Chapter (143+144+145)

1K 218 16
                                    

Chapter (143) လူ ၃ ဦး

ဝမ်ဟိုင်လုံပြောသည့်လိပ်စာကိုကြားတော့ ချန်ကော အံ့အားသင့်သွားသည်။

"မင်းတို့ပြောတဲ့တိုက်ခန်းက လူနေထူထပ်တဲ့နေရာမှာရှိပြီး အမှိုက်တွေနဲ့ရှုပ်ပွနေတဲ့ တိုက်ခန်းအဟောင်းကြီးမဟုတ်လား.."

"အစ်ကို အဲ့နေရာကို ရောက်ဖူးလား.." ဝမ်ဟိုင်လုံက တအံ့တသြပြန်မေးလိုက်သည်။

"ငါ မနေ့ကမှ အဲ့ဒီနေရာကနေ ပြန်ရောက်လာတာ.."

ဒါက တိုက်ဆိုင်တာမဖြစ်နိုင်ဟု ချန်ကောတွေးနေသည်။

"ဒါဆိုလည်း ကောင်းတာပေါ့... ကျွန်တော့်အဖေက ခေါင်းမာတဲ့စရိုက်ရှိလို့ ကျွန်တော်တို့ အောက်ထပ်လှေကားခြေရင်းမှာ ဆုံပြီးမှ အပေါ်ထပ်ကို အတူတက်သွားကြတာပေါ့.."

ဒီလိုစီစဉ်ပြီး ထိုညီအစ်ကို ပြန်သွားကြသည်။ ဝမ်ရှန့်လုံ၏အိမ်က တတိယဖျားနာဆောင်ရှိသည့် စိတ္တဇဆေးရုံနားမှာရှိသည်။ ဟိုနေ့ တိုက်ခန်းမှာ သူတွေ့ခဲ့တဲ့မကောင်းဆိုးဝါးက တတိယဖျားနာဆောင်ကလွတ်လာတဲ့ မကောင်းဆိုးဝါးဖြစ်နိုင်သည်။

တကယ်လို့ ဝမ်ရှန့်လုံရဲ့အိမ်မှာရှိတဲ့ မကောင်းဆိုးဝါးကသက်သက် ဆေးရုံကလွတ်လာပြီး ဟိုင်မင်တိုက်ခန်းမှာရှိတဲ့ မကောင်းဆိုးဝါးကသက်သက်ဆိုရင် ဒီမကောင်းဆိုးဝါးနှစ်ကောင်က ဟိုင်မင်တိုက်ခန်းမှာ အတူတူနေထိုင်ဖို့ ရွေးချယ်တာဖြစ်နိုင်သည်။

ရုတ်တရက် အခန်း 302 က ကောင်လေးပြောပြသည့် ဝမ်ဟိုင်မင်၏ကိုယ်ထဲက စကားပြောပြီး ငြင်းနေသည့် အသံနှစ်ခုဆိုတာကို သတိရလိုက်သည်။ ဝိညာဉ်တစ်ကောင်က သူတို့သာအနီရောင်အငြှိုးအတေးဝိညာဉ်ကို မကြောက်ဘူးဆိုရင် သူတို့အသတ်ခံရနိုင်သည်ဟု ပြောခဲ့သံကို ကြားခဲ့ရတယ်တဲ့။

ဒီဟာသာမှန်ရင် ဟိုင်မင်တိုက်ခန်းက မကောင်းဆိုးဝါးက ဝမ်ရှန့်လုံ၏အိမ်မှာရှိသည့် အကောင်ကို ကြောက်နေတာပေါ့။ အဲ့ဒီကောင်က ကျန်းယာ့နဲ့အဆင့်တူတဲ့ကောင်လို့ ပြောရမလား..? ဝမ်ရှန့်လုံက ဟိုင်မင်တိုက်ခန်းမှာ ကြောက်စရာအကောင်းဆုံးသူ ဖြစ်နေမလား..?

ဒီမေးခွန်းက ရှုပ်လို့ ချန်ကောက သရဲအိမ်ရှေ့မှာထိုင်ပြီး စဉ်းစားနေသည်။ ဝမ်ဟိုင်မင်ကိုပူးကပ်ခဲ့တဲ့ မကောင်းဆိုးဝါးက အကြောင်းတစ်ခုကြောင့် ဟိုင်မင်တိုက်ခန်းကနေ ထွက်သွားဖို့ ကြောက်နေပုံရသည်။ ဒါကြောင့် သူက အခန်း 302 ကကောင်လေးကို ခြိမ်းခြောက်ပြီး စာကလေးသွေး၊ ခွေးသွေးတွေကို အတင်းရှာဖွေစေပြီး သူ့အတွက်အစားအစာကို ရှာဖွေစေခဲ့တာဖြစ်နိုင်သည်။ ဟိုင်မင်တိုက်ခန်းက မကောင်းဆိုးဝါးက သူ့သရဲအိမ်ထဲက မှန်ထဲကထွက်လာတဲ့ကောင်နဲ့တူပြီး ဒီတစ်ကောင်က သတိပိုကြီးသည်။ ဒီဟိုင်မင်တိုက်ခန်းက မကောင်းဆိုးဝါးကတောင် ကြောက်ရတဲ့ ဝမ်ရှန့်လုံအိမ်က မကောင်းဆိုးဝါးက အနီရောင်မဟုတ်ရင်ဆောင် အတော်ဆိုးတဲ့ကောင်ဆိုတာ သေချာသည်။ သူက သာမန်ဝိညာဉ်ထက် အများကြီးသန်မာလောက်သည်။

ဒါဆိုရင် တတိယဖျားနာခန်းမက ဘယ်လိုနေရာကြီးလဲ..? ဒီထဲမှာ ဘယ်လိုကြောက်စရာကောင်းတဲ့ ဝိညာဉ်တွေကို ဘယ်လောက်များများ ချိပ်ပိတ်ထားတာလဲ..?

တတိယအဆင့် ဆက်တင်ပင် ဒီလောက်ကြောက်စရာကောင်းရင် ကြယ်လေးပွင့်အဆင့် "School of Aftelife" ဆိုရင် ဘယ်လောက်ခက်လိုက်မလဲ။

ချန်ကောက ထရပ်ကာ ဒေါက်တာကောင်းဆီ ဖုန်းဆက်လိုက်သည်။ Dr. ကောင်း မအားရင် သူ့ဘာသာသွားလိုက်မည်ဟု တွေးနေသည်။

"Hello.. ချန်ကော.. ငါ မင်းကို ဘာကူညီရမလဲ.."

"ဘာမှမဟုတ်ပါဘူး.. မန်နန်နေကောင်းရဲ့လားလို့ မေးချင်လို့ပါ.."

"တစ်ရက်နားပြီးတော့ တော်တော်သက်သာလာပြီ.. ဒါပေမယ့် အခြေအနေက အကောင်းကြီးတော့ မဟုတ်သေးဘူး.. မမျှော်လင့်ဘဲ ပိုဆိုးသွားမှာပဲ ငါစိုးရိမ်နေရတာ.."

"ဒီလိုမဖြစ်နိုင်ပါဘူး.."

မန်နန်၏ရင်ထဲက ပြဿနာအရင်းအမြစ်ကို ဖြေရှင်းလိုက်ပြီဖြစ်လို့ တဖြည်းဖြည်းပြန်ကောင်းလာမှာ သေချာသည်။ သူ့ဖုန်းအနက်ပင် mission ပြီးမြောက်ကြောင်း သတင်းပို့ပြီးပြီမဟုတ်လား။

"ငါပြောတာကို နားထောင်ဦး.. မန်နန်ရဲ့အခြေအနေကို စောင့်ကြည့်ရင်း တခြားစိတ်ရောဂါလက္ခဏာရပ်ကို ငါထပ်တွေ့ခဲ့ရတယ်ကွ.."

ဒေါက်တာ Goo က ခဏရပ်ပြီး ဆက်ရှင်းပြခဲ့သည်။

"မန်နန်ရဲ့ကိုယ်ထဲမှာ အသိစိတ် ၃ ခုကို ငါတွေ့ခဲ့ရတယ်.. တစ်ခုက ငါတို့နေ့တိုင်းတွေ့ခဲ့တဲ့ မန်နန်ပဲ.. ဒုတိယတစ်ယောက်က မန်နန်ရဲ့အမေပဲ.. ကြည့်ရတာ သူငယ်ငယ်က သူ့ရှေ့မှာအသတ်ခံလိုက်ရတဲ့ အမေရဲ့ကိုယ်ပွားတစ်ခုကို မန်နန်ရဲ့အသိစိတ်ထဲ ဖန်တီးလိုက်ပုံရတယ်.. ကိုယ့်ကိုယ်ကို ကာကွယ်တဲ့သဘောပေ့ါ.."

"တတိယတစ်ယောက်က ဘယ်သူလဲ.."

"သူပေါ်လာတဲ့အချိန်က အရမ်းတိုလို့ ငါက သူနဲ့ပတ်သက်တဲ့ အချက်အလက် ဘာမှမရလိုက်ဘူး.. သူရှိနေတယ်ဆိုတာကိုပဲ အတည်ပြုနိုင်ခဲ့တယ်.. အဲ့ဒီလူက ထူးခြားတယ်.. အဲ့ဒီလူရဲ့စိတ်က မဖွံ့ဖြိုးသေးဘူး.. ကြည့်ရတာ မန်နန်က ကလေးဘဝကစိတ်အခြေအနေထဲမှာ ရှိနေသေးတဲ့ပုံပဲ.. သူ့ကို ငါ ဆက်သွယ်လို့မရသေးဘူး.. ဒီလူက မန်နန်ကို ထိန်းချုပ်နေတဲ့အချိန်ဆိုရင် မန်နန်ဆီမှာ စိတ္တဇရောဂါသည် လက္ခဏာတွေ နှစ်ဆတိုးပေါ်လာခဲ့တယ်.."

"ဒါဆိုရင် မန်နန်ရဲ့အခြေအနေက အဲ့ဒီတတိယလူနဲ့ ဆက်စပ်နေတာပေါ့.."

"ဟုတ်တယ်.. အဲ့ဒီလူလို အရည်အသွေးမျိုးကို ငါမမြင်ဖူးသေးဘူး.. ဒီလိုအရည်အသွေးကို ထိန်းသိမ်းထားတာက စိတ်ရောဂါဝေဒနာကနေ ပြန်လည်နာလန်ထူတဲ့ဖြစ်စဉ်ကို အရမ်းခက်ခဲစေတယ်.. ငါတို့ရဲ့ ပုံမှန်ကုသမှုက သူ့ရဲ့ပုံမှန်အရည်အချင်းကို တိုးတက်စေပေမယ့် တစ်ဖက်က ထူးချွန်တဲ့အရည်အသွေးတွေကို ယုတ်လျော့စေလိမ့်မယ်.. ငါက မန်နန်ရဲ့ စိတ်ပညာနဲ့ပတ်သက်ပြီး ထိုးထွင်းသိမြင်တတ်တဲ့ပါရမီကို ဖျက်ဆီးမိမှာ စိုးမိတယ်.. ဒါကြောင့် တခြားပညာရှင်တွေနဲ့ တိုင်ပင်ကြည့်တော့ သူတို့က မန်နန်အတွက် အထူးကုသမှုနည်းလမ်းကို ချမှတ်ပေးနိုင်လိမ်မယ်လို့ ငါမျှော်လင့်နေရတာပဲ.."

