Chapter (10) - ကြေးမုံပြင်၏ လျှို့ဝှက်ချက်

1.6K 389 17
                                    

Chapter (10) – ကြေးမုံပြင်၏ လျှို့ဝှက်ချက်

"ဟူး.. အကြောင်းမရှိဘဲ ကိုယ့်ဘာသာ ကြောက်နေမိတာပဲ.."

Gao Ru Xue ရဲ့နှလုံးသားက ရင်ဘတ်ထဲက ပေါက်ထွက်မတတ် ခုန်လို့နေသည်။ သူမ အရူးတစ်ယောက်လို လုပ်နေမိကတည်းက နှလုံးခုန်မြန်နေတာ ကြာပြီဖြစ်သည်။

ခြောက်ခြားစရာ တေးဂီတက ထပ်တလဲလဲ လွင့်ပျံနေသည်။ အားနည်းတဲ့ အလင်းရောင်အောက်တွင် နံရံပေါ်ကမှန်ထဲက သူမရဲ့ပုံရိပ် ကျုံ့သွားသည်ကို သူမ စတင်တွေ့လိုက်ရသည်။ မှန်ထဲတွင် ခြင်ထောင်က သူ့ဘာသာပွင့်လာပြီး စက္ကူလူရုပ်၏မျက်နှာတစ်ခု ထွက်လာခဲ့သည်။ ထိုအရုပ်မျက်နှာက သူမမျက်နှာနှင့် တစ်ထေရာတည်းတူသည်ကို တွေ့လိုက်ရသည်။

"ဘယ်သူလဲ.."

လူသားများက အလွန်ထိတ်လန့်သည့် အခြေအနေကို ကြုံတွေ့လိုက်ရချိန်တွင် ဒေါသတကြီးနှင့် ရန်လိုတတ်လာသည်။ Gao Ru Xue က လှည့်ကြည့်လိုက်ပေမယ့် ဘာကိုမှ မတွေ့လိုက်ပေ။ သူမက ခြင်ထောင်ဘေးကိုပြေးသွားပြီး ခြင်ထောင်နောက်မှာ ဘယ်သူပုန်းနေသလဲဆိုတာ သိဖို့ ပင့်ကြည့်လိုက်သည်။ ဒါပေမယ့် ဒီခြင်ထောင်ချုပ်ထားပုံက ရှုပ်ထွေးပြီး အိပ်ယာ၏ဘေးသားနှင့် တွဲစပ်ထားသည့်အပြင် အလွှာလွှာအထပ်ထပ် ပြုလုပ်ထားသည်။ နောက်ဆုံး Gao Ru Xue က ခြင်ထောင်ကိုပင့်လို့မရဘဲ ခြင်ထောင်အလွှာထဲ ပိတ်မိသွားတော့သည်။

ဒီအချိန်မှာပဲ အခန်းထဲဝင်လာသည့်ခြေသံကို သူမ ကြားလိုက်ရသည်။

"ငါက လှုပ်လှုပ်ရှားရှားမှ မလုပ်တာ.. ဒါဆို ဘယ်သူ့ခြေသံလဲ.."

သူမရဲ့ဂျူနီယာ ပျောက်ဆုံးခြင်းနှင့် Black Friday တေးဂီတရဲ့ ခြောက်လှန့်ခြင်းကြောင့် Gao Ru Xue ရဲ့ နောက်ဆုံးစိတ်ပိုင်းဆိုင်ရာ တင်းအားက ကျိုးပျက်သွားတော့သည်။

သူမ မသိတဲ့ ခြေသံတစ်စုံက နောက်ဆုံးကျန်သည့် မျှော်လင့်ချက်တစ်မျှင်ကို ချိုးဖျက်လိုက်သလိုပင်။ သူမ၏ခြေအစုံက ဂျယ်လီလို ပျော့ခွေကျလာပြီး လှုပ်လို့မရတော့ပေ။

အကြောက်တရားက လှောင်အိမ်ထဲပိတ်မိတဲ့ တိရိစ္ဆာန်လိုဖြစ်သွားစေပြီး ဆင်ခြင်တုံတရားကို ပျောက်ရှသွားစေသည်။

