Chapter (141+142)

969 227 10
                                    

Chapter (141)_ အရင်စကားပြောတဲ့သူ....



ဝမ်ဟိုင်လုံတို့အဖွဲ့က နမူနာဖြစ်သောကြောင့် ချန်ကောရှင်းပြသည်ကို ဧည့်သည်များက လက်ခံလာကြသည်။ သရဲအိမ်ထဲက ဆက်တင်တွေကို အဆင့်ခွဲထားတာက သူတို့ဘေးကင်းလုံခြုံဖို့ဆိုတာကို သိလာပြီး စည်းကမ်းကို လက်ခံလာသည်။


"သူဌေးက ငါတို့အတွက် အဆင့်ခွဲပေးထားတာ တကယ်ကြီးဟ..သူက တကယ်ကို ပရော်ဖက်ရှင်နယ်ဆန်တယ်..."

"အေးကွ..ဒါပေမယ့် ငါက ကြောက်စရာအကောင်းဆုံးဆိုတာကို စမ်းကြည့်ချင်သေးတယ်"

ပန်းခြံထဲက ဆေးဝန်ထမ်းများရောက်လာပြီး ဝမ်ဟိုင်လုံတို့ကို မေးလိုက်သည်။

"မင်းတို့ ဘယ်လို ခံစားရသေးလဲ။ သက်သာရဲ့လား။ ဆရာဝန်ခေါ်ပေးဖို့လိုလား"

"ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အတော်လေးကို သက်သာလာပါပြီ။ ခဏနားလိုက်ရင် ကောင်းသွားမှာပါ"

ဝမ်ဟိုင်လုံက ဖြေခဲ့သည်။ ဒါပေမယ့် သူ့နူတ်ခမ်းတွေက ပြာနေပြီး မျက်နှာက ဖြူယော်နေသေးသည်။

"မင်းက သတိကောင်းကောင်းရှိနေတယ်ဆိုတော့ အဆင်ပြေတယ်ပြောရမယ်။ မင်းတို့အဖွဲ့ကံကောင်းတယ်။အ ရင်အဖွဲ့ထဲက လူတွေဆိုရင် အခုထိ ဆေးရုံက မဆင်းရသေးဘူး"

ချန်ကောက ပြောလိုက်သည်။

"ခင်ဗျားက ကျွန်တော်တို့ကို နှစ်သိမ့်ချင်နေတာလား"

ဝမ်ဟိုင်လုံက ပြန်ပြောတော့ ချန်ကောက ပြုံးလိုက်သည်။

"ငါ အမှန်တိုင်းပြောတာပါ"

ဦးလေးရွှီက ဝင်ပြောခဲ့သည်။

"မင်းတို့သက်သာတယ်ဆိုရင် ဘေးနားက နားနေဆောင်ကို သွားနားရအောင်"

သရဲအိမ်ရဲ့ဧည့်သည်တွေက အခုလို မြေကြီးပေါ် ပိုးလိုးပက်လက် လဲနေတဲ့မြင်ကွင်းက ကြည့်လို့မကောင်းပေ။ ဒါကြောင့် ဦးလေးရွှီက သရဲအိမ်ဘေးက အဆောက်အဦးကို နားနေဆောင်အဖြစ် သုံးရန်ခွင့်ပြုထားလိုက်သည်။

ဝမ်ဟိုင်းလုံတိုအဖွဲ့ကို နားနေဆောင်ကို ပို့ပြီးနောက် ဦးလေးရွှီက သူ့ကိုကပ်ကာ မေးလိုက်သည်။

"ရှောင်ချန်...မင်း တကယ်ပဲ သရဲအိမ်ကို အဆင့်သတ်မှတ်လိုက်မလို့လား... အဲ့ဒါဆိုရင် မင်းရဲ့တချို့ဧည့်သည်ကို လက်လွှတ်လိုက်ရမယ်လေ"

ဦးလေးရွှီက ရှေးရိုးစွဲသမားဖြစ်သောကြောင့် ထိုသို့အဆင့်သတ်မှတ်တာကို လက်မခံချင်ပေ။

"ဘာမှမဖြစ်ဘူး ဦးလေး။နောက်ဆိုရင် သရဲအိမ်ကိုလာတဲ့ ဧည့်သည်တွေက ပိုများလာမှာ။ "

"ဧည့်သည်တွေ ဝင်ချင်တာကို စစ်စီပြီး ဝင်ခွင့်ပြုတာ ပိုမကောင်းဘူးလား...."

သရဲအိမ်ဆိုတာ ဧည့်သည်တွေကို ကြောက်လန့်ခြင်းဆိုတဲ့ရသကို ပေးဖို့ဆိုတဲ့အဓိက ရည်မှန်းချက်ကို ဦးလေးရွှီက ပြောလိုက် တာဖြစ်သည်။

ဒါပေမယ့် ချန်ကောရဲ့သရဲအိမ်က သာမန်သရဲအိမ်မဟုတ်လို့ ထိုသို့လုပ်လို့မဖြစ်ပေ။

"ကျွန်တော့်သရဲအိမ်ထဲက တချို့ဆက်တင်က အဲ့လို လူတွေကို ခွဲခြားလို့မရဘူး။ ဦးလေးနောက်ဆို နားလည်လာလိမ့်မယ်"

ချန်ကောက ပြန်ဖြေလိုက်သည်။

"ဦးလေး..ဒီပန်းခြံရဲ့သိုလှောင်ဂိုဒေါင်ထဲမှာ အသုံးမပြုဖြစ်တဲ့ CCTV တွေရှိလား။ ကျွန်တော့ မြေအောက်ကားဂိုဒေါင်ကိုလုပ်ထားတဲ့ ဆက်တင်က အရမ်းကျယ်လို့ စီစီတီဗီမရှိတော့ အဆင်မပြေဘူး။ အဲ့ဒါကို ဝယ်ဖို့လည်း ငွေက မရှိဘူးဖြစ်နေတယ်"

"အဲ့ဂိုဒေါင်ထဲက ဟာတွေကို ငါ ထိလို့မရဘူး။ မင်းကို အဲ့လို ဌားပေးလို့တော့မ ရဘူးထင်တယ်။ တကယ်လို့ မင်းလိုအပ်တယ်ဆိုရင် မနက်ဖြန် ဒါရိုက်တာလျှိုကို တောင်းဆိုကြည့်ပါလား။ သူက မင်းကို အရစ်ကျ ရောင်းပေးနိုင်လောက်တယ်..."

သူတို့ဆွေးနွေးပြီး သရဲအိမ်ကိုပြန်လာကြသည်။ ဦးလေးရွှီက လက်မှတ်ရောင်းပြီး ချန်ကောက နာမည်ကဒ်တွေကို သရဲအိမ်ထဲ ပြန်ထားကာ သရဲအဖြစ် သရုပ်ဆောင်ပြီး ဧည့်သည်တွေကို ခြောက်လှန့်သည်။ မုယန်အထက်တန်းကျောင်းကို စိမ်ခေါ်ချင်သည့် နောက်ထပ် အဖွဲ့တွေ ပေါ်လာပေမယ့် သူတို့အားလုံးက ချိပ်ပိတ်ထားသည့် အခန်းထဲကို မဝင်ရဲကြပေ။

ထိုနေ့ အလုပ်ပြီးတော့ ဧည့်သည်အားလုံး ပြန်သွားချိန် နားနေဆောင်ဘက်မှ ဝမ်ဟိုင်လုံနဲ့ ဝမ်ဝိန်လုံတို့ ညီအစ်ကို ချန်ကောကို စောင့်နေကြသည်။

"ဘာလဲ..မင်းတို့က သရဲအိမ်ထဲ ထပ်ဝင်ဦးမလို့လား"

ကောချန်က နောက်လိုက်ပေမယ့် သူတို့က ချက်ချင်းငြင်းလိုက်သည်။

"မနက်က ကျွန်တော်တို့ ရိုင်းပျခဲ့မိတယ်။ အကို ဗွေမယူဖို့ တောင်းပန်ပါတယ်"

သူတို့သဘောထားနဲ့လေသံက မနက်နဲ့ လုံးလုံး ကွာနေသဖြင့် ချန်ကောက ချက်ချင်းမေးလိုက်သည်။

"ရပါတယ်ကွာ။မင်းတို့ ဘာသိချင်တာလဲ..."

