Chapter (1-2) - သရဲအိမ် Game Application

2.6K 428 8
                                    

Chapter (1-2) – သရဲအိမ် Game Application"Store ခန်းထဲကသွေးတုတွေ ကုန်တော့မှာပဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Chapter (1-2) – သရဲအိမ် Game Application

"Store ခန်းထဲကသွေးတုတွေ ကုန်တော့မှာပဲ.. ငါ ထပ်ဝယ်ရဦးမယ်.."

"တကယ်လို့ စင်္ကြန်ကို ဘေးဘက်နည်းနည်းစောင်းအောင် လုပ်နိုင်ရင် လူတွေရဲ့အမြင်အာရုံကို ထင်ယောင်ထင်မှားဖြစ်စေပြီး ပိုကြောက်အောင် ခြောက်နိုင်လိမ့်မယ်.."

"Oh.. Oh.. ဒီအရုပ်က ပျက်နေပြီပဲ.. နောက်ရက်မှပြင်လိုက်မယ်.."

"Fuck.. အရင်အပတ်က ဒီနေရာမှာ ငါ မီးသီးအသစ်တစ်လုံး လဲတပ်သွားတာ ဘယ်ကောင်ဖြုတ်ခိုးသွားတာတုန်း.."

လူတွေအမြင်မှာ သူက သရဲအိမ်ကိုပိုင်ဆိုင်ထားတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်လူငယ်တစ်ဦး ဖြစ်နေပေမယ့် တကယ်တော့ ဒီသရဲအိမ်ကြီးကို လူတွေပိုပိုစိတ်ဝင်စားလာအောင်၊ လူတွေကို ပိုခြောက်လှန့်နိုင်အောင် ပစ္စည်းတွေ၊ အရုပ်တွေ ပြုပြင်ထိန်းသိမ်းရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သူပဲသိသည်။

သရဲအိမ်သည် ဖျော်ဖြေရေးလုပ်ငန်းထဲတွင် ပါဝင်ပြီး ထိတ်လန့်ဖွယ် ပတ်ဝန်းကျင်အခြေအနေက လူတစ်ယောက်၏ စိတ်ရောကိုယ်ပါ နှစ်ခုလုံး အမြင့်ဆုံးအခြေအနေထိ ဖြစ်ပေါ်စေပြီး ဒီနောက် လူတွေရဲ့ဖိအားကို ပြေလျော့သွားစေသည်။ ဒီလို သရဲအိမ်ထဲဝင်ပြီး ကြောက်လန့်မှုကို ကြုံတွေ့ရတာက အနှိပ်ခံလိုက်ရပြီးနောက် ကျေနပ်မှုရသွားသလို ဧည့်သည်တွေကို ခံစားရစေသည်။

သရဲအိမ်များတွင် ဧည့်သည်များကို ကြောက်လှန့်စေရန် ကိုယ်ပိုင်လှည့်ကွက်တစ်ခုစီ ရှိကြသည်။ အထိရောက်ဆုံးနည်းလမ်းကတော့ နယ်အသီးသီးကို ရွှေ့ပြောင်းနိုင်သည့် သရဲအိမ်လုပ်ငန်းဖြစ်သည်။ ရွှေ့ပြောင်းသရဲအိမ်များက နယ်ပေါင်းစုံလှည့်ပတ်ပြီး လူသစ်များစွာကို ထိတ်လန့်မှုကို ခံစားစေပြီး လူတွေကို ပိုဆွဲဆောင်နိုင်သည်။ Chen Ge ကဲ့သို့ တစ်နေရာတည်းတွင် အတည်တကျဆောက်လုပ်ထားသော သရဲအိမ်အတွက် ဧည့်သည်များကို ဆက်တိုက်ဆွဲဆောင်နိုင်ဖို့ ထူးထူးခြားခြားဖြစ်စဉ်နှင့် ကျော်ကြားမှုရှိဖို့ လိုအပ်နေသည်။ မဟုတ်လျှင် လူတွေကငြီးငွေ့သွားပြီး ဆက်လက်ရပ်တည်ဖို့ မလွယ်ကူနိုင်ပေ။

