Chapter (36) - သရဲအိမ္ထဲက အႏၱရာယ္

1.3K 327 4
                                    

Chapter (36) – သရဲအိမ္ထဲက အႏၱရာယ္

ခဏေနေတာ့ အစ္ကိုဖန္းက အသက္႐ွဴၿပီး အိမ္သာဘက္ကိုညႊန္ျပကာ အားနည္းစြာေျပာလိုက္သည္။

"မွန္.."

ဒီစကားေလးက မ႐ိုးရွင္းေသာေၾကာင့္ Chen Ge အစ္ကိုဖန္းကို အိပ္ယာေပၚမွာထိုင္ေစၿပီး အိမ္သာထဲဝင္ၾကည့္လိုက္ေတာ့ မွန္က တစ္စစီကြဲေနၿပီး ၾကမ္းျပင္ေပၚက်ေနတာ ေတြ႕လိုက္ရသည္။ He San သတိလစ္ၿပီးကတည္းက သူက သရဲအိမ္ထဲကမွန္ေတြကို အဝတ္နဲ႔အုပ္ထားေပမယ့္ ဒီသရဲေျခာက္သည့္ ဆက္တင္ခန္းအသစ္ေပၚလာေတာ့ မွန္ပါ၊ မပါကို မစစ္မိဘဲ ဒီအုပ္စုကို သြင္းခဲ့သျဖင့္ ဒီကိစၥမွာ သူက အဓိကတာဝန္ရွိေနသည္။ ေဖ်ာ္ေျဖေရးလုပ္ငန္းတစ္ခုက အသက္အႏၱရာယ္ရွိတယ္လို႔ သတင္းျပန္႔သြားရင္ သူ႔စီးပြားေရး ပ်က္စီးသြားမယ္ဆိုတာ သိသျဖင့္ Chen Ge ဒီကိစၥကို ေသခ်ာသတိျပဳမိကာ ၾကမ္းျပင္ေပၚကမွန္ကြဲစေတြကို ေကာက္စုရင္း သူ႔ဘာသာေျပာလိုက္သည္။

"ဒီကိစၥကို တတ္ႏိုင္သေလာက္ ျမန္ျမန္ေျဖရွင္းဖို႔လိုေနၿပီ.."

လူေတြလိုပဲ သရဲမွာလည္း ေကာင္းတဲ့သရဲနဲ႔ မေကာင္းတဲ့သရဲဆိုၿပီး ရွိသည္။ မွန္ထဲကေကာင္က လွ်ိဳ႕ဝွက္ခ်က္အမ်ားႀကီး ဖံုးကြယ္ထားသည့္ မေကာင္းဆိုးဝါးဆိုတာ ေသခ်ာသည္။ He San သတိလစ္သြားေစတာနဲ႔ အစ္ကိုဖန္းျဖစ္တဲ့ကိစၥက Chen Ge ကို အမ်ားႀကီး ဖိစီးမႈျဖစ္လာေစသည္။

မွန္ေတြကို အဝတ္နဲ႔ဖံုးထားတာ ေျဖရွင္းနည္းမဟုတ္ေပ။ ဒီမွန္ထဲကေကာင္က သရဲအိမ္တိုးခ်ဲ႕မႈကို အဟန္႔အတားျဖစ္ေနသည္။ ဒီအိမ္သာထဲမွာ က်ိဳးပဲ့ေနေသာ မွန္ကလြဲၿပီး ဘာမွမရွိသျဖင့္ Chen Ge ဟိုသည္ၾကည့္ၿပီး ထြက္လာခဲ့သည္။ Chen Ge က အစ္ကိုဖန္းေဘးမွာ ဝင္ထိုင္ၿပီး ေမးလိုက္သည္။

"စိတ္မရွိရင္ အေစာကျဖစ္တာကို ေျပာျပပါလား.."

ခဏနားလိုက္ရလို႔ အစ္ကိုဖန္းက တည္ၿငိမ္လာေပမယ့္ မ်က္ႏွာက ျဖဴေဖ်ာ့ေနဆဲျဖစ္သည္။

"ကၽြန္ေတာ္ မရွင္းျပတတ္ေတာ့ဘူး.."

"စိတ္မပူပါနဲ႔.. မင္းမွတ္မိသေလာက္ပဲ ေျပာျပေပးပါလား.."

