Chapter (48) - "ငါ့ကိုလႊတ္ေပးပါ"

1.3K 312 13
                                    

Chapter (48) – "ငါ့ကိုလႊတ္ေပးပါ"

Chen Ge ၏စိတ္ထဲ မထင္မွတ္ထားသည့္ ျဖစ္ရပ္ေၾကာင့္ အံ့အားသင့္ေနမိသည္။ မေကာင္းဆိုးဝါးႏွစ္ေကာင္ အခ်င္းခ်င္း တိုက္ၾကေတာ့မည္လား။

Zhang Peng က ဝင္ေပါက္မွာပိတ္ထားတာကို အကုန္ျဖဳတ္ၿပီး အထဲကိုဝင္သြားသည္အထိ တတိယထပ္က မေကာင္းဆိုးဝါးက သတိျပဳမိဟန္မတူဘဲ လႊသံကို ဆက္ၾကားေနရသည္။

"ငါေတာ့ ဒီမွာပုန္းေနလို႔ မျဖစ္ေတာ့ဘူး.. ငါ ညတိုင္း စိတ္ေအးလက္ေအး အိပ္ႏိုင္ေအာင္ မွန္ထဲကမေကာင္းဆိုးဝါးက Zhang Peng ကိုယ္ထဲ ဝင္ေရာက္ပူးကပ္သြားတာ ၾကည့္ခ်င္ျမင္ခ်င္လွၿပီ.."

Chen Ge က ဝတ္စံုျပည့္ႏွင့္ ထိန္းခ်ဳပ္ခန္းထဲကထြက္လာၿပီး Zhang Peng ရွိရာကိုတက္လာရင္း လက္ထဲကတူကို ေလထဲ ႏွစ္ခ်က္ေလာက္ေဝွ႔ယမ္းရင္း ရဲေဆးတင္လိုက္သည္။

သန္းေခါင္ယံည လူသတ္သမားအခန္းေတြထဲ ပိတ္မိေနသည့္ Zhang Peng ၏လက္ထဲ ကိုင္ထားသည့္ဓားက ပိုပိုေလးလာသည္ဟု ခံစားလိုက္ရသည္။ သူက အားလံုး ေသခ်ာအခ်ိန္ေပး ျပင္ဆင္ၿပီး လုပ္ခဲ့ေပမယ့္ မထင္မွတ္ထားသည့္လူေၾကာင့္ အစီစဥ္အားလံုး ေရစံုေမ်ာကာ သူ႔မိန္းမက ေထာင္က်၊ သူလည္း ထြက္ေျပးေနရသည္။ ဒါေၾကာင့္ Chen Ge ကို ကလဲ့စားေခ်သတ္ျဖတ္ရန္ လူတိုင္း အိပ္ယာထဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည့္ ညသန္းေခါင္ 1 နာရီမွာ သရဲအိမ္ထဲခိုးဝင္ခဲ့သည္။

သူက ဝန္ထမ္းခန္းထဲက အိပ္ယာထက္က ေစာင္ပံုႀကီးကို Chen Ge အိပ္ေနသည္ဟုထင္ကာ ေဒါသတႀကီး ခုန္အုပ္ကာ ဓားႏွင့္အႀကိမ္ႀကိမ္ ထိုးစိုက္လိုက္ေပမယ့္ လူမရွိဘဲ သူ႔ဓားႏွင့္သူ ျပန္ရွသြားခဲ့သည္။ ဒါေၾကာင့္သူ႔ေဒါသေတြ ပိုႀကီးလာၿပီး ဆင္ျခင္တံုတရားကို ေဒါသကဖံုးသြားကာ ဒီေကာင့္ကိုသတ္ခ်င္စိတ္က ပိုျပင္းထန္လာသည္။

"မင္းေၾကာင့္ Fu An တိုက္ခန္းကိစၥ ေပၚၿပီး ငါ့မိန္းမ Juan Er ေထာင္က်သြားတာ.. ဒီည ငါ မင္းကို သတ္ျဖစ္ေအာင္သတ္မယ္.."

