Chapter (25) - ဇာတ္လမ္းသစ္ ပြင့္ေလၿပီ

1.3K 336 6
                                    

Chapter (25) – ဇာတ္လမ္းသစ္ ပြင့္ေလၿပီ

Chen Ge သည္ ခ်ည္စမ်ားထြက္ေနသည့္ ထိုင္ခံုမွာ သဘာဝေရတစ္ပုလင္း၊ မေဖာက္ရေသးသည့္ ေပါင္မုန္႔တစ္လံုးခ်ကာ ထိုင္ေနမိသည္။ မ်က္ႏွာခ်င္းဆိုင္ခံုမွာ ရဲအရာရွိေလးက သူ႔ဖုန္းကိုဖြင့္ၿပီး ပံုတစ္ပံုကိုျပကာ ေမးလိုက္သည္။

"ခင္ဗ်ားေတြ႕ခဲ့တာ ဒီလူလား.."

ပံုထဲမွာ လူတခ်ိဳ႕ မတ္တပ္ရပ္ေနၿပီး အေနာက္က အရက္ရွည္ရွည္ႏွင့္တစ္ေယာက္က ႏွင္းဆီပန္းတက္တူးႏွင့္လူ ျဖစ္ေနတာ ေတြ႕ရသည္။

"ဟုတ္တယ္ ဒီလူပဲ.."

"ႏွင္းဆီပန္းက တရုတ္ယဥ္ေက်းမႈကို ကိုယ္စားျပဳၿပီး ဒီတက္တူးက ေလာင္းကစားသမားေတြ ထိုးေလ့ရွိၾကတယ္.. ဒီလူက က်န္းဖုန္းျဖစ္ၿပီး ေလာင္းကစားေႂကြး သိန္းခ်ီတင္ေနတဲ့လူပဲ.. သူက ဓားျပနဲ႔ျပန္ေပးမႈေတြမွာ ပါဝင္ေနတယ္.."

ရဲအရာရွိက ေနာက္တစ္ပံု ထပ္ျပလိုက္သည္။ ဒီပံုက မီးပိြဳင့္ကင္မရာက ဖမ္းယူထားတဲ့ပံုျဖစ္ၿပီး ဒရိုင္ဘာခံုမွာ ထိုင္ေနတဲ့လူက Chen Ge ျမင္ခဲ့တဲ့ ဖက္တီးနဲ႔ 90% တူေနသည္။

"တူသလိုပဲ.."

"မင္းေျပာတဲ့ပံုစံက ငါတို႔ မီးပိြဳင့္မွတ္တမ္းထဲက အခ်က္နဲ႔ကိုက္တယ္.. ဒီပံုထဲကလူက ဖုန္ခြင္းလိန္လို႔ေခၚၿပီး အရက္ေသာက္ၿပီးကားေမာင္းလို႔ ယာဥ္တိုက္မႈနဲ႔ ထြက္ေျပးေနတဲ့လူပဲ.."

အရာရွိေလးက ဖုန္းကိုခ်ၿပီး သူ႔ကိုေျပာလိုက္သည္။

"ခင္ဗ်ားဆီမွာ ကြ်န္ေတာ္တို႔လိုအပ္တဲ့ သတင္းေတြ အမ်ားႀကီးရွိတယ္လို႔ ထင္တယ္.. ခင္ဗ်ား ခဏေစာင့္ေပးပါလား.. ပင္မဌာနခ်ဳပ္က စံုစမ္းေရးအဖြဲ႕ေတြ ထြက္လာၾကၿပီ.. သူတို႔က ခင္ဗ်ားဆီက ေမးျမန္းစရာေလးရွိလို႔ လတ္တေလာ ဒီမွာပဲေနေပးပါ.. ၿပီးေတာ့ ခင္ဗ်ားက ကြ်န္ေတာ္တို႔အတြက္ တစ္ဦးတည္းေသာသက္ေသျဖစ္လို႔ အတူပူးေပါင္းေဆာင္ရြက္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္.."

"ရပါတယ္.."