ဒါဆိုရင် မန်နန်ကို ပျောက်အောင်ကုသလိုက်နိုင်ရင် သူ့ရဲ့ထိုးထွင်းသိတတ်တဲ့ပါရမီကို ဆုံးရှုံးရမယ့်သဘောရှိသည်။ ဒေါက်တာကောင်းက ဖုန်းတစ်ဖက်မှာ အလုပ်ရှုပ်နေပုံရလို့ ချန်ကောက ဝမ်ရှန့်လုံအကြောင်းကို မပြောလိုက်တော့ပေ။

"ကောင်းပါပြီ.. မန်နန်ပြန်သက်သာလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်.."

ချန်ကော နှုတ်ဆက်ကာ ဖုန်းချလိုက်သည်။

"နေဦး.. မင်း ငါ့ကိုဖုန်းခေါ်တာ ကိစ္စတစ်ခုရှိလို့မဟုတ်လား.. မန်နန်က လောလောဆယ် ကုသမှုပေးထားလို့ အားနည်းနေတာကလွဲရင် ငါဘာမှ အလုပ်မရှုပ်သေးဘူး.. မင်းရဲ့ကိစ္စက ဘာလဲ.."

ဒေါက်တာကောင်းက ချန်ကောဖုန်းမချခင် အမြန်ပြောခဲ့လို့ ချန်ကောလည်း ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။

"ကောင်းပြီ.. ဒီည ငါလည်းလိုက်ခဲ့မယ်.. မန်နန်ရဲ့ရောဂါက ဟိုင်မင်တိုက်ခန်းကစတယ်ဆိုတော့ ငါတစ်ခုခုရှာတွေ့ရင် သူ့ကိုကုတဲ့နေရာမှာ အထောက်အကူပြုနိုင်တယ်.."

"ကျေးဇူးတင်ပါတယ် ဆရာ.."

"ကျေးဇူးတင်စရာမလိုပါဘူးကွာ.. မင်းအကြောင်းကို ငါ့သမီးဆီက ငါကြားပြီးပြီ.. မင်းက စိတ်ပညာရှင်တစ်ယောက်အနေနဲ့ မင်းသိထားတဲ့ဗဟုသုတနဲ့ ငါ့ထက်ပိုပြီး လူတွေကိုကူညီပေးချင်စိတ်ရှိတယ်.. ဒီဟာက ငါ့ဘာသာ အရှက်ရစေမိတယ်.."

"စိတ်ပညာရှင် ဟုတ်လား.. ကောင်းဂူရွှယ်က ကျွန်တော့်ကို ဒီလိုရည်ညွှန်းခဲ့တာလား.."

ဒီစကားကိုကြားတော့ ချန်ကော ရယ်ရမလို ငိုရမလို ဖြစ်နေမိသည်။ တဖက်လူက သူ့ကို မှားယွင်းထင်နေကြတာကိုး။

"မင်းရဲ့သရဲအိမ်ထဲက အဆင်အပြင်တွေက စိတ်ပညာကိုအသုံးချထားတာပဲ.. ဒါကိုကြည့်ရင် မင်းက စိတ်ပညာကို လေ့လာထားတယ်ဆိုတာ ထင်ရှားတယ်.. ငါလည်း နောက်ကြုံရင် သရဲအိမ်ထဲ ဝင်လေ့လာပါဦးမယ်.."

ဒေါက်တာကောင်းက ရယ်ရင်းပြောခဲ့သည်။

"ဒေါက်တာက မြှောက်လွန်းနေပါပြီ.."

သူက စိတ္တဇဆရာဝန်ဝတ်စုံကိုဝတ်ပြီး ဒေါက်တာကောင်းကို သရဲအိမ်ထဲ နာရီဝက်လောက်ခြောက်လှန့်ရရင် သူ့စိတ်တွေ ပြိုလဲကုန်လောက်သည်ဟုတွေးကာ ချန်ကော ချွေးပြန်လာသည်။

"စိတ်ပညာဆိုတာ လေ့လာစရာ အများကြီးရှိတယ်.. လူနာတွေအတွက် စိတ်အားထက်သန်စွာနဲ့ ကူညီပေးချင်သူက သိပ်မရှိကြဘူး.. မင်းက ဝမ်ရှင်းနဲ့ မန်နန်ရဲ့စိတ်ထဲက စွဲနေတဲ့စိတ်ဒဏ်ရာကို ဖြေလျော့ပေးပြီး သက်သာလာအောင်လုပ်ပေးခဲ့တယ်.. သူတို့ကိုယ်စား ငါက မင်းကို ကျေးဇူးတင်နေခဲ့တာ.. အခု မင်းက ငါ့ကို အကူအညီတောင်းတာကြားရတော့ တကယ်စိတ်ထဲ ပီတိဖြစ်မိတယ်.."

ဒေါက်တာကောင်းက ချန်ကောကို ချီးကျူးစကားပြောပြီး ဖုန်းချလိုက်သည်။ ချန်ကောရဲ့ဘဝမှာ တကယ့်စိတ်ရင်နဲ့ချီးကျူးတာ ခံလိုက်ရလို့ ကိုယ့်ဘာသာ အတော်လေးကို ပီတိဖြစ်ကာ ဂုဏ်ယူသွားမိသည်။

**-***

Chapter (144) ငါတို့အားလုံးက မကောင်းဆိုးဝါးတွေချည်းပဲ

နေ့လည်စာစားပြီးချိန် ချန်ကော သရဲအိမ်တံခါးဖွင့်လိုက်တော့ ရွှီဝမ်ကို တံခါးနားမှာထိုင်နေတာ တွေ့လိုက်ရသည်။

"မင်းဒီမှာ ဘာလုပ်နေတာလဲ.."

"ဘော့စ်.. ဘယ်အချိန်က ကြောင်ကို ခေါ်လာတာလဲ.. သူမက အရမ်းလှပေမယ့် ကျွန်မကို အထိမခံဘူး.. ကျွန်မက သူ့ကို ပွေ့ကြည့်ချင်တာကို.."

"မလုပ်နဲ့.. ကြောင်က ရိုင်းတယ်.. လူအကိုင်မခံဘူး.."

ချန်ကော အထဲဝင်လာရင်းပြောတော့ ကြောင်က ဒေါသထွက်ဟန်မပြပေမယ့် ချန်ကောနဲ့မထိချင်သလို တဖက်ကိုခုန်ထွက်သွားသည်။

"ဘော့စ်ကိုကျတော့ ကြောင်က ဘာကြောင့်ရန်မလုပ်တာလဲ.."

"ငါက ယုံကြည်ရတဲ့ ဂုဏ်ယူစရာလူဖြစ်လို့နေမှာပေါ့.."

ချန်ကောက ပျင်းရိစွာနဲ့ အိပ်ယာထက်မှာထိုင်ရင်း ပြောလိုက်သည်။

"မင်း နားချင်သေးလား.."

"ဟင့်အင်း.. ဘော်စ် တရေးအိပ်ချင်အိပ်လေ.. 1 နာရီ 15 ကျရင် ကျွန်မလာနှိုးလိုက်မယ်.. ဒါနဲ့ ဒီကြောင်ဖြူလေးရဲ့နာမည်က ဘာလဲ.."

"ငါ သူမကို နာမည်မျိုးစုံပေးပေမယ့် သူက ကြိုက်ပုံမရဘူး.. ငါက သူ့ကို ကျားဖြူလို့ခေါ်လိုက်မှ တုံ့ပြန်လာလို့ ကျားဖြူလို့ပဲ ပေးထားတယ်.."

"ဘော့စ်က တကယ်ကြီး ကြောင်ကို ကျားဖြူလို့ နာမည်ပေးထားတယ်ပေါ့.. ကောင်းပါပြီ.. ဘာ့စ်စိတ်ချမ်းသာသလိုသာ ခေါ်ပါတော့.."

ရွှီဝမ်က သူမကို ချန်ကောနောက်နေတယ်ပဲ ထင်နေသည်။

ရွှီဝမ်ထွက်သွားတော့ ချန်ကောက ကြောင်ဖြူလေးကို လေ့လာနေသည်။ ဒီကြောင်က ဝိညာဉ်တွေကိုမြင်နိုင်တဲ့အပြင် ရှောင်ရှောင်းလိုဝိညာဉ်တောင် ဒီကြောင်ကိုကြောက်နေသည်။ ဒီကြောင်က သူ့အတွက် အသုံးဝင်တဲ့ဝှက်ဖဲ ဖြစ်လာနိုင်သည်။ သူက ချန်ကောရဲ့အမိန့်ကိုလည်း နားလည်ကာ လိုက်နာသေးသည်။ တစ်ညလောက်ရင်းနှီးသွားပြီးရင် ကြောင်က သူ့ကို စိမ်းတော့မည်မဟုတ်ပေ။ ဒီကြောင်က အရမ်းဉာဏ်ကောင်းပြီး အကောင်းအဆိုးကို ခွဲခြားသိတတ်သည်။

"မင်းရဲ့ကလေးတွေက အသက်မရှိတော့ဘူး.. မင်း သူတို့ကို ဆက်စောင့်ကြည့်နေလည်း ဘာမှဖြစ်မလာနိုင်တော့ဘူး.."

ချန်ကောက ပြောပြီး ကြောင်သေ ၄ ကောင်ထည့်ထားသည့်ခြင်းလေးကို ကောက်ကိုင်လိုက်စဉ် ကြောင်ဖြူမလေးလည်း နောက်ကလိုက်လျှောက်ကာ သရဲအိမ်က ထွက်လာခဲ့သည်။

ချန်ကောက သစ်ပင်မြင့်မြင့်တစ်ပင်အောက်မှာ တွင်းတူးပြီး ကြောင်သေလေးတွေကို မြှုပ်ပေးလိုက်သည်။ ကြောင်မကြီးက စိတ်ထဖောက်မှာကိုကြောက်လို့ ကြည့်ရသေးသည်။

"မင်းနာကျင်ခံစားနေရတာကို ငါနားလည်ပါတယ်.. မင်းနားလည်ထားရမှာက သတ္တဝါတွေက သေလွန်သွားပြီးရင် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းထဲကို ရောက်သွားကြတယ်.. ဒီလိုနဲ့ သူတို့က သဘာဝလောကြီးထဲ ပြန်ရောက်သွားကြတယ်လေ.."