Gao Ru Xue က ခြင်ထောင်ထဲက ရုန်းထွက်ဖို့ ကြိုးစားပေမယ့်လည်း မအောင်မြင်ပေ။ ခြေသံတစ်စုံက သူမနား ပိုနီးကပ်လာခဲ့သည်။

မဖြစ်နိုင်ဘူး..၊ အခန်းက အကျယ်ကြီးပဲ..။ တကယ်လို့ တစ်ယောက်ယောက် အနားကိုကပ်လာရင် သေချာပေါက် တွေ့ရမှာပဲ။ သူမရဲ့နှလုံးသားက ရှုပ်ထွေးလာခဲ့ပြီး ရိုးရှင်းစွာတန်ဆာဆင်ထားသည့် အခန်းက သူမကျောရိုးတလျှောက် စိမ့်တက်လာတဲ့အထိ ထိတ်လန့်လာစေသည်။

ပြတင်းပေါက်အပြင်ဘက်ရှိ မီးပုံးသည် လေတိုက်သဖြင့် ယိမ်းထိုးနေသောကြောင့် အခန်းတွင်းရှိ မီးရောင်က ပိုလို့မှိန်ဖျော့နေသည်။ ကြေးမုံထဲတွင် ရောင်ပြန်ဟပ်နေသည့် သူမပုံရိပ်က မှုန်ဝါးဝါးဖြစ်နေသည်။ Gao Ru Xue ၏ သူငယ်အိမ်က ပြူးကျယ်သွားခဲ့သည်။ မှန်ထဲအရိပ်ထင်နေတာက သူမ၏ပုံရိပ်မဟုတ်ဘဲ သတို့သမီးဝတ်စုံဝတ်ထားသည့် ထူးဆန်းသောမိန်းကလေးဖြစ်နေသည်။

ဒီမိန်းကလေးရဲ့သွင်ပြင်ကိုကြည့်ရတာ သတို့သမီးကဲ့သို့ ဝတ်စားပြီးမှ အသတ်ခံရပုံပေါ်သည်။ သူမ၏အလှတရားက တကယ်ကိုထူးကဲပြီး မကြာသေးမီကမှ မြေကြီးအောက်မှ တူးဖော်ရရှိသည့် ရှေးဟောင်းအနုပညာပစ္စည်းတစ်ခုကို မြင်နေရသလိုပင်။

ဒီမိန်းကလေးရဲ့ပုံကိုကြည့်ရင်း Gao Ru Xue ၏နှုတ်ခမ်းက ပထမအကြိမ်အဖြစ် ကြောက်ရွံ့ပြီး တဆတ်ဆတ်တုန်ယင်လာခဲ့သည်။

သေမှုသေခင်းများစွာကို ခွဲစိတ်ဖူးသည့် အတွေ့အကြုံအရ မှန်ထဲမှ သူမကိုစိုက်ကြည့်နေသော မိန်းကလေးက သေဆုံးပြီးသား လူတစ်ယောက်မျက်နှာဆိုတာ သေချာသည်။

သရဲအိမ်က တကယ့်အလောင်းအစစ်ကို ဝှက်ထားတာလား..။

အတွေးဝင်လိုက်မိသည်နှင့် ကြောက်ရွံ့မှုက လှိုင်းလုံးတစ်ခုကဲ့သို့ သူမကို လွှမ်းခြုံသွားတော့သည်။ ပုံရိပ်ထင်ဟပ်နေသည့် ကြေးမုံနှင့် ဝေးရာကိုထွက်ပြေးတာ အကောင်းဆုံးပဲဟု တွေးလိုက်ပြီး သူမ နောက်ကိုဆုတ်လိုက်တော့ တစ်စုံတစ်ခုကို တိုက်မိသွားသည်။

တစ်ချိန်တည်းမှာပဲ သူမနောက်ကျောဘက်က ခြေသံတွေလည်း ရပ်သွားခဲ့သည်။ Gao Ru Xue ၏စိတ်ထဲ ဟာလာဟင်းလင်းဖြစ်သွားပြီး စဉ်းစားနိုင်စွမ်းကင်းမဲ့စွာဖြင့် သူမနောက်ကို အလိုလျောက် လှည့်ကြည့်လိုက်မိတော့သည်။

အလောင်းမိတ်ကပ်ကို လိမ်းခြယ်ထားပြီး သတို့သမီးဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး သူမကို ပြုံးပြီးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"အား..."

