Chapter (205) - သူမက ငါ့အမကြီးပါ

486 72 4
                                    


Chapter (205) -  သူမက ငါ့အမကြီးပါ


"တံခါးကို မြန်မြန်ပိတ်လိုက်ပါ"

မိန်းမက လူတွေ သူမ မျက်နှာကို မြင်ပြီး ဘယ်လောက်ကြောက်စရာကောင်းလဲ ဆိုတာ သိလိုက်သလိုနဲ့ အခန်းထဲကို အမြန်ပြေးဝင်သွားတော့သည်။

"ကောင်းပါပြီ။"

ချန်ကောက တံခါးကို လုံးလုံးမပိတ်ဘဲ နည်းနည်းလေး ဖွင့်ထားခဲ့တယ်။ အိမ်အတွင်းထဲကို မဝင်ခင်မှာ သူ့ထွက်ပေါက်ချန်ထားဖို့ ကြိုတင် စဉ်းစားနေရသည်။  ချန်ကောသည် ဧည့်ခန်းအလယ်တွင် ရပ်ကာ ပတ်ပတ်လည်ကို လှမ်းကြည့်သည်။ အမျိုးသမီးသည် ကုတင်ဘေးတွင်ထိုင်ကာ သူမ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ရန် စောင်ပါးပါးကို ဆွဲတင်လိုက်သည်။

"ရှုပ်ပွနေတာကို စိတ်ထဲ မထားပါနဲ့၊ အဆင်ပြေသလို ထိုင်လိုက်ပါနော်  "

ထိုနေရာသည် ရှုတ်ထွေးသည်ဟု မယူဆနိုင်သော်လည်း ဆေးပုလင်းများစွာဖြင့် ပြည့်နေခြင်းသာ။    ချန်ကောသည် ကျပန်း ဆေးပုလင်း တခုကို ကောက်ယူလိုက်ပြီး ထိုပုလင်းတွင် သူနားမလည်နိုင်သော ဝေါဟာရများဖြင့် တံဆိပ်တပ်ထားသည်။

"ကျွန်မ ပစ္စည်းကို မထိနဲ့" ဟု အမျိုးသမီးက ပြောလိုက်သည်။ သူမ မသေချာမရေရာသော မျက်လုံးများဖြင့် ချန်ကောကို ကြည့်လိုက်သည်။

 "မင်းရဲ့ ကျောပိုးအိတ်ထဲမှာ ဘာရှိလဲ၊ မင်း အိမ်ခြံမြေဝယ်ဖို့ လာတာ မဖြစ်နိုင်ဘူး"

"အိတ်က ဟောင်းနေပေမယ့် ကျွန်တော့်ရဲ့ အသက်ကယ်ဖို့ လိုအပ်တာ အားလုံးက အဲဒီထဲမှာပဲ" ချန်ကောက  ဆင်ခြေပေးလိုက်တယ်။

"ခင်ဗျားရဲ့ တိုက်ခန်းရဲ့ တည်နေရာက သာယာတယ်၊ ဒါပေမယ့် ဈေးထပ် လျှော့ ပေးနိုင်မလား။"

"တိုက်ခန်းက ကြီးတယ်။ ကျွန်မ ပိုက်ဆံလိုနေလို့ မဟုတ်ရင် အဲဒီနေရာကို ရောင်းမှာ မဟုတ်ဘူး။"

ထိုအမျိုးသမီး၏ အသားအရေသည် သဘာဝအတိုင်းဖြူစင်နေပြီး ချန်ကောသည် ထူးဆန်းနေသည်။

"စိတ်မရှိဘူးဆိုရင် ခင်ဗျား တိုက်ခန်းကို အမြန်ရောင်းရအောင် ခင်ဗျား  ဘယ်လိုရောဂါတွေခံစားနေရလဲ"

ချန်ကောသည် တိုက်ခန်းဝယ်ရန် ထိုနေရာကို လာခဲ့တာ မဟုတ်ပေ။ သူက နောက်ထပ် အချက်အလက်တွေ ရှာဖို့ လာခဲ့တာ ဖြစ်သည်။

"ကင်ဆာ" အမျိုးသမီးက သူ့မျက်နှာကို ညွှန်ပြကာ ပြောလိုက်သည်။ "ရေရှည် ဓာတုကုထုံးက ဆံပင်နဲ့ မျက်ခုံးအားလုံးကို ဆုံးရှုံးသွားစေတယ်။"

"တောင်းပန်ပါတယ်။"   အဲ့ဒါက ယုတ္တိရှိလို့ ပြောနိုင်တယ်။

"အခုတော့ တတ်နိုင်သလောက် ကျွန်မ နောက်ထပ် ရက်ပေါင်းများစွာ အသက်ရှင်ချင်တယ်၊ တခြား ဘာမှ မလိုအပ်တော့ဘူး "

 ထိုအမျိုးသမီးသည် သူ့အသက်ကို ရှည်ရှည် ဆက်နေနိုင်ဖို့ ဆေးကုရန် သူ့အိမ်အား ရောင်းချခဲ့သည်။ ထိုစကားက အပေါ်ယံတွင် ယုတ္တိရှိသည်ဟု ထင်ရသော်လည်း  အသေးစိတ် တွေးကြည့်လျှင်  ဇာတ်လမ်းသည် ချို့ယွင်းချက်ရှိနေသည်။

"ဈေးပြောရအောင်။"

အမျိုးသမီးသည်  ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားခဲ့သည်။ သူမ ပြောသော ဈေးနှုန်းသည် အလားတူတိုက်ခန်းတစ်ခန်းအတွက် ပေါက်ဈေးထက် သုံးဆယ်ရာခိုင်နှုန်းနိမ့်သည်။