Chen Ge ၏ တိတ္တဆိတ္ေလ့လာခ်က္အရ အစ္ကိုဖန္းက He San ထက္ ပိုတည္ၿငိမ္ၿပီး စိတ္ပိုင္းဆိုင္ရာ ထိန္းခ်ဳပ္ႏိုင္စြမ္း ပိုျမင့္သည္။ သူက အစ္ကိုဖန္းတည္ၿငိမ္လာသည္အထိ ေစာင့္ေနလိုက္သည္။ အစ္ကိုဖန္းက အိပ္ယာေပၚ ႀကိဳးစားထထိုင္လိုက္ေပမယ့္ သူ႔မ်က္ဝန္းထဲ ေၾကာက္စိတ္တို႔ ေဝ့လည္ေနသည္။

"ခင္ဗ်ားရဲ့ဝန္ထမ္းက ကၽြန္ေတာ့္ကိုလိုက္ဖမ္းလို႔ ဒီအခန္းထဲဝင္ပုန္းခဲ့တယ္.. ပထမ ပံုမွန္ဆိုေပမယ့္ ေနာက္ေတာ့ ကၽြန္ေတာ့္နာမည္ေခၚသံကို ၾကားလိုက္ရတယ္.."

"တစ္ေယာက္ေယာက္က မင္းနာမည္ကို တကယ္ေခၚေနတာလား.."

"အဲ့လိုမဟုတ္ဘူး.. ဆင့္ေခၚခံေနရသလို ခံစားလိုက္ရတာ.."

အစ္ကိုဖန္းက ေခါင္းကုတ္ရင္းေျပာလိုက္သည္။

"အသံက ဒီအခန္းထဲကထြက္ေနတာျဖစ္လို႔ ဘယ္ကထြက္သလဲဆိုတာ ရွာေတြ႕ဖို႔ ၾကာသြားတယ္.."

သူ႔မ်က္ဝန္းထဲက ေၾကာက္စိတ္က ပိုနက္႐ိႈင္းလာခဲ့သည္။

"အသံက အိမ္သာထဲကမွန္ထဲကေန လာေနတာ.. အဲ့တာက တစ္ခုခုေျပာေနေပမယ့္ ကၽြန္ေတာ္ နားမလည္ဘူး.. ကၽြန္ေတာ္သိသေလာက္ေတာ့ ကၽြန္ေတာ္နဲ႔ တစ္ခုခုလုပ္ဖို႔ ဆိုလိုေနသလိုပဲ.."

"ၿပီးေတာ့ေရာ.."

Chen Ge က အစ္ကိုဖန္းႏႈတ္ကေျပာသမွ် တစ္လံုးမက်န္ မွတ္သားေနသည္။ မွန္ထဲက မေကာင္းဆိုးဝါးနဲ႔ ရင္ဆိုင္ရင္ အေထာက္အကူျဖစ္လာႏိုင္သည္။

"ၿပီးေတာ့ ကၽြန္ေတာ္က အိမ္သာထဲကမွန္ေရွ႕မွာ မတ္တပ္ရပ္ေနမိၿပီး မွန္ကိုေရႊ႕ဖို႔ ႀကိဳးစားေနမိတာ ေတြ႕လိုက္ရတယ္.. မွန္ကို လက္နဲ႔ထိလိုက္မိတာနဲ႔ ကၽြန္ေတာ့္နားထဲ အသံတစ္ခုၾကားလိုက္ရၿပီး အသိစိတ္က ေဝဝါးသြားတယ္.. မွန္ထဲက ကၽြန္ေတာ့္ပံုရိပ္က စၿပီးေျပာင္းလာတယ္လို႔ ျမင္လိုက္ရတယ္.."

သူက အိမ္သာထဲက မေကာင္းဆိုးဝါး ခုန္ထြက္လာမလိုမ်ိဳး ေၾကာက္လန္႔စြာ လွမ္းၾကည့္လိုက္သည္။

"မွန္ထဲကပံုရိပ္က ကၽြန္ေတာ့္ပံုမဟုတ္ဘူး.. ကၽြန္ေတာ္က ေၾကာက္တယ္ဆိုေပမယ့္ ေနာက္ျဖစ္မယ့္ဟာကို ေတြးမိတာနဲ႔ ကၽြန္ေတာ့္ေက်ာ႐ိုးတစ္ခုလံုး ေအးစိမ့္လာတဲ့အထိ ေၾကာက္လာမိတယ္.."