Chen Ge က အိပ္ယာထက္မွာ လဲေလ်ာင္းလိုက္သည္။ Chen Ge အခုမွ စိတ္ေအးသြားရေတာ့သည္။ လြန္ခဲ့တဲ့တစ္နာရီေလာက္က အေနာက္ဘက္ JiuJiang ရဲဌာနမွာ Fu An တိုက္ခန္းမွာ လူသတ္သမားတစ္ေယာက္ သြားလာေနပါတယ္ဆိုတဲ့ ဖုန္းရရခ်င္း ရဲဌာနကတစ္ဖြဲ႕ ထြက္လာၾကသည္။ သူတို႔က Fu An တိုက္ခန္းကိုသြားတဲ့လမ္းမွာ ေျပးေနတဲ့ Chen Ge နဲ႔ေတြ႕ၿပီးေနာက္ ရဲသားေတြ ႏွစ္စုခြဲလိုက္ၾကသည္။ တစ္ဖြဲ႕က Chen Ge ေနာက္ကလိုက္ၿပီး ေတာထဲကသစ္လံုးအိမ္ဆီ ထြက္လာၿပီး က်န္တစ္ဖြဲ႕က Fu An တိုက္ခန္းဆီ ထြက္လာၾကသည္။ သစ္လံုးအိမ္ေရာက္ေတာ့ ေသြးကြက္ပဲေတြ႕ရၿပီး Wang Qi က ေပ်ာက္ေနသည္။

လတ္ဆတ္တဲ့ေသြးေတြနဲ႔ အဝတ္အမ်ားႀကီးကိုေတြ႕ေတာ့မွ Chen Ge ေျပာတာကို ယံုသြားၾကသည္။ ဒါေၾကာင့္ ရဲစခန္းကိုဖုန္းဆက္ၿပီး တပ္ကူလႊတ္ေပးဖို႔နဲ႔ ဒီေတာင္တစ္ဝိုက္ရွာဖို႔ ေျပာလိုက္ၾကသည္။ အစက ရဲေတြက Chen Ge ကို ရဲစခန္းကို ေခၚသြားခ်င္ေပမယ့္ သူ႔မစ္ရွင္က အာရံုတက္တဲ့အထိ တိုက္ခန္းထဲမွာေနရမွာျဖစ္လို႔ Chen Ge က Fu An တိုက္ခန္းထဲမွာ သဲလြန္စေတြေတြ႕ခဲ့တယ္လို႔ေျပာလို႔ ရဲေတြက Chen Ge ကို Fu An တိုက္ခန္းကိုေခၚလာၿပီး ဒီမွာပဲ စစ္ခ်က္ယူခဲ့ၾကျခင္းျဖစ္သည္။

အခုခ်ိန္ Chen Ge က အေရးႀကီး အစိုးရသက္ေသျဖစ္လို႔ သူ႔ကိုေသခ်ာေစာင့္ေရွာက္ၿပီး Fu An တိုက္ခန္းထဲက အိပ္ယာတစ္ခုမွာ လဲေလ်ာင္းေနရင္း Chen Ge က အခ်ိန္ေစ့တဲ့ထိ ေစာင့္ေနသည္။

မနက္ ၃နာရီမွာ Chen Ge နားေနသည့္ အခန္းတံခါးပြင့္သြားၿပီး သက္လတ္ပိုင္း ရဲအရာရွိဝင္လာၿပီး ေဆာင္းထားသည့္ဦးထုပ္ကိုခြ်တ္ကာ စားပြဲေပၚကေရပုလင္းကိုဖြင့္ၿပီး အေတာ္မ်ားမ်ား ေမာ့ေသာက္လိုက္သည္။

"ဦးေလးစန္းေပါင္ ဒီဟာက ကြ်န္ေတာ့္ေရဗူး.."

ထိုရဲအရာရွိက လီစန္းေပါင္ျဖစ္ၿပီး JiuJaing ရဲဌာနက ေထာက္လွမ္းေရးအႀကီးအကဲျဖစ္ၿပီး Chen Ge ၏မိဘေပ်ာက္ဆံုးမႈကို တာဝန္ယူစံုစမ္းသည့္ အရာရွိျဖစ္သည္။ သူက Chen Ge ကို ေဖးမေပးၿပီး စိတ္က်ေရာဂါျဖစ္သည့္ဒဏ္မွ လြတ္ေအာင္ ကူညီေပးခဲ့သူလည္းျဖစ္သည္။

"အရႈပ္ထုပ္ေလး.. ငါ့ကို ဦးေလးစန္းေပါင္လို႔မေခၚဘဲ အင္စပတ္တာလီ ဒါမွမဟုတ္ စံုေထာက္လီလို႔ေခၚပါလို႔ ဘယ္ႏွခါေျပာရမလဲ.."

ထိုလူက ေရပုလင္းကိုခ်လိုက္ၿပီး ျပံဳးျပံဳးရယ္ရယ္ႏွင့္ ဆက္ေျပာလိုက္သည္။

"ဒီတစ္ခါ မင္းက ေကာင္းမႈကိစၥလုပ္ခဲ့လို႔ ခြင့္လႊတ္ေပးလိုက္မယ္.."

"ဟိုလူေတြကို မိၿပီလား.."

