( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ

618 166 6
                                    

Chapter (150) - ဒုတိယကံစမ်းမဲ

သက်လတ်ပိုင်းလူကြီးက Chen Ge ကို ဘာပြန်ပြောရမှန်း မသိတော့​ေပ။ သူ့ဘဝသက်တမ်း တစ်ဝက်လောက်ထိနေခဲ့ပြီး ဒီလို သားသတ်ဓားရှည်လာဝယ်သူကို မတွေ့ဖူးဘူး။

“မင်း ဘာကိစ္စမှမရှိတော့ရင် သွားတော့.. မင်းလိုချင်တဲ့ဓားမျိုး ငါ့မှာ ရောင်းဖို့မရှိဘူး..”

“ဒါဆို ခင်ဗျား လက်ရှိ အသားခုတ်ဓားမကြီး ကျွန်တော့်ကို ရောင်းပေးပါလား..”

သူ့ရဲ့ Live Stream မစခင် သွေးဝနေတဲ့ ဓားတစ်လက်ရမှဖြစ်မယ်..

“မင်းကို ဒီဓားရောင်းလိုက်ရင် ငါ ဘာနဲ့ အသားခုတ်ရတော့မလဲ..”

လူအုပ်ကြားထဲက ဆံပင်အရောင်ဆိုးထားသော လူငယ်ထွက်လာတာတွေ့တော့ ဝက်သားသည်က စကားစရပ်လိုက်သည်။ ထိုလူငယ်က 19 နှစ်လောက်သာ ရှိသေးသည်။ ထိုကောင်လေးကိုတွေ့တော့ ဝက်သားသည်က ဓားမကြီးကို စဉ့်နှီတုံးပေါ်ခုတ်ကာ စိုက်ပြီး သူ့ရဲ့အေပရွန်မှာ လက်ကိုသုတ်ကာ လူငယ်ဆီသွားကာ မေးလိုက်သည်။

“အိမ်ပြန်ရမယ့်လမ်းကို သိသေးတာလား.. မင်း မနေ့ညက ဘယ်ရောက်နေတာလဲ..”

“သူငယ်ချင်းတွေနဲ့ ကာရာအိုကေဆိုနေတာ.. ပြီးတော့ အင်တာနက်ကဖေးဆိုင်မှာ..”

လူငယ်က လူလတ်ပိုင်း၏အသံကိုရှောင်ဖို့ နားရွက်ထဲ နားကြပ်တပ်ကာ ဖြေလိုက်သည်။

“ဒါဆို မင်း ငါ့ဖုန်းကို ဘာကြောင့်မဖြေတာလဲ.. ငါမေးနေတာ ဖြေလေ..”

နှစ်ပေါင်းများစွာ ဝက်သားခုတ်လာသည့်လူက လူငယ်လေးထက် ပိုသန်သည်။ သူက နားကြပ်ကို လက်နှင့်ပုတ်ချကာ မေးလိုက်သည်။

လူငယ်လေးက ထိုလူ၏ဆူသံကို နားမထောင်ချင်လို့ နားရွက်ထဲ လက်နှင့်ဆို့ထားကာ ရပ်နေသည်။

“မင်း ‘အ’ နေတာလား.. မင်း မနေ့ညက ဘာကြောင့်အိမ်မပြန်လာသလဲလို့ မေးနေတယ်လေ.. ဘာကြောင့် ငါ့ဖုန်းကို မကိုင်ရတာလဲ.. မင်း ဘာတွေတွေးနေတာလဲ..”

လူလတ်ပိုင်းက အသံပိုပိုကျယ်လာပြီး ဈေးသွားဈေးလာတွေရဲ့အာရုံကို ဆွဲယူလိုက်သဖြင့် လူငယ်က ပြုတ်ကျသွားသည့်နားကြပ်ကို ကောက်ယူကာ ဈေးထဲကနေထွက်သွားခဲ့သည်။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now