သူက တဲ့တိုးပဲမေးလိုက်သည်။ သူက အခုမှ လူ့လောက၊ ဆက်ဆံရေးအသိုင်းဝိုင်းထဲ ဝင်ဖူးသူ မဟုတ်လို့ တဖက်လူ လေသံပြောင်းတာနဲ့ ဘာလိုချင်သည်ကို တန်းသိလိုက်သည်။

ဝမ်ဟိုင်လုံက နည်းနည်းတုံ့ဆိုင်းကာ ပြောခဲ့သည်။

"တကယ်တော့ ကျွန်တော်တို့ညီအစ်ကိုက ၃ ယောက်ရှိတယ်။ အငယ်ဆုံးညီလေးက ဝမ်ရှန့်လုံဖြစ်တယ်။ သူက အသက် 5 နှစ်သားအထိ သာမန်ကလေးလိုပဲ အရမ်းဆော့တယ်။ ဒါပေမယ့် အသက် 5 နှစ်လည်းရောက်ရော လုံးလုံးစကားမပြောတော့ဘူး။ အဖေက ဆရာဝန်၊ တိုင်းရင်းဆေး၊နတ်ဆရာ၊ဗေဒင် အကုန်လုပ်ခဲ့ပေမယ့် ဘာမှ မထူးခြားဘူး"

"အဓိက ဘာကြောင့် ဖြစ်သွားတာတဲ့လဲ"

ကလေးတစ်ယောက် အသက် ၅ နှစ်မှာ ရုတ်တရက် စကားမပြောတဲ့ဖြစ်ရပ်နဲ့ သူ့ကိုလာရှာတာက ထူးဆန်းနေလို့ သူ စိတ်ရှုပ်နေမိသည်။

"ဒီဇာတ်လမ်းက နည်းနည်းတော့ရှည်တယ်..."

ဝမ်ဟိုင်လုံက ပတ်ဝန်းကျင်ကို တချက်ကြည့်ကာ ချန်ကောကို တိုးတိုးပြောပြလိုက်သည်။

"သူဌေး...ကျွန်တော် သရဲအိမ်ထဲ ရှိတုန်းက သရဲမတစ်ကောင် ခြောက်တာကို ခံလိုက်ရတယ်။ သူ့ခြေထောက်တွေက ကျွန်တော့် ပုခုံးပေါ်ကို တက်နင်းထားတယ်။ အဲ့ဒီဖြစ်ရပ်က ကျွန်တော့် ညီလေးပြောပြတဲ့ သူထူးထူးဆန်ဆန်း ဖြစ်ရပ်နဲ့ ကြုံခဲ့တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် တူနေတယ်"

ဝမ်ဝိန်လုံလည်း ထိုဖြစ်ရပ်ကို ကောင်းကောင်းမှတ်မိသည်။

 "ဒါဟာ တကယ့်ကိုမှန်ကန်ပါတယ်။ အဲဒီညမှာ ကျွန်တော်တို့သုံးယောက် အတူတူအခန်းထဲမှာ အိပ်နေကြတယ်။ ညသန်းခေါင်မှာ ညီလေးက ရုတ်တရက်အိပ်ယာပေါ် ငုတ်တုတ်ထထိုင်ပြီး တစ်ယောက်ယောက်က သူ့ ပခုံးပေါ်မှာရပ်နေပြီး အဲ့လူကို ဖယ်ရှားပစ်ဖို့တောင်းပန်နေတယ်။ "

"သူက ကျွန်တော်တို့ကို လျှောက်စနေတယ်တင်ပြီး ကျွန်တော်တို့က အလေးမထားခဲ့ဘူး။ နောက်တစ်နေ့မနက်ရောက်တာနဲ့ သူက စကား ဘယ်လိုပြောရမယ်ဆိုတာကို မေ့နေပြီ။  သူက အသံထွက်နိုင်ပေမယ့် ဝါကျအပြည့်အစုံမပြောနိုင်တော့ဘူး "

ဝမ်ဟိုင်လုံက သူ၏ပခုံးကို ထိလိုက်ပြီး တုန်ယင်စွာဆက်ပြောခဲ့သည်။

"သူ့အသံပျောက်သွားလို့ သူ ပြောချင်တာကို စာနဲ့ရေးခိုင်းခဲ့တယ်။  အနည်းဆုံး သူကြောက်နေတဲ့ အရာကို သူ ရေးခဲ့တယ်။  ပြီးခဲ့သည့်ညက  နံရံအပြင်ဘက်မှာ  လူတစ်ယောက်က သူ့ကို ချောင်းကြည့်နေတယ်လို့ သူက ပြောခဲ့တယ်။  အကြောင်းတစ်ခုခုကြောင့် အဲ့လူက အိမ်ထဲကို ဝင်လာချင်နေတယ်။"

"ဒါကကြောက်စရာလား?"

ချန်ကောရဲ့ခံစားချက် ပိုမိုဆိုးရွားခဲ့သည်။

"ကျွန်တော်တို့ငယ်ငယ်တုန်းက  ရွာမှာနေခဲ့တယ်။ ရွှာက အိမ်တွေရဲ့နံရံတွေကအမြင့် ၂.၅ မီတာရှိတယ်။ တကယ်လို့တစ်ယောက်ယောက်က သူ့ကိုနံရံပေါ်ကနေ ကျောပြီး စိုက်ကြည့်နေတယ်ဆိုရင် လူတစ်ယောက်ဟာ အနည်းဆုံး ၂.၆ မီတာရှိသင့်တယ်"

"ဒါက  လူတစ် ဦးတည်း ဟုတ်လို့လား?"

"အဓိကက ဒါပဲလေ!"

ဝမ်ဟိုင်လုံက ရှင်းပြဖို့ကြိုးစားခဲ့တယ်။

"အဆိုးဆုံးကတော့ ဒီအိမ်ကို အလွယ်တကူဝင်လာပြီး ငါတို့ညီလေးကို သူနဲ့ကစားခိုင်းခဲ့တယ်။ သူငြင်းလိုက် ရင် သူက တစ်ခုခုယူသွားလိမ့်မယ်လို့ပြောခဲ့တယ်တဲ့ "

"မင်း ညီလေးက ဒီလူကိုငြင်းပယ်ခဲ့သလား။ ဒါကြောင့် သူ့ရဲ့အသံကို ယူသွားခဲ့လို့စကားမပြောနိုင်ခဲ့တာလား"

ချန်ကောက မှန်းဆခဲ့သည်

"မဟုတ်ဘူး..ညီလေးက  ကစားဖို့ သဘောတူခဲ့တယ်။ သူတို့ ကစားခဲ့တဲ့  ကစားနည်းက အရင်စကားပြောတဲ့သူ တဲ့။  ညီလေးကခေါင်းညိတ်ပြီးတဲ့နောက် မကောင်းဆိုးဝါးက ကျွန်တော့် ညီရဲ့  ပခုံးပေါ်ကိုတက်သွားတယ်။ ပြီးတော့ သူက အရပ်                          ပိုရှည်လာတယ်။ "

***-***

Chapter (142)_ လမ်းအားလုံးက တူညီတဲ့နေရာကိုပဲ ဦးတည်နေတယ်..

စာရွက်ပေါ်တွင် ချရေးတာက အဲ့လောက် ကြောက်စရာမကောင်းပေမယ့် သေချာစဉ်းစားရင်တော့  အလွန်ကြောက်စရာကောင်းသည်။

"မကောင်းဆိုးဝါးက မင်းညီလေးရဲ့ ရဲ့ပခုံးပေါ်ကိုတက်သွားတယ်၊ ပြီးတော့ အရပ်ရှည်လာတယ်လား "


ချန်ကော သည် ၂.၆ မီတာအမြင့်ရှိ လူတစ်ဦးက ကလေးတစ် ဦး ၏ကလေး၏ပခုံးပေါ်၌ ရပ်နေသော  မြင်ကွင်းကို မြင်ယောင်ကြည့်လို့ မရနိုင်ဖြစ်နေသည်။


"ဒါက ညီလေးဆွဲခဲ့တဲ့ပုံပဲ။ ကျွန်တော်တို့ ခိုင်းလို့ သူက ပုံဆွဲပေးခဲ့တယ်။ နောက်ဆုံး စိတ်ရောဂါကုဆရာဝန်ဆီကို ခေါ်သွားတုန်းက ပြခဲ့တဲ့ပုံပဲ... "

ဝမ်ဟိုင်လုံက သူ့ဖုန်းကိုထုတ်လိုက်တယ်။

"ဒါကသူ့ကိုနောက်ဆုံးအကြိမ် ဆရာဝန်ဆီ ခေါ်သွားတဲ့အချိန် သူ့ မှတ်ဉာဏ်ထဲကနေ ထုတ်ယူခဲ့တာပဲ"

ချန်ကော ကဖုန်းကိုကြည့်လိုက်သည်။ ဖုန်းနဲ့ရိုက်ထားတဲ့ပုံက ထူးဆန်းနေတယ်။ စာရွက်တရွက်ရဲ့ 10 ပုံတစ်ပုံလောက်မှာ ဝဝပုပု ကလေးပုံလေးဆွဲထားပြီး 10 ပုံ 9 ပုံလောက်မှာ ဆံပင်ရှည်ရှည် ယောကျာ်းကိုယ်လုံးနဲ့ လူတစ်ယောက်က မတ်တပ်ရပ်နေပုံကို ဆွဲထားတာ မြင်လိုက်ရသည်။ ထိုလူက အဖြူရောင် ဝတ်စုံကို ဝတ်ထားပြီး လက်နှစ်ဖက်က ဘေးကို ဆန့်တန်းထားခဲ့သည်။


"ဒါ ဘာလဲ?"