"ဘာျဖစ္ခဲ့လို႔လဲ.."

"မွန္ထဲကပံုရိပ္ကို ၾကည့္ေနခ်ိန္တုန္းက သိပ္မေၾကာက္ေသးဘူးဗ်.. အရာအားလံုးက ပံုမွန္မဟုတ္သလို ခံစားလာရ႐ံုပဲ.. ကၽြန္ေတာ္က မွန္ဘက္ကိုကိုင္းၿပီး မွန္ထဲမွာထင္ေနတဲ့ ကၽြန္ေတာ့္မ်က္ႏွာကို စိုက္ၾကည့္မိခ်ိန္ မွန္ထဲကပံုရိပ္လည္း ကိုင္းၿပီးၾကည့္လာတယ္.. ကၽြန္ေတာ့္ကိုစိုက္ၾကည့္ေနတဲ့ မ်က္ႏွာကိုၾကည့္ၿပီး တစ္ခုခု ကၽြန္ေတာ္နဲ႔မတူေတာ့သလို ခံစားလာရတယ္.. ဘယ္လိုေျပာျပရမယ္ မသိေတာ့ဘူး.. ၾကည့္ေနရင္း ဦးေႏွာက္ထဲကေန ကၽြန္ေတာ္မလုပ္ေပမယ့္ မွန္ထဲကအရိပ္က မွန္ကို လက္နဲ႔တြန္းေနတာကို ျမင္လိုက္ရတယ္.. တကယ္ေတာ့ အျပင္ကကၽြန္ေတာ္က မွန္ကိုမတြန္းဘူး.. ကၽြန္ေတာ့္ရင္ထဲမွာ ကၽြန္ေတာ္က တစ္ခုခုထဲ ပိတ္ေလွာင္ခံေနရသလို ခံစားလာရၿပီး ထြက္ဖို႔ႀကိဳးစားေနသလိုပဲ.."

ခက္ခဲတဲ့မစ္ရွင္ထဲက Chen Ge ျဖစ္တဲ့ပံုစံနဲ႔ အတူတူျဖစ္သည္။ Video Record ထဲမွာလည္း Chen Ge က မွန္ဘက္ကို ကိုယ္က တျဖည္းျဖည္းကိုင္းသြားခဲ့သည္။

"ဒါဆို မင္းက ဒီအေျခအေနကေန ဘယ္လို႐ုန္းထြက္လာႏိုင္တာလဲ.."

"မွန္ခ်ပ္ကိုပဲ ေက်းဇူးတင္ရမွာ.."

ဒီအေျဖေၾကာင့္ Chen Ge အံ့ၾသသြားခဲ့သည္။

"ဒီအခ်ိန္မွာ ကၽြန္ေတာ့္ကိုယ္က ထိန္းခ်ဳပ္ႏိုင္ဖို႔ ခက္ခဲလာၿပီ.. မွန္ထဲကေန ကၽြန္ေတာ့္ေဘးမွာ အ႐ုပ္မေလးတစ္ခု လဲေနတာ ေတြ႕လိုက္ရတယ္.."

"အ႐ုပ္မေလးလား.."

"ဟုတ္တယ္.. အျခားအခန္းမွာေတြ႕ခဲ့တဲ့ အ႐ုပ္ေလးလိုပဲ.. ခုအ႐ုပ္က လက္ဝါးျဖန္႔ထားသေလာက္ပဲရွိၿပီး ပါးသိုင္းေမႊးေတြပါတယ္.. ဒီအ႐ုပ္ ႐ုတ္တရက္ေရာက္လာေတာ့ ကၽြန္ေတာ့္ေခါင္းထဲ သတိေပးခ်က္လိုျဖစ္သြားၿပီး လန္႔သြားခဲ့တယ္.. ဒီမွာ ကၽြန္ေတာ့္စိတ္ထဲက ဒီေနရာက လြတ္ခ်င္တာပဲသိတယ္.. ဒါေပမယ့္ ကၽြန္ေတာ့္ခႏၶာကိုယ္က ေနရာကခြာဖို႔ ျငင္းဆန္ေနၿပီး စိတ္နဲ႔ခႏၶာကုိယ္က လြန္ဆြဲေနေတာ့တယ္.."