ပျက်စီးနေသည့်သရဲရုပ်တစ်ခုကို တရွတ်ဆွဲရင်း ပြုပြင်ထိန်းသိမ်းခန်းထဲ Chen Ge ဝင်လာခဲ့သည်။ သူက ကောလိပ်မှာ အရုပ်ဒီဇိုင်းဆွဲခြင်းပညာကို သင်ယူခဲ့ပြီး ဒီသရဲအိမ်ထဲက စက်တွေနဲ့ ထောင်ချောက်တွေကို သူ့ဘာသာဒီဇိုင်းဆွဲပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် ပြုပြင်ထိန်းသိမ်းဖို့က ပုံမှန်ဒီအရုပ်များကို အစုတ်အပြဲကို ပြန်ချုပ်၊ ဆေးခြယ်၊ အခြောက်ခံ စတဲ့အလုပ်တွေကို ထပ်တလဲလဲ လုပ်နေရုံဖြစ်သည်။

"သွေးတု နည်းနည်းလိုနေသေးတယ်.. အပေါ်ထပ်စတိုခန်းထဲ နည်းနည်းရှိသေးသလိုပဲ.."

သရဲအိမ်က သုံးထပ်ရှိပြီး ပထမနဲ့ ဒုတိယထပ်ကို ခြောက်လှန့်ဖို့ပြင်ဆင်ထားပြီး တတိယထပ်ကတော့ ပစ္စည်းသိမ်းဆည်းသည့် စတိုခန်းပြုလုပ်ထားသည်။

သစ်သားတံခါးကို တွန်းဖွင့်လိုက်တော့ သစ်သားစနှင့်ဖုန်တွေကြားမှာ Chen Ge ရဲ့မိဘတွေ ဒီသရဲအိမ်ကိုပြုပြင်ထိန်းသိမ်းရာမှာ မလိုအပ်သည့်ပစ္စည်းများကို တွေ့လိုက်ရသည်။ အတိတ်နဲ့ပတ်သက်တာကို ရင်မဆိုင်ချင်လို့ Chen Ge က ဒီနေရာကို သိပ်လာလေ့မရှိပေ။

"၆လတောင် ကြာသွားပြီထင်တယ်.."

ဒီပစ္စည်းကရိယာတွေကိုမြင်ပြီး Chen Ge က သူ့ငယ်ဘဝကို ပြန်သတိရလိုက်သည်။ သူငယ်စဉ်က မိဘတွေက ရွှေ့ပြောင်းသရဲအိမ်ကိုပိုင်ဆိုင်လို့ မိဘနှစ်ပါးနဲ့အတူ တိုင်းပြည်တစ်ဝှမ်း လှည့်လည်သွားလာခဲ့ရသည်။ မိဘနှစ်ပါး အလုပ်များနေချိန်တွင် Chen Ge ကို သရဲအိမ်အနောက်ဘက်က သရဲရုပ်များကြား ထားခဲ့ရသဖြင့် Chen Ge က သူများနှင့်မတူသည့် စိတ်ဝင်စားမှုနှင့် လုပ်ကိုင်သည့်အကျင့် ဖြစ်ပေါ်လာအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ခံခဲ့ရသလိုဖြစ်နေသည်။

ဒါကြောင့် သူ့ရွယ်တူသူငယ်ချင်းများက ပဟေဋ္ဌိများ ဖြေကြားကစားနေချိန်မှာ သူက လူခေါင်းပြတ်အရုပ်များကြား ပြေးလွှားကစားနေလေ့ရှိသည်။

"ဒီဟာတွေအားလုံးက တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေပဲ.."