ချန်ကောက  ထိုအရာက  ကလေး၏ပခုံးပေါ်ရပ်နေတာ ကို ကြည့်လိုက်သည်။ ဆံပင်ရှုပ်ပွနေတဲ့ အမျိုးသမီး တစ် ဦး နဲ့တူသော ထိုအရာကို ကြည့်လိုက်သည်။ ကိုယ်ထည်က ပိန်ကာ ယောကျာ်းနဲ့တူနေသည်။


"ဒါကို မင်းမသိဘူးလား။ မင်းရဲ့ သရဲအိမ်ထဲမှာတွေ့ခဲ့တဲ့ဟာနဲ့ အခုကဟာက တူနေတယ်။  သရဲအိမ်ထဲမှာ လူတွေကပခုံးပေါ်မှာ မတ်တပ်ရပ်နေတဲ့မိန်းကလေးတစ်ယောက်ရှိတယ်။ အဲ့ဒီအချိန်မှာ ငါ့ညီရဲ့ဇာတ်လမ်းကို ချက်ချင်းပဲ ငါသတိရ မိတယ်။ "

ဝမ်ဟိုင်လုံ ကသူ့ဖုန်းကိုပြန်ယူကာ ကြည့်ရင်း သရဲခြောက်တဲ့အိမ်ကို တစ်ချက်ကြည့်လိုက် တယ်။

"ဒီဇာတ်လမ်းကို ခင်ဗျား ဖန်တီးပြီးကတည်းက ခင်ဗျားလည်း ဒီလိုမျိုးကြုံခဲ့ရမယ်လို့တွေ့လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ပုခုံးပေါ် မတ်တပ်ရပ်နေတဲ့ ကောင်မလေးက တကယ်အစစ်နဲ့တူလွန်းတယ်။ ဒီဟာက ကျွန်တော်ရူးတော့မလို ခံစားရစေတယ်။  အခုဖြစ်ခဲ့တာက ကျွန်တော်ရူးရင်ရူး၊မဟုတ်ရင် တကယ် သရဲရှိနေတယ်လို့ ထင်မိမှာပဲ...   "

"ငါ့ရဲ့သရဲအိမ်က ဧည့်သည်တွေရဲ့အာရုံ 5 ပါးကို လှည့်စားပြီး တကယ်လို့ ထင်အောင် နောက်ဆုံးပေါ်   4D နည်းပညာနှင့် အထူးနည်းစနစ်တွေကိုအသုံးပြုထားလို့ပဲ"

ချန်ကောက အရှက်မဲ့စွာလိမ်ခဲ့သည်။

"ပခုံးပေါ်မှာရပ်နေတဲ့တစ်ခုလုံးဟာ တိုက်ဆိုင်မှုသက်သက်ပဲ။ "

"ကောင်းပြီ။  ဒါဆို ခင်ဗျား ဒီလိုမျိုးမြင်ကွင်းတစ်ခု ဖန်တီးဖို့ ဘာကလှုံ့ဆော်ပေးခဲ့တာလဲ ကျွန်တော့်ကို ပြောပြ နိုင်မလား"

ဝမ်ဟိုင်းလောင်းသည်ခေါင်းမာသူဖြစ်သည်။

"ဒီကမ္ဘာကြီးမှာ ဘာ၀ ိညာဉ်မှ မရှိဘူး၊ ဒါတွေ အားလုံးဟာ လူသားတွေရဲ့ စိတ်ကူးစိတ်သန်းတွေပါ။ မင်းရဲ့ညီလေးကို စိတ်ပူနေတယ်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် ငါက ဆရာ ၀ န် မဟုတ်ဘူး။ ငါ့ကိုမေးမယ့် အစား ဘာဖြစ်လို့စိတ်ပညာရှင်တစ်ယောက်နဲ့ မတိုင်ပင် ရတာလဲ။

ပန်းခြံသည်နောက်ထပ် ၂ လအတွင်းပိတ်နိုင်သည်။ ထို့ကြောင့် ချန်ကောသည် အရေးမကြီးသော အရာများအပေ အချိန်မဖြုန်းချင်ပါ။ သူသည် ဝမ်ဟိုင်လုံ၏ ညီလေးအတွက် ဘာမှ မလုပ်ပေးနိုင်လို့ ငြင်းလိုက်သည်။

 နောက်ဆုံးတွင် သူ၌ တရားဝင် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု သင်တန်မျိုး၊ ကုသပေးနိုင်တဲ့ လက်မှတ်မျိုးလည်း မရှိခဲ့ပါ၊ ထို့ကြောင့် ဒီကောင်လေးကို  ပညာရှင်တစ် ဦး က ကိုင်တွယ်လျှင် ပိုကောင်းသည်။


"ကျွန်တော့်အဖေက သူ့ကိုငယ်ငယ်ကတည်းက စိတ်ပညာရှင်တွေဆီခေါ် သွားတယ်။ တကယ်တော့ ကျွ်နတော်တို့အိမ်ဟောင်းဘေးမှာ စိတ်ရောဂါကုဆေးရုံ တစ်ခုရှိနေတယ်။ ကျွန်တော့် ညီလေးကို အချိန် အတန်ကြာ ဝင်ရောက်ကုသခွင့်ပြုခဲ့ ပေမယ့် အကျိုးသက်ရောက်မှု မရှိခဲ့ဘူး။ "

ဝမ်ဟိုင်းလောင်းတွန့်ဆုတ်စွာပြောခဲ့သည်။

"အစ်ကို ငါ့ကိုခွင့်ပြုပါ။ "

ဝမ်ဝိန့်လုံကသူ၏အစ်ကိုကို ခွင့်တောင်းလိုက်သည်။

 "ထူးဆန်းတဲ့အကြောင်းပြချက်ကြောင့့်ညီလေးက ဆရာဝန်တွေကိုမုန်းတီးတယ်။ သူက ဆရာဝန်ရဲ့ ဂျူတီကုတ်ဝတ်ထားတဲ့လူတွေ  အနားမှာရှိနေချိန်မှာ သူအော်ဟစ်ပြီးရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ ဒါကြောင့် ဆရာဝန်အသစ်တွေကို သွားတွေ့တဲ့အခါ ဆရာဝန်တွေကို ကြိုတင်အကြောင်းကြားရတယ်။   "

"ဆရာဝန်တွေကို မနှစ်သက်ဘူးလား"

ချန်ကောက ဝမ်ဟိုင်လုံ၏ညီလေး နဲ့ပတ်သက်၍ ဒုတိယ ကွဲလွဲချက်ကိုတွေ့ရှိခဲ့သည်။

"မင်းရဲ့ညီလေးပခုံးပေါ်ကအရာက ဆရာဝန်တွေ ကိုကြောက် တာလား။ ဆရာဝန်နား ရောက်ရင် ကောင်လေးကို ထိခိုက်တာလား"

"ဘာကြောင့်ဆိုတဲ့ တကယ်အကြောင်းရင်းကို ကျွန်တော်တို့ မသိဘူး။ သူ့ကို ဆေးရုံကိုခေါ်ခဲ့တော့ တံခါးဝထိ သူက အဆင်ပြေပါတယ်။ ဒါပေမယ့် သူပြန်လွတ် လာတဲ့အခါ ဆရာဝန်တွေကိုကြောက် လာတယ်။ "

ဒါကသူတို့နှစ်ပေါင်းများစွာ လျှို့ဝှက်ထားတဲ့ အချက် တစ်ခုပါ။

"ရုတ်တရက်ပြောင်းလဲမှုမှာ အကြောင်းပြချက် ရှိရမယ်။ သူ့ကိုကုသချိန်မှာ ဆရာဝန်က သူ့ကို ကြောက်အောင် လုပ်ခဲ့မိတာများလား"

 ချန်ကောသည်သူသိသောအရာကို ဆန်းစစ်ခြင်း အားဖြင့် သူတို့ကိုကူညီရန်ကြိုးစားခဲ့ သည်။  

"ဒါဟာ မဖြစ်နိုင်ဘူး။ ဆေးရုံမှာကုသမှု ခံယူတဲ့ အချိန်မှာ ရှန့်လုံဟာ ငယ်သေးလို့ မိသားစုဟာ သူ့အနားမှာရှိနေခဲ့တယ်။ ဆရာဝန်တွေက သူ့ကိုကောင်းကောင်းဆက်ဆံ ခဲ့တယ်။ "

"သူအခုလိုဖြစ်တာက ဆရာဝန်တွေကြောင့် မဟုတ်ဘူးဆိုရင် ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်တယ်။  မင်းတို့ အဲ့ဒီဆေးရုံဟောင်းကို ပြန်သွားရင် သဲလွန်စ ရနိုင်တယ်၊  "


ချန်ကောက အကြံပြုချက်ပေးပြီးနောက် နေ့လယ်စာစားရန် ထွက်သွား သည်။

"ဒီဆေးရုံက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပိတ်လိုက်တယ်။ ရှန့်လုံတက်ခဲ့တဲ့ တတိယမြောက်ဆေးရုံအဆောက်အအုံက အခုအချိန်မှာ လုံးဝပိတ်ထားပြီးပြီ။ ဒါကြောင့် ကျွန်တော်တို့ ဝင်ချင်ရင်တောင်  ဝင်ခွင့်မရနိုင်ဘူး"

ဝမ်ဟိုင်လုံက သက်ပြင်းချကာ ဆက်ပြောခဲ့သည်။

"ဒီအရာအားလုံးကို ခင်ဗျားအပေါ်  ပုံချရတာ  စိတ်မကောင်းပါဘူး။ ဒီနေ့မှာဖြစ်ခဲ့တာတွေ အားလုံးက ကျွန်တော်တို့ညီလေးကိုသတိရစေတယ်"

"တတိယ အဆောက်အ ဦး?"  

