Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။

392 104 4
                                    

Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။



"ကားထဲ ဝင်တော့...ဟာသ လုပ်မနေနဲ့"

ချန်ကောသည် ရဲကားထဲသို့ ဝင်ထိုင်ကာ ကြက်နှင့်ကြောင်ကို ပွေ့ဖက်ထားခဲ့သည်။ ရဲသားရဲ့ လေသံကနေ ဒီတခေါက်မှာ ကိစ္စတွေက နည်းနည်းလေးလေးနက်နက် ဖြစ်သွားနိုင်တယ်ဆိုတာ သူ သဘောပေါက်သွားသည်။

"ကျေးဇူးတင်ပါတယ် ဘုရားသခင်၊ မင်း အဆင်ပြေနေသေးတာပဲ။"
နောက်ခုံမှာ တခြားလူ ထိုင်နေတယ်။ သူ့မျက်နှာက တင်းမာနေပေမယ့် သူ့အသံက ရင်းနှီးနေတယ်။

"လျှိုတောက်လား? ခင်ဗျား ဘာလို့ဒီကိုရောက်နေတာလဲ။ ခင်ဗျားက ရဲကိုခေါ်လိုက်တာလား။"

ရဲကားထဲမှာ ထိုင်ရင်း ချန်ကောက ထူးထူးခြားခြား သက်တောင့်သက်သာ ခံစားလိုက်ရသည်။  သူက စိတ်မပူရုံမက စိတ်ချလက်ချဖြစ်ကာ အိပ်ပျော်သွားမလို ခံစားနေရသည်။

 "ဒါ့အပြင်၊ ဘာကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ထားတာလဲ။ ဒီည ကြည့်ရှုမှု အများဆုံးက ဘယ်လောက်တောင် ရှိသွားပြီလဲ။ ကျွန်တော့်ရဲ့ Follower အရေအတွက်က 150,000 အထိ တိုးလာသလိုပဲ"

"မင်း တိုက်ရိုက်လွှင့်တာကို ဘာလို့ ဂရုစိုက်နေတာတုံး။"

လျှိုတောက် သည် ချန်ကော၏လက်ကို လှမ်းဆွဲလိုက်သည်။

 "ညီလေး... စိတ်ကျန်းမာရေးဆေးရုံက လူတွေ အားလုံးကို မင်းရဲ့သရဲအိမ်က သရုပ်ဆောင်တွေလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ မင်းကို ရဲတွေရှေ့မှာ ငါ ကတိပေးခဲ့တယ်၊ ဒါပေမယ့် မင်းက ငါ့ကို ငရဲတွင်းထဲ တွန်းချခဲ့တယ်"

"ဒါပေမယ့် စိတ်ကျန်းမာရေးဆေးရုံမှာ ကျွန်တော့် တကယ့်အလုပ်သမားတွေရှိပါတယ်၊ ခင်ဗျား သူတို့ကို မမြင်နိုင်ဘူး"

 ချန်ကောသည် သူ့စကားကို  မရှက်မကြောက်ပြောခဲ့သည်။ ဤတိုက်ရိုက်ထုတ်လွှင့်မှုအတွက်၊ သူက သူ့ရဲ့ ဝိဉာဉ် အလုပ်သမား ဖြစ်တဲ့ ဘောပင်ဝိဉာဉ်၊   ရှောင်ရှောင် နှင့် သရဲမြင်နိုင်သည့် ကြောင်ဖြူတစ်ကောင်ကို   ခေါ်ဆောင်လာခဲ့သည်။

"ငါ မင်းကို အပြစ်တင်ဖို့ မရည်ရွယ်ပါဘူး..." လျှိုတောက် မျက်နှာပျက်သွားသည်။

 "စိတ်မဆိုးပါနဲ့၊ သတိမထားမိတဲ့အတွက် ငါ့အပြစ်တွေကြောင့်ပါ၊  ကြည့်ရှုသူတော်တော်များများက မင်း လှည့်စားတာကို ခံခဲ့ရပြီး တကယ်ထင်သွားခဲ့တယ်"