Zhang Peng က ေတြးေလ ေဒါသႀကီးေလျဖစ္ေနစဥ္ အေပၚထပ္က လႊတိုက္သံၾကားလိုက္ေတာ့ ရင္ထဲကအၿငိဳးေတြ ႏွစ္ဆတိုးလာသည္။ သူက ဓားကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီး အသံၾကားရာနားစြင့္ကာ ေလွကားတေလွ်ာက္ နံရံကိုစမ္းၿပီး တက္သြားသည္။ သူ႔မွာ မီးေရာင္မပါလည္း ဂ႐ုမစိုက္ေပ။ ဒီသရဲအိမ္တည္ေဆာက္ပံုက ႐ႈပ္ေထြးလို႔ သူသတ္ၿပီး အခန္းတစ္ခုထဲဝွက္ထားလိုက္ရင္ အနည္းဆံုး လဝက္ေလာက္မွ ဒီေကာင္ရဲ့အေလာင္းကို ရွာေတြ႕ၾကလိိမ့္မည္။

သူ႔ႏႈတ္ခမ္းတို႔တြင္ ရက္စက္သည့္အၿပံဳးတို႔ ထင္ဟပ္လာသည္။

အသံက သူ႔ေရွ႕ဘက္က ဆက္လက္ထြက္ေနသည္။ ဒီလူက ညမအိပ္ဘဲ ဘာလုပ္ေနတာလဲ..။ ညႀကီး ဘာေၾကာင့္ လႊတိုက္ေနတာလဲ..။ အေရးေပၚ တစ္ခုခုလုပ္ေနတာလား..။

Zhang Peng က လက္ေမာင္းကဒဏ္ရာကို လက္ရွည္အက်ႌျဖင့္ဖံုးကာ ဓားဦးကိုေရွ႕သို႔ညႊန္ၿပီး တတိယထပ္ဝင္ေပါက္ထဲ ဝင္လိုက္သည္။ ခပ္ဝါးဝါး လူရိပ္မည္းမည္းကို Zhang Peng ေတြ႕လိုက္ရသည္။ အခန္းရွည္ႀကီး၏ အလယ္ေလာက္မွာ လူရိပ္ကရပ္ေနၿပီး လက္ထဲက တစ္ခုခုကိုင္ကာ တံခါးကိုျခစ္ေနသည္။

စိတ္႐ႈပ္စရာပဲ.. ဒီလူက ဘာေၾကာင့္ မီးမဖြင့္တာလဲ..။

ကလဲ့စားေခ်ခ်င္စိတ္ ဖံုးေနေသာေၾကာင့္ ထိုလူရိပ္က Chen Ge ႏွင့္ပံုစံမတူတာကို နီးကပ္လာသည္အထိ သတိမထားမိေပ။ Zhang Peng က ေနာက္က တိတ္တဆိတ္ခ်ဥ္းကပ္လာၿပီး ဓားကိုင္လက္ကို ျမင့္ျမင့္ေျမႇာက္ကာ လူရိပ္ကို အရွိန္ႏွင့္ ထိုးစိုက္လိုက္သည္။ ဒီပတ္ဝန္းက်င္ေလထုက ေအးစိမ့္ေနေပမယ့္ ကလဲ့စားေခ်ခ်င္စိတ္ေၾကာင့္ သူ႔တစ္ကိုယ္လံုး တင္းၾကပ္ေနသည္။

"ေသစမ္း.."

ဓားက လူရိပ္ထဲ အရွိန္ႏွင့္ထိုးစိုက္သြားစဥ္ သူက ၿပံဳးလိုက္သည္။ ဒါေပမယ့္ သူ႔ဓားက ေလထုကိုပဲထိုးမိတာသိရေတာ့ သူ႔မ်က္ႏွာကအၿပံဳးက ခ်က္ခ်င္း ေပ်ာက္သြားေတာ့သည္။ အရွိန္ေၾကာင့္ သူ႔ကိုယ္က တံခါးဘက္ကိုယိုင္က်ၿပီး ခါးက ျပင္းထန္စြာေဆာင့္မိကာ နာသြားေတာ့သည္။

"What the fuck!!"

အရွိန္ျဖင့္ Zhang Peng ၾကမ္းျပင္ေပၚ ပစ္လဲသြားသည္။ ဒီျဖစ္ရပ္ကို သူ ဘယ္လိုမွ လက္မခံႏိုင္ေအာင္ျဖစ္ေနသည္။ သူက ၾကမ္းျပင္ေပၚကေန ထရပ္ကာ ဓားကိုေဝွ႔ယမ္းၿပီး ဆက္တိုက္ရြတ္လိုက္သည္။

"သူ ဘယ္မွာလဲ.. သူ ဘယ္မွာလဲ.."