Chen Ge က မတ္တပ္ထရပ္ရင္း ေမးလိုက္သည္။

"ဒါေပါ့.. ငါတို႔စံုေထာက္ဌာနကလူေတြကို အထင္မေသးနဲ႔.. Wang Qi ကို မိရံုမကဘူး Zhang Peng ကလြဲၿပီး အကုန္ဖမ္းမိထားၿပီ.."

"သတင္းေကာင္းပဲဗ်.."

"သူတို႔က Wang Qi နဲ႔ေစ့စပ္ထားတဲ့ ေကာင္မေလးအေလာင္းကိုေတာင္ ေတြ႕ထားၿပီ.. ငါတို႔စကားေျပာေနတုန္း ကြ်မ္းက်င္ပညာရွင္ေတြ စစ္ေဆးေနတယ္.. ဒီကိစၥနဲ႔ပတ္သက္ၿပီး မင္း ေမးစရာရွိတာ ေမးထားလိုက္.. ၿပီးရင္ ငါ တျခားကိစၥ သြားလုပ္ရဦးမွာ.."

စံုေထာက္လီက Chen Ge ကို သတင္းေကာင္းေျပာခ်င္လို႔ လာခဲ့တာျဖစ္သည္။

"က်န္းဖုန္းနဲ႔ ဖိန္ခြ်င္းလိန္က ဒီရာဇဝတ္မႈမွာ မပါဘူးေပါ့.. က်န္တဲ့ႏွစ္ေယာက္ကေရာ.."

"မိန္းမက က်န္းဖုန္းရဲ႕မိန္းမပါ.. သူမလည္း အေႂကြးကိစၥေၾကာင့္ အျပစ္ရွိတယ္.. တိုက္ခန္းပိုင္ရွင္က အစက ဒီလူနာကို ျပဳစုတဲ့လူပဲ.. သူ႔အလုပ္ရွင္ရဲ႕ပစၥည္းကို ေလာဘတက္လာၿပီး ဒီလူစုနဲ႔ေပါင္းၿပီး ပစၥည္းကို မတရားသိမ္းယူခဲ့ေပမယ့္ သူ႔အလုပ္ရွင္ကို ႏွိပ္စက္ထားတာေတာ့ မေတြ႕ရဘူး.. မင္း ဘာေၾကာင့္ သူတို႔အေၾကာင္း ေမးတာလဲ.."

"စပ္စုခ်င္လို႔ပါ.. ဒါနဲ႔ ရဲေတြရဲ႕အမႈကို ကူညီေဖာ္ထုတ္ေပးရင္ ဆုရတယ္ဆို.. ဟုတ္လားဗ်.."

Chen Ge က ျပံဳးၿပီးေမးလိုက္သည္။

"အမႈပိတ္ၿပီးရင္ ဂုဏ္ျပဳမွတ္တမ္းလႊာနဲ႔ ဆုတံဆိပ္ကို စာတိုက္ကေန ပို႔ေပးလိမ့္မယ္.. ေစာင့္လိုက္ဦး.."

"Fuck ပဲေစာင့္.."

ဒါကိုေတြ႕ေတာ့ လူငယ္ရဲအရာရွိက ဝင္ေျပာလိုက္သည္။

"စံုေထာက္လီက ခင္ဗ်ားကို က်ီစားေနတာပါ.. တကယ္လို႔ Wang Qi က လြန္ခဲ့တဲ့ေလးႏွစ္က မီးရႈိ႕ခဲ့တဲ့ တရားခံဆိုတာေသခ်ာရင္ ခင္ဗ်ားက ဆုေငြ ယြမ္ 30000 ရမွာပါ.. ဒါက ရဲဌာနက သီးသန္႔ရံပံုေငြထဲက ဆုခ်ီးျမႇင့္တာျဖစ္ၿပီး ႏိုင္ငံေတာ္က ေပးတာမဟုတ္ဘူး.. ၿပီးေတာ့ အရာရွိႀကီးတစ္ေယာက္က သူ႔မိသားစုေသဆံုးတဲ့ကိစၥကို သတင္းေပးႏိုင္တဲ့လူကို ဆုေငြ ယြမ္ 5000 ေပးမယ္လို႔ ေၾကျငာထားေသးတယ္.."

"အဲ့ဒီပိုက္ဆံေတြ တကယ္ရမွာလား.."