"ခင်ဗျား ဘာတွေပြောနေတာလဲ။ ကျွန်တော့်ကို သေချာရှင်းပြဦးလေ။"

 ချန်ကောသည် ကြောင်ဖြူ၏ ဦးခေါင်းကို ပွတ်သပ်ချင်သော်လည်း ကြောင်၏ ရက်စက်သောအကြည့်ဖြင့် သတိပေးခံခဲ့ရသည်။

လျှိုတောက် ပခုံးတွန့်လိုက်သည်။

 "ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ ညသန်းခေါင်မှာ စိတ်ကျန်းမာရေးဆေးရုံထဲက လှောင်အိမ်ထဲမှာ ပိတ်မိနေတာကို မြင်ရတဲ့အပြင် လူသတ်သမားတွေက အဲ့လူကို ပုဆိန်နဲ့ လိုက်ဖမ်းနေတာကို တွေ့ရင် ကြည့်နေတဲ့လူက မကြောက်နိုင်ဘူးလား"

"ဒါပေါ့... ကြောက်တာက ပုံမှန်တုံ့ပြန်မှုပဲ"

"ဒါပေမယ့် ပြဿနာက၊ မင်းနောက်ကို လူသတ်သမားတွေကို သံတူကြီး တကိုင်ကိုင်နဲ့ အဆောက်အဦးအေပေါ်ထပ်မှာ အနည်းဆုံး မိနစ်နှစ်ဆယ်လောက်  ပြေးလိုက်တာကို ခံနေတာပဲ၊ ဒါကို ဘယ်သူက မြင်နေပါစေ၊ အဲဒါဟာ တမင်ဂွင်ဆင်ပြီး လုပ်ထားတယ်လို့ပဲ ထင်ကြလိမ့်မယ် မဟုတ်လား"

လျှိုတောက် တစ်ယောက် သူ့စိတ်တွေ ပြိုကွဲလုနီးနီးဖြစ်နေပြီဖြစ်သည်။

"ငါ livestream လုပ်ငန်းလုပ်လာတာ လေးနှစ်ရှိနေပြီ၊ အခုချိန်ထိ တစ်ယောက်ယောက်က တကယ့်လူသတ်သမားကို လိုက်ဖမ်းမယ်လို့ မထင်ထားဘူး။ မင်း မကြောက်ဘူးလား။ မင်းရဲ့ ဦးနှောက်က ခဲတွေနဲ့ ပြည့်နေတာလား။

"ခင်ဗျား တမင် ချဲ့ကားပြောနေတာပဲ၊ ကျွန်တော်က တာဝန်သိပြည်သူ တစ်ယောက် လုပ်ရမယ့် အလုပ်ကိုပဲ လုပ်နေတာပါ"

ချန်ကောက အလေးအနက် ပြောကြားခဲ့သည်။

 "ရိုးရိုးသားသား ပြောရရင် ကျွန်တော့်မှာ တရားမျှတမှုကို ချစ်မြတ်နိုးတယ်၊ အနှိပ်စက်ခံ သားကောင်တွေကို တွေ့တော့ သူတို့ ဘယ်လောက် နာကျင်ခံစားခဲ့ရမလဲဆိုတာ တွေးပြီး  ဒေါသဖြစ်ခဲ့ရတယ်၊ ဒေါသက ကြောက်စိတ်တွေ လွှမ်းသွားတယ်။ အဲဒါကြောင့် ဒီလူသတ်သမားတွေကို လိုက်ဖို့ သတ္တိရှိလာခဲ့တာပဲ။"


ချန်ကောက အသံကျယ်ကျယ်ပြောနေသဖြင့် ကားအရှေ့ခန်းက  ရဲနှစ်ယောက်က သူ့စကားကို ရှင်းရှင်းလင်းလင်း ကြားနေရတယ်။

"အခု ဘာမှပြောမနေနဲ့တော့... နောက်ကျသွားပြီ။ ဒါ ငါ့အမှားပဲ၊ ငါ ရဲကို စောစောကတည်းက ခေါ်သင့်တယ်"