ဖုန်းအမည်း၏လုပ်ငန်းတာဝန်ကြောင့် ချန်ကောသည်တတိယ ဆိုတဲ့ စကားလုံးအပေါ် အလွန်အမင်းအာရုံစိုက်ခဲ့သည်။

" ဒီဆေးရုံက ဘာလဲ?"

"ဒါဟာ ကျွန်တော်တို့အိမ်ဟောင်းနားက ဆေးရုံပဲ။ အနောက်ခရိုင်မှာရှိတယ်။ အဲ့ဒီတုန်းက ငါတို့တွေက ဆင်းရဲတယ်။ ဒါကြောင့်အဲ့ဒီနေရာတွေနားမှာပဲ နေဖို့ တတ်နိုင်တယ်။ အခြေအနေတွေပို ကောင်းလာပြီး နောက် သူ့ကို နောက်ထပ်ဆေးရုံ တစ်ခုကို ပို့လိုက်တယ်။ "

"ဒါကို ဆိုလိုတာမဟုတ်ဘူး။ ဒီဆေးရုံနာမည်က ဘယ်လိုခေါ်သလဲ။ "

ဝမ်ဟိုင်းလုံကို ကြည့်နေတဲ့ ချန်ကောရဲ့မျက်လုံးတွေက တော်တော်ကြောက်စရာကောင်းနေတယ်။

"တတိယစင်တာလို့ လူသိများတဲ့ ကျုတ်ကျန်း စိတ်ရောဂါကု တတိယ စင်တာပါ။ ကျွန်တော် အမှတ်မမှားရင် အဲ့ဒါကို ပိတ်ပစ်ခဲ့တာ ငါးနှစ်၊ ခြောက်နှစ်ကြာခဲ့ပြီ။ "

 ဝမ်ဝိန်လုံတို့ ညီအစ်ကို ချန်ကော ဘာကြောင့် ခုလို ပြောင်းသွားသည်ကို နားမလည်ကြပေ။


"ဒီစင်တာမှာ တတိယဖျားနာဆောင် ခန်းမလို့ခေါ်တဲ့ နေရာရှိလား"


ချန်ကောရဲ့စိတ်ထဲမှာ မျှော်လင့်ချက်တို့ဖြင့် ပလုံစီနေသည်။

 
"ခင်ဗျားပြောတဲ့ တတိယ ဖျားနာဆောင်ခန်းမဆိုတာ ကျွန်တော့်ညီလေး တက်ခဲ့တဲ့ တတိယ အဆောက်အုံပါပဲ။ ခေါ်ပုံပဲကွဲသွားတာပါ  "

"ငါသိပြီ။ ကျုတ်ကျန်းက အကောင်းဆုံး စိတ်ရောဂါပြ သမားတော်ကို ငါ သိတယ်။ မင်းတို့ညီလေးနဲ့ တွေ့နိုင်အောင် စီစဉ်ပေးမယ်။ မင်းတို့ ညီလေးကို ဒီနေ့ ညနေ ခေါ်လာပေးနိုင်မလား"

ချန်ကောက အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။ ဝမ်ဟိုင်လုံတို့ ငြင်းလိုက်မှာစိုးလို့ သူက ဒေါက်တာကောင်းနဲ့ ချက်ချင်းချိတ်ဆက်ကာ ပြပေးဖို့ပြင်လိုက်သည်။

ဝမ်ဟိုင်လုံက ကသိကအောက်ပြုံးကာ ပြောခဲ့သည်။

"ကျွန်တော့်ညီလေးရဲ့အခြေနေက တမျိုးဖြစ်နေလို့ စိတ်မရှိရင ်အဲ့ဒီဆရာဝန်ကို သာမန်အဝတ်စားပဲ ဝတ်ထားပေးပါလို့ပြောပေးလို့ရမလား"

"ရတယ်။ "

"ဒါက ကျွန်တော်တို့ လိပ်စာကဒ်ပါ"

ဝမ်ဟိုင်းလုံက အနက်ရောင် ခန့်ထည်သည့် လိပ်စာကဒ်ကို ထုတ်ပေးရင်းပြောခဲ့သည်။  ထိုကဒ်ပေါ်တွင် "လုံဟူဖန်း- ၁" ဆိုပြီၤး ရိုက်နှိပ်ထားသည်။

"မင်းတို့က...."

ထူးခြားသောဒီဇိုင်းရေးထားသောနာမည်ကဒ်နှင့်သူတို့၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် တက်တူးများ ကိုကြည့်လိုက်ရာနောက်ဆုံးတွင် ချန်ကော စတင်သဘောပေါက်လာသည်။

 ဒီလို ဂိုဏ်းအဖွဲ့ဝင်များကို သူ့ဘဝမှာ ပထမဆုံး တွေ့ဆုံဖူးတာဖြစ်သည်။

 ချန်ကော၏မျက်နှာပေါ်က အံ့အားသင့်စွာသတိပြုမိပြီး ဝမ်ဟိုင်လုံက တိုးတိုးပြောလိုက်သည်။

 "ခင်ဗျားထင်သလိုပဲ။။လုံဟူဖန်းက စီချွမ်းသဘောၤ သွားလာရေး လုပ်ငန်းဖြစ်တယ်။ မင်းထင်သလောက်ပဲ။ ကျွန်တော်တို့ မိသားစုကပိုင်ဆိုင်တာပါ။ လိပ်စာကဒ်ရဲ့နောက်မှာ ဖုန်းနံပါတ်ရှိတယ်  "  

ချန်ကောသည်ကဒ်ပြားကိုလက်ခံသောအခါပြောင်ပြောင်တင်းတင်းပြုံးလိုက်သည်။

"မင်းမှာတိကျတဲ့လိပ်စာရှိပါသလား"

"ယနေ့ည ခရိုင်ဟောင်းက ဟိုင်မင် တိုက်ခန်းကို လာခဲ့ပါ။ ရှန့်လုံနဲ့ ကျွန်တော့်တို့က အဲ့ဒီမှာ နေတယ်၊  ကျားနဂါးလမ်းထဲမှာပါ။ "  

***-***









Chapter (141)_ အရင္စကားေျပာတဲ့သူ....



ဝမ္ဟိုင္လုံတို႔အဖြဲ႕က နမူနာျဖစ္ေသာေၾကာင့္ ခ်န္ေကာရွင္းျပသည္ကို ဧည့္သည္မ်ားက လက္ခံလာၾကသည္။ သရဲအိမ္ထဲက ဆက္တင္ေတြကို အဆင့္ခြဲထားတာက သူတို႔ေဘးကင္းလုံၿခဳံဖို႔ဆိုတာကို သိလာၿပီး စည္းကမ္းကို လက္ခံလာသည္။


"သူေဌးက ငါတို႔အတြက္ အဆင့္ခြဲေပးထားတာ တကယ္ႀကီးဟ..သူက တကယ္ကို ပေရာ္ဖက္ရွင္နယ္ဆန္တယ္..."

