအမႈကို သူတို႔လႊဲယူသြားကတည္းက ငါတို႔က သူတို႔လိုတာကိုပဲ ပံ့ပိုးေပးရေတာ့တယ္.. မင္းေျပာတာကို ငါ သူတို႔ကို တင္ျပေပးပါ့မယ္.."

အင္စပက္တာ Lee က Laptop ယူလိုက္ၿပီး လံုၿခံဳေရးခန္းထဲကမထြက္ခင္ ဖုန္းေခၚလိုက္သည္။

အန္ကယ္ Xu က ရဲေတြေဘးမွာရပ္ေနၿပီး Chen Ge ကို စိုးရိမ္စြာေျပာသည္။

"Xiao Chen.. ရဲေတြေျပာတာနားေထာင္ၿပီး သရဲအိမ္မွာမေနဘဲ တစ္ေနရာရွာၿပီး ခဏသြားေနလိုက္စမ္းပါကြာ.."

"ျပႆနာကိုေရွာင္ေျပးတာ အေကာင္းဆံုးေျဖရွင္းနည္းမဟုတ္ပါဘူးဗ်ာ.. အန္ကယ္ Xu ရဲ့ေစတနာကို ကၽြန္ေတာ္ နားလည္ပါတယ္.."

Chen Ge သရဲအိမ္ဘက္ျပန္လာေတာ့ Xiao Wan က အေပါက္ဝကေန သူ႔ကိုေမွ်ာ္ေနတာ ေတြ႕လိုက္သည္။

"ေဘာ့စ္.. ရွင့္အတြက္ ေန႔လည္စာယူလာတယ္.. ကေန႔ဟင္းက ဝက္သားနဲ႔င႐ုပ္ပြေၾကာ္၊ ကန္တင္းကအန္တီေတြ မအားလို႔ ကၽြန္မဘာသာ ထည့္ယူလာတာ.. အမဲသားႏွပ္ ပိုထည့္လာတယ္.."

Chen Ge က Xiao Wan ကို ေက်းဇူးတင္စကားေျပာၿပီး ထမင္းကို ပါးလုပ္ပါးေလာင္း စားလိုက္သည္။ Zhang Peng ကိစၥ ဒီေကာင္မေလးကို ေျပာလိုက္ရင္ စိတ္ပူေနမွာျဖစ္လို႔ မေျပာဖို႔ဆံုးျဖတ္လိုက္သည္။ ေန႔လည္တြင္ Chen Ge က လက္မွတ္ေရာင္းကာ Xiao Wan က တေစၦသတို႔သမီးအျဖစ္ သ႐ုပ္ေဆာင္ကာ ဧည့္သည္မ်ားကို ေျခာက္လွန္႔ေနသည္။ Chen Ge က လက္မွတ္ေရာင္းရင္း ပတ္ဝန္းက်င္ကို မသိမသာ အကဲခတ္ေနသည္။ Zhang Peng ရဲ့လုပ္ရပ္ေပၚ မူတည္ၿပီး ေသခ်ာကိုင္တြယ္ႏိုင္ရင္ ဒီဟာက သူ႔အတြက္ ေကာင္းက်ိဳးေတြျဖစ္ႏိုင္သည္။

ဖုန္းအမည္းထဲက mission ေတြကို ၿပီးေအာင္လုပ္လာၿပီးေနာက္ Chen Ge ရဲ့စဥ္းစားေတြးေခၚပံုက တိုးတက္လာၿပီး ဖိအားကို ပိုခံႏိုင္လာသည္။ Chen Ge က လက္မွတ္ေရာင္းရင္း ဦးေႏွာက္က ဆက္တိုက္စဥ္းစားေနသည္။ သရဲအိမ္ထဲမွာ ခိုေနသည့္ မေကာင္းဆိုးဝါး တစ္ေကာင္ရွိသည္။ ထိုမေကာင္းဆိုးဝါးက မွန္ရွိသည့္ေနရာတိုင္း လြတ္လပ္စြာ သြားလာႏိုင္ၿပီး သူ႔ကိုဖမ္းဖို႔မလြယ္ေပ။ He San ႏွင့္ ေဟာ္ဖန္းကို ေျခာက္လွန္႔ခဲ့တာေတြအရ မွန္ထဲကမေကာင္းဆိုးဝါးက လူရဲ့ကိုယ္ထဲ ဝင္ေရာက္ပူးကပ္ကာ ခႏၶာကိုယ္ကို အပိုင္စီးခ်င္သည္။ တကယ္လို႔ ဒီေကာင္သာ လူ႔ကိုယ္ထဲပူးလာရင္ ခ်က္ခ်င္း ထြက္လို႔ရမည္မဟုတ္ေပ။

