Chapter (179) - အဓိကပုဂ္ဂိုလ်

451 112 1
                                    

Chapter (179) - အဓိကပုဂ္ဂိုလ်


တံခါးထဲ ဝင်လိုက်သည်နှင့် ထူထပ်သော မြူတစ်ခုထဲသို့ လျှောက်သွားသလိုမျိုး အသက်ရှူရ ခက်ခဲလာသည်။ သူ့အရေပြားမှာ အစိုဓာတ်ကို ခံစားရပြီး အရာအားလုံးက နီရဲတောက်ပ နေတယ်။ ဒီကမ္ဘာက တံခါးနောက်ကွယ်က ကမာ လား။

ချန်ကော သည် မန်နန်၏ အကြံပေးမှုကို မှတ်မိသည်။ သူသည် ပါးစပ်ကို ပိတ်ထားလိုက်ပြီး လက်ထဲတွင် အသားခုတ်ဓားနှင့် တူဖြင့် ကိုင်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။ အခန်း ၃ ရှိ နံရံများ၊ မျက်နှာကျက်နှင့် အလှဆင်မှုများသည် လက်တွေ့ကမ္ဘာရှိ အခန်းများနှင့် တူညီနေသည်။

သူ လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတာက သူ့နှလုံးသားကို တုန်လှုပ်သွားစေတယ်။ အခန်း (၃) တံခါးကို ဖွင့်ထားသော်လည်း စင်္ကြံအပြင်ဘက်ရှိ မြင်ကွင်းသည် လက်တွေ့ကမ္ဘာ နဲ့ လုံဝကို ကွဲပြားလွန်းလှသည်။ ထိုနေရာက အမှိုက်ကင်းစင်သော စင်္ကြံတစ်ခုဖြစ်သည်။

ကြမ်းပြင်တွင် အမှိုက်ကျနေတာတွေ၊ မွေ့ယာများနှင့် အရုပ်များကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ဘဲ နေ့တိုင်း သန့်ရှင်းရေးလုပ်သော သန့်ရှင်းရေးသမားများ ရှိနေသကဲ့သို့ ခံစားရသည်။ ချန်ကော တံခါးဆီသို့ အသေအချာ လှမ်းကြည့်လိုက်သည်။ လက်မောင်းကို ထုတ်၍ စမ်းကြည့်ပြီး သူ့ လက် မပျောက်သွားတာကို တွေ့ရတော့ တံခါး လမ်းကြောင်းတစ်ခုအနေနဲ့ပဲ အလုပ်ဖြစ်ပုံရသည်။

စကားမပြောရန် သတိပေးထားသောကြောင့် ချန်ကော သည် ကျန်းယာ့ ကို မခေါ်နိုင်ပေ။ သူ့ကိုယ်သူ ထိန်းကာ အခန်း 3 မှ ထွက်လာစဉ် စင်္ကြံပေါ်မှ တစ်စုံတစ်ခုက သူ့ဆီ ပြေးဝင်လာသည်။ ထိုအရာသည် သူ မျှော်လင့်ထားသည့်အတိုင်း မကောင်းဆိုးဝါး မဟုတ်၊ ဖုတ်ကောင် သို့မဟုတ် လူသေကောင်မဟုတ်သော်လည်း အိပ်ယာခင်းများနှင့် ခေါင်းအုံးများဖြင့် ပြုလုပ်ထားသည့် အရုပ်ဖြစ်သည်။ ထိုအရုပ်က တစ်ခုထက်မကရှိခဲ့သည်။

စင်္ကြံတစ်လျှောက်မှာ စာခြောက်ရုပ်တွေလို ရပ်နေကြတယ်။ သူတို့ရဲ့ အမူအရာတွေက လွတ်လွတ်လပ်လပ် ပြုံးနေပြီး ချန်ကော က ပျော်လား ဝမ်းနည်းလား မပြောတတ်ဘူး။ တံခါးအပြင်ဘက်၌ ထိုကဲ့သို့သော အရာများ အဘယ်ကြောင့် ရှိနေတာလဲ။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now