Chapter (2) - ထူးဆန်းသော နေ့စဉ်မစ်ရှင်များ

2.2K 405 4
                                    

Chapter (2) – ထူးဆန်းသော နေ့စဉ်မစ်ရှင်များ

သရဲအိမ်ပုံပါသည့် game သည် အခြားသောလက်ကိုင်ဖုန်းထဲက game application ကဲ့သို့ ကစားရပြီး ဟိုတယ်၊ မွေးမြူရေးခြံ၊ တိရိစ္ဆာန်ရောင်းသည့် ဆိုင်လေးကဲ့သို့ပင် သရဲအိမ်တစ်လုံးကို စီမံခန့်ခွဲရခြင်းဖြစ်သည်။

Chen Ge ၏ခေါင်းထဲတွင် ပျောက်ဆုံးသွားသည့် မိဘနှစ်ပါးက ဒီဖုန်းထဲမှာ ဘာကြောင့် ဒီ application ကို ထည့်သွင်းထားသလဲဆိုသည့် မေးခွန်းတစ်ခုသာရှိနေသည်။

ဒီ application ရဲ့ screen မှာပေါ်နေသည့် အချက်အလက်အားလုံးက လက်ရှိအပြင်ဘက်က သူ့သရဲအိမ်အခြေအနေနဲ့ တူနေပြီး နေ့စဉ်လာသည့် ဧည့်သည်အရေအတွက်ကအစ တစ်ထပ်တည်းတူနေသည်။ ဒါကြောင့် ဒီသရဲအိမ် game ကစားရတာနဲ့ သူ့အပြင်ဘက်က စီမံခန့်ခွဲနေရတဲ့ သရဲအိမ်နဲ့ တူနေတယ်ဆိုတာကို ထူးထူးခြားခြား ခံစားလိုက်ရသည်။ ဒီနှစ်ခုစလုံးက လုပ်ငန်းပိတ်သိမ်းလုဆဲဆဲ အခြေအနေကို ရင်ဆိုင်နေရပြီး အဖြစ်အပျက်များကလည်း တူညီနေသည်။

"ဒီဟာက ငါ့ရဲ့လက်တွေ့အခြေအနေပေါ် အခြေခံတည်ဆောက်ထားတာ ဖြစ်နိုင်မလား.. တကယ်လို့ game ထဲကအခြေအနေကို ဖြေရှင်းနိုင်ရင် လက်တွေ့လောကမှာလည်း ဒီလိုလိုက်ပြီး ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်လား.."

Chen Ge က တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

Chen Ge က ဆက်ဖတ်လိုက်သည်။ လက်ရှိကစားရမည့် 'သက်ရှိတို့သေဆုံးသည့်ည' ဇာတ်လမ်းက ဆိုးဆိုးဝါးဝါး ဝေဖန်ထားခြင်းခံနေရသည်။ ဒီဇာတ်လမ်းကို စာရွက်ပေါ်မှာ စနစ်တကျ ပြန်စီစဉ်ရေးသားနိုင်လျှင် 0.5 star ရရှိနိုင်သည်။

"ဒီဟာတောင် 0.5 star ပဲရတယ်ဆိုရင် တခြားအခန်းတွေ ပွင့်အောင်လုပ်ဖို့ ဘယ်လောက် ကြောက်စရာကောင်းမလဲတောင် မသိတော့ဘူး.."

သူက option ဆိုတဲ့ခလုတ်ကို နှိပ်လိုက်တော့ စာမျက်နှာသစ်တစ်ခုကျလာပြီး သော့ခတ်ထားသည့်အခန်းများ ပွင့်လာဖို့ သူက Daily Mission တွေ ပြီးအောင်ဆောင်ရွက်ရမည်ဟု ရေးထားသည်။

"ကြည့်ရတာ Daily Mission တွေက အဓိကပဲထင်တယ်.. ဒီနေ့စဉ်အလုပ်တွေပြီးရင် သော့ခတ်ထားတဲ့ ကစားရမယ့်အခန်းတွေ ပွင့်လာမယ်.. ဒီအခန်းတွေ ကစားနိုင်ရင် ဧည့်သည်တွေကို ပိုဆွဲဆောင်နိုင်ပြီး ငါ့ရဲ့သရဲအိမ်ကို အဆင့်ပိုမြှင့်တင်နိုင်မယ်.."