ေဒါသေတြေပ်ာက္သြားၿပီး ရင္ထဲ ထူးဆန္းသည့္ခံစားခ်က္ စီးဝင္လာသည္။

"ငါ လူရိပ္မည္းမည္းကို ျမင္လိုက္ရတာ က်ိန္ရဲတယ္.. ငါ့မ်က္စိ မမွားပါဘူး.."

Zhang Peng က ဖုန္းထဲကဓာတ္မီးကို ထြန္းကာ ၾကည့္လိုက္ေတာ့ တံခါးမွာ ျခစ္ရာေတြျပည့္ေနၿပီး ၾကမ္းျပင္မွာ မွန္ကြဲစေတြျပန္႔ေနတာ ေတြ႕လိုက္ရသည္။ ဒီဟာက အရိပ္မည္းခ်န္ထားတဲ့ဟာ ျဖစ္ႏိုင္သည္။ ခုနက ဒီမွာ တစ္ေယာက္ေယာက္ရွိေနတာ အမွန္ပဲေပါ့။

သူက ဘယ္ကမာၻကို ထြက္သြားရတာလဲ..။

Zhang Peng က ေျခဆံုးေခါင္းဆံုး ၾကက္သီးေမႊးညႇင္းေထာင္ထသြားၿပီး ေဒါသေတြေပ်ာက္ကာ ေၾကာက္ရြံ႕မႈတို႔ အစားထိုးဝင္လာသည္။ သူက ေကာ္ရစ္ဒါက အေမွာင္ထုထဲစိုက္ၾကည့္ကာ ႐ုတ္တရက္ ေျခာက္ျခားလာခဲ့သည္။

"လူဆိုရင္ ေလထဲ ေပ်ာက္မသြားႏိုင္ဘူး.. ဒီဟာက လူမဟုတ္ႏိုင္ဘူး.."

သူ တံေတြးမ်ိဳခ်လိုက္ၿပီး ဖုန္းရဲ့မီးေရာင္က သူ႔ကို လံုၿခံဳမႈမေပးႏိုင္ေတာ့ေပ။ ဒီမီးေရာင္က ေကာ္ရစ္ဒါဟိုးအဆံုးထိ မေရာက္လို႔ အေမွာင္ထုထဲမွာ မေကာင္းဆိုးဝါးေတြ ပုန္းေနႏိုင္တာေတြးမိၿပီး သူ ေၾကာက္လန္႔လာသည္။ သရဲအိမ္ပိုင္ရွင္က လူမဟုတ္ဘူးလား။ သရဲအိမ္ထဲမွာ တကယ္ သရဲေတြရွိေနတာလား။

Zhang Peng ၏နဖူးတြင္ ေၾကာက္ေခၽြးတို႔ျပန္လာၿပီး ကလဲ့စားေခ်ဖို႔အေတြး လံုးဝမရွိေတာ့ဘဲ ခုခ်ိန္ သရဲအိမ္ထဲက လြတ္ေျမာက္ခ်င္တာပဲ ရွိေတာ့သည္။

သူက ေကာ္ရစ္ဒါတေလွ်ာက္ လွည့္ေျပးလာေတာ့သည္။ သူ အလ်င္စလိုေျပးလာေတာ့ အေစာက သူတက္လာသည့္ ေလွကား၏ဘယ္ဘက္က လမ္းမဟုတ္တာကို သတိမထားမိလိုက္ေပ။ ဒီေနရာကလြတ္မွ ကလဲ့စားေခ်ဖို႔ ေနာက္ထပ္စီစဥ္ရမည္ဟု ေတြးေနသည္။

သူ႔ဒဏ္ရာကို လက္ႏွင့္အုပ္ကာ ေျပးလာစဥ္ ေလွကားေဘးက ႐ုတ္တရက္ခုန္ထြက္ကာ တိုက္ခိုက္ခံရေတာ့ ေလွကားေအာက္ကိုျပဳတ္က်ၿပီး အ႐ိုးက်ိဳးသံထြက္လာသည္။ Zhang Peng က ညာဘက္လက္ကိုဆုပ္ကိုင္ရင္း နာက်င္မႈေၾကာင့္ ေသေတာ့မလို ခံစားလိုက္ရသည္။

"Sorry.. ငါ လြဲသြားတယ္.. ငါက မင္းပုခံုးကို ခုတ္ဖို႔လုပ္ေနတာ.."