Chen Ge က သူ႔ကိုယ္သူ အသံုးခ်ကာ မွန္ထဲကမေကာင္းဆိုးဝါးကို မွ်ားေခၚဖို႔ဆံုးျဖတ္ထားေပမယ့္ ဒီဟာကိုစမ္းသပ္ဖို႔ အႏၱရာယ္မ်ားလို႔ စြန္႔လႊတ္ဖို႔ျပင္ထားေပမယ့္ ဒီမနက္ Zhang Peng ကေပၚလာသည္။ CCTV ကင္မရာကပံုအရ ဒီလူက Zhang Peng ဆိုတာ သိရၿပီးေနာက္ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ စီစဥ္ဖို႔ အႀကံရလာသည္။ Zhang Peng က သရဲအိမ္ထဲခိုးဝင္ကာ သူ႔ကိုသတ္ခ်င္သည္။ မွန္ထဲကမေကာင္းဆိုးဝါးက လူ႔ကိုယ္ထဲ ဝင္ပူးခ်င္သည္။ Zhang Peng ကိုသံုးၿပီး မေကာင္းဆိုးဝါးကိုမွ်ားကာ ရွင္းပစ္ႏိုင္လို႔ သူ ဒီသရဲအိမ္ထဲ ဆက္ေနရဖို႔ အတင္းအက်ပ္ ေျပာေနရျခင္းျဖစ္သည္။

ဒီအစီစဥ္ ေအာင္ျမင္ရင္ Chen Ge က အႏၱရာယ္၂ခုလံုးကို တစ္ခါတည္း ရွင္းပစ္ႏိုင္မည္။ ညေန 5:30 ေရာက္ေတာ့ Xiao Wan ကို ေစာေစာျပန္နားခိုင္းၿပီး Zhang Peng ကိုေထာင္ဖမ္းဖို႔ လိုအပ္တာကို ျပင္ဆင္လိုက္သည္။ အင္စပက္တာ Lee က ဖုန္းဆက္လာၿပီး ေထာက္လွမ္းေရးအဖြဲ႕က ဒီပန္းၿခံပတ္လည္ကို ေစာင့္ၾကပ္ေနလို႔ Zhang Peng ဝင္လာရင္ ေသခ်ာေပါက္မလြတ္ႏိုင္ဘူးဆုိတာ ေျပာသည္။

Chen Ge က ညစာစားၿပီးေနာက္ ေဒါက္တာအ႐ိုး၏ ေသြးစြန္းေသာေဆး႐ံုဂ်ဴတီကုတ္၊ မ်က္ႏွာဖံုးႏွင့္ ေသြးစြန္းေနေသာ ဆူးခၽြန္ပါသည့္သံတူႀကီးကို ယူကာ control room ထဲဝင္ကာ ေသာ့ခတ္လိုက္သည္။ မေတာ္တဆ တစ္ခုခု အစီစဥ္လစ္ဟာခဲ့ရင္ သူ ဒီအခန္းထဲ တစ္ညလံုး လံုၿခံဳစြာေနႏိုင္သည္။ သရဲအိမ္ထဲမွာ ကင္မရာ ေထာင့္ေစ့ေအာင္မတပ္ႏိုင္လို႔ မ်က္ကြယ္အရပ္ေတြ အမ်ားႀကီးရွိသည္။ ဒီေနရာေတြကေန Zhang Peng ဝင္လာရင္ သူမသိတာ ျဖစ္ႏိုင္သည္။

ညမိုးခ်ဳပ္ၿပီး သန္းေခါင္ကိုေရာက္ေတာ့ ပန္းၿခံတစ္ခုလံုး ထူးဆန္းေသာအေငြ႕အသက္တို႔ လႊမ္းၿခံဳေနသလို ခံစားေနရသည္။ Chen Ge က ေစာင္ၿခံဳၿပီး CCTV ေရွ႕မွာ ထိုင္ၾကည့္ေနသည္။ သန္းေခါင္ေက်ာ္ေတာ့ သန္းေခါင္ယံည လူသတ္သမားအခန္းက ခါတိုင္းလို လႊတိုက္သံေတြေပၚလာသည္။ Chen Ge က ေစာင္ကိုဖယ္လိုက္ၿပီး တံခါးလက္ကိုင္ေပၚ လက္တင္ကာ ဒီမေကာင္းဆိုးဝါးကို သြားရင္ဆိုင္ရမလား၊ လႊတ္ထားရမလား စဥ္းစားေနသည္။