ကြောင်က သူ့စကားကို နားလည်မလည် မသိပေမယ့် ကြောင်လေးတွေပါတဲ့ခြင်းလေးက မြေကြီးအောက်ကို တဖြည်းဖြည်းရောက်သွားတာကြည့်ပြီး ကြောင်ဖြူမလေးရဲ့မျက်ဝန်းက နည်းနည်းပြောင်းလဲသွားသလို ထင်ရသည်။ သူက ထပြီးမတိုက်ခိုက်ဘဲ ဝမ်းနည်းပြီး ငြိမ်သက်နေသလိုထင်ရသည်။

နောက်ဆုံးမြေစာတွေကို တွင်းထဲဖို့ပြီးနောက် ကြောင်ဖြူမလေးက သစ်ခေါင်းထဲပြေးဝင်ကာ ချန်ကောဘယ်လောက်ခေါ်ခေါ် ထွက်မလာတော့ပေ။ ချန်ကောလည်း သူပျော်သလိုနေပါစေဆိုပြီး လက်ဆေးကာ အလုပ်ဆက်လုပ်ဖို့ သရဲအိမ်ထဲဝင်လာခဲ့သည်။

ဧည့်သည်တွေက တဆင့်ချင်းခက်ခဲသွားတဲ့ သရဲအိမ်ရဲ့ဆက်တင်တွေရဲ့ ဆွဲဆောင်မှုကြောင့် သိသိသာသာ ပိုများလာကြသည်။ ခက်ခဲတာကိုမှ စိန်ခေါ်ချင်သူက ပိုများတဲ့လူ့သဘာဝကြောင့်ဖြစ်သည်။

သရဲအိမ်ပိတ်တော့ ချန်ကောက အန်ကယ်ရွှီနှင့်အတူ ဒါရိုက်တာလျှိုကိုတွေ့ကာ စတိုခန်းထဲက CCTV စာင့်ကြည့်ကင်မရာတွေကို သွားယူခဲ့သည်။ အန်ကယ်ရွှီနဲ့ ရွှီဝမ်ကို အရင်ပြန်ခိုင်းပြီး သူက မုယန်အထက်တန်းကျောင်းဆက်တင်ထဲ ကင်မရာတွေလိုက်ဆင်လိုက်သည်။

ကင်မရာဆင်ပြီးချိန်မှာ ည ၈ နာရီထိုးသွားလေပြီ။ သူက ခြေလက်ဆေးကာ ဒေါက်တာကောင်းနှင့် ဝမ်ဟိုင်လုံတို့ကိုခေါ်ပြီး ဟိုင်ဝမ်တိုက်ခန်းကို Taxi နဲ့လာခဲ့သည်။ သူတို့က ကြိုရောက်နှင့်နေကြသည်။

လူ့စိတ်သဘာဝကို ကောင်းကောင်းနားလည်သော ဒေါက်တာကောင်းက ဝမ်ညီအစ်ကို၏ချစ်ခင်မှုကို ရရှိထားနှင့်ပြီး ပျော်ရွှင်စွာစကားပြောနေကြသည်။

"ကျွန်တော့်အဖေနဲ့ ရှန့်လုံက ခြောက်လွှာမှာနေကြတယ်.. အဖေ့ကို ကျွန်တော်တို့လာလည်မယ်ဆိုတာ နေ့လည်ကတည်းက ဖုန်းဆက်ထားပြီးသားဗျ.."

သူတို့ အတူတကွ အပေါ်ကိုတက်လာတော့ တတိယထပ်ကိုရောက်ချိန် ချန်ကောနှာခေါင်းထဲ ပုပ်အဲ့အဲ့အနံ့ကို ထပ်ရပြန်သည်။ ကျန်လူတွေက ဒီအနံ့ကို သတိပြုမိပုံမပေါ်ပေ။ သူတို့က ဝမ်ရှန့်လုံအကြောင်းကို စိတ်ဝင်တစား ဆွေးနွေးနေကြသည်။

ဒီအပုပ်နံ့က ဘယ်ကရောက်လာတာလဲ..

ပထမ ဒီအနံ့က ငှက်သေတွေကြောင့်လို့ ထင်ခဲ့ပေမယ့် အခန်း 302 က ငှက်သေတွေကို ပစ်ပြီးလောက်ပါပြီ။ အပုပ်နံ့က ဘာကြောင့် ဆက်ရှိနေသေးတာလဲ..

အခန်း 601 ကိုရောက်တော့ တံခါးခေါက်လိုက်စဉ် ငွေမင်ရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူက လာဖွင့်ပေးခဲ့သည်။

"အဖေ.. ဒီသရဲအိမ်ပိုင်ရှင်က တူညီတဲ့အတွေ့အကြုံရှိတယ်.. ဒီပုဂ္ဂိုလ်က ကုတ်ကျန်းမြို့က အကောင်းဆုံး စိတ်ရောဂါကုဆရာဝန်ပါ.."

"ကျေးဇူးပြုပြီး ဝင်ကြပါ.."

အခန်းထဲကပစ္စည်းတွေက ပြည့်နေပြီး အခန်းက ကျဉ်းသလိုထင်ရသည်။

"သားတွေက ခင်ဗျားတို့ ကုပေးနိုင်တယ်လို့ ပြောခဲ့တယ်.. ရှန့်လုံက အိပ်ခန်းထဲမှာ အိပ်ပျော်နေတယ်.. သားလေးရဲ့ရောဂါကိုသာ ပျောက်အောင်ကုနိုင်မယ်ဆိုရင် ကုန်ကျစရိတ်က ဘယ်လောက်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး.."

ထိုလူကြီးက သူ့အသက်ထက် အိုစာနေပုံရသည်။

"ကျွန်တော်တို့ ရှန့်လုံကို တွေ့လို့ရမလား ခင်ဗျာ.."

ချန်ကောက လူအုပ်ကြီးရဲ့နောက်ဆုံးက ရပ်နေပေမယ့် တိုက်ခန်းတံခါးဖွင့်လိုက်ချိန် ပုပ်အဲ့အဲ့အနံ့က သူ့ဆီထိ ရိုက်ခတ်လာခဲ့သည်။ ကျန်လူအားလုံးက အပုပ်နံ့ကို သတိမထားမိသလိုပင်။ သူတစ်ယောက်တည်း ဘာကြောင့် အပုပ်နံ့ရနေတာလဲ။

"ကောင်းပြီ.. ခင်ဗျားတို့စိတ်ကို ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်.."

ထိုလူက ပြောပြီး အိပ်ခန်းတံခါးကိုဖွင့်လိုက်စဉ် ပြင်းထန်လှသည့်အပုပ်နံ့က အလုံးအရင်းနှင့် ဆောင့်ထွက်လာလို့ ချန်ကောက အလိုလျောက် တုံ့ပြန်သည့်အနေဖြင့် နှာခေါင်းကို လက်နှင့်အုပ်လိုက်မိသည်။

'ဒီဟာနားမကပ်နဲ့.. သူက အန္တရာယ်ရှိတယ်' လို့ အနံ့တွေက ပြောနေသလိုထင်ရသည်။

အိပ်ခန်းလေးက ကျဉ်းကာ ဘာပရိဘောဂမှ သိပ်မရှိပေ။ ကြမ်းပြင်မှာ ကော်ဇောခင်းထားပြီး အခန်းထောင့်တွေမှာ ခေါင်းအုံးတွေစီချထားသည်။ လူရဲ့အာရုံကို အဆွဲဆောင်ဆုံးက အခန်းလယ်မှာထိုင်နေသည့် လူတစ်ယောက်ဖြစ်သည်။

အရပ် 1.5 မီတာလောက်မြင့်ပြီး အဝလွန်နေသည့်လူတစ်ယောက်က ပုံ့ပုံ့ကြီးထိုင်နေသည်။ သူ့ပုံစံက လူဆိုတာထက် အသားတုံးကြီးနဲ့ပိုတူနေသည်။

လူတွေဝင်လာတာတွေ့တော့ သူ့လက်ကို ခက်ခက်ခဲခဲမြှောက်ကာ ယမ်းပြလိုက်သည်။

"ရှန့်လုံက စကားမပြောတတ်ပေမယ့် ကျန်တာက သာမန်လူလိုပဲ.. ခင်ဗျားတို့မေးချင်တာမေးပါ.. သူက စာနဲ့ရေးပြီး ပြန်ဖြေလိမ့်မယ်.."

*---*

Chapter (145) အားလုံးက မကောင်းဆိုးဝါးတွေချည်းပဲ

ဝမ်ရှန့်လုံ၏ဖခင်က ဒေါက်တာကောင်းနှင့် ချန်ကောတို့အမူအယာကို အကဲခတ်နေသည်။ သူများတွေက သူ့သားကို အထူးအဆန်းသတ္တဝါလို သဘောထားတာမြင်ရတိုင်း ဖခင်ပီပီ စိတ်ထိခိုက်ရသည်။ ဒါပေမယ့် ဒီလူနှစ်ယောက်က သူ့သားကို သာမန်ကဲ့သို့သာကြည့်နေသည်ကို မြင်လိုက်ရသည်။

"လေ့ကျင့်ခန်းလုပ်တာက နှလုံးရဲ့ကျန်းမာရေးကို ပိုကောင်းစေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးတယ်.."

ဒေါက်တာကောင်းက ဖိနပ်ချွတ်ကာ ရွံရှာဟန်မပြဘဲ ဝမ်ရှန့်လုံဘေးမှာ ဝင်ထိုင်ကာ ပြောလိုက်သည်။

ဝမ်ရှန့်လုံက ဒေါက်တာကောင်းကိုမကြောက်ဘဲ တတ်နိုင်သမျှကြိုဆိုကြောင်းပင် ပြသလိုက်သေးသည်။ သူတို့နှစ်ယောက်က ချက်ချင်း အပေးအယူမျှကာ ခင်မင်သွားကြသည်။

ချန်ကောက ဖိနပ်ချွတ်ကာ ခြေတစ်လှမ်းပဲဝင်ရစဉ် အခြေအနေက ပြောင်းလဲသွားသည်။ သူ့ပိုင်နက်ထဲကို အန္တရာယ်ရှိသည့်သားကောင် ဝင်လာသည်ကို ရင်ဆိုင်ရသည့်ပုံစံလို ဝမ်ရှန့်လုံ၏အမူအယာက ပြောင်းလဲသွားခဲ့သည်။

ဝမ်ရှန့်လုံဘေးကထိုင်နေသည့် ဒေါက်တာကောင်းက ဒါကို ချက်ချင်းသတိပြုမိကာ ချန်ကောကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။ ချန်ကောလည်း စိတ်ရှုပ်သွားသည်။

ဝမ်ရှန့်လုံက သူ့ဆီကနေ ဘာကိုခံစားမိလိုက်တာလဲ..? သူ့ကိုယ်က ကြောင်ရဲ့အနံ့ကိုလား..၊ ကျန်းယာ့တည်ရှိတာကို အာရုံခံမိလို့လား..။ ဝမ်ရှန့်လုံရဲ့ ပုံမှန်မဟုတ်တဲ့မျက်ဝန်းထဲက အရိပ်ကို သူ သေချာသိလိုက်လို့ ချန်ကောက နောက်ကိုဆုတ်လိုက်သည်။

"သူစိမ်းတွေ ရုတ်တရက်ရောက်လာလို့ သူက စိတ်လှုပ်ရှားသွားတာပါ.."