မ်က္ႏွာဖံုးစြပ္ထားသည့္ Chen Ge က အကြယ္ကထြက္လာၿပီး ေျပာလိုက္သည္။ သူ႔မ်က္ႏွာဖံုးႏွင့္ ေလသံက ေၾကာက္စရာေကာင္းလြန္းလွသည္။ Chen Ge ၏ေလသံက ရာသီဥတုအေၾကာင္းေျပာသလို ေပါ့ပါးေနသျဖင့္ Zhang Peng က အသက္႐ႈရပ္လုနီးပါး ျဖစ္သြားသည္။ ေယ႐ႈ၊ ဗုဒၶ၊ အလာလ္ ဘုရားေပါင္းစံုကယ္တင္ေပးဖို႔ Zhang Peng ဆုေတာင္းလိုက္သည္။

Zhang Peng က ေၾကာက္ေၾကာက္ႏွင့္ ထြက္ေျပးခ်င္ေပမယ့္ ေသြးစြန္းေနသည့္တူႏွင့္ လူေက်ာ႐ိုးဆစ္မ်ားတြဲထားသည့္ လက္ကိုင္႐ိုးကိုေတြ႕ေတာ့ သူ႔ေျခေထာက္ေတြ ေပ်ာ့က်ကုန္သည္။ စိတၱဇလူသတ္သမားကို မေၾကာက္သည့္လူ မရွိႏိုင္ေပ။

ရန္သူကို ျပန္တိုက္ခြင့္မေပးဘဲ Chen Ge က သံတူကို Zhang Peng ၏ေျခေထာက္ေပၚကေန ထုလိုက္သည္။ မွန္ထဲကမေကာင္းဆိုးဝါး ဝင္ပူးမည့္ဒီလူက ထြက္မေျပးႏိုင္မွျဖစ္မည္။

"ဘန္း.."

Zhang Peng က ေျခေထာက္ကိုထုလာသည့္တူကို အသည္းအသန္ေရွာင္လိုက္လို႔ တူက ၾကမ္းျပင္ကို႐ိုက္မိၿပီး အသံက်ယ္ႀကီးထြက္လာသည္။ Zhang Peng ၏လက္တစ္ဖက္က က်ိဳးေနသည့္အျပင္ ဒဏ္ရာက ေသြးထြက္ေနလို႔ မခုခံဘဲ ထြက္ေျပးလိုက္ေတာ့သည္။ ေလွကားကတစ္ဆင့္ ဓားက ျပဳတ္က်သြားသည္။

"သတၱိမရွိဘဲ ငါ့သရဲအိမ္ထဲ ဝင္လာရဲေသးတယ္ေပါ့.."

Chen Ge က သံတူကို ေဝွ႔ယမ္းကာ Zhang Peng ေနာက္ကေနလိုက္ရင္း ပထမထပ္ကို ေရာက္လာခဲ့သည္။
====================

Chapter (48) – "ငါ့ကိုလွှတ်ပေးပါ"

Chen Ge ၏စိတ်ထဲ မထင်မှတ်ထားသည့် ဖြစ်ရပ်ကြောင့် အံ့အားသင့်နေမိသည်။ မကောင်းဆိုးဝါးနှစ်ကောင် အချင်းချင်း တိုက်ကြတော့မည်လား။

Zhang Peng က ဝင်ပေါက်မှာပိတ်ထားတာကို အကုန်ဖြုတ်ပြီး အထဲကိုဝင်သွားသည်အထိ တတိယထပ်က မကောင်းဆိုးဝါးက သတိပြုမိဟန်မတူဘဲ လွှသံကို ဆက်ကြားနေရသည်။

"ငါတော့ ဒီမှာပုန်းနေလို့ မဖြစ်တော့ဘူး.. ငါ ညတိုင်း စိတ်အေးလက်အေး အိပ်နိုင်အောင် မှန်ထဲကမကောင်းဆိုးဝါးက Zhang Peng ကိုယ်ထဲ ဝင်ရောက်ပူးကပ်သွားတာ ကြည့်ချင်မြင်ချင်လှပြီ.."