Chen Ge က mobile game ကစားတာ ဝါသနာပါသူဖြစ်သောကြောင့် သူက game ထဲကစည်းကမ်းတွေကို မကြာခင်သိသွားသည်။ daily mission ပြီးစီးသည့်နှုန်းက သရဲအိမ် အဆင့်မြှင့်နိုင်သည့်အပေါ် သက်ရောက်မှုရှိသည်ကို သိသွားသည်။

Daily Mission ကိုနှိပ်လိုက်တော့ ရွေးစရာ၃ခု ပေါ်လာသည်။

လွယ်ကူသည့်မစ်ရှင် - သရဲအိမ်တစ်လုံးအတွက် Design ကောင်းဖြစ်စေရန် ပုံပြင်၊ အခြေအနေနဲ့ ခံစားချက် ၃ခုရှိသည်။ နောက်ခံဇာတ်ကြောင်းပုံပြင်မရှိသော သရဲအိမ်သည် ဝိညာဉ်မရှိသောသရဲအိမ်နှင့် တူသည်။ ဒါကြောင့် 'အသက်ရှိသူများသေဆုံးသည့်ည' နှင့် 'ဝိညာဉ်လက်ထပ်ပွဲ' အတွက် နောက်ခံဇာတ်ကြောင်းကို ပြည့်စုံအောင် ရေးသားပေးပါ။

ပုံမှန်မစ်ရှင် - ညသန်းခေါင်ယံမတိုင်ခင် သရဲအိမ်ထဲမှ ခြောက်လှန့်သည့်အရုပ်များ၏ အပျက်အစီးများကို ပြီးစီးအောင်ပြင်ဆင်ပါ။

ကြောက်စရာမစ်ရှင် - ဒီကမ္ဘာပေါ်မှာ သရဲရှိတယ်ဆိုတာ မင်း လုံးလုံးမယုံကြည်သေးဘူးဆိုတာ ငါသိတယ်။ ဒီ game သေးသေးလေးကို ကစားကြည့်ရင် ဘယ်လိုလဲ..? မင်း မျက်လုံးဖွင့်လိုက်ချိန်မှာ အမှန်တရားကို မင်းသိလာလိမ့်မယ်။

Daily Mission များကို သန်းခေါင်ယံရောက်တိုင်း အသစ်အသစ်များ ထပ်ပေးလိမ့်မည်။ ကစားသမားက တစ်နေ့ကို mission တစ်ခုပြီးအောင် ဆောင်ရွက်ရမည်။ mission ခက်ခဲမှုပေါ်မူတည်ပြီး ဆုလာဘ်ရရှိမည်။

(သတိ - mission ပိုခက်လေ အန္တရာယ်ရှိလေဖြစ်သောကြောင့် သတိနှင့်ရွေးချယ်ပါ။)

Chen Ge က Mission ထဲက အသေးစိတ်အချက်အလက်ကို ဖတ်ပြီး အံ့အားသင့်စွာ သက်ပြင်းရှိုက်လိုက်သည်။

"ဒီ Game ထဲက Mission က တကယ့်လက်တွေ့ဘဝထဲက အလုပ်ကို ပြီးအောင်လုပ်ရတာတွေပဲ.. ဒါဆို ဒီ game က လက်တွေ့ဘဝကို သက်ရောက်တယ်ဆိုတဲ့ သက်သေတွေပဲမဟုတ်လား.."