ပိုက္ဆံအေၾကာင္းၾကားလို႔ Chen Ge ႏႈတ္ခမ္းေတြက ျပံဳးလို႔ေနသည္။

"ကြ်န္ေတာ္က ပိုက္ဆံရခ်င္လို႔ထက္ ေပ်ာ္လို႔လုပ္ခဲ့တာပါ.. ၿမိဳ႕ေတာ္ရဲ႕ ၿငိမ္းခ်မ္းေရးကို ကူညီေပးခြင့္ရလို႔ တကယ္လည္း ဂုဏ္ယူမိပါတယ္.."

စံုစမ္းေရးအဖြဲ႕ေရာက္လာၿပီး ေမးခြန္းေတြေမးၿပီးေနာက္ Chen Ge ကို ရဲကားနဲ႔ အိမ္ျပန္ပို႔ေပးဖို႔လုပ္ေပမယ့္ Chen Ge က အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ခ်န္ေနရစ္ခဲ့သည္။ သူက တတိယထပ္က ရာဇဝတ္မႈျဖစ္တဲ့ေနရာကို မ်က္ျမင္ေတြ႕ခ်င္တယ္ေျပာၿပီး အရာရွိေနာက္ကေန လိုက္လာခဲ့သည္။ သူက မနက္ ၆နာရီထိေနခဲ့ၿပီး မစ္ရွင္ၿပီးဆံုးၿပီလို႔ ဖုန္းထဲက စာပို႔တဲ့ထိေစာင့္ၿပီးမွ ရဲကားနဲ႔ ျပန္လာခဲ့သည္။

Chen Ge က ဖုန္းအနက္ကိုထုတ္ၿပီး သူရတဲ့ဆုလာဘ္ကို ၾကည့္လိုက္သည္။

>>ကစားသမားက မစ္ရွင္ၿပီးတဲ့ထိ ထိုေနရာမွာ ေနခဲ့သည္၊ လူသတ္သမားကို ရွာေတြ႕ခဲ့ၿပီး မနက္အထိ ေနခဲ့သည္၊ အစမ္းမစ္ရွင္ ေအာင္ျမင္ၿပီးေျမာက္ပါၿပီ။ သရဲအိမ္ရဲ႕ ဇာတ္လမ္းအသစ္ ပြင့္သြားပါၿပီ။ ကစားသမားက ဖုန္းထဲကအခန္းေတြကို ဝင္ေရာက္ကစားႏိုင္ပါၿပီ။ ဖုန္းမ်က္ႏွာျပင္က အခန္းေတြကို လြတ္လပ္စြာ အသံုးျပဳႏိုင္ပါၿပီ။<<

>>အစမ္းမစ္ရွင္ 90% ၿပီးစီးေသာေၾကာင့္ လွ်ိဳ႕ဝွက္မစ္ရွင္ ပြင့္သြားပါၿပီ။ ဂုဏ္ယူပါတယ္။
လွ်ိဳ႕ဝွက္မစ္ရွင္ - Wang Qi ၏ လူေပ်ာက္ေၾကျငာစာ<<

>>Wang Qi ရဲ႕ လူေပ်ာက္ေၾကျငာစာ (အၿငိဳးရမွတ္ 11 မွတ္) - ေန႔တိုင္း ငါသတ္လိုက္တဲ့ ငါ့ခ်စ္သူကို လိုက္ရွာေနတယ္၊ သူမကို ထပ္ခါထပ္ခါ သတ္လိုက္ေပမယ့္ သူမက ငါ့ကိုေတြ႕ေအာင္ ရွာႏိုင္ခဲ့တယ္၊ မနက္တိုင္း မ်က္လံုးဖြင့္လိုက္တာနဲ႔ သူမက ငါ့အိပ္ယာေဘးမွာ မတ္တပ္ရပ္ေနတယ္၊ ဒါေၾကာင့္ သူမကို နံရံထဲျမႇဳပ္ခဲ့ေပမယ့္ သူမက ငါ့ႏွလံုးသားထဲ ဝင္ေရာက္ခဲ့ၿပီးၿပီ<<

မစ္ရွင္က 90% ေက်ာ္ ၿပီးသြားရင္ ဆုထပ္ရတာလား..?

Chen Ge က စိတ္လႈပ္ရွားၿပီး ပြင့္သြားတဲ့လွ်ိဳ႕ဝွက္မစ္ရွင္ကို ဖြင့္ၾကည့္ၿပီး စာကိုဖတ္လိုက္ေတာ့ စိတ္လႈပ္ရွားတာေတာင္ ေပ်ာက္သြားသည္။ Wang Qi ရဲ႕ လူေပ်ာက္ေၾကျငာလား..? ဖုန္းအနက္က မွားေနတာလား..? ဒီဟာက ဆုတစ္ခုဆိုတာထက္ က်ိန္စာတစ္ခုလို႔ ငါခံစားေနရတယ္။