 လျှိုတောက် သည် သူ့နားထင်ကို နှိပ်ရင်း ဆက်ပြောလိုက်သည်။

  "မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုစတင်တုန်းက ဒါက အတုကြီးနဲ့ ဖန်တီးလုပ်နေတာပါ ဆိုတဲ့ သတင်းတစ်ပုဒ်ရှိနေပြီးသားပဲ။ အဲဒီအချိန်မှာ လှည့်ကွက်တွေနဲ့ လုပ်စားနေတဲ့ ချင်ကွမ်းရဲ့ လူတွေလက်ချက်ပဲလို့ ထင်ခဲ့လို့ ငါက လျစ်လျူရှုခဲ့တယ်။ အဲဒီတုန်းက မင်းရဲ့ကြည့်ရှုသူအရေတွက်က 400,000 အထိ တိုးလာတဲ့အခါ တစ်စုံတစ်ယောက်က ရဲကို ဖုန်းခေါ်ခိုင်းတယ်။ ရဲတွေက လှုပ်ရှားမှုကို ထိန်းထားပြီး ငါ့လူတွေကို ဆက်မလုပ်ဖို့ တားခိုင်းတယ်။နောက်ဆုံးမှာ မင်းရဲ့ livestream က ကြည့်ရှုသူ အရေတွက် 600,000 ကျော်သွားပြီးတဲ့အချိန်မှာတော့ လူသစ်  host တွေအတွက် ဒါက လုံးဝကို စံချိန်ချိုးလိုက်တာပဲ။ ဒီတော့မှ ငါလည်း အရမ်းကို ဆိုးရွားတဲ့ ခံစားချက်ကို ခံစားခဲ့ရတယ်။ မင်းက လေထဲကို ဓားကို ဝေ့ယမ်းပြီး  အော်ဟစ်နေတာကို တွေ့လိုက်ရတယ်။  ဒါဟာ တင်ဆက်မှု တစ်မျိုးဖြစ်မှာပဲ ဆိုပြီး ငါ့ရဲ့ လောဘစိတ်ကြောင့် အစ်မလီကို ငါက ထုတ်လွှင့်မှုကို ဆက်လက်လုပ်ဆောင်ခိုင်းခဲ့မိတယ်။"

လျှိုတောက်က ခဏနားပြီး ဆက်ပြောခဲ့သည်။

"မင်း အဲဒီ ဖျားနာဆောင်အခန်းထဲ ဝင်သွားပြီး Screen မျက်နှာပြင်က မည်းမှောင်သွားတဲ့နောက် ဒီအခြေအနေက ပုံမှန်မဟုတ်ဘူးဆိုတာ သိသွားပြီး ငါလည်း ရဲကို ဖုန်းဆက်လိုက်တာပဲ"

သူ့အသံထဲတွင် ချန်ကော ဘာမှ မဖြစ်လို့ စိတ်ရင်းမှန်ဖြင့် စိတ်သက်သာရာရသွားသည့် အရိပ်ငွေ့တွေ ပါဝင်နေသည်။

"  ဘာပဲဖြစ်ဖြစ် အနည်းဆုံး မင်း အခု လုံခြုံသွားပြီလေ။"

လျှိုတောက် က သက်ပြင်းချလိုက်ပြီး သူ့အင်္ကျီထဲက ဆေးပုလင်းသေးသေးလေးကို ထုတ်လိုက်ပြီး ဆေးနှစ်လုံးကို သူ့ပါးစပ်ထဲကို ပစ်ထည့်ကာ သောက်လိုက်သည်။

"အဲဒါတွေကဘာလဲ?"