Chen Ge က ဝတ်စုံပြည့်နှင့် ထိန်းချုပ်ခန်းထဲကထွက်လာပြီး Zhang Peng ရှိရာကိုတက်လာရင်း လက်ထဲကတူကို လေထဲ နှစ်ချက်လောက်ဝှေ့ယမ်းရင်း ရဲဆေးတင်လိုက်သည်။

သန်းခေါင်ယံည လူသတ်သမားအခန်းတွေထဲ ပိတ်မိနေသည့် Zhang Peng ၏လက်ထဲ ကိုင်ထားသည့်ဓားက ပိုပိုလေးလာသည်ဟု ခံစားလိုက်ရသည်။ သူက အားလုံး သေချာအချိန်ပေး ပြင်ဆင်ပြီး လုပ်ခဲ့ပေမယ့် မထင်မှတ်ထားသည့်လူကြောင့် အစီစဉ်အားလုံး ရေစုံမျောကာ သူ့မိန်းမက ထောင်ကျ၊ သူလည်း ထွက်ပြေးနေရသည်။ ဒါကြောင့် Chen Ge ကို ကလဲ့စားချေသတ်ဖြတ်ရန် လူတိုင်း အိပ်ယာထဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ညသန်းခေါင် 1 နာရီမှာ သရဲအိမ်ထဲခိုးဝင်ခဲ့သည်။

သူက ဝန်ထမ်းခန်းထဲက အိပ်ယာထက်က စောင်ပုံကြီးကို Chen Ge အိပ်နေသည်ဟုထင်ကာ ဒေါသတကြီး ခုန်အုပ်ကာ ဓားနှင့်အကြိမ်ကြိမ် ထိုးစိုက်လိုက်ပေမယ့် လူမရှိဘဲ သူ့ဓားနှင့်သူ ပြန်ရှသွားခဲ့သည်။ ဒါကြောင့်သူ့ဒေါသတွေ ပိုကြီးလာပြီး ဆင်ခြင်တုံတရားကို ဒေါသကဖုံးသွားကာ ဒီကောင့်ကိုသတ်ချင်စိတ်က ပိုပြင်းထန်လာသည်။

"မင်းကြောင့် Fu An တိုက်ခန်းကိစ္စ ပေါ်ပြီး ငါ့မိန်းမ Juan Er ထောင်ကျသွားတာ.. ဒီည ငါ မင်းကို သတ်ဖြစ်အောင်သတ်မယ်.."

Zhang Peng က တွေးလေ ဒေါသကြီးလေဖြစ်နေစဉ် အပေါ်ထပ်က လွှတိုက်သံကြားလိုက်တော့ ရင်ထဲကအငြိုးတွေ နှစ်ဆတိုးလာသည်။ သူက ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အသံကြားရာနားစွင့်ကာ လှေကားတလျှောက် နံရံကိုစမ်းပြီး တက်သွားသည်။ သူ့မှာ မီးရောင်မပါလည်း ဂရုမစိုက်ပေ။ ဒီသရဲအိမ်တည်ဆောက်ပုံက ရှုပ်ထွေးလို့ သူသတ်ပြီး အခန်းတစ်ခုထဲဝှက်ထားလိုက်ရင် အနည်းဆုံး လဝက်လောက်မှ ဒီကောင်ရဲ့အလောင်းကို ရှာတွေ့ကြလိမ့်မည်။

သူ့နှုတ်ခမ်းတို့တွင် ရက်စက်သည့်အပြုံးတို့ ထင်ဟပ်လာသည်။

အသံက သူ့ရှေ့ဘက်က ဆက်လက်ထွက်နေသည်။ ဒီလူက ညမအိပ်ဘဲ ဘာလုပ်နေတာလဲ..။ ညကြီး ဘာကြောင့် လွှတိုက်နေတာလဲ..။ အရေးပေါ် တစ်ခုခုလုပ်နေတာလား..။

Zhang Peng က လက်မောင်းကဒဏ်ရာကို လက်ရှည်အင်္ကျီဖြင့်ဖုံးကာ ဓားဦးကိုရှေ့သို့ညွှန်ပြီး တတိယထပ်ဝင်ပေါက်ထဲ ဝင်လိုက်သည်။ ခပ်ဝါးဝါး လူရိပ်မည်းမည်းကို Zhang Peng တွေ့လိုက်ရသည်။ အခန်းရှည်ကြီး၏ အလယ်လောက်မှာ လူရိပ်ကရပ်နေပြီး လက်ထဲက တစ်ခုခုကိုင်ကာ တံခါးကိုခြစ်နေသည်။