ဒေါက်တာကောင်းက အခြေအနေကို ဖာထေးကာ ပြောလိုက်ပြီး professtional ပီသစွာ ဝမ်ရှန့်လုံရဲ့စိတ်ရောဂါနဲ့ပတ်သက်တဲ့ တခြားအကြောင်းအရာကို ပေါ့ပေါ့ပါးပါး ပြောနေခဲ့သည်။ ဝမ်ရှန့်လုံရဲ့အမူအရာလည်း ပြန်လည်ပြေလျော့သွားခဲ့သည်။

ဒေါက်တာကောင်းက ဝမ်ရှန့်လုံ၏ နေ့စဉ်လုပ်ဆောင်မှု၊ ဝါသနာနှင့် ငယ်ဘဝအကြောင်းကို ပေါ့ပါးစွာမေးရင်း ရောဂါဖြစ်သည့်ရာဇဝင်နှင့် ငယ်ဘဝမှတ်ဉာဏ်ကို ပါးနပ်စွာရယူနေသည်။ ချန်ကောလည်း တိတ်ဆိတ်စွာနားထောင်ရင်း အကဲခတ်နေသည်။

ဝမ်ရှန့်လုံနှင့် စကားပြောတာ မိနစ် 40 ကြာခဲ့ပေမယ့် ဝမ်ရှန့်လုံက တက်ကြွပျော်ရွှင်နေပြီး ပင်ပန်းပုံမပေါ်ပေ။ သူ့ကိုကြည့်ရတာ အခုလို သူ့ကိုအဖော်ပြုပြီး စကားပြောပေးနေတာကို သဘောကျပုံရသည်။

သူက စိတ်ရောဂါသည်နှင့်မတူဟု ဒေါက်တာကောင်း မှတ်ချက်ချလိုက်မိသည်။ ဒီလောက်ကြာကြာ စကားပြောနေပေမယ့် ဝမ်ရှန့်လုံ၏စိတ်က ရှင်းလင်းကာ ကြည်လင်နေသေးသည်။ စကားပြောရတာနှစ်သက်ပြီး ကုသမှုခံယူလိုကြောင်းလည်း ပြသသည်။ ဝမ်ရှန့်လုံ၏မိသားစုက ဒါကိုမြင်ပြီး ကျေနပ်နေကြသည်။ မြင်ရုံနဲ့ ဝမ်ရှန့်လုံက ကြင်နာတတ်ပြီး အန္တရာယ်မပြုတတ်တဲ့ကလေးဆိုတာ သိသာသည်။

စကားပြောပြီးနောက် ဒေါက်တာကောင်းက ဝမ်ရှန့်လုံ၏ဖခင်ကို တဖက်သို့ဆွဲခေါ်ကာ ပြောလိုက်သည်။

"ဒီကလေးက ပုံမှန်ပါပဲ.. သူ့မှာ စိတ်ရောဂါဖြစ်နေတဲ့လက္ခဏာ မရှိဘူး.. သူ့ဆီက ဖုံးကွယ်ထားတာ ဘာမှမရှိလို့ ကျွန်တော် ကုသပေးလို့မရတာ စိတ်မကောင်းပါဘူး.."

စိတ္တဇရောဂါသည်အများစုက ပုံမှန်မှာ သာမန်လူနှင့်ခွဲမရသလို ထင်ရပေမယ့် သူတို့က နားမလည်နိုင်သည့်အပြုအမူကို လုပ်လိုက်မှ စိတ္တဇဝေဒနာသည်ဆိုတာ သိရသည်။

"ဒီကလေးက စကားပြောဖို့ငြင်းဆန်တာကလွဲရင် သာမန်လူလိုပါပဲ.."

ကလေးအဖေက ပြောလိုက်သည်။

"ဒီကလေးက ရုတ်တရက် စကားပြောနိုင်စွမ်း ဆုံးရှုံးသွားခဲ့တာ.. သူပြောပြတဲ့အကြောင်းအရ တကယ်ကောဟုတ်ရဲ့လား.."

"တကယ်ဟုတ်မဟုတ် ကျွန်တော်လည်းမသိဘူး.. တခြားဆရာဝန်အများကြီးက ဒီအချက်ကို အတည်မပြုနိုင်ကြဘူး.."

"ဒါက အမှန် ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီမတော်တဆဖြစ်ရပ်က အရမ်းအရေးကြီးတယ်.. နှစ်များစွာကြာခဲ့တာတောင် သူက အသေးစိတ်ကို မှန်မှန်ကန်ကန် ပြန်ပြောနိုင်တုန်းပဲ.. ဒီဟာကို ဖြေရှင်းနိုင်ရင် သူစကားပြန်ပြောလာနိုင်မှာပါ.."

"ဒါပေမယ့် ဒီကိစ္စက ဖြစ်ပြီးသွားခဲ့တာကြာပြီ.. ဒါကို ဘယ်လိုဖြေရှင်းနိုင်မှာလဲ.."

ဝမ်ဟိုင်လုံက ဝင်မေးလိုက်သည်။

"လူတွေရဲ့အိပ်မက်က တကယ့်ဘဝအစစ်ကို ထင်ဟပ်သလိုပဲ.. စိတ်ကူးယဉ်ပြီးပြောနေတယ်ဆိုရင်တောင် အသေးစိတ်အချက်အလက်တွေက သဲလွန်စတွေအများကြီးပါဝင်နိုင်တယ်.."

ဒေါက်တာကောင်းက ဝမ်ရှန့်လုံနှင့်မေးမြန်းချက်ကို ပြန်ကြည့်ကာ ဆက်ပြောလိုက်သည်။

"လောလောဆယ် ကျွန်တော် ဘာကတိမှမပေးနိုင်သေးပေမယ့် အကောင်းဆုံးကြိုးစားပေးပါ့မယ်.."

"ဒေါက်တာ.. ရှန့်လုံကိုသာ ကုသနိုင်မယ်ဆိုရင် ဘယ်လောက်ကုန်ကုန် ကိစ္စမရှိပါဘူး.."

"ကျွန်တော်က လုံးလုံးကုနိုင်မယ်လို့ ယုံကြည်မှုသိပ်မရှိဘူး.. ဘာကြောင့်လဲဆိုတော့ သူက နှစ်ပေါင်းများစွာ စကားမပြောဘဲ နေခဲ့တာဆိုတော့ စကားလုံးတွေက သူ့အတွက် ခက်ခဲလိမ့်မယ်.. အခုလောလောဆယ် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာထက် ရုပ်ပိုင်းဆိုင်ရာ အဝလွန်နေတာက ကျန်းမာရေးကိုထိနေပြီး သူ့အသက်အတွက် အန္တရာယ်ရှိနေတယ်.."

"ကျွန်တော်တို့လည်း တိုက်တွန်းပေမယ့် သူက အပြင်ထွက်ရတာကို သဘောမကျဘူး.. သူက အပြင်ထွက်တာထက် အိပ်ခန်းထဲနေရတာ ပိုကြိုက်တယ်.. ဧည့်ခန်းကိုတောင် ထွက်လာတာမကြိုက်ဘူး.."

"သူ့ကို မကြာမကြာပြောဆိုပေးရင် သူပြောင်းလဲလာနိုင်ပါတယ်.."

ဒေါက်တာကောင်းက မိသားစုဝင်များကို ပြောလိုက်သည်။

အိပ်ခန်းထဲမှာ ချန်ကောက ဝမ်ရှန့်လုံနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ စိုက်ကြည့်နေသည်။ ဝမ်ရှန့်လုံ၏မျက်နှာထက်က အပြုံးမရှိတော့ဘဲ မျက်လုံးကိုကျဉ်းကာ ချန်ကောကို အကဲခတ်နေသည်။

"ဝမ်ရှန့်လုံ.. ငါက မင်းကို ကူညီပေးချင်တယ်.. ဒါကြောင့် မင်း ငါ့ကို ဖုံးကွယ်တာမလုပ်ဖို့ မျှော်လင့်မိတယ်.."

ချန်ကောက အကွာအဝေးခြားကာ ပြောလိုက်သည်။ သူက အပုပ်နံ့ကြောင့် ဝမ်ရှန့်လုံနား မကပ်ချင်ပေ။ ဒီအနံ့က သူတစ်ယောက်တည်းရနေပုံရသည်။ ဝမ်ရှန့်လုံက သူ့ကို စပ်စုစွာကြည့်နေသည်။

"ကျွန်တော်က ဘာကိုမှမဖုံးကွယ်ထားဘူး.. အကုန်ပြောပြတယ်လေ.."

ဝမ်ရှန့်လုံက စာရွက်မှာရေးပြခဲ့သည်။

"ဒီဟာ မှန် မမှန် မင်းအသိဆုံးပဲ.. သူတို့က မင်းဖုံးကွယ်ထားတဲ့အကြောင်းအရာကို အဓိကမထားပေမယ့် ငါက အဓိကထားတယ်.. မင်းက ဘာကြောင့် တတိယနာမကျန်းခန်းမနဲ့ပတ်သက်တာကို ထိန်ချန်ထားရတာလဲ.."

'တတိယနာမကျန်းခန်းမ' ဆိုတဲ့စကားလုံးကိုကြားတော့ ဝမ်ရှန့်လုံ၏အမူအယာက ချက်ချင်းပြောင်းသွားသည်။ သူ့မျက်နှာပေါ်က အသားဆိုင်တွေ ဆတ်ခနဲတွန့်သွားကာ လက်သီးကိုဆုပ်ရင်း ခန္ဓာကိုယ်က တုန်ယင်လာသည်။

"တတိယနာမကျန်းခန်းမက ပြန်လာပြီးနောက် ဆရာဝန်တွေကို မင်းက အရမ်းကို မုန်းတီးရွံရှာခဲ့တယ်.. အဲ့ဒီမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ.. မင်းက ပုံမှန်လူသားတစ်ယောက်ပါ.. ပုံမှန်မဟုတ်တဲ့အရာက မင်းကိုခြိမ်းခြောက်နေတာကို ငါသိတယ်.. ငါ မင်းကို ကူညီပေးချင်တယ်.. ငါ့ကို အမှန်တိုင်းပြောပြပါ.."

ချန်ကောရဲ့စကားကိုကြားတော့ ဝမ်ရှန့်လုံ၏အမူအယာက ပြင်းထန်လာပြီး သူ့ကိုငြင်းဆန်ဟန်ပြကာ စာရေးခဲ့သည်။

"ကျွန်တော်တို့နှစ်ယောက်လုံးက မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားပြီးသားပါ.. ကျွန်တော့်ကိုဂရုစိုက်တာထက် ခင်ဗျားဘာသာပဲ ဂရုစိုက်စမ်းပါ.."

**-**


















Chapter (143) လူ ၃ ဦး

ဝမ္ဟိုင္လုံေျပာသည့္လိပ္စာကိုၾကားေတာ့ ခ်န္ေကာ အံ့အားသင့္သြားသည္။

"မင္းတို႔ေျပာတဲ့တိုက္ခန္းက လူေနထူထပ္တဲ့ေနရာမွာရွိၿပီး အမႈိက္ေတြနဲ႔ရႈပ္ပြေနတဲ့ တိုက္ခန္းအေဟာင္းႀကီးမဟုတ္လား.."

"အစ္ကို အဲ့ေနရာကို ေရာက္ဖူးလား.." ဝမ္ဟိုင္လုံက တအံ့တၾသျပန္ေမးလိုက္သည္။

"ငါ မေန႔ကမွ အဲ့ဒီေနရာကေန ျပန္ေရာက္လာတာ.."

ဒါက တိုက္ဆိုင္တာမျဖစ္ႏိုင္ဟု ခ်န္ေကာေတြးေနသည္။

"ဒါဆိုလည္း ေကာင္းတာေပါ့... ကြၽန္ေတာ့္အေဖက ေခါင္းမာတဲ့စ႐ိုက္ရွိလို႔ ကြၽန္ေတာ္တို႔ ေအာက္ထပ္ေလွကားေျခရင္းမွာ ဆုံၿပီးမွ အေပၚထပ္ကို အတူတက္သြားၾကတာေပါ့.."