ဒီအချက်ကို လက်တွေ့စမ်းသပ်ဖို့ သူ Mission တစ်ခုကို ရွေးချယ်ဖို့ဆုံးဖြတ်လိုက်သည်။ ဆုကြီးကြီးရဖို့ သူ ခက်ခဲတဲ့ Mission ကိုရွေးချယ်ချင်ပေမယ့် သတိပေးစာတမ်းကြောင့် Chen Ge က စိတ်ပူသွားသည်။

"ဒီဟာတွေက ရွေးရခက်တယ်.. အန္တရာယ်များတဲ့ Mission က ပြောထားတာက ရှင်းရှင်းလင်းလင်းမရှိဘူး.. ဒါက ထောင်ချောက်တစ်ခုဖြစ်နိုင်တယ်.. ငါ ပုံမှန်မစ်ရှင်ကို ရွေးလိုက်မှပဲ.. ဒီသရဲအိမ်ထဲက ပျက်နေတဲ့အရုပ်တွေကို လိုက်ပြင်တာ မဖြစ်နိုင်တဲ့ကိစ္စမှ မဟုတ်တာ.."

Chen Ge က သွက်လက်တဲ့လူဖြစ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ချက်ချင်းပဲ အကောင်အထည်ဖော်တော့သည်။ သူက ပစ္စည်းကိရိယာထည့်ထားတဲ့ Tool box နဲ့ သွေးတုအိတ်ကိုကောက်ယူပြီး သရဲအိမ်ထဲကအရုပ်တွေကို စတင်ပြီး ပြင်ဆင်တော့သည်။ ညမိုးချုပ်လာခဲ့လေပြီ။ မီတာခချွေတာဖို့ Chen Ge က ကော်ရစ်တာတလျှောက်က မီးသီးတွေကိုတောင် ပိတ်ထားသဖြင့် Chen Ge က ချိုင်းကြားထဲ ဓာတ်မီးကိုညှပ်ပြီး သရဲအိမ်ကြီးတစ်ခုလုံးက အရုပ်တွေကို အာရုံစိုက်ပြီး ပြင်ဆင်နေတော့သည်။ တကယ်လို့များ အပြင်လူတွေကသာ ဒီမြင်ကွင်းကိုတွေ့ရင် သူခိုးထင်ပြီး ရဲကိုလှမ်းခေါ်လိုက်မှာ သေချာသည်။

"ငါ့သရဲအိမ်ထဲကအရုပ်တွေ ဒီလောက်ပြင်ဖို့လိုတယ်ဆိုတာ ငါမသိခဲ့ဘူး.. ငါ အစောကြီးကတည်းက ပေါ့ပေါ့ဆဆ မနေသင့်ခဲ့ဘူး.."

ည 11:45 မိနစ်ရောက်တော့ သူ့ဖုန်းထဲကနေ Mission ပြီးမြောက်ကြောင်း အသံမြည်လာခဲ့သည်။

"မင်းက ပုံမှန်မစ်ရှင်ကို ပြီးဆုံးသွားပြီဖြစ်တယ်.. အသေးစိတ်အာရုံစိုက်ခြင်းသည် ပြည့်စုံသော ကြောက်စရာပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေသည်.. ဂုဏ်ယူပါတယ်.. မင်းအတွက် သရဲအိမ်နောက်ခံတီးလုံး 'Black Friday' တေးဂီတကို ဆုလာဘ်အဖြစ် ရရှိပါတယ်.."

"နေဦး.. ဒီတီးလုံးက နိုင်ငံခြားတိုင်းပြည်တွေမှာ တားမြစ်ပိတ်ပင်ခံထားရတဲ့ဟာ မဟုတ်လား.. ကောလာဟလသတင်းတွေအရ ဒီသီချင်းကိုနားထောင်တဲ့လူတိုင်း သတ်သေကုန်ကြတယ်တဲ့.. မူရင်းခွေပျောက်ဆုံးတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမဟုတ်လား.."

Chen Ge က သူ့ဖုန်းထဲက စတိုခန်းထဲမှာ CD တစ်ချပ်ကို တွေ့လိုက်သည်။

"ဒါ ဘယ်လိုဆုလာဘ်လဲ.. ငါ့ကို နောက်ပြောင်နေတာများလား.."