 "မင်းသဘောတူရင် မနက်ဖြန် ကျွန်မတို့ စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးလို့ရတယ်။"

"ဒါက ခင်ဗျားကို အခွင့်ကောင်းယူချင်လို့ မဟုတ်ဘူး၊ ဒါပေမယ့် ဈေးက တော်တော်ကြီးနေသေးတယ်။" ချန်ကောသည် လိမ္မာပါးနပ်သော အိမ်ဝယ်သူပမာ ဟန်ဆောင်သည်။

"ဒီလိုလျှော့ပေးတာတောင် ဈေးကြီးနေသေးလား"

"ခင်ဗျား ရဲ့ အခြေအနေကို ကျွန်တော် သနားမိပေမယ့် ဒီကို မလာခင်မှာ ဟိုဟိုဒီဒီ မေးကြည့်ခဲ့သေးတယ်။ ခင်ဗျား ရောင်းတဲ့ နေရာက လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက သရဲခြောက်နေတယ်၊ အဲဒါကြောင့် အခု အချိန်အထိ မရောင်းရသေးဘူး"

ချန်ကောက သူ့ကျောပိုးအိတ်ကို ပွတ်သပ်လိုက်သည်။

 "ကျွန်တော်က လူ အများစုထက် အကြောက်လန့်ကင်းတယ်ဆိုပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော့်မှာ ငွေ အများကြီးမရှိဘူး၊ ဒါကြောင့်မို့လို့ မင်းကို လှမ်းဆက်သွယ်ပြီး ဈေးညှိဖို့ လာခဲ့တာပါ"


အမျိုးသမီးက သူမ အားနည်းချက်ကို တစ်ဖက်လူက သိသွားပြီဖြစ်လို့ "ဒါဆို မင်းဘယ်လောက်ပေးမလဲ" လို့မေးလိုက်တယ်။

"ဈေးကွက်ပေါက်ဈေးရဲ့  ဆယ်ပုံတစ်ပုံလောက်ပဲ ပေးနိုင်တယ်၊"

"ဆယ်ပုံတစ်ပုံလား‽" အမျိုးသမီးက လှောင်ပြောင်လိုက်သည်။ "ဒါတောင် မင်းက ကျွန်မကို အခွင့်ကောင်းယူဖို့ မကြိုးစားဘူးလို့ ပြောနေတာလား"

"နောက်ပြီးတော့ ၊ ဒီနေရာက သရဲခြောက်တယ်။ ပိုက်ဆံမရှိရင် ကျွန်တော်က သရဲခြောက်တဲ့ တိုက်ခန်းကို ဝယ်မှာ မဟုတ်ဘူး။"

ချန်ကောသည် သူ့ဇာတ်ကောင်ကို လုံး၀ ပုံဖော်ထားသည်။ ထိုမိန်းမ၏ အခြေအနေကို သနားသလိုလို တုံ့ဆိုင်းနေသော မျက်လုံးများ ပေါ်လာသည်။

"ကျွန်တော်တို့နှစ်ယောက်လုံး နောက်နည်းနည်းဆီ ဆုတ်ပေးကြရင်ကော....ခင်ဗျားရဲ့ဆေးဖိုးပေးချေဖို့ ဒီအိမ်ကိုရောင်းနေတာ ကျွန်တော် သိတယ်၊ ဒါကြောင့် မိသားစုနဲ့ သူငယ်ချင်းတွေဆီက ချေးလို့ရတယ်၊ ဒါပေမယ့် ခင်ဗျား တောင်းတဲ့ဈေးက အရမ်းမြင့်နေသေးတယ်။"

အချိန်အတော်ကြာအောင် ဝယ်သူကို လွတ်နေသဖြင့်  အမျိုးသမီးက ဖိအားတွေ ခံစားနေရတာ ဖြစ်နိုင်တယ်။

 "ဆယ်ပုံတစ်ပုံက နည်းလွန်းတယ်။ ကျွန်မရဲ့ အဓိကအချက်က ပေါက်ဈေးရဲ့ ထက်ဝက်ပဲ လျှော့ပေးနိုင်တယ်။ မင်းလိုချင်ရင် မနက်ဖြန် ရှေ့နေနဲ့ စာရွက်စာတန်းကို ရေးဆွဲပေးလို့ရတယ်။ မင်း မလိုချင်ရင် ထားခဲ့လိုက်ပါတော့။"

"တစ်ဝက်ဈေးလား..." ချန်ကောတွေးနေရင်း ခေါင်းညိမ့်လိုက်သည်။

"အဲဒီ ကောလဟာလတွေကို နားမထောင်နဲ့။ အိမ်ငှားတွေ အရင်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးဆိုတော့ သရဲက ဘယ်လိုဖြစ်နိုင်မှာလဲ"

အမျိုးသမီးက ကုတင်ပေါ်တွင် လှဲလျောင်းနေသည်။ ချန်ကော၏ အတွေးတွေ ပျော့ပြောင်းလာသည်ကို    သူမ သတိပြုမိသောကြောင့် ချန်ကောကို စတင် စည်းရုံးခဲ့သည်။