စိတ်ရှုပ်စရာပဲ.. ဒီလူက ဘာကြောင့် မီးမဖွင့်တာလဲ..။

ကလဲ့စားချေချင်စိတ် ဖုံးနေသောကြောင့် ထိုလူရိပ်က Chen Ge နှင့်ပုံစံမတူတာကို နီးကပ်လာသည်အထိ သတိမထားမိပေ။ Zhang Peng က နောက်က တိတ်တဆိတ်ချဉ်းကပ်လာပြီး ဓားကိုင်လက်ကို မြင့်မြင့်မြှောက်ကာ လူရိပ်ကို အရှိန်နှင့် ထိုးစိုက်လိုက်သည်။ ဒီပတ်ဝန်းကျင်လေထုက အေးစိမ့်နေပေမယ့် ကလဲ့စားချေချင်စိတ်ကြောင့် သူ့တစ်ကိုယ်လုံး တင်းကြပ်နေသည်။

"သေစမ်း.."

ဓားက လူရိပ်ထဲ အရှိန်နှင့်ထိုးစိုက်သွားစဉ် သူက ပြုံးလိုက်သည်။ ဒါပေမယ့် သူ့ဓားက လေထုကိုပဲထိုးမိတာသိရတော့ သူ့မျက်နှာကအပြုံးက ချက်ချင်း ပျောက်သွားတော့သည်။ အရှိန်ကြောင့် သူ့ကိုယ်က တံခါးဘက်ကိုယိုင်ကျပြီး ခါးက ပြင်းထန်စွာဆောင့်မိကာ နာသွားတော့သည်။

"What the fuck!!"

အရှိန်ဖြင့် Zhang Peng ကြမ်းပြင်ပေါ် ပစ်လဲသွားသည်။ ဒီဖြစ်ရပ်ကို သူ ဘယ်လိုမှ လက်မခံနိုင်အောင်ဖြစ်နေသည်။ သူက ကြမ်းပြင်ပေါ်ကနေ ထရပ်ကာ ဓားကိုဝှေ့ယမ်းပြီး ဆက်တိုက်ရွတ်လိုက်သည်။

"သူ ဘယ်မှာလဲ.. သူ ဘယ်မှာလဲ.."

ဒေါသတွေပျောက်သွားပြီး ရင်ထဲ ထူးဆန်းသည့်ခံစားချက် စီးဝင်လာသည်။

"ငါ လူရိပ်မည်းမည်းကို မြင်လိုက်ရတာ ကျိန်ရဲတယ်.. ငါ့မျက်စိ မမှားပါဘူး.."

Zhang Peng က ဖုန်းထဲကဓာတ်မီးကို ထွန်းကာ ကြည့်လိုက်တော့ တံခါးမှာ ခြစ်ရာတွေပြည့်နေပြီး ကြမ်းပြင်မှာ မှန်ကွဲစတွေပြန့်နေတာ တွေ့လိုက်ရသည်။ ဒီဟာက အရိပ်မည်းချန်ထားတဲ့ဟာ ဖြစ်နိုင်သည်။ ခုနက ဒီမှာ တစ်ယောက်ယောက်ရှိနေတာ အမှန်ပဲပေါ့။

သူက ဘယ်ကမ္ဘာကို ထွက်သွားရတာလဲ..။

Zhang Peng က ခြေဆုံးခေါင်းဆုံး ကြက်သီးမွှေးညှင်းထောင်ထသွားပြီး ဒေါသတွေပျောက်ကာ ကြောက်ရွံ့မှုတို့ အစားထိုးဝင်လာသည်။ သူက ကော်ရစ်ဒါက အမှောင်ထုထဲစိုက်ကြည့်ကာ ရုတ်တရက် ခြောက်ခြားလာခဲ့သည်။

"လူဆိုရင် လေထဲ ပျောက်မသွားနိုင်ဘူး.. ဒီဟာက လူမဟုတ်နိုင်ဘူး.."