ဒီစာကိုဖတ္ၿပီး Chen Ge ေခါင္းထဲ ေမးခြန္းေတြေပၚလာသည္။ အၿငိဳးရမွတ္ဆိုတာ ဘာလဲ။ စကားလံုးေတြအရဆိုရင္ Wang Qi ရဲ႕ရန္ၿငိဳးကို ဆိုလိုတာပဲ။

ဒီလိုအသံုးအႏႈန္းကို သက္ရွိလူသားေတြ မသံုးတတ္ၾကဘူးဆိုေတာ့ လူသားမဟုတ္တာကို ရည္ညႊန္းတာလား။ Chen Ge က သူ႔ေနာက္မွာေပၚေနသည့္ အရိပ္ကို လွည့္ၾကည့္လိုက္ၿပီး ေခါင္းကိုယမ္းကာ အေတြးကို ထုတ္လိုက္ေတာ့သည္။

=============
Chapter (25) – ဇာတ်လမ်းသစ် ပွင့်လေပြီ

Chen Ge သည် ချည်စများထွက်နေသည့် ထိုင်ခုံမှာ သဘာဝရေတစ်ပုလင်း၊ မဖောက်ရသေးသည့် ပေါင်မုန့်တစ်လုံးချကာ ထိုင်နေမိသည်။ မျက်နှာချင်းဆိုင်ခုံမှာ ရဲအရာရှိလေးက သူ့ဖုန်းကိုဖွင့်ပြီး ပုံတစ်ပုံကိုပြကာ မေးလိုက်သည်။

"ခင်ဗျားတွေ့ခဲ့တာ ဒီလူလား.."

ပုံထဲမှာ လူတချို့ မတ်တပ်ရပ်နေပြီး အနောက်က အရက်ရှည်ရှည်နှင့်တစ်ယောက်က နှင်းဆီပန်းတက်တူးနှင့်လူ ဖြစ်နေတာ တွေ့ရသည်။

"ဟုတ်တယ် ဒီလူပဲ.."

"နှင်းဆီပန်းက တရုတ်ယဉ်ကျေးမှုကို ကိုယ်စားပြုပြီး ဒီတက်တူးက လောင်းကစားသမားတွေ ထိုးလေ့ရှိကြတယ်.. ဒီလူက ကျန်းဖုန်းဖြစ်ပြီး လောင်းကစားကြွေး သိန်းချီတင်နေတဲ့လူပဲ.. သူက ဓားပြနဲ့ပြန်ပေးမှုတွေမှာ ပါဝင်နေတယ်.."

ရဲအရာရှိက နောက်တစ်ပုံ ထပ်ပြလိုက်သည်။ ဒီပုံက မီးပွိုင့်ကင်မရာက ဖမ်းယူထားတဲ့ပုံဖြစ်ပြီး ဒရိုင်ဘာခုံမှာ ထိုင်နေတဲ့လူက Chen Ge မြင်ခဲ့တဲ့ ဖက်တီးနဲ့ 90% တူနေသည်။

"တူသလိုပဲ.."

"မင်းပြောတဲ့ပုံစံက ငါတို့ မီးပွိုင့်မှတ်တမ်းထဲက အချက်နဲ့ကိုက်တယ်.. ဒီပုံထဲကလူက ဖုန်ခွင်းလိန်လို့ခေါ်ပြီး အရက်သောက်ပြီးကားမောင်းလို့ ယာဉ်တိုက်မှုနဲ့ ထွက်ပြေးနေတဲ့လူပဲ.."

အရာရှိလေးက ဖုန်းကိုချပြီး သူ့ကိုပြောလိုက်သည်။

"ခင်ဗျားဆီမှာ ကျွန်တော်တို့လိုအပ်တဲ့ သတင်းတွေ အများကြီးရှိတယ်လို့ ထင်တယ်.. ခင်ဗျား ခဏစောင့်ပေးပါလား.. ပင်မဌာနချုပ်က စုံစမ်းရေးအဖွဲ့တွေ ထွက်လာကြပြီ.. သူတို့က ခင်ဗျားဆီက မေးမြန်းစရာလေးရှိလို့ လတ်တလော ဒီမှာပဲနေပေးပါ.. ပြီးတော့ ခင်ဗျားက ကျွန်တော်တို့အတွက် တစ်ဦးတည်းသောသက်သေဖြစ်လို့ အတူပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်.."

"ရပါတယ်.."

