Chapter (53+54+55) ( Zawgyi+unicode )

1.3K 288 24
                                    

Chapter (53) - လှုပ်ရှားနေသော ကုလားထိုင်

"ကံကောင်းပါစေကွာ.."

ဒရိုင်ဘာကြီးက မျက်နှာဖြူရော်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်.. ဒါနဲ့ recording ကို ရပ်လိုက်လို့ရမလား.. ဒါက အထင်မှားရုံသက်သက်ပါ.."

ဒရိုင်ဘာကြီးက ခလုတ်ကိုပိတ်လိုက်သည်။ သူက ၃မီတာအကွာလောက်ရောက်တော့ ခလုတ်ကို ထပ်နှိပ်လိုက်သည်။ သူဘာမှမပြောရသေးခင် တစ်ဖက်က အသံခပ်ကြမ်းကြမ်း ထွက်လာသည်။

"လျှိုကြီး.. မင်းက Jiu Jaing အနောက်ပိုင်းက အကယ်ဒမီကျောင်းနား ရောက်နေတာလား.. ဒီည ဘာထူးလို့လဲ.. ငါ့ဆီမှာ အဲ့ဒီဘက်ကိုသွားချင်တဲ့ ခရီးသည်တစ်ယောက်ရှိတယ်ကွ.. ဒါနဲ့ မင်း group ထဲကို ဘာ message ပို့ထားတာလဲ.."

"ဘာမှမဟုတ်တော့ဘူး.. မင်းဧည့်သည်ကိုပဲ သေချာလိုက်ပို့လိုက်တော့.."

ဒရိုင်ဘာကပြန်ဖြေပြီး ဝေါ်ကီတော်ကီကို ပြန်ထားလိုက်သည်။

"ကျွန်တော်က ဓားစာခံတစ်ယောက် ဖမ်းထားမှာကို ဦးလေး စိုးရိမ်နေတာမလား.. ကျွန်တော့်ကိုယုံတယ်လို့ ဦးလေးပဲ ပြောခဲ့တာမဟုတ်လား.. အခု ကျွန်တော့်ကို ဒီမှာပဲ ချပေးပါတော့.."

Chen Ge က ဒရိုင်ဘာဦးလေး မယုံသင်္ကာဖြစ်ပြီး ရဲခေါ်လိုက်မှာကို စိုးရိမ်နေခြင်းဖြစ်သည်။

"ကောင်းပါပြီ.."

ဒရိုင်ဘာကြီးက ချက်ချင်း ကားကိုရပ်ပေးလိုက်သည်။ သူ့ခြေထောက်က ကြောက်လို့တုန်နေတာကို Chen Ge တွေ့လိုက်ရသည်။

ကားလေးပေါ်ကမဆင်းခင် Chen Ge က ပစ္စည်းမကျန်အောင် စစ်လိုက်သည်။ ကားလေးက Chen Ge ကိုချပြီး တောင်ပံတပ်ထားသလို တန်းနေအောင် မောင်းထွက်သွားပုံက 'ကျွန်တော် ဓားစာခံ လုပ်ခံထားရတယ်၊ ရဲကိုခေါ်ပေးကြပါ' လို့ ပြောနေသလိုပါပဲ။

Chen Ge က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်တော့ တိတ်ဆိတ်နေတာတွေ့ရပြီး ကောင်းကင်မှာ မိုးရွာမလိုနှင့် တိမ်မည်းတွေဖုံးထားလို့ ကြယ်တစ်လုံးမှ မမြင်ရပေ။ နာရီကိုကြည့်လိုက်တော့ အချိန် ၈ မိနစ်ကျန်သေးသည်။ ကားထဲက ဝေါ်ကီတော်ကီနှင့် ပြောသံကြားတာကတော့ တစ်ဖက်ကားဒရိုင်ဘာလည်း ခရီးသည်တစ်ယောက်ကို ဒီကျောင်းနားကို လာပို့နေရတယ်ဆိုပဲ။ ဒီခရီးသည်က မနက်တစ်နာရီကြီး ဒီကို ဘာလာလုပ်တာလဲ။ ငါနဲ့ တစ်ခုခုလုပ်ဖို့လား။

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now