အစ္ကိုဖန္းက ေအးေဆးရွင္းျပေနေပမယ့္ ဘယ္ေလာက္အႏၱရာယ္ႀကီးတယ္ဆိုတာ Chen Ge ေတြးမိသည္။

"အဲ့ဒီအခ်ိန္ ဒုတိယထပ္က He San ရဲ့ေအာ္သံကို ၾကားလိုက္ရေတာ့ အခ်က္ေပးလိုက္သလိုျဖစ္ၿပီး က်ိန္စာျပယ္သြားေတာ့တယ္.."

အစ္ကိုဖန္းရဲ့မ်က္လံုးထဲက ေၾကာက္ရြံ႕မႈက ေလ်ာ့ပါးသြားခဲ့သည္။

"ကၽြန္ေတာ္လည္း ေၾကာက္ေၾကာက္နဲ႔ ေတြ႕တဲ့ခံုကို ေကာက္ကိုင္ၿပီး မွန္ဘက္ကိုယမ္းလိုက္မိတယ္.. ခင္ဗ်ားရဲ့သရဲအိမ္က ေၾကာက္စရာေကာင္းလိုက္တာ.. ဒီအရိပ္အေငြ႕က တကယ္ထူးဆန္းၿပီး ကၽြန္ေတာ္က ပန္းၿခံထဲကသရဲအိမ္မွာရွိေနတယ္ဆိုတာ လံုးဝသတိမရေတာ့ဘူး.."

အစ္ကိုဖန္းက ေျပာေနရင္း တစ္ခုကိုသတိရၿပီး ေတာင္းပန္ဟန္ၿပံဳးလိုက္သည္။

"ကၽြန္ေတာ္ေျပာတာေတြအားလံုးက အမွန္တရားေတြပါ.. ခ်ဲ႕ကားထားတာ မပါပါဘူး.. မွန္ဖိုး ကၽြန္ေတာ္ျပန္ေလ်ာ္ေပးပါ့မယ္.."

"ကိစၥမရွိပါဘူူး.. ေလ်ာ္စရာမလိုေတာ့ပါဘူး.. ခင္ဗ်ား အႏၱရာယ္ကင္းတာကိုပဲ ဝမ္းသာလွပါၿပီ.. ဒါနဲ႔ ခင္ဗ်ားေတြ႕ခဲ့တဲ့အ႐ုပ္က ဘယ္မွာလဲ.."

"ကၽြန္ေတာ္ လန္႔ၿပီး ကုတင္ေအာက္ကို ကန္လိုက္မိသလိုပဲ.. ဒါကလည္း ခင္ဗ်ားသံုးတဲ့ အကြက္ေလးလား.. ေတာင္းပန္ပါတယ္ဗ်ာ.."

Chen Ge က ကုတင္ေအာက္ ဖုန္္ေတာထဲကအ႐ုပ္ကို ဆြဲထုတ္ရင္း ေျပာလိုက္သည္။

"အ႐ုပ္က မင္းကိုကယ္ခဲ့လို႔ မင္း သူ႔ကို ေက်းဇူးတင္သင့္တယ္.."

"အ႐ုပ္က ကယ္ခဲ့တာလား.. ဒါဆိုလည္း ေက်းဇူးပါပဲ.. ဒါဆို အခု ကၽြန္ေတာ္ ဒီကထြက္လို႔ရၿပီလား.."

အစ္ကိုဖန္းက ေနာက္ေက်ာမလံုစြာ လွည့္ၾကည့္ရင္း ေျပာလိုက္သည္။ သူက သရဲအိမ္ကပစၥည္းေတြအားလံုး ထူးဆန္းေနတယ္လို႔ ခံစားေနရေပမယ့္ ပိုင္ရွင္ Chen Ge ကိုယ္တိုင္ သူ႔ကိုလာကယ္ေပးလို႔ အတင္းဖ်စ္ညစ္ၿပီး ေက်းဇူးတင္စကား ေျပာလိုက္ျခင္းျဖစ္သည္။

"တကယ္လို႔ မင္းႀကံဳေတြ႕ခဲ့သမွ်အားလံုးက သရဲအိမ္ထဲက တမင္ေျခာက္လွန္႔ေနတဲ့ ဆင္ကြက္ေတြမဟုတ္ဘဲ တကယ္ဆိုရင္ေကာ မင္း ယံုႏိုင္မလား.."