"ကျွန်တော့်ကို လိမ်ဖို့မကြိုးစားနဲ့။ ခင်ဗျားတိုက်ခန်းက လုံခြုံရေးအစောင့်က ခင်ဗျား ရဲ့အိမ်ထဲကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အရိပ်အဖြူတစ်ခုဝင်သွားတာကို ကိုယ်တိုင်တွေ့ခဲ့ရတယ်လို့ ရဲတွေက အတည်ပြုခဲ့တယ်။ အဲဒီညက ခင်ဗျားက အိမ်မှာမရှိဘူးဆိုတော့ သရဲရှိလို့ ခင်ဗျားရဲ့တိုက်ခန်းမှာ မနေနိုင်တော့ဘူးဆိုတာ သိသာတယ်။"

 ချန်ကောသည် အမျိုးသမီး၏ စကားကို နင်းကာ သူသိချင်သည့် အချက်အလက်ကို မေးလိုက်သည်။

"ကျွန်မ အိမ်မှာ ဘာအကြောင်းမှ မရှိဘူး"

 အမျိုးသမီးက သက်ပြင်းချလိုက်တယ်။ သူမ၏ မျက်လုံးထဲတွင် လွန်ဆွဲနေဟန်တူသည်။  

 "တကယ်တော့ မင်းကို ကြောက်တာ မဟုတ်ရင် ကျွန်မ အဲ့ဒီအကြောင်း ထုတ် မပြောပြချင်ဘူး။  ဒါပေမယ့် ရှင်က စိုးရွံ့တယ်ဆိုတော့ အဲ့ဒီအရိပ်က သရဲတစ္ဆေမဟုတ်ဘူး"

"တစ္ဆေမဟုတ်ဘူးလား?" ချန်ကောရဲ့ နှလုံးသားက ခုန်တက်လာတယ်။ ထိုအရာများသည် သူထင်သည်ထက် ကျော်လွန်သွားနိုင်သည်။

"ဟုတ်တယ်၊ အရိပ်ဖြူက ကျွန်မ အမကြီးပါ။ သူက စိတ်ကျန်းမာရေးဆေးရုံက ထွက်လာတဲ့ စိတ်ဝေဒနာရှင်ပါ။"

အမျိုးသမီး၏ မျက်နှာသည် နာကျင်နေဟန်ဖြင့်ကာ မိနစ်အတော်ကြာအောင် ပြင်းထန်စွာ ချောင်းဆိုးနေခဲ့သည်။

 "အမကြီး ငယ်ငယ်တုန်းက အမှားတစ်ခုခုလုပ်မိလို့ သူ့ရောဂါကို သိလိုက်ရတယ်။ အဲဒီနောက် စိတ်ကျန်းမာရေးဆေးရုံကို ပို့ပြီး လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကမှ ပြန်ထွက်လာတယ်။"

"တစ်ခုခုဖြစ်နေပြီလား။ တစ်ခုခု ဆိုးဝါးတာ ဖြစ်ခဲ့သလား"

အမျိုးသမီး၏အမကြီးသည် လူနာနံပါတ် 2 ၏ဖော်ပြချက်နှင့် ကိုက်ညီသောကြောင့် ချန်ကောက ပိုမိုအာရုံစိုက်ခဲ့သည်။

"အဲဒါက  အလေးအနက်ထားရလောက်တဲ့ အချက်ဖြစ်ပြီး သူ့အသက်ကိုတော် ရန်ရှာခဲ့တယ် " လို့ အမျိုးသမီးက သူ့အမကြီးအတွက် ပြောရင်း သက်ပြင်းချလိုက်သည်။

 "အမကြီးရဲ့ အခြေအနေက အရမ်းထူးခြားတယ်။ သူမသည် အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင် တာကြောင့် သီးသန့်ခွဲထားဖို့ လိုအပ်တဲ့ လူနာတစ်ဦးဖြစ်တယ်။ သူမကို ရဲတွေက တွေ့ခဲ့ရင်၊ သူတို့က သူမကို ကျွန်မဆီကနေ ဆွဲထုတ်ပြီး စိတ်ကျန်းမာရေးဆေးရုံမှာ သော့ခတ်ထားလိမ့်မယ်"

"ဒါဆို ခင်ဗျား သူ့ကို  အိမ်မှာ ချုပ်ထားတာလား"

"ဆယ်နှစ်ကြာ ဆေးကုသမှုခံယူပြီးတဲ့ နောက်မှာတော့ သူ့အခြေအနေက ပိုကောင်းလာပါတယ်"

သူမပြောသောစကားကို ယုံကြည်သလို အမျိုးသမီး၏ လေသံပြောင်းသွားသည်။

"လူတစ်ယောက်ရဲ့ဘဝမှာ ဆယ်စုနှစ် ကို ဘယ်လောက်ခုလောက် ဖြတ်ကျော်နိုင်မလဲ။ သူမဟာ ငယ်ရွယ်စဉ်ဘဝမှာ အရမ်းခံစားခဲ့ရပြီး အခု ပုံမှန်ဘဝလေးမှာ နေထိုင်ခွင့်ပေးတာက တရားမျှတပါတယ်"

ချန်ကောသည် ထိုအမျိုးသမီး၏ စကားကြောင့် တစ်ခုခု မှားနေသလို ခံစားရသည်။

"ဒါဆို ခင်ဗျား အမကြီးကို ခင်ဗျားရဲ့ အိမ်ထဲမှာ ဝှက်ထားတယ်၊ ဒါပေမယ့် တခြားအိမ်ငှားတွေက သရဲခြောက်ဖို့ ထွက်သွားမယ်လို့ ခင်ဗျား မမျှော်လင့်ထားဘူးလား၊ အဲဒါ သရဲခြောက်ခြင်းရဲ့ နောက်ကွယ်က အမှန်တရားပဲ"

"ဟုတ်တယ်၊ သရဲခြောက်တယ်ဆိုတာ သူတို့ရဲ့ စိတ်ကူးသက်သက်ပဲ"

