Chapter (31) - သူ.. ဘယ္သူလဲ..?

1.3K 331 5
                                    

Chapter (31) – သူ.. ဘယ္သူလဲ..?

"၈ ေယာက္.. ဟုတ္လား.."

"မင္း.. မေနာက္နဲ႔ေတာ့.."

ေလာင္က်ိဳး၏စကားေၾကာင့္ တစ္ဖြဲ႕လံုး ႏွလံုးခုန္ျမန္သြားသည္။ မီးေရာင္မွိန္သည့္ ဒီသရဲေျခာက္သည့္အခန္းေၾကာင့္ အားလံုး တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ရင္း ေအးခဲသြားၾကေတာ့သည္။

"၈ ေယာက္ေျမာက္က ဘယ္မွာလဲ.."

"ေၾကာက္ေနတာကို ထိန္းၾကစမ္း.."

အစ္ကိုႀကီးဖိန္းက အားလံုးကိုသတိေပးၿပီး သူ႔ဖုန္းကိုထုတ္ၿပီး မီးဖြင့္မည္အျပဳ အျပင္ဘက္ေကာ္ရစ္ဒါမွ တရြတ္တိုက္လာသည့္ သံခ်ိန္းႀကိဳးသံကို ၾကားလိုက္ရသည္။

"တစ္ေယာက္ေယာက္ လာေနၿပီ.."

အစ္ကိုဖိန္းက ဖုန္းမဖြင့္ရေသးခင္ ေသြးစြန္းေနသည့္ မေကာင္းဆိုးဝါးတစ္ေကာင္ ေထာင့္တစ္ခုကေန ႐ုတ္တရက္ထြက္လာပံုက သူတို႔ဘယ္ေရာက္ေနတယ္ဆိုတာ အတိအက် သိေနသလိုပင္။ ေသြးစြန္းေနေသာ ဆရာဝန္ဝတ္စံုမွ သံႀကိဳးေတြက ၾကမ္းေပၚတရြတ္ဆြဲပါလာၿပီး မေကာင္းဆိုးဝါးက ေခါင္းကိုငံု႔ထားၿပီး လက္ထဲက တြဲေလာင္းကိုင္လာသည့္တူမွာ ေသြးေတြစက္လက္က်ဆင္းေနပံုကို ၾကည့္ၿပီး အားလံုး စိုးရိမ္လာၾကသည္။

အစ္ကိုဖိန္းသာ သူ႔စိတ္ကို ၿငိမ္ေအာင္ထိန္းေနသည္။ Chen Ge သတိေပးတာကို လ်စ္လွ်ဴ႐ႈၿပီး သူက သရဲအိမ္ထဲမွာ ဖုန္းကမီးကိုဖြင့္လိုက္သည္။ မီးေရာင္က ေကာ္ရစ္ဒါေထာင့္က မေကာင္းဆိုးဝါးေပၚ က်ေရာက္သြားၿပီး သတိထားမိလာေအာင္ လုပ္လုိက္သလိုျဖစ္သြားသည္။ မေကာင္းဆိုးဝါးက ဖားလ်ားက်ေနသည့္ ဆံပင္ေနာက္ကေန သူတို႔လူစုရွိရာဘက္လွည့္လာၿပီး စူးစူးဝါးဝါးစိုက္ၾကည့္ေနေတာ့သည္။

ထိုအခ်ိန္ ေဆးေက်ာင္းသားအုပ္စုက မေကာင္းဆိုးဝါးမ်က္ႏွာကို ေတြ႕လိုက္ကာ ေခါင္းေမႊးေထာင္သြားၾကသည္။ ဒီမေကာင္းဆိုးဝါးမ်က္ႏွာက ေယာက္်ားအေတာ္မ်ားမ်ား မ်က္ႏွာအစိတ္အပိုင္းကို ေပါင္းခ်ဳပ္ထားသလိုျဖစ္ၿပီး အေဝးကေနေတာင္ မ်က္ႏွာေပၚက ေၾကာက္စရာမ်က္ႏွာဖံုးကို ျမင္ႏိုင္သည္။