" စိတ်လှုပ်ရှားမှုကြောင့် အန်ချင်တာကို ထိန်းပေးတဲ့ ဆေးတွေပါ။ ဒါက ရဲကားထဲမှာ ငါ ပထမဆုံး လိုက်စီးဖူးတာဖြစ်လို့ ငါ့ စိတ်ကို တည်ငြိမ်အောင်ထားရမယ်။"

မြို့ထဲက ရဲစခန်းကို ရောက်ပြီးနောက် လျှိုတောက် နှင့် ချန်ကောတို့ကို မတူညီသော စစ်ဆေးမေးမြန်းခန်းထဲသို့  ခေါ်ဆောင်သွားခံခဲ့ရသည်။ ရဲတွေက သူ့ကို အသေးစိတ် စစ်ဆေးမေးမြန်းခဲ့သည်။  ချန်ကောသည် သူ၏အစောပိုင်းရှင်းပြချက်အတိုင်း တထပ်တည်း ပြောပြခဲ့သည်။    သူသည် သရုပ်ဆောင်နေရာမှ  မတော်တဆ ထွက်ပြေးလွတ်မြောက်လာတဲ့ လူတွေကို ကာကွယ်ရန် တရားခံတွေကို ပြန်လည်တွန်းလှန်တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။ လုပ်ငန်းစဉ်တစ်ခုလုံးကို ထုတ်လွှင့်ခဲ့ပြီးပြီဖြစ်လို့  ဒါတွေ အားလုံးက ချန်ကောလိုအပ်နေတဲ့ သက်သေတွေဖြစ်လာခဲ့သည်။

ရဲတပ်ဖွဲ့အတွက် အခက်ခဲဆုံးအရာမှာ ချန်ကောသည် သားကောင်များထဲမှ တစ်ဦးဖြစ်ကြောင်း သက်သေအထောက်အထားအားလုံးက ထောက်ပြခဲ့သော်လည်း အဆိုပါ 'သားကောင်' သည် တရားခံများကို အသည်းအသန်ကို လိုက်ရှာခဲ့တဲ့မြင်ကွင်းပဲ။

စစ်ဆေးမေးမြန်းမှုအပြီးတွင် ရဲများက သူ့ကို လွှတ်တော့မည်ဟု အရိပ်အယောင် မပြခဲ့ပေ။

"မစ္စတာချန်၊ မင်းရဲ့ အခြေအနေကို ဆွေးနွေးဖို့ ငါတို့ အစည်းအဝေးလုပ်ရမယ်။"

"ကောင်းပြီ၊ ဒါပေမယ့် ကျွန်တော့် ဖုန်းကို ပြန်ပေးလို့ရမလား၊ ကျွန်တော် ဘေးကင်းကြောင်းပြောဖို့  မိသားစုကို ဖုန်းဆက်ချင်တယ်"

ချန်ကောက အရာရှိလီကို အကူအညီတောင်းချင်ခဲ့တာဖြစ်သည်။ ဒီတစ်ခါတော့ ခါတိုင်း အခြေနေနဲ့ မတူဘူး။ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုက စိတ်ဝင်စားတဲ့ သာမန်လူနည်းစုတွေတင်မကတော့ဘူး။  ကြည့်ရှုသူ 600,000 ကျော်ပြီး စံချိန် ကျော်သွားခဲ့သည်။ တစ်နည်းဆိုရသော် အခြေအနေသည် နည်းနည်း ကြီးကျယ်သွားပြီး လူအတော်များများက အာရုံစိုက်မိနေတဲ့သဘောပဲ။
 

"စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။"

 ရဲအရာရှိသည် ချန်ကော၏တောင်းဆိုမှုကို ငြင်းဆိုခဲ့ပြီး စစ်ဆေးမေးမြန်းခန်းမှ ထွက်သွားခဲ့သည်။ သူ့အခန်းတံခါးဖွင့်ပေးသည့် မွန်းတည့်ချိန်ထိ သူက ရဲစခန်းမှာ ထပ်ပြီးနေခဲ့ရသည်။ တံခါးပွင့်လာတော့ အပြည့်အ၀ ပူးပေါင်းလုပ်ဆောင်ခဲ့သော ချန်ကောသည် တံခါးကို လှည့်ကြည့်လိုက်သည်။

တံခါးဝတွင် အနည်းငယ်ဆူဖြိုးတဲ့ ရဲတစ်ယောက် ရပ်နေသည်။ သူများနဲ့ မတူတဲ့ ယူနီဖောင်းကို ဝတ်ထားတယ်။