"ေအးကြ..ဒါေပမယ့္ ငါက ေၾကာက္စရာအေကာင္းဆုံးဆိုတာကို စမ္းၾကည့္ခ်င္ေသးတယ္"

ပန္းၿခံထဲက ေဆးဝန္ထမ္းမ်ားေရာက္လာၿပီး ဝမ္ဟိုင္လုံတို႔ကို ေမးလိုက္သည္။

"မင္းတို႔ ဘယ္လို ခံစားရေသးလဲ။ သက္သာရဲ႕လား။ ဆရာဝန္ေခၚေပးဖို႔လိုလား"

"ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တို႔ အေတာ္ေလးကို သက္သာလာပါၿပီ။ ခဏနားလိုက္ရင္ ေကာင္းသြားမွာပါ"

ဝမ္ဟိုင္လုံက ေျဖခဲ့သည္။ ဒါေပမယ့္ သူ႔ႏူတ္ခမ္းေတြက ျပာေနၿပီး မ်က္ႏွာက ျဖဴေယာ္ေနေသးသည္။

"မင္းက သတိေကာင္းေကာင္းရွိေနတယ္ဆိုေတာ့ အဆင္ေျပတယ္ေျပာရမယ္။ မင္းတို႔အဖြဲ႕ကံေကာင္းတယ္။အ ရင္အဖြဲ႕ထဲက လူေတြဆိုရင္ အခုထိ ေဆး႐ုံက မဆင္းရေသးဘူး"

ခ်န္ေကာက ေျပာလိုက္သည္။

"ခင္ဗ်ားက ကြၽန္ေတာ္တို႔ကို ႏွစ္သိမ့္ခ်င္ေနတာလား"

ဝမ္ဟိုင္လုံက ျပန္ေျပာေတာ့ ခ်န္ေကာက ၿပဳံးလိုက္သည္။

"ငါ အမွန္တိုင္းေျပာတာပါ"

ဦးေလး႐ႊီက ဝင္ေျပာခဲ့သည္။

"မင္းတို႔သက္သာတယ္ဆိုရင္ ေဘးနားက နားေနေဆာင္ကို သြားနားရေအာင္"

သရဲအိမ္ရဲ႕ဧည့္သည္ေတြက အခုလို ေျမႀကီးေပၚ ပိုးလိုးပက္လက္ လဲေနတဲ့ျမင္ကြင္းက ၾကည့္လို႔မေကာင္းေပ။ ဒါေၾကာင့္ ဦးေလး႐ႊီက သရဲအိမ္ေဘးက အေဆာက္အဦးကို နားေနေဆာင္အျဖစ္ သုံးရန္ခြင့္ျပဳထားလိုက္သည္။

ဝမ္ဟိုင္းလုံတိုအဖြဲ႕ကို နားေနေဆာင္ကို ပို႔ၿပီးေနာက္ ဦးေလး႐ႊီက သူ႔ကိုကပ္ကာ ေမးလိုက္သည္။

"ေရွာင္ခ်န္...မင္း တကယ္ပဲ သရဲအိမ္ကို အဆင့္သတ္မွတ္လိုက္မလို႔လား... အဲ့ဒါဆိုရင္ မင္းရဲ႕တခ်ိဳ႕ဧည့္သည္ကို လက္လႊတ္လိုက္ရမယ္ေလ"

ဦးေလး႐ႊီက ေရွး႐ိုးစြဲသမားျဖစ္ေသာေၾကာင့္ ထိုသို႔အဆင့္သတ္မွတ္တာကို လက္မခံခ်င္ေပ။

"ဘာမွမျဖစ္ဘူး ဦးေလး။ေနာက္ဆိုရင္ သရဲအိမ္ကိုလာတဲ့ ဧည့္သည္ေတြက ပိုမ်ားလာမွာ။ "

"ဧည့္သည္ေတြ ဝင္ခ်င္တာကို စစ္စီၿပီး ဝင္ခြင့္ျပဳတာ ပိုမေကာင္းဘူးလား...."

သရဲအိမ္ဆိုတာ ဧည့္သည္ေတြကို ေၾကာက္လန႔္ျခင္းဆိုတဲ့ရသကို ေပးဖို႔ဆိုတဲ့အဓိက ရည္မွန္းခ်က္ကို ဦးေလး႐ႊီက ေျပာလိုက္ တာျဖစ္သည္။

ဒါေပမယ့္ ခ်န္ေကာရဲ႕သရဲအိမ္က သာမန္သရဲအိမ္မဟုတ္လို႔ ထိုသို႔လုပ္လို႔မျဖစ္ေပ။

"ကြၽန္ေတာ့္သရဲအိမ္ထဲက တခ်ိဳ႕ဆက္တင္က အဲ့လို လူေတြကို ခြဲျခားလို႔မရဘူး။ ဦးေလးေနာက္ဆို နားလည္လာလိမ့္မယ္"

ခ်န္ေကာက ျပန္ေျဖလိုက္သည္။

"ဦးေလး..ဒီပန္းၿခံရဲ႕သိုေလွာင္ဂိုေဒါင္ထဲမွာ အသုံးမျပဳျဖစ္တဲ့ CCTV ေတြရွိလား။ ကြၽန္ေတာ့ ေျမေအာက္ကားဂိုေဒါင္ကိုလုပ္ထားတဲ့ ဆက္တင္က အရမ္းက်ယ္လို႔ စီစီတီဗီမရွိေတာ့ အဆင္မေျပဘူး။ အဲ့ဒါကို ဝယ္ဖို႔လည္း ေငြက မရွိဘူးျဖစ္ေနတယ္"

"အဲ့ဂိုေဒါင္ထဲက ဟာေတြကို ငါ ထိလို႔မရဘူး။ မင္းကို အဲ့လို ဌားေပးလို႔ေတာ့မ ရဘူးထင္တယ္။ တကယ္လို႔ မင္းလိုအပ္တယ္ဆိုရင္ မနက္ျဖန္ ဒါ႐ိုက္တာလွ်ိဳကို ေတာင္းဆိုၾကည့္ပါလား။ သူက မင္းကို အရစ္က် ေရာင္းေပးႏိုင္ေလာက္တယ္..."

သူတို႔ေဆြးေႏြးၿပီး သရဲအိမ္ကိုျပန္လာၾကသည္။ ဦးေလး႐ႊီက လက္မွတ္ေရာင္းၿပီး ခ်န္ေကာက နာမည္ကဒ္ေတြကို သရဲအိမ္ထဲ ျပန္ထားကာ သရဲအျဖစ္ သ႐ုပ္ေဆာင္ၿပီး ဧည့္သည္ေတြကို ေျခာက္လွန႔္သည္။ မုယန္အထက္တန္းေက်ာင္းကို စိမ္ေခၚခ်င္သည့္ ေနာက္ထပ္ အဖြဲ႕ေတြ ေပၚလာေပမယ့္ သူတို႔အားလုံးက ခ်ိပ္ပိတ္ထားသည့္ အခန္းထဲကို မဝင္ရဲၾကေပ။

ထိုေန႔ အလုပ္ၿပီးေတာ့ ဧည့္သည္အားလုံး ျပန္သြားခ်ိန္ နားေနေဆာင္ဘက္မွ ဝမ္ဟိုင္လုံနဲ႔ ဝမ္ဝိန္လုံတို႔ ညီအစ္ကို ခ်န္ေကာကို ေစာင့္ေနၾကသည္။

"ဘာလဲ..မင္းတို႔က သရဲအိမ္ထဲ ထပ္ဝင္ဦးမလို႔လား"

ေကာခ်န္က ေနာက္လိုက္ေပမယ့္ သူတို႔က ခ်က္ခ်င္းျငင္းလိုက္သည္။

"မနက္က ကြၽန္ေတာ္တို႔ ႐ိုင္းပ်ခဲ့မိတယ္။ အကို ေဗြမယူဖို႔ ေတာင္းပန္ပါတယ္"

သူတို႔သေဘာထားနဲ႔ေလသံက မနက္နဲ႔ လုံးလုံး ကြာေနသျဖင့္ ခ်န္ေကာက ခ်က္ခ်င္းေမးလိုက္သည္။

"ရပါတယ္ကြာ။မင္းတို႔ ဘာသိခ်င္တာလဲ..."

သူက တဲ့တိုးပဲေမးလိုက္သည္။ သူက အခုမွ လူ႔ေလာက၊ ဆက္ဆံေရးအသိုင္းဝိုင္းထဲ ဝင္ဖူးသူ မဟုတ္လို႔ တဖက္လူ ေလသံေျပာင္းတာနဲ႔ ဘာလိုခ်င္သည္ကို တန္းသိလိုက္သည္။

ဝမ္ဟိုင္လုံက နည္းနည္းတုံ႔ဆိုင္းကာ ေျပာခဲ့သည္။

"တကယ္ေတာ့ ကြၽန္ေတာ္တို႔ညီအစ္ကိုက ၃ ေယာက္ရွိတယ္။ အငယ္ဆုံးညီေလးက ဝမ္ရွန႔္လုံျဖစ္တယ္။ သူက အသက္ 5 ႏွစ္သားအထိ သာမန္ကေလးလိုပဲ အရမ္းေဆာ့တယ္။ ဒါေပမယ့္ အသက္ 5 ႏွစ္လည္းေရာက္ေရာ လုံးလုံးစကားမေျပာေတာ့ဘူး။ အေဖက ဆရာဝန္၊ တိုင္းရင္းေဆး၊နတ္ဆရာ၊ေဗဒင္ အကုန္လုပ္ခဲ့ေပမယ့္ ဘာမွ မထူးျခားဘူး"

"အဓိက ဘာေၾကာင့္ ျဖစ္သြားတာတဲ့လဲ"

ကေလးတစ္ေယာက္ အသက္ ၅ ႏွစ္မွာ ႐ုတ္တရက္ စကားမေျပာတဲ့ျဖစ္ရပ္နဲ႔ သူ႔ကိုလာရွာတာက ထူးဆန္းေနလို႔ သူ စိတ္ရႈပ္ေနမိသည္။

"ဒီဇာတ္လမ္းက နည္းနည္းေတာ့ရွည္တယ္..."