မေကာင္းဆိုးဝါးက အလင္းေရာင္ကို အာ႐ံုခံမိၿပီးေနာက္ ေအာ္ဟစ္ကာ ေလထဲမွာ တူကိုေဝွ႔ယမ္းၿပီး သူတို႔ရွိရာဘက္ကို ေျပးလာသည္။ ေကာ္ရစ္ဒါတေလွ်ာက္ ေျပးလာသည့္ေျခသံႏွင့္အတူ ခ်ိန္းႀကိဳးေတြ႐ိုက္ခတ္သံက ပဲ့တင္ထပ္ေနၿပီး သတိမထားမိခင္ ေဆးေက်ာင္းသားအုပ္စုက အသက္လုၿပီး ထြက္ေျပးကုန္ေတာ့သည္။ တခ်ိဳ႕က နီးရာအခန္းထဲ ဝင္ပုန္းၿပီး တခ်ိဳ႕က ဒုတိယထပ္၊ တခ်ိဳ႕က ပထမထပ္ထိ ဆင္းေျပးသြားၾကေတာ့သည္။

လူတိုင္းက နီးကပ္လာသည့္ ေျခသံက်ယ္ႀကီးႏွင့္ သံခ်ိန္းႀကိဳးသံေၾကာင့္ စိတ္မၿငိမ္မသက္ျဖစ္လာၾကၿပီး အႏၱရယ္ကိုတံု႔ျပန္သည့္ လူ၏သဘာဝအသိအရ သူတို႔လံုးဝမတိုက္ႏိုင္သည့္အရာကို ေၾကာက္လန္႔ၿပီး ထြက္ေျပးပုန္းဖို႔ ႀကိဳးစားၾကျခင္းျဖစ္သည္။ ေရွာင္ေဟြ႕က ေလွကားနဲ႔အနီးဆံုးမွာရွိၿပီး မေကာင္းဆိုးဝါး ခ်ဥ္းကပ္လာခ်ိန္မွာ သူမေဘးနားကလူက ႐ုတ္တရက္ ေလွကားကေနေျပးဆင္းသြားလို႔ သူမလည္း ေသခ်ာမေတြးႏိုင္ေတာ့ဘဲ ဒီလူေနာက္ကေန ေျပးလိုက္လာမိေတာ့သည္။ သူမရဲ့မသိစိတ္ကေန ဒီမေကာင္းဆိုးဝါးနဲ႔ေဝးရာကို ေျပးထြက္ဖို႔ လုပ္လိုက္တာျဖစ္သည္။

ဖုန္းက အခန္းေထာင့္မွာ က်န္ရစ္ခဲ့ေပမယ့္ ေဆးေက်ာင္းသားေတြက ေအာ္ဟစ္ၿပီး ေကာ္ရစ္ဒါတေလွ်ာက္ ထြက္ေျပးသြားပံုက ေအာ္ဟစ္ေနသည့္ၾကက္အုပ္စု တကြဲတျပားေျပးသြားသလိုပင္။ ေရွာင္ေဟြ႕က သူ႔ေရွ႕ကလူေနာက္လိုက္ၿပီး ပထမထပ္ထိေရာက္လာခ်ိန္မွာ တတိယထပ္က ေအာ္သံေတြကို ၾကားလိုက္ရသည္။ ထို႔ေနာက္ သံႀကိဳးမ်ား ေလွကားတေလွ်ာက္ ၾကားရပံုအရ မေကာင္းဆိုးဝါးက ေအာက္ထပ္ကို ဆင္းလာပံုရသည္။ ေရွာင္ေဟြ႕က ေျပးသည့္အရွိန္ကို တိုးၿပီး ေရွ႕ကလူႏွင့္ ကြဲက်န္မေနေအာင္ လိုက္လာသည္။ သူမ ေနာက္ကို လွည့္မၾကည့္ဝံ့ေပ။ တုန္လႈပ္ဖြယ္တီးလံုးသံႏွင့္ ေအာ္ဟစ္သံမ်ားေၾကာင့္ ေရွာင္ေဟြ႕၏ႏွလံုးသားက ပိုပိုေၾကာက္လာၿပီး အေဖာ္ ပိုပိုလိုအပ္လာသည္။ ေမွာင္ေနသည့္သရဲအိမ္ထဲ သူမ အသက္ဆက္ရွင္ဖို႔ ေရွ႕ကလူေပၚမူတည္ေနသလို ဒီလူရဲ့အရိပ္ေနာက္ကို ေတာက္ေလွ်ာက္လိုက္ေနေတာ့သည္။