အဆိုပါအော်ဟစ်လိုက်သံသည် သရဲအိမ်၏ တိတ်ဆိတ်မှုကို ချိုးဖောက်သွားပြီး အဆောက်အဦးအပြင်အထိ ကြားလိုက်ရသည်။ သူမလက်တွေက ခြင်ထောင်နှင့်ငြိနေပြီး Gao Ru Xue ရဲ့ခြေထောက်တွေ ပျော့ကျရင်း နောက်ဆုံး ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျသွားတော့သည်။

ကြောက်ရွံ့မှုကို အတင်းဖိနှိပ်ထားရသောကြောင့် မျက်ရည်များက ထိန်းမနိုင်သိမ်းမရ တရဟောစီးကျလာခဲ့သည်။ သူမက မျက်လုံးမှိတ်ထားပြီး နှုတ်ခမ်းက အနည်းငယ်ပွင့်ဟကာ သက်ပြင်းလေးလေးကို ချလိုက်တော့သည်။

"Xiao Wan.. သူမကို အမြန်အပြင်ကို ခေါ်ထုတ်လာလိုက်.."

"OK.."

သရဲမလေးက ဆံပင်တွေနဲ့ဖုံးကွယ်ထားသည့် Bluetooth ကို မဖယ်ရှားခင်ထိ မတ်တပ်ရပ်နေပြီး အမိန့်သံကြားမှ ငုတ်တုတ်ထိုင်ချကာ ပြောလိုက်သည်။

"သရဲအိမ်လေ့လာခြင်းက ဒီမှာပြီးဆုံးပါပြီ.. ကျေးဇူးပြုပြီး အသက်ကိုမှန်မှန်ရှူပါ.. ကျွန်မက ရှင့်ကို အပြင်ကို ခေါ်ထုတ်သွားပေးပါ့မယ်.."

ဆယ်စက္ကန့်ကြာတော့ တစ္ဆေသတို့သမီး သရဲခြောက်သည့်အခန်းတံခါးကို တွန်းဖွင့်ဖို့ Chen Ge ဝင်လာခဲ့ပြီး အလောတကြီးမေးလိုက်သည်။

"ဒီမှာ တစ်ယောက်တည်းရှိသေးတယ်.. ကျန်တဲ့တစ်ယောက်က ဘယ်မှာလဲ.."

Chen Ge က CCTV ကင်မရာတွေထဲမှာ He San ကိုရှာမတွေ့လို့ အမြန်ပြေးထွက်သွားခဲ့သည်။

"အဲ့ဒီအဖော်က အခန်းထဲကိုပြေးဝင်လာပြီး မှန်နှစ်ချပ်ကိုလည်းတွေ့ရော သတိလစ်လဲကျသွားခဲ့တယ်.. နောက်ဝင်လာတဲ့ဧည့်သည်ကို ခြောက်တဲ့နေရာမှာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ သူ့ကို ကျွန်မ ကုတင်အောက် ဆွဲသွင်းထားတယ်.."

"သတိလစ်သွားတာလား.."

Chen Ge က ဘယ်လိုပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။

"လုံခြုံရေးက ပထမပဲ.. နောက်တစ်ခါ ဒီလိုဖြစ်လာရင် ငါ့ကို ချက်ချင်းအကြောင်းကြားလိုက်.."

"ဟုတ်ကဲ့ပါ ဘော့စ်.."

Xiao Wan က Gao Ru Xue ကို ဂရုစိုက်ပြုစုနေချိန် Chen Ge က ကုတင်အောက်က He San ကို သွားဆွဲထုတ်လိုက်သည်။ ထိုလူငယ်က အရမ်းကိုထိတ်လန့်ခြောက်ခြားပြီး သတိလစ်သွားခဲ့သည်။

"Shit.. ငါ သူ့ကို လေကောင်းလေသန့်ရတဲ့နေရာကို အရင်ခေါ်သွားမှပဲ.."

Chen Ge က He San ကို ထမ်းသယ်လာပြီး သရဲအိမ်ဝင်ပေါက်ကို ပြေးထွက်လာကာ တံခါးကို ခြေနဲ့ကန်ဖွင့်ရင်း အော်ပြောလိုက်သည်။

"နည်းနည်းလောက် ဖယ်ပေးကြပါ.."

