Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။

175 41 0
                                    


Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။  


ထိန်းချုပ်ထားမှု ဆုံးရှုံးပြီးနောက် အဖြူရောင်အရိပ်က နောက်သို့ ဆုတ်သွားသည်။ သူ့အရှိန်က အရမ်း မြန်သည်။

"မပြေးနဲ့!"

ဒါကအဖြူရောင် အရိပ်ကို နှိမ်နှင်းဖို့ အခွင့်အရေးမို့ ချန်ကောက လွယ်လွယ်နဲ့ လွတ်မသွားစေချင်ပေ။  သူသည် အသားခုတ်ဓားကို မြှောက်လိုက်ပြီး အဖြူရောင် အရိပ်နောက်သို့ လိုက်သွားခဲ့သည်။ အမျိုးသမီး၏ ထိန်းချုပ်မှုမရှိဘဲ အဖြူရောင်အရိပ်၏ တည်ရှိမှုသည် ဆက်တိုက် အားနည်းသွားခဲ့သည်။ သူ့မျက်နှာက သူ့ခန္ဓာကိုယ်အတိုင်း မှုန်ဝါးလာသည်။

မကောင်းဆိုးဝါးက ခြိမ်းခြောက်ခံရသလို ခံစားလိုက်ရသည်။  သူသည် အနက်ရောင် ခရီးဆောင်အိတ်ဆီသို့ ပြေးသွားကာ အိမ်ရှေ့တံခါးကို မပြေးမီ အတွင်းမှ တစ်စုံတစ်ခုကို လှမ်းယူလိုက်သည်။ ချန်ကောသည် မည်သည့် အရာဖြစ်သည်ကို ကောင်းကောင်း မကြည့်မိသော်လည်း   အရိပ်ဖြူက သူ့ကို တိုက်ခိုက်ရန် ထိုအရာကို ယူရန် ကြိုးပမ်းနေသည်ကို သူသိသည်။

ချန်ကောက အဖြူရောင်အရိပ်ကို ထိခိုက်မှုအချို့ ပြုလုပ်နိုင်ခဲ့သည်။  ဆုံးဖြတ်ချက်ချလိုက်ပြီး ချန်ကောသည်   အရိပ်ဖြူက ယူဆောင်ရန် ကြိုးစားသည့်အရာဆီသို့ ပြောင်းလိုက်သည်။ သူက ဓါးဖြင့်လှမ်းခုတ်လိုက်စဉ် အဖြူရောင်အရိပ်က ရှောင်ပြေးသွားချိန်မှာ ချန်ကောက သူကိုင်ထားတဲ့အရာကို ဖမ်းဆုပ်လိုက်သည်။

သူတို့ရဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် အရာဝတ္ထုဟာ ကွဲအက်သွားကာ  တစ်ဝက်လောက်က ကြမ်းပြင်ပေါ် လွင့်ကျသွားသည်။ လွတ်မြောက်ဖို့ ကြိုးစားနေသည့် အရိပ်ဖြူက  ထိုအရာကို ဖမ်းဆုပ်ဖို့ မကြိုးစားတော့ပေ။  ချန်ကောက တံခါးဆီ ပြေးသွားပေမယ့်  မှောင်မဲနေတဲ့ စင်္ကြံမှာ ဘာမှ မရှိတော့ပေ။ သူက ယုတ္တိဗေဒ ကျကျ စဉ်းစားလိုက်သည်။  Tape သရဲ၏အကူညီမပါလျှင်  အဖြူရောင်အရိပ်ကို သူ တွန်းလှန်နိုင်မည်မဟုတ်ပေ။

ချန်ကောသည် လိုက်မဖမ်းတော့ပဲ အိမ်ရှေ့တံခါးကိုပိတ်ပြီး ဧည့်ခန်းမီးကိုဖွင့်လိုက်သည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့မျက်လုံးများ တုန်လှုပ်သွားသည် ။ အေးစက်သောကြမ်းပြင်တွင် အမျိုးသမီး၏ ခြေလက်များသည် တွန့်လိမ်နေပြီး မျက်လုံးများ အပြင်သို့ ပြူးထွက်နေသည်။ သူမ ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်ပြီး ဆံပင်မရှိသော မျက်နှာက ချန်ကောကို စိတ်ရှုပ်ထွေးစေသော အမူအရာကို ပြသနေ သည်။ သူမက နာကျင်မှုကို ခံစားခဲ့ရသော်လည်း လွတ်မြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို ခံစားနေသလိုပင်။

"နာကျင်နေလား?"