ဘာျဖစ္ျဖစ္ အေဖာ္ရွိရင္ ေတာ္ေသးသည္။ သရဲအိမ္ထဲ တစ္ေယာက္တည္းက်န္မေနဖို႔ ေရွာင္ေဟြ႕က ေရွ႕ကလူရဲ့ရွပ္အက်ႌကို ဆုပ္ကိုင္လိုက္စဥ္ ေလွကားတေလွ်ာက္ ခ်ိန္းႀကိဳးတရြတ္ဆြဲသံက ပိုနီးလာလို႔ ပထမထပ္က အခန္းတစ္ခုထဲကို ဝင္ပုန္းဖို႔လုပ္သည့္လူေနာက္ကို သူမ လိုက္လာခဲ့သည္။

"ေသျခင္းတရားနဲ႔ အဆံုးသတ္ေတာ့မွာလား.."

အခန္းထဲက တစ္ခုတည္းေသာ ပုန္းစရာဗီ႐ိုထဲ ထိုလူဝင္သြားတာေတြ႕ခ်ိန္မွာ ေရွာင္ေဟြ႕က တံခါးနားမွာပဲရွိေသးသည္။ ဆက္ေျပးရမလား၊ ဒီလူေဘးကေန ဗီ႐ိုထဲဝင္ပုန္းရမလား..။ အသံေတြပိုပိုနီးလာေတာ့ ေရွာင္ေဟြ႕က ဗီ႐ိုထဲဝင္ေျပးကာ ပုန္းလိုက္ေတာ့သည္။ ဗီ႐ိုတံခါးပိတ္သြားခ်ိန္မွာ သူမက တျခားကမာၻကို ေရာက္သြားသလို ခံစားလိုက္ရသည္။ ဗီ႐ိုက ေမွာင္ၿပီးတိတ္ဆိတ္ေနေပမယ့္ ေဘးကအေဖာ္ရွိေနတယ္ဆိုသည့္အသိျဖင့္ သူမ လံုၿခံဳမႈကို ခံစားလိုက္ရသည္။ သူမမ်က္ႏွာေပၚကမိတ္ကပ္ေတြက ေခၽြးေတြနဲ႔ ပ်က္ကုန္ၿပီျဖစ္သည္။ ေရွာင္ေဟြ႕က တံခါးၾကားကေန အျပင္ကို ေခ်ာင္းၾကည့္လိုက္သည္။

သူမက အေမွာင္ထဲေတာက္ေနသည့္ သံခ်ိန္းႀကိဳးကိုျမင္လိုက္ရၿပီး ဆရာဝန္က အေပါက္ဝမွာပိတ္ရပ္ေနၿပီး ဝင္မလာခင္ တံခါးကို တူႏွင့္ေခါက္ေနသည္။ ေရွာင္ေဟြ႕က လက္ကိုကိုက္ၿပီး ဗီ႐ိုအတြင္းကိုတိုးဝင္ကာ ကိုယ္ကိုပုထားၿပီး ဆုေတာင္းေနမိသည္။ သူမဆုေတာင္းေၾကာင့္ထင္သည္ မေကာင္းဆိုးဝါးဆရာဝန္က အခန္းထဲကိုဝင္မလာဘဲ ထြက္သြားေတာ့မွ သက္ျပင္းခ်လိုက္မိၿပီး သူမေဘးနားကလူ၏လက္ကို ဆြဲခါၿပီးေျပာလိုက္သည္။

"မေကာင္းဆိုးဝါးက ငါတုိ႔ကို ေတြ႕မသြားဘူး.. ငါတို႔ ခဏေစာင့္ၿပီးမွ ထြက္ရေအာင္.."

ေရွာင္ေဟြ႕၏အသံက ဗီ႐ိုထဲမွာ ပဲ့တင္ထပ္ေနသည္။ သူမ၏စကားကို ျပန္ေျဖသံမၾကားေတာ့ လွည့္ၾကည့္ရင္း တစ္ခုခုမွားေနၿပီဆုိတာ သိလိုက္သည္။ သူမႏွင့္အတူ ပုန္းေနေသာအမ်ိဳးသားက ဝလည္းမဝ၊ ပိန္လည္းမပိန္ေပ။ ေမ်ာက္ေလးမဟုတ္သလို ေလာင္က်ိဳးလည္း မဟုတ္ေပ။ အစ္ကိုႀကီးဖိန္းက သူ႔ထက္အရပ္ပိုရွည္ၿပီး He San က အရပ္ပုသည္။

"ေလာင္ဘုန္းလား.."

