သရဲအိမ်ထဲက ဖူးစာရှင် _Chapter (109+110)(U+Z)

1.1K 201 11
                                    

(ဇော်ဂျီသမားများ အောက်ကို ဆွဲချပေးပါ)


Chapter (109) -ဒုတိယအကြိမ်မြောက်လာသည့် အထူး ဧည့်သည် (U+Z)  



အဆိုပါ ခက်ခဲ့သည့် မစ်ရှင်များသည်  ဂိမ်းကို အခုမှ ကစားသည် ကစားသမားအသစ်တွေကို ချပေးသည့် မစ်ရှင်နှင့် တူသည်။ ခက်ခဲပေမယ့် ဒီ  ဂိမ်းကိုရင်းနှီးအောင်လုပ်ပေး နိုင်ခဲ့တယ်။

ပထမ ခက်ခဲ့သည့်မစ်ရှင် (၃) ခုပြီးဆုံးမှသာလျှင် တကယ့်ကစားသမားဟု ယူဆနိုင်သည်။ ချန်ကော ( Chen Ge) ဟာသွေးစွန်းနေတဲ့စက္ကူကိုကိုင်ပြီး သူရဲ့စိတ်ခံစားမှုတွေ ဆက်လှုပ်ရှားနေတုန်းပဲဆိုတာ  သိလိုက်ရတယ်။ ယခုအချိန်အထိ သူလုပ်ခဲ့တဲ့ မစ်ရှင်တွေက ကလေးကစားစရာလိာု လွယ်ကူနေဆဲဖြစ်သည်။ နောက်ပိုင်းလာမယ့် တကယ့်မစ်ရှင်တွေဆိုရင်  မည်မျှခက်ခဲလိုက်မလဲ မသိတော့ပေ။

 ဒီမှတ်စုတွေရဲ့ အရိပ်အမြွက်ဖော်ပြချက်ကို ဖတ်ရှုအပြီး ချန်ကောသည် သူ၏ကံကြမ္မာကိုဖြည်းဖြည်းချင်း တွက်ချက်နေသည်။ သူလုပ်ခဲ့သည့်  အခက်ခဲဆုံးမစ်ရှင်များနှင့် အစမ်းမစ်ရှင်နှစ်ခု ဖြစ်သည့်  ဖင်းအန်းတိုက်ခန်းတွင်   အန္တရာယ်အရှိဆုံးသည် ထိုထဲက ရာဇဝတ်မှု ကျူးလွန်သည့် လူများဖြစ်သည်။ မူယန်အထက်တန်းကျောင်းသည် စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း အတွင်းမှာ ရှိတဲ့ ဝိဉာဉ်တွေက ခြောက်ခြားစေတယ်ဆိုပေမယ့် အန္တရာယ်မရှိပေ။ ထို့ကြောင့်နည်းပညာပိုင်းအရပြောရလျှင် မစ်ရှင်များသည် ထိုအန္တရာယ်များက အဓိက မဟုတ်ပေ။။

နောက်ပိုင်းတွင်ကြယ်သုံးပွင့်အဆင့်သတ်မှတ်ထားသည့် သရဲအိမ်၏ ဆက်တင်တွေဆိုရင်တော့  ကွဲပြားသွားလိမ့်မည်။ ငါက  အန္တရာယ်ရှိတဲ့ အခြေနေကို ကြုံရတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ချန်ကောက ရှေ့ဆက်လုပ်ဖို့ပဲ ရှိနေသည်။  ဒီစာရွက်ကို သူ့မိဘတွေချန်ထားခဲ့တာဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် သူသွားရမယ့် နေရာကို ရထားပြီပဲ။

ချန်ကော သည်ဖုန်းအနက်ကိုဆွဲထုတ်လိုက်သည်။ သူက ထိုမိန်းကလေး၏မျက်နှာကိုမြင်လိုက်တာနဲ့ ခက်ခဲတဲ့ မစ်ရှင်က ပြီးဆုံးသွားလိမ့်မည်။

"ဝိဉာဉ်များ" ၏နှစ်သက်မှု၊ ခက်ခဲသော မစ်ရှင်ပြီးဆုံးခြင်းအတွက် ဂုဏ်ပြုဆုလက်ဆောင်သည် Doll-maker's Talent Elementary Skill ဆုကို ရရှိခဲ့သည်။

အရိုးတစ်ချောင်းချင်းစီကို ခုတ်ထွင်၊ဖြတ်တောက်၊ ချိတ်ဆက်ခြင်း၊ အရောင်တင်ခြင်း၊  အနာရွတ်မထင်အောင် ဒဏ်ရာကို ပြန်လည်ချုပ်နိုင်ခြင်း၊  အပြစ်ကင်းသောမျက်နှာပုံစံဖန်တီးနိုင်ခြင်း အခြေခံကျွမ်းကျင်မှုကို ပိုင်ဆိုင်ပြီး တကယ့်လူနှင့်တူသော  အသက်ရှင်သောအရုပ်ကို ဖန်တီးနိုင်လိမ့်မည်။

"ဒီမစ်ရှင်က မင်းရဲ့တတိယခက်ခဲသော မစ်ရှင်ပြီးသွားတာဖြစ်တယ်။ ဒါကြောင့် ဒီဆုနဲ့အတူ အရန်မစ်ရှင်ကို လုပ်ခွင့် ပွင့်သွားပါပြီ၊ အရန်မစ်ရှင်ကို ထမ်းဆောင်ချင်ပါသလား "

