Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ

500 116 2
                                    

Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ

ကျိုကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ ကို လွန်ခဲ့သော ၂၃ နှစ်က ဖွင့်လှစ်ခဲ့သည်။ ကျိုကျန်းမြို့ ရှိ အစောဆုံး ပုဂ္ဂလိက စိတ်ကျန်းမာရေးဆေးရုံဖြစ်သည်။ နာမည်အရ ဒါက အစိုးရအဖွဲ့အစည်းမဟုတ်သည့် ပုဂ္ဂလိက ပြန်လည်နာလန်ထ ပြန်လည်ထူထောင်ရေးစင်တာဖြစ်ကြောင်း ထင်ရှားပါသည်။

ထိုဂေဟာတွင် စိတ်မကျန်းမာသူများကို ထားသည့် ခန်းမသုံးခန်းပါရှိပြီး ပထမဖျားနာဆောင် ခန်းမတွင် ဝင်ကြေးမှာ အစိုးရဆေးရုံထက် များစွာသက်သာသော်လည်း အခြေအနေမှာ အလွန်ဆိုးရွားသည်။ ဒုတိယ ဖျားနာဆောင်ခန်းမ၏ အခကြေးငွေမှာ ပုံမှန်ထက် နှစ်ဆယ်ရာခိုင်နှုန်း ပိုများသော်လည်း အထူးသူနာပြုများနှင့် ဆရာဝန်များ ရှိသည်။ တတိယမြောက်ဖျားနာခန်းမကို လူနာအနည်းစုအတွက်သာ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ အခကြေးငွေက သာမာန်အခန်းထက် အဆများစွာ မြင့်မားသည်။

ဒါရိုက်တာရဲ့ ကျန်ရစ်ခဲ့တဲ့ မှတ်စုတွေအရ ထိုစင်တာကို စတင်တည်ဆောက်ခဲ့တဲ့ အခြေအနေဟာ နောက်ပိုင်းမှာ ဘယ်လိုပုံစံနဲ့ မှ လုံးဝ မတူပါဘူး။ အစပိုင်းတွင် တတိယဖျားနာဆောင် ခန်းမသည် အလုံပိတ်နေရာမဟုတ်ပေ။ တကယ်တော့ ဒီနေရာဟာ အကောင်းဆုံး ပတ်ဝန်းကျင်နဲ့ ဈေးအမြင့်ဆုံးနေရာတစ်ခုဖြစ်သည်။

အထူးလူနာ လက်မခံမီ သုံးလကြာ စင်တာကို ပုံမှန် လည်ပတ်ခဲ့သည်။ ဒါရိုက်တာက ထိုစဉ်က အဖြစ်အပျက်ကို အသေးစိတ်မှတ်တမ်းတင်ခဲ့ပြီး ထိုနေ့သည် သူ့အတွက် အချိုးအကွေ့တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။

နိုင်ငံခြားမှ နံပါတ်ပြားတပ်ဆင်ထားသော ကားတစ်စီးသည် ပြန်လည်ထူထောင်ရေး စင်တာသို့ရောက်ရှိလာပြီး အမျိုးသားနှစ်ဦးသည် မယုံနိုင်လောက်အောင် ချုံးချုံးကျနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား နောက်ခန်းမှ တွဲထုတ်လာ ခဲ့သည်။ ဒါရိုက်တာက သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ထွက်ကာ ကြိုဆိုခဲ့သည်။ ထို့နောက် ထုံးစံအတိုင်း အချို့သောမေးခွန်းများပြီးနောက်၊ ထိုအမျိုးသမီးသည် ပြင်းထန်သော စိတ်ရောဂါရှိကြောင်း သူ သဘောပေါက်ခဲ့သည်။ မိခင်နှင့် ဝမ်းဗိုက်ထဲက ကလေးငယ်အတွက် ဘေးကင်းရေးစိုးရိမ်မှုများကြောင့် ဒါရိုက်တာမှ ထိုအမျိုးသမီးရဲ့ဆေးရုံတက်ခွင့်ကို ငြင်းပယ်ခဲ့သည်။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now