မိန်းမကို ကိုင်တွယ်ဖို့က Tape သရဲရဲ့ အလုပ်ဖြစ်သည်။  သူ၏တာဝန်မှာ Tape သရဲမှ သူ၏ဆန္ဒကို ပြီးမြောက်အောင် ကူညီရန် ဤအမျိုးသမီးကို ရှာဖွေရန်ဖြစ်သည်။ ကြမ်းပြင်ပေါ်ကျနေသော စုတ်ပြဲနေသော စာရွက်တစ်ရွက်ကို ကောက်ယူရန် လှည့်ကြည့်လိုက်သည်။

ကြည့်ရတာ ကြော်ငြာလက်ကမ်းစာစောင်လိုပဲ။ တကယ့်အကြောင်းအရာက အဖြူရောင်အရိပ်က သိမ်းယူထားတဲ့ အခြားတစ်ဝက်တွင် ဖြစ်သည်။  ချန်ကော၏ လက်ထဲမှ တစ်ဝက်ထဲတွင် အနီရောင် စကားလုံးသုံးလုံးနှင့် ဆောင်ပုဒ်လေး တစ်ခုသာ ရှိသည်။
"တစ္ဆေပုံပြင် အဖွဲ့အစည်း? အပတ်တိုင်း တကယ့် သရဲတစ္ဆေဇာတ်လမ်းကို မျှဝေကြမယ်။"

တစ်ဝက်စုတ်သွားသော ဤလက်ကမ်းစာစောင်သည် ချန်ကော၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး အဖြူရောင်အရိပ်သည် ဤအရာကို ယူဆောင်လာရန် အရမ်းကို ကြိုးစားနေရတဲ့အကြောင်းရင်းက တံခါးနောက်ကွယ်က ကမ္ဘာကြီးကြောင့်လား။


လက်ကမ်းကြော်ငြာသည် လူနာအမှတ် ၂ မှဖြစ်ပြီး သူမသည် ယခင်က တံခါးနောက်တွင်ရှိခဲ့သည်။

လွတ်မြောက်လာသော စိတ်ဝေဒနာရှင်များက သူတို့အတွက် အဖွဲ့စည်းတစ်ခုကို ထူထောင်နိုင်သလား။ ဒါပေမယ့် အပတ်တိုင်း ထိတ်လန့်စရာဇာတ်လမ်းတစ်ပုဒ်ကို မျှဝေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။

အကြမ်းဖျင်း ပြုလုပ်ထားသည့် လက်ကမ်းကြော်ငြာနှင့် စပ်စုချင်စိတ်ပေးလာစေသော နိဒါန်း စာပိုဒ်ကို ကြည့်ရင်း၊ ချန်ကောသည် လမ်းဘေးတွင် ကပ်ထားလေ့ရှိသည့် ကြော်ငြာချေးငွေများထက် ပို၍ အသေးစိတ်ဖြစ်ကြောင်း ချန်ကော သတိပြုမိလာသည်။

အဖွဲ့ဝင်များသည် သရဲတစ္ဆေပုံပြင်များကို အမှန်အတိုင်း ပြောပြရမည်၊ ထို့ကြောင့် သူတို့တွင် ပြောပြစရာ ပုံပြင်မရှိလျှင် ဘာဖြစ်သွားမည်နည်း။ အတုလုပ်ပြီးပြောမလား? အစစ်လား အတုလား ဆိုတာ တစ်ဖက်လူက ဘယ်လိုသိနိုင်မလဲ။

ချန်ကော စာရွက်ကို အိတ်ထဲထည့်လိုက်သည်။ သူသည် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို လူများကို ပြောပြခဲ့မည်ဆိုလျှင်၊  လူများစွာကို ကြောက်လန့်အောင် ခြောက်လှမ်းနိုင်လိမ့်မည်။ ဟုတ်တယ်... အဓိကအချက်ကတော့ လူတွေပါပဲ။ သူ့ပရိသတ်ထဲမှာ သရဲတစ္ဆေတွေရှိနေရင် ဘယ်သူက ဘယ်သူ့ကို ကြောက်နေမယ်ဆိုတာ ပြောဖို့ခက်လိမ့်မယ်။

အခန်းထဲက အော်သံတွေက တဖြည်းဖြည်း ရပ်တန့်သွားပြီး သူတို့နေရာမှာ စက်ရုပ်ဆန်ဆန် အမျိုးသမီး အသံ ထွက်ပေါ်လာသည်။

 "အရမ်းနာကျင်တာပဲ..."

