Chapter (61) - ကျန်းယာ့အတွက် တရားမျှတမှု ရှာပေးခြင်း (z+U)

1.2K 283 12
                                    

Chapter (61) – ကျန်းယာ့အတွက် တရားမျှတမှု ရှာပေးခြင်း

Chen Ge က ဖုန်းပြောတုန်းက ကျန်းယာ့အကြောင်း ထည့်မပြောမိတာကို ကျေးဇူးတင်မိသွားသည်။ သူက ဟန်ဆောင်ရယ်မောကာ ပြောလိုက်သည်။

"အကခန်းမက အသက်ရှူရကြပ်လို့ ငါ လေကောင်းလေသန့် ထွက်ရှူတာပါ.."

ကျန်းယာ့က Chen Ge ပြောတာကို စိုက်ကြည့်နေချိန် သွေးတွေက သူမယူနီဖောင်းကနေ တစ်စက်စက်ကျနေသည်။ သူမက ဆရာနားနေဆောင်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

"မင်း အဲ့ဒီကို သွားချင်လို့လား.."

ကျန်းယာ့ ဘာမှပြန်မဖြေဘဲ ပျောက်ကွယ်သွားခဲ့သည်။ Chen Ge က ကျောင်းဂိတ်ဝနှင့် မီတာအတော်ဝေးသေးသည်။ သူ ကျောင်းထဲဝင်ပြီး သွားစုံစမ်းရင် အန္တရာယ်ရှိနိုင်ပြီး မစစ်ဆေးဘဲ ပြန်သွားရင်လည်း ကျန်းယာ့က မကျေမနပ်ဖြစ်နိုင်သည်။ ကျန်းယာ့ရဲ့သဘောထားက သူ့အပေါ် ပျော့ပြောင်းလာပုံပေါ်သည်။ ပြီးတော့ ဒီအဆောက်အဦးက လွန်ခဲ့တဲ့ ၄ နှစ်ကအမှုနဲ့ ပတ်သက်နေပုံလည်းရသည်။ ဒါ့အပြင် ဒီကျောင်းထဲ ကျန်းယာ့လိုဝိညာဉ်တွေ တစ်ကောင်ထက်မက ရှိပုံရသည်။ ဒါကြောင့် သူမပြန်ခင် ရဲတွေရောက်တာကိုစောင့်တာ ပိုကောင်းသည်ဟုတွေးလိုက်သည်။

Chen Ge က ဂိတ်တံခါးအပြင်ကို ခုန်ထွက်ကာ ရဲကားလာတာကို စောင့်နေသည်။ Zhang Peng က ဒီတစ်ဝိုက်မှာ ရှိမရှိ မသေချာလို့ သူ မပေါ့ဆရဲပေ။ 15 မိနစ်ကြာတော့ ရဲကား၂စီးက မှောင်မည်းနေသည့်လမ်းမထက်မှာ ပေါ်လာသည်။

"ကျွန်တော် ဒီမှာ.."

Chen Ge က ဖုန်းမီးကိုဖွင့်ကာ ကားလမ်းမပေါ် ခုန်တက်ပြီး ဝှေ့ယမ်းလိုက်သည်။ ကား၂စီးရပ်သွားပြီး အင်စပက်တာလီနှင့် သူမမြင်ဖူးသည့် အရာရှိတစ်ဦး ကားထဲကထွက်လာသည်။

"အန်ကယ်လီ.. လာတာမြန်တာပဲ.."

Chen Ge တွက်ဆချက်အရ ရဲတွေရောက်လာဖို့ နာရီဝက်လောက်လိုသေးသည်။

"ဒီကိုလာတဲ့လမ်းပေါ်မှာ Taxi driver တစ်ယောက် ဓားပြတိုက်ခံရတယ်လို့ သတင်းပို့လို့ တစ်လက်စတည်း ထွက်လာတာ.."