ဝမ္ဟိုင္လုံက ပတ္ဝန္းက်င္ကို တခ်က္ၾကည့္ကာ ခ်န္ေကာကို တိုးတိုးေျပာျပလိုက္သည္။

"သူေဌး...ကြၽန္ေတာ္ သရဲအိမ္ထဲ ရွိတုန္းက သရဲမတစ္ေကာင္ ေျခာက္တာကို ခံလိုက္ရတယ္။ သူ႔ေျခေထာက္ေတြက ကြၽန္ေတာ့္ ပုခုံးေပၚကို တက္နင္းထားတယ္။ အဲ့ဒီျဖစ္ရပ္က ကြၽန္ေတာ့္ ညီေလးေျပာျပတဲ့ သူထူးထူးဆန္ဆန္း ျဖစ္ရပ္နဲ႔ ႀကဳံခဲ့တာနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ တူေနတယ္"

ဝမ္ဝိန္လုံလည္း ထိုျဖစ္ရပ္ကို ေကာင္းေကာင္းမွတ္မိသည္။

 "ဒါဟာ တကယ့္ကိုမွန္ကန္ပါတယ္။ အဲဒီညမွာ ကြၽန္ေတာ္တို႔သုံးေယာက္ အတူတူအခန္းထဲမွာ အိပ္ေနၾကတယ္။ ညသန္းေခါင္မွာ ညီေလးက ႐ုတ္တရက္အိပ္ယာေပၚ ငုတ္တုတ္ထထိုင္ၿပီး တစ္ေယာက္ေယာက္က သူ႔ ပခုံးေပၚမွာရပ္ေနၿပီး အဲ့လူကို ဖယ္ရွားပစ္ဖို႔ေတာင္းပန္ေနတယ္။ "

"သူက ကြၽန္ေတာ္တို႔ကို ေလွ်ာက္စေနတယ္တင္ၿပီး ကြၽန္ေတာ္တို႔က အေလးမထားခဲ့ဘူး။ ေနာက္တစ္ေန႔မနက္ေရာက္တာနဲ႔ သူက စကား ဘယ္လိုေျပာရမယ္ဆိုတာကို ေမ့ေနၿပီ။  သူက အသံထြက္ႏိုင္ေပမယ့္ ဝါက်အျပည့္အစုံမေျပာႏိုင္ေတာ့ဘူး "

ဝမ္ဟိုင္လုံက သူ၏ပခုံးကို ထိလိုက္ၿပီး တုန္ယင္စြာဆက္ေျပာခဲ့သည္။

"သူ႔အသံေပ်ာက္သြားလို႔ သူ ေျပာခ်င္တာကို စာနဲ႔ေရးခိုင္းခဲ့တယ္။  အနည္းဆုံး သူေၾကာက္ေနတဲ့ အရာကို သူ ေရးခဲ့တယ္။  ၿပီးခဲ့သည့္ညက  နံရံအျပင္ဘက္မွာ  လူတစ္ေယာက္က သူ႔ကို ေခ်ာင္းၾကည့္ေနတယ္လို႔ သူက ေျပာခဲ့တယ္။  အေၾကာင္းတစ္ခုခုေၾကာင့္ အဲ့လူက အိမ္ထဲကို ဝင္လာခ်င္ေနတယ္။"

"ဒါကေၾကာက္စရာလား?"

ခ်န္ေကာရဲ႕ခံစားခ်က္ ပိုမိုဆိုး႐ြားခဲ့သည္။

"ကြၽန္ေတာ္တို႔ငယ္ငယ္တုန္းက  ႐ြာမွာေနခဲ့တယ္။ ႐ႊာက အိမ္ေတြရဲ႕နံရံေတြကအျမင့္ ၂.၅ မီတာရွိတယ္။ တကယ္လို႔တစ္ေယာက္ေယာက္က သူ႔ကိုနံရံေပၚကေန ေက်ာၿပီး စိုက္ၾကည့္ေနတယ္ဆိုရင္ လူတစ္ေယာက္ဟာ အနည္းဆုံး ၂.၆ မီတာရွိသင့္တယ္"

"ဒါက  လူတစ္ ဦးတည္း ဟုတ္လို႔လား?"

"အဓိကက ဒါပဲေလ!"

ဝမ္ဟိုင္လုံက ရွင္းျပဖို႔ႀကိဳးစားခဲ့တယ္။

"အဆိုးဆုံးကေတာ့ ဒီအိမ္ကို အလြယ္တကူဝင္လာၿပီး ငါတို႔ညီေလးကို သူနဲ႔ကစားခိုင္းခဲ့တယ္။ သူျငင္းလိုက္ ရင္ သူက တစ္ခုခုယူသြားလိမ့္မယ္လို႔ေျပာခဲ့တယ္တဲ့ "

"မင္း ညီေလးက ဒီလူကိုျငင္းပယ္ခဲ့သလား။ ဒါေၾကာင့္ သူ႔ရဲ႕အသံကို ယူသြားခဲ့လို႔စကားမေျပာႏိုင္ခဲ့တာလား"

ခ်န္ေကာက မွန္းဆခဲ့သည္

"မဟုတ္ဘူး..ညီေလးက  ကစားဖို႔ သေဘာတူခဲ့တယ္။ သူတို႔ ကစားခဲ့တဲ့  ကစားနည္းက အရင္စကားေျပာတဲ့သူ တဲ့။  ညီေလးကေခါင္းညိတ္ၿပီးတဲ့ေနာက္ မေကာင္းဆိုးဝါးက ကြၽန္ေတာ့္ ညီရဲ႕  ပခုံးေပၚကိုတက္သြားတယ္။ ၿပီးေတာ့ သူက အရပ္                          ပိုရွည္လာတယ္။ "

***-***

Chapter (142)_ လမ္းအားလုံးက တူညီတဲ့ေနရာကိုပဲ ဦးတည္ေနတယ္..

စာ႐ြက္ေပၚတြင္ ခ်ေရးတာက အဲ့ေလာက္ ေၾကာက္စရာမေကာင္းေပမယ့္ ေသခ်ာစဥ္းစားရင္ေတာ့  အလြန္ေၾကာက္စရာေကာင္းသည္။

"မေကာင္းဆိုးဝါးက မင္းညီေလးရဲ႕ ရဲ႕ပခုံးေပၚကိုတက္သြားတယ္၊ ၿပီးေတာ့ အရပ္ရွည္လာတယ္လား "


ခ်န္ေကာ သည္ ၂.၆ မီတာအျမင့္ရွိ လူတစ္ဦးက ကေလးတစ္ ဦး ၏ကေလး၏ပခုံးေပၚ၌ ရပ္ေနေသာ  ျမင္ကြင္းကို ျမင္ေယာင္ၾကည့္လို႔ မရႏိုင္ျဖစ္ေနသည္။


"ဒါက ညီေလးဆြဲခဲ့တဲ့ပုံပဲ။ ကြၽန္ေတာ္တို႔ ခိုင္းလို႔ သူက ပုံဆြဲေပးခဲ့တယ္။ ေနာက္ဆုံး စိတ္ေရာဂါကုဆရာဝန္ဆီကို ေခၚသြားတုန္းက ျပခဲ့တဲ့ပုံပဲ... "

ဝမ္ဟိုင္လုံက သူ႔ဖုန္းကိုထုတ္လိုက္တယ္။

"ဒါကသူ႔ကိုေနာက္ဆုံးအႀကိမ္ ဆရာဝန္ဆီ ေခၚသြားတဲ့အခ်ိန္ သူ႔ မွတ္ဉာဏ္ထဲကေန ထုတ္ယူခဲ့တာပဲ"

ခ်န္ေကာ ကဖုန္းကိုၾကည့္လိုက္သည္။ ဖုန္းနဲ႔႐ိုက္ထားတဲ့ပုံက ထူးဆန္းေနတယ္။ စာ႐ြက္တ႐ြက္ရဲ႕ 10 ပုံတစ္ပုံေလာက္မွာ ဝဝပုပု ကေလးပုံေလးဆြဲထားၿပီး 10 ပုံ 9 ပုံေလာက္မွာ ဆံပင္ရွည္ရွည္ ေယာက်ာ္းကိုယ္လုံးနဲ႔ လူတစ္ေယာက္က မတ္တပ္ရပ္ေနပုံကို ဆြဲထားတာ ျမင္လိုက္ရသည္။ ထိုလူက အျဖဴေရာင္ ဝတ္စုံကို ဝတ္ထားၿပီး လက္ႏွစ္ဖက္က ေဘးကို ဆန႔္တန္းထားခဲ့သည္။


"ဒါ ဘာလဲ?"