ဒီလိုစီစဥ္ၿပီး ထိုညီအစ္ကို ျပန္သြားၾကသည္။ ဝမ္ရွန႔္လုံ၏အိမ္က တတိယဖ်ားနာေဆာင္ရွိသည့္ စိတၱဇေဆး႐ုံနားမွာရွိသည္။ ဟိုေန႔ တိုက္ခန္းမွာ သူေတြ႕ခဲ့တဲ့မေကာင္းဆိုးဝါးက တတိယဖ်ားနာေဆာင္ကလြတ္လာတဲ့ မေကာင္းဆိုးဝါးျဖစ္ႏိုင္သည္။

တကယ္လို႔ ဝမ္ရွန႔္လုံရဲ႕အိမ္မွာရွိတဲ့ မေကာင္းဆိုးဝါးကသက္သက္ ေဆး႐ုံကလြတ္လာၿပီး ဟိုင္မင္တိုက္ခန္းမွာရွိတဲ့ မေကာင္းဆိုးဝါးကသက္သက္ဆိုရင္ ဒီမေကာင္းဆိုးဝါးႏွစ္ေကာင္က ဟိုင္မင္တိုက္ခန္းမွာ အတူတူေနထိုင္ဖို႔ ေ႐ြးခ်ယ္တာျဖစ္ႏိုင္သည္။

႐ုတ္တရက္ အခန္း 302 က ေကာင္ေလးေျပာျပသည့္ ဝမ္ဟိုင္မင္၏ကိုယ္ထဲက စကားေျပာၿပီး ျငင္းေနသည့္ အသံႏွစ္ခုဆိုတာကို သတိရလိုက္သည္။ ဝိညာဥ္တစ္ေကာင္က သူတို႔သာအနီေရာင္အျငႇိဳးအေတးဝိညာဥ္ကို မေၾကာက္ဘူးဆိုရင္ သူတို႔အသတ္ခံရႏိုင္သည္ဟု ေျပာခဲ့သံကို ၾကားခဲ့ရတယ္တဲ့။

ဒီဟာသာမွန္ရင္ ဟိုင္မင္တိုက္ခန္းက မေကာင္းဆိုးဝါးက ဝမ္ရွန႔္လုံ၏အိမ္မွာရွိသည့္ အေကာင္ကို ေၾကာက္ေနတာေပါ့။ အဲ့ဒီေကာင္က က်န္းယာ့နဲ႔အဆင့္တူတဲ့ေကာင္လို႔ ေျပာရမလား..? ဝမ္ရွန႔္လုံက ဟိုင္မင္တိုက္ခန္းမွာ ေၾကာက္စရာအေကာင္းဆုံးသူ ျဖစ္ေနမလား..?

ဒီေမးခြန္းက ရႈပ္လို႔ ခ်န္ေကာက သရဲအိမ္ေရွ႕မွာထိုင္ၿပီး စဥ္းစားေနသည္။ ဝမ္ဟိုင္မင္ကိုပူးကပ္ခဲ့တဲ့ မေကာင္းဆိုးဝါးက အေၾကာင္းတစ္ခုေၾကာင့္ ဟိုင္မင္တိုက္ခန္းကေန ထြက္သြားဖို႔ ေၾကာက္ေနပုံရသည္။ ဒါေၾကာင့္ သူက အခန္း 302 ကေကာင္ေလးကို ၿခိမ္းေျခာက္ၿပီး စာကေလးေသြး၊ ေခြးေသြးေတြကို အတင္းရွာေဖြေစၿပီး သူ႔အတြက္အစားအစာကို ရွာေဖြေစခဲ့တာျဖစ္ႏိုင္သည္။ ဟိုင္မင္တိုက္ခန္းက မေကာင္းဆိုးဝါးက သူ႔သရဲအိမ္ထဲက မွန္ထဲကထြက္လာတဲ့ေကာင္နဲ႔တူၿပီး ဒီတစ္ေကာင္က သတိပိုႀကီးသည္။ ဒီဟိုင္မင္တိုက္ခန္းက မေကာင္းဆိုးဝါးကေတာင္ ေၾကာက္ရတဲ့ ဝမ္ရွန႔္လုံအိမ္က မေကာင္းဆိုးဝါးက အနီေရာင္မဟုတ္ရင္ေဆာင္ အေတာ္ဆိုးတဲ့ေကာင္ဆိုတာ ေသခ်ာသည္။ သူက သာမန္ဝိညာဥ္ထက္ အမ်ားႀကီးသန္မာေလာက္သည္။

ဒါဆိုရင္ တတိယဖ်ားနာခန္းမက ဘယ္လိုေနရာႀကီးလဲ..? ဒီထဲမွာ ဘယ္လိုေၾကာက္စရာေကာင္းတဲ့ ဝိညာဥ္ေတြကို ဘယ္ေလာက္မ်ားမ်ား ခ်ိပ္ပိတ္ထားတာလဲ..?

တတိယအဆင့္ ဆက္တင္ပင္ ဒီေလာက္ေၾကာက္စရာေကာင္းရင္ ၾကယ္ေလးပြင့္အဆင့္ "School of Aftelife" ဆိုရင္ ဘယ္ေလာက္ခက္လိုက္မလဲ။

ခ်န္ေကာက ထရပ္ကာ ေဒါက္တာေကာင္းဆီ ဖုန္းဆက္လိုက္သည္။ Dr. ေကာင္း မအားရင္ သူ႔ဘာသာသြားလိုက္မည္ဟု ေတြးေနသည္။

"Hello.. ခ်န္ေကာ.. ငါ မင္းကို ဘာကူညီရမလဲ.."

"ဘာမွမဟုတ္ပါဘူး.. မန္နန္ေနေကာင္းရဲ႕လားလို႔ ေမးခ်င္လို႔ပါ.."

"တစ္ရက္နားၿပီးေတာ့ ေတာ္ေတာ္သက္သာလာၿပီ.. ဒါေပမယ့္ အေျခအေနက အေကာင္းႀကီးေတာ့ မဟုတ္ေသးဘူး.. မေမွ်ာ္လင့္ဘဲ ပိုဆိုးသြားမွာပဲ ငါစိုးရိမ္ေနရတာ.."

"ဒီလိုမျဖစ္ႏိုင္ပါဘူး.."

မန္နန္၏ရင္ထဲက ျပႆနာအရင္းအျမစ္ကို ေျဖရွင္းလိုက္ၿပီျဖစ္လို႔ တျဖည္းျဖည္းျပန္ေကာင္းလာမွာ ေသခ်ာသည္။ သူ႔ဖုန္းအနက္ပင္ mission ၿပီးေျမာက္ေၾကာင္း သတင္းပို႔ၿပီးၿပီမဟုတ္လား။

"ငါေျပာတာကို နားေထာင္ဦး.. မန္နန္ရဲ႕အေျခအေနကို ေစာင့္ၾကည့္ရင္း တျခားစိတ္ေရာဂါလကၡဏာရပ္ကို ငါထပ္ေတြ႕ခဲ့ရတယ္ကြ.."

ေဒါက္တာ Goo က ခဏရပ္ၿပီး ဆက္ရွင္းျပခဲ့သည္။

"မန္နန္ရဲ႕ကိုယ္ထဲမွာ အသိစိတ္ ၃ ခုကို ငါေတြ႕ခဲ့ရတယ္.. တစ္ခုက ငါတို႔ေန႔တိုင္းေတြ႕ခဲ့တဲ့ မန္နန္ပဲ.. ဒုတိယတစ္ေယာက္က မန္နန္ရဲ႕အေမပဲ.. ၾကည့္ရတာ သူငယ္ငယ္က သူ႔ေရွ႕မွာအသတ္ခံလိုက္ရတဲ့ အေမရဲ႕ကိုယ္ပြားတစ္ခုကို မန္နန္ရဲ႕အသိစိတ္ထဲ ဖန္တီးလိုက္ပုံရတယ္.. ကိုယ့္ကိုယ္ကို ကာကြယ္တဲ့သေဘာေပ့ါ.."

"တတိယတစ္ေယာက္က ဘယ္သူလဲ.."

"သူေပၚလာတဲ့အခ်ိန္က အရမ္းတိုလို႔ ငါက သူနဲ႔ပတ္သက္တဲ့ အခ်က္အလက္ ဘာမွမရလိုက္ဘူး.. သူရွိေနတယ္ဆိုတာကိုပဲ အတည္ျပဳႏိုင္ခဲ့တယ္.. အဲ့ဒီလူက ထူးျခားတယ္.. အဲ့ဒီလူရဲ႕စိတ္က မဖြံ႕ၿဖိဳးေသးဘူး.. ၾကည့္ရတာ မန္နန္က ကေလးဘဝကစိတ္အေျခအေနထဲမွာ ရွိေနေသးတဲ့ပုံပဲ.. သူ႔ကို ငါ ဆက္သြယ္လို႔မရေသးဘူး.. ဒီလူက မန္နန္ကို ထိန္းခ်ဳပ္ေနတဲ့အခ်ိန္ဆိုရင္ မန္နန္ဆီမွာ စိတၱဇေရာဂါသည္ လကၡဏာေတြ ႏွစ္ဆတိုးေပၚလာခဲ့တယ္.."

"ဒါဆိုရင္ မန္နန္ရဲ႕အေျခအေနက အဲ့ဒီတတိယလူနဲ႔ ဆက္စပ္ေနတာေပါ့.."

"ဟုတ္တယ္.. အဲ့ဒီလူလို အရည္အေသြးမ်ိဳးကို ငါမျမင္ဖူးေသးဘူး.. ဒီလိုအရည္အေသြးကို ထိန္းသိမ္းထားတာက စိတ္ေရာဂါေဝဒနာကေန ျပန္လည္နာလန္ထူတဲ့ျဖစ္စဥ္ကို အရမ္းခက္ခဲေစတယ္.. ငါတို႔ရဲ႕ ပုံမွန္ကုသမႈက သူ႔ရဲ႕ပုံမွန္အရည္အခ်င္းကို တိုးတက္ေစေပမယ့္ တစ္ဖက္က ထူးခြၽန္တဲ့အရည္အေသြးေတြကို ယုတ္ေလ်ာ့ေစလိမ့္မယ္.. ငါက မန္နန္ရဲ႕ စိတ္ပညာနဲ႔ပတ္သက္ၿပီး ထိုးထြင္းသိျမင္တတ္တဲ့ပါရမီကို ဖ်က္ဆီးမိမွာ စိုးမိတယ္.. ဒါေၾကာင့္ တျခားပညာရွင္ေတြနဲ႔ တိုင္ပင္ၾကည့္ေတာ့ သူတို႔က မန္နန္အတြက္ အထူးကုသမႈနည္းလမ္းကို ခ်မွတ္ေပးႏိုင္လိမ္မယ္လို႔ ငါေမွ်ာ္လင့္ေနရတာပဲ.."

ဒါဆိုရင္ မန္နန္ကို ေပ်ာက္ေအာင္ကုသလိုက္ႏိုင္ရင္ သူ႔ရဲ႕ထိုးထြင္းသိတတ္တဲ့ပါရမီကို ဆုံးရႈံးရမယ့္သေဘာရွိသည္။ ေဒါက္တာေကာင္းက ဖုန္းတစ္ဖက္မွာ အလုပ္ရႈပ္ေနပုံရလို႔ ခ်န္ေကာက ဝမ္ရွန႔္လုံအေၾကာင္းကို မေျပာလိုက္ေတာ့ေပ။

"ေကာင္းပါၿပီ.. မန္နန္ျပန္သက္သာလာဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္.."

ခ်န္ေကာ ႏႈတ္ဆက္ကာ ဖုန္းခ်လိုက္သည္။

"ေနဦး.. မင္း ငါ့ကိုဖုန္းေခၚတာ ကိစၥတစ္ခုရွိလို႔မဟုတ္လား.. မန္နန္က ေလာေလာဆယ္ ကုသမႈေပးထားလို႔ အားနည္းေနတာကလြဲရင္ ငါဘာမွ အလုပ္မရႈပ္ေသးဘူး.. မင္းရဲ႕ကိစၥက ဘာလဲ.."

ေဒါက္တာေကာင္းက ခ်န္ေကာဖုန္းမခ်ခင္ အျမန္ေျပာခဲ့လို႔ ခ်န္ေကာလည္း ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္သည္။

"ေကာင္းၿပီ.. ဒီည ငါလည္းလိုက္ခဲ့မယ္.. မန္နန္ရဲ႕ေရာဂါက ဟိုင္မင္တိုက္ခန္းကစတယ္ဆိုေတာ့ ငါတစ္ခုခုရွာေတြ႕ရင္ သူ႔ကိုကုတဲ့ေနရာမွာ အေထာက္အကူျပဳႏိုင္တယ္.."