"သတိပေးချက်။ တတိယမြောက် ခက်ခဲသောမစ်ရှင်ပြီးသွားရင်နေ့စဉ်မစ်ရှင်တွေ အတွက်ပေးတဲ့ ခက်ခဲသောမစ်ရှင်တွေကို ရွေးချယ်လို့မရပဲ ကျပန်းရွေးချယ်ပြီးလုပ်ရလိမ့်မယ်။ ဒါကြောင့် ခက်ခဲသော မစ်ရှင်တစ်ခုစီကိုဂရုစိုက်ပါ။ "

ချန်ကော ၏စိတ်ထဲတွင် သူက မသာမိတ်ကပ် လိမ်းခြယ်သည့် စွမ်းရည်ကိုရရှိသောအခါ လိုမျိုး တူညီသော မှတ်ဉာဏ်နှင့်နည်းစနစ်အသစ်များ သူ့ခေါင်းထဲမှာ အလိုလို ပေါ်လာသည်။ ထို့အပြင်အခြားပြောင်းလဲမှုမရှိပါ။

အရုပ်များဖန်တီးနိုင်ခြင်းနှင့် မသာမိတ်ကပ်ပညာက  ဆွဲဆောင်မှုရှိသော သရဲခြောက်ကို ဖန်တီးဖို့ အဓိက လိုအပ်သည့်  အစိတ်အပိုင်းဖြစ်သည်။ ဒီကျွမ်းကျင်မှုသည်သရဲခြောက်သည့်အိမ်၏စီမံခန့်ခွဲမှုအတွက် မယုံနိုင်လောက်အောင် အထောက်အကူဖြစ် လိမ့်မည်။ မုယန်အထက်တန်းကျောင်း တွင် ရှိနေသောဝိညာဉ် ၂၄ ယောက်သည် သူ့သရဲအိမ်မှာ ဝန်ထမ်းလိုအပ်သည်နှင့် တိုက်ဆိုင်မှုတစ်ခု သာဖြစ်သည်။

ငါ အခု အရုပ်လုပ်တာ ကျွမ်းကျင်မှုနဲ့ မသာမိတ်ကပ်   ကျွမ်းကျင်မှုအတွက် ဒီဝိဉာဉ်တွေကို သုံးနိုင်သည်။ ချန်ကောသည် ဝိဉာဉ်တွေက သူ့အရုပ်တွေလို လုပ်ချင်စိတ်ရှိလား မရှိဘူးလားဆိုတာကို ထည့်မစဉ်းစားပဲ ကျော်ချလိုက်သည်။ ဝိဉာဉ်တွေကို သူ လိမ်းခြယ် အရောင်တင်ပေးပြီးရင် မုယန် အထက်တန်းကျောင်းက လျှို့ဝှက်မစ်ရှင်တစ်ခု ပြီးသွားလိမ့်မည်။


Night of the Living Dead (လူသေတွေ ရှင်တဲ့ည ) ဇာတ်လမ်းဇာတ်ကွက် အတွက် လိုအပ်သော ဝန်ထမ်းနှင့် အဝတ်အစား၊ အပြင်အဆင် လုံလောက်စွာမရှိတဲ့အတွက် သူ့ရဲ့သရဲအိမ်က လိုအပ်သလောက် ဆွဲဆောင်နိုင်စွမ်း မရှိဖြစ်နေသည်။

 "မနက်ဖြန်မနက် ငါ လိုအပ်တဲ့ ဝန်ထမ်းတွေကို ခန့်နိုင်ဖို့ အလုပ်အကိုင် ရှာဖွေရေးဆွေးနွေးပွဲတစ်ခုမှာ လူသွား ရှာသင့်ပြီ။  ဝန်ထမ်း လစာဈေးနှုန်းက မတန်တဆဖြစ်မှာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ "

ချန်ကောသည်ဖုန်းအနက်ကို ဆက်လက်ကြည့်ရှု နေခဲ့သည်။ သူက အစမ်းမစ်ရှင်ကို လုပ်သင့်သလားဆိုတာ တွေဝေနေသည်။ နောက်ဆုံးတွင်  သူသည် ကြယ်သုံးပွင့် အဆင့် အစမ်းမစ်ရှင်တွင် ပါဝင်လုပ်ဆောင်ရန် လိုအပ်တဲ့ ကျွမ်းကျင်မှု အဆင်သင့်ရှိသည်ဟု မထင်ပေ။

ထိုအရာများအားလုံးကိုကိုင်တွယ်ဖြေရှင်းပြီးနောက် ချန်ကောသည်   ဖုန်းဆက်ပြီး ဗီဒီယိုကို အဆုံးသတ်လိုက်သည်။ အိမ်ထဲစီး စလစ်ပါ ဖိနပ်တွေ အိပ်ခန်းထဲကို ဝင်လာပြီး သူ့အိပ်ရာဘေးမှာ ရပ်လိုက်တဲ့ နေရာမှာ သူ ဗွီဒီယိုကို ရပ်လိုက်သည်။

'ငါအိပ်ပျော်တဲ့အခါတိုင်း ဖိနပ်တွေက သူတို့ဖာသာ အိပ်ရာပေါ်ကို တက်လာကြတယ်။ '