ေရွာင္ေဟြ႕က ေမးလိုက္သည္။

ေျဖသံမၾကားရသျဖင့္ ေရွာင္ေဟြ႕၏ရင္ဘတ္က တင္းလာခဲ့သည္။ ေနဦး..၊ ေလာင္က်ိဳးေျပာတာ သူတို႔က ၈ ေယာက္ရွိေနတယ္ဆိုလား...။

ေရွာင္ေဟြ႕ရဲ့ေသြးေတြ ေအးခဲသြားၿပီး လည္ေခ်ာင္းက တစ္ဆို႔လာေတာ့သည္။ သူမက ဖုန္းကိုထုတ္ၿပီး ေဘးကိုလွည့္ကာ မီးထြန္းၾကည့္လိုက္ေတာ့ လူေသမ်က္ႏွာလို ျဖဴေရာ္ၿပီး သူမ မသိသည့္လူတစ္ေယာက္ သူမကိုစိုက္ၾကည့္ေနတာ ေတြ႕လိုက္ရသည္။ ဖုန္းက သူမလက္ထဲကလြတ္က်သြားၿပီး ခဏတိတ္သြားၿပီးမွ နားကြဲမတတ္ ေအာ္ဟစ္သံစူးစူးကို ၾကားလိုက္ရေတာ့သည္။ ေရွာင္ေဟြ႕က ဗီ႐ိုထဲကလြတ္ေအာင္ ႀကိဳးစားရင္း သူမရဲ့ေခါင္းက အေနာက္ဘက္ဗီ႐ိုနံရံႏွင့္ ေဆာင့္မိၿပီး နာက်င္မႈႏွင့္ ထိတ္လန္႔မႈေၾကာင့္ သူမက ဗီ႐ိုၾကမ္းျပင္ကို ပံုက်သြားၿပီး မၾကာခင္ ေသေတာ့မယ္ထင္ကာ လဲၿပိဳၿပီး အရမ္းေၾကာက္လို႔ေနသည္။

"ငါ့သရဲအိမ္ထဲ ဖုန္းမသံုးပါနဲ႔လို႔ ေျပာထားတယ္မဟုတ္လား.."

Chen Ge က ဖုန္းကိုေကာက္ၿပီး ေရွာင္ေဟြ႕ရဲ့အိတ္ထဲ ထည့္ေပးၿပီး ဗီ႐ိုတံခါးကိုဖြင့္ကာ အျပင္ထြက္လာခဲ့သည္။ ၿပီးမွ ေရွာင္ဝမ္ကို အမိန္႔ေပးလိုက္သည္။

"ေရွာင္ဝမ္.. ဒီအုပ္စုကို ေလာေလာဆယ္.. ပထမထပ္ကေနေဝးေအာင္ ေျခာက္လႊတ္ထားလိုက္.."

Chen Ge က Xiao Wan ကိုေျပာၿပီး သတိေမ့ေနသည့္ေရွာင္ေဟြ႕ကိုခ်ီကာ ေရခ်ိဳးခန္းထြက္ေပါက္ ဝန္ထမ္းလမ္းေၾကာင္းကေန ဒီသရဲေျခာက္သည့္အခန္းမွ သယ္ထုတ္လာသည္။

"ငါတို႔မွာ သတိေမ့သူကိုကူဖို႔ ပစၥည္းလံုးဝမရွိဘူး.."

ေရွာင္ေဟြ႕ရဲ့နဖူးေပၚ ေရေႏြးဝတ္တင္ေပးၿပီး Chen Ge က သရဲအိမ္ထဲ ျပန္ဝင္သြားခဲ့သည္။ တစ္ေယာက္က်သြားၿပီး ၆ ေယာက္က်န္ေသးသည္။

"Xiao Wan.. မင္း ဘယ္မွာလဲ.."