သူက ဒီ CD ပုံကို တစ်ချက်နှိပ်လိုက်ပြီး သူ့နားနားကပ် နားထောင်လိုက်တော့ သီချင်းသံတစ်ခုကို ကြားလိုက်ရသည်။ ဒီဂီတသံစဉ်က မှောင်မိုက်နေပြီး အထီးကျန်ခြင်းကို ခံစားလိုက်ရသည်။ Chen Ge က သူ့ဘေးနားပတ်ဝန်းကျင်တစ်ခုလုံး ပြိုလဲသွားပြီး အဆုံးမရှိအောင် ရှည်လျားသည့် ကော်ရစ်တာတစ်ခုကိုပဲ မြင်ယောင်မိလာသည်။ ဒီတီးလုံးဆုံးသွားတော့ Chen Ge တစ်ကိုယ်လုံး ချွေးစေးတွေပြန်လာသည်။ ကံကောင်းထောက်မပြီး ဒီသီချင်းကို ထပ်တလဲလဲဖွင့်ဖို့ repeat ခလုတ် နှိပ်မထားမိလို့သာပေါ့။ မဟုတ်ရင် သူ ဒီတေးသီချင်းရဲ့လွှမ်းမိုးမှုအောက်ကနေ ဘယ်လိုမှ ရုန်းထွက်နိုင်မှာမဟုတ်ပေ။

"Fuck.. ဒါ တကယ်ကြီးပဲ.. ဒီဟာ မူရင်းသီချင်း ဖြစ်နိုင်တယ်.."

ဒီ game ထဲက Mission ပြီးဆုံးတော့ သူက လက်တွေ့လောကမှာ သုံးလို့ရသည့်ဆုလာဘ်ကို ရရှိလိုက်သည်။ ဒီအချက်က Chen Ge ကို မျှော်လင့်ချက်ရောင်ခြည် သမ်းလာစေသည်။ သူက ဒီသီချင်းကိုရပ်လိုက်ပြီး သေသေချာချာ သိမ်းလိုက်သည်။ ဒီဟာတွေကိုလုပ်ပြီးတော့ သူ အနားယူဖို့ အခန်းလေးထဲ ပြန်လာခဲ့သည်။

အိပ်ယာထက်မှာ လဲလျောင်းနေရင်း သူက ပင်ပန်းပေမယ့် အိပ်မပျော်နိုင်ဖြစ်နေသည်။ ဒီနေ့ သူကြုံတွေ့လိုက်သမျှကို သေချာနားလည်ဖို့ အချိန်ခဏတော့ လိုအပ်နေသည်။

သတိမထားမိလိုက်ခင်မှာ ညသန်းခေါင်ကျော်သွားခဲ့သည်။ Chen Ge က ရည်ရွယ်ချက်မဲ့ မျက်နှာကျက်ကို ငေးကြည့်နေမိသည်။

"အိပ်လို့လည်း မရဘူး.."

ပျင်းရိငြီးငွေ့နေတဲ့ကောင်လေးက သူ့အိတ်ထဲကဖုန်းကို ဆွဲထုတ်လိုက်သည်။

"သန်းခေါင်ကျော်သွားပြီဆိုတော့ Daily Mission အသစ်တွေ ထပ်ပေါ်လာရောပေါ့.."

သူ application ကိုဖွင့်လိုက်တော့ Daily Mission အသစ်တွေ မျှော်လင့်ထားသလို ပေါ်နေသည်။

လွယ်ကူတဲ့မစ်ရှင် - တကယ်လို့ မင်းက ဧည့်သည်တွေကို ခြောက်လှန့်တဲ့ခံစားချက်ကို ပေးချင်တယ်ဆိုရင် သူတို့သရဲအိမ်ထဲမှာ တွေ့ကြုံခံစားရတာတွေရဲ့ စည်းချက်နဲ့ အလျင်နှုန်းကို သတိပြုမိဖို့လိုအပ်သည်။ သိပ်ကြောက်စရာမကောင်းတဲ့ ပြကွက်ကို ပြုလုပ်ထားလျှင် ဧည့်သည်များ၏ စိတ်ဝင်စားမှုကို လျော့နည်းစေလိမ့်မည်။ ဒါကြောင့် ဧည့်သည်တွေရဲ့ ကြောက်လန့်မှုအခြေအနေကို စောင့်ကြည့်ဖို့ အသံဖမ်းစက်နဲ့ စောင့်ကြည့်ကင်မရာကို တပ်ဆင်သင့်သည်။