ေနာက္ဆံုး နားထဲ နားၾကပ္ထည့္လိုက္ကာ အသံမၾကားေအာင္လုပ္ၿပီး မိဘေတြခ်န္ထားသည့္အ႐ုပ္ကို ရင္ခြင္ထဲဖက္အိပ္ၿပီး CCTV ကင္မရာေရွ႕ ျပန္ထုိင္ကာ ေစာင့္ေနသည္။ တစ္နာရီဝန္းက်င္မွာ ေရခ်ိဳးခန္းတံခါး ျဖည္းညင္းစြာပြင့္သြားတာ ကင္မရာကေန ေတြ႕လိုက္ရသည္။

Chen Ge က ေမာ္နီတာကို အာ႐ံုစိုက္ၾကည့္ေနစဥ္ 21 cm ရွည္သည့္ ဓားေျမႇာင္ကိုကိုင္ထားသည့္လူတစ္ေယာက္ ေရခ်ိဳးခန္းထဲက ထြက္လာတာ ေတြ႕လိုက္ရသည္။

ဒီေရခ်ိဳးခန္းက ပထမထပ္မွာရွိၿပီး သူ ပထမဆံုး mission လုပ္ခဲ့သည့္ အခန္းျဖစ္ကာ ေရခ်ိဳးခန္းတံခါးကိုပိတ္ကာ ေသခ်ာေသာ့ခတ္ထားေပမယ့္ ဒီလူက အထဲကိုဝင္လာႏိုင္ခဲ့သည္။ Chen Ge က CCTV ခန္းတံခါးကိုၾကည့္ေတာ့ ေသခ်ာေသာ့ခတ္ထားဆဲျဖစ္တာ ေတြ႕လိုက္ရသည္။ ဒီအခန္းက ေသခ်ာလွ်ိဳ႕ဝွက္ေဆာက္ထားလို႔ အျပင္လူက ေတာ္ေတာ္ႏွင့္ရွာမေတြ႕ႏုိင္ေပ။

Screen ေပၚမွာ Zhang Peng က ဓားကိုတစ္ဖက္ကကိုင္ကာ တစ္ဖက္က ဖုန္းကမီးေရာင္ႏွင့္ ေကာ္ရစ္ဒါတေလွ်ာက္လာရင္း 15 မိနစ္အၾကာမွာ ဝန္ထမ္းနားေနခန္းထဲ ေရာက္လာသည္။ CCTV ကင္မရာကေန Chen Ge သူ႔ကိုေစာင့္ၾကည့္ေနတာ သူမသိေပ။

Zhang Peng က တံခါးနားမွာရပ္ရင္း ရင္ဘတ္က နိမ့္လိုက္ျမင့္လိုက္ျဖစ္ကာ ဓားကိုင္လက္က တုန္ေနသည္။ သူက တံခါးကိုတြန္းဖြင့္လိုက္ရင္း လက္က ဓားကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ကာ အခန္းထဲ ခုန္ဝင္လိုက္သည္။ တစ္မိနစ္ၾကာေတာ့ သူက ေသြးစြန္းသည့္ဓားကိုကိုင္ကာ အခန္းထဲက ျပန္ထြက္လာသည္။ သူ႔ဓားႏွင့္ သူ႔လက္ေမာင္းကို ျပန္ရွမိထားဟန္တူသည္။ သူက ဓားကို က်န္လက္တစ္ဖက္ႏွင့္ ေျပာင္းကိုင္လိုက္စဥ္ သူ႔မ်က္ႏွာအမူအယာက ပိုဆိုးဝါးလို႔လာသည္။ သူက ေကာ္ရစ္ဒါဘက္ ျပန္ေရာက္လာေတာ့ အေပၚထပ္တက္သည့္ေလွကားကို တစ္ခ်က္ေမာ့ၾကည့္လိုက္သည္။