သူ တံတွေးမျိုချလိုက်ပြီး ဖုန်းရဲ့မီးရောင်က သူ့ကို လုံခြုံမှုမပေးနိုင်တော့ပေ။ ဒီမီးရောင်က ကော်ရစ်ဒါဟိုးအဆုံးထိ မရောက်လို့ အမှောင်ထုထဲမှာ မကောင်းဆိုးဝါးတွေ ပုန်းနေနိုင်တာတွေးမိပြီး သူ ကြောက်လန့်လာသည်။ သရဲအိမ်ပိုင်ရှင်က လူမဟုတ်ဘူးလား။ သရဲအိမ်ထဲမှာ တကယ် သရဲတွေရှိနေတာလား။

Zhang Peng ၏နဖူးတွင် ကြောက်ချွေးတို့ပြန်လာပြီး ကလဲ့စားချေဖို့အတွေး လုံးဝမရှိတော့ဘဲ ခုချိန် သရဲအိမ်ထဲက လွတ်မြောက်ချင်တာပဲ ရှိတော့သည်။

သူက ကော်ရစ်ဒါတလျှောက် လှည့်ပြေးလာတော့သည်။ သူ အလျင်စလိုပြေးလာတော့ အစောက သူတက်လာသည့် လှေကား၏ဘယ်ဘက်က လမ်းမဟုတ်တာကို သတိမထားမိလိုက်ပေ။ ဒီနေရာကလွတ်မှ ကလဲ့စားချေဖို့ နောက်ထပ်စီစဉ်ရမည်ဟု တွေးနေသည်။

သူ့ဒဏ်ရာကို လက်နှင့်အုပ်ကာ ပြေးလာစဉ် လှေကားဘေးက ရုတ်တရက်ခုန်ထွက်ကာ တိုက်ခိုက်ခံရတော့ လှေကားအောက်ကိုပြုတ်ကျပြီး အရိုးကျိုးသံထွက်လာသည်။ Zhang Peng က ညာဘက်လက်ကိုဆုပ်ကိုင်ရင်း နာကျင်မှုကြောင့် သေတော့မလို ခံစားလိုက်ရသည်။

"Sorry.. ငါ လွဲသွားတယ်.. ငါက မင်းပုခုံးကို ခုတ်ဖို့လုပ်နေတာ.."

မျက်နှာဖုံးစွပ်ထားသည့် Chen Ge က အကွယ်ကထွက်လာပြီး ပြောလိုက်သည်။ သူ့မျက်နှာဖုံးနှင့် လေသံက ကြောက်စရာကောင်းလွန်းလှသည်။ Chen Ge ၏လေသံက ရာသီဥတုအကြောင်းပြောသလို ပေါ့ပါးနေသဖြင့် Zhang Peng က အသက်ရှုရပ်လုနီးပါး ဖြစ်သွားသည်။ ယေရှု၊ ဗုဒ္ဓ၊ အလာလ် ဘုရားပေါင်းစုံကယ်တင်ပေးဖို့ Zhang Peng ဆုတောင်းလိုက်သည်။

Zhang Peng က ကြောက်ကြောက်နှင့် ထွက်ပြေးချင်ပေမယ့် သွေးစွန်းနေသည့်တူနှင့် လူကျောရိုးဆစ်များတွဲထားသည့် လက်ကိုင်ရိုးကိုတွေ့တော့ သူ့ခြေထောက်တွေ ပျော့ကျကုန်သည်။ စိတ္တဇလူသတ်သမားကို မကြောက်သည့်လူ မရှိနိုင်ပေ။

ရန်သူကို ပြန်တိုက်ခွင့်မပေးဘဲ Chen Ge က သံတူကို Zhang Peng ၏ခြေထောက်ပေါ်ကနေ ထုလိုက်သည်။ မှန်ထဲကမကောင်းဆိုးဝါး ဝင်ပူးမည့်ဒီလူက ထွက်မပြေးနိုင်မှဖြစ်မည်။

"ဘန်း.."

Zhang Peng က ခြေထောက်ကိုထုလာသည့်တူကို အသည်းအသန်ရှောင်လိုက်လို့ တူက ကြမ်းပြင်ကိုရိုက်မိပြီး အသံကျယ်ကြီးထွက်လာသည်။ Zhang Peng ၏လက်တစ်ဖက်က ကျိုးနေသည့်အပြင် ဒဏ်ရာက သွေးထွက်နေလို့ မခုခံဘဲ ထွက်ပြေးလိုက်တော့သည်။ လှေကားကတစ်ဆင့် ဓားက ပြုတ်ကျသွားသည်။

"သတ္တိမရှိဘဲ ငါ့သရဲအိမ်ထဲ ဝင်လာရဲသေးတယ်ပေါ့.."

Chen Ge က သံတူကို ဝှေ့ယမ်းကာ Zhang Peng နောက်ကနေလိုက်ရင်း ပထမထပ်ကို ရောက်လာခဲ့သည်။
====================

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now