ကြုံရာ ကျပန်းနာမည်တစ်ခုပေးပြီးနောက် ချန်ကောသည် ဗီဒီယိုကို ၁၁ စက္ကန့်သာကြာအောင် ဖြတ်တောက်ကာ သဘာဝလွန်ဆန်းကြယ်ဖြစ်ရပ် ဇာတ်လမ်းများကို တင်သည့် ဝက်ဆိုက်ဒ်တွင် တင်ခဲ့သည်။ သူက သိပ်မရှည်ပေမယ့်  ရေချိုးကန်ကို ရိုက်ကူးထားတဲ့ ဗွီဒီယိုထက်များစွာ သာလွန်သည်။ မိနစ်အနည်းငယ်အကြာတွင် ကြည့်ရှုသူတွေရဲ့ comment   ၁၀၀ ကျော်နှင့် Share 50 aကျာ်ရှိခဲ့သည်။  ကြာမြင့်စွာတိတ်ဆိတ်စွာနေခဲ့သော မှတ်ချက်များက စတင်ပေါက်ကွဲစွာ ဆူညံလာခဲ့သည်။


" မင်းရဲ့ဗီဒီယိုက မင်းရဲဟာအတိုင်းပဲ တိုပြီး အားကို မရှိဘူး.....။ နေဦး... ဘာလို့ slipper ဖိနပ်က  ကိုယ့်ဘာသာကိုယ်ရွှေ့နိုင်တာလဲ...ဒါကို တယောက်ယောက်ရှင်းပြပေးနိုင်မလား... "


"မင်းက ဗီဒီယိုကို ဖြတ်ညှပ်ကပ် လုပ်ထားတာ မဟုတ်လား.... "

"ငါပဲ အကြည့် မှားသလား။ အိပ်ရာအောက်မှာ ပုန်းနေတဲ့ သူ တယောက်ရှိနေသလား။"

"ငါလည်းမြင်တယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်ပူးကြိး ပေါ်လာတယ်။ F * ck, အဲ့ဒါ ဘာကြိးတုန်း...."

ချန်ကော ဗီဒီယိုတစ်ခုထုတ်လွှင့်တိုင်း သူ၏ follower အရေအတွက် တိုးပွားလာခဲ့သည်။  မှတ်ချက်များကို နောက်ထပ်နှစ်မိနစ်ခန့်ဖတ်ပြီးနောက် သူသည် အကောင့်မှထွက်ပြီးပြန်အိပ်ခဲ့သည်။ နောက်နေ့မနက်မှာ ချန်ကော နိုးလာတဲ့အချိန်မှာ သူဟာ ဆန်ဖြူတွေကို လှည်းရှင်းထုတ်ပြီး ပန်းခြံကိုဖွင့်ဖို့စောင့်နေရင်း သရဲအိမ်ကို    သန့်ရှင်းရေးလုပ်ခဲ့ပါတယ်။

၀ န်ထမ်းများ မရှိခြင်းသည်ပြသနာတစ်ခုဖြစ်သည်။ လက်မှတ် ၀ ယ်ဖို့အတွက် Pen Spirit (ဘောပင်စောင့်နတ်) ကသာ ငါ့ကိုကူညီနိုင်မယ်ဆိုရင် ...

ချန်ကော သည် အိမ်ထဲမှာ သန့်ရှင်းရေးလုပ်ရင်း စီစဉ် နေခဲ့သည်။ ဝိဉာဉ်လက်ထပ်ပွဲ ဇာတ်အိမ်ဆက်တင်ထဲ ဝင်လိုရင်  တစ်ကြိမ်လျှင်အများဆုံး ဧည့်သည်သုံး ဦး ကိုခွင့်ပြုနိုင်သော်လည်း Midnight by Murder သန်းခေါင်ယံည လူသတ်သမား နှင့် Mu Yang မုယန် အထက်တန်းကျောင်းကတော့ မတူ ကွဲပြားခြားနားသည်။ Murder by Midnight အတွက် ဧည့်သည်များများလေ စိတ်လှုပ်ရှားစရာကောင်း လေလေဖြစ်သည်။ မူယန်အထက်တန်းကျောင်းသည် နေရာကျယ်ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်ထားပြီး သူ ကိုင်တွယ်နိုင်မယ်ဆိုရင် လူရှစ်ယောက်ကို တစ်ချိန်တည်းတွင် ၀ င်ရောက်စေလျှင်ပင်
သူတို့ကိုစကားမပြောနိုင်အောင် ကြောက်ရွံ့စေအောင် ခြောက်လှန့်နိုင်မည်။

Mu Yang မုယန်အထက်တန်းကျောင်းရဲ့လျှို့ဝှက်မစ်ရှင် ပြီးစီးပြီးနောက်  ဇာတ်လမ်းကို အသက်ဝင်လာစေဖို့ ရွှီဝမ်ကို သန်းခေါင်ယံည လူသတ်သမားအဖြစ်  ကိုင်တွယ်ခိုင်းရမယ်။ ငါကိုယ်တိုင်လည်း မုယန်အထက်တန်းကျောင်း ဆက်တင်ထဲပါမှဖြစ်မယ်။  ဒါဆိုရင်  ဆက်တင်နှစ်ခုကို တပြိုင်နက်တည်း အလုပ်လုပ်နိုင်မယ်။