Zhang Peng က ထိန္းခ်ဳပ္ခန္းဘက္ ဦးတည္လာတာေတြ႕ေတာ့ Chen Ge က အင္စပက္တာ Lee ကို ဖုန္းနဲ႔စာပို႔လိုက္ၿပီး ေဒါက္တာအ႐ိုးဝတ္စံုကိုဝတ္၊ မ်က္ႏွာဖံုးစြပ္ကာ လက္ကတူကိုဆုပ္ကိုင္ၿပီး တံခါးေနာက္မွာ ၿငိမ္ၿပီး ေစာင့္ေနသည္။ တကယ္လို႔ Zhang Peng က ဒီအခန္းထဲ ဇြတ္ဝင္လာရင္ ႐ုတ္တရက္ တံခါးေနာက္ကထြက္ၿပီး တိုက္ခိုက္ႏိုင္သည္။ ဒီအျဖစ္အပ်က္က ႐ုပ္ရွင္ဇာတ္ဝင္ခန္းတစ္ခုလို Chen Ge ခံစားလိုက္ရသည္။

CCTV ကင္မရာထဲက ပံုရိပ္အရ Zhang Peng က ထိန္းခ်ဳပ္ခန္းနား လွည့္လည္စစ္ေဆးရင္း ႐ုတ္တရက္ သူက ဓားကိုကိုင္ၿပီး တတိယထပ္ဘက္ တက္သြားတာ ေတြ႕လိုက္ရသည္။ သူက ဘာေၾကာင့္ ဒီလို ဦးတည္ခ်က္ေျပာင္းသြားတာကို Chen Ge နားမလည္လိုက္ေပ။

Chen Ge က နားၾကပ္ကိုျဖဳတ္လိုက္ေတာ့ မ်က္လံုးျပဴးသြားေတာ့သည္။ တတိယထပ္တြင္ လႊတိုက္သံထြက္ေနသည္။ Zhang Peng က Chen Ge တတိယထပ္မွာ အလုပ္လုပ္ေနသည္ဟု ထင္သြားပံုရၿပီး တတိယထပ္ကိုပိတ္ထားသည့္ သစ္သားေခ်ာင္းမ်ားကို စတင္ခြာလိုက္သည္ကို CCTV ထဲက ေတြ႕လိုက္ရသည္။

=========================

Chapter (47) – စိတ်ခံစားချက်ကင်းမဲ့တဲ့ လူသတ်သမား

"ငါ ဒီဟာကို သဘောမတူနိုင်ဘူး.. တရားခံဖမ်းဖို့ဆိုတာ ငါတို့ရဲတွေရဲ့တာဝန်ပဲ.. မလိုအပ်တဲ့စွန့်စားမှုကိုလုပ်တာ လက်မခံနိုင်ဘူး.."

"ကျွန်တော် သရဲအိမ်ထဲမှာနေတယ်ဆိုတာ Zhang Peng ကို အယောင်ပြပြီး သူ့အစီအစဉ်ကို ဆက်လုပ်ဖြစ်အောင် ဟန်ပြရုံသက်သက်ပါ.. သူ ပန်းခြံထဲဝင်လာတာနဲ့ အန်ကယ်တို့က သူ့ကို ဖမ်းလိုက်လို့ရပြီပဲ.. တကယ်လို့ ဒီတစ်ခေါက် သူ့ကို မိအောင်မဖမ်းနိုင်ရင် ကျွန်တော့်တစ်ဘဝလုံး တထိတ်ထိတ်နဲ့ နေသွားရတော့မှာ.. ဒါကြောင့် ဒီတစ်ခါ သူ့ကို မိအောင်ဖမ်းလိုက်ချင်တယ်.."

Chen Ge က သေချာရှင်းပြလိုက်သည်။

"ဒီကိစ္စမှာ ငါတို့က လျှို့ဝှက်ထောက်လှမ်းရေးနဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်ရမှာ.. Fu An တိုက်ခန်းအမှုကို သူတို့လွှဲယူသွားကတည်းက ငါတို့က သူတို့လိုတာကိုပဲ ပံ့ပိုးပေးရတော့တယ်.. မင်းပြောတာကို ငါ သူတို့ကို တင်ပြပေးပါ့မယ်.."

အင်စပက်တာ Lee က Laptop ယူလိုက်ပြီး လုံခြုံရေးခန်းထဲကမထွက်ခင် ဖုန်းခေါ်လိုက်သည်။

အန်ကယ် Xu က ရဲတွေဘေးမှာရပ်နေပြီး Chen Ge ကို စိုးရိမ်စွာပြောသည်။

"Xiao Chen.. ရဲတွေပြောတာနားထောင်ပြီး သရဲအိမ်မှာမနေဘဲ တစ်နေရာရှာပြီး ခဏသွားနေလိုက်စမ်းပါကွာ.."