"ဗိုလ်ကြီးယံလား?"
ချန်ကောအံ့သြသွားသည်။ ဖင်းအန်းတိုက်ခန်းအမှုတွင်  ချန်ကောက ဒီအမှုကို ကူညီဖြေရှင်းပေးတုန်းက သူ့ကို တာဝန်သိပြည်သူ ဆုတံဆိပ်ကို ပေးအပ်ခဲ့တဲ့ အရာရှိက ဒီကိုရောက်နေတာလား။

"ငါ့နောက်လိုက်ခဲ့၊ မင်းကို တွေ့ချင်သူတစ်ယောက်ရှိနေတယ်။"

ယခင်အချိန်နှင့်မတူဘဲ ဗိုလ်ကြီးယန် ၏ အမူအရာမှာ ပြင်းထန်နေသည်။ ချန်ကော ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး သူက အရာရှိ ကြီးကြီးနဲ့တွေ့တော့မှာလားလို့ တွေးမိနေသည်။

စစ်ကြောရေးအခန်းမှ ထွက်လာပြီးနောက် သူတို့သည် အခန်းအပြင်ဘက်တွင် ရပ်တန့်ကာ စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့ကြသည်။ မှန်ပြတင်းပေါက်ကနေတဆင့် ချန်ကောက အထဲကို လှမ်းကြည့်လိုက်တယ်။ လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ မိန်းကလေးက လုံခြုံနေသည်ကို တွေ့လိုက်ရသည်။  သူမသည် တစ်စုံတစ်ယောက်ပေးထားသည့် ရဲဝတ်စုံကို အပေါ်မှ ခြုံလွှားထားပြီး အခန်းထောင့် တစ်နေရာတွင် ရေသန့်ဘူးကို ပွေ့ဖက်ကာ ထိုင်နေသည်။ သူမ၏ကိုယ်သည် မရပ်မနား တုန်လှုပ်နေပြီး မည်သူနှင့်မျှ စကားမပြောပေ။ သူမက  ကုလားထိုင်ပေါ်တောင် မထိုင်ရဲပဲ ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်။
 

သူမနှင့် မနီးမဝေးတွင် ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ ဒီလောက် စိတ်နှလုံး ကြေကွဲနေသည့် အမျိုးသားတစ်ဦးကို ချန်ကောက ပထမဆုံးအကြိမ် မြင်ဖူးသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် မိန်းကလေး၏ ဖခင်ဖြစ်ပုံရသည်။ ကောင်မလေးနာမည်ကို လှမ်းခေါ်နေပေမယ့် တုံ့ပြန်မှုမရှိပေ။  သူမသည် အကြောက်တရားဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သည်။

"ဝင်သွားလိုက်...မင်းကို သူမရဲ့ အဖေက တွေ့ချင်နေတယ်"

သူဝင်လာတော့ သက်လတ်ပိုင်းအရွယ် ဖခင်ဖြစ်သူက ချန်ကောဆီကို ချက်ချင်း ပြေးလာသည်။  သူ့စိတ်ခံစားချက်တွေ ပြင်းထန်နေသဖြင့် စကားကို ချောချောမွေ့မွေ့ပင် ထွက်မလာနိုင်ခဲ့ပေ။
 

...

ဆယ်မိနစ်လောက်ကြာတော့ ဗိုလ်ကြီး ယန် နဲ့ ချန်ကောအခန်းထဲက ထွက်လာခဲ့သည်။

"အရင်တုန်းကတော့ မင်းလုပ်ခဲ့တာတွေက ဥပဒေကို ချိုးဖောက်တာ ဟုတ်၊ မဟုတ် ဆုံးဖြတ်ဖို့ ငါတို့ အားလုံး ဆွေးနွေးနေကြပြီ။ ဆွေးနွေးမှု အပြီးမှာ ငါလည်း သူတို့ကို ဒီကို ခေါ်လာခဲ့တာ။"