"အမျိုးသမီးကို တိပ်ခွေထဲမှာ အတင်းအကြပ် ပိတ်ထားတာလား"

 ချန်ကောသည် အမျိုးသမီးဆီကို လျှောက်သွားသည်။ သူမ၏ ဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်မှ စုပ်ယူ ခံလိုက်ရသလိုပင် သူမ၏ အကြည့်များက မှုန်မှိုင်းကာ အသက်မဲ့နေသည်။ ချန်ကောသည် အမျိုးသမီးအား Tape သရဲက ဒီလိုဖြစ်အောင် လုပ်လိုက်သလားဆိုတာ မသိပေ။ ဒါက Tape သရဲနှင့် ထိုမိန်းမကြားက အဖြစ်ပျက်သက်သက်သာ ဖြစ်သည်။

အမျိုးသမီးကို ဆိုဖာပေါ်တင်လိုက်ပြီး ချန်ကော အသံဖမ်းစက်ကို ပိတ်လိုက်သည်။ ပါဝါ ခလုတ်ကို နှိပ်လိုက်သောအခါ အနက်ရောင်ဖုန်းသည် တုန်ခါသွားသည်။

 မက်ဆေ့ခ်ျအသစ်တစ်ခုရောက်လာတယ်။

"ရွှီယင်း  ရဲ့ ဆန္ဒကို ပြီးမြောက်စေတဲ့အတွက် ဂုဏ်ယူပါတယ်။ မင်း အပေါ်ထားတဲ့ သူ့ရဲ့ အထင်အမြင်က အရမ်းတိုးတက်လာပါပြီ။ မင်း သရဲခြောက်တဲ့ အိမ်ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ Tape သရဲကို အသုံးချချင်ပါသလား။"

ချစ်ခြင်းမေတ္တာ မစ်ရှင်က ဒီအတိုင်း ပြီးသွားပြီလား?

Tape သရဲသည် Pen Spirit  (ဘောပင်ဝိဉာဉ်) ထက် ပိုမိုအားကောင်းသောကြောင့် နှိုင်းယှဉ်ကြည့်လျှင် Tape သရဲ၏ ချစ်ခြင်းမေတ္တာမစ်ရှင်သည် Pen Spirit ထက် ပို၍အန္တရာယ်များလှသည်။

"သရဲခြောက်တဲ့အိမ်ရဲ့အဖွဲ့ဝင်တစ်ဦးအနေနဲ့ တိပ်ဝိညာဉ်ကို ဝန်ထမ်းအဖြစ် ခန့်အပ်လိုပါသလား။ နှစ်ဆယ့်လေးနာရီအတွင်း အဖြေမပေးရင် သင်ရွေးချယ်မှုကို ဆုံးရှုံးသွားပြီလို့ ဆိုလိုပါတယ်။"

"ကောင်းပြီ ခန့်အပ်မယ်!" ချန်ကောက စခရင်ကို နှိပ်လိုက်သည်။ သာမာန်လူက သူ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေမှန်းတောင် တွေးမကြည့်မိနိုင်ဘူး။

"ဂုဏ်ယူပါတယ်၊ အငြိုတေးဝိဉာဉ်ရဲ့ နှစ်သက်မှုကို သင်ရရှိလိုက်ပါပြီ။ သင်က အထူးအမျိုးအစား ဖြစ်တဲ့ အငြိုးတေးဝိဉာသ် ရွှီယင်း  ကို ငှားလိုက်ပါပြီ။

ရွှီယင်း  (အငြိုတေးဝိဉာဉ်)- သူ့မှာ အလွန်ထူးခြားတဲ့ အသံရှိတယ် (သက်ရှိထင်ရှားရှိတဲ့ ဝိညာဉ်တွေကို ခေတ္တထိန်းချုပ်နိုင်ပြီး တခြား ဝိဉာဉ်တွေကို  နှောင့်ယှက်နိုင်ပါတယ်။ အနီရောင်အငြိုးတေးဝိဉာဉ် ကလွဲရင် ဘယ်ဝိဉာဉ်ကိုမဆို ပိတ်ဆို့နိုင်တယ်။ သူ့ကို တစ်ပတ်ကို တစ်ကြိမ်လောက်သုံးလို့ရတယ်)။