"ေက်းဇူးတင္ပါတယ္ ဆရာ.."

"ေက်းဇူးတင္စရာမလိုပါဘူးကြာ.. မင္းအေၾကာင္းကို ငါ့သမီးဆီက ငါၾကားၿပီးၿပီ.. မင္းက စိတ္ပညာရွင္တစ္ေယာက္အေနနဲ႔ မင္းသိထားတဲ့ဗဟုသုတနဲ႔ ငါ့ထက္ပိုၿပီး လူေတြကိုကူညီေပးခ်င္စိတ္ရွိတယ္.. ဒီဟာက ငါ့ဘာသာ အရွက္ရေစမိတယ္.."

"စိတ္ပညာရွင္ ဟုတ္လား.. ေကာင္းဂူ႐ႊယ္က ကြၽန္ေတာ့္ကို ဒီလိုရည္ၫႊန္းခဲ့တာလား.."

ဒီစကားကိုၾကားေတာ့ ခ်န္ေကာ ရယ္ရမလို ငိုရမလို ျဖစ္ေနမိသည္။ တဖက္လူက သူ႔ကို မွားယြင္းထင္ေနၾကတာကိုး။

"မင္းရဲ႕သရဲအိမ္ထဲက အဆင္အျပင္ေတြက စိတ္ပညာကိုအသုံးခ်ထားတာပဲ.. ဒါကိုၾကည့္ရင္ မင္းက စိတ္ပညာကို ေလ့လာထားတယ္ဆိုတာ ထင္ရွားတယ္.. ငါလည္း ေနာက္ႀကဳံရင္ သရဲအိမ္ထဲ ဝင္ေလ့လာပါဦးမယ္.."

ေဒါက္တာေကာင္းက ရယ္ရင္းေျပာခဲ့သည္။

"ေဒါက္တာက ေျမႇာက္လြန္းေနပါၿပီ.."

သူက စိတၱဇဆရာဝန္ဝတ္စုံကိုဝတ္ၿပီး ေဒါက္တာေကာင္းကို သရဲအိမ္ထဲ နာရီဝက္ေလာက္ေျခာက္လွန႔္ရရင္ သူ႔စိတ္ေတြ ၿပိဳလဲကုန္ေလာက္သည္ဟုေတြးကာ ခ်န္ေကာ ေခြၽးျပန္လာသည္။

"စိတ္ပညာဆိုတာ ေလ့လာစရာ အမ်ားႀကီးရွိတယ္.. လူနာေတြအတြက္ စိတ္အားထက္သန္စြာနဲ႔ ကူညီေပးခ်င္သူက သိပ္မရွိၾကဘူး.. မင္းက ဝမ္ရွင္းနဲ႔ မန္နန္ရဲ႕စိတ္ထဲက စြဲေနတဲ့စိတ္ဒဏ္ရာကို ေျဖေလ်ာ့ေပးၿပီး သက္သာလာေအာင္လုပ္ေပးခဲ့တယ္.. သူတို႔ကိုယ္စား ငါက မင္းကို ေက်းဇူးတင္ေနခဲ့တာ.. အခု မင္းက ငါ့ကို အကူအညီေတာင္းတာၾကားရေတာ့ တကယ္စိတ္ထဲ ပီတိျဖစ္မိတယ္.."

ေဒါက္တာေကာင္းက ခ်န္ေကာကို ခ်ီးက်ဴးစကားေျပာၿပီး ဖုန္းခ်လိုက္သည္။ ခ်န္ေကာရဲ႕ဘဝမွာ တကယ့္စိတ္ရင္နဲ႔ခ်ီးက်ဴးတာ ခံလိုက္ရလို႔ ကိုယ့္ဘာသာ အေတာ္ေလးကို ပီတိျဖစ္ကာ ဂုဏ္ယူသြားမိသည္။

**-***

Chapter (144) ငါတို႔အားလုံးက မေကာင္းဆိုးဝါးေတြခ်ည္းပဲ

ေန႔လည္စာစားၿပီးခ်ိန္ ခ်န္ေကာ သရဲအိမ္တံခါးဖြင့္လိုက္ေတာ့ ႐ႊီဝမ္ကို တံခါးနားမွာထိုင္ေနတာ ေတြ႕လိုက္ရသည္။

"မင္းဒီမွာ ဘာလုပ္ေနတာလဲ.."

"ေဘာ့စ္.. ဘယ္အခ်ိန္က ေၾကာင္ကို ေခၚလာတာလဲ.. သူမက အရမ္းလွေပမယ့္ ကြၽန္မကို အထိမခံဘူး.. ကြၽန္မက သူ႔ကို ေပြ႕ၾကည့္ခ်င္တာကို.."

"မလုပ္နဲ႔.. ေၾကာင္က ႐ိုင္းတယ္.. လူအကိုင္မခံဘူး.."

ခ်န္ေကာ အထဲဝင္လာရင္းေျပာေတာ့ ေၾကာင္က ေဒါသထြက္ဟန္မျပေပမယ့္ ခ်န္ေကာနဲ႔မထိခ်င္သလို တဖက္ကိုခုန္ထြက္သြားသည္။

"ေဘာ့စ္ကိုက်ေတာ့ ေၾကာင္က ဘာေၾကာင့္ရန္မလုပ္တာလဲ.."

"ငါက ယုံၾကည္ရတဲ့ ဂုဏ္ယူစရာလူျဖစ္လို႔ေနမွာေပါ့.."

ခ်န္ေကာက ပ်င္းရိစြာနဲ႔ အိပ္ယာထက္မွာထိုင္ရင္း ေျပာလိုက္သည္။

"မင္း နားခ်င္ေသးလား.."

"ဟင့္အင္း.. ေဘာ္စ္ တေရးအိပ္ခ်င္အိပ္ေလ.. 1 နာရီ 15 က်ရင္ ကြၽန္မလာႏႈိးလိုက္မယ္.. ဒါနဲ႔ ဒီေၾကာင္ျဖဴေလးရဲ႕နာမည္က ဘာလဲ.."

"ငါ သူမကို နာမည္မ်ိဳးစုံေပးေပမယ့္ သူက ႀကိဳက္ပုံမရဘူး.. ငါက သူ႔ကို က်ားျဖဴလို႔ေခၚလိုက္မွ တုံ႔ျပန္လာလို႔ က်ားျဖဴလို႔ပဲ ေပးထားတယ္.."

"ေဘာ့စ္က တကယ္ႀကီး ေၾကာင္ကို က်ားျဖဴလို႔ နာမည္ေပးထားတယ္ေပါ့.. ေကာင္းပါၿပီ.. ဘာ့စ္စိတ္ခ်မ္းသာသလိုသာ ေခၚပါေတာ့.."

႐ႊီဝမ္က သူမကို ခ်န္ေကာေနာက္ေနတယ္ပဲ ထင္ေနသည္။

႐ႊီဝမ္ထြက္သြားေတာ့ ခ်န္ေကာက ေၾကာင္ျဖဴေလးကို ေလ့လာေနသည္။ ဒီေၾကာင္က ဝိညာဥ္ေတြကိုျမင္ႏိုင္တဲ့အျပင္ ေရွာင္ေရွာင္းလိုဝိညာဥ္ေတာင္ ဒီေၾကာင္ကိုေၾကာက္ေနသည္။ ဒီေၾကာင္က သူ႔အတြက္ အသုံးဝင္တဲ့ဝွက္ဖဲ ျဖစ္လာႏိုင္သည္။ သူက ခ်န္ေကာရဲ႕အမိန႔္ကိုလည္း နားလည္ကာ လိုက္နာေသးသည္။ တစ္ညေလာက္ရင္းႏွီးသြားၿပီးရင္ ေၾကာင္က သူ႔ကို စိမ္းေတာ့မည္မဟုတ္ေပ။ ဒီေၾကာင္က အရမ္းဉာဏ္ေကာင္းၿပီး အေကာင္းအဆိုးကို ခြဲျခားသိတတ္သည္။

"မင္းရဲ႕ကေလးေတြက အသက္မရွိေတာ့ဘူး.. မင္း သူတို႔ကို ဆက္ေစာင့္ၾကည့္ေနလည္း ဘာမွျဖစ္မလာႏိုင္ေတာ့ဘူး.."

ခ်န္ေကာက ေျပာၿပီး ေၾကာင္ေသ ၄ ေကာင္ထည့္ထားသည့္ျခင္းေလးကို ေကာက္ကိုင္လိုက္စဥ္ ေၾကာင္ျဖဴမေလးလည္း ေနာက္ကလိုက္ေလွ်ာက္ကာ သရဲအိမ္က ထြက္လာခဲ့သည္။

ခ်န္ေကာက သစ္ပင္ျမင့္ျမင့္တစ္ပင္ေအာက္မွာ တြင္းတူးၿပီး ေၾကာင္ေသေလးေတြကို ျမႇဳပ္ေပးလိုက္သည္။ ေၾကာင္မႀကီးက စိတ္ထေဖာက္မွာကိုေၾကာက္လို႔ ၾကည့္ရေသးသည္။

"မင္းနာက်င္ခံစားေနရတာကို ငါနားလည္ပါတယ္.. မင္းနားလည္ထားရမွာက သတၱဝါေတြက ေသလြန္သြားၿပီးရင္ ျပန္လည္ဝင္စားျခင္းသံသရာစက္ဝန္းထဲကို ေရာက္သြားၾကတယ္.. ဒီလိုနဲ႔ သူတို႔က သဘာဝေလာႀကီးထဲ ျပန္ေရာက္သြားၾကတယ္ေလ.."