Chen Ge က သစ်သားသေတ္တာလေးထဲက သူ့မိဘတွေကျန်ရစ်တဲ့ပစ္စည်းလေးတွေကို မတွေ့ရသေးခင်ထိ ဟိုဟိုသည်သည် လျှောက်ကြည့်နေမိသည်။ သေတ္တာထဲတွင် Cellphone အနက်ရောင်တစ်လုံးနှင့် လက်ရာခပ်ကြမ်းကြမ်း ချုပ်ထားသည့် အရုပ်တစ်ရုပ်ကို တွေ့လိုက်ရသည်။ အရုပ်က Chen Ge ပထမဆုံးပြုလုပ်ခဲ့သော အရုပ်ဖြစ်ပြီး Cellphone နဲ့ပတ်သက်ပြီး သူဘာမှမသိရပေ။ ဒီပစ္စည်းနှစ်ခုကို တောပိုင်းက စွန့်ပစ်ထားတဲ့ဆေးရုံဟောင်းတစ်ခုထဲမှာ တွေ့ခဲ့ရပြီး Chen Ge ရဲ့မိဘနှစ်ပါးက ဘာကြောင့် ညသန်းခေါင် ထပြီး ဒီဆေးရုံထဲသွားခဲ့သည်ကို ရဲအရာရှိများက အဖြေမပေးနိုင်ခဲ့ပေ။

"အဖေအမေတို့ ဘယ်ရောက်နေကြတာလဲဗျာ.."

Chen Ge သည် အရုပ်၏ပါးဖောင်းဖောင်းလေးကို တစ်ချက်ညစ်လိုက်ပြီး သက်ပြင်းချကာ သူ့ဘာသာပြောလိုက်သည်။

"သွေးတုသွားရှာတာပဲ ကောင်းပါတယ်လေ.. ငါ ဒီတစ်ရာသီကို မကျော်ဖြတ်နိုင်ရင် ငါ့သရဲအိမ်အလုပ်လေးကို ပိတ်လိုက်ရတော့မယ်.."

Chen Ge တစ်ယောက်တည်းရေရွတ်နေတုန်း သေတ္တာထဲကဖုန်းအနက်လေးက မီးရောင်တစ်ချက်လင်းလာတော့သည်။

"ဘာဖြစ်တာတုန်း.. ဒါ မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတဲ့ နည်းပညာဆိုင်ရာ ဖန်တီးမှုအသစ် Dark Technology လား.. ဒါမှမဟုတ် သဘာဝလွန် ဖြစ်ရပ်လား.."

ဒီလိုဖြစ်ရပ်မျိုးနဲ့ကြုံရင် အခြားလူတွေက ကြောက်လန့်တကြား အော်ဟစ်လိုက်မိမှာ သေချာတယ်။ Chen Ge ကတော့ တည်ငြိမ်စွာကြည့်နေသည်။ သူက ဖုန်းကိုကောက်ကိုင်ပြီး အနီးကပ်စစ်ဆေးလိုက်သည်။

"ထူးဆန်းလိုက်တာ.. ဒီဖုန်းကို ငါ အကြိမ်ရာချီဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် လုံးဝဖွင့်လို့မရခဲ့ဘူး.. ဒါပေမယ့် ဒီနေ့ သူ့ဘာသာ ဘာကြောင့်ပွင့်လာတာလဲ.. ဒီဖုန်းက ငါ့မိဘတွေ ပျောက်ကွယ်သွားတဲ့နေရာမှာ တွေ့ခဲ့တာဖြစ်လို့ ငါဒုက္ခရောက်နေတာသိလို့ ကူညီပေးချင်တာများလား.."

Chen Ge က ဖုန်းကိုဖွင့်လိုက်တော့ Home Page Screen ပေါ်မှာ သရဲအိမ် Application တစ်ခုကိုသာ တွေ့လိုက်ရသည်။

"နေဦး.. ဒီပုံက ငါနဲ့ရင်းနှီးနေသလိုပဲ.. ငါ့သရဲအိမ်အဝင်ဝပုံစံ မဟုတ်ဘူးလား.."