Chen Ge က အိပ်ယာထက်မှာ လဲလျောင်းလိုက်သည်။ Chen Ge အခုမှ စိတ်အေးသွားရတော့သည်။ လွန်ခဲ့တဲ့တစ်နာရီလောက်က အနောက်ဘက် JiuJiang ရဲဌာနမှာ Fu An တိုက်ခန်းမှာ လူသတ်သမားတစ်ယောက် သွားလာနေပါတယ်ဆိုတဲ့ ဖုန်းရရချင်း ရဲဌာနကတစ်ဖွဲ့ ထွက်လာကြသည်။ သူတို့က Fu An တိုက်ခန်းကိုသွားတဲ့လမ်းမှာ ပြေးနေတဲ့ Chen Ge နဲ့တွေ့ပြီးနောက် ရဲသားတွေ နှစ်စုခွဲလိုက်ကြသည်။ တစ်ဖွဲ့က Chen Ge နောက်ကလိုက်ပြီး တောထဲကသစ်လုံးအိမ်ဆီ ထွက်လာပြီး ကျန်တစ်ဖွဲ့က Fu An တိုက်ခန်းဆီ ထွက်လာကြသည်။ သစ်လုံးအိမ်ရောက်တော့ သွေးကွက်ပဲတွေ့ရပြီး Wang Qi က ပျောက်နေသည်။

လတ်ဆတ်တဲ့သွေးတွေနဲ့ အဝတ်အများကြီးကိုတွေ့တော့မှ Chen Ge ပြောတာကို ယုံသွားကြသည်။ ဒါကြောင့် ရဲစခန်းကိုဖုန်းဆက်ပြီး တပ်ကူလွှတ်ပေးဖို့နဲ့ ဒီတောင်တစ်ဝိုက်ရှာဖို့ ပြောလိုက်ကြသည်။ အစက ရဲတွေက Chen Ge ကို ရဲစခန်းကို ခေါ်သွားချင်ပေမယ့် သူ့မစ်ရှင်က အာရုံတက်တဲ့အထိ တိုက်ခန်းထဲမှာနေရမှာဖြစ်လို့ Chen Ge က Fu An တိုက်ခန်းထဲမှာ သဲလွန်စတွေတွေ့ခဲ့တယ်လို့ပြောလို့ ရဲတွေက Chen Ge ကို Fu An တိုက်ခန်းကိုခေါ်လာပြီး ဒီမှာပဲ စစ်ချက်ယူခဲ့ကြခြင်းဖြစ်သည်။

အခုချိန် Chen Ge က အရေးကြီး အစိုးရသက်သေဖြစ်လို့ သူ့ကိုသေချာစောင့်ရှောက်ပြီး Fu An တိုက်ခန်းထဲက အိပ်ယာတစ်ခုမှာ လဲလျောင်းနေရင်း Chen Ge က အချိန်စေ့တဲ့ထိ စောင့်နေသည်။

မနက် ၃နာရီမှာ Chen Ge နားနေသည့် အခန်းတံခါးပွင့်သွားပြီး သက်လတ်ပိုင်း ရဲအရာရှိဝင်လာပြီး ဆောင်းထားသည့်ဦးထုပ်ကိုချွတ်ကာ စားပွဲပေါ်ကရေပုလင်းကိုဖွင့်ပြီး အတော်များများ မော့သောက်လိုက်သည်။

"ဦးလေးစန်းပေါင် ဒီဟာက ကျွန်တော့်ရေဗူး.."

ထိုရဲအရာရှိက လီစန်းပေါင်ဖြစ်ပြီး JiuJaing ရဲဌာနက ထောက်လှမ်းရေးအကြီးအကဲဖြစ်ပြီး Chen Ge ၏မိဘပျောက်ဆုံးမှုကို တာဝန်ယူစုံစမ်းသည့် အရာရှိဖြစ်သည်။ သူက Chen Ge ကို ဖေးမပေးပြီး စိတ်ကျရောဂါဖြစ်သည့်ဒဏ်မှ လွတ်အောင် ကူညီပေးခဲ့သူလည်းဖြစ်သည်။

"အရှုပ်ထုပ်လေး.. ငါ့ကို ဦးလေးစန်းပေါင်လို့မခေါ်ဘဲ အင်စပတ်တာလီ ဒါမှမဟုတ် စုံထောက်လီလို့ခေါ်ပါလို့ ဘယ်နှခါပြောရမလဲ.."

ထိုလူက ရေပုလင်းကိုချလိုက်ပြီး ပြုံးပြုံးရယ်ရယ်နှင့် ဆက်ပြောလိုက်သည်။

"ဒီတစ်ခါ မင်းက ကောင်းမှုကိစ္စလုပ်ခဲ့လို့ ခွင့်လွှတ်ပေးလိုက်မယ်.."

"ဟိုလူတွေကို မိပြီလား.."