ေၾကာင္က သူ႔စကားကို နားလည္မလည္ မသိေပမယ့္ ေၾကာင္ေလးေတြပါတဲ့ျခင္းေလးက ေျမႀကီးေအာက္ကို တျဖည္းျဖည္းေရာက္သြားတာၾကည့္ၿပီး ေၾကာင္ျဖဴမေလးရဲ႕မ်က္ဝန္းက နည္းနည္းေျပာင္းလဲသြားသလို ထင္ရသည္။ သူက ထၿပီးမတိုက္ခိုက္ဘဲ ဝမ္းနည္းၿပီး ၿငိမ္သက္ေနသလိုထင္ရသည္။

ေနာက္ဆုံးေျမစာေတြကို တြင္းထဲဖို႔ၿပီးေနာက္ ေၾကာင္ျဖဴမေလးက သစ္ေခါင္းထဲေျပးဝင္ကာ ခ်န္ေကာဘယ္ေလာက္ေခၚေခၚ ထြက္မလာေတာ့ေပ။ ခ်န္ေကာလည္း သူေပ်ာ္သလိုေနပါေစဆိုၿပီး လက္ေဆးကာ အလုပ္ဆက္လုပ္ဖို႔ သရဲအိမ္ထဲဝင္လာခဲ့သည္။

ဧည့္သည္ေတြက တဆင့္ခ်င္းခက္ခဲသြားတဲ့ သရဲအိမ္ရဲ႕ဆက္တင္ေတြရဲ႕ ဆြဲေဆာင္မႈေၾကာင့္ သိသိသာသာ ပိုမ်ားလာၾကသည္။ ခက္ခဲတာကိုမွ စိန္ေခၚခ်င္သူက ပိုမ်ားတဲ့လူ႔သဘာဝေၾကာင့္ျဖစ္သည္။

သရဲအိမ္ပိတ္ေတာ့ ခ်န္ေကာက အန္ကယ္႐ႊီႏွင့္အတူ ဒါ႐ိုက္တာလွ်ိဳကိုေတြ႕ကာ စတိုခန္းထဲက CCTV စာင့္ၾကည့္ကင္မရာေတြကို သြားယူခဲ့သည္။ အန္ကယ္႐ႊီနဲ႔ ႐ႊီဝမ္ကို အရင္ျပန္ခိုင္းၿပီး သူက မုယန္အထက္တန္းေက်ာင္းဆက္တင္ထဲ ကင္မရာေတြလိုက္ဆင္လိုက္သည္။

ကင္မရာဆင္ၿပီးခ်ိန္မွာ ည ၈ နာရီထိုးသြားေလၿပီ။ သူက ေျခလက္ေဆးကာ ေဒါက္တာေကာင္းႏွင့္ ဝမ္ဟိုင္လုံတို႔ကိုေခၚၿပီး ဟိုင္ဝမ္တိုက္ခန္းကို Taxi နဲ႔လာခဲ့သည္။ သူတို႔က ႀကိဳေရာက္ႏွင့္ေနၾကသည္။

လူ႔စိတ္သဘာဝကို ေကာင္းေကာင္းနားလည္ေသာ ေဒါက္တာေကာင္းက ဝမ္ညီအစ္ကို၏ခ်စ္ခင္မႈကို ရရွိထားႏွင့္ၿပီး ေပ်ာ္႐ႊင္စြာစကားေျပာေနၾကသည္။

"ကြၽန္ေတာ့္အေဖနဲ႔ ရွန႔္လုံက ေျခာက္လႊာမွာေနၾကတယ္.. အေဖ့ကို ကြၽန္ေတာ္တို႔လာလည္မယ္ဆိုတာ ေန႔လည္ကတည္းက ဖုန္းဆက္ထားၿပီးသားဗ်.."

သူတို႔ အတူတကြ အေပၚကိုတက္လာေတာ့ တတိယထပ္ကိုေရာက္ခ်ိန္ ခ်န္ေကာႏွာေခါင္းထဲ ပုပ္အဲ့အဲ့အနံ႔ကို ထပ္ရျပန္သည္။ က်န္လူေတြက ဒီအနံ႔ကို သတိျပဳမိပုံမေပၚေပ။ သူတို႔က ဝမ္ရွန႔္လုံအေၾကာင္းကို စိတ္ဝင္တစား ေဆြးေႏြးေနၾကသည္။

ဒီအပုပ္နံ႔က ဘယ္ကေရာက္လာတာလဲ..

ပထမ ဒီအနံ႔က ငွက္ေသေတြေၾကာင့္လို႔ ထင္ခဲ့ေပမယ့္ အခန္း 302 က ငွက္ေသေတြကို ပစ္ၿပီးေလာက္ပါၿပီ။ အပုပ္နံ႔က ဘာေၾကာင့္ ဆက္ရွိေနေသးတာလဲ..

အခန္း 601 ကိုေရာက္ေတာ့ တံခါးေခါက္လိုက္စဥ္ ေငြမင္ေရာင္ဆံပင္ႏွင့္ သက္လတ္ပိုင္းလူက လာဖြင့္ေပးခဲ့သည္။

"အေဖ.. ဒီသရဲအိမ္ပိုင္ရွင္က တူညီတဲ့အေတြ႕အႀကဳံရွိတယ္.. ဒီပုဂၢိဳလ္က ကုတ္က်န္းၿမိဳ႕က အေကာင္းဆုံး စိတ္ေရာဂါကုဆရာဝန္ပါ.."

"ေက်းဇူးျပဳၿပီး ဝင္ၾကပါ.."

အခန္းထဲကပစၥည္းေတြက ျပည့္ေနၿပီး အခန္းက က်ဥ္းသလိုထင္ရသည္။

"သားေတြက ခင္ဗ်ားတို႔ ကုေပးႏိုင္တယ္လို႔ ေျပာခဲ့တယ္.. ရွန႔္လုံက အိပ္ခန္းထဲမွာ အိပ္ေပ်ာ္ေနတယ္.. သားေလးရဲ႕ေရာဂါကိုသာ ေပ်ာက္ေအာင္ကုႏိုင္မယ္ဆိုရင္ ကုန္က်စရိတ္က ဘယ္ေလာက္ျဖစ္ျဖစ္ ကိစၥမရွိပါဘူး.."

ထိုလူႀကီးက သူ႔အသက္ထက္ အိုစာေနပုံရသည္။

"ကြၽန္ေတာ္တို႔ ရွန႔္လုံကို ေတြ႕လို႔ရမလား ခင္ဗ်ာ.."

ခ်န္ေကာက လူအုပ္ႀကီးရဲ႕ေနာက္ဆုံးက ရပ္ေနေပမယ့္ တိုက္ခန္းတံခါးဖြင့္လိုက္ခ်ိန္ ပုပ္အဲ့အဲ့အနံ႔က သူ႔ဆီထိ ႐ိုက္ခတ္လာခဲ့သည္။ က်န္လူအားလုံးက အပုပ္နံ႔ကို သတိမထားမိသလိုပင္။ သူတစ္ေယာက္တည္း ဘာေၾကာင့္ အပုပ္နံ႔ရေနတာလဲ။

"ေကာင္းၿပီ.. ခင္ဗ်ားတို႔စိတ္ကို ႀကိဳတင္ျပင္ဆင္ထားေစခ်င္ပါတယ္.."

ထိုလူက ေျပာၿပီး အိပ္ခန္းတံခါးကိုဖြင့္လိုက္စဥ္ ျပင္းထန္လွသည့္အပုပ္နံ႔က အလုံးအရင္းႏွင့္ ေဆာင့္ထြက္လာလို႔ ခ်န္ေကာက အလိုေလ်ာက္ တုံ႔ျပန္သည့္အေနျဖင့္ ႏွာေခါင္းကို လက္ႏွင့္အုပ္လိုက္မိသည္။

'ဒီဟာနားမကပ္နဲ႔.. သူက အႏၲရာယ္ရွိတယ္' လို႔ အနံ႔ေတြက ေျပာေနသလိုထင္ရသည္။

အိပ္ခန္းေလးက က်ဥ္းကာ ဘာပရိေဘာဂမွ သိပ္မရွိေပ။ ၾကမ္းျပင္မွာ ေကာ္ေဇာခင္းထားၿပီး အခန္းေထာင့္ေတြမွာ ေခါင္းအုံးေတြစီခ်ထားသည္။ လူရဲ႕အာ႐ုံကို အဆြဲေဆာင္ဆုံးက အခန္းလယ္မွာထိုင္ေနသည့္ လူတစ္ေယာက္ျဖစ္သည္။

အရပ္ 1.5 မီတာေလာက္ျမင့္ၿပီး အဝလြန္ေနသည့္လူတစ္ေယာက္က ပုံ႔ပုံ႔ႀကီးထိုင္ေနသည္။ သူ႔ပုံစံက လူဆိုတာထက္ အသားတုံးႀကီးနဲ႔ပိုတူေနသည္။

လူေတြဝင္လာတာေတြ႕ေတာ့ သူ႔လက္ကို ခက္ခက္ခဲခဲေျမႇာက္ကာ ယမ္းျပလိုက္သည္။

"ရွန႔္လုံက စကားမေျပာတတ္ေပမယ့္ က်န္တာက သာမန္လူလိုပဲ.. ခင္ဗ်ားတို႔ေမးခ်င္တာေမးပါ.. သူက စာနဲ႔ေရးၿပီး ျပန္ေျဖလိမ့္မယ္.."

*---*

Chapter (145) အားလုံးက မေကာင္းဆိုးဝါးေတြခ်ည္းပဲ

ဝမ္ရွန႔္လုံ၏ဖခင္က ေဒါက္တာေကာင္းႏွင့္ ခ်န္ေကာတို႔အမူအယာကို အကဲခတ္ေနသည္။ သူမ်ားေတြက သူ႔သားကို အထူးအဆန္းသတၱဝါလို သေဘာထားတာျမင္ရတိုင္း ဖခင္ပီပီ စိတ္ထိခိုက္ရသည္။ ဒါေပမယ့္ ဒီလူႏွစ္ေယာက္က သူ႔သားကို သာမန္ကဲ့သို႔သာၾကည့္ေနသည္ကို ျမင္လိုက္ရသည္။

"ေလ့က်င့္ခန္းလုပ္တာက ႏွလုံးရဲ႕က်န္းမာေရးကို ပိုေကာင္းေစၿပီး စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးတယ္.."

ေဒါက္တာေကာင္းက ဖိနပ္ခြၽတ္ကာ ႐ြံရွာဟန္မျပဘဲ ဝမ္ရွန႔္လုံေဘးမွာ ဝင္ထိုင္ကာ ေျပာလိုက္သည္။

ဝမ္ရွန႔္လုံက ေဒါက္တာေကာင္းကိုမေၾကာက္ဘဲ တတ္ႏိုင္သမွ်ႀကိဳဆိုေၾကာင္းပင္ ျပသလိုက္ေသးသည္။ သူတို႔ႏွစ္ေယာက္က ခ်က္ခ်င္း အေပးအယူမွ်ကာ ခင္မင္သြားၾကသည္။

ခ်န္ေကာက ဖိနပ္ခြၽတ္ကာ ေျခတစ္လွမ္းပဲဝင္ရစဥ္ အေျခအေနက ေျပာင္းလဲသြားသည္။ သူ႔ပိုင္နက္ထဲကို အႏၲရာယ္ရွိသည့္သားေကာင္ ဝင္လာသည္ကို ရင္ဆိုင္ရသည့္ပုံစံလို ဝမ္ရွန႔္လုံ၏အမူအယာက ေျပာင္းလဲသြားခဲ့သည္။

ဝမ္ရွန႔္လုံေဘးကထိုင္ေနသည့္ ေဒါက္တာေကာင္းက ဒါကို ခ်က္ခ်င္းသတိျပဳမိကာ ခ်န္ေကာကို စိတ္ရႈပ္ေထြးဟန္ျဖင့္ ၾကည့္လိုက္သည္။ ခ်န္ေကာလည္း စိတ္ရႈပ္သြားသည္။

ဝမ္ရွန႔္လုံက သူ႔ဆီကေန ဘာကိုခံစားမိလိုက္တာလဲ..? သူ႔ကိုယ္က ေၾကာင္ရဲ႕အနံ႔ကိုလား..၊ က်န္းယာ့တည္ရွိတာကို အာ႐ုံခံမိလို႔လား..။ ဝမ္ရွန႔္လုံရဲ႕ ပုံမွန္မဟုတ္တဲ့မ်က္ဝန္းထဲက အရိပ္ကို သူ ေသခ်ာသိလိုက္လို႔ ခ်န္ေကာက ေနာက္ကိုဆုတ္လိုက္သည္။

"သူစိမ္းေတြ ႐ုတ္တရက္ေရာက္လာလို႔ သူက စိတ္လႈပ္ရွားသြားတာပါ.."