အင်စပက်တာလီ၏ မျက်လုံးအောက်က အမည်းရစ်တွေပေါ်နေပြီး ခုတလော အလုပ်ပိနေပုံပေါက်သည်။

"သြော်..ဒါကြောင့်လား.. Zhang Peng က ကျောင်းဝင်းထဲ ရှိလောက်သေးတယ်.. မြန်မြန်ဝင်ကြပါ.."

Chen Ge က စွန့်ပစ်ထားသည့်ကျောင်း၏ ပိုင်ရှင်ပုံစံနှင့် ရဲများကို အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်သည်။

"တရုံ.."

အင်စပက်တာလီခေါ်လိုက်တော့ 1.9 မီတာမြင့်သည့် ရဲတစ်ယောက် ကားထဲကထွက်လာသည်။

"ကျောင်းဝင်းထဲဝင်ရင် ဂရုစိုက်ပါ.. သံသယရှိသူက အင်မတန်ပါးနပ်တယ်.."

အင်စပက်တာလီက တရုံကို သတိပေးပြီး Chen Ge ကိုလှည့်မေးလိုက်သည်။

"သံသယရှိသူကို ဘယ်မှာတွေ့ခဲ့တာလဲ.."

"သူက အကခန်းမကနေ ထွက်ပြေးသွားတယ်.. ကျွန်တော် အင်စပက်တာကြီးကို သတင်းပို့စရာရှိသေးတယ်ဗျ.."

Chen Ge က ဖြေရင်း ဆရာအဆောင်ကို ဦးဆောင်ခေါ်သွားသည်။

"အင်စပက်တာကြီး.. ကျွန်တော့်နောက်က လိုက်ခဲ့ပါ.."

"တရုံ.. ထွက်လမ်းမှာ စောင့်ကြည့်နေ.. ကျန်လူတွေ အစီစဉ်အတိုင်းလုပ်မယ်.."

အင်စပက်တာလီက လက်အောက်ကလူတွေကို ညွှန်ကြားပြီး Chen Ge နောက်ကို လိုက်လာခဲ့သည်။ ဒီအဆောင်က သုံးထပ်ရှိပြီး တခြားအဆောင်တွေထက် ပြင်ဆင်ထားသည်။ အင်စပက်တာလီက ဓာတ်မီးထိုးရင်း မေးလိုက်သည်။

"မင်း ဘာကြောင့် ဒီကိုရောက်နေတာလဲ.. သံသယရှိသူက ဒီဘက်ကို ပြေးလာလို့လား.."

အင်စပက်တာလီက ပင်ပန်းနေပုံရပေမယ့် အမှုအခင်းဖြစ်ရာကိုရောက်တော့ တက်ကြွဖျတ်လတ်လာသည်။

"Zhang Peng ဒီကိုမလာလောက်ဘူး.. ကျွန်တော်က ဦးလေးကို လွန်ခဲ့တဲ့၎နှစ်က မိန်းကလေး၆ယောက် သေတဲ့အမှုနဲ့ ပတ်သက်တဲ့နေရာကို ခေါ်လာတာပါ.."

ကျန်းယာ့ညွှန်ပြသည့်အခန်းဆီကို လျှောက်လာရင်း Chen Ge ပြောလိုက်သည်။

"Fu An တိုက်ခန်းအမှုပြီးရင် ဒီအမှုကို ငါကူညီပေးမယ်လို့ ပြောထားတယ်မဟုတ်လား.. အမှု၂ခုက ရောလိုက်လို့မရဘူးကွ.. အခု အရေးကြီးဆုံးက Zhang Peng ကို မိအောင်ဖမ်းဖို့ကွ.."

"ရောက်ပြီ.. ဒီအခန်းပဲဗျ.."