Chen Ge က မတ်တပ်ထရပ်ရင်း မေးလိုက်သည်။

"ဒါပေါ့.. ငါတို့စုံထောက်ဌာနကလူတွေကို အထင်မသေးနဲ့.. Wang Qi ကို မိရုံမကဘူး Zhang Peng ကလွဲပြီး အကုန်ဖမ်းမိထားပြီ.."

"သတင်းကောင်းပဲဗျ.."

"သူတို့က Wang Qi နဲ့စေ့စပ်ထားတဲ့ ကောင်မလေးအလောင်းကိုတောင် တွေ့ထားပြီ.. ငါတို့စကားပြောနေတုန်း ကျွမ်းကျင်ပညာရှင်တွေ စစ်ဆေးနေတယ်.. ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း မေးစရာရှိတာ မေးထားလိုက်.. ပြီးရင် ငါ တခြားကိစ္စ သွားလုပ်ရဦးမှာ.."

စုံထောက်လီက Chen Ge ကို သတင်းကောင်းပြောချင်လို့ လာခဲ့တာဖြစ်သည်။

"ကျန်းဖုန်းနဲ့ ဖိန်ချွင်းလိန်က ဒီရာဇဝတ်မှုမှာ မပါဘူးပေါ့.. ကျန်တဲ့နှစ်ယောက်ကရော.."

"မိန်းမက ကျန်းဖုန်းရဲ့မိန်းမပါ.. သူမလည်း အကြွေးကိစ္စကြောင့် အပြစ်ရှိတယ်.. တိုက်ခန်းပိုင်ရှင်က အစက ဒီလူနာကို ပြုစုတဲ့လူပဲ.. သူ့အလုပ်ရှင်ရဲ့ပစ္စည်းကို လောဘတက်လာပြီး ဒီလူစုနဲ့ပေါင်းပြီး ပစ္စည်းကို မတရားသိမ်းယူခဲ့ပေမယ့် သူ့အလုပ်ရှင်ကို နှိပ်စက်ထားတာတော့ မတွေ့ရဘူး.. မင်း ဘာကြောင့် သူတို့အကြောင်း မေးတာလဲ.."

"စပ်စုချင်လို့ပါ.. ဒါနဲ့ ရဲတွေရဲ့အမှုကို ကူညီဖော်ထုတ်ပေးရင် ဆုရတယ်ဆို.. ဟုတ်လားဗျ.."

Chen Ge က ပြုံးပြီးမေးလိုက်သည်။

"အမှုပိတ်ပြီးရင် ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဆုတံဆိပ်ကို စာတိုက်ကနေ ပို့ပေးလိမ့်မယ်.. စောင့်လိုက်ဦး.."

"Fuck ပဲစောင့်.."

ဒါကိုတွေ့တော့ လူငယ်ရဲအရာရှိက ဝင်ပြောလိုက်သည်။

"စုံထောက်လီက ခင်ဗျားကို ကျီစားနေတာပါ.. တကယ်လို့ Wang Qi က လွန်ခဲ့တဲ့လေးနှစ်က မီးရှို့ခဲ့တဲ့ တရားခံဆိုတာသေချာရင် ခင်ဗျားက ဆုငွေ ယွမ် 30000 ရမှာပါ.. ဒါက ရဲဌာနက သီးသန့်ရံပုံငွေထဲက ဆုချီးမြှင့်တာဖြစ်ပြီး နိုင်ငံတော်က ပေးတာမဟုတ်ဘူး.. ပြီးတော့ အရာရှိကြီးတစ်ယောက်က သူ့မိသားစုသေဆုံးတဲ့ကိစ္စကို သတင်းပေးနိုင်တဲ့လူကို ဆုငွေ ယွမ် 5000 ပေးမယ်လို့ ကြေငြာထားသေးတယ်.."

"အဲ့ဒီပိုက်ဆံတွေ တကယ်ရမှာလား.."

ပိုက်ဆံအကြောင်းကြားလို့ Chen Ge နှုတ်ခမ်းတွေက ပြုံးလို့နေသည်။

"ကျွန်တော်က ပိုက်ဆံရချင်လို့ထက် ပျော်လို့လုပ်ခဲ့တာပါ.. မြို့တော်ရဲ့ ငြိမ်းချမ်းရေးကို ကူညီပေးခွင့်ရလို့ တကယ်လည်း ဂုဏ်ယူမိပါတယ်.."