 ခုလို စီစဉ်ပြီးတဲ့နောက် ချန်ကောဟာ ကျုတ်ကျန်းမြို့ အနောက်ပိုင်းမှာရှိတဲ့ ဝန်ထမ်းရှာဖွေရေးနေရာကို ရှာဖွေဖို့အွန်လိုင်းကိုကြည့်လိုက်သည်။ ထိုနေရာကို တာဝန်ယူထားတဲ့လူက  New Century Park နဲ့နီးစပ်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို သူတွေ့ရှိခဲ့ရလို့  ၀ မ်းသာသွားတယ်။ တကယ်တော့, ထိုနေရာ၏ အဓိကဖောက်သည်က တစ်ချိန်က New Century ပန်းခြံဖြစ်ခဲ့သည်။ ဤအချက်က ဥယျာဉ်၏ယိုယွင်းပျက်စီးခြင်းကြောင့် ထိုနေရာလည်း လူများစွာကို အလုပ်ကိုင်မပေးနိုင်တော့ပဲ နာမည်ကျခဲ့တာဖြစ်သည်။  ပိုင်ရှင်က အဲ့ဒီနေရာကို လက်မလွှတ်လောက်သေးဘူးလို့ ထင်နေတာပဲ...

 ဒီပန်းခြံက နံနက် 9 နာရီတွင် ဖွင့်လှစ်ခဲ့ပြီး  စုစုပေါင်း လာလည်သည့် ဧည့်သည်အရေအတွက်ကျဆင်းလာ သော်လည်း သရဲအိမ်ရဲ့ကျော်ကြားမှုကြောင့် ဒီတလောမှာ ဧည့်သည်အရေတွက် တိုးလာသည်။ အရင်က ချန်ကောသည် သူ၏လက်၌ လက်ကမ်းကြော်ငြာများကိုကိုင်ပြီး  ပန်းခြံထဲတွင် သွားလာနေသည့် ဧည့်သည်များကို ကြေငြာကမ်းရင်း သူ၏သရဲခြောက်သည့်အိမ်ကို စိတ်မဝင်စားပဲ ဖြတ်သန်းသွားခဲ့သည့် ဧည့်သည်များအား မနာလိုစိတ်ဖြင့်စောင့်ကြည့်နေခဲ့ရသည်။ (Merry-go-Round ) ကလေး၊လူကြီးမရွေးစီးလို့ရသည့် မြင်းရုပ်တွေ တပ်ဆင်ထားသည့် ချာချာလည်သည့် ချားကတောင် သူ့သရဲအိမ်ကို ဝင်လာသည့် ဧည့်သည်အရေ အတွက် ထက်  ပိုများခဲ့ပေမယ့် ခုအခြေအနေကပြောင်းပြန်ဖြစ် သွားသည်။

"ကျေးဇူးပြုပြီး စိတ် ရှည်ရှည်နဲ့ တန်းစီပေးပါ။  ဇာတ်လမ်းဆက်တင်တိုင်းက ဝင်ကြေးအတူတူပါပဲ။ ပထမ လာဖူးတဲ့သူတွေ မတူညီတဲ့ သည်းထိတ်ရင်ဖို ခံစားချက်ကို ခံစားချင်သူများအတွက်   ကျေးဇူးပြု၍ တခြားဆက်တင်ကို ဝင်ပေးကြပါ...    "

ချန်ကောက ရွှီဝမ် ကို သရဲအိမ်ထဲဝင်ခိုင်းကာ သူက လက်မှတ်ရောင်းတဲ့ နေရာမှာ လုပ်ကိုင်နေစဉ်  ဖုန်းအနက်က ရုတ်တရက်တုန်ခါ သွားတယ်။

ဒီနေ့ကစပြီး မက်ဆေ့ခ်ျတစ်ခု ဝင်နေပြီလား။ ချန်ကောသည် လုပ်လက်စ အလုပ်ကို ရပ်ကာ  ဖုန်းကိုဆွဲထုတ်ခဲ့သည်။

"Midnight Ticket Counter ရဲ့အကျိုးသက်ရောက်မှု စတင်ပါပြီ။  အစပျိုးလိုက်ပြီ။ အထူးဧည့်သည် တစ်ယောက် ပေါ်လာပါတယ်။ ကျေးဇူးပြုပြီး ဒီအခွင့်အရေးကို အသုံးချပါ။ သင့်ရဲ့ ရွေးချယ်မှုအပေါ် မူတည်၍ ရလဒ်များ ကွဲပြားလိမ့်မည်!"

နောက်ထပ် တဆင့်လား....

ချန်ကောသည် လက်မှတ်ဝယ်ရန် တန်းစီနေသည့် ဧည့်သည်များကို မျက်လုံးဝေ့ကြည့်ကာ  ခဏအံ့အားသင့်ခဲ့သည်။ ဒီအထူးဧည့်သည်က ဘယ်သူဖြစ်နိုင်သလဲ

ချန်ကော မျက်လုံးပြူးသွားခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ဧည့်သည်က သူ့ကို လက်ဝေ့ယမ်းပြနေသောကြောင့် ဖြစ်သည်။

"ဒေါက်တာကောင်းလား?"