သူက မျက်မှောင်ကြုတ်လိုက်ပြီး ဒီ application ကိုဖွင့်လိုက်တော့ သွေးစက်တွေနဲ့ ဖွဲ့စည်းထားသည့် စာကြောင်းတစ်ကြောင်း ပေါ်လာခဲ့သည်။

"ဒီကမ္ဘာပေါ်မှာ သရဲရှိတယ်ဆိုတာ မင်းယုံသလား.."

သေချာလေ့လာကြည့်ရင် ဒီဟာက ဒဿနဆိုင်ရာ မေးခွန်းတစ်ခုနဲ့တူပြီး Chen Ge လို အင်ဂျင်နီယာကျောင်းသား တစ်ယောက်အတွက် ဖြေစရာတောင်မလိုပေ။

"ရှိနိုင်ပါတယ်.."

Chen Ge က သူ့ဘာသာရေရွတ်လိုက်ပြီး မကြာခင် Screen ပေါ်မှာ ဒုတိယစာကြောင်း ပေါ်လာခဲ့သည်။

"မင်းက သရဲရှိတာကို ယုံကြည်တယ်လို့ ပြောကြားခဲ့တဲ့အတွက် မင်းက သရဲအိမ်ရဲ့ပိုင်ရှင်အသစ် ဖြစ်သွားပါပြီ.. အခုတော့ ဂုဏ်ပြုဖို့ မထိုက်တန်သေးပေမယ့် ကျွန်ုပ်ရဲ့အကြံပြုချက်ကို သေချာမှတ်ထားပါ.. ကိုယ့်ကိုယ်ကိုယ်သတ်သေတာက သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်လို့ ဆက်လက်ရှင်သန်ဖို့ အကောင်းဆုံးကြိုးစားသွားပါ.."

"ဒါက ဘာကြီးလဲ.. ဘာကြောင့် ငါ့အဖေရဲ့ပြောဟန်နဲ့ တူနေတာလဲ.."

Chen Ge က application ကိုနှိပ်လိုက်တော့ နောက်ထပ်စာမျက်နှာတစ်ခု ထပ်ပေါ်လာတော့သည်။

Jiu Jiang မြို့အနောက်ဘက်မှ သရဲအိမ်

အခြေအနေ : ပိတ်သိမ်းရခါနီး
နာမည်ကောင်း : Zero
နေ့စဉ်လာတဲ့ ဧည့်သည်ဦးရေ : 4 ယောက်
လစဉ်လာတဲ့ ဧည့်သည်ဦးရေ : 10 ယောက်
သရဲနှင့် ဝိညာဉ်အရေအတွက် : မရှိ
ထောက်ပံ့ပစ္စည်း သိုလှောင်ထားမှု : မရှိ
ရရှိပြီးသော ဆု : မရှိ
လက်ရှိ ကစားလို့ရသည့်နေရာ : သက်ရှိတို့သေဆုံးသည့်ည (ကြောက်မက်ဖွယ်ကြေငြာ၊ မလေ့ကျင့်ရသေးသည့် သရုပ်ဆောင်များ၊ ဇာတ်လမ်းကြောင်းက ကျိုးကြောင်းဆက်စပ်မှု ရှိ မရှိ မဖတ်ရသေး)
ခြောက်လှန့်နိုင်မှုအဆင့် : 0 star
တစ္ဆေသတို့သမီး (ဝိညာဉ်လက်ထပ်ပွဲ) : အသက်ရှင်စဉ်ဘဝမှာ မဆုံစည်းခဲ့ရသည့် စုံတွဲများသည် သေလွန်ပြီးနောက် အတူတကွ ပေါင်းဖက်နိုင်ကြသည်။ သင်္ချိုင်းဂူတစ်ခုထဲ အတူမြှုပ်နှံပြီး သေဆုံးပြီးနောက် ပျော်ရွှင်မှုကိုရှာနိုင်ခြင်း။
ခြောက်လှန့်နိုင်မှုအဆင့် : 0.5 star