"ဒုတိယထပ္က ေၾကာင္လိမ္ေလွကားရဲ့ ဘယ္ဘက္က ပထမဆံုးအခန္းထဲမွာ တခ်ိဳ႕ပုန္းေနတယ္.. ကၽြန္မ သူတို႔ထြက္လာေအာင္ သြားေျခာက္လိုက္ဦးမယ္.. ေဘာ့စ္.. ရွင္က သူတို႔ကို ညာဘက္ထြက္ေပါက္နားကေစာင့္ၿပီး ဒီလူေတြကို မေမွ်ာ္လင့္ဘဲ လန္႔သြားေအာင္ ေျခာက္လိုက္ေတာ့.."

"Xiao Wan.. မင္း အက်င့္ပ်က္ေနပါလား ဟမ္.."

"ေဘာ့စ္.. ရွင္ ဒီလိုမေျပာပါနဲ႔.. ဒီလိုျဖစ္တာ အားလံုး ရွင့္ေၾကာင့္ေလ.."

===================
Chapter (31) – သူ.. ဘယ်သူလဲ..?

"၈ ယောက်.. ဟုတ်လား.."

"မင်း.. မနောက်နဲ့တော့.."

လောင်ကျိုး၏စကားကြောင့် တစ်ဖွဲ့လုံး နှလုံးခုန်မြန်သွားသည်။ မီးရောင်မှိန်သည့် ဒီသရဲခြောက်သည့်အခန်းကြောင့် အားလုံး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ရင်း အေးခဲသွားကြတော့သည်။

"၈ ယောက်မြောက်က ဘယ်မှာလဲ.."

"ကြောက်နေတာကို ထိန်းကြစမ်း.."

အစ်ကိုကြီးဖိန်းက အားလုံးကိုသတိပေးပြီး သူ့ဖုန်းကိုထုတ်ပြီး မီးဖွင့်မည်အပြု အပြင်ဘက်ကော်ရစ်ဒါမှ တရွတ်တိုက်လာသည့် သံချိန်းကြိုးသံကို ကြားလိုက်ရသည်။

"တစ်ယောက်ယောက် လာနေပြီ.."

အစ်ကိုဖိန်းက ဖုန်းမဖွင့်ရသေးခင် သွေးစွန်းနေသည့် မကောင်းဆိုးဝါးတစ်ကောင် ထောင့်တစ်ခုကနေ ရုတ်တရက်ထွက်လာပုံက သူတို့ဘယ်ရောက်နေတယ်ဆိုတာ အတိအကျ သိနေသလိုပင်။ သွေးစွန်းနေသော ဆရာဝန်ဝတ်စုံမှ သံကြိုးတွေက ကြမ်းပေါ်တရွတ်ဆွဲပါလာပြီး မကောင်းဆိုးဝါးက ခေါင်းကိုငုံ့ထားပြီး လက်ထဲက တွဲလောင်းကိုင်လာသည့်တူမှာ သွေးတွေစက်လက်ကျဆင်းနေပုံကို ကြည့်ပြီး အားလုံး စိုးရိမ်လာကြသည်။

အစ်ကိုဖိန်းသာ သူ့စိတ်ကို ငြိမ်အောင်ထိန်းနေသည်။ Chen Ge သတိပေးတာကို လျစ်လျှူရှုပြီး သူက သရဲအိမ်ထဲမှာ ဖုန်းကမီးကိုဖွင့်လိုက်သည်။ မီးရောင်က ကော်ရစ်ဒါထောင့်က မကောင်းဆိုးဝါးပေါ် ကျရောက်သွားပြီး သတိထားမိလာအောင် လုပ်လိုက်သလိုဖြစ်သွားသည်။ မကောင်းဆိုးဝါးက ဖားလျားကျနေသည့် ဆံပင်နောက်ကနေ သူတို့လူစုရှိရာဘက်လှည့်လာပြီး စူးစူးဝါးဝါးစိုက်ကြည့်နေတော့သည်။

ထိုအချိန် ဆေးကျောင်းသားအုပ်စုက မကောင်းဆိုးဝါးမျက်နှာကို တွေ့လိုက်ကာ ခေါင်းမွှေးထောင်သွားကြသည်။ ဒီမကောင်းဆိုးဝါးမျက်နှာက ယောက်ျားအတော်များများ မျက်နှာအစိတ်အပိုင်းကို ပေါင်းချုပ်ထားသလိုဖြစ်ပြီး အဝေးကနေတောင် မျက်နှာပေါ်က ကြောက်စရာမျက်နှာဖုံးကို မြင်နိုင်သည်။