ခ်န္ေကာက  ထိုအရာက  ကေလး၏ပခုံးေပၚရပ္ေနတာ ကို ၾကည့္လိုက္သည္။ ဆံပင္ရႈပ္ပြေနတဲ့ အမ်ိဳးသမီး တစ္ ဦး နဲ႔တူေသာ ထိုအရာကို ၾကည့္လိုက္သည္။ ကိုယ္ထည္က ပိန္ကာ ေယာက်ာ္းနဲ႔တူေနသည္။


"ဒါကို မင္းမသိဘူးလား။ မင္းရဲ႕ သရဲအိမ္ထဲမွာေတြ႕ခဲ့တဲ့ဟာနဲ႔ အခုကဟာက တူေနတယ္။  သရဲအိမ္ထဲမွာ လူေတြကပခုံးေပၚမွာ မတ္တပ္ရပ္ေနတဲ့မိန္းကေလးတစ္ေယာက္ရွိတယ္။ အဲ့ဒီအခ်ိန္မွာ ငါ့ညီရဲ႕ဇာတ္လမ္းကို ခ်က္ခ်င္းပဲ ငါသတိရ မိတယ္။ "

ဝမ္ဟိုင္လုံ ကသူ႔ဖုန္းကိုျပန္ယူကာ ၾကည့္ရင္း သရဲေျခာက္တဲ့အိမ္ကို တစ္ခ်က္ၾကည့္လိုက္ တယ္။

"ဒီဇာတ္လမ္းကို ခင္ဗ်ား ဖန္တီးၿပီးကတည္းက ခင္ဗ်ားလည္း ဒီလိုမ်ိဳးႀကဳံခဲ့ရမယ္လို႔ေတြ႕လိုက္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ့္ပုခုံးေပၚ မတ္တပ္ရပ္ေနတဲ့ ေကာင္မေလးက တကယ္အစစ္နဲ႔တူလြန္းတယ္။ ဒီဟာက ကြၽန္ေတာ္႐ူးေတာ့မလို ခံစားရေစတယ္။  အခုျဖစ္ခဲ့တာက ကြၽန္ေတာ္႐ူးရင္႐ူး၊မဟုတ္ရင္ တကယ္ သရဲရွိေနတယ္လို႔ ထင္မိမွာပဲ...   "

"ငါ့ရဲ႕သရဲအိမ္က ဧည့္သည္ေတြရဲ႕အာ႐ုံ 5 ပါးကို လွည့္စားၿပီး တကယ္လို႔ ထင္ေအာင္ ေနာက္ဆုံးေပၚ   4D နည္းပညာႏွင့္ အထူးနည္းစနစ္ေတြကိုအသုံးျပဳထားလို႔ပဲ"

ခ်န္ေကာက အရွက္မဲ့စြာလိမ္ခဲ့သည္။

"ပခုံးေပၚမွာရပ္ေနတဲ့တစ္ခုလုံးဟာ တိုက္ဆိုင္မႈသက္သက္ပဲ။ "

"ေကာင္းၿပီ။  ဒါဆို ခင္ဗ်ား ဒီလိုမ်ိဳးျမင္ကြင္းတစ္ခု ဖန္တီးဖို႔ ဘာကလႈံ႕ေဆာ္ေပးခဲ့တာလဲ ကြၽန္ေတာ့္ကို ေျပာျပ ႏိုင္မလား"

ဝမ္ဟိုင္းေလာင္းသည္ေခါင္းမာသူျဖစ္သည္။

"ဒီကမာၻႀကီးမွာ ဘာ၀ ိညာဥ္မွ မရွိဘူး၊ ဒါေတြ အားလုံးဟာ လူသားေတြရဲ႕ စိတ္ကူးစိတ္သန္းေတြပါ။ မင္းရဲ႕ညီေလးကို စိတ္ပူေနတယ္ဆိုတာ ငါ သိတယ္၊ ဒါေပမယ့္ ငါက ဆရာ ၀ န္ မဟုတ္ဘူး။ ငါ့ကိုေမးမယ့္ အစား ဘာျဖစ္လို႔စိတ္ပညာရွင္တစ္ေယာက္နဲ႔ မတိုင္ပင္ ရတာလဲ။

ပန္းၿခံသည္ေနာက္ထပ္ ၂ လအတြင္းပိတ္ႏိုင္သည္။ ထို႔ေၾကာင့္ ခ်န္ေကာသည္ အေရးမႀကီးေသာ အရာမ်ားအေပ အခ်ိန္မျဖဳန္းခ်င္ပါ။ သူသည္ ဝမ္ဟိုင္လုံ၏ ညီေလးအတြက္ ဘာမွ မလုပ္ေပးႏိုင္လို႔ ျငင္းလိုက္သည္။

 ေနာက္ဆုံးတြင္ သူ၌ တရားဝင္ စိတ္ပိုင္းဆိုင္ရာ ေလ့က်င့္မႈ သင္တန္မ်ိဳး၊ ကုသေပးႏိုင္တဲ့ လက္မွတ္မ်ိဳးလည္း မရွိခဲ့ပါ၊ ထို႔ေၾကာင့္ ဒီေကာင္ေလးကို  ပညာရွင္တစ္ ဦး က ကိုင္တြယ္လွ်င္ ပိုေကာင္းသည္။


"ကြၽန္ေတာ့္အေဖက သူ႔ကိုငယ္ငယ္ကတည္းက စိတ္ပညာရွင္ေတြဆီေခၚ သြားတယ္။ တကယ္ေတာ့ ကြၽ္နေတာ္တို႔အိမ္ေဟာင္းေဘးမွာ စိတ္ေရာဂါကုေဆး႐ုံ တစ္ခုရွိေနတယ္။ ကြၽန္ေတာ့္ ညီေလးကို အခ်ိန္ အတန္ၾကာ ဝင္ေရာက္ကုသခြင့္ျပဳခဲ့ ေပမယ့္ အက်ိဳးသက္ေရာက္မႈ မရွိခဲ့ဘူး။ "

ဝမ္ဟိုင္းေလာင္းတြန႔္ဆုတ္စြာေျပာခဲ့သည္။

"အစ္ကို ငါ့ကိုခြင့္ျပဳပါ။ "

ဝမ္ဝိန႔္လုံကသူ၏အစ္ကိုကို ခြင့္ေတာင္းလိုက္သည္။

 "ထူးဆန္းတဲ့အေၾကာင္းျပခ်က္ေၾကာင့့္ညီေလးက ဆရာဝန္ေတြကိုမုန္းတီးတယ္။ သူက ဆရာဝန္ရဲ႕ ဂ်ဴတီကုတ္ဝတ္ထားတဲ့လူေတြ  အနားမွာရွိေနခ်ိန္မွာ သူေအာ္ဟစ္ၿပီး႐ုန္းရင္းဆန္ခတ္ျဖစ္သြားတယ္။ ဒါေၾကာင့္ ဆရာဝန္အသစ္ေတြကို သြားေတြ႕တဲ့အခါ ဆရာဝန္ေတြကို ႀကိဳတင္အေၾကာင္းၾကားရတယ္။   "

"ဆရာဝန္ေတြကို မႏွစ္သက္ဘူးလား"

ခ်န္ေကာက ဝမ္ဟိုင္လုံ၏ညီေလး နဲ႔ပတ္သက္၍ ဒုတိယ ကြဲလြဲခ်က္ကိုေတြ႕ရွိခဲ့သည္။

"မင္းရဲ႕ညီေလးပခုံးေပၚကအရာက ဆရာဝန္ေတြ ကိုေၾကာက္ တာလား။ ဆရာဝန္နား ေရာက္ရင္ ေကာင္ေလးကို ထိခိုက္တာလား"

"ဘာေၾကာင့္ဆိုတဲ့ တကယ္အေၾကာင္းရင္းကို ကြၽန္ေတာ္တို႔ မသိဘူး။ သူ႔ကို ေဆး႐ုံကိုေခၚခဲ့ေတာ့ တံခါးဝထိ သူက အဆင္ေျပပါတယ္။ ဒါေပမယ့္ သူျပန္လြတ္ လာတဲ့အခါ ဆရာဝန္ေတြကိုေၾကာက္ လာတယ္။ "

ဒါကသူတို႔ႏွစ္ေပါင္းမ်ားစြာ လွ်ိဳ႕ဝွက္ထားတဲ့ အခ်က္ တစ္ခုပါ။

"႐ုတ္တရက္ေျပာင္းလဲမႈမွာ အေၾကာင္းျပခ်က္ ရွိရမယ္။ သူ႔ကိုကုသခ်ိန္မွာ ဆရာဝန္က သူ႔ကို ေၾကာက္ေအာင္ လုပ္ခဲ့မိတာမ်ားလား"