ေသြးစြန္းေနသည့္ ဆရာဝန္ဝတ္စံုကို ဝတ္ၿပီး လက္ထဲမွာ အ႐ုပ္ကိုကိုင္ရင္း Chen Ge က သိလိုစိတ္ႏွင့္ ေမးခြန္းေမးလိုက္သည္။

သနားစရာ အရပ္ 190 cm ရွည္တဲ့ အစ္ကိုဖန္းက ေကာင္မေလးလို အိပ္ယာေထာင့္မွာ ကုတ္ကုတ္ေလးေနၿပီး သူ႔ကို ကူကယ္ရာမဲ့ ျပန္ေမးလိုက္သည္။

"ကၽြန္ေတာ္ မသိဘူး.. ဒါ ယံုသင့္ မယံုသင့္ ခင္ဗ်ားေျပာေပေတာ့.."

==========================

Chapter (36) – သရဲအိမ်ထဲက အန္တရာယ်

ခဏနေတော့ အစ်ကိုဖန်းက အသက်ရှူပြီး အိမ်သာဘက်ကိုညွှန်ပြကာ အားနည်းစွာပြောလိုက်သည်။

"မှန်.."

ဒီစကားလေးက မရိုးရှင်းသောကြောင့် Chen Ge အစ်ကိုဖန်းကို အိပ်ယာပေါ်မှာထိုင်စေပြီး အိမ်သာထဲဝင်ကြည့်လိုက်တော့ မှန်က တစ်စစီကွဲနေပြီး ကြမ်းပြင်ပေါ်ကျနေတာ တွေ့လိုက်ရသည်။ He San သတိလစ်ပြီးကတည်းက သူက သရဲအိမ်ထဲကမှန်တွေကို အဝတ်နဲ့အုပ်ထားပေမယ့် ဒီသရဲခြောက်သည့် ဆက်တင်ခန်းအသစ်ပေါ်လာတော့ မှန်ပါ၊ မပါကို မစစ်မိဘဲ ဒီအုပ်စုကို သွင်းခဲ့သဖြင့် ဒီကိစ္စမှာ သူက အဓိကတာဝန်ရှိနေသည်။ ဖျော်ဖြေရေးလုပ်ငန်းတစ်ခုက အသက်အန္တရာယ်ရှိတယ်လို့ သတင်းပြန့်သွားရင် သူ့စီးပွားရေး ပျက်စီးသွားမယ်ဆိုတာ သိသဖြင့် Chen Ge ဒီကိစ္စကို သေချာသတိပြုမိကာ ကြမ်းပြင်ပေါ်ကမှန်ကွဲစတွေကို ကောက်စုရင်း သူ့ဘာသာပြောလိုက်သည်။

"ဒီကိစ္စကို တတ်နိုင်သလောက် မြန်မြန်ဖြေရှင်းဖို့လိုနေပြီ.."

လူတွေလိုပဲ သရဲမှာလည်း ကောင်းတဲ့သရဲနဲ့ မကောင်းတဲ့သရဲဆိုပြီး ရှိသည်။ မှန်ထဲကကောင်က လျှို့ဝှက်ချက်အများကြီး ဖုံးကွယ်ထားသည့် မကောင်းဆိုးဝါးဆိုတာ သေချာသည်။ He San သတိလစ်သွားစေတာနဲ့ အစ်ကိုဖန်းဖြစ်တဲ့ကိစ္စက Chen Ge ကို အများကြီး ဖိစီးမှုဖြစ်လာစေသည်။

မှန်တွေကို အဝတ်နဲ့ဖုံးထားတာ ဖြေရှင်းနည်းမဟုတ်ပေ။ ဒီမှန်ထဲကကောင်က သရဲအိမ်တိုးချဲ့မှုကို အဟန့်အတားဖြစ်နေသည်။ ဒီအိမ်သာထဲမှာ ကျိုးပဲ့နေသော မှန်ကလွဲပြီး ဘာမှမရှိသဖြင့် Chen Ge ဟိုသည်ကြည့်ပြီး ထွက်လာခဲ့သည်။ Chen Ge က အစ်ကိုဖန်းဘေးမှာ ဝင်ထိုင်ပြီး မေးလိုက်သည်။

"စိတ်မရှိရင် အစောကဖြစ်တာကို ပြောပြပါလား.."