Chen Ge က He San ကို သရဲအိမ်ဝင်ပေါက်ဝ မြေကွက်လပ်တွင် ချပြီး နဖူးပေါ် ရေခဲအိတ်တင်ကာ သတိရလာစေရန် နှိပ်နယ်ပေးလိုက်သည်။

ဒီဖြစ်ရပ်က ပန်းခြံထဲက မထွက်ခွာရသေးသည့် ဧည့်သည်များကို အံ့အားသင့်သွားစေသည်။

"ဘုရားရေ.. ဒီမှာ ဘာဖြစ်နေတာလဲ.."

"သရဲအိမ်ထဲသွားကြည့်ပြီး သတိလစ်သွားတာလား.. ဒီလိုဟာကို ငါ ပထမဆုံး တွေ့ဖူးတာပဲ.."

"သတိမလစ်ခင်ကတည်းက သူ ကြောက်နေတာဖြစ်မှာပါ.. ဘာကြောင့်လဲဆိုတော့ Online ပေါ်က မှတ်ချက်တွေအရ ဒီသရဲအိမ်က ကြောက်စရာမကောင်းဘူးဆိုပဲ.."

"Fuck.. ငါ ကြက်သီးမွှေးညင်းတောင် ထလာပြီ.."

မကြာခင် Xu Wan က Gao Ru Xue ကိုတွဲပြီး အပြင်ကိုထွက်လာခဲ့သည်။ ဒီအမျိုးသမီးက ဝင်သွားစဉ်ကပုံစံနဲ့ လုံးဝကို ကွဲပြားခြားနားနေပြီး ဆံပင်တွေကလည်း ရှုပ်ပွကာ မျက်နှာလည်း ပြာနှမ်းလို့နေသည်။ သူမ၏မျက်နှာပေါ်တွင် ခြောက်သွေ့စ မျက်ရည်စီးကြောင်းကိုပင် တွေ့နိုင်သေးသည်။

"လုံးဝမတူတဲ့လူ ဖြစ်သွားတာပဲ.."

"အထဲမှာ ဘာကိုတွေ့ခဲ့လို့လဲ.."

"သူတို့က ဘာကြောင့်ကြောက်ရမှာလဲ.. သူတို့က မှုခင်းဆိုင်ရာ ဆေးကျောင်းသားတွေ မဟုတ်ဘူးလား.."

Xu Wan က Gao Ru Xue ကို လှေကားထစ်မှာထိုင်ခိုင်းပြီး ရေတစ်ဘူးကမ်းပေးလိုက်သည်။ ဒီအမျိုးသမီးက အထဲက ရင်ဆိုင်ကြုံတွေ့လာခဲ့တဲ့အရှိန်ကြောင့် ရေဘူးကိုကိုင်ထားတဲ့ သူမလက်က တဆတ်ဆတ်တုန်ယင်နေတာကို တွေ့လိုက်ရသည်။

"သူတို့ကို ဝိုင်းအုံမနေပေးကြပါနဲ့.. သူတို့ လေကောင်းလေသန့် ရဖို့လိုတယ်.."

Chen Ge ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ Gao Ru Xue က ကြောက်လန့်ပြီး မျက်ရည်ကျတာ ပုံမှန်ဖြစ်ပေမယ့် He San က ဘာကြောင့် ရုတ်တရက် သတိလစ်သွားရတာလဲ။ သူက ဘာကြောင့် အလွယ်တကူ မကြောက်တတ်ဘူးလို့ ပြောသွားတာလဲ။ ဒီလူက ဘာလဲ၊ ဘာကြောင့် မာနထောင်လွှားနေရတာလဲ။

လူတွေ စုရုံးဝိုင်းအုံကြည့်နေတာကြောင့် သရဲအိမ်နားကို ဧည့်သည်များ ပိုမိုရောက်လာခဲ့ကြသည်။ ဒီလိုလူစုစုက ဒီပန်းခြံရဲ့ manager ကို ဆွဲဆောင်လိုက်သလို ဖြစ်သွားပြီး လျှပ်စစ်ကားလေးနဲ့ အမြန်ရောက်ရှိလာတော့သည်။

"Xiao Chen.. ဒီမှာ ဘာတွေဖြစ်နေတာလဲ.. ဘာကြောင့် ဧည့်သည်တစ်ယောက်က သတိလစ်မေ့မြောနေတာလဲ.."