"ပြဿနာကိုရှောင်ပြေးတာ အကောင်းဆုံးဖြေရှင်းနည်းမဟုတ်ပါဘူးဗျာ.. အန်ကယ် Xu ရဲ့စေတနာကို ကျွန်တော် နားလည်ပါတယ်.."

Chen Ge သရဲအိမ်ဘက်ပြန်လာတော့ Xiao Wan က အပေါက်ဝကနေ သူ့ကိုမျှော်နေတာ တွေ့လိုက်သည်။

"ဘော့စ်.. ရှင့်အတွက် နေ့လည်စာယူလာတယ်.. ကနေ့ဟင်းက ဝက်သားနဲ့ငရုပ်ပွကြော်၊ ကန်တင်းကအန်တီတွေ မအားလို့ ကျွန်မဘာသာ ထည့်ယူလာတာ.. အမဲသားနှပ် ပိုထည့်လာတယ်.."

Chen Ge က Xiao Wan ကို ကျေးဇူးတင်စကားပြောပြီး ထမင်းကို ပါးလုပ်ပါးလောင်း စားလိုက်သည်။ Zhang Peng ကိစ္စ ဒီကောင်မလေးကို ပြောလိုက်ရင် စိတ်ပူနေမှာဖြစ်လို့ မပြောဖို့ဆုံးဖြတ်လိုက်သည်။ နေ့လည်တွင် Chen Ge က လက်မှတ်ရောင်းကာ Xiao Wan က တစ္ဆေသတို့သမီးအဖြစ် သရုပ်ဆောင်ကာ ဧည့်သည်များကို ခြောက်လှန့်နေသည်။ Chen Ge က လက်မှတ်ရောင်းရင်း ပတ်ဝန်းကျင်ကို မသိမသာ အကဲခတ်နေသည်။ Zhang Peng ရဲ့လုပ်ရပ်ပေါ် မူတည်ပြီး သေချာကိုင်တွယ်နိုင်ရင် ဒီဟာက သူ့အတွက် ကောင်းကျိုးတွေဖြစ်နိုင်သည်။

ဖုန်းအမည်းထဲက mission တွေကို ပြီးအောင်လုပ်လာပြီးနောက် Chen Ge ရဲ့စဉ်းစားတွေးခေါ်ပုံက တိုးတက်လာပြီး ဖိအားကို ပိုခံနိုင်လာသည်။ Chen Ge က လက်မှတ်ရောင်းရင်း ဦးနှောက်က ဆက်တိုက်စဉ်းစားနေသည်။ သရဲအိမ်ထဲမှာ ခိုနေသည့် မကောင်းဆိုးဝါး တစ်ကောင်ရှိသည်။ ထိုမကောင်းဆိုးဝါးက မှန်ရှိသည့်နေရာတိုင်း လွတ်လပ်စွာ သွားလာနိုင်ပြီး သူ့ကိုဖမ်းဖို့မလွယ်ပေ။ He San နှင့် ဟော်ဖန်းကို ခြောက်လှန့်ခဲ့တာတွေအရ မှန်ထဲကမကောင်းဆိုးဝါးက လူရဲ့ကိုယ်ထဲ ဝင်ရောက်ပူးကပ်ကာ ခန္ဓာကိုယ်ကို အပိုင်စီးချင်သည်။ တကယ်လို့ ဒီကောင်သာ လူ့ကိုယ်ထဲပူးလာရင် ချက်ချင်း ထွက်လို့ရမည်မဟုတ်ပေ။

Chen Ge က သူ့ကိုယ်သူ အသုံးချကာ မှန်ထဲကမကောင်းဆိုးဝါးကို မျှားခေါ်ဖို့ဆုံးဖြတ်ထားပေမယ့် ဒီဟာကိုစမ်းသပ်ဖို့ အန္တရာယ်များလို့ စွန့်လွှတ်ဖို့ပြင်ထားပေမယ့် ဒီမနက် Zhang Peng ကပေါ်လာသည်။ CCTV ကင်မရာကပုံအရ ဒီလူက Zhang Peng ဆိုတာ သိရပြီးနောက် တစ်ချက်ခုတ်နှစ်ချက်ပြတ် စီစဉ်ဖို့ အကြံရလာသည်။ Zhang Peng က သရဲအိမ်ထဲခိုးဝင်ကာ သူ့ကိုသတ်ချင်သည်။ မှန်ထဲကမကောင်းဆိုးဝါးက လူ့ကိုယ်ထဲ ဝင်ပူးချင်သည်။ Zhang Peng ကိုသုံးပြီး မကောင်းဆိုးဝါးကိုမျှားကာ ရှင်းပစ်နိုင်လို့ သူ ဒီသရဲအိမ်ထဲ ဆက်နေရဖို့ အတင်းအကျပ် ပြောနေရခြင်းဖြစ်သည်။

