Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး

498 104 3
                                    

Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး


ဒုံးပျံတစ်စင်း လို ချန်ကောရဲ့ ထုတ်လွှင့်မှု ရေပန်းစားလာခြင်းဆိုတာ ချန်ကော မထင်မှတ်ထားသော အရာတစ်ခုဖြစ်သည်။

ငါ ချင်ကွမ်း ကိုသတိပေးထားပြီးသားဖြစ်ပေမယ့် သူ နားမထောင်တဲ့အတွက် အပြစ်လာ မတင်နဲ့တော့။ ကျေးဇူးတင်စရာကောင်းတာက မုယန် အထက်တန်းကျောင်းက အန္တရာယ်သိပ်မရှိဘူး၊ အဲဒီမှာ သရဲတစ္ဆေတွေက သိပ်စွမ်းအား မကြီးတဲ့အတွက် သူ အဆင်ပြေလောက်ပါတယ်။

ချန်ကော က ကြင်နာတတ်တဲ့သူတစ်ယောက်လို့ ခံစားမိနေတုန်းပါပဲ။ သူ မြန်မြန်ပြန်ကောင်း လာလိမ့်မယ်လို့ မျှော်လင့်ထားပြီး တခြားသူတွေက သူ တင်ဆက်တဲ့ အကြောင်းအရာတွေကို ထပ်မခိုးခင် နောက်ပိုင်းမှာ နှစ်ကြိမ်လောက် ပြန် စဉ်းစားလိမ့်မယ်ဆိုတာ သိလိုက်တယ်။

ချန်ကော သည် ဒီထုတ်လွှင့်မှုကနေဆင့် သူ့သရဲအိမ်ကို လူပိုသိပြီး လူပိုဝင်လာအောင် ကြော်ငြာရန်အတွက် ဒီအခွင့်အရေးကို အသုံးပြုခဲ့သည်။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူ အများအပြားသည် အနောက်ပိုင်း ကျိုကျန်းမြို့ရဲ့ ခြောက်ခြားဖွယ် သရဲအိမ် ဆိုတဲ့ အမည်ကို မှတ်မိကြလိမ့်မည်ဟု သူ ယုံကြည်သည်။ လူကြိုက်များမှုသည်ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ ပိုင်မုန့် နဲ့ တူသည်။ မကြာမီကာလအတွင်းတွင် သူ့ကို လာရောက်ကြည့်ရှု အားပေးမည့် ပရိသတ်များ အဆက်မပြတ် ထပ်မံ ထွက်ပေါ်လာလောက်တယ်။

"ချန်ကော ငါ မင်းကို စာချုပ်အသစ်ရေးဆွဲဖို့ ပြောရအုံးမယ်။ ပြီးတော့ ငါ မေးစရာတစ်ခုရှိတယ်။"

လျှို့တောက် က ဖုန်းမချလိုက်ဘူး။ သူလည်း ဖိအားတွေ အများကြီး ခံနေရတယ်။

"မင်း ဒီတိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို စီစဉ်ပြီးမှ လုပ်ထားတယ် မဟုတ်လား။ ဆက်တင်တစ်ခုလုံးကို မင်းရဲ့ သရဲအိမ်မှာ ရှိတဲ့ ဝန်ထမ်း အဖွဲ့က ထိန်းချုပ်ပြီး လုပ်ဆောင်နေတာလား။"

လျှို့တောက် သည် အခု တင်ဆက်မှုမှာ တွဲဖက်ဖြစ်ပေမယ့် ချန်ကော အကြောင်း သိပ်မသိပါ။ ချန်ကော သည် သရဲခြောက်သော အိမ်ပိုင်ဆိုင်ကြောင်း သူ သိသည်၊ ထို့ကြောင့် သူဌေးလေးသည် ပရော်ဖက်ရှင်နယ် သရုပ်ဆောင်များကို သိပြီး ကြောက်စရာ အကောင်းဆုံး အတွေ့ အကြုံကို ဒီဇိုင်းထုတ်နိုင်စွမ်းရှိသည်မှာ အဆန်းမဟုတ်ပေ။ ဂမ္ဘီရပညာကို မယုံကြည်သူ အတွက်၊ သဘာဝလွန်ဖြစ်ရပ်များကို တွေ့ကြုံရသောအခါတွင် အခြေအနေကို ယုတ္တိဗေဒဖြင့် ရှင်းပြရမည်ဖြစ်ပါသည်။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now