"ဒါဆို ခင်ဗျား အမကြီး ဘာဖြစ်သွားတာလဲ ။ ခင်ဗျားက ရောဂါ ဝေဒနာကြောင့် အရမ်းနာနေပြီ၊ ခင်ဗျားကို လာမပြုစုသင့်ဘူးလား"

"သူမ ဘယ်ကို ထွက်ပြေး ပျောက်ကွယ်သွားလဲဆိုတာ ကျွန်မလည်း  မသိလိုက်ဘူး။ အဲဒီနေ့ညကတည်းက သူမကို ပြန်မတွေ့ရတော့ဘူး။"

 အမျိုးသမီးက ကူကယ်ရာမဲ့ပုံပေါက်သည်။

 "သူမက ကျွန်မရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပါ၊ ရံဖန်ရံခါမှာ ကျွန်မက  ဖုန်းဟွာ တိုက်ခန်း ကို ပြန်သွားပြီး သူမနဲ့ ပြန်တွေ့ဖို့  မျှော်လင့်မိပါတယ်"

"ခင်ဗျား ရဲ့ နာကျင်မှုကို ကျွန်တော် နားလည်ပါတယ်။ အခြား ဘယ်သူမှ လာဝယ်ဖို့ မလာဘူးဆိုရင် ကျေးဇူးပြုပြီး နေရာကို အရင် သိမ်းထားပေးပါဦး။ မနက်ဖြန်  ကျွန်တော် လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်ဖို့ စီစဉ်လိုက်မယ် " လို့ ချန်ကောက ရိုးရိုးသားသား ပြောခဲ့ပေမယ့် သူလုပ်ခဲ့တာကတော့ ထိုအမျိုးသမီး စိတ်တည်ငြိမ်အောင် ကြိုးစားဖို့ပဲ ဖြစ်တယ်။ မိန်းမထက် အရင်။ သူ့မှာ အပြင်းအထန် စစ်ဆေးဖို့ လိုတဲ့ တခြားအရာတွေ ရှိနေတယ်။

"ကောင်းပြီ ဒါဆို မနက်ဖြန်တွေ့မယ်" အမျိုးသမီးက စကားစပြောသည် ။ သူမ အရမ်းပင်ပန်းနေပုံရပြီး ခေါင်းအုံးပေါ်ကို မှီနေရတယ်။

"မနက်ဖြန်တွေ့မယ်။" သူ့ကျောပိုးအိတ်ကို ကောက်ယူပြီး ထွက်သွားသည် ။

တံခါးပိတ်လိုက်သောအခါ အတွင်းအပြင် တံခါးအတွင်းမှ လူ၏ အမူအရာ ပြောင်းလဲသွားသည်။ ချန်ကောသည် သူ ရှိနေသည့်နေရာတွင် ရပ်လိုက်ပြီး ပုလင်းတံဆိပ်မှ မှတ်မိသော အင်္ဂလိပ်ဝေါဟာရအချို့ကို သူ့ဖုန်းထဲသို့ ထည့်လိုက်သည်။

"ကျွန်တော ်မျှော်လင့်ထားသလိုပါပဲ၊ ဒီအမျိုးသမီးက အရမ်းသံသယဖြစ်စရာကောင်းတယ်။ သူ့အခန်းထဲက ဆေးပြားတွေက ကင်ဆာကုသမှုနဲ့ မသက်ဆိုင်ဘူး။ အများစုကတော့ ဒဏ်ရာပြန်လည်ကောင်းမွန်ဖို့နဲ့ ပိုးမွှားတွေကို တိုက်ဖျက်ဖို့ပဲ။"

ချန်ကောသည် ဖုန်းဟွာ တိုက်ခန်း သို့ အပြေးအလွှားသွားရန် တက္ကစီကို ခေါ်လိုက်သည်။ ချန်ကောက အဲဒီလမ်းမှာ စစ်ဆေးရေးမှူးလီကို ဖုန်းဆက်ပြီး ရှင်းခုန်းတိုက်ခန်း အကြောင်းကို ပြောပြခဲ့သည်။

*******-************








































































Chapter (205) -  သူမက ငါ့အမႀကီးပါ


"တံခါးကို ျမန္ျမန္ပိတ္လိုက္ပါ"

မိန္းမက လူေတြ သူမ မ်က္နွာကို ျမင္ျပီး ဘယ္ေလာက္ေၾကာက္စရာေကာင္းလဲ ဆိုတာ သိလိုက္သလိုနဲ႔ အခန္းထဲကို အျမန္ေျပးဝင္သြားေတာ့သည္။

"ေကာင္းပါၿပီ။"

ခ်န္ေကာက တံခါးကို လုံးလုံးမပိတ္ဘဲ နည္းနည္းေလး ဖြင့္ထားခဲ့တယ္။ အိမ္အတြင္းထဲကို မဝင္ခင္မွာ သူ႔ထြက္ေပါက္ခ်န္ထားဖို႕ ႀကိဳတင္ စဥ္းစားေနရသည္။  ခ်န္ေကာသည္ ဧည့္ခန္းအလယ္တြင္ ရပ္ကာ ပတ္ပတ္လည္ကို လွမ္းၾကည့္သည္။ အမ်ိဳးသမီးသည္ ကုတင္ေဘးတြင္ထိုင္ကာ သူမ၏ခႏၶာကိုယ္ကို ဖုံးအုပ္ရန္ ေစာင္ပါးပါးကို ဆြဲတင္လိုက္သည္။