"မှတ်ချက်- ရွှီယင်း  သည် ဧည့်သည်၏ ကြောက်မက်ဖွယ်အော်သံကို စားသောက်ပါတယ်။    ဧည့်သည်၏ကြောက်ရွံ့မှုသည် ရွှီယင်း  ၏စွမ်းအားကို မြှင့်တင်ပေးနိုင်သည်၊ သို့သော် သင်က  ရွှီယင်း  ကို အထီးကျန်ပြီး စိတ်ဓာတ်ကျအောင် လုပ်ပါက၊ သူက  သင့်ကို ထားခဲ့ရန် ဆုံးဖြတ်နိုင်သည်။"

အချက်အလက်ကိုဖတ်ရင်း ချန်ကောက ရွှီယင်း  ကို အတော်လေး ကျေနပ်သွားသည်။ ဒါက Pen Spirit နှင့် ဆင်တူသော အထူးအမျိုးအစား ဖြစ်ကာ ထိုလေးထောင့်ကွက်ထဲမှာ  သူတို့ နဲ့ သက်ဆိုင်တဲ့  ကိုယ်ပိုင် စွမ်းအားတွေ ရှိကြသည်။

မဆိုးဘူး၊ အနာဂတ် အစမ်းမစ်ရှင် အတွက် ငါ့မှာ နောက်ထပ် ဝှက်ကတ်တစ်ခု ရှိတာပေါ့...

ကက်ဆက်ဆမှ တိပ်ကို ဖယ်လိုက်ပြီး ချန်ကောသည် သူကို ဘောပင်ဘေးတွင် ချထားလိုက်သည်။

တစ်ခုတည်းသော အားနည်းချက်မှာ ထိုဝိဉာဉ်က တိပ်ခွေကို ဖွင့်သည့်အခါမှသာ ပေါ်လာမည်ဖြစ်သည်။ ဒါဆိုရင် ငါတော့ ခရီးဆောင် အသံဖမ်းစက်ကို ရှာဖို့ အဟောင်းဈေးကို သွားရတော့မယ့်ပုံပဲ။

အရာအားလုံးကိုလုပ်ပြီးနောက် ချန်ကောသည် ရေချိုးခန်းထဲတွင် နောက်ထပ် 'သားကောင်' လဲလျောင်းနေမှန်း သတိရလိုက်သည်။ သူ ရေချိုးခန်းထဲသို့ ပြေးဝင်သွားစဉ် ကုဖေးယွီ လုံးဝ သတိလစ်နေကြောင်း သိလိုက်သည် ။

ဒီအဖြစ်က ထိုလူငယ်လေးကို  တစ်သက်လုံး စိတ်ဒဏ်ရာ ဖြစ်စေမယ်လို့  ချန်ကော ထင်လိုက်သာည်။

ချန်ကောက ကုဖေးယွီ ကို ရေချိုးကန်ထဲက ဆွဲထုတ်ပြီး သူ့ခန္ဓာကိုယ်ကို  ယူနီဖောင်းဖြင့် ဖုံးလိုက်သည်။  သူသည် ကျောပိုးအိတ်အောက်ခြေတွင် အသားဓားခုတ်ဓားကို ဝှက်ထားပြီး ဧည့်ခန်းထဲတွင် ထိုင်ကာ စစ်ဆေးရေးမှူး လီ ရောက်လာမည်ကို စောင့်နေသည်။

မိနစ်နှစ်ဆယ်အကြာတွင် စစ်ဆေးရေးမှူး လီ သည် ထိုမြေပိုင်ရှင်နှင့်အတူ ရောက်လာသည်။ ပရမ်းပတာအခြေနေများကို ထိန်းထားရန်၊ ဆူညံသံများ အလွန်အကျွံ မပြုလုပ်ခဲ့ကြပေ။

"ချန် ကော!" အခန်းထဲကို လှမ်းဝင်လာချိန်မှာတော့ စစ်ဆေးရေးမှူး လီ က အခန်းအလယ်မှာ ထိုင်နေတဲ့ ချန်ကောကို တွေ့လိုက်ရသညိ။