ေဒါက္တာေကာင္းက အေျခအေနကို ဖာေထးကာ ေျပာလိုက္ၿပီး professtional ပီသစြာ ဝမ္ရွန႔္လုံရဲ႕စိတ္ေရာဂါနဲ႔ပတ္သက္တဲ့ တျခားအေၾကာင္းအရာကို ေပါ့ေပါ့ပါးပါး ေျပာေနခဲ့သည္။ ဝမ္ရွန႔္လုံရဲ႕အမူအရာလည္း ျပန္လည္ေျပေလ်ာ့သြားခဲ့သည္။

ေဒါက္တာေကာင္းက ဝမ္ရွန႔္လုံ၏ ေန႔စဥ္လုပ္ေဆာင္မႈ၊ ဝါသနာႏွင့္ ငယ္ဘဝအေၾကာင္းကို ေပါ့ပါးစြာေမးရင္း ေရာဂါျဖစ္သည့္ရာဇဝင္ႏွင့္ ငယ္ဘဝမွတ္ဉာဏ္ကို ပါးနပ္စြာရယူေနသည္။ ခ်န္ေကာလည္း တိတ္ဆိတ္စြာနားေထာင္ရင္း အကဲခတ္ေနသည္။

ဝမ္ရွန႔္လုံႏွင့္ စကားေျပာတာ မိနစ္ 40 ၾကာခဲ့ေပမယ့္ ဝမ္ရွန႔္လုံက တက္ႂကြေပ်ာ္႐ႊင္ေနၿပီး ပင္ပန္းပုံမေပၚေပ။ သူ႔ကိုၾကည့္ရတာ အခုလို သူ႔ကိုအေဖာ္ျပဳၿပီး စကားေျပာေပးေနတာကို သေဘာက်ပုံရသည္။

သူက စိတ္ေရာဂါသည္ႏွင့္မတူဟု ေဒါက္တာေကာင္း မွတ္ခ်က္ခ်လိုက္မိသည္။ ဒီေလာက္ၾကာၾကာ စကားေျပာေနေပမယ့္ ဝမ္ရွန႔္လုံ၏စိတ္က ရွင္းလင္းကာ ၾကည္လင္ေနေသးသည္။ စကားေျပာရတာႏွစ္သက္ၿပီး ကုသမႈခံယူလိုေၾကာင္းလည္း ျပသသည္။ ဝမ္ရွန႔္လုံ၏မိသားစုက ဒါကိုျမင္ၿပီး ေက်နပ္ေနၾကသည္။ ျမင္႐ုံနဲ႔ ဝမ္ရွန႔္လုံက ၾကင္နာတတ္ၿပီး အႏၲရာယ္မျပဳတတ္တဲ့ကေလးဆိုတာ သိသာသည္။

စကားေျပာၿပီးေနာက္ ေဒါက္တာေကာင္းက ဝမ္ရွန႔္လုံ၏ဖခင္ကို တဖက္သို႔ဆြဲေခၚကာ ေျပာလိုက္သည္။

"ဒီကေလးက ပုံမွန္ပါပဲ.. သူ႔မွာ စိတ္ေရာဂါျဖစ္ေနတဲ့လကၡဏာ မရွိဘူး.. သူ႔ဆီက ဖုံးကြယ္ထားတာ ဘာမွမရွိလို႔ ကြၽန္ေတာ္ ကုသေပးလို႔မရတာ စိတ္မေကာင္းပါဘူး.."

စိတၱဇေရာဂါသည္အမ်ားစုက ပုံမွန္မွာ သာမန္လူႏွင့္ခြဲမရသလို ထင္ရေပမယ့္ သူတို႔က နားမလည္ႏိုင္သည့္အျပဳအမူကို လုပ္လိုက္မွ စိတၱဇေဝဒနာသည္ဆိုတာ သိရသည္။

"ဒီကေလးက စကားေျပာဖို႔ျငင္းဆန္တာကလြဲရင္ သာမန္လူလိုပါပဲ.."

ကေလးအေဖက ေျပာလိုက္သည္။

"ဒီကေလးက ႐ုတ္တရက္ စကားေျပာႏိုင္စြမ္း ဆုံးရႈံးသြားခဲ့တာ.. သူေျပာျပတဲ့အေၾကာင္းအရ တကယ္ေကာဟုတ္ရဲ႕လား.."

"တကယ္ဟုတ္မဟုတ္ ကြၽန္ေတာ္လည္းမသိဘူး.. တျခားဆရာဝန္အမ်ားႀကီးက ဒီအခ်က္ကို အတည္မျပဳႏိုင္ၾကဘူး.."

"ဒါက အမွန္ ဟုတ္ဟုတ္ မဟုတ္ဟုတ္ ဒီမေတာ္တဆျဖစ္ရပ္က အရမ္းအေရးႀကီးတယ္.. ႏွစ္မ်ားစြာၾကာခဲ့တာေတာင္ သူက အေသးစိတ္ကို မွန္မွန္ကန္ကန္ ျပန္ေျပာႏိုင္တုန္းပဲ.. ဒီဟာကို ေျဖရွင္းႏိုင္ရင္ သူစကားျပန္ေျပာလာႏိုင္မွာပါ.."

"ဒါေပမယ့္ ဒီကိစၥက ျဖစ္ၿပီးသြားခဲ့တာၾကာၿပီ.. ဒါကို ဘယ္လိုေျဖရွင္းႏိုင္မွာလဲ.."

ဝမ္ဟိုင္လုံက ဝင္ေမးလိုက္သည္။

"လူေတြရဲ႕အိပ္မက္က တကယ့္ဘဝအစစ္ကို ထင္ဟပ္သလိုပဲ.. စိတ္ကူးယဥ္ၿပီးေျပာေနတယ္ဆိုရင္ေတာင္ အေသးစိတ္အခ်က္အလက္ေတြက သဲလြန္စေတြအမ်ားႀကီးပါဝင္ႏိုင္တယ္.."

ေဒါက္တာေကာင္းက ဝမ္ရွန႔္လုံႏွင့္ေမးျမန္းခ်က္ကို ျပန္ၾကည့္ကာ ဆက္ေျပာလိုက္သည္။

"ေလာေလာဆယ္ ကြၽန္ေတာ္ ဘာကတိမွမေပးႏိုင္ေသးေပမယ့္ အေကာင္းဆုံးႀကိဳးစားေပးပါ့မယ္.."

"ေဒါက္တာ.. ရွန႔္လုံကိုသာ ကုသႏိုင္မယ္ဆိုရင္ ဘယ္ေလာက္ကုန္ကုန္ ကိစၥမရွိပါဘူး.."

"ကြၽန္ေတာ္က လုံးလုံးကုႏိုင္မယ္လို႔ ယုံၾကည္မႈသိပ္မရွိဘူး.. ဘာေၾကာင့္လဲဆိုေတာ့ သူက ႏွစ္ေပါင္းမ်ားစြာ စကားမေျပာဘဲ ေနခဲ့တာဆိုေတာ့ စကားလုံးေတြက သူ႔အတြက္ ခက္ခဲလိမ့္မယ္.. အခုေလာေလာဆယ္ သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာထက္ ႐ုပ္ပိုင္းဆိုင္ရာ အဝလြန္ေနတာက က်န္းမာေရးကိုထိေနၿပီး သူ႔အသက္အတြက္ အႏၲရာယ္ရွိေနတယ္.."

"ကြၽန္ေတာ္တို႔လည္း တိုက္တြန္းေပမယ့္ သူက အျပင္ထြက္ရတာကို သေဘာမက်ဘူး.. သူက အျပင္ထြက္တာထက္ အိပ္ခန္းထဲေနရတာ ပိုႀကိဳက္တယ္.. ဧည့္ခန္းကိုေတာင္ ထြက္လာတာမႀကိဳက္ဘူး.."

"သူ႔ကို မၾကာမၾကာေျပာဆိုေပးရင္ သူေျပာင္းလဲလာႏိုင္ပါတယ္.."

ေဒါက္တာေကာင္းက မိသားစုဝင္မ်ားကို ေျပာလိုက္သည္။

အိပ္ခန္းထဲမွာ ခ်န္ေကာက ဝမ္ရွန႔္လုံႏွင့္ မ်က္ႏွာခ်င္းဆိုင္ထိုင္ကာ စိုက္ၾကည့္ေနသည္။ ဝမ္ရွန႔္လုံ၏မ်က္ႏွာထက္က အၿပဳံးမရွိေတာ့ဘဲ မ်က္လုံးကိုက်ဥ္းကာ ခ်န္ေကာကို အကဲခတ္ေနသည္။

"ဝမ္ရွန႔္လုံ.. ငါက မင္းကို ကူညီေပးခ်င္တယ္.. ဒါေၾကာင့္ မင္း ငါ့ကို ဖုံးကြယ္တာမလုပ္ဖို႔ ေမွ်ာ္လင့္မိတယ္.."

ခ်န္ေကာက အကြာအေဝးျခားကာ ေျပာလိုက္သည္။ သူက အပုပ္နံ႔ေၾကာင့္ ဝမ္ရွန႔္လုံနား မကပ္ခ်င္ေပ။ ဒီအနံ႔က သူတစ္ေယာက္တည္းရေနပုံရသည္။ ဝမ္ရွန႔္လုံက သူ႔ကို စပ္စုစြာၾကည့္ေနသည္။

"ကြၽန္ေတာ္က ဘာကိုမွမဖုံးကြယ္ထားဘူး.. အကုန္ေျပာျပတယ္ေလ.."

ဝမ္ရွန႔္လုံက စာ႐ြက္မွာေရးျပခဲ့သည္။

"ဒီဟာ မွန္ မမွန္ မင္းအသိဆုံးပဲ.. သူတို႔က မင္းဖုံးကြယ္ထားတဲ့အေၾကာင္းအရာကို အဓိကမထားေပမယ့္ ငါက အဓိကထားတယ္.. မင္းက ဘာေၾကာင့္ တတိယနာမက်န္းခန္းမနဲ႔ပတ္သက္တာကို ထိန္ခ်န္ထားရတာလဲ.."

'တတိယနာမက်န္းခန္းမ' ဆိုတဲ့စကားလုံးကိုၾကားေတာ့ ဝမ္ရွန႔္လုံ၏အမူအယာက ခ်က္ခ်င္းေျပာင္းသြားသည္။ သူ႔မ်က္ႏွာေပၚက အသားဆိုင္ေတြ ဆတ္ခနဲတြန႔္သြားကာ လက္သီးကိုဆုပ္ရင္း ခႏၶာကိုယ္က တုန္ယင္လာသည္။

"တတိယနာမက်န္းခန္းမက ျပန္လာၿပီးေနာက္ ဆရာဝန္ေတြကို မင္းက အရမ္းကို မုန္းတီး႐ြံရွာခဲ့တယ္.. အဲ့ဒီမွာ ဘာေတြျဖစ္ပ်က္ခဲ့တာလဲ.. မင္းက ပုံမွန္လူသားတစ္ေယာက္ပါ.. ပုံမွန္မဟုတ္တဲ့အရာက မင္းကိုၿခိမ္းေျခာက္ေနတာကို ငါသိတယ္.. ငါ မင္းကို ကူညီေပးခ်င္တယ္.. ငါ့ကို အမွန္တိုင္းေျပာျပပါ.."

ခ်န္ေကာရဲ႕စကားကိုၾကားေတာ့ ဝမ္ရွန႔္လုံ၏အမူအယာက ျပင္းထန္လာၿပီး သူ႔ကိုျငင္းဆန္ဟန္ျပကာ စာေရးခဲ့သည္။

"ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးက မေကာင္းဆိုးဝါးအျဖစ္ ေျပာင္းလဲသြားၿပီးသားပါ.. ကြၽန္ေတာ့္ကိုဂ႐ုစိုက္တာထက္ ခင္ဗ်ားဘာသာပဲ ဂ႐ုစိုက္စမ္းပါ.."

**-**























သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now