 ဗိုလ်ကြီးယန်သည် အခန်းတွင်းရှိ သားအဖ စုံတွဲကို ကြည့်လိုက်သည်။

"မင်းအတွက်မှမဟုတ်ရင် ကောင်မလေးက သူ့ဘဝရဲ့လက်ကျန်အချိန်တွေကို လှောင်အိမ်ထဲမှာပဲ ကုန်ဆုံးရလိမ့်မယ်၊ သူ့အဖေက ဒီကမ္ဘာပေါ်မှာ သူ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ သမီးကို ဒီအတိုင်း ဆက်ရှာနေရလိမ့်မယ်။"

ချန်ကောသည် ထိုစကားကို ကြားလိုက်ရချိန်မှာ သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲနေခဲ့သည်။ ကောင်မလေး လုံခြုံနေပြီဖြစ်ပေမဲ့ သူ့နှလုံးသားထဲက အမာရွတ်တွေ ပျောက်အောင်  အချိန်အတော်ကြာအောင် အချိန်ယူရဦးမယ်။

"ဒီတစ်ခါတော့ မင်း ကောင်းကောင်းလုပ်ခဲ့ပြီးပြီ"

 Captain ယန် က ချန်ကောကို လှည့်ကြည့်လိုက်တယ်။

"ငါတို့ ဆွေးနွေးပြီးနောက်၊ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဗီဒီယိုကို ယာယီပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်  လျော်ကြေးအနေနဲ့ မင်းကို ဂုဏ်ပြု မှတ်တမ်းတစ်ခု ချီးမြှင့်ပါ့မယ်"

ပြစ်ဒဏ်အစား ချန်ကော၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ယာယီပိတ်ပင်ခြင်းသည် အကာအကွယ် တစ်ခုနှင့်တူသည်။ ဒါက  ချန်ကောလို လူသစ် တစ်ယောက်ရဲ့ ကျော်ကြားမှုကြောင့် အခြားသူများ အသုံးချမည်ကို ယာယီ တားဆီးပေးလိုက်ခြင်းဖြစ်သည်။
 

ထိုဂုဏ်ပြု မှတ်တမ်းနှင့်ပတ်သက်၍ ချန်ကောက ဆုလာဘ်က ဘာဆိုတာ မသိခဲ့ပေ။ ဒါပေမယ့် ဗိုလ်ကြီးယန်က အဲဒါကို အထူးတလည်ပြောနေတာကြောင့် ဒါဟာ ကောင်းတဲ့အရာဖြစ်လောက်မှာပါလို့ တွေးလိုက်မိသည်။
 

"ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က တာဝန်သိ ပြည်သူတစ်ယောက်တာဝန်ကို ထမ်းဆောင်ရုံပါ။  တစ်ခါတလေမှာ ဒေါသပေါက်ကွဲပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်လို့ မရဖြစ်သွားရုံပါ။"

 ချန်ကောက ထိုစကားကိုပြောခဲ့ပေမယ့် သိပ်မသေချာဘူး။ မနေ့ညက သူလုပ်ခဲ့တဲ့အရာက အရမ်း ကြမ်းတမ်းနေတယ်။ အသားခုတ် ဓါးမနဲ့ တူနဲ့ ကိုင်ထားပြီး တရားခံရဲ့နောက်ကို လိုက်နေတာတွေ၊ တရားခံရဲ့  ခြေထောက်ကို တူနဲ့ ရိုက်ချိုးပစ်တာတွေကို လုပ်ခဲ့မိတယ်။

 "ဒါဆို ကျွန်တော် တကယ်သွားလို့ရပြီလား"

"ငါ့ဆီက သတင်းအချက်အလက်ရဖို့ မကြိုးစားနဲ့။"

ဗိုလ်ကြီး ယန်က သူ့ယူနီဖောင်းကို ညွှန်ပြလိုက်သည်။

 "မင်းရဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုကို ငါတို့ သိပ်သဘောမကျပေမယ့်   ကောင်းမွန်တဲ့ ယုံကြည်ချက်နဲ့ တရားမျှတမှုအတွက် တိုက်ခိုက်သူကို ဘယ်တော့မှ အပြစ်ပေးမှာ မဟုတ်ဘူး။"

*******-*********

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now