မကောင်းဆိုးဝါးက အလင်းရောင်ကို အာရုံခံမိပြီးနောက် အော်ဟစ်ကာ လေထဲမှာ တူကိုဝှေ့ယမ်းပြီး သူတို့ရှိရာဘက်ကို ပြေးလာသည်။ ကော်ရစ်ဒါတလျှောက် ပြေးလာသည့်ခြေသံနှင့်အတူ ချိန်းကြိုးတွေရိုက်ခတ်သံက ပဲ့တင်ထပ်နေပြီး သတိမထားမိခင် ဆေးကျောင်းသားအုပ်စုက အသက်လုပြီး ထွက်ပြေးကုန်တော့သည်။ တချို့က နီးရာအခန်းထဲ ဝင်ပုန်းပြီး တချို့က ဒုတိယထပ်၊ တချို့က ပထမထပ်ထိ ဆင်းပြေးသွားကြတော့သည်။

လူတိုင်းက နီးကပ်လာသည့် ခြေသံကျယ်ကြီးနှင့် သံချိန်းကြိုးသံကြောင့် စိတ်မငြိမ်မသက်ဖြစ်လာကြပြီး အန္တရယ်ကိုတုံ့ပြန်သည့် လူ၏သဘာဝအသိအရ သူတို့လုံးဝမတိုက်နိုင်သည့်အရာကို ကြောက်လန့်ပြီး ထွက်ပြေးပုန်းဖို့ ကြိုးစားကြခြင်းဖြစ်သည်။ ရှောင်ဟွေ့က လှေကားနဲ့အနီးဆုံးမှာရှိပြီး မကောင်းဆိုးဝါး ချဉ်းကပ်လာချိန်မှာ သူမဘေးနားကလူက ရုတ်တရက် လှေကားကနေပြေးဆင်းသွားလို့ သူမလည်း သေချာမတွေးနိုင်တော့ဘဲ ဒီလူနောက်ကနေ ပြေးလိုက်လာမိတော့သည်။ သူမရဲ့မသိစိတ်ကနေ ဒီမကောင်းဆိုးဝါးနဲ့ဝေးရာကို ပြေးထွက်ဖို့ လုပ်လိုက်တာဖြစ်သည်။

ဖုန်းက အခန်းထောင့်မှာ ကျန်ရစ်ခဲ့ပေမယ့် ဆေးကျောင်းသားတွေက အော်ဟစ်ပြီး ကော်ရစ်ဒါတလျှောက် ထွက်ပြေးသွားပုံက အော်ဟစ်နေသည့်ကြက်အုပ်စု တကွဲတပြားပြေးသွားသလိုပင်။ ရှောင်ဟွေ့က သူ့ရှေ့ကလူနောက်လိုက်ပြီး ပထမထပ်ထိရောက်လာချိန်မှာ တတိယထပ်က အော်သံတွေကို ကြားလိုက်ရသည်။ ထို့နောက် သံကြိုးများ လှေကားတလျှောက် ကြားရပုံအရ မကောင်းဆိုးဝါးက အောက်ထပ်ကို ဆင်းလာပုံရသည်။ ရှောင်ဟွေ့က ပြေးသည့်အရှိန်ကို တိုးပြီး ရှေ့ကလူနှင့် ကွဲကျန်မနေအောင် လိုက်လာသည်။ သူမ နောက်ကို လှည့်မကြည့်ဝံ့ပေ။ တုန်လှုပ်ဖွယ်တီးလုံးသံနှင့် အော်ဟစ်သံများကြောင့် ရှောင်ဟွေ့၏နှလုံးသားက ပိုပိုကြောက်လာပြီး အဖော် ပိုပိုလိုအပ်လာသည်။ မှောင်နေသည့်သရဲအိမ်ထဲ သူမ အသက်ဆက်ရှင်ဖို့ ရှေ့ကလူပေါ်မူတည်နေသလို ဒီလူရဲ့အရိပ်နောက်ကို တောက်လျှောက်လိုက်နေတော့သည်။