 ခ်န္ေကာသည္သူသိေသာအရာကို ဆန္းစစ္ျခင္း အားျဖင့္ သူတို႔ကိုကူညီရန္ႀကိဳးစားခဲ့ သည္။  

"ဒါဟာ မျဖစ္ႏိုင္ဘူး။ ေဆး႐ုံမွာကုသမႈ ခံယူတဲ့ အခ်ိန္မွာ ရွန႔္လုံဟာ ငယ္ေသးလို႔ မိသားစုဟာ သူ႔အနားမွာရွိေနခဲ့တယ္။ ဆရာဝန္ေတြက သူ႔ကိုေကာင္းေကာင္းဆက္ဆံ ခဲ့တယ္။ "

"သူအခုလိုျဖစ္တာက ဆရာဝန္ေတြေၾကာင့္ မဟုတ္ဘူးဆိုရင္ ပတ္ဝန္းက်င္ေၾကာင့္ ျဖစ္ႏိုင္တယ္။  မင္းတို႔ အဲ့ဒီေဆး႐ုံေဟာင္းကို ျပန္သြားရင္ သဲလြန္စ ရႏိုင္တယ္၊  "


ခ်န္ေကာက အႀကံျပဳခ်က္ေပးၿပီးေနာက္ ေန႔လယ္စာစားရန္ ထြက္သြား သည္။

"ဒီေဆး႐ုံက လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ပိတ္လိုက္တယ္။ ရွန႔္လုံတက္ခဲ့တဲ့ တတိယေျမာက္ေဆး႐ုံအေဆာက္အအုံက အခုအခ်ိန္မွာ လုံးဝပိတ္ထားၿပီးၿပီ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဝင္ခ်င္ရင္ေတာင္  ဝင္ခြင့္မရႏိုင္ဘူး"

ဝမ္ဟိုင္လုံက သက္ျပင္းခ်ကာ ဆက္ေျပာခဲ့သည္။

"ဒီအရာအားလုံးကို ခင္ဗ်ားအေပၚ  ပုံခ်ရတာ  စိတ္မေကာင္းပါဘူး။ ဒီေန႔မွာျဖစ္ခဲ့တာေတြ အားလုံးက ကြၽန္ေတာ္တို႔ညီေလးကိုသတိရေစတယ္"

"တတိယ အေဆာက္အ ဦး?"  

ဖုန္းအမည္း၏လုပ္ငန္းတာဝန္ေၾကာင့္ ခ်န္ေကာသည္တတိယ ဆိုတဲ့ စကားလုံးအေပၚ အလြန္အမင္းအာ႐ုံစိုက္ခဲ့သည္။

" ဒီေဆး႐ုံက ဘာလဲ?"

"ဒါဟာ ကြၽန္ေတာ္တို႔အိမ္ေဟာင္းနားက ေဆး႐ုံပဲ။ အေနာက္ခ႐ိုင္မွာရွိတယ္။ အဲ့ဒီတုန္းက ငါတို႔ေတြက ဆင္းရဲတယ္။ ဒါေၾကာင့္အဲ့ဒီေနရာေတြနားမွာပဲ ေနဖို႔ တတ္ႏိုင္တယ္။ အေျခအေနေတြပို ေကာင္းလာၿပီး ေနာက္ သူ႔ကို ေနာက္ထပ္ေဆး႐ုံ တစ္ခုကို ပို႔လိုက္တယ္။ "

"ဒါကို ဆိုလိုတာမဟုတ္ဘူး။ ဒီေဆး႐ုံနာမည္က ဘယ္လိုေခၚသလဲ။ "

ဝမ္ဟိုင္းလုံကို ၾကည့္ေနတဲ့ ခ်န္ေကာရဲ႕မ်က္လုံးေတြက ေတာ္ေတာ္ေၾကာက္စရာေကာင္းေနတယ္။

"တတိယစင္တာလို႔ လူသိမ်ားတဲ့ က်ဳတ္က်န္း စိတ္ေရာဂါကု တတိယ စင္တာပါ။ ကြၽန္ေတာ္ အမွတ္မမွားရင္ အဲ့ဒါကို ပိတ္ပစ္ခဲ့တာ ငါးႏွစ္၊ ေျခာက္ႏွစ္ၾကာခဲ့ၿပီ။ "

 ဝမ္ဝိန္လုံတို႔ ညီအစ္ကို ခ်န္ေကာ ဘာေၾကာင့္ ခုလို ေျပာင္းသြားသည္ကို နားမလည္ၾကေပ။


"ဒီစင္တာမွာ တတိယဖ်ားနာေဆာင္ ခန္းမလို႔ေခၚတဲ့ ေနရာရွိလား"


ခ်န္ေကာရဲ႕စိတ္ထဲမွာ ေမွ်ာ္လင့္ခ်က္တို႔ျဖင့္ ပလုံစီေနသည္။

 
"ခင္ဗ်ားေျပာတဲ့ တတိယ ဖ်ားနာေဆာင္ခန္းမဆိုတာ ကြၽန္ေတာ့္ညီေလး တက္ခဲ့တဲ့ တတိယ အေဆာက္အုံပါပဲ။ ေခၚပုံပဲကြဲသြားတာပါ  "

"ငါသိၿပီ။ က်ဳတ္က်န္းက အေကာင္းဆုံး စိတ္ေရာဂါျပ သမားေတာ္ကို ငါ သိတယ္။ မင္းတို႔ညီေလးနဲ႔ ေတြ႕ႏိုင္ေအာင္ စီစဥ္ေပးမယ္။ မင္းတို႔ ညီေလးကို ဒီေန႔ ညေန ေခၚလာေပးႏိုင္မလား"

ခ်န္ေကာက အသက္ျပင္းျပင္းရႉကာ ေျပာလိုက္သည္။ ဝမ္ဟိုင္လုံတို႔ ျငင္းလိုက္မွာစိုးလို႔ သူက ေဒါက္တာေကာင္းနဲ႔ ခ်က္ခ်င္းခ်ိတ္ဆက္ကာ ျပေပးဖို႔ျပင္လိုက္သည္။

ဝမ္ဟိုင္လုံက ကသိကေအာက္ၿပဳံးကာ ေျပာခဲ့သည္။

"ကြၽန္ေတာ့္ညီေလးရဲ႕အေျခေနက တမ်ိဳးျဖစ္ေနလို႔ စိတ္မရွိရင ္အဲ့ဒီဆရာဝန္ကို သာမန္အဝတ္စားပဲ ဝတ္ထားေပးပါလို႔ေျပာေပးလို႔ရမလား"

"ရတယ္။ "

"ဒါက ကြၽန္ေတာ္တို႔ လိပ္စာကဒ္ပါ"

ဝမ္ဟိုင္းလုံက အနက္ေရာင္ ခန႔္ထည္သည့္ လိပ္စာကဒ္ကို ထုတ္ေပးရင္းေျပာခဲ့သည္။  ထိုကဒ္ေပၚတြင္ "လုံဟူဖန္း- ၁" ဆိုၿပီၤး ႐ိုက္ႏွိပ္ထားသည္။

"မင္းတို႔က...."

ထူးျခားေသာဒီဇိုင္းေရးထားေသာနာမည္ကဒ္ႏွင့္သူတို႔၏ခႏၶာကိုယ္ကို ဖုံးအုပ္ထားသည့္ တက္တူးမ်ား ကိုၾကည့္လိုက္ရာေနာက္ဆုံးတြင္ ခ်န္ေကာ စတင္သေဘာေပါက္လာသည္။

 ဒီလို ဂိုဏ္းအဖြဲ႕ဝင္မ်ားကို သူ႔ဘဝမွာ ပထမဆုံး ေတြ႕ဆုံဖူးတာျဖစ္သည္။

 ခ်န္ေကာ၏မ်က္ႏွာေပၚက အံ့အားသင့္စြာသတိျပဳမိၿပီး ဝမ္ဟိုင္လုံက တိုးတိုးေျပာလိုက္သည္။

 "ခင္ဗ်ားထင္သလိုပဲ။။လုံဟူဖန္းက စီခြၽမ္းသေဘာၤ သြားလာေရး လုပ္ငန္းျဖစ္တယ္။ မင္းထင္သေလာက္ပဲ။ ကြၽန္ေတာ္တို႔ မိသားစုကပိုင္ဆိုင္တာပါ။ လိပ္စာကဒ္ရဲ႕ေနာက္မွာ ဖုန္းနံပါတ္ရွိတယ္  "  

ခ်န္ေကာသည္ကဒ္ျပားကိုလက္ခံေသာအခါေျပာင္ေျပာင္တင္းတင္းၿပဳံးလိုက္သည္။

"မင္းမွာတိက်တဲ့လိပ္စာရွိပါသလား"

"ယေန႔ည ခ႐ိုင္ေဟာင္းက ဟိုင္မင္ တိုက္ခန္းကို လာခဲ့ပါ။ ရွန႔္လုံနဲ႔ ကြၽန္ေတာ့္တို႔က အဲ့ဒီမွာ ေနတယ္၊  က်ားနဂါးလမ္းထဲမွာပါ။ "  

***-***







သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now