ဒီအစီစဉ် အောင်မြင်ရင် Chen Ge က အန္တရာယ်၂ခုလုံးကို တစ်ခါတည်း ရှင်းပစ်နိုင်မည်။ ညနေ 5:30 ရောက်တော့ Xiao Wan ကို စောစောပြန်နားခိုင်းပြီး Zhang Peng ကိုထောင်ဖမ်းဖို့ လိုအပ်တာကို ပြင်ဆင်လိုက်သည်။ အင်စပက်တာ Lee က ဖုန်းဆက်လာပြီး ထောက်လှမ်းရေးအဖွဲ့က ဒီပန်းခြံပတ်လည်ကို စောင့်ကြပ်နေလို့ Zhang Peng ဝင်လာရင် သေချာပေါက်မလွတ်နိုင်ဘူးဆိုတာ ပြောသည်။

Chen Ge က ညစာစားပြီးနောက် ဒေါက်တာအရိုး၏ သွေးစွန်းသောဆေးရုံဂျူတီကုတ်၊ မျက်နှာဖုံးနှင့် သွေးစွန်းနေသော ဆူးချွန်ပါသည့်သံတူကြီးကို ယူကာ control room ထဲဝင်ကာ သော့ခတ်လိုက်သည်။ မတော်တဆ တစ်ခုခု အစီစဉ်လစ်ဟာခဲ့ရင် သူ ဒီအခန်းထဲ တစ်ညလုံး လုံခြုံစွာနေနိုင်သည်။ သရဲအိမ်ထဲမှာ ကင်မရာ ထောင့်စေ့အောင်မတပ်နိုင်လို့ မျက်ကွယ်အရပ်တွေ အများကြီးရှိသည်။ ဒီနေရာတွေကနေ Zhang Peng ဝင်လာရင် သူမသိတာ ဖြစ်နိုင်သည်။

ညမိုးချုပ်ပြီး သန်းခေါင်ကိုရောက်တော့ ပန်းခြံတစ်ခုလုံး ထူးဆန်းသောအငွေ့အသက်တို့ လွှမ်းခြုံနေသလို ခံစားနေရသည်။ Chen Ge က စောင်ခြုံပြီး CCTV ရှေ့မှာ ထိုင်ကြည့်နေသည်။ သန်းခေါင်ကျော်တော့ သန်းခေါင်ယံည လူသတ်သမားအခန်းက ခါတိုင်းလို လွှတိုက်သံတွေပေါ်လာသည်။ Chen Ge က စောင်ကိုဖယ်လိုက်ပြီး တံခါးလက်ကိုင်ပေါ် လက်တင်ကာ ဒီမကောင်းဆိုးဝါးကို သွားရင်ဆိုင်ရမလား၊ လွှတ်ထားရမလား စဉ်းစားနေသည်။

နောက်ဆုံး နားထဲ နားကြပ်ထည့်လိုက်ကာ အသံမကြားအောင်လုပ်ပြီး မိဘတွေချန်ထားသည့်အရုပ်ကို ရင်ခွင်ထဲဖက်အိပ်ပြီး CCTV ကင်မရာရှေ့ ပြန်ထိုင်ကာ စောင့်နေသည်။ တစ်နာရီဝန်းကျင်မှာ ရေချိုးခန်းတံခါး ဖြည်းညင်းစွာပွင့်သွားတာ ကင်မရာကနေ တွေ့လိုက်ရသည်။

Chen Ge က မော်နီတာကို အာရုံစိုက်ကြည့်နေစဉ် 21 cm ရှည်သည့် ဓားမြှောင်ကိုကိုင်ထားသည့်လူတစ်ယောက် ရေချိုးခန်းထဲက ထွက်လာတာ တွေ့လိုက်ရသည်။