ဘာဖြစ်ဖြစ် အဖော်ရှိရင် တော်သေးသည်။ သရဲအိမ်ထဲ တစ်ယောက်တည်းကျန်မနေဖို့ ရှောင်ဟွေ့က ရှေ့ကလူရဲ့ရှပ်အင်္ကျီကို ဆုပ်ကိုင်လိုက်စဉ် လှေကားတလျှောက် ချိန်းကြိုးတရွတ်ဆွဲသံက ပိုနီးလာလို့ ပထမထပ်က အခန်းတစ်ခုထဲကို ဝင်ပုန်းဖို့လုပ်သည့်လူနောက်ကို သူမ လိုက်လာခဲ့သည်။

"သေခြင်းတရားနဲ့ အဆုံးသတ်တော့မှာလား.."

အခန်းထဲက တစ်ခုတည်းသော ပုန်းစရာဗီရိုထဲ ထိုလူဝင်သွားတာတွေ့ချိန်မှာ ရှောင်ဟွေ့က တံခါးနားမှာပဲရှိသေးသည်။ ဆက်ပြေးရမလား၊ ဒီလူဘေးကနေ ဗီရိုထဲဝင်ပုန်းရမလား..။ အသံတွေပိုပိုနီးလာတော့ ရှောင်ဟွေ့က ဗီရိုထဲဝင်ပြေးကာ ပုန်းလိုက်တော့သည်။ ဗီရိုတံခါးပိတ်သွားချိန်မှာ သူမက တခြားကမ္ဘာကို ရောက်သွားသလို ခံစားလိုက်ရသည်။ ဗီရိုက မှောင်ပြီးတိတ်ဆိတ်နေပေမယ့် ဘေးကအဖော်ရှိနေတယ်ဆိုသည့်အသိဖြင့် သူမ လုံခြုံမှုကို ခံစားလိုက်ရသည်။ သူမမျက်နှာပေါ်ကမိတ်ကပ်တွေက ချွေးတွေနဲ့ ပျက်ကုန်ပြီဖြစ်သည်။ ရှောင်ဟွေ့က တံခါးကြားကနေ အပြင်ကို ချောင်းကြည့်လိုက်သည်။

သူမက အမှောင်ထဲတောက်နေသည့် သံချိန်းကြိုးကိုမြင်လိုက်ရပြီး ဆရာဝန်က အပေါက်ဝမှာပိတ်ရပ်နေပြီး ဝင်မလာခင် တံခါးကို တူနှင့်ခေါက်နေသည်။ ရှောင်ဟွေ့က လက်ကိုကိုက်ပြီး ဗီရိုအတွင်းကိုတိုးဝင်ကာ ကိုယ်ကိုပုထားပြီး ဆုတောင်းနေမိသည်။ သူမဆုတောင်းကြောင့်ထင်သည် မကောင်းဆိုးဝါးဆရာဝန်က အခန်းထဲကိုဝင်မလာဘဲ ထွက်သွားတော့မှ သက်ပြင်းချလိုက်မိပြီး သူမဘေးနားကလူ၏လက်ကို ဆွဲခါပြီးပြောလိုက်သည်။

"မကောင်းဆိုးဝါးက ငါတို့ကို တွေ့မသွားဘူး.. ငါတို့ ခဏစောင့်ပြီးမှ ထွက်ရအောင်.."

ရှောင်ဟွေ့၏အသံက ဗီရိုထဲမှာ ပဲ့တင်ထပ်နေသည်။ သူမ၏စကားကို ပြန်ဖြေသံမကြားတော့ လှည့်ကြည့်ရင်း တစ်ခုခုမှားနေပြီဆိုတာ သိလိုက်သည်။ သူမနှင့်အတူ ပုန်းနေသောအမျိုးသားက ဝလည်းမဝ၊ ပိန်လည်းမပိန်ပေ။ မျောက်လေးမဟုတ်သလို လောင်ကျိုးလည်း မဟုတ်ပေ။ အစ်ကိုကြီးဖိန်းက သူ့ထက်အရပ်ပိုရှည်ပြီး He San က အရပ်ပုသည်။

"လောင်ဘုန်းလား.."