Chen Ge က မေးခွန်းကိုမဖြေဘဲ အခန်းကပိတ်ထားသည့် Seal တံဆိပ်ကိုဖယ်ပစ်ကာ တံခါးဖွင့်လိုက်သည်။ ဒီအခန်းက Gym ပစ္စည်းတွေထားသည့် အခန်းဖြစ်သည်။ Chen Ge က အန္တရာယ်ဖြစ်နိုင်ချေကို လျှော့ချင်လို့ ရဲတွေရောက်လာတာကို စောင့်နေခြင်းဖြစ်သည်။ တံခါးဖွင့်ပြီး Chen Ge နဲ့ အင်စပက်တာလီတို့ အထဲကိုဝင်လာခဲ့သည်။ ဘောလုံးတွေ အခန်းထဲပြန့်ကျဲနေပြီး နံရံပေါ်မှာ တင်းနစ်ရိုက်တံ၊ ပင်ပေါင်ရိုက်တံနှင့် အားကစားပစ္စည်းတွေ ချိတ်ဆွဲထားသည်။

"ဒါတွေကြည့်ဖို့ မင်း ငါ့ကို ခေါ်လာတာလား.. မင်း ဘာကို သက်သေပြချင်လို့လဲ.."

အင်စပက်တာကြီးက အခန်းကို ဓာတ်မီးနဲ့ထိုးကြည့်ပြီး မေးလိုက်သည်။

"အားကစားပစ္စည်းတွေ.."

Chen Ge က ထိုပစ္စည်းတွေအလယ်က ဗီရိုပုနားလျှောက်လာတော့ အကခန်းမထဲကရုံးခန်းထဲကလို အိပ်ယာပါးတစ်ခုကို တွေ့လိုက်ရသည်။

"ပစ္စည်းသိုလှောင်ခန်းထဲ အိပ်ယာက ဘာကြောင့်လိုမှာလဲ.."

Chen Ge က အိပ်ယာ၏အခင်းပြားကို မ,မကြည့်ခင် စိတ်ရှုပ်စွာတွေးလိုက်သည်။ ဒါပေမယ့် အခင်းပြားအောက်တွင် ဆိုဒ်စုံမိန်းကလေးစီးဖိနပ် 10 ခုကို ဝှက်ထားတာ တွေ့လိုက်ရသည်။ ဖိနပ်တစ်ရံက သွေးတွေစွန်းပေနေဟန်ဖြင့် မည်းနေသည်။

"အများကြီးပဲ.."

အိပ်ယာအောက်မှာဝှက်ထားသည့် ဖိနပ်များကိုကြည့်ကာ Chen Ge ဒေါသထက် ထိတ်လန့်သွားသည်။ ဒီအကယ်ဒမီကျောင်းက ထင်ထားသည်ထက် ဆိုးဝါးရက်စက်တဲ့ဖြစ်ရပ် ရှိနေပုံရသည်။

"နစ်နာသူ တစ်ယောက်မကရှိပုံပဲ.. သတ်သေသွားတဲ့ ကောင်မလေးရဲ့ အကဖိနပ်ကို ဘာကြောင့် ဒီမှာ ဝှက်ထားရတာလဲ.. အမှုတွဲထဲမှာ ဖိနပ်နဲ့ပတ်သက်ပြီး ရေးထားတာရှိလား အန်ကယ်လီ.."

"မှတ်တမ်းထဲ ဖိနပ်နဲ့ပတ်သက်ပြီး ဘာမှ မှတ်တမ်းတင်မထားဘူး.. ဒီဖိနပ်တွေက ကောင်မလေးတွေမေ့ကျန်ခဲ့တာလည်း ဖြစ်နိုင်တယ်.. ဒါပေမယ့် ဖိနပ်တွေက ညီညီစီထားတယ်ဆိုတော့ လူတစ်ယောက်က တမင်သက်သက် သိမ်းထားတယ်ဆိုတဲ့သဘောပဲ.. ဖြစ်နိုင်တာ လူသတ်သမားရဲ့ စွဲလန်းစိတ်ဖြစ်နိုင်တယ်.."