ခဏနားလိုက်ရလို့ အစ်ကိုဖန်းက တည်ငြိမ်လာပေမယ့် မျက်နှာက ဖြူဖျော့နေဆဲဖြစ်သည်။

"ကျွန်တော် မရှင်းပြတတ်တော့ဘူး.."

"စိတ်မပူပါနဲ့.. မင်းမှတ်မိသလောက်ပဲ ပြောပြပေးပါလား.."

Chen Ge ၏ တိတ်တဆိတ်လေ့လာချက်အရ အစ်ကိုဖန်းက He San ထက် ပိုတည်ငြိမ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်စွမ်း ပိုမြင့်သည်။ သူက အစ်ကိုဖန်းတည်ငြိမ်လာသည်အထိ စောင့်နေလိုက်သည်။ အစ်ကိုဖန်းက အိပ်ယာပေါ် ကြိုးစားထထိုင်လိုက်ပေမယ့် သူ့မျက်ဝန်းထဲ ကြောက်စိတ်တို့ ဝေ့လည်နေသည်။

"ခင်ဗျားရဲ့ဝန်ထမ်းက ကျွန်တော့်ကိုလိုက်ဖမ်းလို့ ဒီအခန်းထဲဝင်ပုန်းခဲ့တယ်.. ပထမ ပုံမှန်ဆိုပေမယ့် နောက်တော့ ကျွန်တော့်နာမည်ခေါ်သံကို ကြားလိုက်ရတယ်.."

"တစ်ယောက်ယောက်က မင်းနာမည်ကို တကယ်ခေါ်နေတာလား.."

"အဲ့လိုမဟုတ်ဘူး.. ဆင့်ခေါ်ခံနေရသလို ခံစားလိုက်ရတာ.."

အစ်ကိုဖန်းက ခေါင်းကုတ်ရင်းပြောလိုက်သည်။

"အသံက ဒီအခန်းထဲကထွက်နေတာဖြစ်လို့ ဘယ်ကထွက်သလဲဆိုတာ ရှာတွေ့ဖို့ ကြာသွားတယ်.."

သူ့မျက်ဝန်းထဲက ကြောက်စိတ်က ပိုနက်ရှိုင်းလာခဲ့သည်။

"အသံက အိမ်သာထဲကမှန်ထဲကနေ လာနေတာ.. အဲ့တာက တစ်ခုခုပြောနေပေမယ့် ကျွန်တော် နားမလည်ဘူး.. ကျွန်တော်သိသလောက်တော့ ကျွန်တော်နဲ့ တစ်ခုခုလုပ်ဖို့ ဆိုလိုနေသလိုပဲ.."

"ပြီးတော့ရော.."

Chen Ge က အစ်ကိုဖန်းနှုတ်ကပြောသမျှ တစ်လုံးမကျန် မှတ်သားနေသည်။ မှန်ထဲက မကောင်းဆိုးဝါးနဲ့ ရင်ဆိုင်ရင် အထောက်အကူဖြစ်လာနိုင်သည်။

"ပြီးတော့ ကျွန်တော်က အိမ်သာထဲကမှန်ရှေ့မှာ မတ်တပ်ရပ်နေမိပြီး မှန်ကိုရွှေ့ဖို့ ကြိုးစားနေမိတာ တွေ့လိုက်ရတယ်.. မှန်ကို လက်နဲ့ထိလိုက်မိတာနဲ့ ကျွန်တော့်နားထဲ အသံတစ်ခုကြားလိုက်ရပြီး အသိစိတ်က ဝေဝါးသွားတယ်.. မှန်ထဲက ကျွန်တော့်ပုံရိပ်က စပြီးပြောင်းလာတယ်လို့ မြင်လိုက်ရတယ်.."

သူက အိမ်သာထဲက မကောင်းဆိုးဝါး ခုန်ထွက်လာမလိုမျိုး ကြောက်လန့်စွာ လှမ်းကြည့်လိုက်သည်။

"မှန်ထဲကပုံရိပ်က ကျွန်တော့်ပုံမဟုတ်ဘူး.. ကျွန်တော်က ကြောက်တယ်ဆိုပေမယ့် နောက်ဖြစ်မယ့်ဟာကို တွေးမိတာနဲ့ ကျွန်တော့်ကျောရိုးတစ်ခုလုံး အေးစိမ့်လာတဲ့အထိ ကြောက်လာမိတယ်.."