"ရႈပ္ပြေနတာကို စိတ္ထဲ မထားပါနဲ႕၊ အဆင္ေျပသလို ထိုင္လိုက္ပါေနာ္  "

ထိုေနရာသည္ ရႈတ္ေထြးသည္ဟု မယူဆႏိုင္ေသာ္လည္း ေဆးပုလင္းမ်ားစြာျဖင့္ ျပည့္ေနျခင္းသာ။    ခ်န္ေကာသည္ က်ပန္း ေဆးပုလင္း တခုကို ေကာက္ယူလိုက္ၿပီး ထိ္ုပုလင္းတြင္ သူနားမလည္ႏိုင္ေသာ ေဝါဟာရမ်ားျဖင့္ တံဆိပ္တပ္ထားသည္။

"ကြ်န္မ ပစၥည္းကို မထိနဲ႔" ဟု အမ်ိဳးသမီးက ေျပာလိုက္သည္။ သူမ မေသခ်ာမေရရာေသာ မ်က္လုံးမ်ားျဖင့္ ခ်န္ေကာကို ၾကည့္လိုက္သည္။

 "မင္းရဲ႕ ေက်ာပိုးအိတ္ထဲမွာ ဘာရွိလဲ၊ မင္း အိမ္ၿခံေျမဝယ္ဖို႔ လာတာ မျဖစ္နိုင္ဘူး"

"အိတ္က ေဟာင္းေနေပမယ့္ ကြ်န္ေတာ့္ရဲ႕ အသက္ကယ္ဖို႕ လိုအပ္တာ အားလုံးက အဲဒီထဲမွာပဲ" ခ်န္ေကာက  ဆင္ေျခေပးလိုက္တယ္။

"ခင္ဗ်ားရဲ႕ တိုက္ခန္းရဲ႕ တည္ေနရာက သာယာတယ္၊ ဒါေပမယ့္ ေစ်းထပ္ ေလွ်ာ့ ေပးနိိုင္မလား။"

"တိုက္ခန္းက ႀကီးတယ္။ ကြ်န္မ ပိုက္ဆံလိုေနလို႔ မဟုတ္ရင္ အဲဒီေနရာကို ေရာင္းမွာ မဟုတ္ဘူး။"

ထိုအမ်ိဳးသမီး၏ အသားအေရသည္ သဘာဝအတိုင္းျဖဴစင္ေနၿပီး ခ်န္ေကာသည္ ထူးဆန္းေနသည္။

"စိတ္မရွိဘူးဆုိရင္ ခင္ဗ်ား တိုက္ခန္းကို အျမန္ေရာင္းရေအာင္ ခင္ဗ်ား  ဘယ္လိုေရာဂါေတြခံစားေနရလဲ"

ခ်န္ေကာသည္ တိုက္ခန္းဝယ္ရန္ ထိုေနရာကို လာခဲ့တာ မဟုတ္ေပ။ သူက ေနာက္ထပ္ အခ်က္အလက္ေတြ ရွာဖို႔ လာခဲ့တာ ျဖစ္သည္။

"ကင္ဆာ" အမ်ိဳးသမီးက သူ႔မ်က္ႏွာကို ၫႊန္ျပကာ ေျပာလိုက္သည္။ "ေရရွည္ ဓာတုကုထုံးက ဆံပင္နဲ႔ မ်က္ခုံးအားလုံးကို ဆုံးရႈံးသြားေစတယ္။"

"ေတာင္းပန္ပါတယ္။"   အဲ့ဒါက ယုတၱိရွိလို႔ ေျပာနိုင္တယ္။

"အခုေတာ့ တတ္ႏိုင္သေလာက္ ကြ်န္မ ေနာက္ထပ္ ရက္ေပါင္းမ်ားစြာ အသက္ရွင္ခ်င္တယ္၊ တျခား ဘာမွ မလိုအပ္ေတာ့ဘူး "

 ထိုအမ်ိဳးသမီးသည္ သူ႔အသက္ကို ရွည္ရွည္ ဆက္ေနနုိင္ဖို႕ ေဆးကုရန္ သူ႔အိမ္အား ေရာင္းခ်ခဲ့သည္။ ထိုစကားက အေပၚယံတြင္ ယုတၱိရွိသည္ဟု ထင္ရေသာ္လည္း  အေသးစိ္တ္ ေတြးႀကည့္လွ်င္  ဇာတ္လမ္းသည္ ခ်ိဳ႕ယြင္းခ်က္ရွိေနသည္။

"ေဈးေျပာရေအာင္။"

အမ်ိဳးသမီးသည္  ေျခတစ္လွမ္း ေနာက္ျပန္ဆုတ္သြားခဲ့သည္။ သူမ ေျပာေသာ ေစ်းႏႈန္းသည္ အလားတူတိုက္ခန္းတစ္ခန္းအတြက္ ေပါက္ေဈးထက္ သုံးဆယ္ရာခိုင္ႏႈန္းနိမ့္သည္။

 "မင္းသေဘာတူရင္ မနက္ျဖန္ ကြ်န္မတို႔ စာ႐ြက္စာတမ္းေတြမွာ လက္မွတ္ထိုးလို႔ရတယ္။"

"ဒါက ခင္ဗ်ားကို အခြင့္ေကာင္းယူခ်င္လို႔ မဟုတ္ဘူး၊ ဒါေပမယ့္ ေဈးက ေတာ္ေတာ္ႀကီးေနေသးတယ္။" ခ်န္ေကာသည္ လိမၼာပါးနပ္ေသာ အိမ္ဝယ္သူပမာ ဟန္ေဆာင္သည္။

