Chapter (6) _ လူသေတစ်ယောက်ရဲ့ အလှတရား

1.7K 402 11
                                    

Chapter (6) _ လူသေတစ်ယောက်ရဲ့ အလှတရား


လက်ရှိ Chen Ge၏ သရဲအိမ်တွင် ခြောက်လှန့်စရာ  'သက်ရှိများ သေဆုံးသောည'နှင့် 'တစ္ဆေသတို့သမီး' အခန်းသစ်နှစ်ခန်း တိုးလာပြီဖြစ်သည်။

'သက်ရှိများသေဆုံးသောည'အခန်းက ဖုန်းအမဲရောင်ထဲကသ အဆိုအရဆိုရင် အတော်လေးကို ဝေဖန်တာကို ခံထားရသည်။ သူ သေချာစဉ်းစားကြည့်တော့ ဒီဇာတ်လမ်းက အားနည်းချက် အတော်လေးပါနေတဲ့အပြင် ဒီအခန်းကို ပြည့်စုံအောင်လုပ်ဖို့ ဝန်ထမ်းနောက်ထပ် 3 ယောက်လောက်လိုနေသည်ကို တွေ့ရသည်။

"Xiao Wan ဒီနေ့  ငါတို့ရဲ့အဓိက ပြကွက်က "တစ္ဆေသတို့သမီး"ပဲ။ ငါခဏနေရင် နောက်ခံတီးလုံးစဖွင့်လိုက်မယ်။ မင်း အလုပ်စပြီဆိုတာနဲ့ နားကြပ်တပ်ထားဖို့မမေ့နဲ့။ ဒါနဲ့ ဒီနေ့ မင်းကို ငါကိုယ်တိုင် မိတ်ကပ်လိမ်းပေးမယ် "

"ဘော့စ်က မိတ်ကပ်လိမ်းတတ်လို့လား။?"

 Xiao Wan ကမယုံကြည်ဟန်ဖြင့် ရယ်မောကာ မေးလိုက်သည်။

"ရပါတယ်။ ကျွန်မ ဖာသာပဲ လိမ်းလိုက်တော့မယ်။"

"မပူပါနဲ့။ ငါ မင်းကို ပြင်ပေးမယ်။ မင်းရဲ့အလှကို မြင်တဲ့သူတိုင်း အသက်ရှူမှားသွားစေရမယ်။"

 သူတို့နှစ်ယောက် မိတ်ကပ်ပြင်ဖို့ မိတ်ကပ်ခန်းထဲ ဝင်လာကြသည်။  အရင်ဆုံး Chen Ge က Xiao Wenကို မှန်ရှေ့ ထိုင်ခိုင်းပြီး သူ့လက်ဖဝါးတွေကို သုံးပြီး သူမမျက်နှာပြင်တဝိုက်ကို ညင်သာစွာနှိ ပ်ပေးလိုက်သည်။

"အသုံးပြုလို့ရသော အခြေခံ ကျွမ်းကျင်မှု—အလောင်းမိတ်ကပ် လိမ်းခြယ်ခြင်း"

မှန်ထဲမှ မိန်းမငယ်လေးကလေး၏ ပုံရိပ်ကိုကြည့်ရင်း Chen Geတစ်ခါမှ မသိသော စိမ်းသော မှတ်ဉာဏ်များက သူ့ခေါင်းထဲသို့ ဗရမ်းဗတာနှင့် တိုးဝင်လာကြသည်။ ထိုမှတ်ဉာဏ်များထဲတွင် အရောင်တွဲစပ်ခြင်း၊ နှင့် အခြားမိတ်ကပ်ပညာများအပါအဝင် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ အရိုးဖွဲ့စည်းတည်ဆောက်ပုံ၊ သေဆုံးခြင်းအကြောင်းတရားဆိုင်ရာ ဗဟုသုတများလည်း ပါဝင်သည်။

"ဘော့စ်.. ရှင် တကယ် မိတ်ကပ်ဘယ်လို လိမ်းရမလဲ ဆိုတာ သိပါတယ်နော် "

စက္ကန့်သုံးဆယ်ကြာတော့  Xu Wan က  မှန်ရှေ့မှာ ထိုင်နေရင်း သူမ မျက်နှာပေါ်မှ လက်ဖဝါးဆီကနေ ထူးဆန်းတဲ့ အပူချိန်ကို ခံစားလာရ သည်။ သူမမျက်နှာကို ပွတ်သပ်နေတဲ့ အလုပ်ရှင်သူဌေးကို ကြည့်ရင်း ဘာကြောင့်ရယ်မသိပဲ  လုံးအခုန်မြန်လာသလို ရှက်လာမိသည်။

"မိတ်ကပ်ပညာရှင်ကောင်းတစ်ယောက်က သူလိမ်းပေးရမဲ့ သူရဲ့ မျက်နှာပြင်အနေအထားကို ကြည့်ပြီး မတူညီတဲ့ စတိုင်တွေကို ဖန်တီးပေးရတယ်။    Xiao Wan မင်းမှာ တော်တော်လှတဲ့ မျက်နှာအခံရှိပြီးသားပဲ။"