Uncle Xu က ကားပေါ်က အလောတကြီးဆင်းလာပြီး လူအုပ်ကို တိုးဝှေ့ကာ မေးလိုက်သည်။

"ကျွန်တော်လည်း မသိဘူး.. အထဲမှာ ပူလောင်နေလို့များ ဖြစ်သွားသလားမသိဘူး.."

Chen Ge လည်း သူ့အဖြေကို သူ့ဘာသာ မယုံရဲပေ။

"ခုလိုရာသီမျိုးမှာ ပူအိုက်ပြီး သတိလစ်စရာလား.. ဘာပဲဖြစ်ဖြစ် သူ့ကို ဆေးကုခန်းထဲ အရင်ခေါ်သွားရမယ်.."

Uncle Xu က He San ကို သူ့လျှပ်စစ်ကားလေးပေါ် တင်လိုက်ပြီး ပြောလိုက်သည်။

မိနစ်အနည်းငယ်ကြာတော့ နှိပ်နယ်ထားတဲ့အတွက်ကြောင့်လား၊ လူအုပ်ကြီးရဲ့ စကားသံကြောင့်လားမသိ He San က သတိရလာခဲ့သည်။ He San က မျက်တောင်ခတ်လိုက်ပြီး လျှပ်စစ်ကားလေးပေါ်မှာ ထထိုင်လိုက်သည်။ သူ့မျက်လုံးတွေက နီရဲနေပြီး ပါးစပ်ကလည်း "မှန်တွေ.. မှန်တွေ.." ဟု မပီမသ ရေရွတ်နေသည်။

"သား.. စိတ်အေးအေးထားပါ.."

"ကြည့်.. သူ ကောင်းကောင်းသတိမရသေးဘူး မဟုတ်လား.."

နေရောင်အောက်မှာ ခဏကြာတော့မှ He San က သူဘယ်ရောက်နေတယ်ဆိုတာ သိလိုက်သည်။ လူအုပ်ကြီးက သူ့ကိုဝိုင်းကြည့်နေလို့ သူက ရှက်ရွံ့စွာနှင့် ခေါင်းကိုပွတ်သပ်လိုက်သည်။

"မင်း နေလို့ကောင်းသွားပြီလား.. သရဲအိမ်ထဲ ဘာကြောင့် သတိလစ်သွားခဲ့တာလဲ.."

ပန်းခြံဝန်ထမ်းဝတ်စုံ ဝတ်ထားသည့် Uncle Xu က ရေပုလင်းကို He San ဆီကမ်းပေးရင်း ပြောလိုက်သည်။

"ကျွန်တော်လည်း ဘာဖြစ်သွားသလဲဆိုတာ သေသေချာချာ မမှတ်မိတော့ဘူး.. ကျွန်တော် အရမ်းကြောက်ပြီး ပထမဆုံးတွေ့တဲ့အခန်းထဲကို ပြေးဝင်သွားခဲ့မိတယ်.. ကျွန်တော်က နံရံမှာချိတ်ထားတဲ့ မှန်တစ်ချပ်ကိုတွေ့လိုက်ပြီး မှန်ထဲကနေ ကျွန်တော့်နာမည်ကို ခေါ်နေတာကြားလိုက်ရပြီး နောက်ပိုင်း ဘာဖြစ်သွားသလဲ မသိတော့ဘူး.."

He San က စိတ်ရှုပ်ထွေးစွာနှင့် ပြောလိုက်သည်။

"ဒါက သရဲအိမ်ကလုပ်ထားတဲ့ဟာလည်း ဖြစ်နိုင်ပါတယ်.."

"သရဲအိမ်က ခြောက်လှန့်တဲ့ပြကွက်ထဲမှာ မှန်နဲ့ပတ်သက်တာ ပါသလား.."

Uncle Xu က မျက်နှာမကောင်းစွာနဲ့ Chen Ge ကိုလှည့်ကြည့်ပြီး မေးလိုက်သည်။

=======================

သရဲအိမ်ထဲမှ ဖူးစာရှင်Where stories live. Discover now