"မင်း ဒဏ်ရာ ရထားသေးလား ။ သံသယတရားခံက ဘယ်မှာလဲ"

ကြိုးဖြင့် တုတ်ထားပြီးပေမယ့် လုံခြုံရေးအစောင့က သတိလစ်နေဆဲဖြစ်သည်။

စစ်ဆေးရေးမှူး လီ သည် မှုခင်းအခင်းဖြစ်ပွားရာနေရာကို စစ်ဆေးရန် အခန်းထဲသို့ ဝင်ခဲ့သည်။ သူက မျက်မှောင်ကြုတ်ပြီး ချန်ကောကိုမေးခဲ့သည်။

 "အမျိုးသမီးက တရားခံဖြစ်ပြီး အမျိုးသားက သားကောင်လား"

"ဟုတ်ကဲ့။"

"မင်းက ဘာလို့ဒီကိုရောက်နေတာလဲ။ မင်းရဲ့အခန်းကဏ္ဍက ဘာလဲ"

"ကျွန်ဆေတာ်..." ချန်ကောက ခပ်တည်တည်ဖြင့် လိမ်လိုက်သည်။

 "တကယ်တော့ တိုက်ဆိုင်မှုတစ်ခုပါပဲ။ 14 ထပ်မှာ စိတ်ကျရောဂါ ခံစားနေရတဲ့ မိန်းကလေးတစ်ယောက် ရှိနေပြီး သူ့ကို ကူညီပေးဖို့ ကျွန်တော် ဒီကိုရောက်နေခဲ့တာ။ ဒီည ကျွန်တော် သူ့အခြေအနေကို စစ်ဆေးဖို့ လာခဲ့တာပါ။ မယုံရင် သူ့အမေကို သွားမေးလို့ရတယ်။"

"ဆိုလိုတာက မင်းက ဒီလူသတ်မှုမှာ မတော်တဆ လုံးဝ ကြုံလိုက်ရတာပေါ့"

"အဲ့လို ဖြစ်သွားတယ် ထင်တာပဲ"

 ထိုသို့ပြောပြီးနောက် ချန်ကောသည် သူ့ကိုကြည့်နေသော ရဲအနည်းငယ်၏မျက်လုံးထဲက အရိပ်များ ပြောင်းလဲသွားသည်ကို ရိပ်မိလိုက်သည်။

"နောက်နေတာ မဟုတ်ပါဘူး၊ ဒါ တိုက်ဆိုင်မှုတစ်ခုပါပဲ။"

"မင်းရှင်းပြဖို့ မလိုပါဘူး။ မင်းကို ငါယုံပါတယ်" ဟု စစ်ဆေးရေးမှူး လီက စိတ်ချလက်ချပြောလိုက်သည်။

"အားရုံ ၊ လူနာတင်ကားကိုခေါ်လိုက်ပါ။ လူနာကို ကုသပြီး စစ်ဆေးဖို့ ဆေးရုံကို ခေါ်သွားရမယ်။ ကျန်တဲ့သူတွေက မှုခင်းဖြစ်စဉ်မှာ လက်ဗွေရာတွေ စုဆောင်းထားပါ။  စားပွဲပေါ်က အရည်တွေကို မထိနဲ့။ မိန်းမတွေက သဘာဝအားဖြင့် ယောက်ျားတွေထက် ရုပ်ပိုင်းဆိုင်ရာ အားနည်းတဲ့အတွက် သူတို့ဟာ ပုံမှန်အားဖြင့် အဆိပ်ကို အားကိုးလေ့ရှိတာကြောင့် မှုခင်းဖြစ်စဉ်က အခြေနေကို မပျက်စိးအောင် သေချာ  ထိန်းသိမ်းဖို့ လိုတယ်။"

စစ်ဆေးရေးမှုးလီက အရမ်းအတွေ့အကြုံရှိသည် ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အမှု၏တစ်စိတ်တစ်ပိုင်းကို ခန့်မှန်းနိုင်ခဲ့သည်။ ချန်ကောသည် ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေပြီး စကားတစ်ခွန်းမှ မပြောဘဲ တစ်ဝက်ပြတ်နေသော လက်ကမ်းစာစောင်ကို ကိုင်ထားသည်။

*****-*********

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now