Chen Ge ရဲ့ စိတ်ထဲတွင် မကောင်းတဲ့ အတွေးလုံးဝ မရှိခဲ့တာ သေချာသည်။ လူသေမိတ်ကပ် Skill ကို အသက်သွင်းပြီးတာနဲ့ သူ့စိတ်ထဲမှာ Xu Wan က အလောင်းတစ်လောင်းလို့ပဲ မြင်တော့သည်။

"တူ၊ အမွေးရိတ်စက်၊ ခွဲစိတ်ဓား၊ အပ်နဲ့ အပ်ချည် ဖော်မယ်လ်ဒီဟိုက် နဲ့ အယ်လ်ကိုဟော...အင်း.... ငါ့ ဒီပစ္စည်းတွေ မေ့နေတာပဲ။ ကြည့်ရတာ ငါ အခြေခံ မိတ်ကပ်နဲ့ပဲ စရတော့မယ်ထင်တယ်"

Chen Ge တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်တာကိုကြားတော့ ကောင်မလေးက အတော်လေးကို လန့်သွားသည်။ ဘာကြောင့် သူ့ အလုပ်ရှင်က ရိုးရှင်းတဲ့ သရဲအိမ်ဝန်ထမ်းတစ်ယောက်ကို မိတ်ကပ်ပြင်ပေးဖို့ ဒီလိုကြောက်စရာကောင်းတဲ့ ပစ္စ ည်းတွေ ရှာနေသလဲလို့ တွေးနေမိသည်။  သူမက နည်းနည်းတုန်နေပေမယ့် သူမ အလုပ်ရှင်ကို မလုပ်ချင်ဘူးလို့ ငြင်းလို့မကောင်းတဲ့အတွက် မျက်လုံးတဝက်လောက်ကို ဖွင့်ထားပြီး အဆိုးဆုံးပုံထွက်မလာဖို့ပဲ ဆုတောင်းနေမိတော့သည်။ 

"အောက်ခံမိတ်ကပ်ရည်က ကျဲနေပြီး ပါးနီကလည်း  အရောင်တောက်လွန်းတယ်။ ပြီးတော့ နှုတ်ခမ်းနီကရော ဘယ်မှာလဲ "

Chen Ge အရောင် စပ်နေရင်း ညည်းတွားရေရွတ်နေသည်။ ကျွမ်းကျင်ပိုင်နိုင်တဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေက မိတ်ကပ်ပစ္စည်းနဲ့ မိတ်ကပ်ပညာကို လုံးဝမသိထားတဲ့ လူနဲ့ လုံးဝကို ကွဲပြားနေသည်။

Xu Wanက ဆက်လက်ဖြစ်လာတဲ့အရာတွေကို မြင်ရချိန်မှာ အကြီးအကျယ်ကို စိတ်ရှုပ်ထွေးသွားတော့သည်။ အွန်လိုင်းပေါ်မှ သင်ကြားပြသတာတွေရဲ့ အကူအညီတွေ မယူသလို စာအုပ်လည်း မကြည့်ဘဲ အရောင်စပ်နေတာက တကယ့်ပညာရှင်တစ်ယောက်လို အဆင့်မြင့်လွန်းလှသည်။

"ဘော့စ် အရမ်း ပြင်မနေပါနဲ့။   ကျွန်မတို့ သရဲအိမ်ထဲက အလင်းရောင်က မှိန်နေပြီး  ဧည့်သည်တွေလည်း ဘာမှမြင်ရမှာ မဟုတ်ပါဘူး "

"ရှုး.....မလှုပ်ရှားနဲ့ "

Chen Ge သူမကို ပိတ်ပြောလိုက်ပြီး  အခုလေးတင် အရောင်စပ်ထားတဲ့ အိုင်းရှဲဒိုးကို စလိမ်းပေးလိုက်သည်။ အတော်များများ လိမ်းပေးပြီးနောက်  Xu Wan က  အေးစက်ခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်တဲ့ အခြားသူတစ်ယောက်လို လုံးဝပြောင်းလဲသွားတော့သည်။

Xu Wan က အစက သူမရဲ့ သူဌေးကို လှောင်ပြောင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မှန်ထဲက  ပုံရိပ်ကို မြင်ပြီးချိန်မှာ သူမရဲ့ပါးစပ်သေးသေးလေးက ပွင့်ဟသွားရသည်။

"ချယ်ရီရောင် ပါးနီတစ်ခုတည်းကို လိမ်းရင် ရိုးလွန်းတယ်။ ဒါပေမဲ့ ဒီလိုမျိုး ခရမ်းရောင်နဲ့ရောစပ်လိုက်ရင်တော့ လုံးဝကွဲပြားသွားပြီ။ သူတို့က တစ်ရောင်နဲ့တစ်ရောင် အရမ်းကို လိုက်ဖက်ညီတယ်။ "

Chen Ge က မိတ်ကပ်ဂုရုကြီးတစ်ယောက် စုတ်တံကိုသုံးကာ သူ့လက်ဖမိုးပေါ်မှာ အရောင်စပ်ပြရင်း ပါးစပ်ကလည်း ရှင်းပြနေသည်။

"ဘော့စ် ဘာလုပ်မလို့လဲ "

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now