ချန်ကောသည် ဒေါက်တာကောင်းနားကို မသွားမီထို ဧည့်သည်နှစ် ဦး ကို ဝိဉာဉ်သူတို့သမီး ဆက်တင်ထဲကို အမြန်ထည့်ပေးလိုက်သည်။

" ဆဂရာက ဘာလို့ ဒီမှာ ရောက်နေတာလဲ"

"မင်းကို ရှာဖို့ပေါ့ကွာ.... "

 ဒေါက်တာကောင်းသည့် အနောက်တိုင်း ဝတ်စုံပြည့် ဝတ်ထားပြီး သူ့ကိုကြည့်ရတာ ပန်းခြံတွေကို လာလေ့လာထ ရှိပုံမပေါ်ပေ။

 " မင်းဟာကျောင်းသားတစ်ယောက် မဟုတ်တော့ဘူးဆိုတာ ငါသိတယ်၊ ဒါပေမယ့် မင်းက သရဲခြောက်တဲ့အိမ်ပိုင်ရှင်တစ်ယောက် ဖြစ်နေတယ်ဆိုတာ သိရတော့ ငါအံ့သြသွားတယ်။ "

"ဒါက မိသားစုစီးပွားရေးပဲ။ "

ချန်ကော က သူ့အနက်ရောင်ဖုန်းကို အိတ်ကပ်ထဲထည့်ပြီး ပြောလိုက်သည်။

"ဒါဆို ကျွန်တော် ဆရာ့ကို ဘယ်လို ကူညီပေးရမလဲ ခင်ဗျာ?"

" ထူးခြားတဲ့လူနာတစ်ယောက်ကို ငါ တွေ့ခဲ့တယ်။ သူ့အခြေအနေက မင်းအရင်က ငါ့ကိုပြောခဲ့တဲ့ ကောင်လေးနဲ့ ဆင်တူတယ်။ ဒါကြောင့် ငါ မင်းကိုမေးခွန်းတွေ နည်းနည်းလောက် မေးချင်လို့ပါ..."

==================

Chapter (110) -တူညီသော အိပ်မက် (U+Z)  


"ဟို ကောင်လေးလို အခြေအနေအတူတူပဲလား။ သရဲခြောက်တဲ့အိမ်တွေကို သွားလည်တာကို သူကြိုက် သလား။ "

 ဒေါက်တာကောင်း သည် ချန်ကော၏သိချင်စိတ်ကို ကောင်းကောင်း နှိုးဆွနိုင်ခဲ့သည်။

"တခါတလေ ပေါက်ကွဲတတ်ပြီး တခါတလေ စိတ်ဓာတ်ကျနေတတ်တယ်။  မှောင်မိုက်တဲ့နေရာတွေမှာ တစ်ယောက်တည်းနေချင်တယ်။ အဲ့ဒီနေရာက သူ့ကို လုံခြုံမှုပေးနိုင်တယ်လို့ ယူဆတယ်။  သူက သရဲအိမ်တွေကို သွားလည်တာကို ကြိုက်လား၊ မကြိုက်ဘူးလားမသေချာဘူး၊ အဲ့ဒါ င့ါကျောင်းသား မန်နန်ပါ... သူက လွန်ခဲ့တဲ့သုံးပတ်လောက်က နေမကောင်းဖြစ်လို့ ငါနဲ့လာတွေ့ခဲ့တယ်"

 ဒေါက်တာ ကောင်းက သူ့နောက်ကွယ်ရှိနေသော လူငယ်ကို ထုတ်ဖော်ရန် နေရာကို ဘေးဘက်သို့ပြောင်းလိုက်သည်။

ဒေါက်တာကောင်းနောက်ကွယ်မှ လူတစ်ယောက်သည် အသက် ၂၀ လောက်ရှိပြီ၊ အနည်းငယ် ပိန်ပါးသေးသွယ်သော ကိုယ်ဟန်ရှိပြီး မျက်နှာထားက အနည်းငယ်စိတ်ကျဉ်းကျပ်နေပုံရသည်။ သူ့မျက်လုံးအောက်မှာ အိပ်ရေးပျက်ည များနေသည့်ပုံဖြင့် မျက်ကွင်းမည်းကြီးပေါ်လို့နေသည်။

နေအောက်မှာရပ်နေတဲ့အတွက် သူ့ နဖူးပေါ်ကနေ ချွေးတွေ စို့ကာ ထွက်လာတယ်။ ထိုလုလင်သည် တင်းမာနေသောကိုယ်ဟန်အနေအထားတွင်ရှိနေပြီး သူ၏ ဦး ခေါင်းကိုငုံ့ကာ မည်သူ့ကိုမှ မကြည့်ပေ။


"မျိုးရိုးက မန်လား....။ ဒီလိုမျိုးရိုးက တွေ့ရခဲတယ်။ မင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ် "

ချန်ကောသည် ထိုလူငယ်နှင့် စကားပြောဆိုရန်ကြိုးစားခဲ့သည်။  

ထိုလုလင်၏ တုံ့ပြန်မှုက စိတ်ရှုပ်ထွေးနေပုံရသည်။  သူကခေါင်းကိုမော့ကြည့်ပြီး မျက်လုံးကချန်ကောကို အမြန် စစ်ဆေးအကဲဖြတ်လိုက်ကာ ပြန်လည်နူတ်ဆက်ပြီး ခေါင်းကို ငုံ့ထားသည်။

"မင်းနဲ့တွေ့ရတာဝမ်းသာပါတယ်"

ထိုလူငယ်လေးကို အချိန်အတန်ကြာစစ်ဆေးပြီးနောက် ချန်ကော သည် ဒေါက်တာကောင်းကို ဘေးကို ဆွဲခေါ်ကာ တီးတိုးမေးလိုက်သည်။