ပုံမှန်မစ်ရှင် - လက်တစ်ဖက်တည်းနဲ့ လက်ခုပ်မတီးနိုင်၊ ကောင်းမွန်တဲ့ သရဲအိမ်တစ်လုံးဖြစ်လာဖို့ အဖွဲ့လိုက်လုပ်ဆောင်ဖို့ လိုအပ်သည်။ မင်းရဲ့ခရီးလမ်းမှာ အထောက်အကူဖြစ်ရန် ပါရမီပါသောဝန်ထမ်းများ ခန့်ထားပါ။

အန္တရာယ်ရှိသောမစ်ရှင် - ဒီကမ္ဘာပေါ်မှာ သရဲရှိတယ်ဆိုတာ မင်း လုံးလုံးမယုံကြည်သေးဘူးဆိုတာ ငါသိတယ်။ ဒီ game သေးသေးလေးကို ကစားကြည့်ရင် ဘယ်လိုလဲ..? မင်း မျက်လုံးဖွင့်လိုက်ချိန်မှာ အမှန်တရားကို မင်းသိလာလိမ့်မယ်။

Daily Mission များက သန်းခေါင်ယံတိုင်းတွင် အသစ်ပြောင်းလဲသွားမည်။ သင်က တစ်ရက်လျှင် Daily Mission တစ်ခုသာ လုပ်ဆောင်နိုင်သည်။ Mission ခက်ခဲမှုပေါ်မူတည်ပြီး ဆုလာဘ်ကို သတ်မှတ်ထားသည်။

(သတိ - mission က ပိုခက်ခဲလေ အန္တရာယ်ပိုများလေ ဖြစ်သောကြောင့် သေချာရွေးချယ်ပါ။)

Chen Ge ရဲ့ Plan ထဲမှာ Mission အသစ် ၃ခုပေါ်နေသည်။ လွယ်ကူတဲ့မစ်ရှင်က ဒီသရဲအိမ်ထဲ ပစ္စည်းကိရိယာတချို့ ထပ်တပ်ခိုင်းတာဖြစ်ပြီး ဒါက ငွေကုန်ကြေးကျများနိုင်သည်။ ဒီဟာက လောလောဆယ် သူ့ဘက်ဂျက်အရ ဆောင်ရွက်လို့မရသေးပေ။

ပုံမှန်မစ်ရှင်က Chen Ge အတွက် ပိုလို့တောင် မလွယ်ကူပေ။ သူ့ရဲ့ဝန်ထမ်းဟောင်းနှစ်ဦးက လတ်တလောမှ နှုတ်ထွက်ထားပြီးဖြစ်သည်။ တကယ်လို့ ဝန်ထမ်းသစ်ကို ထပ်ခန့်ထားနိုင်ရင်တောင်မှ သူ့သရဲအိမ်ထဲ ဝင်ကူပေးနိုင်ဖို့ ရက်အတော်ကြာ လေ့ကျင့်ပေးရဦးမည်ဖြစ်သည်။

လွယ်ကူတာနဲ့ ပုံမှန်မစ်ရှင်တွေက မဖြစ်နိုင်တော့မှတော့ Chen Ge မျက်လုံးတွေက ကျန်တစ်ခုဆီကို ရောက်သွားသည်။

"မစ်ရှင်က ပိုခက်လေ ဆုကပိုကောင်းလေပဲ.. ငါ ခက်တဲ့ဟာကို စမ်းကြည့်သင့်လား.."

========================

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now