"ဒီလိုေလွ်ာ့ေပးတာေတာင္ ေဈးႀကီးေနေသးလား"

"ခင္ဗ်ား ရဲ႕ အေျခအေနကို ကြ်န္ေတာ္ သနားမိေပမယ့္ ဒီကို မလာခင္မွာ ဟိုဟိုဒီဒီ ေမးၾကည့္ခဲ့ေသးတယ္။ ခင္ဗ်ား ေရာင္းတဲ့ ေနရာက လြန္ခဲ့တဲ့ ႏွစ္အေတာ္ၾကာကတည္းက သရဲေျခာက္ေနတယ္၊ အဲဒါေၾကာင့္ အခု အခ်ိန္အထိ မေရာင္းရေသးဘူး"

ခ်န္ေကာက သူ႔ေက်ာပိုးအိတ္ကို ပြတ္သပ္လိုက္သည္။

 "ကြၽန္ေတာ္က လူ အမ်ားစုထက္ အေႀကာက္လန္႕ကင္းတယ္ဆိုေပမယ့္ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ့္မွာ ေငြ အမ်ားႀကီးမရွိဘူး၊ ဒါေၾကာင့္မို႔လို႔ မင္းကို လွမ္းဆက္သြယ္ျပီး ေစ်းညွိဖို႕ လာခဲ့တာပါ"


အမ်ိဳးသမီးက သူမ အားနည္းခ်က္ကို တစ္ဖက္လူက သိသြားျပီျဖစ္လို႕ "ဒါဆို မင္းဘယ္ေလာက္ေပးမလဲ" လို႔ေမးလိုက္တယ္။

"ေဈးကြက္ေပါက္ေဈးရဲ႕  ဆယ္ပုံတစ္ပုံေလာက္ပဲ ေပးနိုင္တယ္၊"

"ဆယ္ပုံတစ္ပုံလား‽" အမ်ိဳးသမီးက ေလွာင္ေျပာင္လိုက္သည္။ "ဒါေတာင္ မင္းက ကြ်န္မကို အခြင့္ေကာင္းယူဖို႔ မႀကိဳးစားဘူးလို႔ ေျပာေနတာလား"

"ေနာက္ျပီးေတာ့ ၊ ဒီေနရာက သရဲေျခာက္တယ္။ ပိုက္ဆံမရွိရင္ ကြ်န္ေတာ္က သရဲေျခာက္တဲ့ တိုက္ခန္းကို ဝယ္မွာ မဟုတ္ဘူး။"

ခ်န္ေကာသည္ သူ႔ဇာတ္ေကာင္ကို လုံး၀ ပုံေဖာ္ထားသည္။ ထိုမိန္းမ၏ အေျခအေနကို သနားသလိုလို တုံ႔ဆိုင္းေနေသာ မ်က္လုံးမ်ား ေပၚလာသည္။

"ကြ်န္ေတာ္တို႔ႏွစ္ေယာက္လုံး ေနာက္နည္းနည္းဆီ ဆုတ္ေပးႀကရင္ေကာ....ခင္ဗ်ားရဲ႕ေဆးဖိုးေပးေခ်ဖို႔ ဒီအိမ္ကိုေရာင္းေနတာ ကြ်န္ေတာ္ သိတယ္၊ ဒါေၾကာင့္ မိသားစုနဲ႔ သူငယ္ခ်င္းေတြဆီက ေခ်းလို႔ရတယ္၊ ဒါေပမယ့္ ခင္ဗ်ား ေတာင္းတဲ့ေဈးက အရမ္းျမင့္ေနေသးတယ္။"

အခ်ိန္အေတာ္ၾကာေအာင္ ဝယ္သူကို လြတ္ေနသျဖင့္  အမ်ိဳးသမီးက ဖိအားေတြ ခံစားေနရတာ ျဖစ္ႏိုင္တယ္။

 "ဆယ္ပုံတစ္ပုံက နည္းလြန္းတယ္။ ကြၽန္မရဲ႕ အဓိကအခ်က္က ေပါက္ေဈးရဲ႕ ထက္ဝက္ပဲ ေလွ်ာ့ေပးနိုင္တယ္။ မင္းလိုခ်င္ရင္ မနက္ျဖန္ ေရွ႕ေနနဲ႕ စာ႐ြက္စာတန္းကို ေရးဆြဲေပးလို႔ရတယ္။ မင္း မလိုခ်င္ရင္ ထားခဲ့လိုက္ပါေတာ့။"

"တစ္ဝက္ေစ်းလား..." ခ်န္ေကာေတြးေနရင္း ေခါင္းညိမ့္လိုက္သည္။

"အဲဒီ ေကာလဟာလေတြကို နားမေထာင္နဲ႔။ အိမ္ငွားေတြ အရင္က ထိခိုက္ဒဏ္ရာရတာ မရွိဘူးဆိုေတာ့ သရဲက ဘယ္လိုျဖစ္ႏိုင္မွာလဲ"

အမ်ိဳးသမီးက ကုတင္ေပၚတြင္ လွဲေလ်ာင္းေနသည္။ ခ်န္ေကာ၏ အေတြးေတြ ေပ်ာ့ေျပာင္းလာသည္ကို    သူမ သတိျပဳမိေသာေၾကာင့္ ခ်န္ေကာကို စတင္ စည္း႐ုံးခဲ့သည္။