"ဒါပေမယ့် ဆရာက သူ့ကို ဘာလို့ ဒီကိုခေါ်ခဲ့တာလဲ။ သရဲခြောက်တဲ့အိမ်ကို သွားခွင့်ပြုမယ်ဆိုရင် သူ့ကို ဘာမှမဖြစ်ဘူးလို့ ကျွန်တော် အာမ မခံနိုင်ဘူး  "

"မန်နန်က အရင်တုန်းက အရမ်းကို တက်ကြွပြီး ကိုယ့်ကိုယ်ကို   ယုံကြည်မှုရှိတဲ့ကလေးပါ၊ ငါ့ရဲ့ အတောက်ပဆုံးကျောင်းသားတစ်ယောက်ပါ။ သူဟာ ကိုယ်ရည်ကိုယ်သွေးစိတ်ပညာနယ်ပယ်မှာမ ယုံနိုင်လောက်အောင်ထူးချွန်တဲ့သူပဲ။"

"ကိုယ်ရည်ကိုယ်သွေးစိတ်ပညာ?"

"စိတ်ပညာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ယေဘုယျအားဖြင့်ပြောရရင် လူတစ်ယောက်ရဲ့ အပြုအမူကိုနားလည်အောင် လေ့လာပြီး ခွဲခြမ်းစိတ်ဖြာရတဲ့ သိပ္ပံပညာဖြစ်တယ်"

"အိုကေ။ "

ချန်ကောက ဘာမှ မသိရသေးပေမယ့် ခေါင်းညိတ်လိုက်သည်။

"သူ့ရောဂါလက္ခဏာတွေဟာ လွန်ခဲ့တဲ့ ၃ ပတ်ကစပြီး ရုတ်တရက် ပေါ်လာခဲ့တယ်။  များသောအားဖြင့်  မိသားစုနဲ့ သူနေထိုင်တဲ့ လူနေမှုပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်တဲ့အခါမျိုးမှာ ဖြစ်တတ်တဲ့  စိတ်ပိုင်းဆိုင်ရာရောဂါတွေလိုပဲ... ။ ဒါပေမယ့် မန်နန်က တစ်ယောက်တည်းနေတယ်၊ သူ့ပတ်ဝန်းကျင်က အပြောင်းအလဲ တစ်စုံတစ်ရာမှ မရှိခဲ့ပါဘူး။ "

ဒေါက်တာကောင်းက မန်နန် မကြားအောင် တိုးတိုးပြောလိုက်သည်။

"ဆွေးနွေးမှု အများကြီးလုပ်ပြီးနောက်  သူ့ အခြေအနေ က မတိုးတက်လာဘူး။ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေက ဆိုးရွားလာတယ်။ လူငယ်လေးက အမြဲတမ်း စိတ်ရှည်တတ် သူပါ၊ ဒါပေမယ့် မကြာသေးခင်က သူက စိတ်အပြောင်းအလဲတွေကြုံခဲ့ရတယ်။ အတန်းထဲက ကန့်လန့်ကာပေါ်က  တိရိစ္ဆာန်ပုံစံတွေကို ပြောကြတဲ့အခါ အငြင်းပွားပြီး ရန်ဖြစ်တာမျိုး၊ ပေါက်ဆီဝယ်တဲ့အခါ အပေါ်မှာ ကပ်တဲ့နှမ်းစေ့အရေအတွက်ကို ပြောတာနဲ့ပတ်သတ်ပြီး သူစိမ်းတွေနဲ့ စကားများတာမျိုးတွေ ကြုံနေရတယ်။ "

"သူ ဒေါသထွက်ရတဲ့အကြောင်းရင်းက ထူးခြား နေတာပဲ"

 "စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုကို ခံရတဲ့အခါတိုင်း၊ အသေးဆုံးသော အဖြစ်ပျက်က ဒေါသပေါက်ကွဲဖို့  စိတ်လှုပ်ရှားမှုကိုဖြစ်ပေါ်စေနိုင်တယ်။ မန်နန်ရဲ့    လုပ်ရပ်တွေက သူသည် အနက်ရှိုင်းဆုံး နာကျင်မှု ဝေဒနာ ခံစားနေရတဲ့ပုံဖြစ်နေလို့ ငါ အရမ်းစိတ်မကောင်းဖြစ်ရေတယ် "

"ဒါပေမယ့် ဆရာက ဘာကြောင့် သူ့ကို ကျွန်တော့်ဆီခေါ်လာတာလဲ"

ချန်ကောက ဒေါက်တာကောင်းနဲ့မန်နန်တို့ကိုကြည့်လိုက် သည်။ အထူးဧ ည့်သည်က သူတို့ထဲမှ တစ်ယောက်ဖြစ်နိုင်သည်။

"ဝမ့်ရှင်းရဲ့ ရောဂါက အရမ်းကို တိုးတက်လာတယ်။ အဲ့ဒါ မင်းနဲ့ဆုံပြီးနောက်ပိုင်းမှ သူမရဲ့ ရောဂါက သက်သာလာတာပဲ"

 ဒေါက်တာကောင်းက ချန်ကောကို ပြောခဲ့သည်။

"ငါဟာ ခေါင်းမာတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူနာကိုကုသ ပေးနိုင်တယ်ဆိုတာ ကောင်းတဲ့အလုပ်တစ်ခု ပါ။ သူ နာကျင်နေတဲ့ ဝေဒနာကြောင့် ငါ  အရမ်းစိတ်မကောင်း ဖြစ်နေ ရပါတယ်။ ဒါကြောင့် ငါ့ကို မင်း အကူညီပေးပါ။ ။ "