"ဘာဖြစ်ခဲ့လို့လဲ.."

"မှန်ထဲကပုံရိပ်ကို ကြည့်နေချိန်တုန်းက သိပ်မကြောက်သေးဘူးဗျ.. အရာအားလုံးက ပုံမှန်မဟုတ်သလို ခံစားလာရရုံပဲ.. ကျွန်တော်က မှန်ဘက်ကိုကိုင်းပြီး မှန်ထဲမှာထင်နေတဲ့ ကျွန်တော့်မျက်နှာကို စိုက်ကြည့်မိချိန် မှန်ထဲကပုံရိပ်လည်း ကိုင်းပြီးကြည့်လာတယ်.. ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ မျက်နှာကိုကြည့်ပြီး တစ်ခုခု ကျွန်တော်နဲ့မတူတော့သလို ခံစားလာရတယ်.. ဘယ်လိုပြောပြရမယ် မသိတော့ဘူး.. ကြည့်နေရင်း ဦးနှောက်ထဲကနေ ကျွန်တော်မလုပ်ပေမယ့် မှန်ထဲကအရိပ်က မှန်ကို လက်နဲ့တွန်းနေတာကို မြင်လိုက်ရတယ်.. တကယ်တော့ အပြင်ကကျွန်တော်က မှန်ကိုမတွန်းဘူး.. ကျွန်တော့်ရင်ထဲမှာ ကျွန်တော်က တစ်ခုခုထဲ ပိတ်လှောင်ခံနေရသလို ခံစားလာရပြီး ထွက်ဖို့ကြိုးစားနေသလိုပဲ.."

ခက်ခဲတဲ့မစ်ရှင်ထဲက Chen Ge ဖြစ်တဲ့ပုံစံနဲ့ အတူတူဖြစ်သည်။ Video Record ထဲမှာလည်း Chen Ge က မှန်ဘက်ကို ကိုယ်က တဖြည်းဖြည်းကိုင်းသွားခဲ့သည်။

"ဒါဆို မင်းက ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်လာနိုင်တာလဲ.."

"မှန်ချပ်ကိုပဲ ကျေးဇူးတင်ရမှာ.."

ဒီအဖြေကြောင့် Chen Ge အံ့သြသွားခဲ့သည်။

"ဒီအချိန်မှာ ကျွန်တော့်ကိုယ်က ထိန်းချုပ်နိုင်ဖို့ ခက်ခဲလာပြီ.. မှန်ထဲကနေ ကျွန်တော့်ဘေးမှာ အရုပ်မလေးတစ်ခု လဲနေတာ တွေ့လိုက်ရတယ်.."

"အရုပ်မလေးလား.."

"ဟုတ်တယ်.. အခြားအခန်းမှာတွေ့ခဲ့တဲ့ အရုပ်လေးလိုပဲ.. ခုအရုပ်က လက်ဝါးဖြန့်ထားသလောက်ပဲရှိပြီး ပါးသိုင်းမွှေးတွေပါတယ်.. ဒီအရုပ် ရုတ်တရက်ရောက်လာတော့ ကျွန်တော့်ခေါင်းထဲ သတိပေးချက်လိုဖြစ်သွားပြီး လန့်သွားခဲ့တယ်.. ဒီမှာ ကျွန်တော့်စိတ်ထဲက ဒီနေရာက လွတ်ချင်တာပဲသိတယ်.. ဒါပေမယ့် ကျွန်တော့်ခန္ဓာကိုယ်က နေရာကခွာဖို့ ငြင်းဆန်နေပြီး စိတ်နဲ့ခန္ဓာကိုယ်က လွန်ဆွဲနေတော့တယ်.."

အစ်ကိုဖန်းက အေးဆေးရှင်းပြနေပေမယ့် ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ Chen Ge တွေးမိသည်။

"အဲ့ဒီအချိန် ဒုတိယထပ်က He San ရဲ့အော်သံကို ကြားလိုက်ရတော့ အချက်ပေးလိုက်သလိုဖြစ်ပြီး ကျိန်စာပြယ်သွားတော့တယ်.."