"အန်ကယ်လီ.. အန်ကယ်က ဒီကိုရောက်နေတဲ့ ရဲအရာရှိပါ.. ဒါကြောင့် အကခန်းမကအမှုနဲ့ ဒီအားကစားပစ္စည်း သိုလှောင်ခန်းက ဖိနပ်ပိုင်ရှင်တွေရဲ့ မတရားမှုကို ဖော်ထုတ်ပေးပါဗျာ.. လူသတ်သမားက အကခန်းမနဲ့ ဒီအားကစားခန်းမထဲ လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တယ်ဆိုတော့ ဒီလူက မန်နေဂျာ ဒါမှမဟုတ် အစောင့်ဖြစ်နိုင်တယ်.."

"တကယ်လို့ မင်းပြောသလိုသာဖြစ်ရင် စုံစမ်းဖို့က ဘောင်ကျဉ်းသွားတာပေါ့.."

အင်စပက်တာလီက သွေးစွန်းနေသည့်ဖိနပ်လေးကို ကောက်ကိုင်ကာ ပြောလိုက်သည်။

"ဘာမှမပူနဲ့.. ဒီအမှုမှန်မပေါ်မချင်း ငါ မနားဘူး.. လူသတ်သမားက ဘယ်သူဖြစ်ပါစေ၊ ငါ ဒီလူကို ဥပဒေဘောင်အောက်မှာ အပြစ်ပေးနိုင်အောင် ကြိုးစားမယ်.."

ဒီစကားသံကြားပြီး ဖုန်းအနက်က တုန်ခါလာပြီး message ဝင်လာခဲ့သည်။

>>အာရုံမတက်ခင် ကျန်းယာ့ရဲ့အကဖိနပ်ကို တွေ့အောင်ရှာနိုင်လို့ သွေးလွှမ်းသောမစ်ရှင် ပြီးမြောက်အောင်မြင်ပါပြီ.. ပြီးစီးမှုနှုန်းက 50% ပါ..<<

>>ကျန်းယာ့၏ ချစ်ခင်နှစ်လိုမှု တိုးသွားပါပြီ.. ကျန်းယာ့ရဲ့ profile မှာ သူမအကြောင်း ရေးခိုင်းလို့ရပါပြီ။ (သူမဆန္ဒနဲ့ ဆန့်ကျင်ပြီး ခိုင်းလို့မရပါ)<<

Chen Ge က အခန်းထဲက တိတ်တဆိတ်ထွက်လာခဲ့သည်။ ဒီညက အန္တရာယ်များပေမယ့် ရလဒ်ကမဆိုးလှပေ။

သူက ကျန်းယာ့၏ personal profile ကိုဖွင့်ကာ ဖြစ်ချင်သည့်စာတစ်စောင်ကို ရေးလိုက်သည်။

"ကျန်းယာ့ ကျွန်တော့်စကားကို ထာဝရ နားထောင်စေချင်တယ်.."

>>စိတ်မကောင်းပါဘူး.. ဒီတောင်းဆိုချက်က ကျန်းယာ့၏ဆန္ဒနှင့် ဆန့်ကျင်နေပါတယ်.. ပြင်ရေးပါ..<<

"ကျန်းယာ့က ကျွန်တော့်ပေါ်ကျရောက်တဲ့ ဘေးတိုင်းကို ကာကွယ်ပေးစေချင်ပါတယ်.."

>>စိတ်မကောင်းပါဘူး.. ဒီတောင်းဆိုချက်က ကျန်းယာ့၏ဆန္ဒနှင့် ဆန့်ကျင်နေပါတယ်.. ပြင်ရေးပါ..<<

"ကျန်းယာ့ ကျွန်တော့်ကို အန္တရာယ်မပေးစေချင်ဘူး.. ကျွန်တော့်ကို မသတ်စေချင်ဘူး.."

>>စိတ်မကောင်းပါဘူး.. ဒီတောင်းဆိုချက်က ကျန်းယာ့၏ဆန္ဒနှင့် ဆန့်ကျင်နေပါတယ်.. ပြင်ရေးပါ..<<

"အာ.."

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now