"ဒါဆိုလည်း လုပ်ကြတာပေါ့ "

ချန်ကောက မငြင်းတော့ပေ။

"ဝမ့်ရှင်း အတွက် မန်နန် အတွက်၊ ဟိုကလေးလေးအတွက်  မင်း ဘယ်လို ကုသမှုမျိုး လုပ်ပေးခဲ့တယ်ဆိုတာ ငါ့ကို တချက်လောက် ပြန်ပြောပြပေးပါလား။ သူတို့အားလုံးက တူညီတဲ့စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ခံစားနေရတယ်ဆိုတော့လေ...  "

ဆရာဝန်၏စကားကိုကြားပြီးနောက် ချန်ကော ချီတုံချတုံ ဖြစ်နေ သည်။ ဆရာ ၀ န်  လာရောက်ခြင်း၏ အကြောင်းရင်းမှာ ထိုသို့ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။ ဝမ့်ရှင်း  အတွက် သူ လုပ်ခဲ့တာတွေက အကြီးတန်း စိတ်ပညာရှင်ကို အရမ်း စိတ်စွဲမှတ်ထင်စေခဲ့တာပေါ့။ ဒါကြောင့် သူက ဒီတောင်းဆိုချက်ကို လက်ခံခဲ့တာဖြစ်တယ်။

သို့သော် ချန်ကောသည် အမှန်တရားကို သိနေသည်။ ချန်ကောက ဝမ့်ရှင်းကိုကူညီနိုင်သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူသည် ဘောပင်စောင့်ဝိဉာဉ်ထံမှ အတိတ်ဖြစ်ရပ်ကို သိရှိခဲ့ခြင်းနှင့် ဝမ့်ရှင့် ကိုကူညီရန် ဘောပင်စောင့်ဝိဉာဉ် ကိုယ်တိုင်ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်။ ဒီနည်းလမ်းကို သူ ပုံတူ ကူးယူလို့  မရနိုင်ပါ၊ ဒါက အထူးဖြစ်ရပ်တစ်ခုဖြစ်သည်။


"ဒါကမင်းအတွက်ပြသနာဖြစ်နေမလား။ " ေ

ဒါက်တာ  က ချန်ကော၏မျက်နှာပေါ်တွင် တွန့်ဆုတ်နေကို တွေ့လို့ မေးလိုက်သည်။

 "အကယ်၍ ပြသနရှိရင် ငါ တောင်းဆိုတာကို မေ့လိုက်ပါ။ တကယ်တော့ ငါ ဒီမှာ အကောင်းဆုံးဖြစ်နိုင်မလားလို့ မျှော်လင့်လာတာပါ။ ဒီကလေးမှာ ကြီးမားတဲ့ စွမ်းရည်ရှိတယ်။ ဒါပေမယ့် ငါ သူ့ကိုဆေးဝါးနဲ့ ကုသမယ်ဆိုရင်  သူ့ကိုယ်ခန္ဓာအပေါ် ဘေးထွက်ဆိုးကျိုးတွေဖြစ်စေလိမ့်မယ်။ သူ့အနာဂတ်ကိုဖျက်ဆီးမိလိမ့်မှာကို ငါကြောက်နေတယ်။"

"ဒါဟာခ က်ခဲပေမယ့် မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဆရာက ကျွန်တော့်ကို ကူညီစေချင်ရင် အနည်းဆုံး သူ့အကြောင်း နည်းနည်းလောက်ပြောပြပါ ဦး"

ချန်ကော်သည်တိုက်ရိုက်ငြင်းပယ်ခြင်းမရှိပါ။ သူတို့ထဲမှ တစ် ဦး သည်အထူး ဧည့်သည်ဖြစ်ပြီးအထူး ဧ ည့်သည်တိုင်းသည် သူ့အတွက် အလွယ်တကူ လက်လွှတ်မခံနိုင်သည့်  လျှို့ဝှက်ဘဏ်တစ်ခုဖြစ်သည်။

" ငါ ဒီကလေးကိုယ်စား ကြိုတင်ပြီး ကျေးဇူးတင်ထားပါရစေ။ မန်နန်...ဒီကိုလာပြီး ဘာက မင်းကို အနှောက်အယှက်ဖြစ်စေတယ်ဆိုတာ လာပြောပြပေးပါလား"

 ဆရာဝန် မျက်နှာပြုံးသွားပြီး မန်နန်ကို လှမ်းခေါ်လိုက်သည်။

ထိုလုလင်လေးသည်သူ၏ခေါင်းကိုငုံ့ချထားလျက် စကားမပြောပဲ ငုံ့စုံ့ကြီးလုပ်နေသည်။  မည်သူကသူစကားပြောနေသည်ဖြစ်စေ သူ၏ ဦး ခေါင်းသည် တစ်စုံတစ် ဦး က သူ၏ ဦး ခေါင်းခွံပေါ်တွင် ဖိအားပေးနေသကဲ့သို့သူ၏ ခေါင်းငုံ့လျက် အနေအထားအတိုင်း ရှိနေခဲ့သည်။