အစ်ကိုဖန်းရဲ့မျက်လုံးထဲက ကြောက်ရွံ့မှုက လျော့ပါးသွားခဲ့သည်။

"ကျွန်တော်လည်း ကြောက်ကြောက်နဲ့ တွေ့တဲ့ခုံကို ကောက်ကိုင်ပြီး မှန်ဘက်ကိုယမ်းလိုက်မိတယ်.. ခင်ဗျားရဲ့သရဲအိမ်က ကြောက်စရာကောင်းလိုက်တာ.. ဒီအရိပ်အငွေ့က တကယ်ထူးဆန်းပြီး ကျွန်တော်က ပန်းခြံထဲကသရဲအိမ်မှာရှိနေတယ်ဆိုတာ လုံးဝသတိမရတော့ဘူး.."

အစ်ကိုဖန်းက ပြောနေရင်း တစ်ခုကိုသတိရပြီး တောင်းပန်ဟန်ပြုံးလိုက်သည်။

"ကျွန်တော်ပြောတာတွေအားလုံးက အမှန်တရားတွေပါ.. ချဲ့ကားထားတာ မပါပါဘူး.. မှန်ဖိုး ကျွန်တော်ပြန်လျော်ပေးပါ့မယ်.."

"ကိစ္စမရှိပါဘူူး.. လျော်စရာမလိုတော့ပါဘူး.. ခင်ဗျား အန္တရာယ်ကင်းတာကိုပဲ ဝမ်းသာလှပါပြီ.. ဒါနဲ့ ခင်ဗျားတွေ့ခဲ့တဲ့အရုပ်က ဘယ်မှာလဲ.."

"ကျွန်တော် လန့်ပြီး ကုတင်အောက်ကို ကန်လိုက်မိသလိုပဲ.. ဒါကလည်း ခင်ဗျားသုံးတဲ့ အကွက်လေးလား.. တောင်းပန်ပါတယ်ဗျာ.."

Chen Ge က ကုတင်အောက် ဖုန်တောထဲကအရုပ်ကို ဆွဲထုတ်ရင်း ပြောလိုက်သည်။

"အရုပ်က မင်းကိုကယ်ခဲ့လို့ မင်း သူ့ကို ကျေးဇူးတင်သင့်တယ်.."

"အရုပ်က ကယ်ခဲ့တာလား.. ဒါဆိုလည်း ကျေးဇူးပါပဲ.. ဒါဆို အခု ကျွန်တော် ဒီကထွက်လို့ရပြီလား.."

အစ်ကိုဖန်းက နောက်ကျောမလုံစွာ လှည့်ကြည့်ရင်း ပြောလိုက်သည်။ သူက သရဲအိမ်ကပစ္စည်းတွေအားလုံး ထူးဆန်းနေတယ်လို့ ခံစားနေရပေမယ့် ပိုင်ရှင် Chen Ge ကိုယ်တိုင် သူ့ကိုလာကယ်ပေးလို့ အတင်းဖျစ်ညစ်ပြီး ကျေးဇူးတင်စကား ပြောလိုက်ခြင်းဖြစ်သည်။

"တကယ်လို့ မင်းကြုံတွေ့ခဲ့သမျှအားလုံးက သရဲအိမ်ထဲက တမင်ခြောက်လှန့်နေတဲ့ ဆင်ကွက်တွေမဟုတ်ဘဲ တကယ်ဆိုရင်ကော မင်း ယုံနိုင်မလား.."

သွေးစွန်းနေသည့် ဆရာဝန်ဝတ်စုံကို ဝတ်ပြီး လက်ထဲမှာ အရုပ်ကိုကိုင်ရင်း Chen Ge က သိလိုစိတ်နှင့် မေးခွန်းမေးလိုက်သည်။

သနားစရာ အရပ် 190 cm ရှည်တဲ့ အစ်ကိုဖန်းက ကောင်မလေးလို အိပ်ယာထောင့်မှာ ကုတ်ကုတ်လေးနေပြီး သူ့ကို ကူကယ်ရာမဲ့ ပြန်မေးလိုက်သည်။

"ကျွန်တော် မသိဘူး.. ဒါ ယုံသင့် မယုံသင့် ခင်ဗျားပြောပေတော့.."

==========================


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now