စုံစမ်းရေးအဖွဲ့ရောက်လာပြီး မေးခွန်းတွေမေးပြီးနောက် Chen Ge ကို ရဲကားနဲ့ အိမ်ပြန်ပို့ပေးဖို့လုပ်ပေမယ့် Chen Ge က အကြောင်းအမျိုးမျိုးပြပြီး ချန်နေရစ်ခဲ့သည်။ သူက တတိယထပ်က ရာဇဝတ်မှုဖြစ်တဲ့နေရာကို မျက်မြင်တွေ့ချင်တယ်ပြောပြီး အရာရှိနောက်ကနေ လိုက်လာခဲ့သည်။ သူက မနက် ၆နာရီထိနေခဲ့ပြီး မစ်ရှင်ပြီးဆုံးပြီလို့ ဖုန်းထဲက စာပို့တဲ့ထိစောင့်ပြီးမှ ရဲကားနဲ့ ပြန်လာခဲ့သည်။

Chen Ge က ဖုန်းအနက်ကိုထုတ်ပြီး သူရတဲ့ဆုလာဘ်ကို ကြည့်လိုက်သည်။

>>ကစားသမားက မစ်ရှင်ပြီးတဲ့ထိ ထိုနေရာမှာ နေခဲ့သည်၊ လူသတ်သမားကို ရှာတွေ့ခဲ့ပြီး မနက်အထိ နေခဲ့သည်၊ အစမ်းမစ်ရှင် အောင်မြင်ပြီးမြောက်ပါပြီ။ သရဲအိမ်ရဲ့ ဇာတ်လမ်းအသစ် ပွင့်သွားပါပြီ။ ကစားသမားက ဖုန်းထဲကအခန်းတွေကို ဝင်ရောက်ကစားနိုင်ပါပြီ။ ဖုန်းမျက်နှာပြင်က အခန်းတွေကို လွတ်လပ်စွာ အသုံးပြုနိုင်ပါပြီ။<<

>>အစမ်းမစ်ရှင် 90% ပြီးစီးသောကြောင့် လျှို့ဝှက်မစ်ရှင် ပွင့်သွားပါပြီ။ ဂုဏ်ယူပါတယ်။
လျှို့ဝှက်မစ်ရှင် - Wang Qi ၏ လူပျောက်ကြေငြာစာ<<

>>Wang Qi ရဲ့ လူပျောက်ကြေငြာစာ (အငြိုးရမှတ် 11 မှတ်) - နေ့တိုင်း ငါသတ်လိုက်တဲ့ ငါ့ချစ်သူကို လိုက်ရှာနေတယ်၊ သူမကို ထပ်ခါထပ်ခါ သတ်လိုက်ပေမယ့် သူမက ငါ့ကိုတွေ့အောင် ရှာနိုင်ခဲ့တယ်၊ မနက်တိုင်း မျက်လုံးဖွင့်လိုက်တာနဲ့ သူမက ငါ့အိပ်ယာဘေးမှာ မတ်တပ်ရပ်နေတယ်၊ ဒါကြောင့် သူမကို နံရံထဲမြှုပ်ခဲ့ပေမယ့် သူမက ငါ့နှလုံးသားထဲ ဝင်ရောက်ခဲ့ပြီးပြီ<<

မစ်ရှင်က 90% ကျော် ပြီးသွားရင် ဆုထပ်ရတာလား..?

Chen Ge က စိတ်လှုပ်ရှားပြီး ပွင့်သွားတဲ့လျှို့ဝှက်မစ်ရှင်ကို ဖွင့်ကြည့်ပြီး စာကိုဖတ်လိုက်တော့ စိတ်လှုပ်ရှားတာတောင် ပျောက်သွားသည်။ Wang Qi ရဲ့ လူပျောက်ကြေငြာလား..? ဖုန်းအနက်က မှားနေတာလား..? ဒီဟာက ဆုတစ်ခုဆိုတာထက် ကျိန်စာတစ်ခုလို့ ငါခံစားနေရတယ်။

ဒီစာကိုဖတ်ပြီး Chen Ge ခေါင်းထဲ မေးခွန်းတွေပေါ်လာသည်။ အငြိုးရမှတ်ဆိုတာ ဘာလဲ။ စကားလုံးတွေအရဆိုရင် Wang Qi ရဲ့ရန်ငြိုးကို ဆိုလိုတာပဲ။

ဒီလိုအသုံးအနှုန်းကို သက်ရှိလူသားတွေ မသုံးတတ်ကြဘူးဆိုတော့ လူသားမဟုတ်တာကို ရည်ညွှန်းတာလား။ Chen Ge က သူ့နောက်မှာပေါ်နေသည့် အရိပ်ကို လှည့်ကြည့်လိုက်ပြီး ခေါင်းကိုယမ်းကာ အတွေးကို ထုတ်လိုက်တော့သည်။

=============

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now