ဆက်လက်ကစားနိုင်သည့် နေရာများ
သန်းခေါင်ယံလူသတ်သမား : ပျက်စီးနေသည့် အဆောက်အအုံတွင် လျှောက်သွားနေသည့် စိတ္တဇလူသတ်သမားတစ်ဦးရှိပြီး ကတ်ကြေးတစ်လက်နှင့် တူတစ်ချောင်းကိုင်ပြီး အခန်းရှေ့တွင် သင့်ကိုစောင့်ဆိုင်းနေသည်။
ခြောက်လှန့်မှုအဆင့် : 1 star

ဖျားနာဆောင်အမှတ် ၃ : ညတိုင်းအသုံးမပြုတော့သည့် ဆေးရုံထဲမှ ရှင်းပြရန်ခက်ခဲသည့်အသံများ ထွက်ပေါ်နေခြင်း၊ သတင်းထောက်တစ်ယောက်အနေဖြင့် သင်က အကြောင်းရင်း သေချာသိအောင် စုံစမ်းရမည်။
ခြောက်လှန့်မှုအဆင့် : 3 star

သရဲခြောက်သည့် အသုဘယာဉ် : အခေါင်းတစ်လုံးတင်ထားသည့် အသုဘယာဉ်ဖြင့် ထွက်ခွာခြင်း၊ တစ်နာရီအတွင်း မထွက်နိုင်လျှင် သင်က ဒီအသုဘယာဉ်ထဲ ထာဝရပိတ်မိနေမည်။
ခြောက်လှန့်မှုအဆင့် : 2 star

နေ့စဉ်လုပ်ရမည့် mission : ပိုပြီးကြောက်စရာကောင်းသည့် ခြောက်လှန့်မှုအခြေအနေကို ဖန်တီးရန် နေ့စဉ် mission များကို ပြီးဆုံးအောင်ဆောင်ရွက်ရန်၊ mission ခက်ခဲမှုပေါ်မူတည်ပြီး ဆုလာဘ်များရရှိသွားမည်။

သရဲအိမ်ကို တိုးချဲ့နိုင်သည့် အခြေအနေ : လစဉ်လာလည်သည့် ဧည့်သည်အရေအတွက် 100 အထက်ရရှိရန်၊ နာမည်ကောင်း 60% ကျော်ရရှိစေရန် (တိုးချဲ့မှု ၃ကြိမ်ပြုလုပ်ပြီးလျှင် သရဲအိမ်ကို ကြောက်ရွံ့ဖွယ် ဝင်္ကပါအဆင့်သို့ တိုးမြှင့်နိုင်သည်)

ကံကြမ္မာဆိုး ဘီးလုံး၏ခြောက်လှန့်ခြင်း : (ဧည့်သည်များထံမှ ကြောက်ရွံ့မှုအမှတ်ကိုသုံးပြီး ကံကြမ္မာဘီးလုံးကို လှည့်နိုင်သည်)
: ဘဝ၏ရှင်ခြင်း၊ သေခြင်းကို လူသားများ မဆုံးဖြတ်နိုင်ပေ။ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းသည် နီးကပ်စွာတည်ရှိနေသည်။ သင့်တွင် သင့်သက်တမ်းကို ဆွဲဆန့်ပေးနိုင်သည့် ဝိညာဉ်မျိုးစေ့နှင့် အမုန်းတရားနှင့်ပြည့်နေသော မှင်စာဖြစ်သွားစေမည့် ဝိညာဉ်မျိုးစေ့နှစ်မျိုးလုံး ပိုင်ဆိုင်ထားသည်။

အခြားလုပ်ဆောင်ချက်များ : မဖွင့်ရသေးပါ။

======================

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now