ထိုလူငယ်၏တိတ်ဆိတ်မှုကို သတိပြုမိသည့်အခါ ဆရာဝန်က သူ့အစား ပြောပြပေးခဲ့သည်။

"လွန်ခဲ့တဲ့သုံးပတ်က သူက ငါ့ကို ရုတ်တရက်လာရှာတယ်။ သူက စိတ်ကျရောဂါ ခံစားနေရတာလို့ သံသယရှိနေတယ်။ ငါတို့ဟာ ပညာရှင်တွေပါ။ ကိုယ့်အကြောင်းနဲ့ ကိုယ့်ရောဂါ အကြောင်းကိ နားအလည်ဆုံးပဲ။ ငါသည် သူ့ရဲ့ရောဂါလက္ခဏာတွေက ပုံမှန်စိတ်ကျရောဂါနှင့် ကွဲပြားခြားနားမှုရှိနေတယ်ဆိုတာ ငါရှာဖွေတွေ့ရှိခတယ်။ အများအားဖြင့် သူက အရမ်းကို စိတ်လှုပ်ရှားပြီး မောပန်းနေတာဖြစ်တယ်။ အဲ့ဒီအချိန်က ငါက များများ မတွေးခဲ့ပေမဲ့ သူ့အခြေအနေက ပိုဆိုးလာတယ်။ သူက တစ်နေကုန် စကားလုံးတစ်လုံးမှ မပြောဘဲ ဒေါသထွက်ပြီး ရန်ဖြစ်တာ ပိုများလာတယ်။  သူ  ၀ န်မခံပေမယ့် ငါ့ရဲ့ခွဲခြမ်းစိတ်ဖြာမှုအရ သူက တခုခုကို အရမ်းကြောက်လန့်နေပြီး ဒါကို သူ့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားတယ်ဆိုတာ သိလိုက်ရတယ်။ "


"သူက ကြောက်စိတ်ကြောင့် စိတ်ရှုပ်ထွေးမှုကို ခံစားနေရတယ်လို့ ငါ သံသယဖြစ်လာမိတယ်။ ဒါပေမယ့် သူ့ပတ်ဝန်းကျင်ကိုလေ့လာတဲ့ အခါ သူ့ကို ကြောက်စိတ်ဖြစ်ပေါ်စေနိုင်တဲ့ အရာ တစ်စုံတစ်ခုကိုမှ ရှာမတွေ့ခဲ့ဘူး။ သူ့ကို ထပ်ခါတလဲလဲမေးပြီးနောက် သူက အမှန်တရားကို နောက်ဆုံး ဝန်ခံခဲ့တယ်။ "

ဆရာဝန် က မန်နန်ကိုကြည့်လိုက်ပြီး ဆက်ပြောခဲ့သည်။

"လွန်ခဲ့သောသုံးပတ်ကစပြီးက သူက တူညီတဲ့ အိပ်မက်တစ်ခုတည်းကို ထပ်ခါထပ်ခါ မက်ခဲ့တယ်"


အိပ်မက်အကြောင်းကိုဖော်ပြလိုက်တော့ မန်နန်က တုန်ယင်လာပြီး သူအကြောက်ဆုံးအကြောင်းရာကို ပြောနေလို့ တုန်ယင်သွားခဲ့သည်။

"ဘယ်လို အိပ်မက်မျိုးလဲ?"

ချန်ကောဟာကြောက်စရာကောင်းတဲ့ အဖြစ်အပျက်များစွာကိုမြင်ယောင်ကြည့်ပေမယ့် ဆရာဝန်ရဲ့အဖြေက သူ့ကို အံ့အားသင့်စေခဲ့တယ်။

"သူ့ခေါင်းကို လျှော်နေတယ်လို့ အိပ်မက်မက်ခဲ့တယ်။"

"သူ့ဆံပင်ကို လျှော်တာလား?"

ချန်ကာ က ဘာပြောရမှန်းမသိတော့ပေ။

"ကျန်တာကို သူ့ဖာသာ ဖြည့်ပြောပါစေ"

ဆရာဝန်က မန်နန်ရဲ့ပုခုံးပေါ် လက်တင်ကာ စိတ်သက်သာရာရစေပြီး ပြောလိုက်သည်။

အချိန်အကြာကြီးနေမှ မန်နန်က  နှုတ်ခမ်းကို ဖွင့်လိုက်တယ်။

"ဒီအိပ်မက်တွေက အမြဲတမ်းတူညီတဲ့ အိပ်မက်တစ်ခုပဲ။ ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်လာတယ်။ မကြာခင်မှာပဲ သူရဲ့မျက်နှာကို ကျွန်တော် မြင်နိုင်တော့မှာပါ။ "

သူ၏အသံသည် သူ၏လည်ချောင်းကို လောင်ကျွမ်းစေသကဲ့သို့ အက်ရှနေသော အသံဖြစ်နေသည်။

"ဒီလူက ဘယ်သူလဲ။ မင်းရဲ့အိပ်မက်ထဲမှာ တခြားလူတစ်ယောက် ရှိနေတာလား"

"သူက ကျွန်တော့်ဘေးမှာ အမြဲရှိနေပြီး ကျွန်တော့်ဆံပင်တွေကိုလျှော်နေတာကို ကြည့်နေတယ်။ သူကကြောက်စရာကောင်းပြီး ကြည့်ရတာ၊ မျက်လုံးကို  ပိတ်လိုက်တာနဲ့  သူက ကျွ်တော့် လည်ပင်းကို ညစ်လိုက်တော့တယ်.."



*****-*****


သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now