"ကြ်န္ေတာ့္ကို လိမ္ဖို႔မႀကိဳးစားနဲ႔။ ခင္ဗ်ားတိုက္ခန္းက လံုၿခဳံေရးအေစာင့္က ခင္ဗ်ား ရဲ႕အိမ္ထဲကို လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက အရိပ္အျဖဴတစ္ခုဝင္သြားတာကို ကိုယ္တိုင္ေတြ႕ခဲ့ရတယ္လို႔ ရဲေတြက အတည္ျပဳခဲ့တယ္။ အဲဒီညက ခင္ဗ်ားက အိမ္မွာမရွိဘူးဆိုေတာ့ သရဲရွိလို႕ ခင္ဗ်ားရဲ႕တုိက္ခန္းမွာ မေနႏိုင္ေတာ့ဘူးဆိုတာ သိသာတယ္။"

 ခ်န္ေကာသည္ အမ်ိဳးသမီး၏ စကားကို နင္းကာ သူသိခ်င္သည့္ အခ်က္အလက္ကို ေမးလိုက္သည္။

"ကြ်န္မ အိမ္မွာ ဘာအေၾကာင္းမွ မရွိဘူး"

 အမ်ိဳးသမီးက သက္ျပင္းခ်လိုက္တယ္။ သူမ၏ မ်က္လုံးထဲတြင္ လြန္ဆြဲေနဟန္တူသည္။  

 "တကယ္ေတာ့ မင္းကို ေၾကာက္တာ မဟုတ္ရင္ ကြ်န္မ အဲ့ဒီအေႀကာင္း ထုတ္ မေျပာျပခ်င္ဘူး။  ဒါေပမယ့္ ရွင္က စိုးရြံ႕တယ္ဆုိေတာ့ အဲ့ဒီအရိပ္က သရဲတေစၦမဟုတ္ဘူး"

"တေစၦမဟုတ္ဘူးလား?" ခ်န္ေကာရဲ႕ ႏွလုံးသားက ခုန္တက္လာတယ္။ ထိုအရာမ်ားသည္ သူထင္သည္ထက္ ေက်ာ္လြန္သြားႏိုင္သည္။

"ဟုတ္တယ္၊ အရိပ္ျဖဴက ကြ်န္မ အမႀကီးပါ။ သူက စိတ္က်န္းမာေရးေဆး႐ုံက ထြက္လာတဲ့ စိတ္ေဝဒနာရွင္ပါ။"

အမ်ိဳးသမီး၏ မ်က္ႏွာသည္ နာက်င္ေနဟန္ျဖင့္ကာ မိနစ္အေတာ္ၾကာေအာင္ ျပင္းထန္စြာ ေခ်ာင္းဆိုးေနခဲ့သည္။

 "အမႀကီး ငယ္ငယ္တုန္းက အမွားတစ္ခုခုလုပ္မိလို႔ သူ႔ေရာဂါကို သိလိုက္ရတယ္။ အဲဒီေနာက္ စိတ္က်န္းမာေရးေဆး႐ုံကို ပို႔ၿပီး လြန္ခဲ့တဲ့ ေလးငါးႏွစ္ေလာက္ကမွ ျပန္ထြက္လာတယ္။"

"တစ္ခုခုျဖစ္ေနၿပီလား။ တစ္ခုခု ဆိုးဝါးတာ ျဖစ္ခဲ့သလား"

အမ်ိဳးသမီး၏အမႀကီးသည္ လူနာနံပါတ္ 2 ၏ေဖာ္ျပခ်က္ႏွင့္ ကိုက္ညီေသာေၾကာင့္ ခ်န္ေကာက ပိုမိုအာ႐ုံစိုက္ခဲ့သည္။

"အဲဒါက  အေလးအနက္ထားရေလာက္တဲ့ အခ်က္ျဖစ္ၿပီး သူ႔အသက္ကိုေတာ္ ရန္ရွာခဲ့တယ္ " လို႔ အမ်ိဳးသမီးက သူ႔အမႀကီးအတြက္ ေျပာရင္း သက္ျပင္းခ်လိုက္သည္။

 "အမႀကီးရဲ႕ အေျခအေနက အရမ္းထူးျခားတယ္။ သူမသည္ အမ်ားျပည္သူကို အႏၲရာယ္ျဖစ္ေစႏိုင္ တာေၾကာင့္ သီးသန႔္ခြဲထားဖို႕ လိုအပ္တဲ့ လူနာတစ္ဦးျဖစ္တယ္။ သူမကို ရဲေတြက ေတြ႕ခဲ့ရင္၊ သူတို႔က သူမကို ကြၽန္မဆီကေန ဆြဲထုတ္ၿပီး စိတ္က်န္းမာေရးေဆး႐ုံမွာ ေသာ့ခတ္ထားလိမ့္မယ္"

"ဒါဆို ခင္ဗ်ား သူ႔ကို  အိမ္မွာ ခ်ဳပ္ထားတာလား"

"ဆယ္ႏွစ္ၾကာ ေဆးကုသမႈခံယူၿပီးတဲ့ ေနာက္မွာေတာ့ သူ႔အေျခအေနက ပိုေကာင္းလာပါတယ္"

သူမေျပာေသာစကားကို ယုံၾကည္သလို အမ်ိဳးသမီး၏ ေလသံေျပာင္းသြားသည္။

"လူတစ္ေယာက္ရဲ႕ဘ၀မွာ ဆယ္စုႏွစ္ ကို ဘယ္ေလာက္ခုေလာက္ ျဖတ္ေက်ာ္နုိင္မလဲ။ သူမဟာ ငယ္႐ြယ္စဥ္ဘ၀မွာ အရမ္းခံစားခဲ့ရၿပီး အခု ပုံမွန္ဘဝေလးမွာ ေနထိုင္ခြင့္ေပးတာက တရားမွ်တပါတယ္"