ရှောင်ဟွေ့က မေးလိုက်သည်။

ဖြေသံမကြားရသဖြင့် ရှောင်ဟွေ့၏ရင်ဘတ်က တင်းလာခဲ့သည်။ နေဦး..၊ လောင်ကျိုးပြောတာ သူတို့က ၈ ယောက်ရှိနေတယ်ဆိုလား...။

ရှောင်ဟွေ့ရဲ့သွေးတွေ အေးခဲသွားပြီး လည်ချောင်းက တစ်ဆို့လာတော့သည်။ သူမက ဖုန်းကိုထုတ်ပြီး ဘေးကိုလှည့်ကာ မီးထွန်းကြည့်လိုက်တော့ လူသေမျက်နှာလို ဖြူရော်ပြီး သူမ မသိသည့်လူတစ်ယောက် သူမကိုစိုက်ကြည့်နေတာ တွေ့လိုက်ရသည်။ ဖုန်းက သူမလက်ထဲကလွတ်ကျသွားပြီး ခဏတိတ်သွားပြီးမှ နားကွဲမတတ် အော်ဟစ်သံစူးစူးကို ကြားလိုက်ရတော့သည်။ ရှောင်ဟွေ့က ဗီရိုထဲကလွတ်အောင် ကြိုးစားရင်း သူမရဲ့ခေါင်းက အနောက်ဘက်ဗီရိုနံရံနှင့် ဆောင့်မိပြီး နာကျင်မှုနှင့် ထိတ်လန့်မှုကြောင့် သူမက ဗီရိုကြမ်းပြင်ကို ပုံကျသွားပြီး မကြာခင် သေတော့မယ်ထင်ကာ လဲပြိုပြီး အရမ်းကြောက်လို့နေသည်။

"ငါ့သရဲအိမ်ထဲ ဖုန်းမသုံးပါနဲ့လို့ ပြောထားတယ်မဟုတ်လား.."

Chen Ge က ဖုန်းကိုကောက်ပြီး ရှောင်ဟွေ့ရဲ့အိတ်ထဲ ထည့်ပေးပြီး ဗီရိုတံခါးကိုဖွင့်ကာ အပြင်ထွက်လာခဲ့သည်။ ပြီးမှ ရှောင်ဝမ်ကို အမိန့်ပေးလိုက်သည်။

"ရှောင်ဝမ်.. ဒီအုပ်စုကို လောလောဆယ်.. ပထမထပ်ကနေဝေးအောင် ခြောက်လွှတ်ထားလိုက်.."

Chen Ge က Xiao Wan ကိုပြောပြီး သတိမေ့နေသည့်ရှောင်ဟွေ့ကိုချီကာ ရေချိုးခန်းထွက်ပေါက် ဝန်ထမ်းလမ်းကြောင်းကနေ ဒီသရဲခြောက်သည့်အခန်းမှ သယ်ထုတ်လာသည်။

"ငါတို့မှာ သတိမေ့သူကိုကူဖို့ ပစ္စည်းလုံးဝမရှိဘူး.."

ရှောင်ဟွေ့ရဲ့နဖူးပေါ် ရေနွေးဝတ်တင်ပေးပြီး Chen Ge က သရဲအိမ်ထဲ ပြန်ဝင်သွားခဲ့သည်။ တစ်ယောက်ကျသွားပြီး ၆ ယောက်ကျန်သေးသည်။

"Xiao Wan.. မင်း ဘယ်မှာလဲ.."

"ဒုတိယထပ်က ကြောင်လိမ်လှေကားရဲ့ ဘယ်ဘက်က ပထမဆုံးအခန်းထဲမှာ တချို့ပုန်းနေတယ်.. ကျွန်မ သူတို့ထွက်လာအောင် သွားခြောက်လိုက်ဦးမယ်.. ဘော့စ်.. ရှင်က သူတို့ကို ညာဘက်ထွက်ပေါက်နားကစောင့်ပြီး ဒီလူတွေကို မမျှော်လင့်ဘဲ လန့်သွားအောင် ခြောက်လိုက်တော့.."

"Xiao Wan.. မင်း အကျင့်ပျက်နေပါလား ဟမ်.."

"ဘော့စ်.. ရှင် ဒီလိုမပြောပါနဲ့.. ဒီလိုဖြစ်တာ အားလုံး ရှင့်ကြောင့်လေ.."

===================

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now