ဒီရေချိုးခန်းက ပထမထပ်မှာရှိပြီး သူ ပထမဆုံး mission လုပ်ခဲ့သည့် အခန်းဖြစ်ကာ ရေချိုးခန်းတံခါးကိုပိတ်ကာ သေချာသော့ခတ်ထားပေမယ့် ဒီလူက အထဲကိုဝင်လာနိုင်ခဲ့သည်။ Chen Ge က CCTV ခန်းတံခါးကိုကြည့်တော့ သေချာသော့ခတ်ထားဆဲဖြစ်တာ တွေ့လိုက်ရသည်။ ဒီအခန်းက သေချာလျှို့ဝှက်ဆောက်ထားလို့ အပြင်လူက တော်တော်နှင့်ရှာမတွေ့နိုင်ပေ။

Screen ပေါ်မှာ Zhang Peng က ဓားကိုတစ်ဖက်ကကိုင်ကာ တစ်ဖက်က ဖုန်းကမီးရောင်နှင့် ကော်ရစ်ဒါတလျှောက်လာရင်း 15 မိနစ်အကြာမှာ ဝန်ထမ်းနားနေခန်းထဲ ရောက်လာသည်။ CCTV ကင်မရာကနေ Chen Ge သူ့ကိုစောင့်ကြည့်နေတာ သူမသိပေ။

Zhang Peng က တံခါးနားမှာရပ်ရင်း ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်ကာ ဓားကိုင်လက်က တုန်နေသည်။ သူက တံခါးကိုတွန်းဖွင့်လိုက်ရင်း လက်က ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ အခန်းထဲ ခုန်ဝင်လိုက်သည်။ တစ်မိနစ်ကြာတော့ သူက သွေးစွန်းသည့်ဓားကိုကိုင်ကာ အခန်းထဲက ပြန်ထွက်လာသည်။ သူ့ဓားနှင့် သူ့လက်မောင်းကို ပြန်ရှမိထားဟန်တူသည်။ သူက ဓားကို ကျန်လက်တစ်ဖက်နှင့် ပြောင်းကိုင်လိုက်စဉ် သူ့မျက်နှာအမူအယာက ပိုဆိုးဝါးလို့လာသည်။ သူက ကော်ရစ်ဒါဘက် ပြန်ရောက်လာတော့ အပေါ်ထပ်တက်သည့်လှေကားကို တစ်ချက်မော့ကြည့်လိုက်သည်။

Zhang Peng က ထိန်းချုပ်ခန်းဘက် ဦးတည်လာတာတွေ့တော့ Chen Ge က အင်စပက်တာ Lee ကို ဖုန်းနဲ့စာပို့လိုက်ပြီး ဒေါက်တာအရိုးဝတ်စုံကိုဝတ်၊ မျက်နှာဖုံးစွပ်ကာ လက်ကတူကိုဆုပ်ကိုင်ပြီး တံခါးနောက်မှာ ငြိမ်ပြီး စောင့်နေသည်။ တကယ်လို့ Zhang Peng က ဒီအခန်းထဲ ဇွတ်ဝင်လာရင် ရုတ်တရက် တံခါးနောက်ကထွက်ပြီး တိုက်ခိုက်နိုင်သည်။ ဒီအဖြစ်အပျက်က ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုလို Chen Ge ခံစားလိုက်ရသည်။

CCTV ကင်မရာထဲက ပုံရိပ်အရ Zhang Peng က ထိန်းချုပ်ခန်းနား လှည့်လည်စစ်ဆေးရင်း ရုတ်တရက် သူက ဓားကိုကိုင်ပြီး တတိယထပ်ဘက် တက်သွားတာ တွေ့လိုက်ရသည်။ သူက ဘာကြောင့် ဒီလို ဦးတည်ချက်ပြောင်းသွားတာကို Chen Ge နားမလည်လိုက်ပေ။

Chen Ge က နားကြပ်ကိုဖြုတ်လိုက်တော့ မျက်လုံးပြူးသွားတော့သည်။ တတိယထပ်တွင် လွှတိုက်သံထွက်နေသည်။ Zhang Peng က Chen Ge တတိယထပ်မှာ အလုပ်လုပ်နေသည်ဟု ထင်သွားပုံရပြီး တတိယထပ်ကိုပိတ်ထားသည့် သစ်သားချောင်းများကို စတင်ခွာလိုက်သည်ကို CCTV ထဲက တွေ့လိုက်ရသည်။

=========================

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now