ခ်န္ေကာသည္ ထိုအမ်ိဳးသမီး၏ စကားေၾကာင့္ တစ္ခုခု မွားေနသလို ခံစားရသည္။

"ဒါဆို ခင္ဗ်ား အမႀကီးကို ခင္ဗ်ားရဲ႕ အိမ္ထဲမွာ ဝွက္ထားတယ္၊ ဒါေပမယ့္ တျခားအိမ္ငွားေတြက သရဲေျခာက္ဖို႔ ထြက္သြားမယ္လို႔ ခင္ဗ်ား မေမွ်ာ္လင့္ထားဘူးလား၊ အဲဒါ သရဲေျခာက္ျခင္းရဲ႕ ေနာက္ကြယ္က အမွန္တရားပဲ"

"ဟုတ္တယ္၊ သရဲေျခာက္တယ္ဆုိတာ သူတို႔ရဲ႕ စိတ္ကူးသက္သက္ပဲ"

"ဒါဆို ခင္ဗ်ား အမႀကီး ဘာျဖစ္သြားတာလဲ ။ ခင္ဗ်ားက ေရာဂါ ေဝဒနာေႀကာင့္ အရမ္းနာေနၿပီ၊ ခင္ဗ်ားကို လာမျပဳစုသင့္ဘူးလား"

"သူမ ဘယ္ကို ထြက္ေျပး ေပ်ာက္ကြယ္သြားလဲဆိုတာ ကြ်န္မလည္း  မသိလိုက္ဘူး။ အဲဒီေန႔ညကတည္းက သူမကို ျပန္မေတြ႕ရေတာ့ဘူး။"

 အမ်ိဳးသမီးက ကူကယ္ရာမဲ့ပုံေပါက္သည္။

 "သူမက ကြၽန္မရဲ႕ တစ္ဦးတည္းေသာ မိသားစုဝင္ပါ၊ ရံဖန္ရံခါမွာ ကြၽန္မက  ဖုန္းဟြာ တိုက္ခန္း ကို ျပန္သြားၿပီး သူမနဲ႕ ျပန္ေတြ႕ဖို႕  ေမွ်ာ္လင့္မိပါတယ္"

"ခင္ဗ်ား ရဲ႕ နာက်င္မႈကို ကြ်န္ေတာ္ နားလည္ပါတယ္။ အျခား ဘယ္သူမွ လာဝယ္ဖို႔ မလာဘူးဆိုရင္ ေက်းဇူးျပဳၿပီး ေနရာကို အရင္ သိမ္းထားေပးပါဦး။ မနက္ျဖန္  ကြ်န္ေတာ္ လိုအပ္တဲ့ စာရြက္စာတမ္းေတြ လုပ္ဖို႕ စီစဥ္လိုက္မယ္ " လို႔ ခ်န္ေကာက ႐ိုး႐ိုးသားသား ေျပာခဲ့ေပမယ့္ သူလုပ္ခဲ့တာကေတာ့ ထိုအမ်ိဳးသမီး စိတ္တည္ၿငိမ္ေအာင္ ႀကိဳးစားဖို႔ပဲ ျဖစ္တယ္။ မိန္းမထက္ အရင္။ သူ႔မွာ အျပင္းအထန္ စစ္ေဆးဖို႔ လိုတဲ့ တျခားအရာေတြ ရွိေနတယ္။

"ေကာင္းၿပီ ဒါဆို မနက္ျဖန္ေတြ႕မယ္" အမ်ိဳးသမီးက စကားစေျပာသည္ ။ သူမ အရမ္းပင္ပန္းေနပုံရၿပီး ေခါင္းအံုးေပၚကို မွီေနရတယ္။

"မနက္ျဖန္ေတြ႕မယ္။" သူ႔ေက်ာပိုးအိတ္ကို ေကာက္ယူၿပီး ထြက္သြားသည္ ။

တံခါးပိတ္လိုက္ေသာအခါ အတြင္းအျပင္ တံခါးအတြင္းမွ လူ၏ အမူအရာ ေျပာင္းလဲသြားသည္။ ခ်န္ေကာသည္ သူ ရွိေနသည့္ေနရာတြင္ ရပ္လိုက္ၿပီး ပုလင္းတံဆိပ္မွ မွတ္မိေသာ အဂၤလိပ္ေဝါဟာရအခ်ိဳ႕ကို သူ႔ဖုန္းထဲသို႔ ထည့္လိုက္သည္။

"ကြၽန္ေတာ ္ေမွ်ာ္လင့္ထားသလိုပါပဲ၊ ဒီအမ်ိဳးသမီးက အရမ္းသံသယျဖစ္စရာေကာင္းတယ္။ သူ႔အခန္းထဲက ေဆးျပားေတြက ကင္ဆာကုသမႈနဲ႔ မသက္ဆိုင္ဘူး။ အမ်ားစုကေတာ့ ဒဏ္ရာျပန္လည္ေကာင္းမြန္ဖို႔နဲ႔ ပိုးမႊားေတြကို တိုက္ဖ်က္ဖို႔ပဲ။"

ခ်န္ေကာသည္ ဖုန္းဟြာ တိုက္ခန္း သို႔ အေျပးအလႊားသြားရန္ တကၠစီကို ေခၚလိုက္သည္။ ခ်န္ေကာက အဲဒီလမ္းမွာ စစ္ေဆးေရးမႉးလီကို ဖုန္းဆက္ၿပီး ရွင္းခုန္းတိုက္ခန္း အေၾကာင္းကို ေျပာျပခဲ့သည္။

*******-************

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now